← Chapters

ဗိုလ်ချုပ် ဒါ နောက်စရာ မဟုတ်ဘူးနော်

Vol. 20 Ch. 296

ဗိုလ်ချုပ် ဒါ နောက်စရာ မဟုတ်ဘူးနော်

Vol. 20 Ch. 296

လျူယောင်က ပေါ့ပေါ့ပါးပါးပင် ယုံကြည်မှုရှိစွာ ပြန်ဖြေလိုက်၏။

"ပြဿနာမရှိပါဘူး..ကျွန်တော့်မှာ အနိုင်ရဖို့ ယုံကြည်မှု့ရှိပါတယ်.."

ဒါကို မြင်တဲ့အခါ ဗိုလ်ချုပ်ဆက် က ခေါင်းခါပြီး ခါးသီးစွာ ပြုံးလိုက်သည်။

သူ့စိတ်ထဲတွင် မစ္စတာလျူ ဒဏ်ရာရပါက ဝန်ကြီးချုပ်ကို ဘယ်လိုရှင်းပြရမလဲဆိုတာကို တွေးနေသည်။ သူ့ စိတ်ထဲကနေ ထိုအတွက် စကားလုံးများကို စဉ်းစားနေခဲ့သည်။

ဘေးနားမှာ ရှိတဲ့ လေ့ကျင့်ရေးကွင်းကို လျူယောင် သွားခဲ့ကြသည်။ ထိုကွင်းက ဘောလုံးကွင်း သုံးကွင်း- လေးကွင်းခန့် ကျယ်ပြီးအနည်းဆုံး လူထောင်ပေါင်းများစွာ လေ့ကျင့်နေကြသည်။

အချို့က တန်းစီလေ့ကျင့်နေကြပြီး အချို့ကတော့ အလေးများသယ်ကာ တောဖြတ်လေ့ကျင့်နေကြပြီး အချို့ကမူ ပစ်ခတ်ရေးကွင်းတွင် အဝေးကနေ သေနတ်ပစ် လေ့ကျင့်နေကြသည်။

လေ့ကျင့်ရေးကွင်း၏ဘေးတွင် တင့်ကားများ၊ သံချပ်ကာကားများနှင့် လေးဘီးကားများအပြင် ရဟတ်ယာဉ်များစွာတို့ကိုလည်း သေသေချာချာ ရပ်ထားသည်။

လျူယောင်၊ ဆက် ၊ အက်တာ နှင့် လူအုပ်စုတစ်စုတို့ ရောက်လာကြပြီး မကြာမီ လေ့ကျင့်နေသူအချို့အပါအဝင် အခြားလူများရဲ့ အာရုံစိုက်မှု့ကို ဆွဲဆောင်ခဲ့သည်။

လေ့ကျင့်ရာတွင် ပေါ့ပေါ့ဆဆလုပ်လို့မရဘဲ အပြည့်အဝ အာရုံစိုက်ပြီး ပတ်ဝန်းကျင်ကို မကြည့်ရပေမဲ့ ဒီလူအုပ်စုက အထူးသဖြင့် ဆက်နဲ့ အက်တာက တို့မှာ သာမန်လူများ မဟုတ်ကြပေ။

လေ့ကျင့်ရေးကွင်းရဲ့ တာဝန်ခံအရာရှိက ပြေးလာပြီး အလေးပြုကာ ကျယ်လောင်စွာ ပြောလိုက်သည်။

" ခေါင်းဆောင်...ကျွန်တော်တို့ နေ့စဉ်လေ့ကျင့်နေပါတယ်..အမိန့်ပေးပါ.."

ဗိုလ်ချုပ်ဆက်က တိုက်ခိုက်ရေးပြိုင်ပွဲတစ်ခု ဖြစ်လာမှာမို့လို့ တစ်ဦးမှာ ဂျောင်ရှီ ရဲ့ အကြီးအကဲ တိုက်ခိုက်ရေးနည်းပြဖြစ်ကြောင်း သိသည်။ ဒါ့ကြောင့် လူတိုင်း စိတ်အေးချမ်းသာစွာ လေ့ကျင့်နိုင်မှာမဟုတ်သဖြင့် ရပ်တန့်လိုက်ခြင်းက ပိုကောင်းပေသည်။

"မင်းတို့ လေ့ကျင့်ရေးကို ရပ်ပြီး တိုက်ခိုက်ရေးပြိုင်ပွဲကို လာကြည့်ကြ...."

အရာရှိက အနည်းငယ် စိတ်လှုပ်ရှားသွား၏။ အထူးသဖြင့် နည်းပြအက်တာ ရောက်လာတာကို မြင်တဲ့ အခါ ဒီ တိုက်ခိုက်ရေးပြိုင်ပွဲကို သူ တကယ်ကြည့်ချင်နေသည်။

"ဟုတ်ကဲ့ပါ..."

ထို့နောက် အမိန့်ကို ပေးပို့ရန် လျှောက်သွားရာ လေ့ကျင့်နေတဲ့ အရာရှိနှင့် စစ်သား ထောင်ပေါင်းများစွာတို့က ချက်ချင်း ရပ်လိုက်ပြီး တစ်ယောက်ချင်းစီ တိုက်ခိုက်ရေးစင်္ကြံရှေ့တွင် ပုံစံ သေသေ ချာချာ ရပ်နေကြသည်။

လျူယောင် တိုက်ခိုက်ရေးစင်္ကြံကို ကြမ်းတမ်းစွာ ကြည့်လိုက်သည်။ဒါက ထောင့်မှန်စတုဂံပုံသဏ္ဍာန်ဖြစ်ပြီး အကျယ် ၁၀ မီတာကျော်နှင့် အလျား ၂၀ မီတာခန့်ရှိကာ ဧရိယာက နှစ်ရာ ဒါမှမဟုတ် သုံးရာစတုရန်းမီတာရှိပြီး အမြင့်မှာ တစ်မီတာခန့်ရှိသည်။

ထိုအချိန်တွင် ဂျောင်ရှီစခန်းရဲ့ အရာရှိနဲ့ စစ်သား ထောင်ပေါင်းများစွာက တိုက်ခိုက်ရေးစင်္ကြံရှေ့တွင် ပုံစံ သေသေချာချာ ရပ်နေကြသည်။ သူတို့တစ်ယောက်ချင်းစီက အလွန်စိတ်လှုပ်ရှားနေကြသည်။

"အကြီးအကဲနည်းပြ အက်တာ ရောက်နေတယ်... သူ ကစားမလား မသိဘူး..."

"သူ မဟုတ်လောက်ဘူး..နည်းပြက တခြားသူတွေနဲ့ မတိုက်ခိုက်တာ နှစ်ပေါင်းများစွာ ရှိနေပြီ..."

"ခင်ဗျား မြင်လား...သူတို့အားလုံးက အထူးစစ်ဆင်ရေးတပ်ဖွဲ့ရဲ့ လက်ရွေးစင်တွေပဲ..သူတို့ကို နည်းပြ အက်တာကိုယ်တိုင် သင်ကြားခဲ့တာပဲ.. သူတို့ရဲ့ တိုက်ခိုက်ရေးပြိုင်ပွဲက တကယ်စိတ်လှုပ်ရှားစရာကောင်းပြီကွာ... ဒီနေ့တော့ ငါ မျက်စိပွင့်ရပြီ"

"ကြည့်ပါဦး.. ဗိုလ်ချုပ် ဆက် ဘေးမှာ လူငယ်လေးတစ်ယောက် ရှိနေတယ်...ဒီလူက ယန်နိုင်သားနဲ့ တူတယ်"

"ယန်နိုင်ငံသားတွေက ဒီမှာ ဘာလာလုပ်တာလဲ...ဒီလူက.. ဗိုလ်ချုပ် ဆက် ရဲ့ ဧည့်သည်တစ်ယောက် ဖြစ်နိုင်မလား... ငါ တို့လိုပဲ ဒီတိုက်ခိုက်ရေးပြိုင်ပွဲကို လာကြည့်တာလား..."

တစ်ထောင်ကျော်တဲ့ အရာရှိနှင့် စစ်သားတို့မှာ သေသေချာချာ ရပ်နေကြပေမဲ့ သူတို့က နားနေပြီး ကြည့်နေကြတဲ့အတွက် ဆူညံသံများ ထွက်ပေါ်နေကာ လူတိုင်းက စကားအများကြီး ပြောနေကြသည်။

လူတိုင်းက တိုက်ခိုက်ရေးပြိုင်ပွဲတစ်ခု ရှိမှာကိုသာ သိကြပြီး ပြိုင်ပွဲကို ဘယ်သူ ယှဉ်ပြိုင်မလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိကြပေ။

လူတိုင်းရဲ့ရှေ့တွင် ဗိုလ်ချုပ်ဆက် က တိုက်ခိုက်ရေးစင်္ကြံပေါ် တက်လာပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။

"နောက်တစ်ဆင့်ကတော့ တိုက်ခိုက်ရေးပြိုင်ပွဲပါ...အဲဒီထဲက တစ်ယောက်က Universal ရဲ့ သူဋေးမစ္စတာလျူယောင် ဖြစ်ပါတယ်..."

လျူယောင် ပြုံးပြီး လူတိုင်းကို လက်ဝှေ့ယမ်းပြကာ တိုက်ခိုက်ရေးစင်္ကြံပေါ် တက်လိုက်သည်။

"ဘာ"

"တိုက်ခိုက်မဲ့..တစ်ယောက်က ယန်နိုင်ငံသားလား"

လူအများအပြား အံ့အားသင့်သွားကြသည်။ သူတို့ဟာ တိုက်ခိုက်မဲ့ တစ်ယောက်က လျူယောင်ဖြစ်လိမ့်မည်ဟု လုံးဝမတွေးခဲ့ကြပေ။

" ဒါဆို နောက်တစ်ယောက်က ဘယ်သူလဲ..."

"အထူးစစ်ဆင်ရေးတပ်ဖွဲ့က လက်ရွေးစင်တွေ ဖြစ်နိုင်မလား"

"ဟုတ်လောက်မယ်...အထူးစစ်ဆင်ရေးအဖွဲ့က အဖွဲ့ဝင်တစ်ဦးကို မစ္စတာလျူယောင်နဲ့ ယှဉ်ပြိုင်ဖို့ ပို့လိုက်တာ ဖြစ်နိုင်တယ်..."

"လျူယောင်ကို ကြည့်ပါဦး... သူက ရှပ်အင်္ကျီ၊ နက်ကတိုင်နဲ့ သားရေဖိနပ်ပဲ ဝတ်ထားတယ် ...ဒီလူ တကယ် အလေးအနက် မထားတာလား..."

"ပုံမှန်ပဲ ဖြစ်လိမ့်မယ်...ဒီလူက ဧည့်သည်ဆိုတော့ သူ့ကို ဒဏ်ရာရအောင် လုပ်လို့မရဘူးလေ..."

"ဟေ့..ဒါက ကောင်းမွန်တဲ့ တိုက်ခိုက်ရေးပြိုင်ပွဲတစ်ခုလို့ ငါ ထင်ခဲ့တာ.. ဒါပေမဲ့ ဒါက ပုံမှန်ပဲ ဖြစ်နေတယ်....ငါတို့ ကြည့်ဖို့မထိုက်တန်ဘူး..."

အောက်တွင် ဆူညံစွာ ဆွေးနွေးနေတာကို မြင်တဲ့အခါ ဗိုလ်ချုပ်ဆက်က သူ့လက်ကို မြှောက်ပြီး ဖိချလိုက်ရာ အခန်းတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။ နောက်ဆုံးတော့ လူတိုင်းက စစ်သားများဖြစ်တာကြောင့် သာမန်လူများထက် စည်းကမ်းပိုရှိကြသည်။

အခန်းတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားတာကို မြင်တဲ့အခါ ဗိုလ်ချုပ်ဆက် က ကျယ်လောင်စွာ ပြောလိုက်သည်။

"နောက်တစ်ဖက်ကတော့ အပြည်ပြည်ဆိုင်ရာ ဂျောင်ရှီစခန်းရဲ့ အထူးစစ်ဆင်ရေးတိုက်ခိုက်ရေးနည်းပြ အက်တာ ဦးဆောင်တဲ့ အထူးစစ်ဆင်ရေးအဖွဲ့က လက်ရွေးစင်၂၃ ဦး ဖြစ်ပါတယ်.."

"ဘာ..."

လူတစ်ထောင်ကျော် အံ့အားသင့်သွားကြပြီး သူတို့ နားကြားမှားသွားတာလား ဟု အလေးအနက် ထင်လိုက်ကြသည်။

"ဘုရားရေ... ဒါက နောက်စရာ မဟုတ်ဘူးနော်"

"လျူယောင်တစ်ဦးတည်းက နည်းပြအက်တာနဲ့ လူ ၂၀ ကျော်ကို ယှဉ်ပြိုင်ရမယ်.. ဒါက ရူးသွပ်မှု့ပဲ... "

ကွင်းထဲတွင် နှစ်စက္ကန့် သုံးစက္ကန့်လောက် တိတ်ဆိတ်ပြီးနောက် တဒုန်းဒုန်းမြည်သံ ထွက်ပေါ်လာပြီး အခန်းတစ်ခုလုံး ပေါက်ကွဲသွားသည်။

တစ်စုံတစ်ယောက်က သူ့လည်ပင်းကို ညစ်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

" ဗိုလ်ချုပ် ဒါက နောက်စတာ မဟုတ်ဘူး"

"ယန်နိုင်ငံသားက အရိုက်ခံရပြီး သေသွားလိမ့်မယ်... သူတို့က ၂၃ ယောက်တောင် ရှိတယ်... နည်းပြအက်တာ လည်း ပါတယ်လေ"

အက်တာရဲ့ မျက်နှာက အနည်းငယ် ရုပ်ဆိုးနေပြီး သူ့စိတ်ထဲတွင် အလွန်ဒေါသထွက်နေသည်။

သူက ဒီတိုက်ပွဲကို တကယ်တိုက်ခိုက်ချင်ခဲ့ခြင်းမရှိပေမဲ့ နိုင်ရင် ရှက်စရာကောင်းလှသည်။ ဒါ​ပေမဲ့ သူ့စိတ်ထဲမှ သက်ပြင်းကိုတော့ သူမျိုချနိုင်ခြင်း မရှိခဲ့ပေ။

သူက အထူးစစ်ဆင်ရေးအဖွဲ့ရဲ့ လက်ရွေးစင်များကို တိုက်ခိုက်ရေးစင်္ကြံပေါ် ခေါ်ဆောင်လာပြီး ကျယ်လောင်စွာ ပြန်ဖြေလိုက်၏။

"ကိုယ့်လူတို့...ကျွန်တော်လည်း ဒီလိုမလုပ်ချင်ပါဘူး... ဒါက တစ်ဖက်လူက တင်ပြလာတာပါ.. လူတစ်ယောက်က ကျွန်တော်တို့အားလုံးနဲ့ ယှဉ်ပြိုင်ချင်တယ်တဲ့..."

"စိတ်မပူပါနဲ့... ကျွန်တော် တတ်နိုင်သမျှ မထိခိုက်​အောင် ကြိုးစားပါ့မယ်...ကျွန်တော် အဖွဲ့ဝင်တွေကိုလည်း တတ်နိုင်သမျှ ပေါ့ပေါ့ပါးပါး လုပ်ဖို့ ပြောထားပါတယ်..."

အောက်မှ ရယ်မောသံများ ထွက်ပေါ်လာပြီး အချို့က မျက်ရည်များပင် ထွက်လာသည်။

သူတို့က လျူယောင်ရဲ့ ထင်ရာစိုင်းမှုကို ရယ်နေပုံရသည်။ ဒါက ရယ်စရာကောင်းလှသည်။ တကယ်ဆို လူတစ်ယောက်က အကြီးအကဲနည်းပြအက်တာ နှင့် လူ ၂၃ ယောက်ကို ယှဉ်ပြိုင်ပါက ဝိုင်းရိုက်ခံရမှာ သေချာသည်။

"ဟယးဟား အရမ်းရယ်စရာကောင်းတယ်..ဒီလူက လူ ၂၃ ယောက်ကို သူ တစ်ယောက်တည်း ယှဉ်ချင်နေတယ်...."

"ဟုတ်တယ်...အမှန်ပဲ...လက်ရွေးစင် တစ်ယောက်နှစ်ယောက်လောက် လှုပ်ရှားလိုက်တာနဲ့ ဒီလူ မကြာခင် လဲကျသွားလိမ့်မယ်လို့ ငါ ခန့်မှန်းရတယ်..."

"သူ တစ်မိနစ်တောင် မခံနိုင်ဘူးလို့ ကျွန်တော် လောင်းပါတယ်..."

"တစ်မိနစ်လည်း မဟုတ်ဘူး ၃၀ စက္ကန့်တောင် မဖြစ်နိုင်ဘူး ဟားဟား.."

အရာရှိနှင့် စစ်သား တစ်ထောင်ကျော်တို့က ပြောဆိုရယ်မောနေကြပြီး ပြိုင်ပွဲရဲ့ ရလဒ်ကို သူတို့ သိနှင့်ပြီးသား ဖြစ်နေသလိုပင်။

ဗိုလ်ချုပ်ဆက် က ဒိုင်လူကြီးအဖြစ် ပါဝင်ခဲ့ပြီး သူ့ရဲ့လက်ကို မြှောက်ပြီး ထပ်မံဖိချလိုက်ရာ ဆူညံနေတဲ့ အသံများ ချက်ချင်း တိတ်ဆိတ်သွားသည်။

ထို့နောက် သူတို့ အဆင်သင့်ဖြစ်ပြီလားလို့ နှစ်ဖက်စလုံးကို အချက်ပြလိုက်၏ ။ လျူယောင် ခေါင်း ညိတ်ပြပြီး နည်းပြ အက်တာလည်း ခေါင်းညိတ်ပြသည်။

ဗိုလ်ချုပ်ဆက် က ခရာကို ပါးစပ်ထဲတွင် ထည့်ထားခဲ့သည်။တကယ်လို့ အခြေအနေမကောင်းပါက ဥပမာ လျူယောင် ဒဏ်ရာနဲ့ မြေပြင်ပေါ် လဲကျပါက သူက ခရာကို ချက်ချင်း မှုတ်မယ်လို့ တွေးထားပြီးသားဖြစ်သည်။

ဒီလူက က ဝန်ကြီးချုပ်ရဲ့ ဧည့်သည်ပင်။ ဒါကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရလို့မရပေ။ နှစ်ဖက်စလုံး အဆင်သင့်ဖြစ်တာကို မြင်တဲ့အခါ သူ ခရာမှုတ်လိုက်သည်။

" ရွှီး..."

အခန်းတစ်ခုလုံးရှိ မျက်လုံးတစ်ထောင်ကျော်က တိုက်ခိုက်ရေးစင်္ကြံကို ကြည့်နေကြပြီး တိတ်ဆိတ်မှု့များ လွှမ်းခြုံနေသည်။

နည်းပြအက်တာ က တစ်ခုခုလုပ်ရန် ရည်ရွယ်ပုံမပေါ်ပေ ။သူ က အချက်ပြတစ်ခု ပြုလုပ်လိုက်ရာ အထူးလက်ရွေးစင်နှစ်ဦးက နားလည်သွားပြီး လျူယောင်ဘက်ကို ပြေးဝင်သွားသည်။

ကျန်အထူးလက်ရွေးစင်များက ဘာမှလုပ်ရန် ရည်ရွယ်ထားခြင်းမရှိပေ။ သူတို့ရဲ့အမြင်တွင် လျူယောင်ကို အလဲထိုးရန် အထူးတပ်ဖွဲ့ဝင်နှစ်ဦးနဲ့တင် လုံလောက်ပေသည်။

အထူးလက်ရွေးစင်နှစ်ဦးက အသက်ရူကို ထိန်းထားကာ ဟိန်းဟောက်လိုက်ပြီးနောက် လျူယောင်ဘက်သို့ ဘယ်ညာ ပြေးဝင်လာခဲ့သည်။

လျူယောင် အနည်းငယ် ပြုံးလိုက်ပြီး လှုပ်ရှားလိုက်ကာ ဒီအထူးလက်ရွေးစင်နှစ်ဦးကို အနိုင်ယူလိုစိတ်နဲ့ နှစ်ချက်ဆင့်ကန်လိုက်သည်။

အံ့အားသင့်စရာ မြင်ကွင်းတစ်ခု ဖြစ်ပေါ်ခဲ့သည်။

"ဒုန်း ဒုန်း"

ဟူသော အသံနှစ်ခု ထွက်ပေါ်လာပြီး အက်တာတောင် ရှင်းရှင်းလင်းလင်း မမြင်လိုက်ပေ။

အထူးလက်ရွေးစင်နှစ်ဦးက တိုက်ခိုက်ရေးစင်္ကြံ ပေါ်ကို ပြင်းထန်စွာ လဲကျသွားကာ လုံးဝထရပ်နိုင်ခြင်းမရှိတော့ပေ။

" ဘာ..."

All Chapters