အတိတ်ကို နှုတ်ဆက်ခြင်း
Vol. 1 Ch. 11
ကုရှောင်းရွှယ် ရုတ်တရက် ပေါ်လာခြင်းက အခြေအနေကို ချက်ချင်း ပြောင်းလဲသွားစေသည်။
သူမ ပြောလိုက်တဲ့ စကားတွေက သူမရဲ့ ရုပ်ရည်၊ အပြောအဆို၊ အပြုအမူတွေနဲ့ ယှဉ်လိုက်ရင် ကွာခြားချက်က အများကြီးပါပဲ။
ထန်ထျန်းတင်မကဘူး၊ ကျားမုန့်တောင်မှ ကြောင်တောင်တောင် ဖြစ်သွားသည်။
ဒီလို ပါရမီရှင်က ဘယ်ကနေ ရောက်လာတာလဲ။
ကျားမုန့်က ကြောက်စရာကောင်းတဲ့ အပြုံးနဲ့ ရှေ့တိုးလာ ပြီး ဒီ လူသစ်ကို ဆုံးမဖို့ ပြင်လိုက်သည်။
"ဟမ့်၊ မင်း ဘယ်သူဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး၊ ဒီနေရာမှာ ဘယ်သူမှ ငါ့ရှေ့မှာ မမောက်မာရဲဘူးကွ "
ပြောပြီးတာနဲ့ သူက ရှေ့ကို တစ်လှမ်း တိုးလိုက်သည်။
သို့သော် ကုရှောင်းရွှယ်ရဲ့ အင်္ကျီ လက်ဖျား ကို မြင်လိုက်တာနဲ့ ချက်ချင်းပဲ အလွန်အံ့သြသွားသည်။
"အား အဓိကတပည့်"
ကျားမုန့် ချက်ချင်း နေရာမှာ ရပ် သွားသည်။ ခုနက လှမ်းလိုက်တဲ့ ခြေထောက်က လေထဲမှာ ရပ်နေပြီး ပြန်ချရမှာမလို မချရ မလို ရပ်တန့်နေသလိုပါပဲ။
သူ့နောက်က လူတွေလည်း ကြားပြီးတာနဲ့ ချက်ချင်းပဲ နေရာမှာ အေးခဲ သွားကြသည်။ တောက်ပနေတဲ့ ရွှေရောင်အနားသုံးခုကို ကြည့်ပြီး အသက်တောင် ကောင်းကောင်း မရှူရဲကြတော့ပေ။
ဒီအခြေအနေကို မြင်တော့ ထန်ထျန်းက မရယ်ဘဲ မနေနိုင်တော့ပေ။
"ကျားမုန့်၊ မင်းက သိပ်မိုက်နေတာ မဟုတ်လား"
ကျားမုန့်က ကြားလိုက် တာနဲ့ ထန်ထျန်းကို ကြည့်လိုက်၊ ကုရှောင်းရွှယ်ကို ကြည့်လိုက်နဲ့ ပါးစပ်က ဟလိုက်၊ ပိတ်လိုက် လုပ်နေပေမယ့် စကားတစ်လုံးမှ ထွက်မလာခဲ့ပေ။
နှစ်ဖက်လုံး ခဏတာ တိတ်ဆိတ်သွားပြီး ကျားမုန့်လည်း အလွယ်တကူ လှုပ်ရဲခြင်း မရှိတော့ပေ။
လူငယ်လေးတွေက အခြေအနေကို ကောင်းကောင်း ခွဲခြားတတ်ကြသည်။ ကုရှောင်းရွှယ် ထန်ထျန်းဘေးမှာ ပေါ်လာတဲ့အခါမှာ ထန်ထျန်းက အရင်လို ဘယ်သူမဆို သတ်လို့ရတဲ့ သတ္တိမရှိတဲ့ ကောင်လေး မဟုတ်တော့ဘူးဆိုတာ သူ နားလည်သွားခဲ့သည်။
သူတို့နှစ်ဦးရဲ့ နေရာ က ပြောင်းပြန်ဖြစ် သွားခဲ့ပါပြီ။
မကြာခင်မှာပဲ သူ့နဖူးကနေ ချွေးစေးတွေ တစိမ့်စိမ့်စီးကျလာပြီး တစ်ကိုယ်လုံး တုန်ယင်လာလေသည်။
ကြောက်လန့်နေတဲ့ သူ့ပုံစံကို ကြည့်ပြီး ထန်ထျန်းက ခပ်အေးအေးပဲ ဟမ့်ခနဲ နှာရှုပ် ပြီး ကုရှောင်းရွှယ်ကို ပြောသည်။ "တစ်ယောက်ကို လက်တစ်ချောင်းစီ ခြေထောက်နှစ်ချောင်းစီ ရိုက်ချိုးပြီး အပြင်ကို အကုန် ပစ်ထုတ်လိုက်"
ပြောပြီးတာနဲ့ သူက ချက်ချင်း လှည့်ပြီး အခန်းထဲ ပြန်ဝင်သွားသည်။
ကျားမုန့် ချက်ချင်း ထိတ်လန့်သွားပြီး အသံကျယ်ကျယ်နဲ့ "ထန်ထျန်း၊ မဟုတ်ဘူး၊ သခင်လေးထန်"
"ကျွန်တော် အခု ချက်ချင်း ထွက်သွားပါ့မယ်၊ ဝေးဝေးကို ထွက်သွားပါ့မယ်၊ သခင်လေးရှေ့မှာ ဘယ်တော့မှ ထပ်မပေါ်လာ တော့ပါဘူး"
"သခင်လေး သနားတယ့်စိတ်လေးနဲ့ ကျွန်တော့်ကို လွှတ်ပေးပါ"
"သခင်လေးထန်....."
သူ အော်ဟစ်တောင်းပန်နေပေမယ့် ထန်ထျန်း ခေါင်းတောင် မလှည့်ဘဲ အလင်းထဲ ပျောက်ကွယ်သွားသည်။
ဒီလိုလူမျိုးနဲ့ ပတ်သတ် နေတာက ဂုဏ်သိက္ခာကို အများကြီး ကျဆင်းစေပါသည်။
ဒီလို အပြစ်ပေးတာက သူရဲ့ မူလ ခန္ဓာကိုယ်ဟောင်းနဲ့ သူတို့ရဲ့အ ကြွေးတွေကို ရှင်းလိုက်တာပဲလို့ သဘောထားပါသည်။
မကြာခင်မှာပဲ တောင်းပန်သံတွေ ပျောက်ကွယ်သွားပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ အော်သံတွေ ထွက်ပေါ်လာတော့သည်။
ဒါပေမယ့် အော်သံတွေလည်း မကြာခင် ရပ်သွားသည်။
ထို့နောက် ကုရှောင်းရွှယ်ရဲ့ ပုံရိပ်က အပြင်ကနေ ဝင်လာသည်။
ဘာမှ မဖြစ်သလို ပုံစံနဲ့ သူမကို ကြည့်ပြီး ထန်ထျန်း မေးလိုက်သည်။ "မင်း အရင်က လူတွေကို မကြာခဏ အဲ့လိုလုပ်တတ် တာလား"
ကုရှောင်းရွှယ်က ခဏတာ ကြောင်သွားပြီး "မဟုတ်ပါဘူး"
"ဒါပေမယ့် ဒါက သခင်လေး ကျွန်မကို လုပ်ခိုင်းတာ မဟုတ်လား၊ သက်တော် စောင့်စည်းမျဉ်းထဲမှာ ဒီအချက် ပါတယ်လေ"
"အလုပ်ရှင် အန္တရာယ်ကြုံလာရင် သက်တော် စောင့်က အန္တရာယ်ကို တားဆီးရမည်"
ထန်ထျန်း အံ့အားသင့်သွားသည်။
တကယ်ပဲ စည်းမျဉ်းအတိုင်း အတိအကျ လုပ် တတ်တာပဲ။
ဒါပေမယ့် ကုရှောင်းရွှယ်ရဲ့ ခုနက အပြုအမူ ကလည်း သူ့ကို စိတ်အနည်းငယ် သက်သာရာရစေသည်။
အနည်းဆုံးတော့ ဒီကလေးမလေးက တကယ် တော်ပေသည်။
"ဒါနဲ့ ခုနက မင်းပြောတယ့် စကားလုံးတွေက ဘယ်သူ့ဆီက သင်လာတာလဲ"
ထန်ထျန်းက စနောက် သော လေသံဖြင့် မေးလိုက်သည်။
ကုရှောင်းရွှယ်က နည်းနည်း ရှက်သွားတဲ့ပုံနဲ့ "စာအုပ်ထဲက တွေ့တာပါ"
"ဟိုဝတ္ထုတွေထဲက သခင်လေးတွေရဲ့ ဘေးနားက လူတွေက အဲ့လိုပဲ ပြောကြတယ်လေ..."
ထန်ထျန်း သဘောပေါက်သွားသည်။ ဒီလိုကိုး။
ဒါပေမယ့် အဲ့ဒီလို သခင်လေးတွေကတော့ အများအားဖြင့် လူကောင်းတွေ မဟုတ်ကြဘူးလေ။
"သခင်လေးထန် ကျွန်မ ခုနက လုပ်တာ မှန်လား"
"တကယ်လို့ မမှန်ဘူးဆိုရင် ပြောနော်"
ကုရှောင်းရွှယ်က ပြောလိုက်သည်။
ထန်ထျန်းက "အင်း" လို့ ပြန်ဖြေလိုက်သည်။ နည်းနည်းတော့ လွန်တာပေါ့လို့ ပြောမလို့ပင်။
ဒါပေမယ့် ပြန်စဉ်းစားကြည့်ပြီးနောက် ဒီလိုပုံစံကလည်း ကောင်းတယ်လို့ သူ ထင်သည်။
လူဆိုး တစ်ယောက် ဖြစ်ရတာက လူကောင်း တစ်ယောက် ဖြစ်ရတာထက် အများကြီး ပိုပြီး သက်သောင့်သက်သာ ရှိတာပေါ့!
ထို့အပြင် ကုရှောင်းရွှယ်က သူ့ကိုယ်စား ရှေ့က လုပ်ပေးမယ်ဆိုရင် သူ့ရဲ့ တကယ့်ခွန် အားကို ဖုံးကွယ်ထားနိုင်ပြီး ရန်သူတွေကို အထင်မှားစေနိုင်သေးသည်။
ဘာလို့ မပျော်ရမှာလဲ။
ဒီအချက်ကို စဉ်းစားမိတော့ ထန်ထျန်းက အလေးအနက် ပြောသည်။ "မင်း လုပ်တာ မှန်တယ်"
"ရက်စက် တဲ့ လူတွေကို ရင်ဆိုင်တဲ့အခါမှာ ငါတို့က သူတို့ထက် ပိုပြီး ရက်စက် မှသာ သူတို့ကို ကြောက်စေနိုင်မှာ"
ကုရှောင်းရွှယ်က ကြားလိုက်တာနဲ့ ချက်ချင်း ခေါင်းတငြိမ့်ငြိမ့် လုပ်ပြီး နားလည်ကြောင်း ပြောသည်။
စကားပြောရင်းနဲ့ နှစ်ယောက်သား ကျောက်တုံးအိမ်လေးကို ရှင်းလို့ ပြီးသွားပြီပင်။
ထို့နောက် ထန်ထျန်းက ကုရှောင်းရွှယ်ကို အရင် ထွက်သွားခိုင်းပြီး သိုလှောင်လက်စွပ်ထဲက ဂုဏ်ထူးဆောင်တပည့်တွေအတွက် သီးသန့်ဖြစ်တဲ့ ခရမ်းရောင်ဝတ်စုံကို ထုတ်ကာ သာမန်တပည့်ဝတ်စုံကို ချွတ်ပြီး အိပ်ရာခေါင်းရင်းမှာ သပ်သပ်ရပ်ရပ် ခေါက်ထားလိုက်သည်။
အခုချိန်ကစပြီး သူဟာ သူ့ရဲ့ အတိတ်က မှတ်ဉာဏ်တွေကို နှုတ်ဆက်ပြီး သူ့အတွက် တကယ် ပိုင်ဆိုင်တဲ့ ဘဝသစ်ကို စတင်တော့မှာပါ။
အများကြီး စိတ်မကောင်းဖြစ်နေခြင်း မရှိဘဲ ထန်ထျန်းက တံခါးကို တွန်းဖွင့်ပြီး အပြင်ကို ထွက်လာသည်။
"ဟမ်"
"ရှင် ပိုပြီး ချော လာသလိုပဲ"
ကုရှောင်းရွှယ် အံ့သြစွာ ပြောလိုက်သည်။
စကားပုံတစ်ခုရှိသည်၊ ဘုရားက ရွှေရောင်သင်္ကန်း ကို မှီခိုပြီး လူက အဝတ်အစားကို မှီခိုသည် ( အဝတ်အစားက လူရဲ့ ချောမောမှုကို မြှင့်တင်ပေးသည် )။
ဂုဏ်ထူးဆောင်တပည့် ဝတ်စုံကို လဲဝတ်လိုက်တော့ ထန်ထျန်းတစ်ကိုယ်လုံးရဲ့ ရုပ်ရည်က ပြောင်းလဲသွားသည်။ မြင့်မြတ် ပုံ ပေါက်ပြီး အသက်အရွယ်နဲ့ မလိုက်အောင် တည်ငြိမ်မှုအငွေ့အသက် တွေ ဖုံးလွှမ်းနေသည်။
"အမှန်တရားတွေ မပြောနဲ့လေ"
ထန်ထျန်းက ရယ်ရင်း "ငါတို့ တောင်အထက်ပိုင်း ကို သွားရအောင်"
"ဖူတီခန်းမ ဘယ်မှာလဲ မင်း သိလား"
ကုရှောင်းရွှယ်က ခေါင်းညိတ်ပြီး "ကျွန်မ သိတယ် အဲဒါက တပည့်တွေအတွက် လှိုဏ်ဂူ တွေ ခွဲဝေပေးတဲ့ နေရာပဲ"
"ရှင် သွားမှာလား၊ ကျွန်မ လမ်းပြပေးမယ်"
ထန်ထျန်းက ခေါင်းညိတ်လိုက်သည်။
ထို့နောက် နှစ်ယောက်သား ချင်းယွဲ့ဂိုဏ်းရဲ့ တောင်အထက်ပိုင်း သို့ လျှောက်သွားကြသည်။
လမ်းတစ်လျှောက် စကားပြောရင်း ထန်ထျန်းက ကုရှောင်း ရွှယ်ဆီကနေ ချင်းယွဲ့ဂိုဏ်း ရဲ့ တောင်အထက်ပိုင်း အခြေအနေအကြောင်း အများကြီး သိလိုက်ရသည်။
တောင် အထက်ပိုင်းရဲ့ ကျင့်ကြံခြင်း ပတ်ဝန်းကျင် က အောက်ပိုင်းနဲ့ ယှဉ်ရင် ကောင်းကင်နဲ့ မြေကြီးလို ကွာခြားပါသည်။
ဝိညာဉ်စွမ်းအင်ရဲ့ သန့်စင်မှု က အဆများစွာ ပိုသန်မာ ပြီး အဲဒီအပြင် ကျင့်ကြံခြင်း အတွက် အထူးစီစဉ်ပေးထားတဲ့ ပစ္စည်းမျိုးစုံလည်း ရှိသည်။ ဥပမာ- ကျင့်ကြံသည့် အ ခန်း၊ ဆေးဖော်ခန်း၊ သိုင်းလေ့ ကျင့်ခြင်း ခန်းမ၊ ဝိညာဉ်ရေကန်နဲ့ လျှို့ဝှက်နယ်မြေများ စသဖြင့်ပင်။
ပြောရမယ်ဆိုရင် ချင်းယွဲ့ဂိုဏ်းရဲ့ တောင် အထက်ပိုင်းဟာ တကယ့် ကျင့်ကြံခြင်း ကမ္ဘာပင် ဖြစ်သည်။
ဒါပေမယ့် အတွင်းစည်းတပည့်၊ အဓိကတပည့်နဲ့ ဂိုဏ်းအကြီးအကဲတွေလို အဆင့်မြင့်သူတွေသာ တောင် အထက်ပိုင်းမှာ နေခွင့်ရှိသည်။
လူတွေ အတွင်းစည်းကို ဝင်ဖို့ ဘာလို့ အသည်းအသန် ကြိုးစားရတာလဲဆိုတာ အံ့သြစရာ မရှိပေ။
ထို့အပြင် ဂုဏ်ထူးဆောင်တပည့်တွေရဲ့ အဓိက နယ်မြေကလည်း အထက်ပိုင်းမှာပဲ ရှိသည်။
ကုရှောင်းရွှယ် ပြောပြတာက သူတို့ဟာ ပါတီပွဲတွေ ဒါမှမဟုတ် တခြားပွဲ တွေကို မကြာခဏ စီစဉ်သည့် အခါတိုင်း ဝိညာဉ်ကျောက်တွေ အများကြီး ကုန်ကျတယ်လို့ သိရသည်။
ပိုက်ဆံ အနည်းငယ် လိုအပ်တဲ့ တပည့်တွေကတော့ ဒီအခွင့်အရေးကို အသုံးချပြီး ဝိညာဉ်ကျောက်တွေ ရှာကြကာ သူတို့ရဲ့ ကျင့်ကြံခြင်း အတွက် အထောက်အပံ့ပေးကြသည်။
ထန်ထျန်း ကြားပြီးတာနဲ့ နည်းနည်းတော့ စိတ်လှုပ်ရှားမိသည်။
ဒီနေရာက နတ်ဘုရားလောက ဖြစ်နေပေမယ့် လူမှုဆက်ဆံရေး မှာတော့ အရင်ကနဲ့ သိပ်ပြီး မကွာခြားပေ။
လူတွေရဲ့ နေ့စဉ်ဘဝက အရင်အတိုင်းပါပဲ။
"ဂုဏ်ထူးဆောင်တပည့်တွေက အချင်းချင်း အုပ်စုဖွဲ့တတ်ကြတယ် ရှင် အပေါ်ကိုရောက်ရင် သူတို့ထဲက တစ်ယောက်ယောက်က ရှင့်ကို သေချာပေါက် လာရှာမှာပဲ"
ကုရှောင်းရွှယ်က ပြောလိုက်သည်။
ထန်ထျန်းက ပြုံးလိုက်ပြီး ဘာမှ မပြောပေ။
အုပ်စုဖွဲ့တာတွေ ဘာတွေ ညာတွေဆိုတာ သူ စိတ်မဝင်စားပါဘူး။
သူက သုံးစွဲမှုအမှတ်တွေ အများကြီး ရဖို့ပဲ လိုချင်ပြီး ပိုပြီး ထူးခြားတဲ့ ပါရမီနဲ့ ခန္ဓာတွေကိုပဲ လဲလှယ်ချင်သည်။
လင်းယွဲ့ ပြောခဲ့တဲ့ စကားတစ်ခွန်းက အရမ်းမှန်ပါသည်။ ဒီနေရာက ဘာပဲဖြစ်ဖြစ် ကျင့်ကြံခြင်းလောက တစ်ခုပင်။ ခွန် အားကိုသာ လေးစားကြသည်ပင်။
စကားပြောရင်းနဲ့ နှစ်ယောက်သား ချင်းယွဲ့ဂိုဏ်းရဲ့ အထက်ပိုင်းကို ရောက်ရှိလာသည်။
ခဏအကြာမှာတော့ သူတို့ဟာ မြင့်မားတဲ့ ခန်းမ တစ်ခုရဲ့ ရှေ့ကို ရောက်လာကြသည်။
ဒါကတော့ ဖူတီခန်းမပင်