← Chapters

ဝန်ထမ်းအိမ်ရာ

Vol. 20 Ch. 299

ဝန်ထမ်းအိမ်ရာ

Vol. 20 Ch. 299

"လဲ့လဲ့ ကိုယ့်ကိုလွမ်းနေတာလား..."

“ ရှင့်ကို လွမ်း မနေပါဘူးနော်” လီချန်လဲ့က တမင်ပြောလိုက်သည်။

“မင်းပြောတာကို ကိုယ်ယုံရပါ့မလား”

“လဲ့လဲ့ မင်းက ပိုပြီးဆိုးလာတာပဲ... ညကျမှ မင်းကို ဆုံးမရမယ်...”

လျူယောင် စ နောက်လိုက်‌ တော့ လီချန်လဲ့ မျက်နှာလေး နီရဲသွားကာ ဘေးပတ်ပတ်လည်ကို ကြည့်ပြီး မချိုမချဉ်ပြောလိုက်သည် ။

လျူယောင်က ရယ်မောလိုက်ပြီး ချစ်သူရဲ့ နဖူးကို နမ်းလိုက်ကာ ကျယ်လောင်စွာပြောလိုက်သည် ။

“လာ.. ဗိုက်ဆာနေပြီ..တစ်ခုခုစားဖို့သွားရအောင်”

လေယာဉ်ပေါ်တွင် စားပြီးပေမဲ့ မကြာမီတွင် လျူယောင် အနည်းငယ်ဗိုက်ဆာလာခဲ့သည်။ အခုဆိုရင် ညဘက်ရောက်လုနီးပြီဖြစ်တာကြောင့် နှစ်ဦးသား လက်ချင်းချိတ်ကာ အနီရောင် ပေါ်ရှေးကားဆီ လျှောက်သွားကြသည်။

လီချန်လဲ့က ကားကိုမောင်းပြီး လျူယောင်က ရှေ့ခရီးသည်ထိုင်ခုံတွင် ထိုင်ခဲ့သည်။

“ အကိုမင်းက အရမ်းမိုက်တာပဲ...မင်းရဲ့ကောင်မလေးက အရမ်းလှပြီး ချမ်းသာတာပဲ..ပေါ့ရှ့် ကား တောင်‌​မောင်းနိုင်တယ်...”

လူငယ်များစွာက မနာလိုစွာ ပြောဆိုနေကြသည်။

......

Universal ရုံးချုပ်တွင်...

လျူယောင် ရက်အနည်းငယ်အကြာမှ ပြန်လာပြီးနောက် ရုံးတွင် အလုပ်ပြန်လုပ်တဲ့ ပထမဆုံးနေ့ဖြစ်သည်။သူ ရုံးခန်းထဲ ထိုင်လိုက်တာနဲ့ ဟူဂျွန်းရှီက တံခါးခေါက်ကာ ဝင်လာသည်။

“အစ်ကိုယောင်..နောက်ဆုံးတော့ ပြန်လာပြီနော်...ကျွန်တော်နဲ့ ကျိုးယန်တို့ စိတ်ပူနေခဲ့တာ..”

လျူယောင် ပြုံး၍ ပြောလိုက်၏။

“စိတ်ပူစရာမရှိပါဘူးကွာ..ဒါက.. ရုဒ် လက်နက်ကိုင်အဖွဲ့ပဲဟာ.. ငါအလေးအနက်ထားစရာမလိုဘူး”

“အစ်ကိုယောင်က အံ့မခန်းပဲ..."

ဟူဂျွန်းရှီ လေးစားစွာပြောလိုက်သည်။

“ အစ်ကိုယောင် ဒေါ်လာ သန်း ၅၀ နဲ့ ကျွန်တော်တို့ရဲ့ သင်္ဘောကို တိုက်ခိုက်ဖို့ ကြံစည်ခဲ့တဲ့ အဲဖရက်က သေသွားပြီတဲ့နော်...”

လျူယောင် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်၏။

“ဟုတ်တယ် ကျိန့်ကန်းက သူ့ကို ခေါင်းဖြတ်သတ်လိုက်တာ...ခန္ဓာကိုယ်တောင် အပိုင်းပိုင်းပြတ်သွားတယ်...”

ဟူဂျွန်းရှီ အားရဝမ်းသာ ပြောလိုက်သည်။

“ဝိူး ကျိန့်ကန်းက အရမ်းမိုက်တာပဲ...တစ်ခုပဲ နှမြောတာကတော့ အဲဖရက်က ဒေါ်လာ သန်း ၅၀ တောင်းခဲ့တာကို ပြန်မရခဲ့ဘူး...”

“ပိုက်ဆံပြန်မရဘူးလို့ ဘယ်သူပြောလဲ...”

လျူယောင်က အောင်ပွဲခံသော လေသံဖြင့် ပြောလိုက်သည်။

“အစ်ကို​ယောင် ပိုက်ဆံပြန်ရပြီလား...”

ဟူဂျွန်းရှီ အံ့အားသင့်စွာ မေးလိုက်သည်။

“ဒါပေါ့ကွ ...ဒီအဲဖရက်က ငါတို့ရဲ့ လက်ချက်နဲ့ သေမှာကြောက်လို့ သူ့ပိုက်ဆံအားလုံးကို ငါ့ကိုပေးခဲ့တာ...စုစုပေါင်း ဒေါ်လာ ၂.၁ ဘီလီယံတောင်..ဒီတစ်ခါတော့ ငါ..အမြတ်ရခဲ့တယ်...”

ဒါဟာ မိုးပေါ်က ကျတဲ့ရွှေလိုပါပဲ။ ယန်နိုင်ငံ၏ ငွေကြေးအရ ၁၀ ဘီလီယံကျော် တန်ဖိုးရှိတာကို အစ်ကိုယောင်က နည်းနည်းလေးပဲ အမြတ်ရခဲ့တယ်လို့ ပြောနေသည်။

“အစ်ကိုယောင်က အရမ်းအံ့မခန်းပဲဗျာ...ရုဒ် လက်နက်ကိုင်အဖွဲ့က အရမ်းချမ်းသာတာပဲ...”

“သူတို့က ယီမင်နိုင်ငံမှာ ရေနံတွင်းကြီးတွေ အများကြီးကို ထိန်းချုပ်ထားတယ်..ပြီးတော့ ပြန်ပေးဆွဲတာ၊ ခြိမ်းခြောက်တာ၊ ကုန်တင်သင်္ဘောတွေကို တိုက်ခိုက်တာတွေလည်း လုပ်တာဆိုတော့ သူတို့ချမ်းသာနေတာပေါ့..”

လျူယောင် ပြန်ဖြေလိုက်၏။

" ဒေါက် ဒေါက် ဒေါက်.."

နှစ်ယောက်သားပျော်ရွှင်စွာ စကားပြောနေကြစဥ် ကျိုးယန်က တံခါး ခေါက်ကာ ဝင်လာပြီး ပြောလိုက်သည်။

“သူဋေး ခင်ဗျားပြန်လာတော့မှ ကျွန်တော်တို့စိတ်အေးရတယ်...”

“မင်းက ဟူဂျွန်းရှီလိုပဲ..ငါက အရှေ့အလယ်ပိုင်းကို ခဏသွားတာ.. စိတ်ပူစရာမရှိပါဘူး...”

ကျိုးယန် ခေါင်းညိတ်ပြီး အခြေအနေတစ်ခုကို သတင်းပို့လိုက်၏။

“သူဋေး 'လိန်ရှင်း သင်္ဘောရဲ့ ကပ္ပတိန် စွန်မင်းက အခုတင် သတင်းပို့တယ်...လွန်ခဲ့တဲ့ နာရီအနည်းငယ်က ပင်လယ်ဓားပြတွေနဲ့ တွေ့ခဲ့တယ်တဲ့...ကံကောင်းထောက်မစွာပဲ..ကျွန်တော်တို့ရဲ့ အစောင့်အရှောက် စစ်သင်္ဘောက ရောက်လာပြီး ပင်လယ်ဓားပြတွေကို အကုန်သတ်ပစ်လိုက်တယ်...အခုတော့ 'လိန်ရှင်း' က ဆူးအက်တူးမြောင်းဘက်ကို ဦးတည်ပြီး ရွက်လွှင့်နေပါပြီ...”

“ဒီအကြောင်းကို ငါသိပါတယ်...ဒါ ပင်လယ်ဓားပြတွေမဟုတ်ဘူး..ရုဒ် လက်နက်ကိုင်အဖွဲ့က ဟန်ဆောင်ပြီး 'လိန်ရှင်း' ကို တိုက်ခိုက်ဖို့ ကြံစည်နေကြတာ...”

ဒီစကားကိုကြားတော့ ကျိုးယန်နဲ့ ဟူဂျွန်းရှီတို့ ဒေါသထွက်သွားကြသည်။

“ဒီရုဒ် လက်နက်ကိုင်အဖွဲ့က နောက်တစ်ခါ ထပ်လုပ်ရဲတာပဲ..”

လျူယောင် သူတို့နှစ်ဦးရဲ့ ဒေါသကို သတိထားမိတာကြောင့် နှစ်သိမ့်လိုက်သည်။

“စိတ်မပူပါနဲ့... ငါတို့ရဲ့သင်္ဘောက ဘာမှဖြစ်မသွားပါဘူး.. ရုဒ်လက်နက်ကိုင်အဖွဲ့ကို ငါ နောက်ထပ် သင်ခန်းစာတစ်ခု ပေးရဦးမယ်...”

" ဟုတ်တယ် အကိုယောင် ဒီလူတွေက... ကျွန်တော်တို့ရဲ့ ကုန်သည်သင်္ဘောကို ထပ်တိုက်ခိုက်ရဲတာဆိုတော့ သင်ခန်းစာပေးသင့်တယ်..."

ကျိုးယန်နှင့် ဟူဂျွန်းရှီတို့ ထွက်ခွာသွားပြီးနောက် လျူယောင် စားပွဲပေါ်မှ တယ်လီဖုန်းကို ကောက်ယူကာ နိုင်ငံတကာဖုန်းနံပါတ် တစ်ခုကို ခေါ်လိုက်သည်။

“သူ​​ဋေး အမိန့်ရှိပါ ခဗျ..."

" ကျိန့်ကန်း.. လေ့ကျင့်ရေးနဲ့ အချင်းချင်းဆက်သွယ်တာအပြင် မင်းမှာ နောက်ထပ်တာဝန်တစ်ခုရှိတယ်... ရုဒ် လက်နက်ကိုင်အဖွဲ့ကို သင်ခန်းစာပေးရမယ်.. ဥပမာအားဖြင့် သူတို့ရဲ့ခေါင်းဆောင်တစ်ဦးကို သတ်ပစ်တာမျိုးပေါ့..”

လျူယောင် အမိန့်ပေးလိုက်၏။

“သူခိုးတွေကို ဖမ်းဖို့ဆိုရင် အရင်ဆုံး ဘုရင်ကို ဖမ်းရမယ်”

ဆိုတဲ့အတိုင်း သူတို့ရဲ့ ခေါင်းဆောင်များကို သတ်မှသာ အဓိပ္ပါယ်ရှိမှာဖြစ်သည်။

ကျိန့်ကန်း၏ ပစ်မှတ်များက ရုဒ် လက်နက်ကိုင်အဖွဲ့ရဲ့ အရေးကြီးတဲ့ခေါင်းဆောင်များကိုသာ ရည်ရွယ်ပေသည်။

“ဟုတ်ကဲ့ပါ ​သူဋေး..ရပါတယ်...မျိုးရိုးဗီဇပြောင်းဆေးသောက်ပြီးတဲ့နောက် လူတိုင်းက စစ်မြေပြင်ကိုသွားပြီး စမ်းသပ်ချင်နေကြတယ်... ကျွန်တော် ဗိုလ်ချုပ်ကြီး ဆက်ကို ဆက်သွယ်ပြီးတော့ သတင်းရတာနဲ့ ချက်ချင်းလုပ်လိုက်ပါ့မယ်...”

သူတို့က ဗိုလ်ချုပ်ကြီး ဆက်ကို တိုက်ရိုက်ဆက်သွယ်နိုင်ပြီး ယီမင်အစိုးရကလည်း စုံစမ်းစစ်ဆေးမှု့နှင့် ထောက်လှမ်းရေးအချက်အလက်များကို အဓိကထားပြီး စုဆောင်းနေသည်။ ရုဒ် လက်နက်ကိုင်အဖွဲ့ရဲ့ ခေါင်းဆောင်အချို့၏ သတင်းရတာနဲ့ ကျိန့်ကန်း တို့က ချက်ချင်း လူပ်ရှားမှာပဲ ဖြစ်သည်။

ယီမင် အစိုးရက ရုဒ် လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တစ်ဦးရဲ့ တည်နေရာသတင်းရရန် အချိန်ယူရအုံးမှာဖြစ်ပြီး သတင်းရဖို့က ရက်အတော် ကြာနိုင်သည်။

.......

ဒီနေ့ လူတိုင်းက ဝန်ထမ်းအိမ်ယာကို တရားဝင်ပြောင်းရွှေ့သည့်နေ့ဖြစ်သည်။ စုစုပေါင်း ဓာတ်လှေကားအဆောက်အဦး ရှစ်လုံးနှင့် အိမ်ခြေပေါင်း ၂,၀၀၀ ကျော်ရှိသည်။

အိမ်ရာရဲ့ ခြံတံခါးဝတွင် အလွန်စည်ကားနေ၏။

လူအများအပြားက သူတို့ရဲ့ ပစ္စည်းများဖြင့် ပျော်ရွှင်စွာ ဝင်လာခဲ့ကြသည်။

ပြောင်းရွှေ့ရေးကုမ္ပဏီကားတစ်စီးက ပရိဘောဂ ပစ္စည်းများအပြည့် တင်ဆောင်လာပြီး ဖြည်းဖြည်းချင်း ဝင်ရောက်လာသည်။

ဒီလို လှုပ်ရှားမှု့ကြီးက ဘေးပတ်ဝန်းကျင်မှ လူအများရဲ့ စိတ်ဝင်စားမှု့ကို ဖြစ်စေခဲ့သည်။ ဘူတာရုံက ဝန်ထမ်းအိမ်ရာရဲ့ ဝင်ပေါက်နှင့် သိပ်မဝေးတာကြောင့်ပင် ဖြစ်သည်။

“ဒါ ဘယ်လို အိမ်ရာမျိုးလဲ...ဘာလို့ဒီလောက်လူတွေ ပြောင်းရွှေ့လာကြတာလဲ...”

“ဟုတ်တယ်.. တအားစည်နေတာပဲ...”

လူအများစုက ဟွာဟိုင်း အပြည်ပြည်ဆိုင်ရာဝန်ထမ်းအိမ်ရာရဲ့ အခြေအနေကို မသိကြပေမဲ့ အချို့ သိသူများလည်းရှိသည်။

“ဒါ ဟွာဟိုင်းအပြည်ပြည်ဆိုင်ရာ အဆင့်မြင့်ရက်ကွက်တစ်ခုဖြစ်ပြီး Universal က ဝန်ထမ်းတွေအတွက် ဆောက်ပေးထားတဲ့ အိမ်ရာလည်း ဖြစ်တယ်”

“ဝန်ထမ်းအိမ်ရာလား..”

လူအများအပြား အနည်းငယ်အံ့အားသင့်သွားကြပြီး တစ်စုံတစ်ဦးက မေးလိုက်၏။

“ဒါဆို ဒီမှာနေတဲ့ ဝန်ထမ်းတွေအားလုံးက Universal ရဲ့ ဝန်ထမ်းတွေလား...”

“ဟုတ်တယ်.. သူတို့အားလုံးဟာ Universal က ဝန်ထမ်းတွေပဲ..ဝန်ထမ်းတွေကို အိမ်တွေ ခွဲဝေပေးထားတယ်လေ... အနိမ့်ဆုံး အကျယ်အဝန်းက စတုရန်းမီတာ ၉၀ ကျော်ရှိတဲ့ အခန်းဖြစ်ပြီး ပရိဘောဂ အပြည့်အစုံပါတယ်...”

“အိုး.. ဘုရားရေ...”

ဘေးပတ်ပတ်လည်တွင် အံ့အားသင့်သံများ ထွက်ပေါ်လာပြီးနောက် လူတိုင်းက အလွန်မနာလို ဖြစ်သွားကြသည်။

ဟွာဟိုင်းမြို့က ဘယ်လိုနေရာမျိုးလဲ။ လူဦးရေ သန်း ၂၀ ကျော်နေထိုင်တဲ့ နိုင်ငံတကာမြို့တော်ကြီးတစ်ခုဖြစ်ပြီး မြေတစ်လက်မတိုင်းက တန်ဖိုးကြီးပေသည်။ ဒီလို ဘူတာရုံအနီးနားက ရပ်ကွက်တစ်ခုရဲ့ ပျမ်းမျှစျေးနှုန်းက တစ်စတုရန်းမီတာကို ဒေါ်လာ တစ်သိန်းမဟုတ်ရင် အနည်းဆုံး ဒေါ်လာ ခုနစ်သောင်း၊ ရှစ်သောင်းလောက် ရှိသည်။

ဟွာဟိုင်းမြို့တွင် အိမ်တစ်လုံးပိုင်ဆိုင်ဖို့ဆိုတာက. ဟွာဟိုင်းမြို့က လူအများစုရဲ့ အိပ်မက်တစ်ခုလည်း ဖြစ်သည်။

Universal က ဝန်ထမ်းတွေကို တိုက်ရိုက်အိမ်တွေ ခွဲဝေပေးခဲ့ပြီး အနိမ့်ဆုံးကလည်း စတုရန်းမီတာ ၉၀ ကျော်ရှိတဲ့ အခန်းဖြစ်ကာ ပရိဘောဂ အပြည့်အစုံ ပြင်ဆင်ပေးခဲ့သည်။

"အံ့မခန်းပဲ..."

"ဒါက အရမ်းမိုက်တဲ့ လုပ်ရပ်ပဲ..."

လူအများအပြားက ဟွာဟိုင်း အပြည်ပြည်ဆိုင်ရာ ဝန်ထမ်း ရပ်ကွက်၏ ဝင်ပေါက်ကို မနာလိုစွာ ကြည့်ပြီး စိတ်ထဲကနေ တွေးလိုက်ကြသည်။

“ Universal က လူသားချင်းစာနာစိတ် ရှိတာပဲ ..”

“ငါသာ Universal ရဲ့ ဝန်ထမ်းတစ်ဦးဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ...”

တချို့ကလည်း

“ Universal ကသာ နောက်တစ်ခါ ဝန်ထမ်းထပ်ခေါ်မယ်ဆိုရင် ငါသေချာပေါက် လျှောက်ကြည့်မယ်....ငါသာ အောင်မြင်မယ်ဆိုရင် ဟွာဟိုင်းမှာ နေနိုင်ပြီပဲ....” ဟူ၍ တွေးနေကြပေသည်။

All Chapters