ကားနတ်ဘုရားကို စိန်ခေါ်ခြင်း
Vol. 5 Ch. 63
"မစ္စတာယဲ့ ခင်ဗျားနဲ့တွေ့ရတာ အရမ်းဝမ်းသာတာပဲ"
ဝေ့ရှန်းက စိတ်လှုပ်ရှားစွာ ဆိုလိုက်လေသည်။
ယခင်တုန်းက ဝေ့ရှန်း ယဲ့ချန်းအား ညစာအတူစားရန် အကြိမ်ပေါင်းများစွာ ဖိတ်ကြားဖူးသော်ငြား ယဲ့ချန်းကတော့ မအားဘူးဟုဆိုကာ အမြဲငြင်းဆိုခဲ့သည်။
ဤတစ်ခေါက်တော့ သူ ယဲ့ချန်းကို ဖိတ်နိုင်ခဲ့လေပြီ။
ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်လေသည်။
"ကျွန်တော် ဒီကိုလာခဲ့တာ အစ်ကိုရှုကြောင့်ပါ။ ကျွန်တော့်မိတ်ဆွေက အစ်ကိုရှုရဲ့ပရိသတ်လေ"
အစ်ကိုရှု ရယ်လိုက်လေသည်။
"မစ္စတာယဲ့ ခင်ဗျားမိတ်ဆွေကသာ သဘောကျတယ်ဆိုရင် အချိန်မရွေးဆက်သွယ်လို့ရပါတယ်။ ကျွန်တော် သူ့ကို ပြိုင်ပွဲအတွက် ခေါ်သွားပေးရရင် ဝမ်းသာမိမှာပါ"
"တကယ်လား"
ကျိုးစုစုက စိတ်လှုပ်ရှားစွာ ဆိုလိုက်၏။
"တကယ်ပေါ့။ ကျွန်တော်တို့ ဒီည လေ့ကျင့်ရေးဆင်းရမှာ။ မင်းလည်း လိုက်ခဲ့လို့ရတယ်"
အစ်ကိုရှုက ပြုံးပြုံးလေး ပြောလိုက်သည်။
"ကောင်းလိုက်တာ အစ်ကိုရှု.. ကျွန်မတို့ ဓာတ်ပုံအတူရိုက်လို့ရလား"
ကျိုးစုစု စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"ပြဿနာမရှိပါဘူး"
အစ်ကိုရှုက ကျိုးစုစုအနားသို့ ရောက်လာပြီး ဓာတ်ပုံအတူရိုက်လိုက်သည်။
ယဲ့ချန်းကတော့ ကျိုးစုစုတစ်ယောက် ပရိသတ်မိန်းမငယ်လေးတစ်ယောက်နှယ် ပြုမူနေတာကိုကြည့်ရင်း ခပ်ဖွဖွပြုံးလိုက်မိသည်။
ကျိုးစုစု သူ(မ)၏ ဆိုရှယ်မီဒီယာပေါ်တွင် ထိုဓာတ်ပုံကို တင်လိုက်၏။
"ဒီည အစ်ကိုရှုနဲ့ ညစာစားပြီး ခဏနေရင် သူနဲ့ လေ့ကျင့်ရေးဆင်းမလို့။ သွားကြစို့"
သူ(မ) ပို့စ်တင်ပြီးပြီးချင်းမှာပင် သူ(မ)၏ပို့စ်က ပေါက်ကွဲလေတော့သည်။
"စုစု... နင်က အစ်ကိုရှုနဲ့အတူ ညစာစားနေတာပေါ့။ မိုက်လိုက်တာ"
"နင် ငါ့အတွက် လက်မှတ် တောင်းပေးလို့ရမလား"
"အစ်ကိုရှုက အရမ်းချောတာပဲ။ စုစုလည်း လှတာပဲ"
…
သူ(မ)၏စတိုရီတွင် လေးစားအားကျသူများ၏ စကားသံများဖြင့် ညံစီနေပေသည်။ သို့သော် ရှုနတ်ဘုရား၏ ပရိသတ်တစ်ယောက်ထံမှ မှတ်ချက်ကတော့ ထင်းထွက်နေပေသည်။
"ကျစ်.. ဒီဓာတ်ပုံက တည်းဖြတ်ထားတာမလား။ အစ်ကိုရှုက ဒီည ဖယ်ရာရီရဲ့အမှုဆောင်ဒါရိုက်တာတွေနဲ့ ညစာစားနေတာတဲ့။ ဘယ်လိုလုပ်ပြီး သူနဲ့ ညစာစားနိုင်မှာလဲ။ တချို့လူတွေက ကြွားတာတောင် စည်းမရှိတော့ဘူးပဲ"
"တည်းဖြတ်ထားတဲ့ဓာတ်ပုံလား။ လူလိမ်မပဲ"
"ငါက အဲဒါကို အစစ်လို့ထင်နေတာ။ တည်းဖြတ်ထားတာကိုး။ စုစု.. အဲဒါတော့ မမိုက်ဘူးနော်"
ကျိုးစုစုမှာ ထိုမှတ်ချက်များကိုမြင်တော့ စိတ်မကျေမနပ်ဖြစ်သွားသည်။
"ဒီဓာတ်ပုံက တည်းဖြတ်ထားတာလို့ ဘယ်သူကပြောလဲ။ငါ ခဏနေရင် အစ်ကိုရှုနဲ့ လေ့ကျင့်ရေးကွင်းထဲကို သွားရမှာ"
ရှုနတ်ဘုရားရဲ့ပရိသတ် : "ကောင်းပြီလေ။ ငါတို့ အစ်ကိုရှုရဲ့လက်မှတ်ကိုတောင်းဖို့ လေ့ကျင့်ရေးကွင်းထဲမှာ စောင့်နေမယ်။ အဲဒီကျမှ တွေ့ကြတာပေါ့"
…
ဖုန်းကိုပိတ်ပြီးနောက် ကျိုးစုစု အေးတိအေးစက် နှာခေါင်းရှုံ့မိသည်။
"ခဏနေရင် ငါ နင်တို့မှားကြောင်း သက်သေပြတာကို စောင့်ကြည့်နေလိုက်"
"ယဲ့ချန်း.. ကျွန်မရဲ့အိပ်မက်တွေ တကယ်ဖြစ်လာအောင် လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
ကျိုးစုစုက ယဲ့ချန်းအား တိတ်တဆိတ်ပြောလိုက်၏။
ယဲ့ချန်းကတော့ ခပ်ဖွဖွသာပြုံး၏။
"ဟားဟား မလိုပါဘူး။ ငါငယ်ငယ်တုန်းကလည်း အိုင်ဒေါတစ်ယောက် ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ သူနဲ့တွေ့ဖို့ အခွင့်အရေးမရခဲ့ဘူး"
"ရှင့်အိုင်ဒေါက ဘယ်သူလဲ"
ကျိုးစုစု ညင်သာစွာမေးခွန်းထုတ်လိုက်သည်။
ယဲ့ချန်းခမျာ ခဏမျှတွေးတောပြီးနောက် မျက်လုံးထဲတွင် အတိတ်ကိုတမ်းတနေဟန် အငွေ့အသက်များ ယှက်သန်းလာသည်။
"သူ့နာမည်က ဆိုရာအာအိုအိတဲ့"
"ဆိုရာအာအိုအိ?"
ကျိုးစုစု အံ့အားသင့်သွားရသည်။
ဤကမ္ဘာတွင် ဆိုရာအာအိုအိမရှိပေ။ သို့သော် ယခင်ဘဝတုန်းက သူ(မ)က ယောကျ်ားတော်တော်များများ၏ အိပ်မက်ပင်။
ညစာစားပြီးနောက် ယဲ့ချန်းလည်း အခြားလူများနှင့်အတူ မိုတုကားပြိုင်ကွင်းသို့ မောင်းလာခဲ့လိုက်၏။
ကျိုးစုစုမှာ မိမိုက်လှသော ဖယ်ရာရီပြိုင်ကားများကို ကြည့်ရင်း စိတ်လှုပ်ရှားနေသည်။
ယဲ့ချန်းကလည်း သူ၏နတ်ဘုရားအဆင့်ကားမောင်းစွမ်းရည်အကြောင်း တွေးမိလိုက်သောအခါ ထိုပြိုင်ကားများကြောင့် စိတ်ဝင်စားသွားသည်။
ဤသည််မှာ ထိုစွမ်းရည်ကို စမ်းသပ်ကြည့်နိုင််မည့် အကောင်းဆုံးအခွင့်အရေးပင်။
ဝေ့ရှန်းကတော့ အနည်းငယ်စိုးရိမ်နေ၏။
"မစ္စတာယဲ့... ပြိုင်ကားတွေရဲ့အရှိန်က အရမ်းမြန်တယ်နော်။ ပရော်ဖက်ရှင်နယ်လေ့ကျင့်သင်ကြားထားတာမျိုး မရှိရင်..."
"ရပါတယ်။ ကျွန်တော် အရင်ကမောင်းဖူးတယ်"
ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်သည်။
အစ်ကိုရှုကလည်း ရယ်မောလိုက်၏။
"ရပါတယ်။ ကျွန်တော် အရှိန်ကို နည်းနည်းလျှော့ပေးလို့ရတယ်လေ"
ယဲ့ချန်းနှင့် အစ်ကိုရှုတို့နှစ်ယောက်သား F1ပြိုင်ကားတစ်စီးစီကို မောင်းလာပြီးနောက် ပြိုင်ကွင်းလမ်းကြောင်းထဲ၌ ရပ်လိုက်၏။
လူတော်တော်များများကတော့ ဤပြိုင်ပွဲကို အပျော်သက်သက်ဟုသာ ထင်နေကြသည်။
အစ်ကိုရှုက ဘယ်သူမို့လို့လဲ?
ကားနတ်ဘုရားပင်။
ယဲ့ချန်း ယခင်က F1ကို မောင်းဖူးသည်ဆိုလျှင်ပင် အခြေခံအဆင့်မျှသာ ရှိပေလိမ့်မည်။
ယဲ့ချန်းက ဖယ်ရာရီ၏ အဓိကရှယ်ယာရှင်တစ်ယောက် မဟုတ်ခဲ့ပါက အစ်ကိုရှုက ကိုယ့်အဆင့်အတန်းကိုယ်နှိမ့်ချပြီး သူနှင့် ဘာကြောင့်ပြိုင်မှာတဲ့လဲ။
လမ်းကြောင်းပေါ်တွင် Streamerအသေးစားတစ်ယောက်က လူအုပ်ကြီးအကြား တိုက်ရိုက်ထုတ်လွှင့်မှုလုပ်နေ၏။
"အားလုံးပဲ..ကျွန်တော် သတင်းထူးတစ်ခုရထားတယ်။ ရှုနတ်ဘုရားက လူတစ်ယောက်နဲ့ ကားပြိုင်မောင်းမလို့တဲ့"
"အဲဒီလူကိုကြည့်ရတာ မရင်းနှီးသလိုပဲ။ ပြိုင်ကားမောင်းသမားတစ်ယောက်တော့ ဟုတ်မယ်မထင်ဘူး"
"ဒီပြိုင်ပွဲမှ ဘာမှစိတ်လှုပ်ရှားစရာရှိမယ်မထင်ဘူး"
…
"တစ်စုံတစ်ယောက်က နတ်ဘုရားရှုကို စိန်ခေါ်လိုက်တာလား။ လာနောက်နေတာလား"
"ကြည့်ရတာ သူက ဟွားနိုင်ငံကထင်တယ်။ ဟားဟား..သူတော့ အရှက်ခွဲခံရတော့မယ်"
"နတ်ဘုရားရှုကို စိန်ခေါ်ရဲတဲ့ သူ့သတ္တိကိုတော့ လေးစားတယ်ဟေ့"
"ခဏနေရင် သူ လူသားဖုန်မှုန့်လုံးကြီးဖြစ်တော့မယ်ဆိုတာ ငါ ဆယ်ဒေါ်လာနဲ့ လောင်းမယ်"
…
ကောမန့်များအားလုံးက ဟွားနိုင်ငံမှ အဆင်အခြင်မဲ့သော ဤလူငယ်လေးကို လှောင်ပြောင်သရော်နေကြသည်။ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသူအားလုံးနီးပါးမှာ နတ်ဘုရားရှု၏ ပရိသတ်များဖြစ်ကြသည်။
သူတို့မျက်လုံးထဲတွင် နတ်ဘုရားရှုက ပြိုင်ဘက်ကင်းကားနတ်ဘုရားပင်။
အပျော်တမ်းပြိုင်ကားသမားတစ်ယောက်က ကားနတ်ဘုရားကို စိန်ခေါ်နေတာတဲ့လား? ရူးနေပြီလား?
ကျိုးစုစုက ထိုကားနှစ်စီး၏ရှေ့တွင် မတ်တတ်ရပ်၍ လေထဲသို့ လက်ကိုင်ပဝါလေး မြှောက်တင်လိုက်သည်။
ဘရွန်း ဘရွန်း!
F1ပြိုင်ကားနှစ်စီးမှာ အင်ဂျင်သံနှင့်အတူ အလျင်အမြန်ထွက်ခွါသွားကြလေတော့သည်။
"စပြီ။ အားလုံးပဲ ကြည့်ကြဟေ့.. ကားနှစ်စင်းကို အကျယ်ချဲ့ပြီး ပြထားတယ်"
"ဝိုး.. ဒီကားရဲ့တာထွက်က ကောင်းသားပဲ"
"ဘုရားရေ.. ဒါက အပျော်တမ်းပြိုင်ကားသမားဆိုတာ သေချာရဲ့လား"
"ဒီတာထွက်မျိုးက နတ်ဘုရားရှုထက်တောင် မနိမ့်ဘူးနော်"
"ငါ ယုံတောင်မယုံနိုင်ဘူး။ ဟွားနိုင်ငံက လူငယ်လေးရဲ့ကားက ဦးဆောင်နေပုံပဲ"
"ဒီတာထွက်က နတ်ဘုရားအဆင့်ပဲ။ အစ်ကိုရှုထက်တောင် မနိမ့်ဘူး"
အစကတည်းက ယဲ့ချန်းကြောင့် ကြည့်ရှုသူအပေါင်းမှာ အံ့သြသွားရလေသည်။
အစတုန်းကတော့ အစ်ကိုရှုက ယဲ့ချန်းအား ပြိုင်ဘက်တစ်ယောက်ဟု သဘောမထားခဲ့ပေ။ သို့သော် စလာကတည်းက သူသည် ကားကိုယ်ထည်တစ်ဝက်စာလောက် နောက်ကျကျန်ရစ်နေခဲ့၏။
ကားနတ်ဘုရားတစ်ယောက်အနေနှင့် သူက အခြားလူများထက် ဘယ်လိုလုပ်ပြီး နောက်ကောက်ကျကျန်နိုင်မည်နည်း။ ထို့ကြောင့် ကားကို အရှိန်တင်လိုက်တော့သည်။
သို့သော် ကံဆိုးချင်တော့ ယဲ့ချန်း၏ကားမောင်းစွမ်းရည်က ရူးချင်စရာကောင်းလွန်းလှသည်။
အစ်ကိုရှုမှာ နည်းလမ်းပေါင်းစုံသုံးပြီး ကြိုးစားခဲ့သော်ငြား ထောင့်ချိုးတချို့ကို ကွေ့ပြီးနောက် အကွာအဝေးမှာ လျော့မသွားဘဲ ပိုတိုးလာသည်။
ဖယ်ရာရီအမှုဆောင်ဒါရိုက်တာများနှင့် အဖွဲ့ဝင်တချို့ကလည်း ထိုပြိုင်ပွဲကို အကြောင်သားကြည့်နေမိကြ၏။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. အစ်ကိုရှုက တကယ်ကြီး နောက်ကျကျန်နေခဲ့တာတဲ့လား?
ပြိုင်ကွင်းထဲရှိ ချန်ပီယံတစ်ယောက်အနေနှင့် အစ်ကိုရှုက ဘယ်တုန်းကမှ နောက်ကျကျန်ရစ်မနေခဲ့ပေ။
ထို့ပြင် ကားနှစ်စီးစလုံးမှာ အရှိန်ပြည့်တင်ထားခြင်းပင်။
အစ်ကိုရှုကိုယ်တိုင်လည်း အစွမ်းကုန်မောင်းနေခြင်းဖြစ်ကြောင်း သိသာလှသည်။
သို့သော် ကားနှစ်စီးကြားရှိ အကွာအဝေးမှာ ပိုတိုးလာချေသည်။
ပြိုင်ကွင်းတစ်ခုလုံး တိတ်ဆိတ်သွားလေတော့သည်။
ထိုအချိန်တွင် Streamerလေးခမျာ တိုက်ရိုက်ထုတ်လွှင့််မှုကိုပင် မေ့လျော့သွားပြီး အရှိန်ကုန်တင်နေကြသော F1ပြိုင်ကားနှစ်စီးကို အကြောင်သားငေးနေမိသည်။
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာတော့ ပရိသတ်များမှာ ရူးခါကုန်ကြသည်။
"ဘုရားရေ.. ငါ အမြင်မှားနေတာလား။ အပျော်တမ်းပြိုင်ကားသမားက ဦးဆောင်နေတာပဲ"
"အဲဒီကားသမားက ဟွားနိုင်ငံကလား။ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် တော်နေတာလဲ"
"နတ်ဘုရားရှုက သူ့ကို တမင်အနိုင်ပေးထားတာလား"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ကားနှစ်စီးစလုံး ဘယ်လောက်မြန်လဲဆိုတာ မင်းမမြင်ဘူးလား"
"ဟွားနိုင်ငံက လူတွေက ကားမမောင်းနိုင်ဘူးလို့ ဘယ်သူပြောလိုက်တာလဲ။ လာကြည့်လှည့်ပါဦး"
…
ထိုမြင်ကွင်းကြောင့် အားလုံး ကြက်သေသေသွားကြသည်။
အထူးသဖြင့် ပရော်ဖက်ရှင်နယ်ပြိုင်ကားမောင်းသူများမှာ လုံးဝအံ့သြကုန်ကြ၏။
ဒါက အပျော်တမ်းပြိုင်ကားမောင်းသူတစ်ယောက်တဲ့လား?
သူက နတ်ဘုရားအဆင့်ကိုတောင် ရောက်နေပြီ!
ယဲ့ချန်း၏ကားမောင်းစွမ်းရည်က နတ်ဘုရားရှုထက် ပိုသာနိုင်လောက်သည်ဟူသော ကြောက်မက်ဖွယ်ရာအတွေးတစ်ခုက သူတို့ခေါင်းထဲသို့ ဝင်ရောက်လာသည်။
ကျိုးစုစုလည်း ယဲ့ချန်း၏ကားက ပြိုင်ကွင်းထဲ၌ ဦးဆောင်နေတာကိုမြင်ပြီး မှင်တက်သွားချေသည်။
ယဲ့ချန်းက အစ်ကိုရှုကို ကျော်တက်သွားသတဲ့။
ဘရွန်း ဘရွန်း ဘရွန်း!
ကားနှစ်စီးက အဆုံးသတ်မျဉ်းကို ရှေ့ဆင့်နောက်ဆင့် ကျော်ဖြတ်ခဲ့ကြသည်။
မှတ်တမ်းတင်သူကလည်း အချိန်မှန်နာရီကို တအံ့တသြကြည့်နေမိသည်။
တစ်မိနစ် ၂၈စက္ကန့် ၂၃၈!
ယဲ့ချန်းက အစ်ကိုရှု၏စံချိန်ကို ချိုးလိုက်ခြင်းပင်။
Streamerလေးခမျာ ထိုရလဒ်ကိုမြင်ပြီး ရူးသွပ်လုမတတ်ဖြစ်သွားရ၏။
"ဘုရားရေ..ငါ ဘာမြင်လိုက်ရတယ်ထင်လဲ။ ဒီလူငယ်လေးက နတ်ဘုရားရှုရဲ့စံချိန်ကို တစ်မိနစ် ၂၈စက္ကန့် ၂၃၈နဲ့ စံချိန်ချိုးသွားတယ်။ ရူးလောက်တယ်"
"သူ့ကို ဒီအတိုင်းသာမညောင်ညလေးလို့ပဲ ထင်နေတာ။ တကယ်တော့ သူကမှ ကားနတ်ဘုရားဖြစ်နေတာကိုး"
"ရူးချင်စရာပဲ။ သူက နတ်ဘုရားရှုကို တကယ်ကြီး အနိုင်ယူပစ်လိုက်တာပဲဟ။ ပိုအရေးကြီးတာက အဲဒီလူက ဟွားနိုင်ငံကနော်"
တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ ပရိသတ်များမှာ ရူးခါကုန်ကြသည်။
•••••••••••••