← Chapters

ချင်လန်ကို လုပ်ကြံခြင်း

Vol. 32 Ch. 413

ချင်လန်ကို လုပ်ကြံခြင်း

Vol. 32 Ch. 413

ငွေလှိုင်းအိမ်တော်၏ နောက်ဖက်ခြံဝန်း၌ ရေစီးသံ ကြည်လင်စွာ ထွက်ပေါ်နေပြီး ငွေရောင်သစ်ပင်ကြီး အောက်တွင် ရေပူစမ်းတစ်ခု တည်ရှိ၏။ အသက်ဝင် စီးဆင်းနေသော ရေအတွင်း ဆေးဖက်ဝင် အပင်များ ရောစပ်ထားသဖြင့် ကုသနိုင်စွမ်းပါ ရှိနေသည်။ ရေပူစမ်းအတွင်း မိန်းမတစ်ယောက် စိမ်နေပြီး လှပသော မျက်နှာမှ လွဲ၍ ခန္ဓာအစိတ်အပိုင်းများ ရေအောက်တွင် နစ်မြုပ်နေ၏။ သဘာဝတရား၏ အနုပညာမြောက် လက်ရာတစ်ခုအလား ဖြောင့်စင်းသော နှာတံ၊ မျက်တောင်ကော့ကော့များနှင့် နီမြန်းသော နှုတ်ခမ်းအစုံသည် ထူးခြားသော အလှတရားကို ဖော်ပြနေသည်။ အဖြူရောင် ဆင်စွယ် ပန်းပုကဲ့သို့ ဖြူဖွေးနေသော ရင်သားအစုံလည်း ရံဖန်ရံခါ ထွက်ပေါ်လာတတ်ပြီး ရေစိုနေသည်ဖြစ်ရာ ဆွဲဆောင်မှု ပြင်းထန်လွန်းသည်။ ရေပူစမ်းအနားရှိ ကျောက်တုံးတစ်ခုအပေါ်တွင် ဆန်းကြယ်ဘုရားကျောင်းဟု ချည်ထိုးထားသော ငွေရောင်ဝတ်ရုံ တစ်ထည် ချိတ်ဆွဲထား၏။

ပတ်ဝန်းကျင် တည်ငြိမ်တိတ်ဆိတ်၍ ရေပူစမ်းအတွင်း အေးချမ်းသာယာနေသော ထိုမိန်းမက ခြေသံများကြောင့် လှုပ်ရှားသွားသည်။ ခြေသံပိုင်ရှင်က ကိုယ့်အိမ်ကိုယ်ရာသို့ ဝင်ရောက်လာသည့်အလား ပိုင်စိုးပိုင်နင်း ရှိလှပြီး လှောင်ပြောင်နေသကဲ့သို့ ထင်မှတ်ရ၏။

"ထန်ကျစ် မင်းကို ဒီည မလာနဲ့လို့ မပြောထားဘူးလား"

သခင်မချင်က မြူခိုးအတွင်း ဝိုးတဝါး မြင်နေရသော အဖြူရောင် ပုံရိပ်အား စိတ်ပျက်စွာ ငေါက်ငမ်းနေသည်။

"ဘာကြောင့်လဲ"

ထိုပုံရိပ်က ပြန်လည် မေးခွန်းထုတ်သည်။

"အရုဏ်တက်ချိန်ရောက်ရင် တာဝန်တစ်ခု ရှိတယ်။ အနှောင့်အယှက် မလိုချင်ဘူး"

သူမက ရှင်းပြ၍ မောင်းထုတ်လိုက်သော်လည်း တစ်ဖက်လူသည် မလှုပ်မယှက် ရှိနေပြီး တည်ငြိမ်မှုက စိန်ခေါ်နေသကဲ့သို့ ထင်မှတ်ရ၍ တစ်ခုခုမှားယွင်းနေကြောင်း ချက်ချင်း နားလည်သွား၏။

"မင်းရဲ့ အသံက..."

သူမ၏ မျက်ဝန်းများ ပွင့်လာ၍ အဖြူရောင်ပုံရိပ်ကို ကြည့်လိုက်သောအခါ သာမန်လူသားတစ်ယောက်နှင့်မတူ၊ ချောမောလွန်းသော ရုပ်ရည်အား မြင်လိုက်ရသည်။ တစ်ဖက်လူက သူမနှင့် အကြည့်ချင်းဆုံနေပြီး ရေထဲမှ ထရပ်လာသော သခင်မချင်၏ ခန္ဓာအစိတ်အပိုင်းများအပေါ် ဆံပင်ရှည်များ ဖြာကျနေသော်လည်း အလုံးစုံ ဖုံးကွယ်မပေးထားနိုင်ခဲ့ချေ။

"ဒါက ဘာလဲ"

ယွမ်ရှောင်က ခပ်တည်တည်ဖြင့် ရေပူစမ်းအကြောင်း စုံစမ်းနေသည်။

"ယင်ဝိညာဥ်စမ်းရေ၊ အသက်တံ​ဆိပ်ကို အားဖြည့်ပေးနိုင်တယ်"

သခင်မချင်က အဖြေပေးလိုက်သော်လည်း လေသံမှာ အေးစက်လွန်းနေ၏။

"မင်းလို သေကာနီး လူတစ်ယောက်က ညသန်းခေါင်မှာ ငါ့အိမ်အထိ ကျူးကျော်လာရဲသေးတယ်လား"

"စိတ်လှုပ်ရှားစရာကောင်းတယ်လေ"

သူ၏ စကားသံတွင် လှောင်ပြောင် ဆော့ကစားလိုသော အငွေ့အသက်များ ပါဝင်နေ၏။

"မင်းက ဘာတွေ ကြံနေတာလဲ"

"မင်းက ငါ့ကို သတ်ဖို့ ကြံစည်နေမှတော့ အလောင်းအစား လုပ်ဖို့ ရောက်လာတာပဲ။ ဒါကြောင့် အခြေအနေကို ပြောင်းပြန်လှန်ဖို့ အရင်ဆုံး တိုက်ခိုက်ရမယ်"

သူမက လှောင်ရယ်နေသော်လည်း တစ်ဖက်လူကပါ ဝင်ရောက် ရယ်မောနေသဖြင့် ရယ်သံများ တိခနဲ ရပ်ကျသွားသည်။ ဆန်းကျယ်ဘုရားကျောင်း၊ ရှေးဟောင်းကျောင်းတော်နှင့် ပိုမိုကျယ်ဝန်းသော ရှေးဟောင်းအပျက်အစီးနယ်မြေတွင် အာဏာရှင်တစ်ယောက် ဖြစ်သောကြောင့် သူမက မာနကြီးသော်လည်း ယွမ်ရှောင်၏ မျက်လုံးအတွင်းမှ သေခြင်းတရားနှင့် မထီမဲ့မြင်မှုတို့၏ အရှိန်အဝါကို ခံစားနေရ၏။

"ယွမ်ရှောင် မင်းရဲ့ ရုပ်ရည်နဲ့ ဒီနေရာကနေ လွတ်မြောက်နိုင်မယ်ထင်နေရင် အကြီးအကျယ် မှားနေပြီ။ ငါက လှပချောမောတဲ့ ယောကျ်ားတွေကို ကြိုက်ပေမယ့် ကပ်ဖားယပ်ဖား ကောင်တွေကိုတော့ မကြိုဆိုဘူး"

သူမက မျက်မှောင်ကြုတ်လိုက်ပြီး နဖူးရှိ ငွေရောင်မြွေ အသက်တံဆိပ် အသက်ဝင်လာကာ လက်မောင်းတွင် ရစ်ပတ်ထားသည်။ စကားအဆုံးတွင် ၎င်းက ဖောင်းကားလာ၍ ဧရာမ မြွေတစ်ကောင် ဖြစ်လာကာ သွေးနီရောင် လျှာတစ်လစ်ဖြင့် ယွမ်ရှောင်အား စိုက်ကြည့်နေသည်။ ၎င်း၏ ခန္ဓာကိုယ်အထက်တွင် မရေမတွက်နိုင်သော ရုန်းများ ရှိနေပြီး အနည်းဆုံး ထောင်ချီပေ၏။

"ချင်လန် ယိုယွင်းမှုနယ်ပယ်မှာ နှစ်ရာချီ အသက်ရှင်ခဲ့ပြီး ဆန်းကြယ်ဘုရားကျောင်း တရားစီရင်သူတွေထဲက တစ်ယောက်၊ သက်စောင့်တံဆိပ်က မြွေတံ​ဆိပ်ဖြစ်ပြီး ရုန်း လေးသိန်းခွဲ ပိုင်ဆိုင်ထားတယ်။ တော်တော်လေး အစွမ်းထက်တာပဲ"

"ငါ့ကို ကြောက်​နေပြီလား"

ယွမ်ရှောင်က မှတ်ချက်ပေးလိုက်သောအခါ သူမသည် စကားဆက်ပြောရန် ငြီးငွေ့နေပုံရပြီး တိုက်ခိုက်လိုစိတ် ပြင်းထန်လာ၏။ ငွေရောင်မြွေကြီးက ခုန်အုပ်လာနေပြီ ဖြစ်သော်လည်း သူ၏ စိတ်အတွင်း ထိပ်တန်းရုန်းကျင့်ကြံသူတစ်ယောက် ဖြစ်လာရန် အကုန်အကျများလွန်းသည်ဟု တွေးနေခဲ့သည်။ ရုန်းများရေးသားရန် အရင်းအမြစ်က များပြားသောကြောင့် လောလောဆယ် မွဲတေနေသည့်အတွက် မလုံလောက်ချေ။ ခေါင်းနှစ်လုံး ငွေရောင်မြွေက သူ့ကို ရစ်ပတ်၍ အရိုးများကို ညှစ်ပြီး ချေမွပစ်ရန် တင်းကြပ်လာခဲ့သည်။

"ဘုရားကျောင်းအကြီးအကဲက မင်းကို အသက်ရှင်လျက်ထားဖို့ မပြောထားရင် ငါ သတ်လိုက်ပြီးပြီ"

ချင်လန်က လှောင်ပြောင်ရင်း အနီးကပ် ရောက်လာကာ တီးတိုးရေရွတ်နေသည်။

"ခွေးကောင်လေး မင်းရဲ့ ရုပ်ရည်က နည်းနည်းတော့ ထူးခြားတယ်"

သူမက ယွမ်ရှောင်၏ ပါးကို ပွတ်သပ်ရင်း ဖမ်းဆီးချုပ်နှောင်ထားရန် ကြံစည်ထား၏။ မူလတွင် ငရဲကိုးထပ်ကမ္ဘာမှ ပြန်ရောက်လာမှသာ ဖမ်းဆီးရန် ကြံစည်ထားသော်လည်း တစ်ဖက်လူက သေတွင်းတူးလိမ့်မည်ဟု ထင်မထားပေ။

"ခေါင်းမပြတ်ခင် သေချာလေး ကြည့်သွားပေါ့"

ယွမ်ရှောင်၏ အကြည့်က သတ်ဖြတ်လိုစိတ် တောက်လောင်နေကာ တစ်လုံးချင်း ပြော၍ လှောင်ပြုံးတစ်ချက် ထုတ်ပြခဲ့သည်။ စကားအဆုံးတွင် အင်္ကျီရင်ဘတ်ထဲမှ အနက်ရောင် သားရဲလေး ခုန်ထွက်ကာ မီးတောက်တစ်ခုကို ချင်လန်၏ မျက်နှာထံ မှုတ်ထုတ်လိုက်၏။ ၎င်းမီးလျှံသည် သူမ၏ ဆံပင်များရော မျက်နှာကိုပါ လောင်ကျွမ်းသွားသဖြင့် မျက်ဆံဖြူဖြူများပင် မည်းနက်ကုန်သည်။

"အဘွား ဒီကောင်မကို သတ်လိုက်ရအောင်"

ချင်လန် တုန်လှုပ်သွားပြီး ဒေါသတကြီး အော်ဟစ်နေစဥ် ကောင်းကင်သင်္ချိုင်းဓားသည် ငွေရောင်မြွေ အသက်တံဆိပ်ကို ထိုးဖောက်ကာ ချင်လန်၏ ရင်ဘတ်အထိ ဖောက်ထွက်သွား၏။ သူမ၏ မျက်နှာထားက မယုံကြည်နိုင်ဟန် ပြောင်းလဲသွား၍ တစ်ဖက်လူ၏ အင်အားကို လျှော့တွက်ခဲ့ပြီး အသက်တံဆိပ်အား ကျော်ဖြတ်၍ ထိခိုက်စေနိုင်မည်ဟု လုံးဝ ထင်မထားချေ။ တကယ်တမ်း ကြောက်စရာကောင်းသည်မှာ ဓားဝိညာဥ် သယ်ဆောင်လာသော ခွန်အားဖြစ်၍ ခန္ဓာကိုယ်အတွင်းပိုင်း စုတ်ပြတ်သွားကာ ဒန်တန် ထိခိုက်၍ အရိုးများ လောင်ကျွမ်းကုန်သည်။ မမျှော်လင့်ထားသော ဓားချက်၏ အစွမ်းကြောင့် ထိခိုက်သွားသော ငွေရောင်မြွေသည်လည်း ယွမ်ရှောင်ကို ရစ်ပတ်ထားရာမှ လွှတ်ပေးလိုက်ရ၏။

သူက ချင်လန်၏ လည်ပင်းကို ဆုပ်ကိုင်၍ တစ်ကိုယ်လုံး လက်သီးချက်များ ရက်ရက်စက်စက် ပစ်လွှတ်ကာ နာကျင်စွာ အော်သံများ တရစပ် ထွက်ပေါ်လာစေသည်။ ချင်လန်၏ အမူအရာသည် ဒေါသမှ စိတ်ရှုပ်ခြင်း၊ နားမလည်နိုင်ခြင်းနှင့် ကြောက်စိတ်အထိ ပြောင်းလဲသွားကာ ဓားနှလုံးသားတစ်ခု၏ စွမ်းအားကို အနည်းငယ် အာရုံခံနိုင်ခဲ့၏။ သို့သော် အဓိက ထိခိုက်စေသည်မှာ မျက်နှာကို လောင်ကျွမ်းနေသည့် အနက်ရောင်မီးတောက် ဖြစ်၍ အရေပြားသာမက ဝိညာဥ်ပါ မီးရှို့ခံရသော ဝေဒနာမျိုးဖြင့် သေခြင်းတရားထံ နီးကပ်လာနေသည်။ နောက်ဆုံးတွင် ယွမ်ရှောင်က သူမကို အရှင်လတ်လတ် ထိုးနှက်သတ်ဖြတ်ခဲ့ပြီး ဓားချက်၌ မိုးပြာရောင် မီးခိုးများ တလူလူ ထွက်ပေါ်နေခဲ့၏။

"နောက်ဘဝကျရင် မရှုပ်သင့်တာတွေ လာမရှုပ်မိစေနဲ့"

သူက ရယ်ရယ်မောမော ပြောလိုက်ပြီး ပေါက်ကွဲကာနီး ဖြစ်နေသည့် ငွေရောင်မြွေတံ​ဆိပ်ကို ထောင်စောင့်နဂါးတံဆိပ်ဖြင့် ဝါးမျိုပစ်ခဲ့သည်။

"သူ့ရဲ့ အသက်တံဆိပ်က ငါ့ အသက်တံဆိပ်ကို ဝါးမျိုနိုင်တယ်"

နောက်ဆုံးထွက်သက်တွင် ဤမြင်ကွင်းကြောင့် ချင်လန်မှာ တုန်လှုပ်သွားပြီး သိုလှောင်အိတ်ပါ လုယူခံလိုက်ရ၏။ တစ်ဖက်လူသည် သူမ၏ ပိုင်ဆိုင်မှုကိုရော အသက်တံဆိပ်ကိုပါ အမြတ်ထုတ်သွားသော်လည်း လက်တုံ့မပြန်နိုင်တော့ပေ။

"မင်းက တော်တော်လေး ချမ်းသာတာပဲ။ ဒီအရာတွေက ငါ့အတွက် အသုံးဝင်တယ်။ အင်မော်တယ်သုံးယောက်ဆိူတဲ့ ကောင်တွေကို ဖြုတ်ချဖို့ ကူညီပေးနိုင်လိမ်မ့ယ်"

ယွမ်ရှောင်က အရင်းအမြစ်များကို စစ်ဆေး၍ လက်မထောင်ပြလိုက်သောအခါ ချင်လန်သည် အနက်ရောင်သွေးများ အန်ထွက်ရင်း အသက်ပါသွားခဲ့ပြီး အနက်ရောင်မီးတောက်များအောက်တွင် သဲလွန်စမကျန်အောင် လောင်ကျွမ်းခံလိုက်ရလေသည်။

All Chapters