အဲဖရက်က ဘယ်သူလဲ
Vol. 20 Ch. 291
လျူယောင် ဦးဆောင်ပြီး ပြေးသွားရာ မြို့အပြင်ဘက်နဲ့ မဝေးတော့တဲ့အချိန်တွင် ထိုနေရာမှ လက်နက်ကိုင်အဖွဲ့ဝင်များက လျူယောင်ကို နောက်ဆုံးတွင် တွေ့ရှိခဲ့ကြသည်။
" ဒက် ဒက် ဒက် ဒက်... "
စက်သေနတ်တစ်လက်က မြည်ဟည်းလာပြီး လျူယောင်ဘက်ကို ပြင်းထန်စွာ ပစ်ခတ်နေသည်။
ဒါပေမဲ့ ဘာအကျိုးသက်ရောက်မှု့မှ မရှိခဲ့ပေ။
ကျည်ဆံများစွာ ထွက်လာပေမဲ့ ပစ်မှတ်ကို လုံးဝမထိဘဲ လျူယောင်က ခုနစ်ရာ ရှစ်ရာ မီတာ အကွာကနေ နှစ်ရာမီတာအတွင်း တစ်ခါတည်း အလျင်အမြန် ချဉ်းကပ်လာနေသည်။
လက်နက်ကိုင်အချို့ က ကြောက်လန့်တကြား ပါးစပ်အဟောင်းသားနဲ့ အော်ဟစ်လိုက်ကြသည်။
“အလ္လာဟ်အရှင်မြတ်... ဒါ ဘာဖြစ်တာလဲ..ဒီလူ က မသေမျိုးလား...”
တောင်ကုန်းငယ်ပေါ်မှ ဂျီးစနက်တို့သုံးဦးစလုံး ၏ မျက်နှာအမူအရာများက အတူတူပင် ဖြစ်နေကြသည်။ တစ်ဖက်လူက စက်သေနတ်နဲ့ ပြင်းထန်စွာ ပစ်ခတ်နေပေမဲ့ မစ္စတာလျူ ဘာမှမဖြစ်တာကို သူတို့ နားမလည်နိုင်ခဲ့ကြပေ။
" ဖြန်း...ဖြန်း.."
ဘေးမှ အသားမည်းမည်း စစ်သားက သူ့မျက်နှာကို နှစ်ချက်ရိုက်လိုက်သည်။ မျက်နှာပေါ်မှ ပူလောင်တဲ့နာကျင်မှု့ကို ခံစားရမှ ဒါက အိပ်မက်မဟုတ်ဘဲ သူ့မျက်လုံးများ မမှုန်ဝါးနေကြောင်း သူ သိလိုက်ရသည်။
လျူယောင် ရှေ့ကို ဆက်ပြေးနေရင်း သေနတ်ဖြင့် ပစ်နေသည်။ သူ့လက်ထဲမှ ပြောင်းချောနေတဲ့ သေနတ်က မြည်ဟည်းနေခဲ့သည်။
" ဒိုင်း..ဒိုင်း..ဒိုင်း..."
လျူယောင် ပုံမှန်အားဖြင့် ဆက်တိုက်ပစ်ခတ်နေသည်။ တစ်ခါပစ်တိုင်း လက်နက်ကိုင်တစ်ဦး ဒါမှမဟုတ် နှစ်ဦးကို အမြဲတမ်း ထိနေပြီး မြို့ပြင်တွင် တပ်ဆင်ထားတဲ့ စက်သေနတ်နှစ်လက်ကလည်း ရပ်တန့်သွားသည်။
မကြာမှီ ကျိန့်ကန်းနဲ့ ဟီချန်းတို့ လျူယောင့်နားကို ရောက်လာခဲ့ကြပြီး သူတို့ အလွန်စိတ်လှုပ်ရှားနေခဲ့ကြသည်။
မျှော်လင့်ထားတဲ့အတိုင်းပဲ မျိုးဗီဇပြောင်းဆေးကို အဆင့်မြှင့်တင်ထားတဲ့ ဗားရှင်းပင်။ ယခုအခါ သူတို့နှစ်ဦးသား လုံးဝကွဲပြားတယ်လို့ ခံစားနေရပြီး စူပါမင်းများလိုပင် သူတို့ရဲ့အမြန်နှုန်းနှင့် တုံ့ပြန်မှု့ကလည်း တဟုန်ထိုး မြင့်တက်လာခဲ့သည်။
ဒါ့အပြင် သေနတ်ပစ်စွမ်းရည်လည်း အများကြီး တိုးတက်လာခဲ့သည်။ သူတို့က တကယ့်ကျွမ်းကျင် တဲ် သေနတ်သမားတစ်ဦးပမာပင် ဖြစ်နေသည်။ ပစ်မှတ်ကို လုံးဝ ချိန်စရာ မလိုဘဲ လက်မြှောက်လိုက်တာနဲ့ ကျည်ဆံက အသားကို ထိသည်။
လျူယောင် မြို့ထဲကို အရင်ဝင်ရောက်လာတာနဲ့ သူ့နောက်တွင် ကျိန့်ကန်းနဲ့ဟီချန်းတို့ နှစ်ဦး လိုက်ပါလာခဲ့သည်။
တောင်ကုန်းပေါ်တွင် ဂျိီးစနက်တို့သုံးဦးသား နောက်ဆုံးတွင် သတိပြန်ဝင်လာကြသည်။ မစ္စတာလျူတို့သုံးယောက်တည်း ဘာလို့ တာကီ မြို့ကို နေ့ခင်းဘက်တွင် တိုက်ခိုက်ရဲရတာလဲ ဆိုတာကို သူ နောက်ဆုံးတွင် နားလည်သွားခဲ့၏။ သူတို့တွင် ထိုမျှလောက် အစွမ်းအစ အစစ်အမှန် ရှိနေခြင်းကြောင့်ပင်။
အစွမ်းအစ အစစ်အမှန် ရှိနေတဲ့အတွက် သူတို့က နည်းဗျူဟာများကို ဂရုစိုက်စရာ မလိုဘဲရိုးရိုးရှင်းရှင်းနှင့် ပြင်းထန်စွာ တိုက်ခိုက်လိုက်ရုံပဲ ဖြစ်သည်။ လက်နက်ကိုင် အဖွဲ့ဝင် နှစ်ရာနီးပါး ရှိတယ်ဆိုရင်တောင် ဘာဖြစ်လဲ။
ဒီ လူအုပ်စုတော့ ပြီးပြီ။ ရုဒ် လက်နက်ကိုင်အဖွဲ့က Universal ကို မနှောင့်ယှက်သင့်ပေ။ ဒီတစ်ကြိမ်တွင် သူတို့ပေးဆပ်ရမဲ့ တန်ဖိုးက ကြီးလေးမည်မှာ သေချာသည်။
လျူယောင်တို့သုံးဦး မြို့ထဲကို အပြီးအပိုင် ဝင်ရောက်သွားတာကို သူ မြင်လိုက်ရသည်။
သူတို့ သုံးဦးကိုတော့ ဂျီးစနက်တို့ မမြင်ရတော့ပေ။ သူ ကြားရတာက ကျယ်လောင်တဲ့ သေနတ်သံများသာ ဖြစ်သည်။ ဂျီးစနက်က စစ်သားနှစ်ဦးနှင့်အတူ မြို့ကို ချဉ်းကပ်လာပြီး နှစ်ရာ သုံးရာမီတာအကွာတွင် နေရာယူကာ အောက်ကို ဆင်းလိုက်ကြသည်။
အတွင်းပိုင်းတွင် သေနတ်သံက အလွန်ပြင်းထန်နေကာ တစ်ဖက်သတ် သတ်ဖြတ်ခြင်း ဖြစ်နေပြီး အတွင်းပိုင်းရှိ " ရုဒ်"လက်နက်ကိုင်များ တစ်ဦးပြီးတစ်ဦး လဲကျနေကြသည်။
ဂျိီးစနက် ပေးထားတဲ့ အချက်အလက်က မှန်ကန်ပြီး အလွန်တိကျသည်။ လျှို့ဝှက်ဆန်းကြယ်တဲ့ လက်နက်ကိုင်ခေါင်းဆောင် အဲရဖက်က မြို့ထဲတွင် အမှန်တကယ် ရှိနေသည်။
ဒီလူက အာရေဗျရေပိုင်နက်တွင် ကုန်တင်သင်္ဘောတစ်စီးကို ပြန်ပေးဆွဲရန် စီစဉ်နေကာ ခေါင်းဆောင်အချို့နှင့်အတူ ရှိနေခဲ့သည်။
အခန်းထဲတွင် သူတို့ ထိုကိစ္စကို ဆွေးနွေးနေစဉ်တွင် ပြင်းထန်တဲ့ သေနတ်သံများက သတိပေးချက်မရှိဘဲ မြည်ဟည်းလာခဲ့သည်။
ဒီလို ပြင်းထန်ပြီး အဆက်မပြတ် သေနတ်သံများကြောင့် အဲရဖက် နှလုံးသားထဲကနေ အနည်းငယ် တင်းကျပ်သွားပြီး ဒါက M နိုင်ငံရဲ့ အထူးတပ်ဖွဲ့များမှ တိုက်ခိုက်ခြင်း ဖြစ်တယ်လို့ ယူဆကာ လေးနက်တဲ့ အသံဖြင့် မေးလိုက်သည်။
"ဒါ ဘာတွေ ဖြစ်နေတာလဲ..."
မကြာမီ ခေါင်းဆောင်ငယ်လေးတစ်ဦး ရောက်လာကာ အစီရင် ခံလိုက်သည်။
"ခေါင်းဆောင် လူသုံးယောက်က ... ကျွန်တော်တို့ကို တိုက်ခိုက်နေပါတယ်...ကျွန်တော်တို့ ရှင်းလင်းနေပါပြီ..."
"သုံးယောက်တည်းလား..."
အဲရဖက် ချက်ချင်း စိတ်သက်သာရာရသွား၏။ သူ့တွင် လက်နက်ကိုင် လူ ၂၀၀ နီးပါး ရှိသည်လေ။ ကလေး အတွေး တွေးရရင်တောင် ဒီတိုက်ပွဲက မကြာခင် ပြီးဆုံးတော့မှာကို သိသည်။
အဲဖရက် အလေးအနက် မထားဘဲ ကုန်တင်သင်္ဘောပြန်ပေးဆွဲခြင်းကို ဆက်လက်စီစဉ်နေသည်။ ဒါပေမဲ့ သုံးလေးငါးမိနစ်ကြာပြီးနောက် နောက်ထပ်ခေါင်းဆောင်ငယ်တစ်ဦးက အရှက်တကွဲ ပြေး ဝင်လာခဲ့သည်။
"ခေါင်းဆောင် ကျွန်တော်တို့ ချက်ချင်းဆုတ်ခွာရမယ်...တစ်ဖက်လူတွေကို ကျွန်တော်တို့ လုံးဝမတားနိုင်တော့ဘူး..."
"ဘာဖြစ်တာလဲ"
"တစ်ဖက်မှာ လူသုံးယောက်တည်းပဲ မဟုတ်လား...ငါတို့မှာ လူနှစ်ရာနီးပါး ရှိတယ်လေ..."
အဲဖရက် အော်ပြောလိုက်သည်။
သူ အံ့အားသင့်သွားပေမဲ့ နီးကပ်စွာကြားရတဲ့ သေနတ်သံများက သူ့ကို သတိပြန်ဝင်လာစေခဲ့ပြီး ဒီ သေနတ်သံများက အိမ်အပြင်ဘက်မှ ဖြစ်နေကြောင်း ခံစားနေရသည်။
"သွားမယ် ..အခုပဲ...အမြန်သွားကြစို့..."
ဘာ့ကြောင့် တစ်ဖက်လူက တံခါးဝကို ဒီလောက်မြန်မြန် ရောက်လာရတာကို အဲဖရက် နားမလည်နိုင်ပေမဲ့ သူ ချက်ချင်းထွက်ခွာရမှာကို သိနေသည်။
" ဒိုင်း..."
သူတို့ ထိတ်လန့်တကြား ထရပ်လိုက်ကြပြီး အချို့က သူတို့၏ သေနတ်များကိုပင် ကောက်ယူရန် အချိန်မရသေးခင်မှာပဲ တံခါးဝတွင် သေနတ်သံတစ်ချက် မြည်ဟည်းလာပြီးနောက် အခန်းရဲ့ တံခါးကို ကန်ဖွင့်သံ ကြားလိုက်ရသည်။
" ဒိုင်း ဒိုင်း ဒိုင်း.."
တဒိုင်းဒိုင်း မြည်ဟည်းသံနဲ့ အတူ အလွန်ခိုင်ခံ့တဲ့ တံခါးပေါ်မှ သစ်သားမှုန့်များ ပျံဝဲသွားပြီး လူနှစ်ဦး အပြင်မှ ဝင်လာခဲ့သည်။
သေနတ်ပစ်ခတ်မှု့ အပြီးတွင် အခန်းထဲ၌ အဲရဖက် အပါအဝင် လူ ၁၂ ယောက် ရှိခဲ့ပေမဲ့ အခုတော့ အခန်းထဲတွင် တစ်ဝက်ကျော်သာ ကျန်တော့သည်။
တစ်ဖက်လူက တရုတ်စကားပြောပြီး သေနတ် ပြောင်းဝကို မြင်တဲ့အခါတွင် လူတိုင်း အခြေအနေကို နားလည်သွားကာ လက်များကို တစ်ပြိုင်နက်တည်း မြှောက်လိုက်ကြသည်။
ဝင်လာသူများက လျူယောင်နဲ့ ကျိန်ကန်းတို့ ဖြစ်ကြပြီး တစ်ဦးစီတွင် ပြောင်းချောသေနတ်တစ်လက် ကိုင်ထားကြသည်။ ဟီချန်းကတော့ အပြင်မှာ စောင့်နေခဲ့၏။
" ဒိုင်း.." " အား..."
ရုဒ် ခေါင်းဆောင်ငယ်လေးတစ်ဦးက သူ့သေနတ်ကို အသာလေး ထုတ်ရန် ပြင်နေ၏။ သူ့ လက်က သေနတ်ကို ထိတာနဲ့ ကျိန့်ကန်း ပစ်ထည့်လိုက်ရာ ထိုခေါင်းဆောင်ငယ်လေး ချက်ချင်းပဲ မြေပြင်ပေါ် လဲကျပြီး သေဆုံးသွားသည်။
ခေါင်းဆောင်အဲရဖက် အပါအဝင် အခြားလူများက မလှုပ်ရဲတော့ပေ။
လျူယောင် ပေါ့ပေါ့ပါးပါး လျှောက်လာပြီး ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်လိုက်ကာ အင်္ဂလိပ်လို မေးလိုက်သည်။
"အဲရဖက် က ဘယ်သူလဲ..."
အဲရဖက် ပြန်ဖြေလိုက်၏။
"ကျွန်တော်ပါ... ခင်ဗျားက ဘယ်သူလဲ"
သေနတ်ကို စားပွဲပေါ်တင်ပြီး ခြေထောက်ကို ချိတ်လိုက်ကာ လျူယောင် ပြန်ဖြေလိုက်သည်။
" ငါ က Universal ရဲ့ သူဋေးပဲ... မင်းတို့က ငါ့ရဲ့ ဝန်ထမ်းနှစ်ယောက်ကို ပြန်ပေးဆွဲပြီး ဒေါ်လာသန်း ၅၀ တောင်းခဲ့တယ်လေ..."
သူ့ရှေ့မှ လူငယ်လေးက ဘယ်သူလဲ ဆိုတာကို အဲဖရက် နောက်ဆုံးတော့ သိသွားသည်။
ဒီလူက Universal ရဲ့ သူဋေး ဖြစ်နေသည်။
သူတို့က ဒီလူ့ရဲ့ ဝန်ထမ်းနှစ်ဦးကို ပြန်ပေးဆွဲပြီးတာနဲ့ ဒီလူက တံခါးဝကို လျင်မြန်စွာ ရောက်လာခဲ့သည်။ လက်နက်ကိုင် လူ ၂၀၀ နီးပါးကလည်း ဒီလူ့လက်ချက်နဲ့ အားလုံး သေဆုံးသွားကြပုံ ရသည်။
အဲရဖက်၏ မျက်နှာအမူအရာ မကောင်းပေ။ ဒါပေမဲ့ ကျိန့်ကန်း၏ အနက်ရောင်ပြောင်းဝကို မြင်ပြီး အပြင်ဘက်မှ လက်နက်ကိုင်အဖွဲ့ဝင်များအားလုံး သေဆုံးသွားတာကို တွေးလိုက်တဲ့အခါ သူ့နှလုံးက တုန်လူပ်သွားခဲ့သည်။
အဲရဖက်က ထိတ်လန့်စွာ မေးလိုက်သည်။
"ခင်ဗျား ဘာလိုချင်တာလဲ...."
လျူယောင် စားပွဲပေါ်မှ လက်ဖက်ရည်ခွက်တစ်လုံးကို ကောက်ယူပြီး ပစ်လိုက်သည်။
ခွက်က ပစ်မှတ်ကို ထိမှန်ပြီး အဲရဖက် ဘေးမှ ခေါင်းဆောင်ငယ်လေးတစ်ဦးရဲ့ ဦးခေါင်းကို တိတိကျကျ ထိမှန်သွားသည်။
" ဖောင်း..."
ဖရဲသီးတစ်လုံး ပေါက်ကွဲသွားသလို အနီနှင့်အဖြူရောင်အစိတ်အပိုင်းများက တစ်နေရာလုံး ပျံ့နှံ့သွားပြီး ခေါင်းဆောင်ငယ်လေးရဲ့ ဦးခေါင်းက ချက်ချင်း ပျက်စီးသွားသည်။
ဒီလို လူသတ်တာကို မြင်ပြီး အဲဖရက် လန့်သွားသည်။သူလည်း သေရမှာ ကြောက်သည်လေ။
တီဗီထဲတွင် သေခြင်းကို မကြောက်ဘဲ အလ္လာဟ်အရှင်မြတ် သက်တော်ရာကျော်ရှည်ပါစေဟု အော်ဟစ်သောသူများက လူနည်းစုသာ ရှိသည်။ တကယ့်သေခြင်းကို ရင်ဆိုင်ရတဲ့အခါ အဲရဖက် ဒီလို မလုပ်နိုင်ပေ။
သူက ခက်ခဲစွာဖြင့် ပြောလိုက်သည်။
"..ခဗျားကို... တောင်းပန်ပြီး ကျွန်တော်..ပိုက်ဆံပြန်ပေးရင်ရော ... ဘယ်လိုလဲ..."
လျူယောင် ပြုံးပြီး မေးလိုက်သည်။
"ခင်ဗျားတို့က ပိုက်ဆံပြန်ပေးမှာလား ဘယ် လောက် ပေးမှာလဲ...."
"ကျွန်တော်တို့ နှစ်ဆပေးနိုင်ပါတယ်... ဒေါ်လာ သန်း ၁၀၀ ပေးနိုင်ပါတယ်..."
"ဖောင်း..."
နောက်ထပ် လက်ဖက်ရည်ခွက်တစ်လုံး ပျံဝဲသွားပြီး နောက်ထပ်ခေါင်းဆောင်ငယ်လေးတစ်ဦးရဲ့ ဦးခေါင်းကို ဖြုတ်ချလိုက်သည်။
လျူယောင်က မဲ့ကာ ပြောလိုက်သည်။
"ဟမ့် ဒေါ်လာ သန်း ၁၀၀ ပဲ ပေးချင်တာလား...ရုဒ် လက်နက်ကိုင်အဖွဲ့က အရမ်းချမ်းသာပြီး ရေနံတွင်းကြီးတွေ အများကြီး ထိန်းချုပ်ထားတယ်လို့ ငါ ကြားမိတယ်.."
"ကျွန်တော်တို့ ဒေါ်လာ သန်း ၂၀၀ ပေးနိုင်ပါတယ်...ဒေါ်လာ သန်း ၂၀၀ ပေးနိုင်ပါတယ်ဗျာ.."
လျူယောင် စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို ထပ်ယူလိုက်ရာ အဲရဖက် က အလျင်အမြန် ပြောလိုက်သည်။
" မဟုတ်ဘူး ဒေါ်လာ သန်း ၅၀၀...ကျွန်တော်တို့ ဒေါ်လာ သန်း ၅၀၀ ပေးနိုင်ပါတယ်..."
လျူယောင် လက်ထဲမှ ခွက်က နောက်တစ်ဖန် ပျံဝဲသွားပြီး နောက်ထပ်ခေါင်းဆောင်ငယ်လေးတစ်ဦးရဲ့ ဦးခေါင်းကို ဖြုတ်ချလိုက်သည်။
အဲရဖက် ငိုချင်လာပြီး ကြောက်ရွံ့ တုန်လူပ်ကာ မေးလိုက်သည်။
"ကျွန်တော်တို့ကို ...ဘယ်လောက်ပေးစေချင်တာလဲ... ခင်ဗျားပဲ စျေးသတ်မှတ်လိုက်ပါဗျာ..."