ကုရှောင်းရွှယ်
Vol. 1 Ch. 10
နောက်တစ်နေ့ နံနက်စောစော စီးစီး၊ တံခါးခေါက်သံ သဲ့သဲ့လေးက အိပ်ပျော်နေတဲ့ ထန်ထျန်းကို လန့်နိုးသွားစေခဲ့သည်။
"ဘယ်သူလဲ"
ထန်ထျန်းက တဝါးဝါး သမ်းရင်း အိပ်ရာက ထပြီး တံခါးကို ဖွင့်လိုက်သည်။
ပိန်ပိန်ပါးပါး မိန်းကလေးငယ်တစ်ဦး၊ အသက် ဆယ့်လေးငါးနှစ်လောက်ပဲ ရှိဦးမယ် ထင်ရတဲ့ပုံစံနဲ့ တံခါးအပြင်ဘက်မှာ မဝံ့မရဲ ရပ်နေသည်။
"ဟမ်"
"မင်း ဘယ်သူ့ကို ရှာနေ တာလဲ"
ထန်ထျန်းက မေးလိုက်သည်။
မိန်းကလေးငယ်က ခဏတာ ကြောင်သွားပြီးမှ တိုးတိုးလေး ပြောသည်။ " ရှင်က သခင်လေး ထန်ထျန်းလား "
"အကြီးအကဲ ကျုံးယန်က လွှတ်လိုက်တာပါ၊ ကျွန်မက သခင်လေးရဲ့ သက်တော် စောင့်ပါ..."
ပြောပြီးတာနဲ့ မိန်းကလေးငယ်ရဲ့ မျက်နှာပေါ်မှာ ပန်းနုရောင် သဲ့သဲ့လေး ပေါ်လာသည်။
ထန်ထျန်း ချက်ချင်း အံ့အားသင့်သွားပြီး သူမရဲ့ အဝတ်အစားကို ကြည့်လိုက်တော့ အဖြူရောင် တရုတ်ဝတ်စုံလက်ဖျားမှာ ရွှေရောင်အနားသုံးခု ကို ပုံဖော်ချုပ်လုပ်ထားတာ တလက်လက်တောက်ပနေသည်။
တကယ်ကို အဓိကတပည့် တစ်ယောက်ပဲ
သူမက ကျုံးယန် သူ့အတွက် ရွေးပေးလိုက် တဲ့ သက်တော် စောင့်လား
မိန်းကလေးငယ်ရဲ့ ပါးပြင်က နီရဲပြီး ရှက်ရွံ့နေတဲ့ပုံကို ကြည့်ပြီး ထန်ထျန်းက အကြီးအကဲ ကျုံးယန် အထင်လွဲနေတာ သေချာတယ်လို့ သံသယဝင်မိပါသည်။
ငါ စကားနားထောင်တယ်ဆိုတာ ဒီလိုပုံစံ မဟုတ်ပါဘူးလေ ကွာ
"မင်း...နာမည် ဘယ်လိုခေါ်လဲ"
ထန်ထျန်းက မေးလိုက်သည်။
မိန်းကလေးငယ်က "အာ" ဆိုပြီး ချက်ချင်း ပြောသည်ယ "ကျွန်မနာမည်က ကုရှောင်းရွှယ်ပါ"
"ကျွန်မက သခင်လေးကို သေချာပေါက် ကာကွယ်ပေးနိုင်မှာပါ၊ သခင်လေး ကျွန်မကို အများကြီး ဂရုစိုက် ပေးပါဦးရှင့်"
ထန်ထျန်း စိတ်ထဲမှာ ဘာမှမပြောနိုင်တော့ပေ။ ဒီကလေးမလေးကို ကြည့်ရတာ တစ်ခါမှ မလုပ်ဖူးတဲ့ အသစ်လေး ပဲ၊ ပြီးတော့ သိပ်မလိမ္မာပုံလည်း ရသည်။ အလိမ်ခံရပြီးမှ ပိုက်ဆံပါ လိုက် ရေပေးရမယ့် ရိုးရိုးအအ ကလေးမလေးလိုပါပဲ။
"ငါ့ကို သခင်လေးထန် လို့ပဲ ခေါ်ပါ"
"အထဲ ဝင်ထိုင်လေ"
ထားလိုက်တော့၊ ဖြစ်ပြီးသားကိစ္စ ဘာမှ မတတ်နိုင်တော့ပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူမရဲ့ အင်္ကျီ လက်ဖျားက ရွှေရောင်အနားသုံးခုက အတုအယောင် မဟုတ်တာ သေချာပါသည်။
ခွန် အားတော့ ပြဿနာ မရှိပေ။
တကယ်လို့ သိပ်အဆင်မပြေ ဘူးဆိုရင် ကျုံးယန်ဆီ သွားပြီး တစ်ယောက် ပြောင်းခိုင်းလိုက်ရုံပါပဲ။
လူနှစ်ယောက် ကျောက်တုံးအိမ်လေးထဲ ဝင်သွားတော့ ကုရှောင်းရွှယ်က အခန်းအလယ်မှာ ရပ်ပြီး အထဲက ပစ္စည်းတွေကို စိတ်ဝင်တစား ကြည့်နေကာ အံ့သြနေပုံရသည်။
ထန်ထျန်းက အိပ်ရာနား သွားပြီး အိပ်ရာကို သိမ်း ရင်း မေးသည်။ "မင်း တခြားသူကို သက်တော် စောင့်လုပ်ပေးတာ ဒါ ပထမဆုံးအကြိမ်ပဲလား"
ရှောင်းရွှယ်က အံ့သြစွာ ပြောသည်။ "ရှင် ဘယ်လိုသိတာလဲ"
"ကျွန်မ အခု လေ့ကျင့်ဖို့အတွက် ဝိညာဉ်ကျောက်တွေ အများကြီး လိုနေတာ ဂိုဏ်းက ပုံမှန်ထုတ်ပေးတဲ့ ဝိညာဥ် ကျောက် က မလောက်ဘူးလေ"
"အဲဒါနဲ့ အကြီးအကဲကျုံးယန်က သက်တော် စောင့်လုပ်ရင် ဝိညာဉ်ကျောက် အများကြီး ရှာလို့ရတယ်လို့ ပြောတာနဲ့ ကျွန်မ စာရင်းသွင်း လိုက်တာ"
"ရှင် ဒါကိုတောင် ခန့်မှန်းနိုင်တယ်နော်"
ထန်ထျန်းက နှုတ်ခမ်းမဲ့ရင်း ဒါကို ခန့်မှန်းစရာ လိုသေးလို့လား
တစ်ချက်ကြည့်လိုက်တာနဲ့ သိတယ်။
အိပ်ရာ သိမ်း ပြီးတာနဲ့ ထန်ထျန်းက ပြတင်းပေါက်နားကို သွားပြီး မနေ့ညက သူ ကိုယ်တိုင် ပိုင်းဖြတ် ထားတဲ့ သစ်သားစားပွဲကို ရှင်းဖို့ ပြင်လိုက်သည်။
ဒါက သူ့ရဲ့ နေထိုင်မှုပုံစံပါပဲ။ မကြာခင် ထွက်သွားတော့မှာ ဖြစ်ပေမယ့်လည်း သူ့ရဲ့ နေရာဟောင်းကို သန့်ရှင်းအောင် ထားခဲ့ရမည်။
"ဒါဆို သက်တော် စောင့်လုပ်ရင် ဘာတွေ လုပ်ရလဲ မင်း သိလား"
ထန်ထျန်းက ထပ်မေးသည်။
"သိပါတယ်"
ကုရှောင်းရွှယ်က "သက်တော် စောင့်စည်းမျဉ်းတွေ အကုန်လုံး အလွတ်ကျက်ထားပြီး ပါပြီ၊ သေချာပေါက် ပြဿနာ မရှိပါဘူး"
"စိတ်ချပါ၊ ကျွန်မရဲ့ တာဝန်ကို ကောင်းကောင်း ထမ်းရွက် ပါ့မယ်"
ပြောပြီးတာနဲ့ သူမက ထန်ထျန်း စားပွဲခုံတွေကို ရှင်းနေတာ မြင်တော့ အပြေးအလွှား သွားပြီး ကူညီရှင်းပေး သည်။
ထန်ထျန်း ချက်ချင်း ပြုံးလိုက်သည်။ "သက်တော် စောင့်စည်းမျဉ်းထဲမှာ ဒီအချက် မပါဘူး ထင်တယ်"
ကုရှောင်းရွှယ်က နည်းနည်း ရှက်သွားတဲ့ပုံနဲ့ "အကျင့်ဖြစ်နေလို့ပါ"
"အရင်က အိမ်မှာနေတုန်းက ဒီအလုပ်တွေ အကုန်လုံး ကျွန်မပဲ လုပ်ခဲ့ရတာပါ"
ထန်ထျန်း တိတ်ဆိတ်သွားသည်။
ကြည့်ရတာ သူမက ချမ်းသာတဲ့ မိသားစုကနေ အလိုလိုက်ခံရတဲ့ မင်းသမီးလေးတော့ မဟုတ်ဘူး ထင်ပါသည်။
အမှန်တော့ မင်းသမီးလေးတွေကတော့ ဝိညာဉ်ကျောက်တွေအတွက် သူများဆီမှာ သက်တော်စောင့် စောင့် လာလုပ် မည် မဟုတ်ပေ။
စားပွဲခုံတွေကို ထောင့်တစ်နေရာမှာ ထားပြီး ထန်ထျန်းက ကိုယ်ကို မတ်လိုက်တော့ ပျက်စီး နေတဲ့ စားပွဲကို ကြောင် ကြည့်နေတာကို တွေ့လိုက်ရသည်။
"ဘာဖြစ်လို့လဲ"
ထန်ထျန်းက မေးလိုက်သည်။
ကုရှောင်းရွှယ်က လက်ညှိုးနဲ့ သစ်သားစားပွဲရဲ့ ပြတ်တောက်နေတဲ့ နေရာကို ပွတ်သပ်လိုက်ပြီး ခေါင်းလှည့်ကာ "ဓားကျင့်စဉ်က အရမ်း အစွမ်းထက်တာပဲ"
"ဒါ ရှင် လုပ်လိုက်တာလား"
ထန်ထျန်းက ခဏတာ တွန့်ဆုတ်သွားပြီးမှ ဖုံးကွယ်စရာ မလိုဘူးလို့ ထင်တာနဲ့ ခေါင်းညိတ်ပြီး "ဟုတ်တယ် ၊ ငါ သစ်သားစားပွဲကို ပိုင်း လိုက်တာ"
"နောက်တစ်နေ့ကျရင် မင်း ငါနဲ့ ယှဉ်ပြိုင်ကြည့်မလား"
ကုရှောင်းရွှယ် ချက်ချင်း ဝမ်းသာသွားကာ "ကောင်းတာပေါ့"
"ကျွန်မလည်း ဒီလို အခြေခံဓားကျင့်စဉ်တွေကို မကစား ရတာတောင် ကြာပြီ၊ အရင်က ကစား ခဲ့တုန်းက အချိန်တွေကို ပြန်သတိရမိတယ်"
ထန်ထျန်း: ???
အခြေခံဓားကျင့်စဉ်
ကစား တယ်
ဒီ အကြီးစားအောင်မြင်မှု အဆင့်ရောက်နေတဲ့ လေခွင်း ဓားကျင့်စဉ်နဲ့ ကလေးမလေးကို အံ့သြသွားအောင် လုပ်နိုင်မယ်လို့ ထင်ခဲ့တာ။
နောက်ဆုံးတော့ သူက ဒါကို ကစားတာတဲ့လား
မင်း ဘယ်လောက်တောင် သန်မာတာလဲ
ထန်ထျန်း နည်းနည်းတော့ မကျေမနပ်ဖြစ်သွားပြီး "မင်း ဘယ်အဆင့်လဲ"
ကုရှောင်းရွှယ်က မျက်တောင် တပွင့်ပွင့် ခတ်ရင်း "ရွှေအူတိုင် နှောင်းပိုင်း အဆင့်ပါ"
ထန်ထျန်း-...
"မင်း အသက် ဘယ်လောက်ရှိပြီလဲ"
ကုရှောင်းရွှယ် နှုတ်ခမ်းစူပြီး- "ဆယ့်ငါးနှစ်ရှိပါပြီ"
"ကျွန်မက စကျင့်ကြံ တာ နောက်ကျခဲ့လို့ အကောင်းဆုံး ကျင့်ကြံ ချိန်ကို လွတ်သွားခဲ့တာ၊ မဟုတ်ရင် သေချာပေါက် နောက်တစ်ဆင့် တက်နိုင်တယ်"
ထန်ထျန်း မျက်လုံးများ လှုပ် သွားသည်။
ဆယ့်ငါးနှစ်၊ ရွှေအူတိုင်နှောင်းပိုင်း အဆင့်၊ ပြီးတော့ သူ့ကိုယ်သူ မကျေနပ်သေးတဲ့ပုံပဲ။
ဒီလိုမျိုး ကြွားတဲ့သူ ရှိသေးတာလား
ကုရှောင်းရွှယ်ရဲ့ ကြည်လင်တဲ့ မျက်လုံးတွေကို ကြည့်ရင်း ထန်ထျန်း ချက်ချင်း နားလည်လိုက်သည်။ သူမက တကယ်ကို ကြွားတာ မဟုတ်ပါဘူး၊ တချို့ကိစ္စတွေအပေါ် သူမရဲ့ အမြင်က သိပ်ကို ကွဲပြားလွန်းနေတာပဲ။
သက်ပြင်းချပြီး ထန်ထျန်းက ဆက်မေးသည်။ "ဒါဆို မင်းမှာ ပါရမီစက်ဝန်း ဘယ်နှစ်လွှာ ရှိလဲ"
သူ ဘယ်လို ပါရမီမျိုးက ဒီလို နတ်ဆိုးကလေးမျိုးကို ဖန်တီးနိုင်လဲ သိချင်သည်။
ကုရှောင်းရွှယ် မျက်နှာပေါ်မှာ တွေဝေတဲ့ အမူအရာ ပေါ်လာသည်ယ "ပါရမီစက်ဝန်းဆိုတာ ဘာလဲ"
"ကျွန်မမှာ ပါရမီစက်ဝန်း မရှိပါဘူး"
ထန်ထျန်း နောက်တစ်ကြိမ် ဘာမှမပြောနိုင်တော့ပေ။
ပါရမီစက်ဝန်း မရှိဘူးဆိုတာက သာမန်လူပဲလေ၊ သာမန်လူက ဆယ့်ငါးနှစ်နဲ့ ရွှေအူတိုင် နှောင်းပိုင်း အဆင့်ကို ရောက်နိုင်မလား
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ
ရုတ်တရက် ထန်ထျန်း နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုကို စဥ်းစားမိသည်။
ပါရမီစက်ဝန်းက ကျင့်ကြံ သူတစ်ဦးရဲ့ ပါရမီကို အကဲဖြတ်တဲ့ စံနှုန်းတစ်ခုပါပဲ ကိုးလွှာပါရမီက အမြင့်ဆုံးပင်။
ဒါပေမယ့် ကိုးလွှာအထက်မှာ ပိုပြီးတော့ ကံကြမ္မာကို ဆန့်ကျင်နိုင်တဲ့ ပိုမိုမြင့်မားတဲ့ အဆင့်တွေ ရှိသေးသည်။
ပြီးတော့ အဲ့ဒီ အဆင့်တွေက ပါရမီစက်ဝန်းကို ထုတ် ပြမှာ မဟုတ်ပေ
ထန်ထျန်းက စနစ်ကို ကြည့်ပြီး ပါရမီ စာရင်းကို အာရုံစိုက်လိုက်သည်။
မွေးရာပါ ပါရမီ: သုံးစွဲမှုအမှတ် ၁၀ ဘီလီယံ။
ဒါက ဝိညာဉ်ကျောက် တစ်ဆယ် ဘီလီယံတောင်လား
အစ ကတည်းက တစ်ဆယ် ဘီလီယံ သာရှိ နေရင် တခြားသူတွေ ဘယ်လို ကစားရမှာလဲ
ဒါက ပါရမီရှင်တွေရဲ့ ကမ္ဘာလား
ထန်ထျန်း နားထင်ကို ပွတ်လိုက်သည်။ လူတွေကြားက ကွာခြားမှုက တကယ်ကို ကြီးမားလွန်းသည်။ တချို့လူတွေက ဘဝတစ်လျှောက်လုံး ရုန်းကန်ရပေမယ့် ကုရှောင်းရွှယ်လို လူတွေရဲ့ စမှတ်ကိုတောင် မရောက်နိုင်ကြပေ။
"ဘာဖြစ်လို့လဲ"
ကုရှောင်းရွှယ်က မေးလိုက်သည်။
ထန်ထျန်းက လက်ယမ်းပြီး- "ဘာမှ မဟုတ်ပါဘူး၊ ငါ နည်းနည်း စိတ်ငြိမ်ငြိမ် ထားဖို့ လိုတာပါ"
"မင်း ငါ့အခန်းထဲက တခြားနေရာတွေကို ရှင်းပေးပါဦး"
ကုရှောင်းရွှယ်က ခေါင်းညိတ်ပြီး- "အော်၊"
ထို့နောက် သူမက အလုပ်စတော့သည်။
အနည်းဆုံး မွေးရာပါ ပါရမီ အဆင့်ရှိတဲ့သူက သူ့အတွက် အခန်းရှင်းပေးနေတာကို ကြည့်ပြီး ထန်ထျန်းမှာ တကယ် မဟုတ်သလို ခံစားနေရသည်။
ငွေရဲ့ အစွမ်းကလည်း တကယ်ကို အားကောင်းတာပါပဲ။
သူ စဉ်းစားနေတုန်းမှာပဲ တံခါးကို ရုတ်တရက် ခေါက်သံ ကြားလိုက်ရသည်။
"ဒုန်း ဒုန်း ဒုန်း"
တံခါးအပြင်က လူက အခန်းကို ဖြိုချတော့မလိုပါပဲ။
ဘယ်သူလဲ
ထန်ထျန်း မျက်မှောင်ကြုတ်ပြီး ထကာ တံခါးကို ဖွင့်လိုက်သည်။
အင်္ကျီလက်တို ဝတ်ထားတဲ့ သာမန်တပည့် လေးငါးယောက်က တံခါးအပြင်မှာ ရပ်နေသည်။
ထန်ထျန်း တံခါးဖွင့်တာ မြင်တော့ သူတို့ ချက်ချင်းပဲ ကြောက်မက်ဖွယ်ကောင်းတဲ့ အပြုံးကို ပြောင်းလိုက်သည်။
"ဟားဟား၊ မင်း တစ်သက်လုံး ပုန်းနေမယ်လို့ ထင်ခဲ့တာ"
"မနေ့က အလုပ်မဆင်းဘဲ ပျက်ကွက်လို့ ငါ အကြီးအကဲ ဆီက အပြစ်ပေးခံရတယ်၊ မင်း သေချင်နေတာ လား"
ခေါင်းဆောင်က က ကြောက်မက်ဖွယ်ကောင်းတဲ့ အသံနဲ့ ပြောသည်။
ထန်ထျန်း မျက်မှောင်ကြုတ်လိုက်ပြီး မကြာခင် သူ့မှတ်ဉာဏ်ထဲမှာ သူ့ကို ရှာတွေ့လိုက်သည်။
ကျားမုန့် သာမန်တပည့် တွေထဲက အနိုင်ကျင့် တတ်သူ၊ ထန်ထျန်းကို မကြာခဏ ခြိမ်းခြောက်ပြီး လုယက်တတ်သူပင်။
တကယ်တော့ ထန်ထျန်းက ဒီလို လူမျိုးနဲ့ မရောချင်ပါဘူး။ ဘာလို့လဲဆိုတော့ ဒါက သူ့ရဲ့ မူလ ခန္ဓာကိုယ်ပိုင်ရှင် ဟောင်းရဲ့ ကိစ္စတွေ ဖြစ်ပြီး သူ့နဲ့ မဆိုင်ပါဘူး။ နောင်ဆိုရင် သူတို့နှစ်ယောက်က လုံးဝမတူညီတဲ့ ကမ္ဘာကလူတွေ ဖြစ်သွားမှာပါ။
ဒါပေမယ့် မမျှော်လင့်ဘဲ ဒီကောင်က မနက်စောစော စီးစီး ရောက်လာခဲ့သည်။
"မင်း ပြဿနာလာမရှာတာ ကောင်းမယ်"
ထန်ထျန်းက ခပ်မာမာ ပြောလိုက်သည်။
ကျားမုန့် ချက်ချင်း မျက်ခုံးပင့်ပြီး အသံကျယ်ကျယ်နဲ့ "ဟေး၊ ငါ မင်းကို မျက်နှာပေးနေတာကို မသိဘူးလား"
"မနေ့က မင်းကို ရိုက်တာ မလုံ လောက်သေးဘူးလား သခင်ကြီးမုန့်ရဲ့ သံလက်သီးကို ထပ်မြည်းချင်တာလား"
သူ ပြောနေရင်း လက်သီးကို ပွတ်သပ်ပြီး ထိုး တော့မယ့်ဟန် လုပ်နေသည်။
ထန်ထျန်း မျက်နှာ တဖြည်းဖြည်း မည်းမှောင်လာသည်။ လက်ချောင်း မှာ စူးရှသော အစွမ်း တစ်ခု စုစည်းလာသည်။ ကျားမုန့် ထိုးရဲတာနဲ့ ပြန်ဆုတ်ဖို့ မစဉ်းစားနဲ့တော့။
သို့သော် နှစ်ယောက်သား တင်းမာနေပြီး တစ်ချက်ထိလိုက်တာနဲ့ ပေါက်ကွဲတော့မယ့် အခြေအနေမှာ ထန်ထျန်း နောက်ကနေ ချစ်စရာကောင်းတဲ့ အသံတစ်ခု ထွက်ပေါ်လာသည်။
"ရိုင်းလိုက်တာ"
ကုရှောင်းရွှယ်ရဲ့ ပုံရိပ်က ချက်ချင်း ထန်ထျန်းရှေ့ကို ရောက်လာသည်။
"နင်တို့က ဘယ်လို... လူတွေလဲ၊ ငါ့ရဲ့ သခင်လေးထန် ကို ဒီလို ဆန့်ကျင် ရဲတယ်ပေါ့"
" နင်တို့ အကုန်လုံး... အသက်ရှင်ရတာ ငြီးငွေ့နေပြီလား"
"မြန်မြန် ထွက်သွားကြစမ်း"
ထန်ထျန်း: ...
ကုရှောင်းရွှယ်က မျက်နှာနီရဲနေတဲ့ကြားက တမင်တကာ အသံကို နှိမ့်ချပြီး "ဆဲဆိုတယ့် " စကားတွေ ပြောနေတာကို ကြည့်ပြီး ထန်ထျန်း စိတ်ထဲ အေးခဲသွားသည်။
ကလေးမလေးရယ်
ဒီလို စကားလုံးတွေကို မင်း ဘယ်ကနေ သင်လာတာလဲ