ခရမ်းရောင်ဝါးခြံဝင်း
Vol. 1 Ch. 12
"အတွင်းစည်းတပည့် ဒါမှမဟုတ် အဓိကတပည့် ဖြစ်လာပြီဆိုရင်တော့ ကိုယ်ပိုင်အိမ်တစ်လုံး ဒီနေရာမှာ ရပိုင်ခွင့်ရှိတယ်" ဟု ကုရှောင်းရွှယ်က ပြောသည်။
ထန်ထျန်းက ခေါင်းညိတ်ကာ သူမကို ခေါ်ပြီး အတူတူ ဝင်သွားသည်။
အတွင်းမှာ လူသိပ်မများလှပေ။ အများစုကတော့ တစ်ကိုယ်တည်း သွားလာနေကြပြီး တောင် အောက်က စည်ကားတဲ့ မြင်ကွင်းနဲ့ လုံးဝကို ကွာခြားလှသည်။
သို့သော်လည်း သုံးလေးယောက် စုနေ ကြသူများလည်း ရှိသည်။ ထန်ထျန်းက တခြားဂုဏ်ထူးဆောင်တပည့်အချို့ကိုလည်း တွေ့ လိုက်ရသည်။ သူတို့က ခေါက်ယပ်တောင် (သို့) တူရိယာတစ်ခုခုကို ကိုင်ထား ကြပြီး ပျော်ပျော်ရွှင်ရွှင် စကားပြောနေကြသည်။
သူ အပြင်ကနေ ဝင်လာတဲ့အခါ တချို့လူတွေက ဒီဘက်ကို နှစ်ခါ လှည့်ကြည့်ကြသည်။
ထန်ထျန်းက ဂရုမစိုက်ဘဲ ဖူတီခန်းမရဲ့ တာဝန်ခံကို တိုက်ရိုက် သွားရှာသည်။
"တာအို မိတ်ဆွေ ကောင်းသောနေ့လေးပါ"
တာဝန်ခံကလည်း လူငယ်ကျင့်ကြံသူတစ်ဦး ဖြစ်သည်။ ထန်ထျန်း၏ ဝတ်စုံကို မြင်သည်နှင့် တပြိုင်နက် နွေးထွေးပျော်ရွှင်သော အပြုံးတစ်ပွင့် ပေါ်လာသည်။
"ကျွန်တော့်နာမည် ဝမ်အန်းနင်ပါ။ တာအို မိတ်ဆွေ ဘာများလိုအပ်ပါသလဲ"
ဝမ်အန်းနင်က အလွန်ယဉ်ကျေးစွာ မေးသည်။
ထန်ထျန်းက "ကျွန်တော် ခုမှ ဂုဏ်ထူးဆောင်တပည့် ဖြစ်လာတာ။ ဒီမှာ ကိုယ်ပိုင်အိမ် ရနိုင်တယ်လို့ ကြားမိလို့ပါ" ဟု ပြောလိုက်သည်။
ဝမ်အန်းနင်က ခေါင်းညိတ်သည်။ "ဟုတ်ကဲ့၊ ရနိုင်ပါတယ်"
"ချင်းယွဲ့ဂိုဏ်းရဲ့ တောင်ပေါ် မှာရှိတဲ့ အိမ်အားလုံးကို ကျွန်တော်တို့ ဖူတီခန်းမက တာဝန်ယူပါတယ်။"
"တာအို မိတ်ဆွေ ဘယ်လိုမျိုး လိုချင်ပါသလဲ"
ထန်ထျန်းက စဉ်းစားပြီး "အရင် ကြည့်ရအောင်" ဟု ပြောလိုက်သည်။
သူက ဒီက အခြေအနေအသေးစိတ်ကို သိပ်နားမလည်သေးပေ။
"ကောင်းပါပြီ"
"လူကြီးမင်းနှစ်ဦး ကျွန်တော့်နောက် လိုက်ခဲ့ပေး ပါ။"
ဝမ်အန်းနင်က ထန်ထျန်းတို့နှစ်ဦးကို ကြိုဆိုကာ သီးသန့်အခန်းထဲသို့ ခေါ်သွားပြီးနောက် အဖြူရောင်ကျောက်စိမ်းပြားလေးတစ်ချပ်ကို ထုတ်ကာ ထန်ထျန်းကို ပေးလိုက်သည်။
"ဒီထဲမှာ အိမ်ရဲ့ အခြေခံအချက်အလက်တွေ ပါပါတယ်။ တာအို မိတ်ဆွေရဲ့ စိတ်ဝိညာဉ်ကို ထည့်လိုက်ရုံနဲ့ ကြည့်နိုင်ပါတယ်" ဟု ဝမ်အန်းနင်က ဆိုသည်။
ထန်ထျန်းက ကျောက်စိမ်းပြားကိုယူပြီး သူ့စိတ်ဝိညာဉ်ကို ထည့်လိုက်သည်။
သတင်းအချက်အလက်များစွာက ချက်ချင်း သူ့မျက်စိရှေ့တွင် ပေါ်လာသည်။
ကျောက်စိမ်းတောင်ကြား : ချင်းယွဲ့ဂိုဏ်း၏ မြောက်ဘက်တွင် တည်ရှိသည်။ သဘာဝပတ်ဝန်းကျင် အလွန်ကောင်းမွန်သည်။ စုစုပေါင်း အိမ် ၁၂၃ လုံး ရှိပြီး တစ်နှစ်ငှားရမ်းခမှာ စိတ်ဝိညာဉ်ကျောက် တစ်သောင်း ဖြစ်သည်။
ရွှေအလင်း တောင်ကမ်းပါး : ချင်းယွဲ့ဂိုဏ်း၏ အရှေ့တောင်ဘက်တွင် တည်ရှိသည်။ နံနက်ခင်းနေရောင်ခြည်ကို ခံစားနိုင်သည်။ စုစုပေါင်း အိမ် ၃၄၄ လုံး ရှိပြီး တစ်နှစ်ငှားရမ်းခမှာ စိတ်ဝိညာဉ်ကျောက် တစ်သိန်း သုံးသောင်း ဖြစ်သည်။
အသက်ရေကန် : ...
တောက်လျှောက် ကြည့်သွားရာ ထန်ထျန်းက ချင်းယွဲ့ဂိုဏ်းရှိ အိမ်များအကြောင်းကို အကြမ်းဖျင်း နားလည်သွားသည်။
ပင်မတောင်ထိပ်ကို ဗဟိုပြု၍ မိုင်ပေါင်းများစွာ ပတ်လည်တွင် မတူညီသော အိမ်များစွာ ရှိပြီး ဧရိယာ အ ကြီး၊ ဧရိယာ အငယ် ရာပေါင်းများစွာအဖြစ် ပိုင်းခြားထားသည်။
ဧရိယာတစ်ခုချင်းစီ၏ ပတ်ဝန်းကျင်က ကွဲပြားခြားနားကြပြီး ဈေးနှုန်းများလည်း မတူကြပေ။
အသက်သာဆုံးမှာ တစ်နှစ်လျှင် သုံးသောင်းမှ လေးသောင်းဖြစ်ပြီး အဈေးအကြီးဆုံးနေရာများမှာမူ သန်းနှင့်ချီပင် ရှိနိုင်သည်။
ထိုအိမ်များမှာ အခြေခံအားဖြင့် ပင်မတောင်ထိပ်နှင့် နီးစပ်ပြီး ကျင့်ကြံခြင်းပတ်ဝန်းကျင်နှင့် နေထိုင်မှုပတ်ဝန်းကျင် နှစ်ခုစလုံးတွင် အလွန်ကောင်းမွန် သော နေရာများဖြစ်သည်။
သို့သော်လည်း ကြည့်ပြီးနောက် ထန်ထျန်းက ပြဿနာသေးသေးလေးတစ်ခုကို တွေ့လိုက်ရသည်။
ဧရိယာအားလုံးရှိ အိမ်အရေအတွက်က တစ်လုံးတည်းမကဘဲ အနည်းဆုံး ဆယ်ဂဏန်းမှ အများဆုံး ထောင်ဂဏန်းအထိပင် ရှိသည်။
ပတ်ဝန်းကျင်တွင် အိမ်နီးနားချင်းများ ပြည့်နှက်နေသည်ထက် ထန်ထျန်းက တစ်ယောက်တည်း နေရသည်ကို ပိုနှစ်သက်သည်။
စိတ်ဝိညာဉ်ကို ပြန်သိမ်းပြီးနောက် ထန်ထျန်းက ဝမ်အန်းနင်ကို ကြည့်ကာ "တခြား ရှိသေးလား" ဟု ပြောလိုက်သည်။
ဝမ်အန်းနင်က တအံ့တဩဖြစ်သွားပြီး "ဒီထဲမှာ တာအို မိတ်ဆွေ စိတ်ကျေနပ်မယ့် အိမ် မရှိဘူးလား"
"တာအို မိတ်ဆွေ မှာ ထူးခြားတဲ့ လိုအပ်ချက်များ ရှိပါသလား" ဟု မေးသည်။
ထန်ထျန်းက ခေါင်းညိတ်ပြီး "ကျွန်တော်က တခြားသူနှောင့်ယှက်တာကို မကြိုက်တဲ့သူဆိုတော့ တိတ်ဆိတ်အေးချမ်းတဲ့ နေရာလေး ရှာချင်တယ်" ဟု ပြောလိုက်သည်။
ဝမ်အန်းနင်က "တစ်ယောက်တည်းနေတဲ့ အိမ်လား" ဟု ပြောသည်။
"ရှိတော့ ရှိပါတယ်။ ဒါပေမဲ့ တစ်ယောက်တည်းနေတဲ့ အိမ်တွေက များသောအားဖြင့် ဈေးကြီးပြီးတော့ ကျင့်ကြံတဲ့ ပတ်ဝန်းကျင်က သာမန်နေရာတွေလောက် မကောင်းတာမျိုး ဖြစ်နိုင်ပါတယ်" ဟု ပြောသည်။
ထန်ထျန်းက လက်ဝှေ့ယမ်းပြပြီး "ဈေးက ပြဿနာမရှိပါဘူး" ဟု ပြောလိုက်သည်။
"မင်း ကျွန်တော့အတွက် တစ်ယောက်တည်းနေတဲ့ အိမ်တွေထဲမှာ ကျင့်ကြံဖို့ အကောင်းဆုံးနေရာ၊ အဈေးအကြီးဆုံးနေရာကို ရှာပေးနိုင်မလား"
နောက်ဆုံး စကားလုံးသုံးလုံးကြောင့် ဝမ်အန်းနင်၏ မျက်လုံးများ ချက်ချင်း တောက်ပလာပြီး ဝမ်းသာအားရ ပြုံးလိုက်သည်။
"ဟုတ်ကဲ့၊ ရပါတယ်။ ဒါက ကျွန်တော့်တာဝန်ပါပဲ။"
"ကျွန်တော် အခုပဲ တာအို မိတ်ဆွေ အတွက် တခြားအိမ် စာရင်းကို သွားယူပေးပါ့မယ်" ဟု ပြောပြီး ဝမ်အန်းနင်က ထကာ သီးသန့်အခန်းမှ ထွက်သွားသည်။
သူထွက်သွားပြီးနောက် ကုရှောင်းရွှယ်က ရုတ်တရက် ထန်ထျန်းနား ကပ်လာပြီး အံ့ဩသောမျက်နှာဖြင့် " အိမ်က ပိုက်ဆံပေးရတာလား" ဟု မေးသည်။
ထန်ထျန်းလည်း အံ့အားသင့်သွားပြီး "မပေးရဘူးလား" ဟု ပြန်မေးသည်။
"မင်းအိမ်က ပိုက်ဆံမပေးရ ဘူးလား"
ကုရှောင်းရွှယ်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း " ဟုတ်တယ်လေ" ဟု ပြောသည်။
"အဓိကတပည့် ဖြစ်လာပြီဆိုတာနဲ့ ကိုယ်ကြိုက်တဲ့ အိမ်ကို ရွေးနေလို့ရ ပြီး ဆယ်နှစ်တစ်ကြိမ် အခမဲ့ ပြောင်းနိုင်တယ်။"
"အတွင်းစည်းတပည့်တွေလည်း အတူတူပဲ ထင်ပါတယ်။ ဒါပေမဲ့ အဓိကတပည့်တွေထက် ရွေးချယ်နိုင်တဲ့ အဆင့်က နည်းနည်းနိမ့်တယ်" ဟု ဆိုသည်။
ထန်ထျန်းက ပါးစပ်ဟပြီး စကားမပြောနိုင်ဖြစ်သွားသည်။
အဆင့်မြင့်ဂုဏ်ထူးဆောင်တပည့်ဆိုတာ အဓိကတပည့်နဲ့ တူတယ်လို့ ပြောပေမယ့် တကယ်တမ်းကျတော့ ကွာခြားမှုတွေ ရှိနေသေး၏
အိမ်ရှာတာတောင် နောက်ထပ် စိတ်ဝိညာဉ်ကျောက်တွေ အကုန်ခံရသေးတယ်။
အိမ်တင်မကဘဲ တခြားကိစ္စအတော်များများလည်း ဒီလိုပဲ ဖြစ်မှာပါ။ ပိုက်ဆံကုန်မယ့်နေရာတွေကတော့ နည်းမှာ မဟုတ်လောက်ဘူး
ဒီအချက်ကို စဉ်းစားမိတော့ ထန်ထျန်း မပြုံးဘဲ မနေနိုင်ပေ။
သူ အဓိကတပည့် မဟုတ်ခဲ့တာ ကံကောင်းပါတယ်။ မဟုတ်ရင် ပိုက်ဆံတောင် သုံးလို့ရတော့မှာ မဟုတ်ဘူးလေ
ဒါဆိုရင် သုံးစွဲမှုအမှတ် ဘယ်လောက် ဆုံးရှုံးသွားမလဲ။
"ခွဲခြားဆက်ဆံမှုက အရမ်းသိသာတယ်၊ ဒီကိစ္စမှာ ဂိုဏ်းက မတရားဘူးလို့ ကျွန်မ ထင်တယ်" ဟု ကုရှောင်းရွှယ်က ထန်ထျန်းအတွက် ပြောပေး သည်။
သို့သော်လည်း ထန်ထျန်းကတော့ ပျော်ပျော်ရွှင်ရွှင် ပုံစံဖြင့် "မဟုတ်ဘူး၊ အရမ်းကောင်းတယ်လို့ ငါ ထင်တယ်" ဟု ပြုံးလျက် ပြောသည်။
"ငါက ဒီလိုလူသားဆန်တဲ့ စည်းမျဉ်း မျိုးကို သဘောကျတယ်" ဟု ပြောလိုက်သည်။
ထိုစကားကိုကြားသော် ကုရှောင်းရွှယ်က မျက်လုံးပြူးသွားပြီး စိုးရိမ်သောမျက်လုံးများဖြင့် ထန်ထျန်းကို ကြည့်ကာ တိုးတိုးလေး မေးသည်။ "သခင်လေးထန် ရှင် အဆင်ပြေရဲ့လား"
" အဆင့်အတန်းက တူ ပေမယ့် ရှင် စိတ်ဝိညာဉ်ကျောက်တွေ အများကြီး ပိုကုန်မှာနော်"
ထန်ထျန်းက ရယ်မောရင်း ခေါင်းခါသည်။
"အဟောင်းမသွားရင် အသစ်မလာဘူးလေ"
"ငါ ဒီလို ပိုက်ဆံသုံးရတာကို သဘောကျတယ်။"
"အလကားကုန်ရင်တောင် ရတယ်။"
ကုရှောင်းရွှယ်က တအံ့တဩဖြစ်သွားပြီး ဒီလိုစကားမျိုးကို ဘယ်လိုစိတ်မျိုးနဲ့ လူတစ်ယောက်က ပြောနိုင်လဲဆိုတာ လုံးဝနားမလည်တော့ပေ။
ခဏအကြာတွင် ဝမ်အန်းနင်က သီးသန့်အခန်းသို့ ပြန်လာပြီး ထန်ထျန်းကို ကျောက်စိမ်းပြားအသစ်တစ်ချပ် ထပ်ပေးလိုက်သည်။
ကျောက်စိမ်းပြားကို ဖွင့်လိုက်သောအခါ စာရင်းရှည်ကြီးတစ်ခု ထပ်ပေါ်လာသည်။
ထန်ထျန်းက သန်းဂဏန်းတန်ဖိုးရှိသော အရာများကို တိုက်ရိုက်ကျော်လိုက်ကာ အဈေးအကြီးဆုံး အိမ်အချို့ကို ကြည့်လိုက်သည်။
နောက်ဆုံးတွင် သူ၏အကြည့်က ခရမ်းရောင်ဝါးခြံဝင်း ဟုခေါ်သော အိမ်တစ်ခုပေါ်သို့ ရောက်သွားသည်။
ခရမ်းရောင်ဝါးခြံဝင်း : ပင်မတောင်ထိပ်၏ တောင်ဘက်တောင်ခြေရင်းတွင် တည်ရှိသည်။ ကျင့်ကြံခြင်းပတ်ဝန်းကျင် အလွန်ကောင်းမွန်ပြီး တစ်နှစ်ငှားရမ်းခ- ၁၃ သန်း ။
"ဒီခရမ်းရောင်ဝါးခြံဝင်း အကြောင်း ပြောပြပါဦး" ဟု ထန်ထျန်းက ပြောလိုက်သည်။
ဝမ်အန်းနင်က ပြုံးလိုက်ရင်း "တာအို မိတ်ဆွေ ရဲ့ မျက်စိက တကယ်ကောင်းတာပဲ "
"ခရမ်းရောင်ဝါးခြံဝင်းရဲ့ နေရာက ပင်မတောင်ထိပ်နဲ့ အရမ်းနီးတယ်။ ကပ်လျက်ပဲ။"
"အဲဒီနေရာက ပတ်ဝန်းကျင် တိတ်ဆိတ်အေးချမ်းပြီး ပတ်ပတ်လည်မှာ ခရမ်းရောင်ဝါးတောကြီး တစ်ခု ဝန်းရံထားတယ်။ အဲဒီဝါးတောကြီးက သဘာဝပတ်ဝန်းကျင်ကြီးတစ်ခုလို ဖြစ်နေပြီး အချိန်တိုင်း ကောင်းကင်နဲ့ မြေကြီး ရဲ့ အနှစ်သာရတွေကို စုစည်းပေးနေတယ်။"
"ဝိညာဉ်စွမ်းအင်သိပ်သည်းဆက ဒီကထက် ငါးဆလောက် ရှိတယ်။"
"ခရမ်းရောင်ဝါးခြံဝင်းရဲ့ အတွင်းပိုင်းမှာ စိတ်ကို ငြိမ်သက်စေပြီး ဝိညာဉ်ကို အေးချမ်းစေတဲ့ စွမ်းအင်ရှိတဲ့ ရှေးဟောင်း ရေတွင်းတစ်တွင်းလည်း ရှိပါတယ်။"
"ဒါ့အပြင် ခရမ်းရောင်ဝါးခြံဝင်းရဲ့ မီတာတစ်ရာပတ်လည်မှာ တခြားတပည့်တွေရဲ့ အိမ်တွေလည်း မရှိတော့ တာအို မိတ်ဆွေ တစ်ယောက်တည်းနေချင်တဲ့ ဆန္ဒနဲ့ အရမ်းကို ကိုက်ညီပါတယ်" ဟု ပြောလေ သည်။
ထန်ထျန်းက ခေါင်းညိတ်သည်။ သူပြောတာကို နားထောင်ပြီးတော့ တကယ်နေထိုင်ဖို့ အလွန်သင့်တော်တဲ့ နေရာတစ်ခုပဲ ဖြစ်သည်။
တကယ်တော့ အဓိကအချက်က ၁၃ သန်း တန်တယ်ဆိုတာပဲ။
"ကောင်းပြီ၊ ဒါပဲ ယူမယ်"
ထန်ထျန်းက ချက်ချင်း ဆုံးဖြတ်လိုက်သည်။
ဝမ်အန်းနင်၏ အပြုံးက ပိုမိုကြီးမားလာသည်။ "တာအို မိတ်ဆွေ က တကယ်ကို တည့်တိုး ပဲနော်။ သာမန်ဂုဏ်ထူးဆောင်တပည့်တွေနဲ့ ဘယ်လိုမှ နှိုင်းယှဉ်လို့မရဘူးဆိုတာ တစ်ချက်ကြည့်တာနဲ့ သိနိုင်တယ်"
"တာအို မိတ်ဆွေ ဘယ်လောက်ကြာကြာ ငှားချင်ပါသလဲ"
ထန်ထျန်းက "အကြာဆုံး ဘယ်လောက်လဲ" ဟု မေးလိုက်သည်။
ဝမ်အန်းနင်က "ဆယ်နှစ်" ဟု ပြောသည်။
ထန်ထျန်းက ဖြည်းဖြည်းချင်း ခေါင်းညိတ်သည်။ "ဒါဆိုလည်း ဆယ်နှစ်ပေါ့ ။"
"ဒါပေမဲ့ ကျွန်တော် သုံးကြိမ်ခွဲပြီး ပေးချင်တယ်။"
"အရင်ဆုံး နှစ်နှစ်အတွက်၊ ပြီးရင် လေးနှစ်အတွက်၊ နောက်ဆုံး လေးနှစ်အတွက်ပါ" ဟု ဆိုသည်။
ဝမ်အန်းနင်က တအံ့တဩဖြစ်သွားသည်။ သူဒီလို ပိုက်ဆံပေးတာမျိုး တစ်ခါမှ မမြင်ဖူးပေ။
ဒါပေမဲ့ ပိုက်ဆံရှိတဲ့လူတွေက ထူးဆန်းတဲ့ အမူအကျင့်တချို့ ရှိတာ ပုံမှန်ပါပဲ။ အရောင်းအဝယ် ဖြစ်မြောက်ရင်ပြီးတာပဲ။
အိမ်ရောင်းတာမျိုးမှာတော့ ဝေစု ရတာ သဘာဝပါပဲ။
"ဟုတ်ကဲ့၊ ရပါတယ်"
ခဏအကြာတွင် အရောင်းအဝယ် သုံးခုလုံး ချောချောမွေ့မွေ့ ပြီးသွားသည်။
နှစ်ဖက်စလုံး ပျော်ရွှင်ကြသည်။ ဝမ်အန်းနင်က ဝေစု အများကြီးရမည်ဖြစ်ပြီး ထန်ထျန်း၏ ပိုင်ဆိုင်မှုများကလည်း အကြိမ်ကြိမ် တိုးလာသည်။
စိတ်ဝိညာဉ်ကျောက်အရေအတွက်က သန်း၁၀၀ ကျော်သွားပြီး ၁၅၇ သန်း အထိ ရောက်လာခဲ့သည်။
သုံးစွဲမှုအမှတ် များကလည်း တစ်သောင်းကျော်သွားခဲ့ပြီ။
ပဉ္စမအဆင့် ပါရမီက မျက်စိရှေ့တွင်ပင် ရှိနေလေပြီ