ယီမင်နိုင်ငံ ၏ မြို့တော်
Vol. 20 Ch. 293
ယီမင်နိုင်ငံ၏ မြို့တော် စခ်နား ....
လျူယောင် တစ်ယောက်တည်း ဒီနေရာကို ရောက်လာပြီး လေယာဉ်ပေါ်မှ ဆင်းကာ တက္ကစီတစ်စီးကို တားပြီး တိုက်ရိုက်ပြောလိုက်သည်။
"ဝန်ကြီးချုပ်ရုံးကို သွားပေးပါ...."
တက္ကစီသမားလေးက လျူယောင်ကို အံ့အားသင့်ကာ ကြည့်ပြီး မေးလိုက်သည်။
"အကိုကြီး တကယ်ပဲ ဝန်ကြီးချုပ်ရုံးကို သွားမှာလား..."
လျူယောင် ယုံကြည်မှု့ရှိစွာ ပြန်ဖြေလိုက်၏။
"ဟုတ်ပါတယ်...."
တက္ကစီသမားလေး ဘာမှထပ်မပြောတော့ပေ။ သူ့မျက်နှာက တည်ငြိမ်နေပုံရပေမဲ့ သူ့စိတ်ထဲတွင်မူ လှိုင်းလုံးကြီးများ ဖြစ်ပေါ်နေသည်။
သူက ဒီလူရဲ့ အကြောင်းကို စဉ်းစားနေ၏။ ဒီလူက ဝန်ကြီးချုပ်ရုံးကို တိုက်ရိုက်သွားခဲ့သည်။
"ကြောက်စရာကောင်းလိုက်တာ.."
"သာမန်လူ မဟုတ်လောက်ဘူး"
တက္ကစီသမားလေးရဲ့ အကြည့်များထဲတွင် ပိုမို လေးစားတဲ့ အကြည့်များ ပေါ်လာသည်။
ကားမောင်းနေရင်း နောက်ခန်းတွင် ထိုင်နေသော လျူယောင်ကို မှန်မှတဆင့် ကြည့်နေသည်။ သူက လျူယောင်ရဲ့ အခြေအနေကို သူ့စိတ်ထဲတွင် အဆက်မပြတ် ခန့်မှန်းနေခဲ့သည်။
လေဆိပ်မှ ဝန်ကြီးချုပ်ရုံးအထိအတော်လေး ဝေးတာကြောင့် မိနစ် ၄၀ မှ ၅၀ အထိ ကြာမြင့်ပေသည်။
ထိုအချိန်အတွင်း လျူယောင် ပြတင်းပေါက်ကနေ မြို့ထဲကို ကားပေါ်မှ ကြည့်နေခဲ့သည်။
ယီမင်၏ မြို့တော်ဖြစ်တဲ့ စခ်နားတွင် စစ်ရဲ့အရိပ်အယောင်များကို နေရာတိုင်းတွင် သူ မြင်တွေ့ရသည်။ အချို့အပျက်အစီးများကို ပြန်လည်ပြင်ဆင်ရန်ပင် အချိန်မရှိသေးပေ။
ခမ်းနားပြီး ဇိမ်ခံအဆောက်အအုံရဲ့ ဝင်ပေါက်တွင် လက်နက်ကိုင် စစ်သားအသေးစားအဖွဲ့တစ်ဖွဲ့ စောင့်ကြပ်နေတာကို လျူယောင် မြင်လိုက်ရသည်။
လျူယောင် ဒေါ်လာ ၁၀၀ တန် ငွေစက္ကူကို ထုတ်ယူပြီးတက္ကစီသမားလေးကို ပေးလိုက်ရာ တစ်ဖက်လူက ကျေးဇူးတင်စကား အကြိမ်ကြိမ် ပြောနေသည်။ သူ တစ်နေ့ တက္ကစီမောင်းရုံဖြင့် ၁၀ ဒေါ်လာပင် မရှာနိုင်လောက်ဟု ခန့်မှန်းရသည်။
လျူယောင်က အကြိမ်ကြိမ် ကျေးဇူးတင်နေတဲ့ တက္ကစီသမားလေးကို ဂရုမစိုက်ဘဲ သူ့ရှေ့မှ ဝန်ကြီးချုပ်ရုံးဆီသို့ လျှောက်လာခဲ့သည်။
ဂိတ်ကို မရောက်မီ လျူယောင် တားဆီးခံလိုက်ရသည်။
ခေါင်းဆောင်ငယ်လေးတစ်ဦးပုံစံ ပေါ်နေတဲ့ လူတစ်ဦးက လျူယောင်ရဲ့လမ်းကို ပိတ်ဆို့လိုက်ပြီးမးလိုက်သည်။
"ဒါ ဝန်ကြီးချုပ်ရုံးပါ..ခင်ဗျားက ဘယ်သူလဲ..."
လျူယောင် သူ့အကြောင်းကို ရှင်းပြလိုက်၏။
"ကျွန်တော်က Universal ရဲ့ သူဋေးပါ ခင်ဗျားတို့ရဲ့ ဝန်ကြီးချုပ် ဟာဆန်း နဲ့ တွေ့ဖို့ လိုပါတယ်"
ခေါင်းဆောင်ငယ်လေးက လျူယောင်ကို သံသယဖြစ်စွာ ကြည့်နေသည်။ လျူယောင်ရဲ့ အချက်အလက်ကို သံသယရှိနေပုံရသည်။
လျူယောင်က ထပ်မံ မပြောတော့ဘဲ သူ့ပတ်စ်ပို့ကို ထုတ်ယူကာ တစ်ဖက်လူကို ပြ လိုက်သည်။
တစ်ဖက်လူက သူ့ကို လုံးဝဂရုမစိုက်ဘဲ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ တံခါးဝမှအစောင့်များရဲ့ သေနတ်များအားလုံး လျူယောင်ဘက်သို့ ချိန်ထားကြသည်။
ဒီဟာကို မြင်တဲ့အခါ လျူယောင် ရယ်မောလိုက်သည်။ ဒါပေမဲ့ သူကလှောင်ပြောင်ရယ်မောခြင်းမျှသာ ဖြစ်သည်။
"မားမားxx ဒါ ငါ့ကို မျက်နှာမပေးတာပဲ"
သူ့စိတ်ထဲရှိ ဒေါသကို ခေတ္တထိန်းချုပ်ထားပြီး လျူယောင် သူ့အချက်အလက်ကို ထပ်မံထုတ်ဖော် ပြောပြလိုက်သည်။
"ကျွန်တော်က တကယ်ပဲ Universal ရဲ့ သူဋေးပါ ..ခင်ဗျားတို့ရဲ့ ဝန်ကြီးချုပ် ဟာဆန်း နဲ့ တွေ့ချင်လို့ပါ..."
"ထွက်သွား... ငါတို့ရဲ့ ဝန်ကြီးချုပ်ကို ခင်ဗျားပြောတိုင်း တွေ့လို့ရမလား..."
ခေါင်းဆောင်ငယ်လေးရဲ့ အလွန်ဆိုးရွားတဲ့သဘောထားကြောင့် လျူယောင်စိတ်ထဲမှ ဒေါသကို ထပ်မံထိန်းချုပ်နိုင်ခြင်း မရှိတော့ပေ။
"ယီမင်က စစ်ကြောင့်ပျက်စီးနေတဲ့ နိုင်ငံငယ်လေးပါ...ငါ့ရဲ့အဆင့်အတန်းက ခင်ဗျားတို့ရဲ့ ဝန်ကြီးချုပ်ဆိုတဲ့သူထက် အများကြီးမြင့်ပါတယ်...ငါကိုယ်တိုင် ဒီကိုလာတာကိုက ခင်ဗျားတို့အတွက် မျက်နှာသာပေးရာ ရောက်နေပါပြီ..."
လျူယောင်က ထပ်မံပြီး ပြောလိုက်သည်။
"ကျွန်တော်က Universal ရဲ့ သူဋေးပါ... ခင်ဗျားတို့ ကျွန်တော့်ကို ထပ်တားရင်တော့ အကျိုးဆက်တွေကို ခင်ဗျားတို့ ခံရလိမ့်မယ်..."
စကားပြောပြီးနောက် သူ တစ်လှမ်းတိုးကာ အတွင်းဘက်ကို လျှောက်လာခဲ့သည်။
လျူယောင် ဒီလို တိုက်ရိုက် တွေ့ဆုံတဲ့ နည်း ဗျူဟာကို အသုံးပြုတာက အချိန်ကုန်သက်သာတဲ့ အကောင်းဆုံး နည်းလမ်းဖြစ်တာကြောင့်ပင်။
အကောင်းဆုံးနည်းလမ်းမှာ သံရုံးမှတစ်ဆင့် သွားရောက်ခြင်း ဖြစ်ပေမဲ့လျူယောင် အဲ့လိုမျိုးရှုပ်ထွေးလိုခြင်း မရှိပေ။
လျူယောင် အတွင်းဘက် လျှောက်သွားတာကို မြင်တဲ့အခါ ခေါင်းဆောင်ငယ်လေးကချက်ချင်း ဖမ်းဝင်ချုပ်လိုက်သည်။
ဒါပေမဲ့ သူတို့က လျူယောင်ရဲ့ ပြိုင်ဘက်များမဟုတ်ခဲ့ကြပေ။ တစ်မိနစ်ပင် မကြာမီ ခေါင်းဆောင်ငယ်လေးအပါအဝင် တံခါးဝရှိ အစောင့်များအားလုံး လျူယောင်ရဲ့လက်ချက်ဖြင့် မြေပြင်ပေါ်ကို လဲကျသွားကြသည်။
လျူယောင်က သတိရှိစွာ လုပ်ဆောင်ခဲ့ပြီး သူတို့ထဲမှ ဘယ်သူမှ ပြင်းထန်စွာ ဒဏ်ရာမရရှိခဲ့ကြပေ။ အများဆုံးမှာ အသေးစားဒဏ်ရာများသာ ရရှိခဲ့ကြသည်။အဲ့ဒါက သူတို့အတွက် သင်ခန်းစာတစ်ခု ဖြစ်၏။
ရုတ်ရုတ်သဲသဲဖြစ်သွားတာကြောင့် လူအများအပြားရဲ့ အာရုံစိုက်မှု့ကို ချက်ချင်းဆွဲဆောင်လိုက်သည်။
ဥပမာ ဝန်ကြီးချုပ်ရုံးအပြင်ဘက်လမ်းပေါ်တွင် လူများစွာ သွားလာနေတာကြောင့် ဒီနေရာမှ အခြေအနေကို သတိပြုမိကြသည်။
အချို့ ကြောက်တတ်သူများက ချက်ချင်းထိတ်လန့်သွားပြီး တတ်နိုင်သမျှ ဝေးရာကို ရှောင်တိမ်းခဲ့ကြသည်။
ရဲရင့်သူအချို့က ရပ် ကြည့်နေကြပြီး လျူယောင် လူအများအပြားကို ဘာအားထုတ်မှုမှ မပါဘဲ လဲကျစေတာကို မြင်တဲ့အခါ သူတို့အားလုံး အံ့အားသင့်သွားကြသည်။
"ဝိူး ဒီလူက ဆရာတစ်ဆူပဲ..."
ဒီလို အစွမ်းထက်တာကို မြင်ရတာက မျက်စိပွင့်လောက်စရာ ဖြစ်သည်။
လမ်းပေါ်မှ လူတိုင်းက အခြေအနေကို သတိပြုမိကြတာကြောငိ့ ဝန်ကြီးချုပ်ရုံးကလည်း သတိပြုမိမှာ သေချာသည်။ လူအုပ်စုကြီးတစ်စု ချက်ချင်း ရောက်လာခဲ့၏။
ခေါင်းဆောင်က ရာထူးအတော်လေး မြင့်မားပုံရပြီး ဗိုလ်ချုပ်အဆင့်ပုဂ္ဂိုလ် ဖြစ်နိုင်သည်။
သူက သူ့လူများနှင့်အတူ လျူယောင်ကို ချက်ချင်းဝိုင်းလိုက်ပြီး လက်ဝှေ့ယမ်းကာ အမိန့်ပေးသည်။
ထိုစစ်သားများ တိုက်ခိုက်ရန် ပြင်ဆင်နေစဉ်တွင် လျူယောင် သူတို့ကို ကျယ်လောင်စွာ တားဆီးလိုက်သည်။
"ခဏလေး ကျွန်တော်က Universal ရဲ့ သူဋေးပါ... ခင်ဗျားတို့ရဲ့ ဝန်ကြီးချုပ် ဟာဆန်းနဲ့ တွေ့ဖို့ လိုပါတယ်"
"Universal ကုမ္ပဏီကလား...."
အရှေ့အလယ်ပိုင်းတွင် Universal ကနာမည်ဂုဏ်သတင်း အများအပြား ရှိသည်။ဘာကြောင့်လဲဆိုတော့ ဒီကုမ္ပဏီက ကမ္ဘာပေါ်ရှိ ထိပ်ဆုံး ဆယ်ခုဝင် သင်္ဘောကုမ္ပဏီအုပ်စုများထဲမှ တစ်ခုဖြစ်သည်။ ဒါ့အပြင် Universal က အရှေ့အလယ်ပိုင်းတွင် ရေနံစိမ်းများစွာ သယ်ယူပို့ဆောင်နေတဲ့ ရေနံတင်သင်္ဘောကြီးများစွာ ရှိပေသည်။
ဗိုလ်ချုပ်က လျူယောင်ကို ကြည့်လိုက်ပြီး ထပ်မေးလိုက်၏။
"ခင်ဗျားက တကယ်ပဲ Universal ရဲ့ သူဋေးလား..."
တစ်ဖက်လူရဲ့ မျက်နှာအမူအရာ ပြောင်းလဲသွားတာကို မြင်တဲ့အခါ လျူယောင်က သူ့အခြေအနေက အရေးပါကြောင်း သိလိုက်သည်။
"ဟုတ်ပါတယ် ကျွန်တော်က Universal ရဲ့ သူဋေးပါပဲ ...ရုဒ် လက်နက်ကိုင်အဖွဲ့ရဲ့ ခေါင်းဆောင် အဲရဖက်ကို ကျွန်တော် သတ်ခဲ့ပြီးပါပြီ..."
"ဘာ ..အဲရဖက် သေသွားပြီလား..."
ဗိုလ်ချုပ်ရဲ့ သဘောထားက ပိုမို တိုးတက်လာပြီး အံ့အားသင့်တဲ့ အကြည့်များပင် ပေါ်လာသည်။
"ခင်ဗျား ပြောတာ အမှန်လား"
လျူယောင် သူ့မိုဘိုင်းဖုန်းဖြင့် ရိုက်ထားတဲ့ဓာတ်ပုံများကို ဗိုလ်ချုပ်ကို ပြသလိုက်သည်။
ချက်ချင်းပင် တစ်ဖက်လူက စိတ်အားထက်သန်လာပြီး လျူယောင်ကို ဂုဏ်သရေရှိ ဧည့်သည်တစ်ဦးပမာ ဖြစ်နေတော့သည်။
ခုနက အရိုက်ခံရတဲ့ ခေါင်းဆောင်ငယ်လေးက မြေပြင်ပေါ်မှ ခက်ခက်ခဲခဲ ထရပ်လိုက်ပြီး ဒီမြင်ကွင်းကို မြင်တဲ့အခါ အံ့သြသွားသည်။
"ဗိုလ်ချုပ်က ဘာလို့ ဒီလူ့အပေါ် အပေါ် ဒီလောက် စိတ်အားထက်သန်နေရတာလဲဟ...."
သူ လုံးဝနားမလည်နိုင်ခဲ့ပေ။ ဒါပေမဲ့ အနည်းဆုံး ဖမ်းချုပ်မဲ့အစီအစဉ်က အချည်းနှီးဖြစ်သွားပြီဆိုတာ သူ နားလည်လိုက်သည်။
ဗိုလ်ချုပ်ဆိုသူက လျူယောင်ကို ဂုဏ်သရေရှိ ဧည့်သည်တစ်ဦးအဖြစ် သတ်မှတ်ပြီး ပုဂ္ဂိုလ်ရေးအရ သမ္မတနန်းတော်ထဲ ခေါ်ဆောင်ကာ ဧည့်ခံခန်းထဲတွင် ထိုင်ဖို့ စီစဉ်ပေးခဲ့သည်။
လျူယောင်ကို နွေးထွေးစွာ ကြိုဆိုခဲ့ကြ၏။
ဧည့်ခံခန်းထဲတွင် ထိုင်ရင်း လျူယောင် စိတ်ထဲကနေ တွေးမိလိုက်သည်။
"ခုနကလို တိုက်ရိုက်သွားတဲ့ နည်းလမ်းကို အသုံးပြုတာက နည်းနည်းတော့ အန္တရာယ်ရှိတယ်.. ဒါပေမဲ့ ရလဒ်ကတော့ ကောင်းနေပါသေးတယ်"
တစ်ဖက်လူက သူ့ကို ဂုဏ်သရေရှိ ဧည့်သည်တစ်ဦးအဖြစ် ဆက်ဆံရတဲ့ အဓိကအကြောင်းရင်း နှစ်ခုရှိတာကို လျူယောင် သိသည်။ ပထမတစ်ခုမှာ သူ့ရဲ့ ကိုယ်ပိုင် အချက်အလက်ဖြစ်တဲ့ Universalရဲ့သူဋေး ဂုဏ်ပုဒ်ပဲ ဖြစ်သည်။ ဒီလို ဂုဏ်ပုဒ်နဲ့ဆို ယီမင် လို စစ်ကြောင့်ပျက်စီးနေတဲ့ နိုင်ငံငယ်လေးက ဂရုမစိုက်ပဲ မနေရဲပေ။
ဒါ့အပြင် အဲရဖက်ကို သတ်ပစ်လိုက်ခြင်းက သူတို့အတွက် ကြီးမားတဲ့ ကိစ္စတစ်ခုပဲ ဖြစ်၏။
ရုဒ် လက်နက်ကိုင်အဖွဲ့က သူတို့မြို့ အတွက် စိုးရိမ်ပူပန်မှု့ဖြစ်ခဲ့သည်။ ပြီးခဲ့တဲ့ နှစ်နှစ်က သူတို့ဝန်ကြီးချုပ်ဟောင်းမှာ ရုဒ် လက်နက်ကိုင်အဖွဲ့ရဲ့ လက်ချက်ဖြင့် သေဆုံးခဲ့ရသည်။
ယီမင် အစိုးရတစ်ခုလုံးက ရုဒ် လက်နက်ကိုင်အဖွဲ့ကို ရှင်းလင်းဖယ်ရှားရန် အိပ်မက်မက်ခဲ့ပေမဲ့ အင့်အားမလုံလောက်တဲ့အတွက် လျူယောင့်လောက် အစွမ်းအစ မရှိခဲ့ကြပေ။
ခဏအကြာတွင် ယီမင်ဝန်ကြီးချုပ် ဟာဆန်း ရောက်လာပြီး သူ့နောက်တွင် လူအုပ်စုကြီးတစ်စုလည်း လိုက်ပါလာခဲ့သည်။ အများစုက စစ်သားများ ဖြစ်ကြသည်။
ဟာဆန်း ကိုယ်တိုင်လည်း စစ်သားတစ်ဦးဖြစ်ပြီး စစ်ဝတ်စုံဝတ်ဆင်ထားသည်။ သူက ဗိုလ်ချုပ်တစ်ဦး ဖြစ်ယုံသာမကာ တကယ်တော့ သူက ယီမင် နိုင်ငံ၏ ဝန်ကြီးချုပ်လည်း ဖြစ်သည်။
"မစ္စတာလျူ.. ခင်ဗျား ...ကျွန်တော်တို့ဆီ... လာရောက်တာကို ကြိုဆိုပါတယ်..."
သူက အာရဗီဘာသာစကားဖြင့် ပြောပြီးတာနဲ့ ချက်ချင်းပင် ဘာသာပြန်တစ်ဦး ရောက်လာခဲ့သည်။
နှစ်ဖက်စလုံး ယဉ်ကျေးတဲ့ စကားအနည်းငယ်ပြောပြီးနောက် အဓိကအကြောင်းအရာကို ရောက်လာခဲ့ကြသည်။
လျူယောင် သူ့ရဲ့ဖုန်းကို ထုတ်ပြီး ဓာတ်ပုံများကို ဝန်ကြီးချုပ်ဟာဆန်းအား ပြလိုက်သည်။
တကယ်ပဲ အဲရဖက် သေဆုံးသွားတာကို မြင်တဲ့အခါ ဝန်ကြီးချုပ်ဟာဆန်းက သိသိသာသာပဲ ပျော်ရွှင်သွားသည်။
သူတို့သည် အဲရဖက် ကို ဝိုင်းရံတိုက်ခိုက်ရန် စစ်တပ်ကို အကြိမ်ကြိမ် ပို့ခဲ့ပေမဲ့ တစ်ကြိမ်မှ မအောင်မြင်ခဲ့ပေ။ ဒီလိုလူက လျူယောင်ရဲ့ လက်ချက်ဖြင့် သေဆုံးသွားလိမ့်မယ်လို့ သူတို့ မျှော်လင့် မထားခဲ့ကြပေ။