ပျော်ရွှင်စွာ ပြောင်းရွေ့ကြခြင်း
Vol. 20 Ch. 300
ချိုင်ကျန်းရှု့ ဆိုသူက Universal ရဲ့ ဝန်ထမ်းတစ်ဦးဖြစ်ပြီး တစ်နှစ်နီးပါးခန့် အလုပ်လုပ်နေသူတစ်ယောက်ဖြစ်သည်။
ဘွဲ့တစ်ခုတည်းသာရထားပေမဲ့ ကုမ္ပဏီက သူ့အတွက် အိမ်တစ်လုံး ခွဲဝေပေးတာကြောင့် သူ အလွန်ကျေနပ်နေမိသည်။
အိမ်ငှားခန်းထဲတွင် သူ့ချစ်သူက ပစ္စည်းများ ထုပ်ပိုးနေစဥ် မယုံနိုင်စွာ မေးလေ၏။
“ချစ် ရှင် ရတဲ့အိမ်က တကယ်ပဲ စတုရန်းမီတာ ၉၀ ကျော်ရှိတာလား.. ဒါဇင်အနည်းငယ်ပဲရှိတဲ့ တိုက်ခန်းမျိုး မဟုတ်ပါဘူးနော်...”
“ရှင်းရှင်း ..မင်းကိုယ့်ကို အကြိမ်ကြိမ်မေးပြီးပြီ...အမှန်ပါပဲကွာ.. အဆင့်မြင့်ပြင်ဆင်ထားတဲ့ စတုရန်းမီတာ ၉၀ ကျော် ရှိတဲ့ နေရာမှာ ကိုယ်က မှာ အခန်းနံပါတ် ၁၆၀၅ ရတယ်...”
ချိုင်ကျန်းရူ့ သေချာစွာ ပြန်ဖြေလိုက်သည်။
ဟူရှင်းရှင်းက မယုံံကြည်နိုင်ပဲ ဖြစ်နေ၏။
“ကျွန်မ မယုံနိုင်သေးလို့ပါ..ကုမ္ပဏီတစ်ခုက ဝန်ထမ်းတွေကို ဒီလိုကောင်းကောင်းမွန်မွန် ဆက်ဆံပြီး ဒီလိုအိမ်ကြီးပေးတာက မဖြစ်နိုင်ဘူးလို့ထင်တယ်...”
ချိုင်ကျန်းရှု့ ဂုဏ်ယူစွာဖြင့် ပြန်ဖြေလိုက်သည်။
“ကိုယ်တို့ကုမ္ပဏီက ဝန်ထမ်းတွေကို ဒီလိုမျိုးကောင်းကောင်းမွန်မွန် ဆက်ဆံတာပါ... ကိုယ်ဒီ ကုမ္ပဏီကို ဝင်ရောက်ခွင့်ရလို့ အရမ်းကံကောင်းတယ်လို့ ထင်တယ်.. အခုဆိုရင် ဘွဲ့ရတွေတောင် ကိုယ်တို့ ကုမ္ပဏီမှာဝင်ဖို့ ပိုခက်လာပြီ....”
သူတို့နှစ်ဦး ပစ္စည်းများကို အမြန်ထုပ်ပိုးလိုက်ပေမဲ့ ပစ္စည်းများစွာမရှိပေ။ ကဒ်ထူပုံးကြီးနှစ်ပုံးနှင့် အိတ်ကြီးသုံးအိတ်သာ ရှိသည်။
ထိုပစ္စည်းများကို အောက်ထပ်ကိုရွှေ့ရန် ချိုင်ကျန်းရှု့ သုံးလေးခါလောက် သွားလာရသည်။ ပစ္စည်းသယ်ဆောင်ဖို့အတွက် သူ အထူးတက္ကစီတစ်စီး ငှားလိုက်သည်။
ပစ္စည်းများကို ကားပေါ်တင်လိုက်ပြီးနောက် အိမ်ငှားခန်းကို ကြည့်လိုက်ကာ ချိုင်ကျန်းရူ့ စိတ်ထဲကနေ ပျော်ရွှင်စွာ တွေးလိုက်သည်။
“ဒီနေရာကိုတော့... ငါပြန်လာစရာမလိုတော့ဘူး”
“ဒီ ငှားနေတဲ့ အခန်းက ပတ်ဝန်းကျင်လည်း မကောင်းဘူး.. နေရာလည်းကျဥ်းတယ်.. အငှားခကလည်း ဈေးကြီးတယ်... ငါတော့ ဒီနေရာကိုရိုးသွားပြီ..”
ဟွာဟိုင်းမြို့ရဲ့ အိမ်ခြံမြေစျေးနှုန်းများက ဈေးကြီးသဖြင့် ချိုင်ကျန်းရှု့ ငှားရမ်းထားတဲ့ အခန်းမှာ ဈေးတော့မပေါပေ။
အိမ်သာနဲ့ ရေချိုးခန်းတွဲရက် ပါတဲ့ အခန်းတစ်ခန်းကို တစ်လကို ယွမ် ၁,၈၀၀ ပေးရသည်။
ကုမ္ပဏီပိုင်အိမ်ကတော့ အငှားခ၊ အိမ်ခြံမြေထိန်းသိမ်းခတွေ ပေးစရာမလိုဘဲ ရေနဲ့လျှပ်စစ်မီတာခ အနည်းငယ်သာ ပေးဆောင်ရန်သာ လိုအပ်သည်။
အဓိကကတော့ စတုရန်းမီတာ ၉၀ ကျော်ရှိတဲ့ အခန်းကြီးနှစ်ခန်း၊ အဆင့်မြင့်ပြင်ဆင်မှု့များနဲ့ ပရိဘောဂတွေပါ ပြည့်စုံအောင် ပါရှိတာပဲ ဖြစ်သည်။
သူငှားထားတဲ့အိမ်က Universal ဝန်ထမ်းအိမ်ရာနဲ့ အနည်းငယ်ဝေးတာကြောင့် တက္ကစီမောင်းသူက မိနစ် ၄၀ ကြာအောင် မောင်းခဲ့ရသည်။
Universal ဝန်ထမ်းအိမ်ရာ၏ ကားပါကင်ထဲ ဝင်ရောက်ပြီး အဆောက်အဦးနံပါတ် ၅၊ အခန်းနံပါတ် ၁ ရဲ့ ဝင်ပေါက်တွင် ရပ်လိုက်တဲ့အခါ တက္ကစီမောင်းသူကပင် မနာလိုဖြစ်သွားပြီး ပြောလိုက်သည်။
“ညီလေး...မင်းရဲ့ကုမ္ပဏီက ဝန်ထမ်းတွေအတွက် ဒီလိုကောင်းတဲ့အိမ်မျိုး ဆောက်ပေးတာ အရမ်းကို ကြီးကျယ် ခမ်းနားတာပဲကွာ...”
ချိုင်ကျန်းရှု့ ဂုဏ်ယူစွာပြုံးပြလိုက်ပြီး သူ ဂုဏ်ယူမှု့များ ပိုခံစားရသည်။ ထို့နောက် ပစ္စည်းများကို ဓာတ်လှေကားထဲ သယ်ကာ သူ့ချစ်သူနှင့်အတူ ၁၆ ထပ်သို့ တက်လာခဲ့သည်။
နှစ်ဦးသား ပစ္စည်းများကို အခန်းနံပါတ် ၁၆၀၅ ၏ တံခါးဝကို ရွှေ့လိုက်ကြပြီး ဟူရှင်းရှင်းက စိတ်လူပ်ရှားစွာ မေးလိုက်သည်။
“ချစ်... ဒါက ကျွန်မတို့ရဲ့အိမ်အသစ်လား....ကျွန်မတို့ ဒီမှာ နေရမှာပေါ့....”
“ဟုတ်တယ်...ဒီနေ့ကစပြီး ကိုယ်တို့ဒီမှာနေကြရတော့မယ်...”
ချိုင်ကျန်းရှု့ ဝမ်းသာအားရပြောပြီး သော့ကိုထုတ်ကာ တံခါးဖွင့်လိုက်သည်။
တံခါးဖွင့်လိုက်တာနဲ့ ချိုင်ကျန်းရှု့ရဲ့ မျက်လုံးများ က အရောင်တောက်လာသည်။ သူ အရင်ကတစ်ခါ လာလည်ဖူးပေမဲ့ ယခုတစ်ကြိမ်တွင် အခန်းထဲရှိ အခြေအနေကို သူ ပိုကြည့်လေ ပိုကြိုက်လေ ပိုလှလေဟု ခံစားနေရသည်။
ဟူရှင်းရှင်းက ဝမ်းသာအားရအော်ဟစ်ပြီး တံခါးဝက ပစ္စည်းများကို ဂရုမစိုက်တော့ဘဲ ချက်ချင်းအထဲကို ပြေးဝင်သွားသည်။
“ဝိုး ဝိုး ဝိုး အရမ်းမိုက်တာပဲ...”
သူမက ပျော်ရွှင်စွာ ခုန်ပေါက်ပြီး အော်ဟစ်နေသည်။
ကောင်းမွန်စွာပြင်ဆင်ထားတဲ့ အိမ် ဒီဇိုင်းမှာ အလွန်လှပပြီး ပြင်ဆင်မှု့ အရည်အသွေးလည်း အဆင့်မြင့်သည်။
ပြတင်းပေါက်များက ပြောင်လက်သန့်ရှင်းနေသည်။
ပရိဘောဂများနှင့် အိမ်သုံးပစ္စည်းများမှာလည်း အပြည့်အစုံနီးပါး ပါရှိသည်။ ဆိုဖာ၊ ကော်ဖီစားပွဲ၊ ထမင်းစားပွဲ၊ ရုပ်မြင်သံကြား၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်တိုလည်း ပါရှိသည်။
“ချစ်..ဒီဝရံတာက အရမ်းကျယ်တာပဲ အလင်းရောင်လည်း အပြည့်ရတယ်..ဒီနေ့ကစပြီး ကျွန်မ နေပူစာလှုံလို့ရပြီ...”
ချိုင်ကျန်းရှု့က တံခါးဝမှ ပစ္စည်းများကို သယ်လာ
ပြီး ပြုံးကာ ပြန်ဖြေလိုက်၏။
“ဟုတ်တယ်..ပြဿနာမရှိဘူး”
လက်ချင်းချိတ်လျက် နှစ်ဦးသား အိပ်ခန်းထဲ ဝင်ကြည့်လိုက်သည်။ အိပ်ခန်းတစ်ခန်းစီတွင် ၁.၅ မီတာ အကျယ်ရှိသော ခုတင်တစ်လုံးနှင့် ဗီရိုကြီးတစ်လုံးစီလည်း ရှိသည်။
ရေချိုးခန်းထဲ ဝင်ကြည့်တဲ့အခါ ရေချိုးခန်းက အလွန်ကြီးပြီး အလယ်တွင် ကန့်ထားသဖြင့် အတွင်းပိုင်းနဲ့ အပြင်ပိုင်းဆိုပြီး အပိုင်းနှစ်ပိုင်း ခွဲထားတာကို တွေ့လိုက်ရသည်။
“ချစ်... ငါအိမ်မက်ထဲ ရောက်နေသလိုပဲ...ငါတို့ ဟွာဟိုင်းမြို့မှာ ဒီလိုကောင်းတဲ့အိမ်မျိုး မှာတကယ်နေရပြီ...”
ဟူရှင်းရှင်း မျက်ရည်များဝဲကာ ဝမ်းသာအားရပြောလိုက်သည်။
ချိုင်ကျန်းရှု့ ဝမ်းသာအားရ ပြန်ဖြေလိုက်၏။
“ချစ်.. ငါပိုကြိုးစားပါ့မယ်...ကြီးကြပ်ရေးမှူးဖြစ်ဖို့ ကြိုးစားမယ်... အဲဒါဆို ဒီအိမ်ထက် ပိုကြီးတဲ့ စတုရန်းမီတာ ၁၂၀ ကျော်ရှိတဲ့ အိမ်မှာ ငါတို့ နေလို့ရပြီ....”
“ကောင်းပြီ... ကျွန်မ ရှင့်ကိုယုံကြည်တယ်...”
ဟူရှင်းရှင်း ပြန်ဖြေလိုက်သည်။
ချစ်သူကို ညင်သာစွာပွေ့ဖက်လိုက်ပြီး ချိုင်ကျန်းရူ့ တိုးတိုးလေး မေးလိုက်သည်။
“ရှင်းရှင်း...မင်း ကိုယ့်ကို လက်ထပ်မလား...”
ပျော်ရွှင်မှု့များ ဝန်းရံနေတယ်လို့ ဟူရှင်းရှင်း ခံစားလိုက်ရပြီး မျက်နှာလေး နီရဲကာ ခေါင်းညိတ်လိုက်သည်။
“ဒါပေါ့...ကောင်းတဲ့နေ့တစ်နေ့ကို ရွေးလိုက်ပြီး ရက်အနည်းငယ်အတွင်း လက်မှတ်သွားထိုးကြရအောင်....”
......
ဝန်ထမ်းအိမ်ရာ၏ အဆောက်အအုံ နံပါတ် 1 ..အခန်းနံပါတ် ၂၈၀၁ တွင်....
ကျိန့်ကန်း၏ ဇနီးသည်က ကလေးနဲ့အတူ အိမ်အသစ်ထဲတွင်ရှိနေပြီး သူမက ရှေ့မှ အရာအားလုံးကို ကြည့်နေစဥ် အိမ်မက်မက်နေသလို ခံစားနေရသည်။
လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက သူမ၏ ခင်ပွန်းမှာ ရပ်ကွက်ထဲက လုံခြုံရေးအစောင့်အဖြစ် အလုပ်လုပ်နေဆဲဖြစ်ပြီး တစ်လကို ယွမ် ၄,၀၀၀ ကျော်သာရသည်။ အခုတော့ စတုရန်းမီတာ ၁၄၀ ကျော်ရှိတဲ့ အိမ်ကြီးမှာနေနေရပြီး ဘဏ်ကဒ်ထဲမှာလည်း သန်းပေါင်းများစွာရှိနေသည်။
" တီ..တီ...တီ..."
ထိုအချိန်တွင် ဖုန်းမြည်လာသည်။
နိုင်ငံခြားကနေ ကျိန့်ကန်း ဖုန်းခေါ်လိုက်ပြီး မေးလိုက်သည်။
“ဇနီးလေး .. အိမ်အသစ်ကို ပြောင်းပြီးပြီလား...”
“ဟုတ်ကဲ့..ပြောင်းပြီးပြီ...မစ္စတာလျူက... လူအနည်းငယ်ကို အကူအညီပေးဖို့ စီစဉ်ပေးခဲ့တာဆိုတော့ ...ကျွန်မ ဘာမှ လုပ်စရာမလိုခဲ့ပါဘူး”
ကျိန့်ကန်း ပျော်ရွှင်စွာ ပြန်ဖြေလိုက်၏။
“ဇနီးလေး... မစ္စတာလျူကို ကိုယ့်အစား ကျေးဇူးတင်စကား ပြောလိုက်ပါအုံး ..."
“ဟုတ်ကဲ့..ယောက်ျား..မစ္စတာလျူက ကျွန်မတို့ကို ဘာမှမပြောခဲ့ဘူး....သူက အခုတင် ကျွန်မ ဆီကို လာလည်သွားပြီး ကျန်းမာရေးကောင်းလား မေးသွားပြီးတော့ ကလေးအတွက်လည်း ပစ္စည်းတွေအများကြီး ဝယ်လာပေးတယ်...”
သူဋေးကို ကျေးဇူးတင်စိတ်များစွာ ကျိန့်ကန်း ခံစားရပြီး သူ့ဇနီးသည်အား မစ္စတာလျူကို ကျေးဇူးတင်ရန် ထပ်ခါတလဲလဲ မှာလိုက်သည်။
ထိုသို့ပြောပြီးနောက် ကျိန့်ကန်းက ပြောလိုက်၏။
“ဇနီးလေး...ကိုယ် ငွေ ၁၀ သန်းကို မင်းရဲ့ဘဏ်ကဒ်ထဲ လွှဲပေးလိုက်ပြီ...စစ်ဆေးကြည့်ပါအုံး..”
“ယောက်ျား...၁၀ သန်းတောင် ဟုတ်လား... ဘာလို့ဒီလောက်များနေရတာလဲ...”
“ကိုယ် ...ဒီတစ်ခါ မစ္စတာလျူနဲ့ ...နိုင်ငံခြားကို အလုပ်တစ်ခုလုပ်ဖို့သွားခဲ့တာ... သူဋေးက ဆုကြေးငွေပေးထားတာပါ...” ကျိန့်ကန်း ရှင်ပြလိုက်၏။
“ဆုကြေးငွေလား...”
ကျိန့်ကန်း၏ ဇနီးသည်က ဒီလိုဆုကြေးငွေအများကြီးရတာကို ပျော်ရွှင်ခဲ့ပေမဲ့ ကျိန့်ကန်းကို ပိုပြီးတော့ စိုးရိမ်ပူပန်နေမိသည်။
“ယောက်ျား...ရှင် ဘယ်တော့ပြန်လာပြီး ကျွန်မတို့သားအမိကို လာတွေ့နိုင်မှာလဲ..ကျွန်မတို့ ရှင့်ကို အရမ်းလွမ်းနေပြီ.....”
“သိပ်မကြာပါဘူး..အများဆုံး တစ်လပဲ.. ပြီးတာနဲ့ ပြန်လာပါ့မယ်....”
ထိုစကားကိုကြားတော့ ကျိန့်ကန်းဇနီးသည်က စိတ်အေးသွားသည်။ တစ်လဆိုတာ သိပ်မကြာလှပေ။ တခြားသူတွေတောင် အလုပ်ကိစ္စနဲ့ ခရီးထွက်ရင်တစ်လကျော်တောင် ကြာတတ်သည်။
ဝံပုလွေကြေးစားအဖွဲ့ က အထူးလူများကို စုဆောင်းခဲ့သည်။ မကြာသေးမီက အထူးလူသုံးဦး ထပ်မံပါဝင်ခဲ့သဖြင့် လက်ရှိအဖွဲ့ဝင်ဦးရေက ကျိန့်ကန်းနဲ့ ဟီချန်းတို့အပါအဝင်ဆို လူ ၁၀ ဦးအထိ ရောက်ရှိသွားပြီ ဖြစ်သည်။
........
Universal ဝန်ထမ်းအိမ်ရာတွင်....
လျူယောင် ဒီနေရာ၌ရှိနေပြီး ဝန်ထမ်းများ ပျော်ရွှင်စွာ အိမ်အသစ်သို့ ပြောင်းရွှေ့နေတာကို ကြည့်နေကာ လူတိုင်းပျော်ရွှင်နေတာကို ခံစားရင်း အမြဲပြုံးနေခဲ့သည်။
လျူယောင် ဝန်ထမ်းအချို့ရဲ့ အိမ်အသစ်ကိုလည်း ဝင်ရောက်ကြည့်ရှုခဲ့သည်။ ဥပမာအားဖြင့် သူ ကျိန့်ကန်းရဲ့ အိမ်အသစ်ကို အခုလေးတင်သွားခဲ့ပြီး သူ့တို့သားအတွက် လက်ဆောင်များ ယူဆောင်လာခဲ့သည်။
လျူယေညင် ပတ်ပတ်လည်ကို ကြည့်ရှုခဲ့ပြီးနောက် ကျိုးယန် ဟူဂျွန်းရှီတို့နဲ့အတူ Universal ၏ မိုးမျှော်ထပ် အဆောက်အုံနေရာသို့ ရောက်လာခဲ့သည်။
ပထမအဆင့် အဆောက်အဦးကို အုတ်တံတိုင်းတစ်ခုဖြင့် ခြားထားသည်။
ဒုတိယအဆင့်က ပိုမိုကျယ်ဝန်းပြီး မြေညှိခြင်းလုပ်ငန်းများ ပြီးစီးနေပြီဖြစ်သည်။ ဧက နှစ်ရာ၊ သုံးရာခန့်ရှိတဲ့ မြေပြန့်ပေါ်တွင် အင်ဂျင်နီယာသုံးဘက်ဖိုးကားအချို့ ရပထားတာကို လျူယောင် တွေ့ရသည်။
ဒီနေရာရဲ့ အခြေအနေကို ကြည့်ပြီးနောက် လျူယောင် မေးလိုက်သည်။
“ကျိုးယန် ..ဟူဂျွန်းရှီ ဒုတိယအဆင့်ကို မင်းတို့ ..ဘယ်လိုဆောက်လုပ်ဖို့ စီစဥ်ထားလဲ...”