← Chapters

သင်္ဘောသားတွေ ပြန်ပေးဆွဲခံရပြီ

Vol. 20 Ch. 287

သင်္ဘောသားတွေ ပြန်ပေးဆွဲခံရပြီ

Vol. 20 Ch. 287

“ဟုတ်ကဲ့ပါ ကပ္ပတိန်ရဲ့ ကျွန်တော် ဖုန်းကို ဖွင့် ထားပါ့မယ်....”

ကွေယွမ်လျံ ပျော်ရွှင်စွာ ပြန်ဖြေလိုက်သည်။

“ဒါဆို သွားတော့ ..စောစောသွားပြီး စောစော ပြန်လာ...” ကပ္ပတိန်စီမာဟုန်ကွမ်း ထပ်မှာ လိုက်သည်။

ကွေယွမ်လျံ ပျော်ရွှင်စွာ ထွက်လာပြီး သူ့ရဲ့ အကောင်းဆုံး လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ရှောင်ချန်းကို ဖုန်းခေါ်လိုက်သည်။ သူတို့နှစ်ဦးစလုံးက လူငယ်များ ဖြစ်ကြ၏။

အပြင်ထွက်ပြီး လည်နိုင်တယ်လို့ ကြားတဲ့အခါ ရှောင်ချန်းလည်း ချက်ချင်း ပျော်ရွှင်စွာ ထွက်လာခဲ့သည်။

စိုင်းမိုင်လီမြို့တွင် လူဦးရေ ၁၀၀၀၀ နီးပါးရှိ သည်။ဒီမြို့ကို အမ်နိုင်ငံလိုမျိုး သဲကန္တာ ရအ လယ်တွင် အလယ်အလတ် အရွယ်အစားရှိ တဲ့ မြို့တစ်မြို့ဟု ယူဆနိုင်ပေသည်။

တကယ်တော့ ရံဖန်ရံခါ အကြမ်းဖက် မှု့များ မှ လွဲပြီး ဥပဒေ စည်းမျဥ်းများက လက်ခံနိုင်စရာ ရှိသည်။ လမ်းပေါ်တွင် သေနတ်ကိုင်ဆောင်ထ ားသူ များကို နေရာတိုင်းတွင် တွေ့မြင်ရပြီး စစ်ပွဲပြီးနောက် အပျက်အစီးများလည်း ရှိမနေ ပေ။

“နောက်ဆုံးတော့ အပြင်ရောက်ပြီ ဟူး အလုပ် ထဲနေရတာက ငါ့ကို အရမ်း အသက် ရှူကြပ်စေ တယ်ကွာ...”

“ငါတို့ ကပ္ပတိန်က အရမ်းဂရုစိုက်လွန်းတယ်.. အမ်နိုင်ငံက မငြိမ်မသက်ဖြစ်နေတာ မဟုတ် ဘူး.. အခြေအနေက အဆင်ပြေတယ်.. အိမ် နီးချင်း ဝိုင်အမ်ကတော့ မတူဘူး.. အမြဲတမ်း စစ်ပွဲဖြစ်နေတာပဲ...”

သူတို့နှစ်ဦး ဟိုတယ်မှ ထွက်လာပြီးနောက် လမ်းလျှောက်ရင်း စကားပြောနေကြသည်။ တစ်ခါတစ်ရံ လမ်းဘေးဆိုင်တစ်ဆိုင်ရဲ့ ရှေ့တွင် ရပ်ပြီး စိတ်ဝင်စားစရာတစ်ခုခုကို ကောက်ယူကြည့်ရှုကြသည်။

သူတို့နှစ်ယောက်ရဲ့ မလှမ်းမကမ်းတွင် လိုက် ပါ လာ တဲ့ လူငယ်အချို့ရှိတာကို သူတို့ မသိကြ ပေ။ ထိုလူတွေက အရှေ့အလယ်ပိုင်းသားမျ ား၏ ပုံမှန်ဝတ်စားဆင်ယင်မှုဖြစ်တဲ့ ရှည်လျား သော ဝတ်ရုံများနဲ့ ခေါင်းပေါင်းများ ဝတ်ဆင်ထ ားကြသည်။

သူတို့က ရုဒ်လက်နက်ကိုင်အဖွဲ့မှ လူများပဲ ဖြစ် ၏။

Universal ရဲ့ သင်္ဘောသားတစ်ယောက် နှစ် ယောက်ကို ပြန်ပေးဆွဲလိုတာကြောင့် သူတို့အဖွဲ့ ကဟိုတယ်ပတ်ဝန်းကျင်တွင် လှည့်လည်နေပြီး အခြေအနေကို စောင့်ကြည့်နေကြသည်။

ကွေယွမ်လျံနှင့် အခြားသူနှစ်ဦး ထွက်လာတာ မြင်တာနဲ့ သူတို့က တိတ်တဆိတ် လိုက်ပါ လာ ပြီး ဖမ်းဆီးရန် အခွင့်အရေး ရှာဖွေနေကြတာပဲ ဖြစ်သည်။

နောက်ဆုံးတွင် သူတို့ရဲ့ အခွင့်အရေးရောက် လာပြီဟု ခံစားရသည်။

ဒီနေရာက လမ်းနှစ်လမ်းဆုံရာ လမ်းဆုံဖြစ်ပြီး သယ်ယူပို့ဆောင်ရေးလည်း အဆင်ပြေသည်။ လမ်းများထဲမှ တစ်လမ်းမှာ မြို့အပြင်ဘက်ကို တိုက်ရိုက် ဦးတည်နေတာကြောင့် မြို့မှ အမြန်ထွက်ပြေးနိုင်ပေသည်။

ကွေယွမ်လျံတို့နှစ်ယောက်ကတော့ သတိမ ထားမိကြပေ။ သူတို့ လမ်း ဆက်လျှောက် နေပြီး တစ်ခါတစ်လေ ရပ်တန့်ကာ ဒေသခံ ပစ္စည်းအချို့ကို ဝယ်ယူနေကြသည်။

ရုတ်တရက် တစ်ပတ်နွမ်း ဗန်ကားတစ်စီးမောင်း လာပြီး ဘရိတ်အုပ်ကာ သူတို့နှစ်ဦးရဲ့ ဘေးတွင် ရပ်လိုက်၏။

သူတို့နှစ်ယောက် မတုံ့ပြန်နိုင်ခင်တွင် ဝတ်ရုံ ရှည်ဝတ်ထားတဲ့ လူငယ်နှစ်ယောက်မှ တစ် ယောက်က ဘယ်ဘက် ၊ နောက်တစ် ယောက် က ညာဘက်ကနေ လျင်မြန်စွာ ကွေယွမ်လျံနဲ့ အခြားတစ်ဦးကို ကားထဲ ရောက်အောင် ဆွဲ သွင်းလိုက်သည်။

သူတို့၏ လုပ်ရပ်များက လုံးဝကျွမ်းကျင်ပြီး ပရော်ဖက်ရှင်နယ်ဆန်လှသည်။ အရာအားလုံး က လျှပ်တပြက်အတွင်း လျင်မြန်စွာ ဖြစ်ပေါ် လာခဲ့သည်။ ဘေးပတ်ဝန်းကျင်ရှိ လူများ မတုံ့ ပြန်နိုင်ခင်တွင် ဗန်ကားက မောင်းထွက်သွားပြီး မြို့အပြင်ဘက်ကို လျက်မြန်စွာ ရောက်ရှိသွား သည်။

“မင်းတို့ ဘယ်သူတွေလဲ...ငါတို့က Universal ရဲ့ သင်္ဘောသားတွေပဲ...”

ကွေယွမ်လျံ ထိတ်လန့်စွာ အော်ပြောလိုက် သည်။

ကားထဲမှ လူများက သူတို့နှစ်ဦးကို စကား အ များကြီးမပြောဘဲ ဆေးထိုးအပ် ထုတ်ယူပြီး သူတို့နှစ်ဦးရဲ့ လည်ပင်းပေါ်တွင် ထိုးလိုက် သည်။ မကြာမီတွင် ကွေယွမ်လျံနှင့် သူ့ သူငယ်ချင်းတို့ သတိလစ်သွားကြသည်။

ကပ္ပတိန် စီမာဟုန်ကွမ်း သူ့ဘေးမှ လူကို မေး လိုက်သည်။

“ကွေယွမ်လျံ အပြင်ထွက်သွားတာ ကြာနေပြီ ..သူတို့ ပြန်လာပြီလား”

သူ့ဘေးမှလူက ပြန်ဖြေလိုက်သည်။

“မလာသေးပါဘူး ..သူတို့ပြန်လာတာတော့ ကျွန်တော်..မတွေ့သေးပါဘူး...”

စီမာဟုန်ကွမ်း လက်ကိုမြှောက်ပြီး အချိန်ကို ကြည့်လိုက်ရာ တစ်နာရီကျော်ရှိနေတာကြောင့် မကျေမနပ် ဖြစ်ကာ ပြောလိုက်သည်။

“ဒီကွေယွမ်လျံက တစ်နာရီထက် မကျော်ဘူးလို့ သဘောတူထားတာကို...”

သူ့ဖုန်းကိုယူပြီး ခေါ်ဆိုလိုက်ပေမဲ့ လုံးဝခေါ်မ ရတာကို တွေ့လိုက်ရသည်။ သူ့စိတ်ထဲတွင် အနည်းငယ် မသက်မသာ ဖြစ်နေသည်။ဒါပေမဲ့ ဒါက လိုင်းမကောင်းတာပါလို့ မျှော်လင့် နေမိ သည်။ ဒီနေရာတွင် ဖုန်းလိူင်းက တကယ်မ ကောင်းပေ ။တစ်ခါတစ်ရံတွင် တကယ်ခေါ်မရ တာပဲ ဖြစ်၏။

“လူအိုကြီးလီ ..သူတို့ပြန်လာရင် ငါ့ကို ချက် ချင်း အသိပေးပါ”

“ဟုတ်ကဲ့ သူတို့ပြန်လာတာနဲ့ ချက်ချင်းပြော ပါ့မယ်...”

အချိန်က နောက်ထပ် နာရီဝက် ကုန်လွန်သွား ပြန်သည်။

ကွေယွမ်လျံနဲ့သူ့သူငယ်ချင်းက ပြန်မ လာသေး ပဲ ဖုန်းလည်း ခေါ်မရသေးပေ။ စီမာဟုန်ကွမ်း အနည်းငယ်စိုးရိမ်လာသည်။သူတို့ တစ်ခုခု တကယ်ဖြစ်ခဲ့ပုံရသည်။

ဒီမြို့ငယ်လေးသည် မကြီးမားတာကြောင့် ဒီအ ချိန်လောက်ဆို ပြန်လာသင့်သည်။

“ကပ္ပတိန် တစ်ခုခု ဖြစ်နေပြီလားမသိဘူး.. လူ တစ်ယောက်ကို ရှာခိုင်းလိုက်ရင် ကောင်းမ လား...”

“ကောင်းပြီ အဲဒါပဲ လုပ်ရတော့မယ်.. ရှာမတွေ့ သေးရင် ရဲကိုပဲ အကြောင်းကြားရ တော့မယ် ကွာ”

စီမာဟုန်ကွမ်း သင်္ဘောသား ၁၅ ယောက်ကို ငါးယောက်စီ အဖွဲ့ဖွဲ့ပြီး လုံခြုံစေရန်အတွက် စေလွှတ်လိုက်သည်။

မိနစ်သုံးဆယ်မှ လေးဆယ်အကြာတွင် ရှာဖွေ တဲ့ အဖွဲ့သုံးဖွဲ့က တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပြန်လာ ကြ သည်။ မြို့ က သိပ်မကြီးတာကြောင့် အဓိကလ မ်းမများအားလုံးကို သူတို့ ရှာဖွေခဲ့ပေမဲ့လည်း ကွေယွမ်လျံတို့နှစ်ယောက် ကို မတွေ့ရပေ။

ဒီအချိန်တွင် စီမာဟုန်ကွမ်းက တစ်ခုခု တကယ် ဖြစ်ခဲ့တာကို ရိပ်မိသွားသည်။ဒါ့ကြောင့် သူ ပေါ့ ဆရဲတော့ဘဲ ချက်ချင်း ရဲကို အကြောင်း ကြား လိုက်သည်။

မြို့ထဲတွင် ရဲစခန်းတစ်ခုရှိကာ အရွယ်အစားက သေးငယ်လွန်းတာတော့ မဟုတ်ပဲ ရဲအရာရှိ ဆယ်ဂဏန်း ကျော်ရှိသည်။ မြို့က ဟာရီမန်း ဆိပ်ကမ်းနှင့် နီးတာကြောင့် နိုင်ငံအမျိုးမျိုးမှ သင်္ဘောသားအချို့လည်း ဒီမြို့ထဲတွင် နေထိုင်ကြသည်။

ရဲများကို စေလွှတ်ခဲ့ပေမဲ့ ဘယ်သူ့ကိုမှ မတွေ့ရသေးပေ။ မြို့ထဲရှိ မျက်မြင်သက်သေ အချို့ကတော့ ယန်နိုင်ငံမှ လူနှစ်ယောက်ကို လူတစ်စုက ကားထဲ ဆွဲသွင်းသွားတာ မြင်လိုက် တယ်ဟု ပြောကြသည်။

သက်သေများရဲ့ ပြောပြချက်များအရ ဒီ ပြန်ပေးဆွဲခံရသူများက ကွေယွမ်လျံတို့ နှစ်ဦးဖြစ်လောက်သည်။

စီမာဟုန်ကွမ်းက အခြေအနေကို ကုမ္ပဏီသို့ အလျင်အမြန် အစီရင်ခံလိုက်၏။

.........

"Universal ရေကြောင်းပို့ဆောင်ရေး ကုမ္ပဏီ တွင်.....

လျူယောင် မကြာမှီက အစီရင်ခံစာကို လက်ခံ ရရှိခဲ့ပြီး အလွန်အံ့အားသင့်သွားသည်။ ဒါက သူ့ရဲ့သင်္ဘောသားများ ပြည်ပတွင် ပြန်ပေး ဆွဲခံရခြင်း ပထမဆုံးအကြိမ်ပဲ ဖြစ် သည်။

“မားမား xxx ကျားရဲ့ အစာအိမ်ကို စားရဲတဲ့ ကောင်တွေပဲ… မင်းတို့က လျူယောင်ရဲ့ လူတွေကို ပြန်ပေးဆွဲရဲတယ်ပေါ့ ...”

နှစ်နာရီခန့်အကြာတွင် Universal က ဖုန်းခေါ်ဆို မူ့ကို နောက်ဆုံးတွင် လက်ခံရရှိသည်။ ဓားပြမျ ားက ၄၈ နာရီအတွင်း အမေရိကန်ဒေါ်လာ သန်း ၅၀ ကို သူတို့ သတ်မှတ်ထားတဲ့ အကောင့် ထဲ ထည့်ပေးရန် တောင်းဆိုခဲ့သည်။ မဟုတ်ပါ က နှစ်ယောက်စလုံး သတ်ပစ်မယ်လို့ ခြိမ်း ခြောက်ထားသည်။

ကျိုးယန်နဲ့ ဟူဂျွန်းရှီတို့က လျူယောင်ရဲ့ ရုံးခန်း ထဲတွင် နှစ်ဦးစလုံးရှိနေကြပြီး သူတို့ နှစ်ဦးလုံး စလုံး စိုးရိမ်နေကြသည်။

“သူဋေး.. ကျွန်တော်တို့ ဘာလုပ်သင့်သလဲ”

လျူယောင် ခဏကြာအောင် စဥ်းစားကာ ပြန် ဖြေ လိုက်၏။

“မင်းတို့ အဲ့ဒီဓားပြတွေနဲ့ ဆက်သွယ်ကြည့်... တတ်နိုင်သမျှ အချိန်ဆွဲဆန့်ထား..တကယ်လို့ ဆွဲဆန့်လို့ မရရင်တော့ အမေရိကန်ဒေါ်လာ သန်း ၅၀ သူတို့ကို ပေးလိုက်..မှတ်ထား သူတို့က ငါတို့သင်္ဘောသားတွေရဲ့ ဘေးကင်း လုံခြုံမှု့ကို အာမခံပေးရမယ်ဆိုတာ တောင်း ဆိုရမယ်”

အသက်ဘေးကင်းရေးက ပထမဖြစ်သည်။ ပိုက်ဆံက ဒုတိယပဲ ဖြစ်၏။

ကျိုးယန် စိတ်ထဲကနေ တွေးလိုက်မိသည်။

“ဒီသင်္ဘောသားနှစ်ယောက်က ကောင်းတဲ့ သူဋေးနဲ့ တွေ့တာပဲ... တခြားသူဋေး တွေသာ ဆိုရင် ဒီလောက်များတဲ့ ပိုက်ဆံကို ပျော်ပျော် ကြီး ပေးမှာ မဟုတ်ဘူး...”

သူတို့နှစ်ဦးကို စကားအနည်းငယ် ရှင်းပြပြီး နောက် လျူယောင် ပြောလိုက်သည်။

“ဒီလိုဆိုရင်တော့ ငါ ကိုယ်တိုင် အရှေ့အ လယ် ပိုင်းကို သွားပြီး ဒီလူအုပ်စုနဲ့ တွေ့ရတော့မယ် ထင်တယ်..”

ကျိူးယန်နဲ့ ဟူဂျွန်းရှီတို့ ချက်ချင်းပဲ စိုးရိမ် ပူပန်မှုများကို ပြသကြသည်။

ပေါ့ပါးတဲ့ လေသံနဲ့ လျူယောင် ပြန်ဖြေ လိုက် ၏။

“ငါ့ကို စိတ်မပူပါနဲ့ ..အရင်တစ်ခါ ဆိုမာလီ ယာ ကို သွားတုန်းကလည်း ဘာမှ မဖြစ်ခဲ့ဘူး လေ.. .အန္တရာယ်ကင်းကင်းနဲ့ ပြန်လာခဲ့တာပဲ မဟုတ်လား..”

လျူယောင် ဒီလိုပြောတဲ့အခါ သူတို့နှစ်ဦး အနည်းငယ် စိတ်သက်သာရာရသွားသည်။

လျူယောင်က ဆက်ပြီး ညွှန်ကြားလိုက်သည်။

“မင်းတို့က ကုမ္ပဏီကို ကောင်းကောင်းစီ မံခန့်ခွဲထားပါ...ဒီတစ်ခါလည်း ငါ ကျိန့်ကန်းနဲ့ ဟီချန်းကိုပဲ ခေါ်သွားမယ်...”

ကျိုးယန်နဲ့ဟူဂျွန်းရှီတို့ ထွက်သွားပြီး မကြာမှီ ကျိန့်ကန်းနဲ့ဟီချန်းတို့က ရုံးခန်းထဲကို အတူတူ ဝင်လာကြသည်။

“သူဋေး...ကျွန်တော်တို့ကို ရှာနေတာလား”

သူတို့နှစ်ဦးက တစ်ပြိုင်နက်တည်းနီးပါး ပြော လိုက် ကြသည်။

လျူယောင် ခေါင်းညိတ်ပြလိုက်၏။အမ်နိုင်ငံမှ စိုင်းမိုင်လီမြို့ငယ်လေးတွင် သင်္ဘောသားနှစ်ဦး ပြန်ပေးဆွဲခံရခြင်းအကြောင်း ရှင်းပြလိုက် သည်။

“မင်းတို့နှစ်ယောက် ငါနဲ့အတူ အရှေ့ အလယ်ပို င်းကို လိုက်ခဲ့..အရင်စည်မျဥ်းတွေအတိုင်းပဲ မင်းတို့..လိုက်ခဲ့မယ်ဆိုရင် တစ်ယောက်ကို လုပ်အားခ ယွမ် ၁၀ သန်းပေးမယ်...”

ကျိန့်ကန်းတို့ နှစ်ဦးသား အလွန်ပျော်ရွှင် သွား ကြ၏။

ဆုကြေး ယွမ် ၁၀ သန်းအပြင် အရေးအကြီးဆုံး အရာက သေနတ်ကို ထပ်ကိုင်နိုင်ခြင်းပဲ ဖြစ် သည်။

အရင်တုန်းက ဆိုမာလီယာတွင် သူတို့ တကယ် ပျော်ခဲ့ရပြီး နိုင်ငံထဲမှာနေရတာက အရမ်း သက်သောင့်သက်သာ ရှိလွန်းသည်။ သူတို့နှစ်ဦ းသား အပြင်ထွက်ချင်နေသည်မှာ ကြာပြီ ဖြစ် သည်။

“ဟုတ်ကဲ့ပါ သူဋေး ..ကျွန်တော်တို့ ခင်ဗျား နဲ့အတူ အရှေ့အလယ်ပိုင်းကို လိုက်ခဲ့ပါ့မယ်..”

မစဥ်းစားဘဲ နှစ်ဦးသား တစ်ပြိုင်နက်တည်း ပြန်ဖြေလိုက်သည်။

“ကောင်းပြီ နောက်မကျစေနဲ့...အခုချက်ချင်း ထွက်ခွာကြရအောင်.. အမ်နိုင်ငံရဲ့ မြို့တော်ကို ဦးတည်သွားကြမယ်...”

သူတို့သုံးယောက်တွင် ထုပ်ပိုးစရာ ဘာမှ မရှိ တာကြောင့် ပေါ့ပေါ့ပါးပါး ဖြင့်သာ ထွက်လာခဲ့ ကြသည်။ ခရီးဆောင်အိတ်များ ယူဆောင်သွ ားရန်ပင် မလိုအပ်သလောက် ဖြစ်သည်။

All Chapters