အတိတ်
Vol. 1 Ch. 15
ရှင်းပြခြင်း က နေ့ တစ်ဝက်ကျော်မျှ ကြာခဲ့သည်။
ဒီအချိန်အတွင်းမှာ ထန်ထျန်းက သူ့ရဲ့ စိတ်ဝိညာဉ်တွေ တိုး လာတယ်လို့ ခံစားရပြီး ပထမဆုံးအကြိမ် ကျင့်ကြံခြင်းရဲ့ နားလည်မှု အသိအမြင်တစ်ခု ရရှိခဲ့ပါသည်။
သူက စနစ်နှစ်မျိုး ပိုင်ဆိုင်ထားတာကြောင့် တခြားသူတွေ မမြင်နိုင်တဲ့ ဖြတ်လမ်းကို ရွေးခဲ့ပေမယ့် ဒီလို အသိအမြင်မျိုးကလည်း တကယ်ကို အဖိုးတန်လှသည်။
ကြာမြင့်စွာ ရှင်းပြ ပြီးနောက် ထန်ထျန်းက သူ့ရဲ့ အနာဂတ် ကျင့်ကြံခြင်းလမ်းစဉ်နဲ့ပတ်သက်ပြီး မှုန်ဝါးဝါး စိတ်ကူးတစ်ခု ရရှိခဲ့သည်။
"ဒါတွေကို ဘယ်သူသင်ပေးတာလဲ" ဟု ထန်ထျန်းက မေးလိုက်သည်။
ကုရှောင်းရွှယ်က ရှက်ပြုံးလေး ပြုံးလိုက်ပြီး "အကြီးအကဲဦးလေးက တစ်ဝက် သင်ပေးတာ၊ ကျန်တာတွေကတော့ ကျွန်မကိုယ်တိုင် နားလည်ခဲ့တာ" ဟု ပြောလေ သည်။
ထန်ထျန်းက စိတ်ထဲကနေ ချီးကျူးမဆုံး ဖြစ်မိသည်။
ဒီလို ပါရမီမျိုးကို ပါရမီလို့ ပြောလို့ မရတော့ပေ။
သူမက ဒီကောင်းကင်နဲ့မြေကြီး ရဲ့ အချစ်ဆုံး သမီးတော် လေးတစ်ပါးလိုပါပဲ။ ကောင်းကင်ရဲ့ ကောင်းချီးပေးထားတဲ့ စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ထားလေသည်။
ဒီအချက်ကို စဉ်းစားမိတော့ ထန်ထျန်းက ဒီလိုထူးချွန်ပြီး ဖြူစင်တဲ့ ပါရမီရှင်တစ်ယောက်ကို ဘာကြောင့် သူ့ရဲ့ သက်တော် စောင့်အဖြစ် ကျပန်း တာဝန်ပေးလိုက် တာလဲဆိုတာ ပိုပြီး နားမလည်နိုင်ဖြစ်နေမိသည်။
သူမက စိတ်ဝိညာဉ်ကျောက်တွေထက် တောင် စိုးရိမ်နေရသေးသည်။
"မင်း ဂိုဏ်းထဲမှာ နေရတာ ဘယ်လို လဲ..."
ထန်ထျန်းက မထိန်းနိုင်ဘဲ မေးမိလိုက်သည်။
ကုရှောင်းရွှယ်က "အရမ်းကောင်းပါတယ်" ဟု ပြန်ဖြေသည်။
"အကြီးအကဲဦးလေးက ဂိုဏ်းကို ခေါ်လာပြီးတော့ ကျွန်မက ပင်မတောင်ထိပ်မှာပဲ နေခဲ့တာ။ဂိုဏ်းတူ အစ်မကြီးတွေနဲ့ ဂိုဏ်းတူ အစ်ကိုကြီးတွေကလည်း ကျွန်မကို အရမ်းဂရုစိုက်ကြတယ်။"
"နောက်တော့ အကြီးအကဲက တံခါးပိတ် ကျင့်ကြံတော့ သူ့စီစဉ်မှုနဲ့ အိမ်တစ်လုံး ရှာခဲ့တယ်။ နေ့တိုင်း အပြင်သိပ်မထွက်ဘဲ အချိန်တိုင်း ကျင့်ကြံနေခဲ့တာပဲ။"
"အခုတော့ နတ်ဝိညာဉ် အဆင့်ကို ရောက်တော့မလို့ ကျွန်မက နတ်ဝိညာဉ်ဆေးကို မတတ်နိုင်ဘူးလေ ဂိုဏ်းတူ အစ်မကြီးရဲ့ အကြံပြုချက်နဲ့ အကြီးအကဲ ကျုံးယန် ဆီ သွားပြီး သက်တော် စောင့်တစ်ဦးအဖြစ် ရွေးလိုက်တာ။"
"ပြီးတော့... ရှင် နဲ့ တွေ့ တာပေါ့။"
နားထောင်ရတာ ဘာပြဿနာမှ မရှိသလိုပါပဲ။
ဒါပေမဲ့ ထန်ထျန်းက ဒီထဲမှာ ထူးဆန်းတာတွေ ရှိနေတယ်လို့ အမြဲခံစားနေရသည်။
သို့သော်လည်း အကြာကြီး စဉ်းစားပြီးနောက်မှာလည်း ဘာမှ မသိရသေးပေ။
သူ အတွေးလွန်နေတာ ဖြစ်နေမလား။
ကောင်းကင်ကို မော့ကြည့်လိုက်တော့ နေက တောင်အနောက်ကို ဝင်နေပြီး ကောင်းကင်တစ်ခြမ်းလုံး နီရဲနေသည်။
အလွန်လှပပေသည်။
"ညစာ စားချိန် ရောက်ပြီထင်တယ်"
ထန်ထျန်းက မေးစေ့ကို ပွတ်ရင်း "ငါ မနေ့က မစားရသေးဘူး ထင်တယ်" ဟု ပြောလိုက်သည်။
"ဒီလိုနဲ့ပဲ နှစ်ရက်တောင် ရှိပြီ၊ ဘာလို့ ဗိုက်မဆာတာလဲ မသိဘူး။"
ကုရှောင်းရွှယ်က ရယ်မောရင်း "ကျွန်မတို့က ကျင့်ကြံသူတွေလေ၊ ဗိုက်ဆာမှာ မဟုတ်ဘူး" ဟု ပြောလိုက်သည်။
"စားဖို့ မလိုဘူး။"
ထန်ထျန်းက ခေါင်းခါသည်။ "ဒါဆို ဘာပျော်စရာရှိတော့မှာလဲ"
"ထမင်းစားတာက လူ့ဘဝရဲ့ အကောင်းဆုံးအရာတွေထဲက တစ်ခုပဲ။ ဒါကို စွန့်လွှတ်လိုက်ရင် ဘယ်လောက်တောင် ပျင်းစရာကောင်းလိုက်မလဲ။"
သူ ထကာ "ဒီမှာ အိုးခွက်ပန်းကန်တွေလည်း အကုန်ရှိတာပဲ" ဟု ပြောလိုက်သည်။
"လာ ငါတို့ ညစာ သွား ပြင်ကြ မယ်။"
ထို့နောက် သူက ကုရှောင်းရွှယ်ကို မီးဖိုချောင်သို့ ခေါ်သွား သည်။
အတော်ကြာကြာ လူမနေခဲ့ပေမယ့် ဒီနေရာက အလွန်သန့်ရှင်းနေဆဲပင်။ ဖုန်တစ်စတောင် မရှိပေ ။
ဒါက သဘာဝရဲ့ ရနံ့တွေကြောင့် ဖြစ်နိုင်သည်။
ကောင်းတယ် ရှင်းစရာ မလိုတော့ဘူးပေါ့။
"ဘာတွေ လုပ်လို့ရမလဲ ကြည့်ရအောင်။"
ထန်ထျန်းက သူ့ရဲ့ စိတ်ဝိညာဉ်ကို သိုလှောင် လက်စွပ်ထဲ ထည့်ကာ အထဲ မှာ ရှာဖွေလေ သည်။
မနေ့က ချင်းယွီ ခန်းမကို သွားခဲ့တုန်းက သာမန်အရင်းအမြစ်တွေ အများကြီး ဝယ်ခဲ့သည်။ အဲဒီထဲမှာ စိတ်ဝိညာဉ်ဆန်၊ စားသုံးနိုင်တဲ့ စိတ်ဝိညာဉ်ဆေးပင်တချို့၊ နတ်ဆိုးတိရစ္ဆာန်အသား စတာတွေ ပါဝင်သည်။
ဒီပစ္စည်းတွေက သာမန်အစားအစာတွေနဲ့ အတူတူပင်။ ရိုးရိုးရှင်းရှင်း ချက်ပြုတ်လိုက်ရုံပါပဲ။
တကယ်တော့ ၊ သူက ရှုပ်ထွေးတဲ့ ချက်ပြုတ်နည်းတွေကို မတတ်လို့ပါ။
"ဆန်ပြုတ်နည်းနည်းချက်၊ မှိုချဉ်စပ် ကြော်၊ဝက်သား ငရုတ်သီးစိမ်းကြော် ၊ နောက်ပြီး တရုတ်ဂေါ်ဖီ ထုပ် မွှေကြော်ရယ် ဘယ်လိုလဲ"
ထန်ထျန်းက ဒီညစာအတွက် စာရင်း ကို လျင်မြန်စွာ ဆုံးဖြတ်လိုက်သည်။
ကုရှောင်းရွှယ်က တဟီးဟီးရယ်မောရင်း "အိမ်ချက်ဟင်းတွေနဲ့ တူတယ်နော်" ဟု ပြောလိုက်သည်။
ထန်ထျန်းက နှုတ်ခမ်းမဲ့ကာ "အိမ်ချက်ဟင်းတွေက ပိုစားကောင်းတာပေါ့" ဟု ပြောသည်။
သူ့ရဲ့ ချက်ပြုတ်စွမ်းရည် မကောင်းဘူးဆိုတာကို သူ ဘယ်တော့မှ ဝန်ခံမှာ မဟုတ်ဘူး။
မကြာမီပင် ပါဝင်ပစ္စည်းများ အဆင်သင့်ဖြစ်ပြီဖြစ်ပြီး ထင်းမီးဖိုအောက်တွင် ထင်းမီးများလည်း လောင်ကျွမ်းနေပြီဖြစ်သည်။
"ဝိညာဉ်မီး မသုံးဘူးလား" ဟု ကုရှောင်းရွှယ်က မေးလိုက်သည်။
"ထင်းမီးနဲ့ ချက်တာကမှ ပိုမွှေးတာ"
ထန်ထျန်းက သူ့သဘောထားကို ဆက်ထိန်းထားသည်။
ထို့နောက် ကုရှောင်းရွှယ်က မြေကြီးပေါ်တွင် ထိုင်ကာ မီးမွှေးနေသည်။ ထန်ထျန်းကတော့ ဒီနေ့အတွက် ပါဝင်ပစ္စည်းများကို ပြင်နေသည်။
ဒီမြင်ကွင်းကို တခြားကျင့်ကြံသူတွေသာ မြင်ခဲ့ရင် တကယ်ပဲ အံ့သြသွားကြမှာပါ။
ဘယ်ကျင့်ကြံသူက ဒီလိုချက်ပြုတ်လို့လဲ
သို့သော်လည်း ထန်ထျန်းကတော့ ပျော်ရွှင်နေသည်။ ဆီအိုးထဲ အသီးအရွက်တွေ ထည့်လိုက်တဲ့အခါ "စီ" ဆိုတဲ့အသံက နားထောင်လို့ အရမ်းကောင်းတယ်။
သို့သော်လည်း အမဲရောင် အာလူးကြော်တစ်ပန်းကန် ထွက်လာပြီးနောက် ထန်ထျန်းနဲ့ ကုရှောင်းရွှယ်တို့ရဲ့ နေရာတွေက ပြောင်းသွားသည်။
ထန်ထျန်းက မီးမွှေးပြီး ကုရှောင်းရွှယ်က ချက်ပြုတ်သည်။
မကြာခင်မှာပဲ အိမ်ချက်ဟင်း သုံးမျိုးက အဆင်သင့်ဖြစ်နေပါပြီ ။
နှစ်ယောက်သား ရှေးဟောင်းရေတွင်းဘေးက ကျောက်စားပွဲမှာ ထိုင်ပြီး တကယ်ပဲ သာယာနွေးထွေးတဲ့ ခံစားမှုတစ်ခု ရရှိခဲ့သည်။
"မင်း လက်ရာ ကောင်းတယ်"
ထန်ထျန်းက ဟင်းတွေကို မြည်းရင်း ချီးကျူးမဆုံး ဖြစ်နေသည်။
ပါဝင်ပစ္စည်းတွေရဲ့ ကွာခြားချက်ကြောင့် ဖြစ်နိုင်သည်။ ဒီအရသာက သူ့ရဲ့ ယခင်ဘဝမှာသူ ချက် ခဲ့တာတွေထက် အဆပေါင်း များစွာ ပိုကောင်းသည်။
"မဟုတ်ပါဘူး"
ကုရှောင်းရွှယ်က ရယ်မောရင်း "ချက်နေကြအတိုင်း ချက်လိုက်ရုံပါပဲ။ ကျွန်မ ကလေးဘဝတုန်းက အိမ်မှာ ဒီလိုပဲ ချက်စား ခဲ့တာ" ဟု ပြောလိုက်သည်။
ပြောနေရင်း သူမရဲ့ မျက်လုံးတွေထဲမှာ အတိတ်ကို သတိရတဲ့ အရိပ်အယောင်လေး ပေါ်လာသည်။ "အရင်က အိမ်မှာနေတုန်းက အဖေနဲ့ အ မေ အပြင်မှာ အလုပ်လုပ်ကြတော့ ကျွန်မက အိမ်မှာ အဝတ်လျှော်၊ ထမင်းချက်၊ ကြက်၊ ဘဲတွေကို အစာကျွေး၊ အိမ်သန့်ရှင်းရေးတွေ လုပ်ခဲ့ရတယ်။"
"မောင်လေးက ငယ်သေးတော့ နည်းနည်း ဆိုးတယ်။ ပစ္စည်းတွေ မကြာခဏ ဖျက်ဆီးတယ်။ ကျွန်မက သူ့နောက်လိုက်ပြီး ရှင်းရတယ်။"
"တချို့အချိန်တွေမှာ မရှင်းနိုင်တော့ရင် ဖေဖေနဲ့ မေမေ ပြန်လာတဲ့အခါ ကျွန်မက ကိုယ်တိုင် လုပ်ခဲ့တာပါလို့ ပြောလိုက်တယ်။ သူ မဆူခံရအောင် လို့ပေါ့။"
"ဒီလိုနဲ့ပဲ နှစ်ပေါင်းများစွာ ကြာ ခဲ့ပါပြီ တစ်ခါတစ်လေ အဲ့အချိန်တွေကို သတိရမိတယ်"
ထန်ထျန်းက စကားမပြောနိုင်ဖြစ်သွားသည်။ "ဒီလိုဘဝက ဘာများ သတိရစရာ ရှိလို့လဲ"
ကုရှောင်းရွှယ်က တစ်ကိုက် စားပြီး "ဘယ်လိုပဲဖြစ်ဖြစ် အဲဒီနေရာက ကျွန်မအိမ်ပဲလေ" ဟု ပြောလိုက်သည်။
"ကျွန်မ အကြိုက်ဆုံးက မောင်လေးကို ပွေ့ဖက်ပြီး ကြက်ခြံ ပေါ် ထိုင်ပြီး နေဝင်တာကို ကြည့်ရတာပဲ။"
"ရွှေရောင်နေရောင်ခြည်က ကိုယ်ပေါ်ကျလာတော့ နွေးနွေးထွေးထွေးနဲ့ တကယ်ကို သက်တောင့်သက်သာ ရှိတယ်။"
"ဒါပေမဲ့ အရမ်းသက်တောင့်သက်သာ ဖြစ်လွန်းလို့ အချိန်ကို တော်တော်များများ မေ့သွားတယ်။ အဲဒီအတွက် အဖေနဲ့ အ မေက ဖမ်းမိပြီး ရိုက်ခံရတယ်။ ဟားဟား ။"
ထန်ထျန်း ခဏတာ တိတ်ဆိတ်သွားပြီး ဘာမှ မပြောပေ။
လူတိုင်းရဲ့ နေထိုင်မှုပတ်ဝန်းကျင်က မတူကြပေ ။ သူက သူ့ရဲ့ နားလည်မှု နဲ့ ကုရှောင်းရွှယ်ရဲ့ ဘဝကို ကောက်ချက်ချလို့ မရပေ ။ အဲဒါက အမြင်ကျဉ်း တဲ့ လုပ်ရပ်ပင်။
သူ အခုတော့ ကုရှောင်းရွှယ် ဘာကြောင့် ဒီလောက် နားလည်တာလဲ၊ ဘာကြောင့် အိမ်အလုပ်တွေ၊ မီးမွှေးတာ၊ ထမင်းချက်တာတွေကို ကိုယ်တိုင် လုပ်တာလဲဆိုတာ နားလည်သွားသည်။
ဒါက ကလေးဘဝကတည်းက ရခဲ့တဲ့ အကျင့်ပင်။
"ဒါဆို မင်း ... ဘာလို့ အိမ်ကနေ ထွက်ပြီး ချင်းယွဲ့ဂိုဏ်းကို လာခဲ့တာလဲ"
ထန်ထျန်းက မေးလိုက်သည်။
ကုရှောင်းရွှယ်က ရှက်ရွံ့စွာဖြင့် "ကျွန်မ ကိုယ်ဘာသာကိုယ် ထွက်လာတာ မဟုတ်ပါဘူး" ဟု ပြောသည်။
"အဲဒီနေ့က ကျွန်မ အကြီးအကဲဦးလေးနဲ့ တွေ့ခဲ့တယ်။ သူက ကျွန်မ ကျင့်ကြံဖို့ အရမ်းသင့်တော်တယ်လို့ ပြောပြီး အဖေနဲ့ အမေနဲ့ ခဏ ဆွေးနွေးကြ တယ်။"
"နောက်ဆုံးတော့ အဖေနဲ့ အမေက ကပ်ဆိုးကျော် ဆေးလုံးတစ်ပုလင်း ကို လက်ခံပြီး ကျွန်မကို အကြီးအကဲဦးလေးနဲ့အတူ ထွက်သွားဖို့ ခွင့်ပြုခဲ့တာ" ဟု ဆိုသည်။
ထန်ထျန်း ရင်ထဲ တစ်ခုခု ဖြစ်သွားသည်။
ကပ်ဆိုးကျော် ဆေးလုံး၊ အဲဒါက ပထမအဆင့် အဆင့်နိမ့် ဆေးလုံးပင် ။ သာမန်လူတွေအတွက်ပဲ အသုံးဝင်ပြီး ရောဂါဝေဒနာတွေကို သက်သာစေသည်။
စိတ်ဝိညာဉ်ကျောက် တစ်ဝက်တောင် တန်ဖိုးမရှိပေ ။
ဒီလောက်လေးနဲ့ သမီးကို ရောင်းလိုက်ကြတယ်ပေါ့ ။
တကယ်ကို...
"မင်း အဲဒီတုန်းက... ဝမ်းနည်းခဲ့လား"
ထန်ထျန်းက တိုးတိုးလေး မေးသည်။
ကုရှောင်းရွှယ် ခဏလောက် စဉ်းစားပြီး ပြုံးလိုက်သည်။
"အ ဖေနဲ့ အ မေ ပျော်ကြတယ်လေ " ဟု ပြောသည်။
"သူတို့ပျော်ရင် ကျွန်မလည်း ပျော်တယ်။"
ပြောပြီးနောက် သူမက ဟင်းအနည်းငယ်ကို တူဖြင့် ညှပ်ကာ ဆန်ပြုတ်ကို ပါးစပ်ထဲ ထည့်လိုက်သည်။
ထန်ထျန်း ဒီအကြောင်း ကို ဆက်မပြောတော့ပေ။
မိသားစု တိုင်းမှာ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေ ရှိကြတယ်။ လူတိုင်းရဲ့ ကလေးဘဝက စိတ်ကူးထဲကလို လှပနေတာ မဟုတ်ပေ။
ဒါပေမဲ့ လူတိုင်းမှာ ပျော်ရွှင်မှုကို ရွေးချယ်ခွင့် ရှိကြသည်။
သူ့အမြင်မှာ ကုရှောင်းရွှယ်ရဲ့ ကလေးဘဝက အလွန်ဆိုးရွားခဲ့သည်။ မိဘတွေကတောင် ကပ်ဆိုးကျော် ဆေးလုံးတစ်ပုလင်း နဲ့ ရောင်းပစ်ခဲ့တာပင်။
ဒါပေမဲ့ ကုရှောင်းရွှယ်က ဒီလို မထင်ခဲ့ပေ ။
ဒါမှမဟုတ် သူမက သူ့မှတ်ဉာဏ်ထဲမှာ လှပတဲ့ မြင်ကွင်းတွေကိုပဲ သိမ်းထားတာ ဖြစ်နိုင်သည်။
ဘာလို့ ဖျက်ဆီးရမှာလဲ
ဒါက သူမ ရွေးချယ်ခဲ့တဲ့ ပျော်ရွှင်မှုပင်။