← Chapters

ယင်ယန်စစ်တုရင်

Vol. 32 Ch. 410

ယင်ယန်စစ်တုရင်

Vol. 32 Ch. 410

ယွမ်ရှောင်နှင့် လန်ရီသည် စွန့်ပစ်ခံထားရသဖြင့် သင်္ချိုင်းကုန်းတစ်ခုပမာ တိတ်ဆိတ်ခြောက်ကပ်နေသည့် ဝါးတောအတွင်းရှိ ခန်းမအဟောင်းထံ လျှောက်လှမ်းလာကြ၏။ ၎င်းသည် ခန်းမဟု ဆိုသော်လည်း မည်သူမှ လာရောက်ရန် စိတ်မဝင်စားသဖြင့် နုံချာသော အဆောက်အအုံတစ်ခုသာ ဖြစ်သည်။

"ဒီနေရာမှာ ရတနာရှိတယ်လို့ သေချာလား"

"ရတနာ ရှိတယ်လို့ ညီမလေး မပြောခဲ့ပါဘူး။ ကျင့်စဥ်အဟောင်းတွေနဲ့ စွန့်ပစ်ခံ ပစ္စည်းတွေ ရှိတယ်။ လူတွေက ရတနာရှိမယ်အထင်နဲ့ ခေတ်အဆက်ဆက်မှာ လာရှာဖူးကြပေမယ့် ဘာမှမတွေ့လို့ လက်လျှော့သွားကြပြီ"

ယွမ်ရှောင်၏ သံသယ မေးခွန်းကို လန်ရီက ရိုးသားစွာ ပြန်ဖြေလိုက်ပြီး ဖုန်အလိမ်းလိမ်း တက်နေသော ခန်းမဟောင်း၏ သွင်ပြင်သည် နှစ်ပေါင်းများစွာ စွန့်ပစ်ခံထားရကြောင်း သက်သေ ဖြစ်သည်။ သူတို့က စကားတပြောပြောနှင့် ဝင်ရောက်လာကြပြီး စစ်တုရင်ကစားပွဲတစ်ခု၌ အာရုံစိုက်ထားသော အဘိုးအိုတစ်ယောက်လည်း ရှိနေခဲ့၏။

"လန်ရီ မြေးမလေးလား။ လာ လာ ဦးလေးနဲ့ တစ်ပွဲလောက် ကစားရအောင်"

သူမကို မြင်သောအခါ အဘိုးအို၏ မျက်လုံးများ ရုတ်တရက် တောက်ပလာကာ တက်တက်ကြွကြွ ဖိတ်ခေါ်ခဲ့သည်။

"ဒီထောင်ချောက်ထဲကို မဝင်နဲ့။ သူက တစ်ပွဲမှ မရှုံးဖူးဘူး"

သူမသည် ယွမ်ရှောင်ကို ဆွဲခေါ်၍ ထွက်သွားချင်သော်လည်း မသိလိုက်ခင်မှာပင် စစ်တုရင် သူတော်စင် အရှေ့သို့ ရောက်သွားကြ၏။

"ဒီလူငယ်လေးက ဘယ်သူများလဲ"

စစ်တုရင် သူတော်စင် ဖုန်းချင်းက စိတ်ဝင်တစား မေးလာသဖြင့် လန်ရီသည် ယွမ်ရှောင်နှင့် မိတ်ဆက်ပေးခဲ့ပြီး သူကလည်း လေးစားစွာ ဦးညွှတ်လိုက်သည်။ ဖုန်းချင်းသည်လည်း ဦးလေးမြစ်ကဲ့သို့ ယွီချန်နှင့်အတူ ရှေးဟောင်းကျောင်းတော်အဖွဲ့မှ တစ်ယောက် ဖြစ်သည်။

"မင်းက ပထမဆုံး အကြိမ် ရောက်ဖူးတာဆိုတော့ ငါနဲ့ တစ်ပွဲလောက် ကစားချင်လား"

"ကျုပ် အရင်က မကစားဖူးဘူး။ စည်းမျဥ်းတွေကိုတောင် မသိဘူး"

ဖုန်းချင်း၏ ဖိတ်ခေါ်ချက်ကို ယွမ်ရှောင်က ခေါင်းကုတ်၍ အမှန်အတိုင်း ဝန်ခံလိုက်သည်။

"ကိစ္စမရှိဘူး။ ငါ မင်းကို သင်ပေးမယ်။ ထိုင်ပါ။ လန်ရီရဲ့ ကျွမ်းကျင်မှုတွေက မြင်နေကျ ဖြစ်နေပြီ။ မင်းလို ဘာမှမသိတဲ့ ဗလာစာမျက်နှာတစ်ခုက ငါ့ကို အသစ်အဆန်း ဖြစ်စေမလား သိချင်တယ်"

တစ်ဖက်လူက သူ့ကို အရသာရှိသော အစားအသောက်ပမာ စိုက်ကြည့်နေပြီး မျက်လုံးများ တောက်ပနေသည်။ ထို့ကြောင့် သူက ခေါင်းညိတ် သဘောတူ၍ မျက်နှာချင်းဆိုင် ထိုင်ချလိုက်ပြီး အဖြူအနက် စစ်တုရင် စည်းမျဥ်းများအကြောင်း သင်ယူခဲ့၏။

"နားလည်ပြီလား"

"ကစားပွဲ စလို့ ရပါပြီ"

"ငါ့ကို စစ်တုရင် သူတောင်စင်လို့ ခေါ်ကြတယ်"

အချိန်ခဏအကြာတွင် ဖုန်းချင်းက မေးခွန်းထုတ်လိုက်ပြီး ယွမ်ရှောင်၏ သတ္တိကို သဘောကျသဖြင့် ကျေနပ်စွာ ပြုံးနေသည်။

"ကျုပ် အဖြူရောင် ယူမယ်"

"ကောင်းပြီ။ စစ်တုရင်ဆိုတာက ရန်သူ ဘယ်ခြေလှမ်း သွားမလဲကို ကြိုတင် စဥ်းစားရတယ်။ တော်တော်များများ ကစားပြီး လုံလုံလောက်လောက် ရှုံးဖူးရင် မင်း အနိုင်ရလာလိမ့်မယ်"

ဤသို့ဖြင့် ကစားပွဲ စတင်ခဲ့ပြီး ယွမ်ရှောင်၏ ရွှေ့ကွက်တိုင်းသည် လျင်မြန်ပြတ်သား၍ ပထမဆုံး ကစားဖူးသူ တစ်ယောက်အတွက် အံ့သြဖွယ် ကျွမ်းကျင်နေသောကြောင့် ဖုန်းချင်းကိုယ်တိုင် ချီးကျူးလိုက်ရသည်။ အချိန်ကြာလာသည်နှင့် အမျှ သူ၏ အပြုံး ဖြည်းဖြည်းချင်း ပျောက်ကွယ်လာကာ စက္ကန့်တိုင်း မျက်နှာအမူအရာ လေးနက်၍ ချွေးအချို့ပင် ထွက်လာ၏။

"မင်း ဘယ်လိုထင်လဲ"

မျက်မှောင်ကြုတ်၍ စဥ်းစားပြီးနောက် ဖုန်းချင်းသည် အနက်ရောင် တစ်ခုကို လွတ်မြောက်သွားသော ခံစားချက်ဖြင့် နေရာချ၍ ပြန်လည် ရယ်မောခဲ့သည်။

"ဒီအကွက်ကို ကျုပ် ခန့်မှန်းထားပြီးသားပါ"

ယွမ်ရှောင်က တစ်ချက်ပြုံး၍ အဖြူရောင်ဖြင့် တည်ငြိမ်စွာ တုံ့ပြန်သည်။

"မင်းက ငယ်ပါသေးတယ်။ ဒီအကွက်ကို ငါလည်း ထင်ထားပါတယ်"

ဖုန်းချင်းက နောက်တစ်ကြိမ် ခံစစ်ပြင်၍ တိုက်ခိုက်လိုက်သော်လည်း ယွမ်ရှောင်၏ အဖြူရောင် တရစပ် ရွှေ့ကွက်များအောက်တွင် နောက်ဆုံး၌ အရှုံးပေးလိုက်ရသည်။

"ဘန်း"

အံ့သြလွန်းသဖြင့် သူ၏ ကုလားထိုင်ပင် ခြေထောက်များ ကျိုး၍ မြေပြင်သို့ လိမ့်ကျသွားကာ မျက်လုံးအပြူးသားနှင့် အသက်ရှူရပင် ခက်ခဲနေပုံပေါ်သည်။

"မဟုတ်သေးဘူး။ နောက်ထပ် တစ်ပွဲ နှစ်ပွဲလောက် ကစားရအောင်"

သူက ကောင်းကင်သို့ မော့ကြည့်၍ အသံကုန်အော်ဟစ်လိုက်ပြီး ယွမ်ရှောင်၏ အင်္ကျီစကို ဆွဲကာ ကလေးတစ်ယောက်ပမာ တဂျီဂျီ ပူဆာခဲ့သည်။

"ကိစ္စမရှိဘူး။ ဒီတစ်ခေါက်တော့ လောင်းကြေး ထည့်ရမယ်"

"ငါ့မှာ ပိုက်ဆံ မရှိဘူး"

"ဒါဆိုရင် မဆော့ဘူး"

ယွမ်ရှောင်၏ နိုင်ပွဲကြောင့် လန်ရီက မင်သက်အံ့သြနေရာမှ ဖုန်းချင်းကို အကျပ်ကိုင်ရန် ရှေ့တက်လာသည်။

"ဦးလေးဖုန်း ဒီရှုံးပွဲအကြောင်း သတင်းဖြန့်လိုက်ရင် ဘယ်လိုနေမလဲ"

"ကျုပ် ခန်းမဟောင်းကို ရှာဖွေလိုက်ဦးမယ်။ ရတနာတစ်ခုခု တွေ့ပြီးရင် ဦးလေးဖုန်းနဲ့ ကစားပေးပါမယ်"

ယွမ်ရှောင်သည် လေးနက်တည်ငြိမ်စွာ ပြောလိုက်သည်။

"အဲ့ဒီအမှိုက်ပုံထဲမှာ ဘာမှမတွေ့ရင် မကစားတော့ဘူးလား။ အနိုင်နဲ့ ပိုင်းသွားတာကိုတော့ မကြိုက်ဘူးကွ"

ဖုန်းချင်းက စိတ်ပျက်လက်ပျက် ညည်းညူနေစဥ် သူသည် အရာရာ ပျက်စီးဟောင်းနွမ်းနေသည့် ခန်းမဟောင်းသို့ ဝင်ရောက်လာခဲ့၏။ စာအုပ်စင်များ ယိုင်နဲ့၍ ဖုန်တက်နေသော ကျမ်းစာများ ရှိကာ အနည်းငယ် လှန်လောကြည့်လိုက်ရုံဖြင့် ဓားအပျက်အစီးနယ်မြေ၏ ကျင့်စဥ်များလောက်ပင် မဟုတ်ကြောင်း သိလိုက်ရသည်။

"ရိုးရိုးသားသား ပြောရရင် ဒီမှာ အကုန်လုံးက အမှိုက်တွေ"

ဦးလေးဖုန်းနှင့် လန်ရီလည်း ဝင်ရောက်လာခဲ့ပြီး အထက်ပါအတိုင်း ပြောလိုက်သည်။

"ဦးလေးဖုန်း ဒီခန်းမဟောင်းထဲမှာ အဆင့်အမြင့်ဆုံး အမှိုက်က ဘာလဲ"

ယွမ်ရှောင်၏ မေးခွန်းကြောင့် သူက မုတ်ဆိတ်ကို ပွတ်သပ်၍ စဥ်းစားပြီး ခန်းမဟောင်းအတွင်း ရှာဖွေကာ မှိုတက်နေသည့် ကျမ်းစာတစ်အုပ် ပစ်ပေးလာခဲ့သည်။ ၎င်းက အတိတ်တွင် ရတနာဖြစ်ခဲ့ပြီး ယန်အဆင့် လက်ရာတစ်ခု ဖြစ်သော်လည်း တစ်ဝက်သာ ကျန်ရစ်သဖြင့် မပြည့်စုံတော့ပေ။

"ဒီလိုအဆင့်မြင့် ကျင့်စဥ်မှာ အကွက်တွေ အများကြီး ရှိရမယ်။ တစ်ဝက်ဆိုရင်တောင် တန်ဖိုးရှိလိမ့်မယ်။ ဘာကြောင့် စွန့်ပစ်ခံထားရတာလဲ"

"တစ်ဝက်က ဘာအဓိပ္ပါယ်လဲဆိုတာ မင်းကိုယ်တိုင် မြင်ရင် သိပါလိမ့်မယ်"

လန်ရီက စူးစမ်းလိုက်စိတ်ဖြင့် အနီးကပ် ကြည့်လိုက်သောအခါ စာအုပ်သည် အလည်တည့်တည့်မှ အလျားလိုက် စုတ်ပြဲနေသဖြင့် အမည်ကိုပင် ပြည့်စုံစွာ မမြင်နိုင်တော့ချေ။ "ဝင်ရိုးစွန်း ယင်" အမည်ပင် တစ်ဝက်တပျက် ဖြစ်နေသော စာအုပ်ကို လှန်ကြည့်လိုက်သောအခါ ပထမစာမျက်နှာ၌ လူသဏ္ဍာန် ပန်းချီ တစ်ဝက်ကိုသာ တွေ့လိုက်ရသည်။ စာမျက်နှာတိုင်း နီးပါး အောက်ပိုင်း မျက်နှာတစ်ဝက် ပျောက်ဆုံးနေသဖြင့် ခန်းမဟောင်းသို့ ရောက်ရှိနေသည့် အကြောင်းအရင်းမှာ မဆန်းတော့ပေ။ ၎င်းသည် တစ်ဝက် ကျန်ရစ်သည် ဆိုသော်လည်း ကျင့်ကြံရလောက်အောင် ကျန်ရစ်နေခြင်း မဟုတ်ပေ။

"တော်တော်စိတ်ဝင်စားစရာ ကောင်းတယ်။ ဒီစာအုပ်နာမည်က ဝင်ရိုးစွန်း ယင်ယန်စစ်တုရင် ဖြစ်ရမယ်"

"ဟုတ်တယ်"

ဖုန်းချင်းက သက်ပြင်းချကာ အတည်ပြုပေးလိုက်ပြီး စစ်တုရင်တာအို၏ အထွတ်အထိပ် ကျင့်စဥ် ဖြစ်သော်လည်း ပဋိပက္ခများကြောင့် ကျင့်ကြံမရလောက်အောင် ပျက်စီးသွားခဲ့ခြင်း ဖြစ်လေသည်။

All Chapters