ပူးပေါင်း ဆောင်ရွက်ခြင်း
Vol. 20 Ch. 294
"ဘုရားသခင် ကောင်းချီးပေးပါစေ အဲဖရက် နောက်ဆုံးတော့ သေဆုံးသွားပြီပဲ..”
ဝန်ကြီးချုပ် ဟာဆန်း တစ်ယောက် တည်း သာ မက တခြားသူများလည်း ပျော်ရွှင်နေကြသည်။
လျူယောင် သူတို့ကို ကြည့်ပြီးနောက် ပြော လိုက်သည်။
"ခင်ဗျားတို့ရဲ့ အစိုးရက အဲဖရက် အတွက် ဆု ကြေး ထုတ်ပေးထားတယ်လို့ ကျွန်တော် ကြားတယ်… ဒါက အမှန်တကယ်ဖြစ်ရမယ်…"
ဝန်ကြီးချုပ်ဟာဆန်း ချက်ချင်း ပြန်ဖြေ လိုက်၏။
"ဟုတ်ပါတယ် ..ကျွန်တော်တို့ ဒေါ်လာ ၃၀ သန်း ဆုကြေးပေးထားပါတယ်..ဒါပေမဲ့ ကျွန်တော် ဒါကို မှန်ကန်ကြောင်း အရင်ဆုံး စစ်ဆေး အတည်ပြုရအူံးမယ်.."
ချက်ချင်းပင် တစ်စုံတစ်ယောက်က ဖုန်းကို ကောက်ယူပြီး ဖုန်းခေါ်ဆိုမှု့ ပြုလုပ်လိုက်သည်။ ထိုလူက အနီးဆုံးတပ်ကို ရဟတ်ယာဉ်တစ်စီး စေလွှတ်ပြီး အခြေအနေကို စစ်ဆေး အတည် ပြုရန် အမိန့်ပေးလိုက်ခြင်း ဖြစ်နိုင်သည်။
စုံစမ်းဖို့က အချိန်အနည်းငယ် ကြာခဲ့သည်။
အခြေအနေကို အတည်မပြုရသေးမီ ဟာဆန်းနဲ့ လျူယောင်တို့ ပေါ့ပေါ့ပါးပါး စကားပြောနေ ခဲ့ကြသည်။
"မစ္စတာလျူ …အဲဖရက် ကို သတ်ဖို့ အတွက် ခဗျားက အခုတစ်ကြိမ်မှာ အားထုတ်မှု့တွေ အများကြီး လုပ်ရလိမ့်မယ် လူအများ ကြီး လည်း သုံးခဲ့ရလိမ့်မယ်…"
လျူယောင် ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏။
"မဟုတ်ပါဘူး ကျွန်တော်တို့က လူသုံးယောက် တည်းပဲ သွားခဲ့တာပါ"
"ဘာ…"
ဟာဆန်း အပါအဝင် လူတိုင်းက အံ့အားသင့် နေပုံရသည်။ သူတို့ တကယ် မယုံနိုင်ကြပေ။ လျူယောင်က လူသုံးယောက်တည်းနဲ့ အဲဖရက် ကို သတ်လိုက် တယ်ဆိုလို့ပင်။
လျူယောင်က ခေါင်းညိတ်ကာ အတည်ပြု ပြောလိုက်၏။
"ဟုတ်ပါတယ် ကျွန်တော်တို့က သုံးယောက် တည်းပါ..တစ်ဖက်က လူလည်း မများပါဘူး ၂၀၀ အောက်ပဲ ရှိလောက်တယ် တိုက်ပွဲက မိနစ်အနည်းငယ်အတွင်း ပြီးဆုံးခဲ့ပါတယ်"
"ဘာ"
လူတိုင်း အံ့အားသင့် သွားကြ၏။
သူတို့ တစ်ယောက်ပြီးတစ်ယောက် သတိ ပြန်ဝင်လာကြပြီး အချို့သူများကပင် လျူ ယောင်ကို သံသယဖြစ်စွာ ကြည့်နေကြသည်။
"ဒါက ခင်ဗျား ကြွားလွန်းနေတာ မဟုတ်လား" လို့ ပြောနေသလိုပင်။
လျူယောင် ပြုံးကာ ပြောလိုက်၏။
"အဲဖရက်ကို သတ်တာက ခက်ခဲလို့လား ကျွန် တော်တို့ သုံးယောက်တည်းပါ မိနစ် အနည်းငယ် တောင် မကြာခဲ့ပါဘူး"
"မိုက်လိုက်တာ..ခင်ဗျားတို့က အရမ်း တော် တာပဲ "
ဝန်ကြီးချုပ်ဟာဆန်းက တိတ်တဆိတ် အသက်ပြင်းပြင်း အနည်းငယ် ရှူလိုက်သည်။ နိုင်ငံတစ်နိုင်ငံရဲ့ ဝန်ကြီးချုပ်အနေနဲ့ သူ အံ့ အားသင့်နေသည်။ ဒါက သူ့ရဲ့တွေးခေါ် နိုင်စွမ်း ကို ကျော်လွန်နေသည်။
လူသုံးယောက်တည်းနဲ့ လူ ၂၀၀ နီးပါးကို ဘယ် လိုသတ်ခဲ့လဲဆိုတာ သူ နားမလည်နိုင်ခဲ့ ပေ။ သူ့ရဲ့ အထူးတပ်ဖွဲ့များပင် ဒီလိုမလုပ်နိုင် ကြ ပေ။
လျူယောင် လာရတဲ့ ကိစ္စကို ပြောလိုက်၏။
"ဆုကြေးယူဖို့အပြင် ဒီတစ်ကြိမ် ကျွန်တော် ဒီကိုလာတာက ပူးပေါင်းဆောင်ရွက် မှု့ အကြောင်း လည်း ပြောလို့ရမယ်လို့ ကျွန် တော်ထင်တယ်"
"ပူးပေါင်းဆောင်ရွက်မှု"
"ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲ"
ဝန်ကြီးချုပ်ဟာဆန်း လျူယောင်ကို ကြည့်ပြီး မေးလိုက်သည်။
"မစ္စတာလျူ ဘယ်လိုပူးပေါင်းဆောင်ရွက်မှု့ မျိုးကို ပြောတာလဲ"
လျူယောင် ရှင်းပြလိုက်၏။
"ခင်ဗျားတို့က ရုဒ် လက်နက်ကိုင်အဖွဲ့ကို ပြဿနာအဖြစ် မသတ်မှတ်ဘူးလား ခင်ဗျားတို့ဘက်က သူတို့ရဲ့.. အချက်အလက် တွေ ပေးနိုင်ရင် ကျန်တဲ့ ရုဒ် လက်နက်ကိုင် အဖွဲ့ရဲ့ ခေါင်းဆောင်တွေ အားလုံးကို ကျွန်တော် သတ်ပစ်နိုင်ပါတယ်"
တိတ်ဆိတ်နေသည်။
လူတိုင်းက လျူယောင်ကို တွေဝေစွာ ကြည့်နေ ကြသည်။
ရုဒ် လက်နက်ကိုင်အဖွဲ့ရဲ့ ခေါင်းဆောင်တွေ အားလုံးကို သတ်ပစ်နိုင်တာက သူတို့ အိပ်မက်မက်နေခဲ့တဲ့ ကိစ္စဖြစ်သည်။ ဒါပေမဲ့ ဒါကို သူတို့ အိပ်မက်ထဲမှာပဲ တွေးခဲ့ကြသည်။
ယခုအခါတွင် ဒီလူက ရုဒ် လက်နက်ကိုင်အဖွဲ့ရဲ့ ခေါင်းဆောင်များအားလုံးကို သတ်နိုင်တယ်ဟု ပြောလာသည်။ဒီကိစ္စက သူတို့ အိပ်မက်မက်နေ တဲ့ ဟာပဲဖြစ်သည်။
အချို့က ရွှင်လန်းသွားကြသည်။ အချို့ကမူ သံသယရှိနေကြပြီး မယုံကြည်နိုင်စွာ မေးလိုက်သည်။
"ခင်ဗျားပြောတာ အမှန်လား… ကြွားနေတာ မဟုတ်ဘူးလား"
“ ဟား …လူအနည်းငယ်ကို သတ်တာပဲ ကြွားစရာ လိုသေးလို့လား… “
လျူယောင်က ကြွားနေခြင်း ဒါမှမဟုတ် လိမ် ပြောနေခြင်း မဟုတ်ပုံရတာကို မြင်သောအခါ ဝန်ကြီးချုပ်ဟာဆန်း က ပြောလိုက်သည်။
"မစ္စတာလျူသာ တကယ် အစွမ်းအစရှိရင် တော့ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်နိုင် ပါတယ်"
ဘယ်လို ပူးပေါင်းဆောင်ရွက်မယ်ဆိုတာကို အခြေခံအားဖြင့် လျူယောင် တွေးထားပြီး သား ဖြစ်သည်။ ယီမင် အစိုးရက ရုဒ်လက်နက် ကိုင် အဖွဲ့ရဲ့ သတင်းအချက်အလက်များနဲ့ သူတို့ဘက်က လိုအပ်တဲ့အကူအညီများ ပေးရမှာပဲ ဖြစ်သည်။ အတိအကျပြောရရင် လျူယောင်ရဲ့လူများက အမဲလိုက်သတ် ဖြတ် ခြင်း လုပ်ငန်းများကို လုပ်ဆောင်မှာ ပဲဖြစ် သည်။
ဒီကမ္ဘာပေါ်တွင် ဒီလို ကောင်းတဲ့ အရာမရှိတာ ကို ဝန်ကြီးချုပ်ဟာဆန်း သိသည်။ လျူယောင် ဘက်က တောင်းဆိုချက်တော့ ရှိမှာ သေချာ ပေ သည်။
"ကျွန်တော်တို့က စွန့်စားပြီး အားထုတ်တဲ့ သူတွေပါ ဒါ့ကြောင့် ကျွန်တော့်မှာ တောင်းဆို ချက် တချို့ ရှိပါတယ် "
ဒီလို တောင်းဆိုချက်ရှိတာက ပုံမှန်သာ ဖြစ်သည်။ဒီ ကမ္ဘာပေါ်တွင် အလကားရတဲ့ နေ့လည်စာ မရှိပေ။။ ဟာဆန်းက သူ နားလည်ကြောင်း ပြသပြီး ခေါင်းညိတ်ကာ မေးလိုက်၏။
"မစ္စတာလျူဘက်က တောင်းဆိုချက်တွေက ဘာတွေလဲဆိုတာ ပြောပြပါဦး"
လျူယောင်က အချက်ကျကျဖြင့် ရှင်းပြလိုက် သည်။
"ပထမအချက်က ခင်ဗျားတို့ အစိုးရက လေ့ ကျင့် ရေးစခန်းတစ်ခုကို အခမဲ့ ပေးရပါမယ် ကျွန်တော့်လူတွေ လေ့ကျင့်ဖို့အတွက် လက်နက်နဲ့ ခဲယမ်းတွေကိုလည်း အခမဲ့ ပေးရပါမယ်…"
ယခုအခါ လျူယောင်က ဝံပုလွေကြေးစား အဖွဲ့ကို ကို ဖွဲ့စည်းထားတဲ့အတွက် သူတို့က နေရာထိုင်ခင်းနဲ့ လေ့ကျင့်ရေးစခန်း လိုအပ်နေ သည်။
အဲဒါက ယီမင် အစိုးရအတွက် ခက်ခဲတဲ့ အလုပ်မဟုတ်ပေ။
လျူယောင် မျှော်လင့်ထားတဲ့ အတိုင်း ဝန်ကြီး ချုပ် ဟာဆန်း က ချက်ချင်း သဘောတူလိုက် သည်။
"ဒါက ပြဿနာမရှိပါဘူး စခ်နာ ရဲ့ အရှေ့မြော က်ဘက် ကီလိုမီတာ ၃၀ အကွာမှာ ကျွန်တော် တို့ရဲ့ အပြည်ပြည်ဆိုင်ရာ တိုက်ခိုက်ရေး တပ်စွဲထားတဲ့ စစ်စခန်းကြီးတစ်ခု ရှိပါတယ် အဲဒီမှာ ခင်ဗျားတို့အတွက် နေရာချပေးနိုင် ပါတယ်"
"အိုး ကောင်းလိုက်တာ"
ယီမင် မြို့တော်နဲ့ ဒီလောက်နီးတာက အကောင်းဆုံးပါပဲ။
ဒါ့အပြင် ဒီတိုက်ခိုက်ရေးအဖွဲ့ က ယီမင် အစိုးရတပ်မတော်ရဲ့ အထက်တန်းစားဖြစ်ပြီး ဝံပုလွေကြေးစားအဖွဲ့က သူတို့နှင့် တူညီတဲ့ စစ်စခန်းတွင် ရှိနေတဲ့အတွက် အဆင်ပြေပြီး လုံခြုံမှု့လည်း ရှိသည်။
လျူယောင် ထိုနေရာကို တစ်ခါမှ မရောက်ဖူး ပေမဲ့ မည်မျှလုံခြုံတာကို သိသည်။သူ့ရဲ့ အဖွဲ့က ကြောင်များနဲ့ခွေးများရဲ့ အနှောင့်အယှက်များ ကို လုံးဝ စိုးရိမ်စရာမလိုပေ။
နောက်တချက်ကို လျူယောင် တောင်းဆို လိုက်၏ ။
"ဒုတိယအခြေအနေကတော့ ရုဒ် လက်နက်ကိုင် အဖွဲ့က ခင်ဗျားတို့နိုင်ငံမှာ ရေနံတွင်းကြီးတွေ အများကြီးကို ထိန်းချုပ်ထားပါတယ်… ဒီရေနံတွင်းကြီးတွေနားမှာ တပ်စွဲထားတဲ့ လက်နက်ကိုင်တွေကို ကျွန်တော်တို့ ရှင်းလင်း ပြီးတဲ့နောက် ဒီရေနံတွင်းကြီးတွေ စီမံခန့်ခွဲတာကို ကျွန်တော်ပိုင်ဆိုင်ရမယ်ဆို တာပါပဲ "
ဒါက ကြီးမားတဲ့ အမြတ်အစွန်းပဲ ဖြစ်၏။
ယီမင်နိုင်ငံက ရေနံပေါကြွယ်ဝပေသည်။ အခြားအရှေ့အလယ်ပိုင်းနိုင်ငံများလို နယ်မြေအတွင်းမှ ရေနံတွင်းကြီးများစွာကို ကြီးမားတဲ့ ရေနံတွင်းများအဖြစ် သတ်မှတ်နိုင်သည်။
ရေနံတွင်းတစ်ခုစီရဲ့ တန်ဖိုးက ဒေါ်လာ ၁၀ ဘီလီယံကျော်ရှိပြီး အကြီးဆုံးရေနံတွင်းရဲ့ ရေနံသိုက်က တန်ချိန် ၁ ဘီလီယံကျော် ရှိသည်။ ဒီရေနံတွင်းကို ရုဒ် လက်နက်ကိုင်အဖွဲ့က ထိန်းချုပ်ထားသည်။
တန်ချိန် ၁ ဘီလီယံကျော် ရေနံသိုက်ရှိတဲ့ ရေနံ တွင်းကြီးကို လျူယောင် အလွန်လိုချင်နေ သည်။
ဒီတစ်ကြိမ်တွင်တော့ ဟာဆန်း က ခေါင်းယမ်း ပြီး ငြင်းဆန်လိုက်၏။
"ဒါက အဆင်မပြေလောက်ဘူးလို့ ကျွန်တော် ထင်တယ်..ရုဒ် လက်နက်ကိုင်အဖွဲ့က ထိန်းချုပ်ထားတဲ့ ဒီရေနံတွင်းကြီးတွေက ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ စုစုပေါင်းရေနံသိုက်ရဲ့ တစ်ဝက်ကျော်ကို ထိန်းချုပ်ထားတယ်"
သူ့ရဲ့ဆိုလိုပုံက ရှင်းလင်းသည်။ တကယ်လို့ ဒီရေနံတွင်းများကို အနာဂတ်တွင် လျူယောင် ပိုင်ဆိုင်ပါက Universal က ယီမင်မှာရှိတဲ့ ရေနံအရင်းအမြစ်များရဲ့ တစ်ဝက်ကျော်ကို ထိန်းချုပ်လိုက်တာ နဲ့ အတူတူပင် မဟုတ် ပေလော။
ဒါက လုံးဝမဖြစ်နိုင်ဘူး ဝန်ကြီးချုပ်ဟာဆန်း ခံစားရ၏။
လျူယောင်လည်း အလျော့မပေးပဲ ပြောလိုက် သည်။
"ဒီရေနံတွင်းတွေက အခု ရုဒ် လက်နက်ကိုင် အဖွဲ့က သိမ်းပိုက်ပြီး ထိန်းချုပ်ထားတာပါ.. ဒါကြောင့် ကျွန်တော် စီမံခန့်ခွဲတာက ပိုကောင်း တာ ပေါ့"
ဟာဆန်းက အတင်းငြင်းပြီး ပြန်ဖြေလိုက်၏။
"မဟုတ်ဘူး မဟုတ်ဘူး၊ မဟုတ်ဘူး ..ဒါက ခဏတာပဲ..မကြာမီ ရုဒ် လက်နက်ကိုင်အဖွဲ့ကို ကျွန်တော်တို့ မောင်းထုတ်ပြီး ဒီရေနံတွင်း တွေကို ကျွန်တော်တို့ ပြန်သိမ်းမှာပါ"
လျူယောင်က လှောင်ပြောင်သလို ရယ်မော လိုက်သည်။
"ပြန်မသိမ်း နိုင်တာ နှစ်ပေါင်းများစွာ ကြာနေပြီ လေ… ပြန်သိမ်းနိုင်ဖို့ကလည်း ဖြစ်နိုင်ခြေမရှိ ဘူးလို့ ကျွန်တော်ထင်တယ် ပြန်သိမ်းနိုင်ရင် တောင် နှစ်အနည်းငယ်လောက် ကြာလိမ့်မယ်"
နှစ်ဖက်စလုံး စျေးဆစ်နေကြ၏။
နောက်ဆုံးတွင်တော့ ဝန်ကြီးချုပ်ဟာဆန်းက လျူယောင်ရဲ့ စကားကို နားထောင်လိုက်သည်။ လျူယောင်က ရုဒ် လက်နက်ကိုင်အဖွဲ့ထံမှ ရေနံ တွင်းများကို ပြန်သိမ်းနိုင်ပါက ရေနံတွင်းနှစ် ခုကို လျူယောင်အား စီမံခန့်ခွဲခွင့်နှင့် ထုတ်လုပ် ခွင့် ပေးခဲ့သည်။
အမှန်ပါပဲ ဒီ တူးဖော်ထုတ်လုပ်မှု့က အခမဲ့ဖြစ် ပြီး ယီမင် အစိုးရကို မည်သည့်အခွန်နှင့် စီမံခန့်ခွဲမှု အခကြေးငွေမှ ပေးရန်မလိုပေ။
ရေနံတွင်းနှစ်ခုဆိုလည်း ကောင်းပါသည်။
လျူယောင်က အကြီးဆုံး ရေနံတွင်းကို သေချာ ပေါက် ရွေးချယ်မှာဖြစ်ပြီးရုဒ် လက်နက်ကိုင် အဖွဲ့က ထိန်းချုပ်ထားတဲ့ အကြီးဆုံး ရေနံတွင်းကြီးနှစ်ခုကို ပြန်သိမ်းမှာပဲဖြစ်သည်။ အထူးသဖြင့် အနောက်ဘက်ဆိပ်ကမ်းမြို့မှ ကီလိုမီတာ ၂၀၀ အကွာတွင် တည်ရှိပြီး ရေနံသိုက် တန်ချိန် ၁ ဘီလီယံကျော် ရှိတဲ့ ရေနံတွင်းကြီးကို ပြန်သိမ်းမည်။
ခဏအကြာတွင် စစ်ဘက်ဆိုင်ရာပုဂ္ဂိုလ်တစ်ဦး ဝင်လာပြီး ဟာဆန်း နားတွင် ကပ်ကာ တစ်စုံတစ်ခုကို တိုးတိုးလေးပြောလိုက်သည်။
ချက်ချင်းပင် ဝန်ကြီးချုပ်ဟာဆန်းက သိသိသာသာ ပျော်ရွှင်သွားခဲ့သည်။
"မစ္စတာလျူ၊ ကျွန်တော်တို့ အခြေအနေကို စစ်ဆေးအတည်ပြုပြီးပါပြီ အဲဖရက် ကို ခင်ဗျားတို့ သတ်ခဲ့တာ အမှန်တကယ်ပါပဲ သူ့နဲ့အတူ လက်နက်ကိုင် ၁၉၂ ဦး သေဆုံးခဲ့ပါ တယ်"
သတင်းက အမှန်တကယ်ဖြစ်တာကြောင့် ဟာဆန်း ခဏတာ စိတ်သက်သာရာ ရသွား၏။
လျူယောင် ပြုံးကာ ပြောလိုက်သည်။
"ဒေါ်လာ ၃၀ သန်း ဆုကြေးပေးမယ်လို့ သိရတယ်"
"ပြဿနာမရှိပါဘူး ခင်ဗျား သတ်မှတ်ထားတဲ့ အကောင့်ထဲကို ပိုက်ဆံလွှဲပေးဖို့ ကျွန်တော် ချက်ချင်း အမိန့်ပေးပါ့မယ်"
လျူယောင် စိတ်ထဲကနေ ပျော်ရွှင်သွားသည်။
"ဟူး ငွေရှာရတာ လွယ်လိုက်တာ လက်ထဲကို ဒေါ်လာ ၃၀ သန်း ရောက်ခဲ့ပြန်ပြီပဲ"