ဟာရီမန်း ဆိပ်ကမ်း
Vol. 20 Ch. 286
အံဩစရာပင် ထို ကံကောင်းခြင်းက အချိန် ကြာကြာ မခံခဲ့ပေ။
မကြာမီ ထန်ရွှီမင်ရဲ့ အကြည့်က စူးနစ် သွား၏ ။ အဝေးမှ ပင်လယ်ရေပြင်တွင် မော် တော်ဘုတ် များစွာက သူ့ ဘက်ကို လာနေတာ ကို အံ့ဩစွာ တွေ့လိုက်ရသည်။
ကပ္ပတိန် ထန်ရွှီမင်၏ စိတ်ထဲကနေ တင်းကျပ် သွားပြီး စိုးရိမ်စွာ ရေရွတ်လိုက်သည်။
“ဒါ ပင်လယ်ဓားပြ တွေများလား..”
ငါးဖမ်းသမားတွေဆိုလျှင် အရှိန် ဒီလောက် မြန်မည် မဟုတ်ပေ။
ပင်လယ်ဓားပြများ ဖြစ်နိုင်တယ်လို့ စဥ်းစား မိပြီးနောက် ကပ္ပတိန်ထန်ရွှီမင်၏ အမူ့အရာက တည်ကြည်လာသည်။ သူ ချက်ချင်း မှန်ဘီလူး ဖြင့် ကြည့်လိုက်ရာ ပိုမိုရှင်းလင်းစွာ မြင်လိုက် ရသည်။ဒါက ပင်လယ်ဓားပြ မော်တော် ဘုတ်မျ ားဖြစ်တာ သံသယဖြစ်စရာ မလိုပေ။
“မားမား××× တကယ်ပဲ ပင်လယ်ဓားပြတွေပ ါလား...”
သင်္ဘောရဲ့အချက်ပေးသံကို ထန်ရွှီမင် ကိုယ် တိုင်ဖွင့်လိုက်ပြီး မိုက်ခရိုဖုန်းကို အသံကျယ် ကျယ်နဲ့ အော်ပြောလိုက်သည်။
“အားလုံးအာရုံစိုက်ပါ အားလုံးအာရုံစိုက်ပါ ပင်လယ်ဓားပြ မြန်နှုန်းမြင့် မော်တော် ဘုတ် တွေ ငါ တို့ဆီကို ချဥ်းကပ်လာနေပါတယ်... ပင်လယ်ဓားပြ မြန်နှုန်းမြင့် မော်တော် ဘုတ် တွေ ငါတို့ဆီကို ချဥ်းကပ်လာနေပါတယ်...”
ပင်လယ်ဓားပြတွေရဲ့ မော်တော်ဘုတ် စုစု ပေါင်းလေးစီးရှိပြီး အကွာအဝေးက ပိုမိုနီး ကပ်လာသည်။ သင်္ဘောပေါ်ရှိ သင်္ဘော သားများမှာ မှန်ဘီလူးမပါဘဲပဲနဲ့တောင် ရှင်းလင်းစွာ မြင်လိုက်ရသည်။
အချို့ သင်္ဘောသားများက ထိတ်လန့် တုန် လှုပ်နေကြပြီး သူတို့ရဲ့ မျက်နှာများ က အ နည်းငယ် ဖြူဖျော့သွား၏။
ရှီချွမ်း မှ မီတာရာဂဏန်းအကွာ မှာရှိတဲ့ ပင်လယ်ရေအောက်တွင် လိပ်ကြီးက ဖြည်းဖြည်းချင်း ကူးနေခတ်ပြီး သင်္ဘောကို ကာကွယ်ပေးနေသည်။
“ဆိုးလိုက်တာကွာ.. ငါတို့ရဲ့ ရှီချွမ်းကို တိုက်ခိုက် ဖို့ ကြံစည်နေတဲ့ ပင်လယ်ဓားပြတွေ တကယ် ရှိနေတာပဲ....”
လိပ်ကြီး အနည်းငယ်ဒေါသ ထွက်သွားသည်။ ပင်လယ်ဓားပြ မော်တော်ဘုတ်များစွာက ရှီချွမ်းကို ဝိုင်းဖို့ စတင်နေတာကို မြင်တဲ့အခါ ဘယ်လိုပဲ ဖြစ်ဖြစ် သူ အရင်တိုက်ခိုက်ရန် ပြင်ဆင်ထားသည်။
ပင်လယ်ဓားပြ မော်တော်ဘုတ်တစ်စင်းကို မြင်တဲ့အခါ လိပ်ကြီး လျင်မြန်စွာ ရေကူး ခတ်သွားသည်။ မြန်နှုန်းမြင့် မော်တော်ဘုတ် အောက်ကို ရောက်ပြီးနောက် ဧရာမလှံ ကြီးကိုယူကာ မော်တော်ဘုတ် အောက်ခြေကို ညင်သာစွာ ထိုးထည့်လိုက်သည်။
လိပ်ကြီးက အား အများကြီး စိုက်ထုတ် စရာမလိုပေ။
ဒီ မြန်နှုန်းမြင့် မော်တော်ဘုတ်က ထိုးဖောက် ခံရပြီး မှောက် သွား၏။ လက်နက်အပြည့်အစုံနဲ့ ပင်လယ်ဓားပြများအားလုံး ရေထဲသို့ ပြုတ် ကျသွားကြသည်။
“ဒါ ဒါ ဒါ...”
“ဘာဖြစ်တာလဲ...”
ရှီချွမ်းပေါ်ရှိ သင်္ဘောသားများက ကြောင်နေ ကြသည်။ဒီလို မြင်ကွင်းမျိုးကို သူတို့ တွေ့မြင် ရလိမ့်မည်လို့ မမျှော်လင့်ထားခဲ့ပေ။
“ကြည့်ပါအုံး.. သူတို့ရဲ့ မော်တော်ဘုတ် မှောက် သွားပြီ...”
“ဟုတ်တယ် နောက်ထပ် တစ်စင်းလည်း မှောက်သွားပြီ”
ပစ်မှတ်ထားခံရသလိုမျိုး ပင်လယ်ဓားပြ မော် တော်ဘုတ်များ တစ်စီးပြီးတစ်စီး မှောက်သွား ကြ ၏။ နောက်ဆုံးတစ်စီးကတော့ ကြောက်ရွံ့ သွားပုံရကာ လျင်မြန်စွာ လှည့်ပြီး အရှိန် အ ပြည့်နဲ့ တတ်နိုင်သမျှ မြန်မြန် ထွက်ပြေးသွား သည်။
ဒါပေမဲ့ သိပ်အဝေးကြီးမသွားရသေးခင်မှာပဲ ထို မော်တော်ဘုတ်က မှောက်သွားပြီး နောက်ပြန် လှန်သွားသည်။
မော်တော်ဘုတ်ပေါ်ရှိ လူများအားလုံး ရေထဲ ပြုတ်ကျသွားကုန်၏။
ထို ပင်လယ် ဓားပြတွေရဲ့ မော်တော်ဘုတ်မျာ းအားလုံး ပင်လယ်အောက်ခြေကို နစ်မြုပ် သွားခဲ့ပြီဖြစ်သည်။ရေမျက်နှာပြင်ပေါ်တွင် ပင်လယ်ဓားပြ ဆယ်ဂဏန်းကျော် ရေကူးနေ ကြပြီး အများစုက အသက်ကယ်အင်္ကျီများ ဘောကွင်းများ မဝတ်ဆင်ထားကြပေ။
ဒီမြင်ကွင်းကို မြင်တဲ့အခါ ထန်ရွှီမင် အလွန်စိ တ်သက်သာရာရသွားသည်။
“ဟား ဟား မင်းတို့က ငါတို့ရဲ့သင်္ဘောကို တိုက်ခိုက်ချင်တာပေါ့...အခုတော့ မင်းတို့က လူရွှင်တော်ဖြစ်နေပြီပဲ...”
သူ စိတ်ထဲကနေ တွေးလိုက်သည်။
ဒီပင်လယ်ဓားပြများ ပင်လယ်ရေပြင်တွင် ရေကူးနေတာကို ကြည့်ပြီးနောက် ရှီချွမ်းက တဖြည်းဖြည်း ထွက်ခွာသွားသည်။
........
Universalရေကြောင်းပို့ဆောင်ရေး ကုမ္ပဏီ တွင်...
ဟူဂျွန်းရှီက တံခါးခေါက်ပြီး လျူယောင်ရဲ့ ရုံးခန်းထဲ ဝင်လာသည်။
“ အကိုယောင် ခင်ဗျားထင်ထားတဲ့အတိုင်းပဲ အဲ့ဒီ့ပင်လယ်ဓားပြတွေက ကျွန်တော် တို့ ရဲ့သ င်္ဘောကို တိုက်ခိုက်တော့မယ်လို့ ခုနက 'ရှီးချွမ်' ကပ္ပတိန်က အစီရင်ခံစာ တင်ထား တယ်... ပင်လယ်ဓားပြအဖွဲ့က သူတို့ကို ပြန်ပေး ဆွဲဖို့ ကြံစည်နေခဲ့တာတဲ့...ဒါပေမဲ့ အဲဒီပင်လယ်ဓားပြ မော်တော်ဘုတ်တွေအားလုံး မှောက်သွားပြီး ပင်လယ်ဓားပြတွေအကုန် ရေထဲပြုတ်ကျသွား တယ်....”
ဟူဂျွန်းရှီက ပျော်ရွှင်စွာ အစီရင်ခံလိုက်သည်။
လိပ်ကြီးရဲ့ စွမ်းရည်ကို လျူယောင် ကောင်း ကောင်း သိသည်။ ရှီချွမ်းကို လိပ်ကြီးက တိတ်တဆိတ် ကာကွယ်ပေးနေသည်လေ။
“ဒီပင်လယ်ဓားပြတွေက တကယ်ကို ရွံစရာ ကောင်းတာပဲ.. သူတို့က Universal ရဲ့ သင်္ဘော ကို ယူချင်တာပေါ့..ငါ အရှေ့အလယ်ပိုင်းကို သွားပြီး သူတို့ကို သတိ ပေးသင့်လား”
လျူယောင် စိတ်ထဲကနေ တွေးလိုက်သည်။
......
"အရှေ့အလယ်ပိုင်း ဝိုင်အမ်မြို့မှ " ရုဒ်"လက် နက် ကိုင်အဖွဲ့တွင်...
ခေါင်းဆောင် အဲဖရက်ရဲ့ မျက်နှာက အနည်း ငယ် မှိုင်းညို့ နေပြီး ဒေါသ အရမ်းထွက် နေ သည်။ သူစေလွှတ်လိုက်တဲ့ အဖွဲ့က လုံးဝပျက် စီးသွားကာ ငါးဗိုက်ထဲတွင် မြှုပ် နှံခြင်းခံလိုက် ရသည်။
“ဘယ်လိုဖြစ်တာလဲ....”
“ ငါ့ရဲ့ မော်တော်ဘုတ်တွေအားလုံး မှောက်သွား တာလား..."
"ဒီအဖြစ်အပျက်က တကယ်ကို ဆိုးယုတ်လွန်း တယ်..Universal ရဲ့ သင်္ဘောတွေမှာ လျို့ဝှက် လက်နက်တွေများ ရှိနေတာလား..”
မှိုင်းညို့နေတဲ့ မျက်နှာနဲ့ အဲဖရက် အချိန်အ တော်ကြာအောင် စဥ်းစားနေသည်။ အထူးသ ဖြင့် သူ နောက်တစ်ကြိမ် ထပ်ကြိုးစားချ င်သည်။ဒါပေမဲ့ အလားတူအဖြစ်အပျက် ထပ်မံဖြစ်ပွားမှာကိုလည်း စိုးရိမ်နေခဲ့သည် ။လွယ်လွယ် လက် လျှော့လိုက်ရုံနဲ့တော့ သူ စိတ်မချမ်းသာနိုင်ပေ။
သူ့ရဲ့အမြင်တွင် Universal က အဆီအစိမ့်ရှိတဲ့ သိုးကြီးတစ်ကောင်ပဲ ဖြစ်သည်။ဒီ သင်္ဘောကို ပြန်ပေးဆွဲပြီးနောက် သူ အစကတော့ အမေရိ ကန်ဒေါ်လာ သန်း ၁၀၀ တောင်းဆိုချင်ခဲ့သည်။
အဲဖရက်၏ လက်အောက်ငယ်သားတစ်ဦးက အဲဖရက် ဘာတွေးနေတယ်ဆိုတာကို ခန့်မှန်းမိ ပုံရပြီး အကြံပေးလိုက်သည်။
“သူဋေး .. ကျွန်တော်တို့ Universal ရဲ့သင်္ဘော ကို ပြန်ပေးဆွဲတာ မအောင်မြင်ဘူး ဆိုတော့.. .ကျွန်တော်တို့ နည်းလမ်းပြောင်းလို့ရတယ်လေ.. ဥပမာ သင်္ဘောသား တစ်ယောက် နှစ်ယောက် လောက် ပြန်ပေးဆွဲတာမျိုးပေါ့...”
“ အာ ”
ထို လက်အောက်ငယ်သားကို ကြည့်ပြီး အဲဖ ရက် အသံကျယ်ကျယ်နဲ့ မေးလိုက်သည်။
“မင်းမှာ ဘယ်လိုနည်းလမ်းရှိလဲ..မြန်မြန်ပြော”
“Universal က အရှေ့အလယ်ပိုင်းမှာ ရေနံ သယ်ယူပို့ဆောင်နေတဲ့ သင်္ဘောကြီးတွေ အများကြီးရှိတယ်.. ဟာရီမန်းဆိပ်ကမ်းက အရှေ့အလယ်ပိုင်းရဲ့ အကြီးဆုံးရေနံတင်ပို့တဲ့ ဆိပ်ကမ်းတွေထဲက တစ်ခုဖြစ်တာကြောင့် Universal ရဲ့ ရေနံတင်သင်္ဘောတွေက အဲဒီမှာ မကြာခဏ ဆိုက်ကပ်လေ့ရှိပါတယ်... ကျွန်တော်တို့ရဲ့ လူတွေကို ဟာရီမန်ဆိပ်ကမ်းကို လွှတ်ပြီး သူတို့ရဲ့ သင်္ဘောသားတစ်ယောက် နှစ်ယောက်ကို ဖမ်းလိုက်ရင် အိုခေပီလေ...”
ဒီလက်အောက်ငယ်သားက သူ့ရဲ့နည်းလမ်းကို အသေးစိတ်ရှင်းပြခဲ့သည်။
“ဟာရီမန်းဆိပ်ကမ်းကို ဘာကြောင့် ရွေးတာလဲ ဆိုတော့...အဲ့ဒီရေနံတင်ပို့တဲ့ဆိပ်ကမ်းက ဝိုင်အမ် မြို့နဲ့လည်း နီးတယ် ခေါင်းဆောင်.. အဲ့နေရာက လုံခြုံရေးလည်း တင်းကြပ် မူ့မရှိဘူး...”
အဲဖရက် အလွန်စိတ်ဝင်စားသွားသည်။ ဟာရီ မန်းဆိပ်ကမ်းကို လူများလွှတ်ပြီး Universal ရဲ့ သင်္ဘောသားအချို့ကို ပြန်ပေးဆွဲခြင်းက ခက်ခဲတဲ့အလုပ် မဟုတ်ဘူးလို့ သူခံစား ရ သည်။ဒါက လက်တစ်ကမ်းတွင်ရှိတဲ့ နေရာပဲ ဖြစ်၏။
“သင်္ဘောသားတစ်ယောက်၊ နှစ်ယောက်ကို ပြန်ပေးဆွဲရင်တောင် Universal က ငွေကို အပြစ်ကင်းစင်စွာ ပေးဖို့ ဆန္ဒရှိပါ့မလား ငါတို့ တောင်းတာက အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၅၀ ဒါမှမဟုတ် သန်း ၁၀၀ တောင် ဖြစ်နိုင်တယ်...”
ထို ငယ်သားက သေချာစွာ ပြန်ဖြေလို က်သည်။
“သူဋေး ယန်နိုင်ငံသားတွေက အသက်ကို တန်ဖိုးထားတယ်..သူတို့က ပိုက်ဆံကြောင့်နဲ့ သူတို့ရဲ့အသက်ကို လက်မလျှော့ ဘူး.. Universal က အပြစ်ကင်းစင်စွာနဲ့ ငွေပေးလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်...”
အဲဖရက်က ခေါင်းညိတ်ကာ အမိန့်ပေးလိုက် သည်။
“ကောင်းပြီ ဒီလိုလုပ်ကြရအောင်...မင်းက အဖွဲ့ငယ်လေးတစ်ခုကို ဦးဆောင်ပြီး ဟာရီမ န်းဆိပ်ကမ်းကိုသွားပြီး ဓားစာခံတစ်ယောက်၊ နှစ်ယောက်ကို ဖမ်းလိုက်...”
“ပြဿနာမရှိပါဘူး...ခေါင်းဆောင်..”
လက်အောက်ငယ်သားက ယုံကြည်စိတ်ချစွာ ပြန်ဖြေလိုက်သည်။
ဒီဆိပ်ကမ်းရဲ့ တည်နေရာက အထူးခြား ဆုံး ဖြစ်သည်။ ပါရှန်းပင်လယ်ကွေ့တွင် မရှိဘဲ အာရေဗျပင်လယ်၏ အနောက်မြောက် ဘက် ကမ်းရိုးတန်းတွင်ရှိတာကြောင့် အမ်နိုင်ငံ ရဲ့ ရေနံစိမ်း ဆိပ်ကမ်းတစ်ခု အဖြစ်သက်ဆိုင် နေသည်။
အမ်နိုင်ငံက ဝိုင်အမ်နိုင်ငံနှင့် နယ်နိမိတ်ချ င်းထိစပ်နေပြီး ရုဒ်လက်နက်ကိုင်အဖွဲ့ ထိန်းချု ပ်ထားတဲ့ နယ်မြေနဲ့ဆို ကီလိုမီတာ ၂၀၀ မှ ၃၀၀ ခန့်သာ ကွာဝေးသည်။
ဟာရီမန်းဆိပ်ကမ်းတွင် သင်္ဘောကြီးအချို့ ဆိုက်ကပ်ထားသည်။ သူတို့ထဲမှ တစ်စင်းက Universal ရဲ့ ရေနံတင်သင်္ဘော ရှီးရူံးပဲ ဖြစ်၏။ သင်္ဘောက ပြီးခဲ့တဲ့သုံးရက်က ဒီ ဆိပ်ကမ်းကို ရောက်ရှိခဲ့သည်။ ရေနံစိမ်းနှင့် ရိက္ခာများ ဖြည့် တင်းရန် အဆင်သင့်ဖြစ်နေပြီး ထွက်ခွာဖို့က သုံးရက် လေးရက်ခန့်တော့ ကြာဦးမည်။
ဆိပ်ကမ်းမှ မလှမ်းမကမ်းတွင်ရှိတဲ့ စိုင်းမိုင် လီမြို့ငယ်လေးတွင် လူဦးရေ ၁၀၀၀၀ အောက်သာရှိပြီး ဒါက ဆိပ်ကမ်းမှ ပေါ်ပေါက် လာတဲ့ မြို့ငယ်လေးသာ ဖြစ်သည်။
မြို့ထဲတွင် သုံးထပ်ဟိုတယ်တစ်ခုရှိကာ နေရာ အသင့်အတင့်ကောင်းတဲ့ ဟိုတယ် လို့ ယူဆနိုင် သည်။ Universal ရဲ့ သင်္ဘောသားများက ပုံမှန်အားဖြင့် ဒီဟိုတယ်တွင် တည်းခိုကြသည်။
ကွေယွမ်လျံ ဆိုသူက ရှီးရူံး ပေါ်မှ သင်္ဘောသား တစ်ဦးပဲ ဖြစ်၏။ စည်းမျဥ်းများအရ သူတို့က ဟိုတယ်တွင်သာ နေရမည် ဖြစ်သည်။ မြို့ထဲကို သွားချင်ပါက ကပ္ပတိန်ရဲ့ ခွင့်ပြုချက်ကို တောင်းခံရမှာပဲ ဖြစ်သည်။
“ကပ္ပတိန် ကျွန်တော် မြို့ထဲမှာ ဈေးဝယ် ထွက်ချင်လို့ပါ... ဒေသခံပစ္စည်း တစ်ခုခုဝယ်ပြီး ပြန်ယူသွားချင်တယ်...”
ကပ္ပတိန် စီမာဟုန်ကွမ်းက ခဏတာ တွန့်ဆုတ် နေ ပြီး နောက်ဆုံးတွင် ခွင့်ပြုလိုက်သည်။
“ကောင်းပြီ ဒါပေမဲ့ အနည်းဆုံး လူနှစ်ယောက် ဖြစ်ရမယ် .. အပြင်မှာ တစ်နာရီထက် ပိုမနေ ရဘူး...”
သူ မှာလိုက်သည်။
မြို့က မကြီးမားတာကြောင့် တစ်နာရီဆိုရင် အချိန်လုံလောက်ပေသည်။
ကပ္ပတိန် သဘောတူလိုက်တာကို မြင်တဲ့အခါ ကွေယွမ်လျံက ဝမ်းသာအားရ ပြန်ဖြေလိုက် သည်။
“စိတ်မပူပါနဲ့ ကပ္ပတိန် ကျွန်တော် နာရီဝက် အတွင်း ပြန်လာပါ့မယ်...”
စီမာဟုန်ကွမ်း ခေါင်းညိတ်ပြကာ သတိထပ် ပေးလိုက်သည်။
“သတိလဲထားအူံး...ဖုန်းကိုလဲ အမြဲဖွင့်ထား...”