← Chapters

ရေးဖြေ

Vol. 32 Ch. 420

ရေးဖြေ

Vol. 32 Ch. 420

"ဒီမှာပါ ဦးလေးဖုန်း"

လန်ရီက လူအုပ်အကြားမှ တိုးထွက်ကာ ယွမ်ရှောင်ကို စင်မြင့်အထက် တွန်းပို့လိုက်သည်။ သူက တစ်ကိုယ်တော်ဖြစ်၍ လမ်းပြအသင်းသား တစ်ရာကျော် ရှိနေသဖြင့် သာမန်လူဆိုလျှင် ဖိအားဒဏ် ခံနိုင်မည်မဟုတ်သော်လည်း အရာရာကို ထိန်းချုပ်ထားသကဲ့သို့ တည်ငြိမ်စွာ ရပ်နေနိုင်သည်။ ပရိသတ်များကမူ သူနှင့် လမ်းပြအသင်း အကြားရှိ ပြင်းထန်သော ပြိုင်ဆိုင်မှုကို အာရုံခံမိနေ၏။ အင်မော်တယ်မျိုးဆက် တစ်ရာကျော်ကို တစ်ယောက်တည်း ရင်ဆိုင်ရဲသော သတ္တိကပင် သာမန်တပည့်များ၏ လေးစားမှုနှင့် ထိုက်တန်ပေသည်။ သူတို့ကိုယ်တိုင်လည်း စာရင်းသွင်းရန် အခွင့်အရေးရှိသည့်တိုင်အောင် သခင်ရာထူးအတွက် ကြိုတင်သတ်မှတ်ထားပြီးဖြစ်သည်ဟု နားလည်သောကြောင့် အချည်းနှီး မကြိုးစားလိုခဲ့ပေ။

"ရေးဖြေစာမေးပွဲ စတင်ပြီ။ နေရာယူကြ"

စီချင်က အချိန်ဆွဲမနေဘဲ စူးရှရှ အသံဖြင့် ညွှန်ကြားလိုက်သောအခါ စာရင်းသွင်းထားသူများသည် စင်မြင့်အပေါ် တက်လှမ်းသွားကြ၍ ယွမ်ရှောင်အား သတ်ဖြတ်လိုစိတ်ဖြင့် ကြည့်နေကြ၏။

"မင်းလို ငတုံးကောင်က ထိပ်ဆုံး ၃၂ယောက် ဝင်နိုင်မယ်ထင်နေတာလား။ စာပေနဲ့ အတွေးအခေါ်ကို လေ့လာဖို့ ကြိုးစားနေတဲ့ မျောက်တစ်ကောင်သာသာပဲ"

စန်းနန်က ယွမ်ရှောင်ဘေးတွင် နေရာယူရင်း လှောင်ပြောင်လိုက်သော်လည်း တစ်ဖက်လူမှာ စတင် ဖြေဆိုနေခဲ့သည်။ မေးခွန်းငါးခု ပါဝင်ပြီး ပထမ မေးခွန်းမှာ သိုင်းဧကရာဇ်မျိုးနွယ်၏ အပြစ်များအကြောင်း မေးထားခြင်း ဖြစ်သည်။ ၎င်းသည် သိုင်းဧကရာဇ်မျိုးနွယ်ကို အပုပ်ချရန်နှင့် လူငယ်များကို ဦးနှောက်ဆေးရန် ဆန်းကြယ်ဘုရားကျောင်း၏ အကြံအစည် ဖြစ်ပြီး ရာထူးစာမေးပွဲတိုင်းအတွက် မေးခွန်းများ စီစဥ်ထားတတ်၏။ အကယ်၍ ဖြေဆိုသူသာ သိုင်းဧကရာဇ်မျိုးနွယ်က သွေးမိစ္ဆာမျိုးနွယ်ကို အနိုင်ယူ၍ အကျိုးဆောင်ခဲ့သည်ဟု ဖြေလိုက်လျှင် နေရာ၌ ချက်ချင်း အသက်ပျောက်သွားနိုင်သည်။ ယွမ်ရှောင်က ရှေးဟောင်းအပျက်အစီးနယ်မြေ၏ ရှုထောင့်မှ သာမန်ပြည်သူများအတွက် ဒုက္ခများကို အလေးပေး ဖြေကြားလိုက်ပြီး သိုင်းဧကရာဇ်မျိုးနွယ်ကို စိတ်ထဲမှ တောင်းပန်ရင်း ရှုံ့ချကဲ့ရဲ့နေရသည်။

လန်ရီသာဆိုလျှင် ဤမေးခွန်းကို ဖြေမည် မဟုတ်သော်လည်း သူသည် အရေခြံရာ၌ ကျွမ်းကျင်ပြီး ကျိုးကြောင်းဆီလျော်သော ဝါကျများ ဆက်တိုက် ရေးသားနေသည်။ သမိုင်းအတုအယောင်ကို အင်မော်တယ်မျိုးဆက်များက ဖန်တီး၍ လူငယ်များကို ဦးနှောက်ဆေးနေသဖြင့် သူ့အတွက် လှောင်ရယ်စရာပင်။ ဒုတိယမေးခွန်းက ပိုမို ထင်ရှား၍ အင်မော်တယ်သုံးပါးကို စစ်မှန်သော အင်မော်တယ်များဟု ထင်ပါသလားဟု မေးခွန်းထုတ်ထား၏။ ၎င်းသည် ထောင်ချောက်တစ်ခု ဖြစ်ကာ တစ်ခုခု မှားယွင်းသွားသည်နှင့် လူပုံအလယ် ပြဿနာတက်ရပေလိမ့်မည်။ ယွမ်ရှောင်က လက်နှစ်ဖက်တွင် ကလောင်နှစ်ချောင်း ကိုင်၍ မေးခွန်းနှစ်ခု တပြိုင်နက် ဖြေဆိုနေသောအခါ လူအများ အံ့သြကုန်သည်။

ကျောင်းတော်၏ ဘက်တော်သားများက လန်ရီထံ ချဥ်းကပ်၍ အင်မော်တယ်သုံးပါး၏ မကောင်းကြောင်း ရေးလျှင် မည်သူမျှ မကယ်နိုင်ဟု တိတ်တဆိတ် သတိပေးလာကြသည်။ သူမက သူတို့ကို မစိုးရိမ်ရန် ပြောလိုက်သော်လည်း စိတ်ထဲတွင်မူ ရင်တထိတ်ထိတ် ဖြစ်နေရပြီး စိတ်ပူနေရသည်။ ယွမ်ရှောင်၏ စရိုက်အတိုင်း အကုန်လုံး သတ်ပစ်မည်ဟု ဖြေခဲ့လျှင် တွေးကြည့်ရုံနဲ့ပင် ခေါင်းကိုက်စရာ ဖြစ်လာ၏။

"အချိန်ပြည့်ပြီ။ အဖြေလွှာ အပ်ကြ"

အချိန်တစ်ခုအကြာတွင် စီချင်းက ကြေညာလိုက်သောအခါ ယွမ်ရှောင်သည် နောက်ဆုံး အဖြေလွှာကို အဆုံးသတ်နေခဲ့၏။

"မင်းက ဘာတွေ အများကြီးရေးနေတာလဲ။ ကိုယ့်နာမည်ကို ထပ်ခါတလဲလဲ ရေးနေတာမလား"

လူငယ်တစ်ယောက်က သူ့ကို ရန်စ၍ လှောင်ပြောင်နေခဲ့သည်။

"ငတုံး"

ယွမ်ရှောင်က တစ်ချက်သာ ကြည့်၍ လျစ်လျူရှုထားလိုက်၏။

မကြာမီ အဖြေလွှာများက ဘုရားကျောင်းအကြီးအကဲ၊ သူတော်စင်နှစ်ပါးနှင့် သခင်ခုနစ်ယောက်ထံ ရောက်ရှိသွားကာ အမှတ်ပေးနေကြသည်။

"အစ်ကို အကုန်လုံးကို သတ်ပစ်ရမယ်လို့တော့ မရေးခဲ့ဘူးမလား"

လန်ရီက ယွမ်ရှောင်၏ လက်မောင်းကို ဆွဲကိုင်၍ အသက်ပင် မရှူရဲလောက်အောင် ဖြစ်နေ၏။

"မစိုးရိမ်ပါနဲ့။ ဒီနေ့ ငါက ကိုယ်ကျင့်တရားအကြောင်း ကောင်းကောင်း ဟန်ဆောင်ထားခဲ့တယ်"

ယွမ်ရှောင်က ပေါ့ပေါ့ပါးပါးဖြင့် ခေါင်းယမ်းကာ ရယ်မောနေခဲ့သည်။ အမှတ်ပေးခြင်း၌ အဖြေလွှာပိုင်ရှင်၏ အမည်ကို ဖုံးကွယ်ထားသောကြောင့် စာမေးပွဲစစ်သူများပင် မည်သူ ဖြေဆိုထား​ကြောင်း မသိနိုင်ပေ။

"အဖြေတွေက အဆင်ပြေလား"

"ငါ့ဘက်မှာတော့ ဆိုးဆိုးရွားရွား မရှိဘူး။ တချို့ဆိုရင် အမှတ်ကောင်းကောင်း ရတယ်"

ယွမ်တဟဲနှင့် ဖုန်းချင်းသည်လည်း ယွမ်ရှောင် တလွဲလုပ်မည်ကို စိုးရိမ်နေသဖြင့် အချင်းချင်း မေးမြန်းလိုက်ကြ၏။ သူတို့က ယွမ်ရှောင်အနေဖြင့် ထိပ်ဆုံး ၃၂ယောက်အတွင်း ဝင်ရောက်ကာ နောက်တစ်ဆင့် တက်နိုင်ရန် မျှော်လင့်ထားကြသည်။

"အမှတ်တွေ ထုတ်ဖော်လိုက်ရအောင်"

စီချင်းက ညွှန်ကြားလိုက်သောအခါ သက်ဆိုင်ရာ အဖြေလွှာ တစ်ခုချင်းစီကို စုစည်း၍ အမှတ်များ တွက်ချက် စုပေါင်းခဲ့ကြသည်။ မေးခွန်းငါးခုတွင် ၄၈မှတ် ရရှိခဲ့ပြီး အမှတ်ပြည့် အဖြေသုံးခု ပိုင်ဆိုင်ထားသော လူတစ်ယောက်ကြောင့် စစ်ဆေးသူအားလုံး လှုပ်လှုပ်ရှားရှား ဖြစ်ကုန်သည်။

"ဘယ်သူများလဲ။ သောက်လခွမ်း ယွမ်ရှောင်"

သခင်တစ်ယောက်က ဖုံးကွယ်ထားသော နာမည်ကို ထုတ်ဖော်လိုက်သောအခါ မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ တောင့်တင်းသွားပြီး လူတိုင်း မျက်လုံးပြူးကုန်သည်။

"သူတို့နဲ့ ပူးပေါင်းကြံစည်နေတာတော့ မဟုတ်ဘူးမလား"

အင်မော်တယ်မျိုးဆက်များပင် ဆန်းကြယ်ဘုရားကျောင်း၏ လှည့်ကွက်မေးခွန်းများကို အမှတ်များများ ရရန် ခက်ခဲလွန်းသောကြောင့် လန်ရီမှာ သံသယဝင်ချင်ချင် ဖြစ်သွားရ၏။

"မင်းကိုယ်မင်း အမှန်တရားကို လျစ်လျူရှုပြီး ပေါက်ကရတွေ ဖားယားလိုက်ရင် အင်မော်တယ်မျိုးဆက် ဖြစ်လာနိုင်တယ်"

ယွမ်ရှောင်က ရှင်းပြလိုက်ပြီး ဓားရေးတွင် အစွမ်းပြဖူးသကဲ့သို့ ကလောင်သွားဘက်တွင်လည်း သူမတူသည်ဖြစ်ရာ ဘက်စုံထူးချွန်ခြင်းပင်။ အမှတ်စာရင်း ထွက်လာသောအခါ ၄၈မှတ်ဖြင့် သူက ပထမ၊ ၄မှတ်ဖြင့်၅ ချင်ကျစ်ယွဲ့က ဒုတိယ၊ ၄၄မှတ်ဖြင့် ထန်ကျစ်က တတိယ ရခဲ့သည်။

"ဒီကောင်က တစ်ယောက်ယောက်ရဲ့ တရားမဝင် ကလေးများ ဖြစ်နေမလား"

ယွမ်ရှောင်ကို အဆက်မပြတ် လှောင်ပြောင်နေခဲ့သော လူငယ်က ၃၂မှတ်သာ ရရှိခဲ့ပြီး တီးတိုးရေရွတ်လိုက်သည်။

"ဟူယန်ချင်း မင်းက ဘာတွေ စိတ်ပူနေတာလဲ။ တိုက်ခိုက်ကြရင် ဒီကောင်က ဘာလုပ်နိုင်မှာမလို့လဲ"

စန်းနန်က အေးစက်စက် စိုက်ကြည့်၍ မထီမဲ့မြင် ပြောလိုက်သည်။

"ရှန်ချန်း မင်း ရောက်လာမှတော့ ဘာလို့ ထွက်မလာတာလဲ"

ဆန်းကြယ်ဘုရားကျောင်းအထက် ကောင်းကင်ရှိ တိမ်တိုက်များ အကြားတွင် အဖြူရောင် ကြာပန်းတစ်ပွင့် မျောလွင့်နေကာ မည်သူမျှ မမြင်နိုင်ပေ။ ၎င်းအထက်တွင် ထိုင်နေသည့် ယွီချန်က ရုတ်တရက် ပြောလိုက်သောအခါ မီးခိုးရောင်ဝတ်ရုံနှင့် အကြီးအကဲတစ်ယောက် ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။

"ဘယ်လိုလဲ"

"ဒီအဖြေလွှာက တော်တော်လေး ရက်စက်တယ်။ ငါ့ဘိုးဘေးတွေသာ ဖတ်မိရင် သင်္ချိုင်းထဲက ဓားဆွဲထွက်လာလိမ့်မယ်"

ရှန်ချန်းက ခါးသက်သက် ရယ်မော၍ ဖြေလိုက်သည်။

"သူက ငါတို့ဘက်ကပါ"

"ပါရမီရှင်တစ်ယောက်ပဲ။ ကျုပ်တို့ဘက်ကဆိုတာ သေချာရဲ့လား"

"သေချာတယ်"

ယွီချန်က လေးနက်စွာ ခေါင်းညိတ်၍ မျက်မှောင်ကြုတ် စဥ်းစားနေသော ရှန်ချန်း၏ အမေးကို အတည်ပြုပေးခဲ့၏။

"ဝင်ခွင့်စာမေးပွဲမှာ အကုန်သတ်ပစ်မယ်လို့ ရေးခဲ့တဲ့ လူတစ်ယောက်က အတော်ပြောင်းလဲသွားတာပဲ။ တိုက်ခိုက်ရေး ပြိုင်ပွဲကို တစ်ချက်ကြည့်ရသေးတာပေါ့"

ကောင်းကင်အထက်တွင် ယွီချန်နှင့် ရှန်ချန်း ဆွေးနွေးနေစဥ် စီချင်းက တိုက်ခိုက်ရေးပြိုင်ပွဲ စတင်ရန် ကြေညာခဲ့သည်။ ပြိုင်ပွဲဝင် ၃၂ယောက်က တစ်ယောက်ချင်း တိုက်ခိုက်ရမည်ဖြစ်ကာ အမှတ်များဖြင့် ခွဲခြားထားပြီး ရေးဖြေစာမေးပွဲ၏ အမှတ်ဖြင့် ပေါင်းကာ အမှတ်အများဆုံးရလျှင် သခင်အသစ် ဖြစ်လာပေလိမ့်မည်။ ရေးဖြေစာမေးပွဲတွင် ယွမ်ရှောင်က ထန်ကျစ်ထက် လေးမှတ် သာလွန်ခဲ့သော်လည်း တိုက်ခိုက်ခြင်းတွင် ထန်ကျစ် ပထမရသွားလျှင် အမှတ်ငါးဆယ်ဖြင့် သခင်ရာထူး ပိုင်ဆိုင်ပေလိမ့်မည်။

ပထမဆုံး တိုက်ပွဲက ပထမနှင့် နောက်ဆုံး ၃၂ယောက်မြောက် တိုက်ခိုက်ရမည်ဖြစ်ကာ ယွမ်ရှောင်နှင့် သူ့ကို အဆက်မပြတ် လှောင်ပြောင်နေခဲ့သော ဟူယန်ချင်း တိုက်ပွဲကွင်းထံ ဝင်ရောက်လာကြသည်။ ဟူယန်ချင်းက ပြည့်စုံခြင်းအဆင့် ချီစက်ဝန်းနယ်ပယ် ဖြစ်သောကြောင့် ယွမ်ရှောင်ထက် ကျင့်ကြံဆင့် တစ်ဆင့် မြင့်မားပေ၏။

"မင်းလို အရိုင်းအစိုင်းက ရေးဖြေစာမေးပွဲမှာ ပထမရရင်တောင် ဘာဖြစ်လဲ။ ငါ့ကို ကျော်နိုင်မှာ မလို့လား"

ဟူယန်ချင်းက လှောင်ပြောင်ရင်း စကားများနေစဥ် ယွမ်ရှောင်သည် ရှည်ရှည်ဝေးဝေး ပြောမနေဘဲ ဓားမြှောင်ကို ချက်ချင်း ပစ်ခတ်လိုက်သည်။

"ဘယ်ရောက်သွားတာလဲ"

ဟူယန်ချင်း ကြောင်အနေစဥ် ၎င်းသည် ဦးခေါင်းအနောက်မှ ဖောက်ဝင်လာ၍ ပါးစပ်မှ ပျံထွက်သွားကာ လျှာတစ်ချောင်းလုံး ပြတ်ပါသွား၏။

"ငါက အရိုင်းအစိုင်းဆိုတော့ ရက်စက်တတ်တယ်"

ယွမ်ရှောင်က ဓားဖျားတွင် ချိတ်ပါလာသော လျှာပြတ်ကို မြေပြင်ပေါ် ပစ်ထုတ်၍ ဓားဝိညာဥ် သိမ်းဆည်းကာ တိုက်ပွဲကွင်း အပြင် ထွက်ခွာသွားလေသည်။

All Chapters