← Chapters

ဝံပုလွေ ကြေးစား အဖွဲ့

Vol. 20 Ch. 292

ဝံပုလွေ ကြေးစား အဖွဲ့

Vol. 20 Ch. 292

လျူယောင် ရယ်ပြီး ပြန်ဖြေလိုက်သည်။

"ဟဲဟဲ.. ခဗျားရဲ့..ပိုက်ဆံတွေ အားလုံး​ပေါ့..ခင်ဗျားကို ကျွန်တော်က. သင်ပေးနေရအုံးမှာလား..."

"အားလုံးလား..."

အဲရဖက် မျက်နှာအမူအရာက ပြောင်းလဲသွား၏။ သူက လျူယောင်ကို ကြည့်ပြီးနောက် ပြောင်းချောသေနတ် ကိုင်ထားတဲ့ ကျိန့်ကန်းကို ကြည့်လိုက်သည်။

ဝမ်းနည်းနေတဲ့ အမူအရာနဲ့ အဲဖရက် ပြောလိုက်သည်။

"ကျွန်တော့်မှာ အခြေအနေတစ်ခုရှိတယ်...ခင်ဗျားကို ပိုက်ဆံတွေ ပေးပြီးတဲ့နောက် ခင်ဗျား ကျွန်တော့်ကို မသတ်ဖို့ ကတိပေးရမယ်..."

"ဒီလူလည်း သေရမှာ ကြောက်တာပဲ..."

"ကောင်းပြီ..ကျုပ် ခင်ဗျားကို မသတ်ဘူးလို့ ကတိပေးတယ်..ခင်ဗျားရဲ့ လက်အောက်ငယ်သားတွေကိုလည်း မသတ်ဘူး.."

လျူယောင်ပြုံးပြီး ပြန်ပြောလိုက်၏။

လျူယောင်ရဲ ကတိကို ကြားပြီးနောက် အဲရဖက်က လက်ပ်တော့ကွန်ပျူတာတစ်လုံးကို ယူကာ လုပ်ဆောင်မှု့များစွာကို လုပ်ဆောင်ပြီးနောက် သူအကောင့်ထဲမှ ပိုက်ဆံအားလုံးကို ဆွစ်ဘဏ်ရှိ လျူယောင်ရဲ့ ကိုယ်ပိုင်အကောင့်ထဲသို့ လွှဲပြောင်းပေးလိုက်သည်။

စုစုပေါင်း ဒေါ်လာ ၅၆၀ သန်းကျော် ရှိပေသည်။

ဒီပမာဏက မနည်းပေမဲ့ အဲရဖက်တွင် ထိုထက်မက ရှိရမယ်လို့ လျူယောင် ယုံကြည်သည်။ သူတို့က ပြန်ပေးဆွဲခြင်းနှင့် ကုန်တင်သင်္ဘောများ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ပြီး ရေနံတွင်းကြီးများစွာကို ထိန်းချုပ်ထားသည်။ အဲရဖက်လို ခေါင်းဆောင်ကြီးတစ်ဦးတွင် ဒေါ်လာ ၁ ဘီလီယံ ဒါမှမဟုတ် ၂၀ ဘီလီယံလောက် ရှိနေတာ ပုံမှန်ပင် ဖြစ်သည်။

"ကျွန်တော် ပိုက်ဆံအားလုံးကို ခင်ဗျားဆီ လွှဲပေးလိုက်ပါပြီ.."

အဲရဖက် ဝမ်းနည်းစွာ ပြောလိုက်၏။

လျူယောင် အေးစက်စက် ပြုံးလိုက်ပြီး စားပွဲပေါ်မှ ဖန်ခွက်တစ်လုံးကို ကောက်ယူလိုက်ရာ ပစ်ပေါက်မည့်ပုံ ပေါ်နေသည်။

အဲရဖက် ထိတ်လန့်တကြား ဖြူရော်သွားပြီး အလျင်အမြန် ပြောလိုက်သည်။

"ခင်ဗျား ကျွန်တော်တို့ကို မသတ်ဘူးလို့ ကတိပေးထားတယ်လေ..."

လျူယောင် ပြုံးကာ ပြောလိုက်၏။

"ခင်ဗျား လိမ်နေရင်... ကျွန်တော် ခင်ဗျားကို သတ်မယ်..ခင်ဗျားကို ခုနက ပြောတာက ခင်ဗျားရဲ့ပိုက်ဆံတွေ အားလုံးကို ပေးဖို့ပဲ..ခင်ဗျားဆီမှာ ရှိတဲ့ တခြားအကောင့်တွေ အားလုံးကိုပါ လွှဲပေးလိုက်"

အဲရဖက်က သူ့ရဲ့ တခြားအကောင့်များမှ ပိုက်ဆံအားလုံးကို လျူယောင်၏ အကောင့်ထဲသို့ ရိုးသားစွာ လွှဲပြောင်းပေးလိုက်သည်။

အဲဖရက်က စုစုပေါင်း အကောင့် ၇ ခုမှ လွှဲပြောင်းပေးခဲ့ပြီး အများဆုံးအကောင့်မှာ ဒေါ်လာ ၁.၁ ဘီလီယံကျော်ဖြစ်ပြီး အနည်းဆုံးမှာ ဒေါ်လာ သန်းချီသာ ရှိပေသည်။

လွှဲပြောင်းပြီးနောက် အဲရဖက် ပြောလိုက်သည်။

"ငွေ တွေအားလုံးကို ခင်ဗျားဆီ လွှဲပေးပြီးပါပြီ ဒါတွေက ကျွန်တော့်ပိုက်ဆံတွေ အားလုံးပါပဲ..."

လျူယောင် ပျော်ရွှင်နေသည်။ စုစုပေါင်း ဒေါ်လာ ၂.၃၅ ဘီလီယံကျော်က. များပြားသည့် ပိုင်ဆိုင်မှု့တစ်ခုဟု သတ်မှတ်နိုင်ပါသည်။

"ကောင်းပြီ...ခင်ဗျားရဲ့ ပိုက်ဆံအားလုံးကို ကျွန်တော့်ဆီကို လွှဲပေးပြီးပြီလို့ ကျွန်တော် ယုံကြည်တယ်..ဒါဆို . ကျွန်တော် သွားပြီ..."

စကားပြောပြီးနောက် လျူယောင် စားပွဲပေါ်မှ သေနတ်ကို ယူပြီး လှည့်ကာ အပြင်ဘက်သို့ ထွက်လာခဲ့သည်။

ထိုအရာကို မြင်တဲ့အခါ အဲရဖက်အပါအဝင် ကျန်လူများအားလုံး တိတ်တဆိတ် သက်ပြင်းချလိုက်ကြသည်။

" ဒက် ဒက် ဒက် ဒက် "

ဒါပေမဲ့ သတိပေးချက် မရှိဘဲ သေနတ်ပစ်သံ မြည်ဟည်းလာပြီး အဲရဖက် အပါအဝင် သူတို့အားလုံး လဲကျသွားကြသည်။

ပစ်ခတ်လိုက်သူက ကျိန့်ကန်းပဲ ဖြစ်၏။

အဲရဖက် လဲကျမသွားမီ သူက လျူယောင်ကို မကျေနပ်တဲ့ မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။ သူ့ အကြည့်များက

"ခင်ဗျား ကျွန်တော်တို့ကို မသတ်ဘူးလို့ ကတိပေးခဲ့တယ်... ခင်ဗျားစကားက အဓိပ္ပါယ်မရှိဘူး" ဆိုပြီး ပြောချင်သလိုမျိုး ဖြစ်နေသည်။

လျူယောင် ခေါင်းခါကာ ရေရွတ်လိုက်သည်။

"ခင်ဗျားကို ကျုပ် မသတ်ဘူး... ခင်ဗျားကို သတ်တာက တခြားတစ်ယောက်ပါ... သူ့နာမည်က ကျိန့်ကန်း..."

စကားပြောပြီးနောက် လျူယောင် မိုဘိုင်းဖုန်းကို ထုတ်ယူပြီး ဓာတ်ပုံအနည်းငယ် ရိုက်လိုက်သည်။ မိုဘိုင်းဖုန်းထဲတွင် အဲရဖက်နှင့် အခြားသူများရဲ့ ကြေကွဲဖွယ်ရာ အခြေအနေလည်း ပါဝင်သည်။

ထိုလက်နက်ကိုင်တွေကို သတ်ပြီးနောက် ကျိန့်ကန်းလည်း အိမ်ထဲမှ ထွက်လာခဲ့သည်။ သုံးဦးစလုံး ဆုံမိကြပြီး လျူယောင် လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

"သွားမယ်.. ပြန်ကြစို့..."

လျူယောင်တို့သုံးဦးနဲ့ ထွက်လာတဲ့အခါ ဂျိီးစနက်တို့သုံးဦး ရောက်လာခဲ့သည်။ထိုအချိန်တွင် ဂျီးစနက်သုံးဦးစလုံးရဲ့ မျက်နှာများက ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။

သူတို့ မြို့ပြင်မှ လျှောက်လာကြတဲ့အခါ သူတို့ မြင်ရတာက အလောင်းများသာ ဖြစ်သည်။ လက်နက်ကိုင် လူ ၂၀၀ နီးပါးက မိနစ်အနည်းငယ်အတွင်း အားလုံး သေဆုံးသွားပြီး တစ်ယောက်မှ မကျန်ခဲ့ပေ။

"မိုက်လိုက်တာ...တကယ်မိုက်တယ်ဗျာ..."

ဂျိီးစနက်တို့သုံးဦးစလုံးရဲ့ မျက်လုံးများက လေးစားမှု့များဖြင့် ပြည့်နှက်နေပြီး ဒါက အစွမ်းထက်သူများအပေါ် လေးစားမှု့နှဲ့ ကြောက်ရွံ့မှု့များ အပြည့်ရှိနေသလို ပုံစံပဲဖြစ်သည်။

သူတို့သုံးဦး ရောက်လာတာကို မြင်တဲ့အခါ လျူယောင် လက်ဝှေ့ယမ်းပြီး ပြောလိုက်သည်။

"ခင်ဗျားတို့ ရောက်လာတာ အချိန်ကိုက်ပဲ ...ဟိုဘက်မှာ ရဟတ်ယာဉ်တစ်စီး ရှိတယ် အတူတူ ဒီကနေ ထွက်သွားကြစို့...."

မလှမ်းမကမ်းရှိ မြေပြင်ညီပေါ်တွင် ရဟတ်ယာဉ်တစ်စီး အမှန်တကယ်ပင် ရှိနေသည်။ထိုဘေးတွင် အလောင်းအချို့ရှိနေပြီး ရဟတ်ယာဉ်ကလည်း ကျည်ဆံပေါက် နှစ်ခု သုံးခု ရှိနေလေသည်။

လျူယောင် အကြံပေးလိုက်သည်။

"မောင်းလို့ရလား ကြည့်လိုက်... ရရင်တော့ ဒီ ရဟတ်ယာဉ်နဲ့ပဲ ထွက်သွားကြမယ်..."

ဒီနေရာက သဲကန္တာရရဲ့ အတွင်းပိုင်းဖြစ်တာကြောင့် အနီးဆုံးမြို့ငယ်လေးနဲ့ဆို ကီလိုမီတာ ၁၀၀ မှ ၂၀၀ အကွာတွင် ရှိသည်။တကယ်လို့ လေးဘီးကားဖြင့် သွားပါက သူတို့အတွက် အချိန်များစွာ ကုန်ဆုံးလိမ့်မည်။

ကျိန့်ကန်းနဲ့ဟီချန်းတို့က လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးနေရာတွင် အသီးသီး ထိုင်လိုက်ကြသည်။ ကံကောင်းထောက်မစွာ ရဟတ်ယာဉ်က ကျည်ဆံအနည်းငယ် ထိမှန်ထားပေမဲ့ ထိခိုက်မှု့ မရှိပုံရသည်။

"သူဋေး... ပျံတက်နိုင်ပါတယ်.. ဆီကလည်း ပြည့်လုနီးပါးပါပဲ..."

လျူယောင် ခေါင်းညိတ်ကာ ပြန်ပြောလိုက်၏။

" ဒါဆို ...ဒီကနေ ထွက်သွားကြစို့..."

ရဟတ်ယာဉ်က စတင်လည်ပတ်ပြီး ပန်ကာများ ပို၍မြန်ဆန်စွာ လည်ပတ်လာကာ မြေပြင်မှ ဖြည်းဖြည်းချင်း ထွက်ခွာပြီး ဝေးလံသောနေရာကို ပျံသန်းသွားသည်။

လျူယောင်တို့သုံးဦးက သူတို့တည်းခိုရာ အီစလက် ဟိုတယ်ကို ချောမွေ့စွာ ရောက်လာခဲ့ကြသည်။ ဟိုတယ်ကို ပြန်ရောက်ပြီးနောက် သူတို့ရဲ့ လက်နက်များနှင့် စက်ပစ္စည်းများကို ချလိုက်တဲ့အခါ ခဏတာ စိတ်သက်သာရာ ရသွားခဲ့ကြသည်။

အဲဖရက် ကို သတ်နိုင်ခဲ့ပြီး ဝင်ငွေ ဒေါ်လာ ၂.၁ ဘီလီယံကျော် ရရှိခဲ့သည်။ ထိုဝင်ငွေက သာမန်အားဖြင့် များပြားလှသည်။

ကျိန်းကန်း စိတ်ကျေနပ်ကာ ပြောလိုက်၏။

"သူဋေး.. ဒီနေ့က တကယ်ပျော်စရာကောင်းတယ်ဗျာ..."

ဟီချန်းကလည်း ခေါင်းညိတ်ကာ ဝင်ပြောလိုက်သည်။

"ဟုတ်တယ်.. ကျွန်တော် ဒီနေ့ လက်နက်ကိုင် ၄၀ ကနေ ၅၀ လောက် သတ်ခဲ့ပြီး ကျည်ကဒ် ၁၀ ခုကျော် ပစ်ခဲ့တယ်.. ပျော်စရာကြီး..."

လျူယောင် ပြုံးကာ ပြန်ဖြေလိုက်၏။

"ခင်ဗျားတို့ တိုက်ခိုက်ရတာ ဒီလောက် ကြိုက်ရင် ကျွန်တော့်မှာ ခင်ဗျားတို့နှစ်ယောက် လုပ်ပေးရမယ့် အလုပ်တစ်ခုရှိတယ်..."

နှစ်ဦးစလုံးက တစ်ပြိုင်နက်တည်း ပြောလိုက်သည်။

"သူဋေး... အမိန့်သာ ပေးလိုက်ပါ..."

"အရှေ့အလယ်ပိုင်းမှာ ကြေးအဖွဲ့အစည်းတစ်ခု ဖွဲ့စည်းဖို့ ငါ စဥ်းစားထားတယ်..."

ထိုစကားကို ကြားတဲ့အခါ ကျိန့်ကန်းရဲ့ မျက်လုံးများက အရောင်တောက်လာသည်။

"ကြေးစားအဖွဲ့အစည်း ဖွဲ့တာ ကောင်းတယ်"

လျူယောင် ဆက်ပြောလိုက်သည်။

" ငါတို့က အရှေ့အလယ်ပိုင်းမှာ ဒီလိုအဖွဲ့အစည်းတစ်ခု ရှိနေရင်...ငါတို့ရဲ့ သင်္ဘောတွေနဲ့ ဝန်ထမ်းတွေကို တစ်ခုခုလုပ်ရဲတဲ့ ဘယ်သူမဆို ချက်ချင်းရှင်းပစ်လို့ရတယ်..."

"ဒီအဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တွေက အရမ်းများဖို့ မလိုဘူး ..လူ တစ်ဒါဇင်လောက်ဆို လုံလောက်တယ်.. အဲဒီထဲက လူအချို့ကို ငါ မျိုးဗီဇပြောင်းဆေးပေးပြီး စူပါကြေးစားတွေ ဖြစ်လာအောင် လုပ်ပေးမယ်...."

ကျိန့်ကန်းနဲ့ဟီချန်းတို့က စိတ်အားထက်သန်လာကြပြီး ဒီလိုမျိုး စူပါကြေးစားအဖွဲ့တစ်ဖွဲ့ ရှိပါက ဘယ်လောက်ပျော်စရာကောင်းမလဲဆိုတာကို တွေးလိုက်မိသည်။

"ဒီအဖွဲ့အစည်းကို ခင်ဗျားတို့ တည်ထောင်ရမယ်... ကြေးစားသစ်တွေက အတွေ့အကြုံရှိပြီး ကျွမ်းကျင်ရမယ်.. ဒါ့အပြင်.. သူတို့က သစ္စာရှိပြီး ယုံကြည်စိတ်ချရမယ် လူတွေပဲ ထားရမယ်.."

နှစ်ဦးစလုံး အာရုံစိုက်ကာ နားထောင်နေကြသည်။

နားထောင်ပြီးနောက် နှစ်ဦးစလုံးက တစ်ပြိုင်နက်တည်း ပြန်ဖြေလိုက်၏။

"သူ​ေဥး စိတ်မပူပါနဲ့..ကျွန်တော်တို့ ဒီအဖွဲ့အစည်းကို အမြန်ဆုံး တည်ထောင်ပေးပါမယ်..."

လျူယောင် ခေါင်းညိတ်ကာ ပြောလိုက်သည်။

"ဒီအဖွဲ့အစည်းကို ' ဝံပုလွေကြေးစားအဖွဲ့' လို့ ခေါ်မယ်.. အစပိုင်းမှာ လူ ၂၀ လောက်ပဲ စတင်ဖွဲ့စည်းမယ်.. နောက်ပိုင်းမှာတော့ တဖြည်းဖြည်းချဲ့ထွင်သွားမယ်..ခင်ဗျားတို့ကို ရန်ပုံငွေအနေနဲ့ ကျွန်တော် ဒေါ်လာ ၁ ဘီလီယံ ပေးမယ်"

"ဘုရားရေ..."

"လူ ၂၀နဲ့ ရန်ပုံငွေ ဒေါ်လာ ၁ ဘီလီယံလား..."

နှစ်ဦးစလုံး ရုတ်တရက် စွမ်းအားများ ပြည့်ဝ လာကြ၏။

လျူယောင် အကြံပေးလိုက်သည်။

"ဒီနေ့ ငါတို့နဲ့အတူပါလာတဲ့ ဂျီးစနက်က မဆိုးဘူး သူက ဝိုင်အမ်မြို့ရဲ့ အခြေအနေကို ကောင်းကောင်းသိတယ် ငါ တို့ သူ့ကို ဒီနေရာမှာပဲ ခန့်အပ်လို့ရတယ်..."

"ဟုတ်ကဲ့ပါ သူဋေး..."

လျူယောင် မျှော်လင့်ထားသည့်အတိုင်းပဲ ဂျိီးစနက်က လုပ်ဖို့ သဘောတူခဲ့သည်။ လစာက သူမူလ လုပ်ခဲ့တဲ့ ကြေးစားအဖွဲ့ ထက် ပိုများတာကြောင့် ဖြစ်သည်။ ဒါ့အပြင် သူက လျူယောင်တို့သုံးဦးကို လေးစားသည်။

သူတို့လိုမျိုး ကြေးစားများအနေဖြင့် အစွမ်းထက်သူနောက်ကို လိုက်လိုကြသည်။ အထူးသဖြင့် လျူယောင်လို အစွမ်းထက်သူနောက်ကို ပိုလိုက်လိုကြသည်။

"ဂျိီးစနက် ငါတို့ ဘာကြောင့် ဒီလောက်အစွမ်းထက်တယ်ဆိုတာ သိလား.."

လျူယောင် မေးလိုက်၏။

ဂျိီးစနက်က ခေါင်းခါကာ ပြန်ဖြေလိုက်သည်။

" မသိဘူး.. ဒါပေမဲ့ ကျွန်တော် တကယ်သိချင်တယ်...."

ကြီးမားတဲ့ ကတိတစ်ခုကို လျူယောင် ပေးလိုက်သည်။

"အကြောင်းရင်းက ရိုးရှင်းပါတယ်... ငါ့ မှာ ထူးခြားတဲ့ မျိုးဗီဇပြောင်းဆေး ရှိတယ်.. သောက်ပြီးရင် ပိုပြီးတော့ အစွမ်းထက်လာမယ်...ခဗျား.. ငါတို့နဲ့ အတူတူအလုပ်လုပ်ပြီး .. ခင်ဗျားရဲ့ စွမ်းဆောင်ရည် လုံလောက်ရင် အနာဂတ်မှာ ကျွန်တော် မျိုးဗီဇပြောင်းဆေး ပေးမယ်... ခင်ဗျားကို အစွမ်းထက်တဲ့သူ တစ်ယောက် ဖြစ်အောင် လုပ်ပေးမယ်..."

" ဟုတ်ကဲ့..ကျွန်တော် သေချာပေါက် ကြိုးစားပါမယ် သူဋေး.."

ဂျီးစနက်က စိတ်လှုပ်ရှားစွာ ပြန်ဖြေခဲ့သည်။

လျူယောင် ဟိုတယ်တွင် အကြာကြီး မနေခဲ့ပေ။ ကျိန်ကန်းနဲ့ အခြားသူများအား ရှင်းပြပြီးနောက် သူက ဝိုင်အမ်နိုင်ငံ၏ မြို့တော်ဖြစ်တဲ့ စခ်နား ကို တစ်ယောက်တည်း ထွက်လာခဲ့သည်။

ဝိုင်အမ်နိုင်ငံ၏ မြို့တော်ကို လျူယောင် လာရခြင်းမှာ လုပ်စရာကိစ္စများ ကျန်နေသေးတာကြောင့် ဖြစ်သည်။

All Chapters