← Chapters

ဒီလူ ဘယ်လို လုပ်လိုက်တာလဲ ဟ

Vol. 20 Ch. 289

ဒီလူ ဘယ်လို လုပ်လိုက်တာလဲ ဟ

Vol. 20 Ch. 289

မျက်နှာတွင် အမာရွတ်များနဲ့ သူဋေးထိုင်ခုံပေါ် ထိုင်နေတဲ့လူက လျူယောင်ကို ခက်ထန်စွာ ကြည့် လိုက်သည်။

သူ့ အကြည့်များက

"ဟေ့ကောင်လေး မင်းက ငါတို့ဆီ ရောက် လာပြီဆိုတော့... မသေရင်တောင် အရေခွံ တစ်ထပ်တော့ နွှာခံရလိမ့်မယ်"

လို့ ပြောနေတာနဲ့တူနေသည်။

ထိုလူက လှုပ်ရှားခြင်းပင် မရှိဘဲ လျူယောင်ကို မထီမဲ့မြင် ကြည့်နေခဲ့သည်။

ရုံးခန်းထဲတွင် အမာရွတ်နှင့်လူအပြင် သူ့ရဲ့ လက်အောက်ခံသန်မာထွားကြိုင်းတဲ့ လူများစွာလည်း ရှိသည်။

လက်အောက်ခံများထဲမှ တစ်ဦးက ဘာမှ မဖြစ်သလို ဟန်ပန်ဖြင့် ရှေ့ကို လျှောက်ပြီး လျူယောင်ရဲ့ မျက်နှာကို လက်ဝါးနှင့် ရိုက်ရန် လက်မြှောက်လိုက်သည်။ ဒါကသူတို့ရဲ့ဒီနေရာက စည်းကမ်းပဲ ဖြစ်၏။

ဒီလူတွေကို ဘယ်လိုလုပ် လျူယောင် ပေး အရိုက်ခံပါ့မလဲ ရှင်းလင်းစွာပင် မဖြစ်နိုင်ပေ။

ထိုလူရဲ့ လက်က လျူယောင်နှင့် ၂၀ စင်တီမီ တာခန့် အကွာအဝေးတွင် ရောက်ရှိနေချိန်တွင် လျူယောင်၏ ဖမ်းချုပ်ခြင်းကို ခံလိုက်ရ သည်။ လျူယောင် အားအနည်းငယ် သုံးလိုက် တာနဲ့ တစ်ဖက်လူက နာကျင်စွာ ညည်းတွား လေသည်။

"သွားစမ်း"

လျူယောင် ပေါ့ပါးစွာ ကန်လိုက်တာက ၁.၈ မီတာကျော်နဲ့ကီလိုဂရမ် ၂၀၀ ကျော် အလေး ချိန်ရှိတဲ့ ထိုသန်မာထွားကြိုင်းသည့် လူဟာ မီတာအနည်းငယ်အကွာကို လွင့်ထွက် သွား သည်။

"ဒုန်း"

ခနဲ မြည်သံနဲ့အတူ ထိုလူ မြေပြင်ပေါ်သို့ လဲ ကျပြီး အတော်အတန်ကြာအောင် မထနိုင် တော့ပေ။

"မလှုပ်နဲ့..."

ဘေးနားမှ သန်မာထွားကြိုင်းတဲ့ လူနှစ်ဦးက အလျင်အမြန် တုံ့ပြန်လိုက်ကြသည်။

သေနတ်နှစ်လက်ရဲ့ ပြောင်းဝများကို လျူယောင်ဘက် ချိန်ထားခဲ့သည်။ အပြင်ကသန်မာထွားကြိုင်းတဲ့ လူနှစ်ဦးလည်း လျင်မြန်စွာ ဝင်လာပြီး ပြောင်းချော သေနတ် နှစ်လက်ရဲ့ ပြောင်းဝများကိုလည်း လျူယောင်ဘက်သို့ ချိန်ထားပြန်သည်။

လျူယောင်က အေးဆေးတည်ငြိမ်တဲ့ မျက်နှာနဲ့ သူတို့ကို လျစ်လျူရှုပြီး အမာရွတ်နှင့်လူဆီ တစ်လှမ်းချင်း လျှောက်လာခဲ့ကာ ပြောလိုက် သည်။

"ကျွန်တော် ဒီကိုရောက်လာတဲ့ ရည်ရွယ်ချက် ကတော့ ခင်ဗျားဆီကနေ လူတစ်ယောက် အကြောင်းကို မေးချင်လို့ပဲ... ရုဒ် လက်နက်ကိုင်အဖွဲ့ရဲ့ ခေါင်းဆောင် အဲဖရက် ဆိုတဲ့လူပဲ ...ဒီလူ ဘယ်မှာရှိလဲဆိုတာ ကျွန်တော်သိချင်တယ်.."

အမာရွတ်နှင့်လူ အနည်းငယ် အံ့အားသင့် သွားသည်။ သေနတ်ပြောင်းများနဲ့ ချိန်ထား ခြင်း ခံရပေမဲ့ ဒီလူက လုံးဝ ကြောက်ရွံ့ခြင်း မရှိပေ။

သူ အနည်းငယ် အံ့အားသင့်ခြင်းသာ ဖြစ်သည်။ သူ က လူအမျိုးမျိုးကို မြင်ဖူးခဲ့သည်။ အချို့လူ များက ရုပ်တည်နှင့်နေရတာကို ကြိုက်နှစ်သက် ကြပြီး နောက်ဆုံးတော့ ဆိုးဆိုးရွားရွား သေဆုံး သွားကြရသည်။ဒါ့ကြောင့် လျူယောင် လည်း ဒီလိုလူမျိုးထဲမှ တစ်ဦးဖြစ်မယ်လို့ သူ သတ် မှတ်ခဲ့သည်။

အမာရွတ်နဲ့လူက လျူယောင်ကို မထီမဲ့မြင် ကြည့်ပြီးနောက် စားပွဲအံဆွဲထဲမှ သေနတ် တစ်လက်ကို အေးဆေးတည်ငြိမ်စွာ ထုတ်ယူ လိုက်သည်။ ထို့နောက် လုံခြုံရေးခလုတ်ကို ဖြုတ်ပြီး ကျည်ဆံကို ရိုးရိုးရှင်းရှင်း ထိုးသွင်း ကာ ပြောင်းဝကို လျူယောင်ဘက် ချိန်လိုက် သည်။

"အဲဖရက် ဘယ်မှာလဲဆိုတာ ငါမသိဘူး.. ငါ အလိုချင်ဆုံးကတော့ မင်းကို ကျည်ဆံ နှစ်တောင့် လက်ဆောင်ပေးဖို့ပဲ..."

လျူယောင် ပြုံးလိုက်ပြီး လက်အနည်းငယ်သာ လူပ်လိုက်သည်။

အမာရွတ်နှင့်လူရဲ့ မျက်လုံးရှေ့ မြင်ကွင်းမှာ မှုန်ဝါးသွားပြီး လုံးဝတုံ့ပြန်နိုင်ခြင်း မရှိခဲ့ပေ။ ထို့နောက် သူ့ လက်ထဲမှ သေနတ်က လျူယောင်ရဲ့ လက်ထဲ ရောက်သွား၏။

သူ့ ဦးခေါင်းက မီးပျက်သွားသလို တစ်ခါတည်း ရပ်တန့်သွားသည်။ သူက ကြေးစားအဖွဲ့တွင် လူသိများတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ဒီရာထူး အထိရောက်ရှိရန် သူ့ရဲ့ကိုယ်ပိုင်စွမ်းအားကို အားကိုးခဲ့ခြင်းဖြစ်သည်။

အမာရွတ်နှင့်လူက သူ့ကိုယ်သူ အလွန်တော်တယ်ဟု ယူဆထားသည်။ ရုပ်တည်နှင့် စစ်သားသုံးလေးငါးယောက်ကို ကိုင်တွယ်ရတာက သူ့အတွက် ပြဿနာမရှိ ပေ။ဒါပေမဲ့ လျူယောင် ရှေ့တွင်တော့ သူ့လက်ထဲမှ သေနတ်ကိုပင် မထိန်းသိမ်းနိုင် ခဲ့ပေ။

အမာရွတ်နဲ့လူ၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားကာ လျူယောင်ကို တည်ငြိမ်စွာ ပြောလိုက်သည်။

"ကိုယ့်လူ ငါ့ဘက်မှာ ပရော်ဖက်ရှင်နယ် ကြေးစား ၅၀ ကျော်ရှိတယ်..အခု မင်းကို သေနတ်လေးလက်နဲ့ ချိန်ထားတယ်...ဒါ​ကြောင့် မင်း လက်ထဲက ဒီသေနတ်ကို လွှတ်ပစ်ဖို့ အကြံပေးလိုက်ပါတယ်..."

"ခင်ဗျားတို့ကို ကိုင်တွယ်ဖို့ ကျွန်တော့်မှာ သေနတ်လိုအပ်တယ်လို့ ထင်နေတာလား.."

လျူယောင် ပြုံးကာ မေးလိုက်သည်။

စကားပြောပြီးတာနဲ့ သူက သေနတ်ကို လက် နှစ်ဖက်ဖြင့် အားအနည်းငယ်သုံးကာ ညစ်လိုက် သည်။ သေနတ်မှာ ရွှံ့ဖြင့် ပြုလုပ်ထားသလို ချက်ချင်း အဖတ်အလုံးလေးအဖြစ် ကြေမွသွား ပြီး သံတုံးအဖြစ် ပြောင်းလဲသွားသည်။

"ဒါ ဒါ ဒါ..."

အမာရွတ်နှင့်လူ၏ မျက်နှာက အကြီးအကျယ် ပြောင်းလဲသွားပြီး ထိတ်လန့်တုန်လှုပ် မူ့များ ပြည့်နှက်နေသည်။

သေနတ်က လျူယောင်ရဲ့ သေနတ်သာ ဖြစ်ခဲ့ပ ါက ဒါကို သရုပ်ပြ ပစ္စည်းတစ်ခုလို့ သံသယ ဝင်နိုင်သည်။ ဒါပေမဲ့ သေနတ်က သူ့ကိုယ်ပိုင် သေနတ်ဖြစ်တာ ရှင်းလင်းသိ သာနေသည်။

"ဘုရားရေ.. ဒီလူ ဘယ်လို လုပ်လိုက်တာလဲ ဟ " ကမ္ဘာပေါ်မှာ ဒီလိုလူမျိုး ဘယ်လိုလုပ် ရှိနိုင်မှာ လဲ... "

ထိတ်လန့်နေတဲ့ အမာရွတ်နှင့်လူကို လျူယောင် လျစ်လျူရှုပြီး ဘေးမှ ထိုင်ခုံတစ်ခုကို ဆွဲယူကာ ပေါ့ပေါ့ပါးပါး ထိုင်လိုက်ပြီးနောက် ခြေထောက် ကို အမာရွတ်နဲ့လူရဲ့ စားပွဲပေါ် တင်လိုက်သည်။

အမာရွတ်နှင့်လူက ဘာမှမပြောရဲဘဲ စိတ်ထဲကနေ -

"ဒီလူက Captain America လား ဒါမှမဟုတ် X-Men လား ..ဒီလောက်တောင် အစွမ်းထက်လှ ပါလား" လို့ စဉ်းစားနေမည်မှာ သေချာပါ သည်။

လျူယောင် အေးအေးဆေးဆေး ထပ်ပြော လိုက်သည်။

"ကျွန်တော်..ဒီကို တခြားရည်ရွယ်ချက်နဲ့ လာ တာမဟုတ်ဘူး..အဲဖရက်ဘယ်မှာရှိလဲဆိုတာကို စုံစမ်းဖို့ပဲ.. ဒီလူက ကျွန်တော့်ရဲ့ ဝန်ထမ်း နှစ်ယောက်ကို ပြန်ပေးဆွဲပြီး ဒေါ်လာ သန်း ၅၀ တောင်းခဲ့တယ်...ကျွန်တော်သူ့ရဲ့ခေါင်းကို လိုချင်တယ်..ပြီးတော့ ရုဒ် လက်နက်ကိုင်အဖွဲ့ရဲ့ အငြိုးကိုလည်း မြင်ချင်သေးတယ်..."

အမာရွတ်နှင့်လူက ခက်ခဲစွာ ပြန်ဖြေလိုက် သည်။

"အဲဖရက် က "ရုဒ် "လက်နက်ကိုင်အဖွဲ့ရဲ့ အဓိကခေါင်းဆောင်တွေထဲက တစ်ယောက်ပါ.. ဒီလူ့ရဲ့တည်နေရာက အမြဲတမ်း လျှို့ဝှက် ဆန်းကြယ် နေတာမို့ ကျွန်တော်လည်း သူဘယ်မှာရှိလဲဆိုတာ မသိဘူး..."

"ခင်ဗျားကို ၂၄ နာရီ အချိန်ပေးမယ်... ကျွန် တော် မနက်ဖြန်ပြန်လာမယ်... အဲဖရက် ဘယ် မှာလဲဆိုတာ သိချင်တယ်.. ဒါ့အပြင် အဲဖရက် ဘယ်မှာရှိလဲဆိုတာ သတင်း ပေးနိုင်တဲ့လူကို ဒေါ်လာ ၁၀ သန်း ဆုချမယ်ဆိုတာ ကိုလည်း ကြေညာလို့ရတယ်.."

လျူယောင် သတိပေးကာ ပြောလိုက်၏။

ဒေါ်လာ ၁၀ သန်း ပမာဏ ဆိုတာ အတော်များ များ ပဲ ဖြစ်သည်။

ကြေးစားများက ပိုက်ဆံအတွက် ဆိုရင် သူတို့ရဲ့အသက်ကိုပင် စွန့်စားကြသည်။ အဲဖရက် ကို သတ်ဖို့ အကူအညီမယူပဲ အဲဖရက် ရဲ့ တည်နေရာအတိအကျကို ပေးလိုက်ရုံနဲ့ ဒေါ်လာ ၁၀ သန်း ရရှိမည် ဆိုတဲ့အခါ သူ့ရဲ့ရင်ခုန်သံက အခုန်မြန်လာတော့သည်။

"အဲဖရက် ရဲ့ တည်နေရာအတိအကျကို ပေးရင် ကျွန်တော်တို့လည်း ဒေါ်လာ ၁၀ သန်း ရနိုင်မ လား"

အမာရွတ်နဲ့ လူက ဝမ်းသာအားရ မေးလိုက် သည်။

လျူယောင် ခေါင်းညိတ်ကာ ပြန်ဖြေ လိုက် သည်။

"ရပါတယ်... ဒါပေမဲ့ ကျွန်တော် အဲဖရက်ကို သတ်ပြီးမှပဲရမယ်..."

စကားပြောပြီးနောက် လျူယောင် ထရပ်ပြီး အပြင်ဘက်သို့ ထွက်လာခဲ့သည်။

"ကျွန်တော် မနက်ဖြန် ဒီအချိန် ပြန်လာမယ်… ကောင်းတာတစ်ခုကတော့ အချက်အလက်ကို ကျွန်တော်တည်းခိုနေတဲ့ အစ်စလက် ဟိုတယ် ကို ကြိုတင်ပေးပို့ထားဖို့ပဲ..."

အမာရွတ်နှင့်လူက အစ်စလက်ဟိုတယ်ကို သေချာပေါက် သိပေသည်။ဒီဟိုတယ်က မြို့ထဲတွင် အကောင်းဆုံး ဟိုတယ်ပင် ဖြစ်၏။

လျူယောင် ထွက်လာပြီး ကားပေါ်တက် လိုက်သည်။

အစမှအဆုံးအထိ သူ့ကို ဘယ်သူမှ သူ့ကို တစ်ခုခုလုပ်ရဲခြင်း မရှိခဲ့ပေ။

အမာရွတ်နှင့်လူ၏ မျက်နှာက တွေဝေနေပြီး အချိန်အတော်ကြာမှ သတိပြန်ရလာသည်။

သူက စားပွဲပေါ်ရှိ ကြေမွနေတဲ့ သံတုံးကို ကောက်ယူလိုက်သည်။အချိန်အတော်ကြာအောင် သူ စိတ်မငြိမ်မသက်ဖြစ်နေပြီး ဘာ့ကြောင့် ဒီလို ဖြစ်ရတာလဲဆိုတာကို နားမလည်နိုင်ခဲ့ပေ။

လျူယောင်တို့သုံးဦးသား အစ်စလက် ဟိုတယ် တွင် တည်းခိုခဲ့ကြသည်။ ပြည်တွင်းစံနှုန်းများ အရ ဒီ ဟိုတယ်က ကြယ်သုံးပွင့်အများဆုံးသာ ဖြစ်နိုင်ပေမဲ့ ဒီနေရာတွင်တော့အကောင်းဆုံးနဲ့ အကြီးဆုံးဟိုတယ် ဖြစ်နေသည်လေ။

ဒီနေရာက လုံခြုံစိတ်ချရဆုံး ဟိုတယ်လည်း ဖြစ်နိုင်သည်။ ဂိတ်ဝတွင် လက်နက်ကိုင်များ စောင့်နေကြပြီး ဟိုတယ်တစ်ခုလုံးရဲ့ လုံခြုံရေး က ကောင်းမွန် ပုံရသည်။

မကြာခင်တွင် သတင်းက လျင်မြန်စွာ ပျံ့နှံ့လ ာ၏ ။အဲဖရက်ရဲ့ တည်နေရာအတိအကျကို ပေးနိုင်သူကို အဲဖရက် သေ ပြီးနောက် ဒေါ်လာ ၁၀ သန်း ဆုကြေးရရှိမည်ဆိုတာပဲ ဖြစ်သည်။

ဒေါ်လာ ၁၀ သန်း ဆုကြေးက အလွန်ဆွဲ ဆောင် မှု့ရှိတာကြောင့် ကြေးစားအဖွဲ့ အစည်းများစွာ က ထိုသတင်းကို ရဖို့ ကြိုးစားနေကြသည်။

ဟိုတယ်တွင် လျူယောင်က ကျိုးယန်ဆီမှ ဖုန်း ခေါ်ဆိုမှု့ကို လက်ခံရရှိခဲ့သည်။ ဝန်ထမ်း နှစ်ဦး ပြန်ရောက်လာပြီဖြစ်ကြောင်း ဒါပေမဲ့ နှစ်ဦးစလုံး ဒဏ်ရာရရှိထားပြီး နားရွက် တစ် ဖက်စီ ဖြတ်တောက်ခံထားရကြောင်း အစီရင် ခံခဲ့သည်။

ဖုန်းဖြေပြီးနောက် လျူယောင် စိတ်သက်သာရ ာရသွားသည်။ အနည်းဆုံးတော့ သူတို့ရဲ့ အသက်မှာ အန္တရာယ်မရှိတော့ပေ။ဒါပေမဲ့ လျူယောင် အလွန်ဒေါသ ထွက်နေခဲ့သည်။

သူတို့ဘက်က ဒေါ်လာသန်း ၅၀ ကို တစ်ပြားမှမကျန် ပေးခဲ့ပေမဲ့ ဝန်ထမ်းနှစ်ဦးရဲ့ နားရွက်တစ်ဖက်စီ ဖြတ်တောက်ခံခဲ့ရသည်။

မည်မျှ ယုတ္တိမရှိလိုက်သနည်း။

လျူယောင် ဟိုတယ်ဖုန်းကို ကောက်ယူပြီး ပြန်ပေးဆွဲသူရဲ့ ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။ ဖုန်းကလျင်မြန်စွာ ချိတ်ဆက်သွား၏။

တစ်ဖက်လူ စကားပြောဖို့ မစတင်မီ လျူယောင် သတိပေးလိုက်သည်။

"အဲဖရက်ကို ငါလာသတ်မယ် ခေါင်းငုံ့ပြီး စောင့်နေလို့ ပြောလိုက်...."

ဖုန်းချပြီးနောက်

"ဒေါ်လာ ၁၀ သန်းက အလုပ်ဖြစ်လိမ့်မယ်"လို့ လျူယောင် စိတ်ထဲကနေ တွေးလိုက်သည်။ ဒီတစ်ကြိမ် အဲဖရက် ကို သူ မဖြစ်မနေ သတ်ပစ်ရမှာပဲ ဖြစ်သည်။

......

နောက်တစ်နေ့နံနက်....

မနက်စောစောတွင် ဂျိီးစနက် အမည်ရှိတဲ့ ဝံပုလွေကြေးစားအဖွဲ့မှ ခေါင်းဆောင်တစ်ဦးက ဟိုတယ်ကို ရောက်လာခဲ့သည်။ အမာရွတ် နှင့်လူက မနေ့က ခြိမ်းခြောက် ခံထားရတဲ့ အတွက် လာရဲမည်မဟုတ်ပေ။

သူတို့က လျူယောင်ရဲ့ ကိုယ်ရေးအချက်အ လက်များကို သိရှိထားကြပြီး ဒီလူက Universal ရဲ့ သူဋေးဖြစ်ကြောင်း သိသွား ကြသည်။ဒါက စုံစမ်းရနသူတို့အတွက် မခက် ခဲပေ။

"မစ္စတာလျူ.. ခင်ဗျားအလိုရှိတဲ့ အချက် အလက်တွေကို ကျွန်တော်ပို့ပေးလိုက်ပါပြီ..."

ဒီလူက တရုတ်စကား ပြောနိုင်ပြီး အတော် အတန်လည်း ကျွမ်းကျင်တာကြောင့် လျူ ယောင် အနည်းငယ် အံ့အားသင့်သွားသည်။

All Chapters