ပြန်ပေးဆွဲတဲ့ လူတွေရဲ့ အချက် အလက် တွေကို သိရပြီ
Vol. 20 Ch. 288
လျူယောင်တို့ သုံးယောက်သား ဟွာဟိုင်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဒူဘိုင်းသို့ တိုက်ရိုက်ပျံသန်းပြီးနောက် အမ်နိုင်ရဲ့ မြို့တော် မတ်စ်ကတ်ကို ဆက်ပြီး ပြောင်းစီးလိုက်သည်။
လေဆိပ်မှ ထွက်လာတဲ့အခါ ဟီချန်းက ပြော လိုက်သည်။
“သူဋေး ဒီမြို့က တော်တော်ကောင်းပုံရတယ်... စစ်ပွဲတွေနဲ့ ပြည့်နေပြီး ဆင်းရဲသားရက်ကွက် တွေ နေရာတိုင်းမှာ ရှိနေမယ်လို့ ကျွန်တော် ထင်ထားတာ....”
လျူယောင် ပြုံးပြီး ပြန်ဖြေလိုက်၏။
ဒါက အရှေ့အလယ်ပိုင်းက အရမ်းချမ်းသာတဲ့ နိုင်ငံလေ... ဒီ အမ် နိုင်ငံက အရမ်းချမ်းသာ တဲ့နိုင်ငံပဲ..တစ်ဦးချင်းဝင်ငွေက တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁၅,၀၀၀ ကျော်ရှိတယ် ဒါက ငါတို့နိုင်ငံထက် အများကြီး ပိုများ တယ်....”
သူတို့သုံးယောက် လေဆိပ်မှ ထွက်ခွာ လာတဲ့အခါ လျူယောင် တက္ကစီတစ်စီးကို တားလိုက်ပြီး အင်္ဂလိပ်လို ပြောလိုက်သည်။
“အကောင်းဆုံး ဟိုတယ်ကို ပို့ပေးပါ..”
ကားသမားက အနည်းငယ် အံ့ဩသွားပြီး စိတ်ထဲကနေ တွေးလိုက်၏။
“ဒီလူသုံးယောက်က ချမ်းသာတဲ့ လူတွေများလ ား”
သူက လျူယောင်တို့သုံးယောက်ကို ဒီမြို့မှာ ရှိတဲ့ အကောင်းဆုံး ကြယ်ငါးပွင့်ဟိုတယ်ကို ပို့ဆောင်ပေးလိုက်သည်။
လျူယောင်က စုစုပေါင်း အခန်းသုံးခန်း ဖွင့်လိုက်သည်။ အခန်းဖွင့်ပြီးနောက် စားသောက်ကာ သူတို့ အနားယူလိုက်ကြသည်။
နောက်လုပ်ရမဲ့အရာက ထောက်လှမ်း ရေးပဲ ဖြစ်သည်။ ယူနီဗာဆယ်မှ သင်္ဘောသားများကို ဘယ်သူ ပြန်ပေးဆွဲသွားလဲဆိုတာကို ရှာဖွေရမည်။
သတင်းအချက်အလက်ကို ဘယ်ကနေရှာရ မလဲဆိုတာ လျူယောင့်တွင် နည်းလမ်းရှိ တာ ကြောင့် အမ်ရဲ့ ရဲဌာနကို သူ တိုက်ရိုက် ဆက် သွယ် လိုက်သည်။
လျူယောင်က Universalရဲ့ သူဋေး ဖြစ်တာကို ကြားတဲ့အခါ ရဲစခန်းက အကြီးတန်း အရာရှိ တစ်ဦးကို စေလွှတ်ပြီး လက်ခံတွေ့ဆုံခဲ့သည်။ သူတို့ အနည်းငယ်မျှပင် ပေါ့ဆရဲခြင်းမရှိပေ။
“မစ္စတာလျူ... ခင်ဗျားရဲ့ သင်္ဘောသားတွေ ကျွန်တော်တို့နယ်မြေမှာ ပြန်ပေးဆွဲ ခံလိုက်ရ တာကို ကျွန်တော်တို့ တောင်းပန် ပါတယ်. .. အမူ့ဖြစ်ပြီးနောက် ကျွန်တော်တို့ စုံစမ်းစစ် ဆေးမှုများစွာ လုပ်ဆောင်ခဲ့ပါတယ်...ဒါက ရုဒ်လက်နက်ကိုင်အဖွဲ့ဖြစ်ကြောင်း ကျွန် တော်တို့ ကနဦးကောက် ချက်ချခဲ့ပါ တယ်...”
ထို အရာရှိက ပြန်ပေးဆွဲမှု့ရဲ့ အခြေအနေများ ကို အတိုချုပ် မိတ်ဆက်ပေးလိုက်သည်။
လျူယောင် ခေါင်းညိတ်ပြကာ မေးလိုက်၏။
“ဒီပြန်ပေးဆွဲမှု့ရဲ့ ကြိုးကိုင်သူတွေကို ခဗျားတို့ ဖမ်းဆီးပြီး တရားစီရင်နိုင်မလား”
အရာရှိက တောင်းပန်တဲ့မျက်နှာနဲ့ ရှက်ရွံ့စွာ ပြန်ဖြေလိုက်၏။
“ကျွန်တော်တို့ ဒါကိုတော့ မလုပ်နိုင်ပါဘူး.. ရုဒ် လက်နက်ကိုင်အဖွဲ့က အင်အားကြီးတဲ့ လက် နက်ကိုင်အဖွဲ့အစည်းပဲ...သူတို့က ဝိုင်အမ်နယ် မြေမှာ အချိန်အတော်ကြာ နေရာယူထားပြီး ဝိုင်အမ်မြို့ကြီးအချို့ကိုတောင် ထိန်းချုပ် ထားတယ်...”
မျှော်လင့်ချက်မထားဘဲ လျူယောင် ပေါ့ပေါ့ ပါးပါးသာ မေးလိုက်ခြင်းဖြစ်သည်။
ဒါပေမဲ့ အမ်နိုင်ငံ၏ ရဲများက ရုဒ်လက်နက် ကိုင် အဖွဲ့နှင့် ပတ်သက်ပြီး ဘာမှမလုပ်နိုင်ရင် တောင် ထိုအဖွဲ့နဲ့ ပတ်သက်တဲ့ သတင်းအချက် အလက် အချို့ကို ပေးနိုင်ပေသည်။
“ခင်ဗျားတို့ဘက်က ရုဒ်လက်နက်ကိုင်အဖွဲ့နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်အချို့ကို ပေးနိုင်မလား...ဒီပြန်ပေးဆွဲမှု့ကို ဘယ်ရုဒ် လက်နက်ကိုင်အဖွဲ့ရဲ့ ခေါင်းဆောင်က စီစဥ်ပြီး လုပ်ခဲ့တယ်ဆိုတာ ပြောပြပေးနိုင်ရင် ပိုကောင်းတယ်...”
ရဲအရာရှိက ခေါင်းညိတ် သဘောတူလိုက်၏။
“ဒီကိစ္စက ပြဿနာမရှိပါဘူး ကျွန်တော်တို့ကို အချိန်နည်းနည်းပေးပါ သက်ဆိုင်ရာ သတင်းအချက်အလက်တွေကို ပို့ပေးဖို့ လူတစ်ယောက်ကို စေလွှတ်လိုက်ပါ့မယ်..."
လျူယောင်တို့သုံးယောက် ထိုနေရာတွင် ကြာ ကြာ မနေဘဲ သူတို့တည်းခိုနေတဲ့ ဟိုတယ်ကို ပြန်လာခဲ့ကြသည်။
နာရီအနည်းငယ်ကြာပြီးနောက် အမ် နိုင်ငံ ၏ ရဲဌာနမှ ထောက်လှမ်းရေး သတင်းအချက် အလက်များ မရောက်သေးပေမဲ့ ကျိုးယန်က ဖုန်းခေါ်လာခဲ့သည်။
“သူဋေး ဟိုဘက်က ဖုန်းထပ်ဆက်တယ် နောက်ဆုံး ၂ နာရီပဲ အချိန်ပေးမယ်တဲ့… အမေရိကန်ဒေါ်လာ သန်း ၅၀ ကို သူတို့ သတ်မှတ်ထားတဲ့ အကောင့်ထဲကို မလွှဲပေးရင် ကျွန်တော်တို့ရဲ့ သင်္ဘောသားနှစ်ယောက်ကို သတ်ပစ်မယ်တဲ့...”
လျူယောင် ခဏ စဥ်းစားကာ ညွှန်ကြားလိုက် သည်။
“ကောင်းပြီ...သူတို့ကို ပိုက်ဆံပေးပြီး သင်္ဘောသားနှစ်ယောက်ကို စိုင်းမိုင်လီကို ပြန်ပို့ခိုင်းလိုက်ပါ...သင်္ဘောသားနှစ်ယောက်ရဲ့ ဘေးကင်းလုံခြုံမှု့ကို အာမခံပေးဖို့ မင်း သေချာ တောင်းဆိုလိုက်ပါ...”
“ဟုတ်ကဲ့ပါ သူဋေး.. သူဋေးရဲ့ အမိန့်အတိုင်း လုပ်လိုက်ပါ့မယ်..”
ကျိူးယန်က ပြန်ဖြေလိုက်သည်။
ဖုန်းဖြေပြီးနောက် လျူယောင် စိတ်ထဲကနေ တွေးလိုက်သည်။
“အမေရိကန်ဒေါ်လာ သန်း ၅၀ က အသေးအ မွှားကိစ္စပဲ ... ငါတို့ရဲ့ သင်္ဘောသားနှစ်ယောက် ဘေးကင်းနေသရွေ့ ငါ စိုးရိမ်စရာမရှိဘူး... အေးအေးဆေးဆေး ကိစ္စကြီး တစ်ခုကို လုပ်နိုင်တယ်...”
ညနေဘက်တွင်တော့ အမ် နိုင်ငံ၏ ရဲများက ထောက်လှမ်းရေးစာရွက်စာတမ်းများနဲ့အတူ နောက်ဆုံးတွင် ရောက်လာခဲ့သည်။ စာရွက် စာတမ်းများကို လက်ခံရရှိပြီးနောက် လျူ ယောင် အခန်းထဲတွင် ဂရုတစိုက် ကြည့်လိုက်သည်။
သတင်းအချက်အလက်အားလုံးကို အင်္ဂလိပ် ဘာသာဖြင့် ရေးထားပေမဲ့ လျူယောင်က နားလည်သည်။ ဖတ်ရှုပြီးနောက် သူက ရုဒ် လက်နက်ကိုင်အဖွဲ့နှင့် ပတ်သက်ပြီး အချက် အလက် အချို့ ကို ရရှိခဲ့သည်။
သူတို့တွင် သောင်းနှင့်ချီတဲ့ လက်နက်ကိုင်ဝန် ထမ်းများရှိပြီး ကြီးမားတဲ့ လက်နက်ကိုင် အဖွဲ့ အစည်းတစ်ခုပဲ ဖြစ်သည်။ နျူကလီးယား လက်နက်များမှလွဲပြီး သူတို့တွင် ပုံမှန်လက်နက် များအားလုံးနီးပါး ရှိကြသည်။
ဥပမာအားဖြင့် အမြောက်များ၊ ဒုံးပျံများ၊ လက်နက်ကိုင်ရဟတ်ယာဥ်များ၊ တင့်ကားများ စသဖြင့်ဖြစ်သည်။ သူတို့က ဝိုင်အမ်နယ် မြေ တွင်သာ အဓိကလုပ် ဆောင်ကြပြီးတစ်ခါတစ်ရံ အိမ်နီးချင်းနိုင်ငံများကိုလည်း သွားကြသည်။ ဥပမာအားဖြင့် ဒီတစ်ကြိမ်တွင် အမ်နယ်မြေကို သွားပြီး Universal ရဲ့ သင်္ဘောသားနှစ်ဦးကို ပြန်ပေးဆွဲခဲ့ သလိုမျိုးပင်။
ရုဒ်လက်နက်ကိုင်အဖွဲ့ရဲ့ အသေးစိတ် သတင်း အချက် အလက်များအပြင် ရဲများက ပြန် ပေး ဆွဲမှု့ အဓိက တရားခံမှာ ရုဒ်လက် နက်ကိုင် အဖွဲ့ မှ ခေါင်းဆောင် အဲဖရက်ဆိုသူရဲ့ လက်အောက် ငယ်သားတစ်ဦးမှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်တယ် လို့ ကောက်ချက်ချခဲ့သည်။
လျူယောင် နောက်ဆုံးတွင် သူ့ရဲ့ သင်္ဘော သားနှစ်ဦးကို ဘယ်သူ ပြန်ပေးဆွဲသွားတာကို သိသွားခဲ့သည်။
“ဟမ့် ..ဒီရုဒ်လက်နက်ကိုင်အဖွဲ့နဲ့ ခဏလောက် တွေ့ဆုံပြီး...ငါ ...သူတို့ကို အကြွေးဆပ်ခိုင်း ရမယ်”
“ ဒီလူတွေ.. ငါ့ဆီက အမေရိကန်ဒေါ်လာ သန်း ၅၀ အတင်းအကြပ်တောင်းခဲ့တယ်... ဒီပိုက်ဆံ က ပူလောင်တယ် ဆိုတာ သိစေရမယ်… ...ငါသူတို့ကို နှစ်ဆ ပြန်အန်ထွက်အောင် လုပ်ပစ်မယ်...”
လျူယောင် ဒီသတင်းအချက်အလက်များကို ကျိန့်ကန်းနဲ့ ဟီချန်းတို့ကို ပြသပြီးနောက် ပြောလိုက်သည်။
“မင်းတို့ ဒီည ကောင်းကောင်း အနားယူလိုက် မနက်ဖန် မနက်စောစော ဝိုင်အမ်ကို သွားကြ မယ်...”
ကျိန့်ကန်းတို့နှစ်ဦးသား အနည်းငယ် စိတ်လှုပ်ရှ ားနေပြီး ခေါင်းတညိတ်ညိတ်လုပ်နေကြသည်။
တစ်ညလုံး သူတို့ ဘာစကားမှ မပြောခဲ့ ကြပေ ။
နောက်တစ်နေ့ နံနက်စောစောတွင် လျူယောင် ဝိုင်အမ်နယ်မြေကို တိုက်ရိုက်ပျံသန်းတဲ့ လေယာဉ်တစ်စင်းကို ငှားလိုက်ပြီး ရုဒ်လက် နက်ကိုင်အဖွဲ့နှင့် အနီးဆုံးမြို့တစ်မြို့တွင် ဆင်းသက်လိုက်သည်။
သူတို့ မြို့ကို ရောက်ရှိလာတဲ့အခါ ပထမဆုံး လုပ်ရမဲ့အရာက လက်နက်အရောင်းဆိုင်ကို ဝင်ပြီး လက်နက်များနဲ့ ပစ္စည်းကိရိယာများစွာ ကို တစ်ခါတည်း ဝယ်ယူခြင်းပင် ဖြစ်သည်။
လက်နက်များနှင့် ပစ္စည်းကိရိယာများ ရရှိတဲ့ အခါ ကျိန့်ကန်းနဲ့ ဟီချန်းတို့က အပျော်ဆုံး ဖြစ်ကြသည်။ သူတို့က လက်နက်များနဲ့ ပတ်သတ်၍ အထူးခံစားချက် ရှိပုံရသည်။
မြို့ထဲတွင် တစ်နှစ်ပတ်လုံး စစ်ပွဲများဖြင့် ပြည့်နှက်နေသည်။ အပျက်အစီး နံရံများက နေရာတိုင်းတွင် ရှိနေပြီး လမ်းများပေါ်တွင် လက်နက်အမျိုးမျိုးကိုင်ဆောင်ထားတဲ့ အမျိုးသားများ ပြည့်နှက်နေသည်။ အချို့မှာ ကြည့်ယုံဖြင့် စစ်သားများဖြစ်တာကို သိရှိနိုင်သည်။
လက်နက်များနှင့် ပစ္စည်းကိရိယာများအပြင် စွမ်းဆောင်ရည်ကောင်းမွန်တဲ့ အကြမ်းခံ ကား တစ်စီးကိုလည်း လျူယောင် ဝယ်ယူခဲ့သည်။
ပစ္စည်းအားလုံးကို ဝယ်ပြီးနောက် လျူယောင် လမ်းပေါ်မှ လက်နက်ကိုင်အမျိုးသားတစ်ဦးကို ရပ်တန့်ပြီး မေးလိုက်သည်။
“ဟေး သူငယ်ချင်း.. ဒီနေရာမှာ အစွမ်း အထက် ဆုံး ကြေးစားအဖွဲ့အစည်းက ဘယ်မှာလဲ.. ငါ့ကို အဲဒီကို ခေါ်သွားပေးပါ...ဒေါ်လာ ၂၀၀၀ က မင်းအတွက်” ဟု အသံကျယ်ကျယ်ဖြင့် မေးလိုက်သည်။
လျူယောင်ရဲ့ လက်ထဲက ဒေါ်လာများကို မြင်တဲ့အခါ လက်နက်ကိုင်အမျိုးသားက ပြန်ဖြေလိုက်သည်။
“ဒီမှာ အစွမ်းအထက်ဆုံး ကြေးစားအဖွဲ့ ယေ လန်ပါပဲ..ကျွန်တော်က ယေလန် အဖွဲ့ဝင် တစ်ယောက်ပါ...ကျွန်တော် ခင်ဗျားကို အဲဒီကို ခေါ်သွားပေးပါ့မယ်”
ပြောပြီးနောက် ထိုလူက လျူယောင်ထံမှ ဒေါ်လာ ၂၀၀၀ ကို ယူလိုက်ပြီး ကြောက်ရွံ့ ခြင်းမရှိဘဲ လျူယောင်ရဲ့ အကြမ်းခံ ကားထဲ ဝင်ထိုင်လိုက်သည်။
မလှမ်းမကမ်းတွင် လမ်းအနည်းငယ် ကွေ့ပြီး နောက် ခြံဝန်းပါတဲ့ အဆောက်အအုံ တစ်လုံးရှေ့ကို သူတို့ ရောက်လာခဲ့သည်။
ခြံဝင်းရဲ့ ဂိတ်တံခါးတွင် လက်နက်ကိုင် အဖွဲ့ဝင်အချို့ မတ်တပ်ရပ်စောင့်နေကြသည်။ ခြံဝင်းအတွင်းတွင် သံချပ်ကာယာဉ်တစ်စီးနဲ့ ပစ်ကပ်ကားများစွာရှိပြီး တစ်စီးချင်းစီတွင် လေးလံတဲ့စက်သေနတ်များ တပ်ဆင်ထား သည်။
လျူယောင် ကားထဲမှ အရင်ဆင်းကာ နေရာကို ပတ်ကြည့်ပြီးနောက် ပြောလိုက်သည်။
“မင်းတို့နှစ်ယောက် ကားထဲမှာ ငါ့ကို စောင့်နေ”
ကျိန့်ကန်းနဲ့ဟီချန်းတို့က ခေါင်းညိတ် ပြကာ နေခဲ့ကြသည်။ လျူယောင်ရဲ့ ဘေးကင်း လုံခြုံရေးအတွက် သူတို့ လုံးဝစိတ်မပူခဲ့ ပေ။ သူတို့ သူဌေးရဲ့ ခွန်အားကို အလွန်ယုံကြည်စိတ်ချသည်။
တံခါးဝ ရောက်တော့ လျူယောင် လက်နက် တစ်ခုမှ မယူဆောင်လာပဲ လက်ဝှေ့ယမ်းလို က်ပြီး ပြောလိုက်သည်။
“လမ်းပြပေးပါ... ခင်ဗျားတို့ရဲ့ ခေါင်းဆောင်နဲ့ တွေ့ဖို့ ကျွန်တော့်ကို ခေါ်သွားပေး "
လျူယောင်ကို လူသေလို ထိုကြေးစားက စိုက် ကြည့်နေ၏ ။
သူ နားမလည်နိုင်ခဲ့ပေ။
" ဒီလူက ဘယ်လိုလူလဲဟ ဒီလောက်ရဲတင်းစွာ ဝင်လာတာ..ရင်မခုန်ရုံသာမက သူ့အသက်ကိုတောင် ဂရုမစိုက်ဘူးပဲ... ငါတို့ ခေါင်းဆောင်က မျတ်တောင်တောင် မခတ်ဘဲ လူသတ်နိုင်တဲ့ လူသတ်သမား ဆိုတာ ဒီလူ မသိဘူးပဲ... "
ထိုကြေးစား စိတ်ထဲကနေ တွေးလိုက်၏။
သူ အချိန်အတော်ကြာမှ တုံ့ပြန်နိုင်ခဲ့ပြီး လျူယောင်ကို လမ်းပြကာ အဆောက်အအုံထဲ ခေါ်သွားပြီး တတိယထပ်ရှိ ရုံးခန်းတံခါးတစ်ချပ်ရှေ့တွင် ရပ်လိုက်သည်။
ဒီရုံးခန်းက ထူးခြားနေတာ သိသာလှသည်။ တံခါးက ထူထဲတဲ့ ကျည်ကာတံခါးဖြစ်ပြီး တံခါးဝတွင် ထွားကျိုင်းတဲ့ အမျိုးသားနှစ်ဦး ရပ်စောင့်နေသည်။
လမ်းပြပေးခဲ့တဲ့ လက်နက်ကိုင်အမျိုးသားက အခြေအနေကို ဒီထွားကျိုင်းတဲ့ အမျိုးသားနှ စ်ဦး ကို အတိုချုပ်ရှင်းပြလိုက်သည်။ ထွားကျိုင်းတဲ့ အမျိုးသားများထဲမှ တစ်ဦးက တံခါးကို ခေါက်ပြီး လျူယောင်နဲ့အတူ လိုက်ဝင် လာခဲ့သည်။
ရုံးခန်းက အလွန်ကြီးမားပြီး စားပွဲခုံနောက်တွင် ထိုင်နေသူက မျက်နှာပေါ်တွင် ကြောက်မက်ဖွ ယ်ရာ အမာရွတ်ရှိတဲ့ လူဖြူ တစ်ဦးပဲ ဖြစ်၏။ ဒီ့လူ့ပုံစံက ရိုးရှင်းတဲ့ ပုံစံ မဟုတ်တာကို ရှင်းလင်းစွာ ပြသနေသည်။