← Chapters

လျူယောင်ကို စိန်ခေါ်ခြင်း

Vol. 20 Ch. 295

လျူယောင်ကို စိန်ခေါ်ခြင်း

Vol. 20 Ch. 295

ဒေါ်လာ ၃၀ သန်းက ယန်ပြည်နယ်ငွေပမာဏနဲ့ဆို သန်း ၂၀၀ နီးပါးရှိတာကြောင့် ဒါကို တန်ဖိုးရှိတဲ့ ပိုက်ဆံလို့ သတ်မှတ်နိုင်သည်။

ယီမင်က စစ်ဖြစ်နေပေမဲ့ သူတို့တွင် ငွေကြေးပြတ်တောက်မှု မရှိပေ။ နယ်မြေအတွင်းရှိ ရေနံအရင်းအမြစ်များက သူတို့အတွက် ကြွယ်ဝမှု့များစွာကို ယူဆောင်လာခဲ့ပြီး အဲဖရက် လို ခေါင်းဆောင်များအတွက် ပင် ဒေါ်လာသန်း ၃၀ ဆုကြေးပေးနိုင်ခဲ့သည်။

ရုဒ် လက်နက်ကိုင်အဖွဲ့ရဲ့ နံပါတ် ၁ ခေါင်းဆောင်အတွက် ပေးထားတဲ့ဆုကြေးပမာဏက ဒေါ်လာ သန်း၃၅၀ အထိပင် ရောက်ရှိခဲ့သည်။ ဒါပေမဲ့ ရုဒ် လက်နက်ကိုင် ခေါင်းဆောင်ကြီး နေရပ်မှာ လျှို့ဝှက်တာကြောင့် ဆုကြေးတစ်ခုရရှိရန် မလွယ်ကူပေ။

ဒါဟာ လျူယောင် ယီမင် အစိုးရနှင့် ပူးပေါင်းရတဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။

ယီမင် အစိုးရရဲ့ ထောက်လှမ်းရေးများက ရုဒ် လက်နက်ကိုင်အဖွဲ့နှင့် ပတ်သက်တဲ့ သဲလွန်စအချို့ကို အမြဲတမ်း ရှာဖွေနိုင်ခဲ့သည်။

"ဝန်ကြီးချုပ်..ကျွန်တော်တို့ရဲ့ သင်္ဘောတွေဟာ အရှေ့အလယ်ပိုင်းကို ဝင်ထွက်တာ ဒါမှမဟုတ် ပင်လယ်နီကနေ စူးအက်တူးမြောင်းကို ဖြတ်ပြီး ဥရောပကို ခရီးသွားလေ့ရှိပါတယ်..ကျွန်တော်တို့ အရှေ့အလယ်ပိုင်းမှာ ဆိပ်ကမ်းတစ်ခု လိုအပ်ပါတယ်..."

လျူယောင် တောင်းဆိုလိုက်၏ ။

"ဟုတ်ပါတယ်... ဒါက ကျွန်တော့်ရဲ့ တတိယတောင်းဆိုချက်ပါပဲ .. ခင်ဗျားတို့ရဲ့ အနောက်ဘက်ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဒက်ရှား က ကောင်းပါတယ်...အဲဒီမှာ ကျွန်တော်တို့ရဲ့ သင်္ဘောတွေ ဆိုက်ကပ်ပြီး ဆီပြန်ဖြည့်ဖို့အတွက် ဆိပ်ကမ်းတစ်ခု ဆောက်ချင်ပါတယ်..."

"ဒါက မဖြစ်နိုင်ပါဘူး... ဒါက ကျွန်တော်တို့နိုင်ငံရဲ့ အရေးအကြီးဆုံး အနောက်ဘက်ဆိပ်ကမ်းပဲ... ခင်ဗျားကို ကျွန်တော်တို့ မပေးနိုင်ဘူး... ဆိုက်ကပ်တာနဲ့ ဆီပြန်ဖြည့်ဖို့အတွက်ဆိုရင်တော့ ကျွန်တော် သဘောတူနိုင်ပါတယ်... ဒါပေမဲ့ ခင်ဗျား အဲဒီမှာ ဆိပ်ကမ်း ဆောက်လို့ လုံးဝ မရဘူး..."

ဒီလူက နယ်မြေပိုင်ဆိုင်မှု့အပေါ် အာရုံစိုက်မှု့အားကောင်းပြီး လျူယောင်ရဲ့ ဆိုလိုရင်းကို ချက်ချင်း ခန့်မှန်းမိခဲ့သည်။

ဒက်ရှား ကို လျူယောင် အမှန်တကယ်ပင် သဘောကျနေခဲ့သည်။တကယ်လို့ ထိုနေရာတွင် သူ့ရဲ့ကိုယ်ပိုင် ဆိပ်ကမ်းတစ်ခု ဆောက်နိုင်မယ်ဆိုပါက အလွန် ကောင်းမွန်ပေလိမ့်မည်။

ဒါပေမဲ့ ဝန်ကြီးချုပ်ဟာဆန်းရဲ့ သဘောထားက အလွန်ခိုင်မာပြီး ညှိနှိုင်းဖို့ နေရာမရှိပေ။ သူ က Universal ရဲ့ သင်္ဘောကို ဆိုက်ကပ်ခွင့်ပြုရန်သာ သဘောတူခဲ့သည်။

လျူယောင် ခါးသီးစွာ သာ ပြုံးနိုင်ခဲ့၏။ ဆိပ်ကမ်းကို ချဲ့ထွင်ခြင်းမရှိဘဲ တန်ချိန် ၁၀၀၀၀၀ ကျော်ရှိတဲ့ သင်္ဘောများကို လုံးဝဆိုက်ကပ်နိုင်မည် မဟုတ်ပေ။ Universal ရဲ့ သင်္ဘောအများစုက တန်ချိန် ၁၀၀၀၀၀ ကျော်ရှိပေသည်။

တစ်ဖက်လူရဲ့ သဘောထားက ခိုင်မာနေတဲ့ အ တွက် လျူယောင် အတင်းအကြပ်မလုပ်တော့ဘဲ နောက်မှ အခွင့်အရေးရလျှင် ပြန်ပြောဖို့ စဉ်းစားလိုက်သည်။

လျူယောင်ရဲ့ တတိယအချက်ကို သဘောမတူပေမဲ့ ဟာဆန်းက ဧည့်ဝတ်ပြုမှု့ကောင်းနေဆဲ ဖြစ်သည်။ အလွန်နွေးထွေးတဲ့ ဧည့်ဝတ်ပြုမှု့ကို လျူယောင် ရရှိခဲ့ပြီး နောက်နေ့တွင် ဂျိုရှီ ရဲ့ နေရာကို လျူယောင့် ကို ခေါ်ဆောင်သွားရန် သူ့ရဲ့ လူများကိုလည်း စီစဉ်ပေးခဲ့သည်။

.......

ရုဒ် လက်နက်ကိုင်အဖွဲ့...

သူတို့ရဲ့ နံပါတ် ၃ ခေါင်းဆောင်ဖြစ်သူ ဒက်ဂါ က အဲဖရက် အသတ်ခံရတဲ့ သတင်းကို သိပြီးဖြစ်ကာ အလွန်အမျက်ထွက်နေသည်။

ဒက်ဂါ က ရုဒ် လက်နက်ကိုင်အဖွဲ့တစ်ခုလုံးရဲ့ နေ့စဉ်လုပ်ငန်းများကို တာဝန်ယူထားသည်။ နံပါတ် ၁ နှင့် နံပါတ် ၂ ခေါင်းဆောင်များကမူ ပုံမှန်အားဖြင့် မမြင်နိုင်ဘဲ အဝေးကနေထိန်းချုပ် အမိန့်ပေးခဲ့သည်။ သူတို့ရဲ့ မျက်နှာအစစ်ကို မြင်ရရန် ခက်ခဲပေသည်။

" Universal လား..."

"သူတို့ပဲ ဟင်းး ..."

ဒက်ဂါ သွားများကို ကြိတ်လိုက်သည်။

အဲဖရက် အပါအဝင် လူ ၂၀၀ နီးပါး အားလုံး သေဆုံးသွားကြသည်။

ဒက်ဂါ မျက်နှာက အလွန်ရုပ်ဆိုးပြီး သူ့ရဲ့ငယ်သားများကို ပြင်းထန်စွာ ပြောလိုက်သည်။

"ဒီရန်ငြိုးကို ငါတို့ လက်စားချေရမယ်... ဒီ Universal က တန်ဖိုးပေးဆပ်ရမယ်..."

"ခေါင်းဆောင် ကျွန်တော်တို့က Universal ရဲ့ သင်္ဘောတွေကို တိုက်ခိုက်ပြီး သူတို့ရဲ့ သင်္ဘောတွေကို ပြန်ပေးဆွဲနိုင်ပါတယ်... ရွေးဖို့ငွေကို ကြိုက်သလောက် တောင်းဆိုနိုင်ပါတယ်ခဗျ... သင်္ဘောပေါ်က လူအားလုံးကို သတ်ပစ်ပြီး သူတို့ရဲ့ သင်္ဘောတွေကို ဖောက်ခွဲပစ်ရပါမယ်..."

ခေါင်းဆောင်ငယ် တစ်ယောက်က ရက်စက်တဲ့ အစီအစဥ် ကို ချပြလိုက်သည်။

ဒါက တကယ်ပဲ ရက်စက်တဲ့ နည်းလမ်း ပင်ဖြစ်သည်။

"စံပြရက်စက်မှု့ပင်"

ခေါင်းဆောင်ကြီး ဒက်ရှားက ခေါင်းညိတ်ကာ သဘောတူလိုက်၏။

"ဒီအကြံဉာဏ်က ကောင်းတယ်..အဲဒီအတိုင်း လုပ်ပါ... ဒါပေမဲ့ အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့ ကြိုတင် စီစဉ်ထားဖို့ လိုအပ်တယ်...."

........

နောက်တစ်နေ့...

ဆက် အမည်ရှိ ဗိုလ်ချုပ်တစ်ဦးက လျူယောင်နဲ့ အတူ လိုက်ပါလာပြီး ဂျစ်ကားဖြင့် ထွက်ခွာကာ စစ်စခန်းကို ရောက်လာခဲ့ကြသည်။

ဒီစခန်း ပတ်ဝန်းကျင်ဧရိယာက သဲကန္တာရဖြစ်ပြီး အနိမ့်ပိုင်းချုံနွယ်များဖြင့် ပြည့်နှက်နေတာကြောင့် မြေပြင်ပေါ်တွင် သဲနှင့်ကျောက်စရစ်များ အပြည့်ရှိနေသည်။

ဒီသဲကန္တာရထဲတွင် ကြီးမားတဲ့ စစ်စခန်းတစ်ခုရှိနေပြီး စစ်စခန်းနဲ့ ခုနစ်- ရှစ်ကီလိုမီတာအကွာတွင် စစ်ဆေးရေးဂိတ်များလည်းရှိသည်။ဒါက လုံခြုံ ရေး အလွန်တင်းကျပ်တာကို ဖော်ပြနေသည်။

လျူယောင် စစ်စခန်းထဲ ဝင်ရောက်တဲ့အခါ အဆောက်အအုံများစွာကို မြင်တွေ့ရ၏။ တပ်သားများအပါအဝင် တင့်ကားများ သံချပ်ကာကားများနဲ့ စက်ပစ္စည်းများစွာကို မြင်နိုင်သည်။

ဒီအရာများအပြင် လေယာဉ်ပစ်လက်နက်များ၊ သတိပေးရေဒါများ အဲ့တာတွေလည်းအမှန်တကယ်ပင် ရှိနေသည်။ တကယ်လို့ ရန်သူက လေကြောင်းမှ တိုက်ခိုက်ရန် ဒါမှမဟုတ် ဒုံးကျည်များဖြင့် တိုက်ခိုက်ရန် ကြိုးပမ်းပါက အောင်မြင်ရန် အခွင့်အလမ်း နည်းပါးပြီး ကြားဖြတ်ဖမ်းယူနိုင်မည် ဖြစ်သည်။

ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး လျူယောင် အလွန်ကျေနပ်နေသည်။

ဗိုလ်ချုပ်ဆက်က လျူယောင်ကို လေ့ကျင့်ရေးစခန်းကို ခေါ်လာခဲ့သည်။ အဆောက်အအုံများအားလုံးက ပြည့်စုံပြီး တပ်သားတန်းလျားနဲ့ သုံးထပ်အဆောက်အအုံတစ်ခုလည်း ပါဝင်သည်။

လျူယောင် အနည်းငယ် အံ့အားသင့်သွား၏။

"ဒီ ဝန်ကြီးချုပ်ဟာဆန်း က မဆိုးဘူး ... ဒီလိုကောင်းတဲ့ လေ့ကျင့်ရေးစခန်းကိုတောင် ပေးထားတယ်"

လျူယောင် စိတ်ထဲကနေ တွေးလိုက်မိသည်။

"ဗိုလ်ချုပ် ဆက် ဒါက "ဂျောင်ရှီ "ဘယ်တပ်ခွဲရဲ့ လေ့ကျင့်ရေးစခန်းကလဲ"

သူတို့ရှေ့တွင် လူအုပ်စုတစ်စု နီးကပ်လာတာကို မြင်တော့ လျူယောင် မေးလိုက်သည်။

"ဒါက အစက သူတို့ရဲ့ လေ့ကျင့်ရေးစခန်းပါ…ဒါပေမဲ့ အခုတော့ ခင်ဗျားပိုင်ပါပြီ..."

ဗိုလ်ချုပ်ဆက် ပြန်ဖြေလိုက်သည်။

ဒီလူအုပ်စုက အလျင်အမြန်ရောက်လာပြီး အရာရှိအချို့ဖြစ်လိမ့်မည်။ နောက်က လိုက်ပါလာတဲ့ စစ်သားများကို လျူယောင် တစ်ချက်ကြည့်လိုက်တာနဲ့ သူတို့က သာမန်လူများမဟုတ်လောက်ပေ။ ဒီလူတွေက စစ်ပွဲများစွာကို တွေ့ကြုံခဲ့ဖူးပုံရပြီး ဂျောင်ရှီလေ့ကျင့်ရေးစခန်းရဲ့ လက်ရွေးစင်များ ဖြစ်ပုံရသည်။

ခေါင်းဆောင်အရာရှိက မျက်နှာမကောင်းပုံရပြီး ရောက်လာတာနဲ့ ကျယ်လောင်စွာ မေးလိုက်သည်။

"ဗိုလ်ချုပ်.. ဒီနေရာက ဘာလို့ ကျွန်တော်တို့ မပိုင်တော့တာလဲဆိုတာ ကျွန်တော် နားမလည်ဘူး.. ဘာလို့ သူများအတွက် နေရာချပေးရတာလဲ"

ဗိုလ်ချုပ်ဆက် မတတ်သာစွာ ပြန်ဖြေလိုက်၏။

"ဒါက ဝန်ကြီးချုပ်ရဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ခင်ဗျားတို့ နာခံမူ့ရှိရှိ လိုက်နာရမယ်"

ဦးဆောင်လာတဲ့ အရာရှိက လျူယောင်ကို မြင်သွားကာ မေးလိုက်သည်။

" ဒီလူ့ကြောင့်လား..."

" မစ္စတာလျူက ဝန်ကြီးချုပ်ရဲ့ ဧည့်သည်ပါ အက်တာ... သူ့ရဲ့လူတွေ ဒီမှာ တပ်စွဲပြီး လေ့ကျင့်ကြလိမ့်မယ်..."

ဗိုလ်ချုပ်ဆက် ရှင်းပြလိုက်၏။

ဒီအရာရှိကို အက်တာ ဟုခေါ်ကြောင်း နောက်ဆုံးတွင် လျူယောင် သိလိုက်သည်။

အက်တာ က စိတ်လှုပ်ရှားနေပုံရသည်။ လျူယောင်က ဝန်ကြီးချုပ်ဟာဆန်းရဲ့ဧည့်သည်ဖြစ်ကြောင်း သိပေမဲ့ စိန်ခေါ်လိုက်သည်။

"ဒါက အစွမ်းထက်တဲ့ သူတွေအတွက် လေ့ကျင့်ရေးစခန်းပဲ...အစွမ်းထက်တဲ့သူတွေပဲ ဒီနေရာမှာ ရှိဖို့ ထိုက်တန်တယ်..ဒါ့ကြောင့် ကျွန်တော် ခင်ဗျားနဲ့ ယှဉ်ပြိုင်ချင်တယ်..."

လျူယောင် ရယ်မောလိုက်သည်။ သူနဲ့ ယှဉ်ပြိုင်လိုသူက ရှိနေသေးသည်။ ဘာကိုယှဉ်ပြိုင်ရမှာကို သူ မသိပေ။

"သေနတ်ပစ်စွမ်းရည် ဒါမှမဟုတ် တိုက်ခိုက်မှု့လား "

ဗိုလ်ချုပ်ဆက်က ကျယ်လောင်စွာ ဆူပူလိုက်သည်။

" အက်တာ ဒါက ဝန်ကြီးချုပ်ရဲ့ ဧည့်သည်ပဲ.. ခင်ဗျား လုံလောက်တဲ့ လေးစားမှု့ ရှိရမယ်..."

လျူယောင် လက်ကို မြှောက်ပြလိုက်ပြီး ပေါ့ပေါ့ပါးပါး အမူအရာဖြင့် ပြောလိုက်သည်။

"ဗိုလ်ချုပ်...ဒီလူ ယှဉ်ပြိုင်ချင်ရင်တော့ ယှဉ်ပြိုင်ကြတာပေါ့..."

စကားပြောပြီးနောက် လျူယောင်က မေးလိုက်၏။

"ခင်ဗျား ဘာကို ယှဉ်ပြိုင်ချင်လဲ... ကျွန်တော်နဲ့ ဘယ်ဟာ ယှဉ်ပြိုင်ချင်လဲ..."

အက်တာက စိတ်လူပ်ရှားစွာ ပြန်ဖြေလိုက်သည်။

"ကျွန်တော် ခင်ဗျားနဲ့ တိုက်ခိုက်မူ့ ယှဉ်ပြိုင်မယ်... "

ဒီလူ့ကို ကြည့်လိုက်ပြီး လျူယောင် ခေါင်းခါကာ ပြောလိုက်သည်။

"ခင်ဗျားက ကျွန်တော့် ပြိုင်ဘက် မဟုတ်ဘူး...ခင်ဗျားတို့ အားလုံး တက်လာလိုက်..."

"ဘာ..."

အက်တာရဲ့ မျက်နှာက ရုတ်တရက် နီရဲလာပြီး အလွန်အမင်း စော်ကားခံရသလို ဖြစ်နေသည်။

သူက ဂျောင်ရှီစခန်းရဲ့ အကြီးအကဲ တိုက်ခိုက်ရေး နည်းပြဖြစ်သည်။ ဂျောင်ရှီစခန်း တစ်ခုလုံးတွင် သူက ဒုတိယဖြစ်တယ်လို့ ပြောရင် ဘယ်သူ့မှ ပထမဖြစ်တယ်ဟု မပြောရဲပေ။

သူ့နောက်မှ လူများကလည်း လက်ရွေးစင်များဖြစ်ပြီး ဂျောင်ရှီစခန်းရဲ့ထူးတပ်ခွဲမှ ဖြစ်သည်။ သူတို့က တစ်ဦးတည်းနဲ့ လူဆယ်ဦးကို ယှဉ်နိုင်တဲ့ လက်ရွေးစင်စစ်သည်များ ဖြစ်ကြသည်။

"ဒါကို တစ်ဖက်လူက သူတို့ အားလုံးကို တက်လာစေချင်တယ်တဲ့လား..."

ချက်ချင်းပင် သူတို့အားလုံး ဒေါသများ ပြည့်နှက်နေပြီး မီးတောက်နေတဲ့ မျက်လုံးများဖြင့် လျူယောင်ကို ကြည့်နေကြသည်။

လျူယောင်က တည်ငြိမ်စွာနဲ့ ပြန်ပြောလိုက်သည်။

"အတူတူ မတက်လာရင် ခင်ဗျားတို့ ကျွန်တော့် ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူး... အတူတူ တက်လာရင်တောင် သုံးမိနစ်လောက်တောင် ခံနိုင်မှာ မဟုတ်ဘူး.."

"ငါ သည်းမခံနိုင်တော့ဘူး...ဒီလောက် အထင်သေးခံရတာလား..."

အက်တာ ဒေါသထွက်လာပြီး ပြောလိုက်သည်။

"ကောင်းပြီ... ကျွန်တော်တို့ ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ ခင်ဗျားသိအောင် သင်ပေးချင်တယ်.. မှတ်ထားပါ..ဒဏ်ရာရရင်တော့.. ကျွန်တော်တို့ကို အပစ်မတင်ပါနဲ့"

လျူယောင် သူတို့ကို ကြည့်လိုက်ရာ လူ ၂၀ ကျော်လောက်ရှိတာကြောင့် မေးလိုက်သည်။

"ဒီနေရာမှာပဲလား..."

အက်တာ ပြန်ဖြေလိုက်၏။

"ဟိုဘက်က လေ့ကျင့်ရေးကွင်းကို သွားမယ် အဲဒီမှာ အထူးတိုက်ခိုက်ရေးပြိုင်ကွင်းတစ်ခု ရှိတယ်"

ပြောပြီးတာနဲ့ သူ က ရှေ့က ထွက်သွားကာ လက်ရွေးစင်များကလည်း နောက်ကနေ လိုက်ပါသွားကြသည်။

လျူယောင်လည်း ထိုလမ်းအတိုင်း သွားတော့မှာကို မြင်တဲ့အခါ ဗိုလ်ချုပ်ဆက်က စိုးရိမ်လာပြီး အမြန်ပြောလိုက်သည်။

"မစ္စတာလျူ.. တစ်ယောက်ချင်းစီ ယှဉ်တာ ပိုကောင်းမယ်ထင်တယ် .. ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် ညှိနိူင်းလို့ရပါတယ်..."

All Chapters