← Chapters

အီစီကလီလုပ်ခြင်း

Vol. 5 Ch. 65

အီစီကလီလုပ်ခြင်း

Vol. 5 Ch. 65

ယဲ့ချန်း လင်ရှန်းရှန်းကို ဖုန်းဆက်လိုက်သည်။

"ရှန်းရှန်း.. ထျန်းချန်ယိပင်မှာ ငါ့တိုက်ခန်းရှစ်ခန်းရှိတယ်။ မင်းရဲ့မိတ်ဆွေ အိမ်ခြံမြေပွဲစားတစ်ယောက်ကို ငါ့အတွက် အိမ်ငှားရှာပေးဖို့ ပြောပေးနိုင်မလား"

"ပြဿနာမရှိပါဘူး အစ်ကိုယဲ့.. အစ်ကိုက အရမ်းတော်တာပဲနော်။ ထျန်းချန်ယိပင်မှာတောင် တိုက်ခန်းရှစ်ခန်းပိုင်တာတဲ့။ ဒါက တော်တော်ချမ်းသာတာပဲ"

လင်ရှန်းရှန်းက တအံ့တသြရေရွတ်လိုက်သည်။

"ပိုင်ဆိုင်မှုတွေများတာကလည်း ဒုက္ခတစ်မျိုးပဲ။ အိမ်ငှားတင်လိုက်ရင်လည်း အိမ်ငှားခကောက်ရသေးတယ်။ ဒီတိုက်ခန်းတွေအတွက် အိမ်ငှားခကူကောက်ပေးပါဦး။ ပိုက်ဆံကိုတော့ မင်းကိုယ်တိုင် ငါ့ဆီကိုလွှဲလိုက်ပေါ့။ ဆယ်ရာခိုင်နှုန်းကို မင်းရဲ့ကော်မရှင်ခအဖြစ် ယူထားလိုက်"

ယဲ့ချန်း၏စကားကို ကြားလိုက်ရသောအခါ လင်ရှန်းရှန်းလည်း ကြက်သေသေသွားရသည်။ ထျန်းချန်ယိပင်ရှိ တိုက်ခန်းတစ်ခန်းမှာ တစ်နှစ်လျှင် နှစ်သန်းခန့်ကုန်ကျပြီး ရှစ်ခန်းဆိုလျှင် တစ်ဆယ့်ခြောက်သန်းဖြစ်လေရာ ယခုနှစ်အတွက် သူ(မ) ၁.၆သန်းလောက် ဝင်ငွေရနိုင်သည်။

"အစ်ကိုယဲ့က ကျွန်မကို ထောက်ပံ့ချင်နေတာလား"

လင်ရှန်းရှန်း၏စိတ်ထဲတွင် ဤသို့နှယ် စိတ်ကူးယဉ်မိလေတော့သည်။

ငှားရမ်းရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းပြီးနောက် ယဲ့ချန်းလည်း တိုက်ခန်းများကို ကြည့်ရှုရန်အတွက် ထျန်းချန်ယိပင်သို့ ကားမောင်းလာစဉ် သူ့ဖုန်းက မြည်လာခဲ့သည်။

"ဟယ်လို.. ကားနံပါတ် Hu A1689ရဲ့ပိုင်ရှင်လား"

"ဟုတ်ပါတယ်။ ပြဿနာတစ်ခုခုရှိလို့လား"

"ခင်ဗျားရဲ့ရှားလိကားက ဒီမှာရပ်ထားတာ တော်တော်ကြာပြီ။ ခင်ဗျား လာရွှေ့သင့်နေပြီနော်"

"ကောင်းပါပြီ။ ကျွန်တော် အခုချက်ချင်း လာခဲ့ပါ့မယ်"

တကယ်တမ်းတော့ ယဲ့ချန်းအနေနှင့် ထိုရှားလိကားအဟောင်းကို စွန့်ပစ်နိုင်သော်လည်း ထိုကားကို သုံးနှစ်ခန့်ကြာအောင် မောင်းခဲ့သည်ဖြစ်ရာ သံယောဇဉ်တွယ်မိနေပြီဖြစ်၏။

ယဲ့ချန်းတွင် ငွေမပြတ်လပ်သော်လည်း ယခုလိုထိန်းသိမ်းထားရခြင်းမှာ စိတ်ခံစားချက်ကြောင့်သာဖြစ်၏။

ယဲ့ချန်းက သူ့ကားကို ထျန်းချန်ယိပင်အဆောက်အအုံအောက်တွင် ရပ်ထားခဲ့ပြီး ရှားလိကားကို မောင်းရန်အတွက် တက္ကစီငှားလိုက်၏။

ရှားလိကားလေးခမျာ လဝက်ကြာအောင် ပစ်ထားခဲ့သောကြောင့် ဖုန်မှုန့်များဖြင့် ပြည့်နှက်နေသည်။ ယဲ့ချန်းလည်း ကားကို သန့်ရှင်းသွားအောင် သုတ်ပြီးနောက် ထိုရှားလိကားအဟောင်းကိုမောင်းကာ အိမ်ပြန်လာခဲ့လိုက်သည်။

ထိုအချိန်တွင် ရေဒီယိုမှ ထုတ်လွှင့်နေသော သတင်းတစ်ပုဒ်ကို ကြားလိုက်ရသည်။

"မြို့တွင်းမှာရှိတဲ့ လုပ်ငန်းစုတွေရဲ့ အချက်အလက်တွေကို အမည်မသိဟက်ကာတွေက ခိုးယူပြီး နိုင်ငံခြားကုမ္ပဏီတွေကို ရောင်းချခဲ့​ပါတယ်။ ရဲတပ်ဖွဲ့ကလည်း ဒီအမှုကိုစုံစမ်းဖို့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုကို ဖွဲ့စည်းပြီး ပြည်သူတွေဆီက သဲလွန်စတွေ ရှာဖွေနေပါတယ်"

"ဝိုး... ဒီဟက်ကာတွေက တော်တော်ရဲတင်းတာပဲ။ ပြည်သူတွေရဲ့ဒေတာတွေခိုးယူပြီး နိုင်ငံခြားကုမ္ပဏီတွေကို ရောင်းချတာက ခေတ်သစ်နိုင်ငံတော်သစ္စာဖောက်မှုမဟုတ်ဘူးလား"

ကံဆိုးချင်တော့ ယဲ့ချန်း၏ကွန်ပျူတာစွမ်းရည်က ဂိမ်းကစားခြင်းနှင့် ဗိုင်းရပ်စ်တိုက်ခိုက်ခြင်းအတွက်သာဖြစ်၏။ Hackingနှင့်ပတ်သက်၍ ဘာမှမသိပေ။

ယဲ့ချန်းလည်း စုဝမ်ယိကို ဖုန်းဆက်လိုက်သည်။

"ဝမ်ယိ... ပြည်တွင်းကုမ္ပဏီတွေ အဟက်ခံရတဲ့သတင်းကို ငါ အခုပဲကြားလိုက်တယ်။ မင်းတို့ကုမ္ပဏီရော အဆင်ပြေရဲ့လား"

"ကျွန်မတို့ကုမ္ပဏီလည်း တိုက်ခိုက်ခံရတယ်။ ကျွန်မတို့ရဲ့ပင်မနည်းပညာကို ဟက်ကာတွေက ခိုးယူသွားပြီး ဒေတာတွေ မပေါက်ကြားစေချင်ရင် သန်းနှစ်ဆယ်ပေးရမယ်လို့ တောင်းနေတယ်"

"ငွေမလွှဲနဲ့ဦး။ ရဲတွေလည်း စုံစမ်းနေပြီ"

"ဒါပေမဲ့ ဟက်ကာတွေက အချိန်ရှစ်နာရီပဲ ပေးထားတာ။ အခု လေးနာရီပဲလိုတော့တယ်"

"နားလည်ပြီ။ ငါ ရဲတပ်ဖွဲ့ထဲက မိတ်ဆွေတစ်ယောက်ကို ချက်ချင်းဖုန်းဆက်လိုက်မယ်"

ယဲ့ချန်း ဖုန်းချချချင်းမှာပင် ဖုန်းသံက ထပ်မြည်လာပြန်သည်။

ခေါ်ဆိုသူမှာ ကျိုးစုစုဖြစ်၏။

"ယဲ့ချန်း.. ရှင် ကျွန်မကို လာခေါ်ပေးလို့ရမလား။ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ကျွမ်းကျင်သူတစ်ယောက်ကို လေဆိပ်မှာ သွားကြိုရမှာ။ ဒီည ကျွန်မ အရက်သောက်ထားလို့ ကားမောင်းလို့မရဘူးဖြစ်နေလို့"

"အိုကေ ပြဿနာမရှိပါဘူး"

ယဲ့ချန်း ဖုန်းချလိုက်သည့်အချိန်မှာပင် "ဒုန်း"ခနဲမြည်သံကြီးတစ်သံကို ကြားလိုက်ရသည်။ ​ဖြစ်ချင်တော့ လမ်းကြောင်းပြောင်းနေချိန်မှာ သူ့ရှားလိကားက ဟွန်ဒါကားတစ်စီးကို မတော်တဆတိုက်မိလိုက်ခြင်းပင်။

ကောင်းချန်ခမျာ တုန်လှုပ်သွားပြီးနောက် သူ(မ)၏ ဟွန်ဒါကားတံခါးက ရှားလိကားကြောင့် ချိုင့်ဝင်သွားတာကို မြင်လိုက်ရ၏။

သူ(မ) ကားတံခါးကို ချက်ချင်းဖွင့်လိုက်သည်။ ဤကားလေးက သူ(မ)နှင့်အတူ သုံးနှစ်ကြာအောင် အတူရှိခဲ့သည်။ သူ(မ)ကိုယ်တိုင်ကလည်း ကားကို ဂရုတစိုက်မောင်းနှင်ခဲ့သည်။

ယနေ့တော့ ရှားလိကားဟောင်းတစ်စီး​က ဝင်တိုက်လိုက်သည့်အတွက် သူ(မ) စိတ်မဆိုးဘဲ ဘယ်နေနိုင်မလဲ။

"ကားကိုဘယ်လိုမောင်းနေတာလဲ"

ကောင်းချန် ကားထဲကထွက်ပြီး ဒေါသတကြီး အော်လိုက်သည်။

ယဲ့ချန်းလည်း ကားထဲမှ ထွက်လာသည်။ ယဲ့ချန်းကိုမြင်လိုက်ရသောအခါ ကောင်းချန် ကြက်သေသေသွားချေသည်။

"ဒီလူက တော်တော်ချောတာပဲ"

သူ(မ)၏ဒေါသများလည်း အစအနပင်မကျန်တော့ဘဲ ချက်ချင်းပျောက်ကွယ်သွားသည်။

ယဲ့ချန်းခမျာ နေရခက်ဟန်ဖြင့် ပြောလိုက်သည်။

"တောင်းပန်ပါတယ် မိန်းကလေး..ကျွန်တော်က တက္ကစီဒရိုင်ဘာပါ။ ခုနက အလုပ်တစ်ခုလက်ခံနေတာနဲ့ သတိမထားမိလိုက်ဘူး။ ကျွန်တော့်အမှားပါ။ ကျွန်တော်လျော်ကြေးပေးပါ့မယ်"

ကားတိုက်မှုကို မြင်တွေ့လိုက်ရသည့် လူအုပ်ကြီးကလည်း ဝိုင်းလာကြသည်။

"ဆင်းရဲတဲ့တက္ကစီဒရိုင်ဘာလေး ကားတိုက်မိသွားရှာတယ်။ ဒီလကတော့ သူ့အတွက် အဆင်ပြေမှာမဟုတ်တော့ဘူး"

"ဟုတ်တယ်။ အဲဒီမိန်းကလေး အာမခံသုံးသင့်တယ်။ ဒီတက္ကစီဒရိုင်ဘာလေးခမျာ ခက်ခဲနေမှာ"

"တက္ကစီဒရိုင်ဘာက တစ်နေကုန်ကားမောင်းပြီး ပင်ပန်းနေလို့ သတိလက်လွတ်ဖြစ်သွားရှာတာ။ မိန်းကလေး... အာမခံထုတ်သုံးပြီး သူ့ပိုက်ဆံကို ​ခြွေတာပေးလိုက်ပါ"

ယဲ့ချန်း၏ရုပ်ရည်ချောမောမှုကို မြင်သောအခါ ဘေးမှကြည့်နေကြသူများက သူ့အတွက် ဝင်ပြောပေးကြလေတော့သည်။

"ကောင်းပြီလေ။ အာမခံသုံးလိုက်တာပေါ့"

ယဲ့ချန်း၏ ချောမောခန့်ညားမှုကို မြင်သောအခါ ကောင်းချန်၏အသံကလည်း သိသိသာသာပျော့ပျောင်းသွားသည်။

ချောမောခန့်ညားသော ဤအမျိုးသားငယ်ကြောင့်သာဆိုပါက သူ(မ)၏ကားကို တိုက်မိခြင်းကပင် သိပ်ရင်မနာရတော့ပေ။ လိမ်လည်လှည့်စားမှုတစ်ခု ဖြစ်ခဲ့လျှင်ပင် သူ(မ)ကတော့ သူ့အတွက် အကုန်အကျခံနိုင်သည်။

ယဲ့ချန်းခမျာ အလျင်လိုနေပြီး သူ့နာရီကိုကြည့်ကာ ပြောလိုက်၏။

"မိန်းကလေး.. ကျွန်တော်တို့ ဒီကိစ္စကို သီးသန့်ဖြေရှင်းကြမလား"

ကောင်းချန်ကလည်း ယဲ့ချန်း၏ ချောမောခန့်ညားမှုကြောင့် လုံးဝဆွဲဆောင်ခံလိုက်ရပြီး အဆက်မပြတ်ခေါင်းညိတ်ပြလိုက်သည်။

"ပြဿနာမရှိပါဘူး"

သူ(မ)က ရုပ်ရည်ချောမောမှုကို ကိုးကွယ်သူဖြစ်ပြီး ချောမောခန့်ညားသည့် အမျိုးသားများကို ခုခံနိုင်စွမ်းမရှိပေ။

ယခုမူ သူ(မ)၏မျက်လုံးအစုံက ထိုလူချောလေးကိုသာ မြင်နေရပြီး လျော်ကြေးတောင်းမည့် အတွေးများကလည်း အစောကတည်းက ပျောက်ကွယ်သွားပြီဖြစ်၏။

သူ(မ)၏အင်္ကျီထိပ်ဖျားမှ ကြယ်သီးကိုဖြုတ်ကာ ဆွဲဆောင်ဖမ်းစားလေဟန် အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေချေသည်။

"လူချောလေး... ရှင် ဒါကို ဘယ်လိုဖြေရှင်းချင်လဲ"

ယဲ့ချန်းကတော့ ညုတုတုလုပ်နေသော ဤအမျိုးသမီးကိုကြည့်၍ ဆွံ့အသွားရသည်။

ဒီအမျိုးသမီးက ဘာဖြစ်နေတာလဲ?

သူ့ကားကို ဝင်တိုက်မိတာတောင် ဒီလောက်ပျော်နေနိုင်သေးတယ်ပေါ့?

"ဒီကားရဲ့ခန့်မှန်းခြေဈေးနှုန်းကိုသာ ပြောလိုက်ပါ"

ယဲ့ချန်းကတော့ အချိန်ဖြုန်းမနေတော့ဘဲ တိုက်ရိုက်ပြောလိုက်သည်။

ဟွန်ဒါကားပိုင်ရှင်အမျိုးသမီးက ခဏမျှစဉ်းစားလိုက်သည်။

"ကျွန်မရဲ့ကားက စီးလာတာ သုံးနှစ်ရှိပြီ။ ကျွန်မဝယ်တုန်းကတော့ တစ်သိန်းရှစ်သောင်းပေးရတယ်။ အခုလောက်ဆိုရင် အနည်းဆုံးတော့ တစ်သိန်းခွဲလောက်ရှိမှာပဲ"

ယဲ့ချန်း ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ။ ကျွန်တော် မင်းကို တစ်သိန်းခွဲပေးမယ်။ ဒီကားကို ကျွန်တော်ဝယ်လိုက်မယ်"

ကောင်းချန် အံ့သြသွားရသည်။

သူက ဒီကားကိုဝယ်ချင်တာလား? ဒါက တအားရဲလွန်းတယ်နော်....

သူ(မ)အဆိုပြုလိုက်သော ဈေးနှုန်းက နည်းနည်းများကြောင်း သူ(မ)ကိုယ်တိုင်သိသည်။ ဤကားက မတော်တဆမှုများစွာ ဖြစ်ခဲ့ဖူးသည်။ ထို့ကြောင့် အများဆုံးရနိုင်သည့်တန်ဖိုးမှာ ခုနစ်သောင်းမှ ရှစ်သောင်းခန့်သာဖြစ်ပြီး တစ်သိန်းခွဲဆိုပါက တော်တော်မြတ်နေလေပြီ။

"ရှင် ကျွန်မကားကို တကယ်ဝယ်ချင်တာလား"

"ဟုတ်တယ်။ အခုချက်ချင်း ငွေလွှဲပေးနိုင်ပါတယ်"

"ကောင်းပြီလေ"

ကောင်းချန်လည်း တွေဝေမနေဘဲ သဘောတူလိုက်သည်။

ယဲ့ချန်းက ဖုန်းထုတ်၍ ဝီချက်တွင် ကောင်းချန်ကိုထည့်ပြီး ပိုက်ဆံတစ်သိန်းခွဲ လွှဲပေးလိုက်သည်။

စောင့်ကြည့်နေသူအားလုံး ​ကြက်သေသေကုန်ကြသည်။ တက္ကစီဒရိုင်ဘာလေးက သနားစရာကောင်းသည်ဟု သူတို့ ထင်ခဲ့ကြသော်လည်း ဇာတ်လမ်းက မျှော်လင့်မထားသည့်အလှည့်အပြောင်းတစ်ခု ပေါ်ပေါက်လာသည်။

တက္ကစီဒရိုင်ဘာက သူဝင်တိုက်မိသည့်ကားကို ဝယ်ပစ်လိုက်ချေသည်။

"တက္ကစီဒရိုင်ဘာလေးက သနားစရာကောင်းတယ်လို့ ထင်နေတာ။ တကယ်တော့ သနားစရာကောင်းတာက ငါဖြစ်နေတာပဲ"

"ငါမှန်းတာသာမှန်ရင် ဒီတက္ကစီဒရိုင်ဘာက ဒဏ္ဍာရီလာလူကုံထံတစ်ယောက်ပဲ"

"ဒါက ဝှက်ဖဲထုတ်ပြတယ်လို့ခေါ်တယ်။ သူက သောက်ရမ်းလန်းတဲ့ ဒုတိယမျိုးဆက်လူကုံထံတစ်ယောက်ကွ"

"တကယ့်သတ္တိအစစ်က ဘာလဲဆိုတာကို ငါ သင်ယူလိုက်ရပြီ"

"ဝိုး... တက္ကစီဒရိုင်ဘာတွေက ဒီလောက်တောင်အံ့ဩဖို့ကောင်းနေပြီလား"

တင်! သင့်ဘဏ်အကောင့်ထဲကို ငွေတစ်သိန်းခွဲရောက်ရှိပါတယ်!

ဖုန်းပေါ်ရှိ အသိပေးချက်ကို မြင်လိုက်ရသောအခါ ကောင်းချန်လည်း ဤအခြေအနေကို အစစ်အမှန်မဆန်ဟု ခံစားလိုက်ရသည်။

ဤလူချောလေးက ချောမောလှပသည့်အပြင် ဤမျှအထိလည်း ရဲရင့်နေပြန်သည်။

ယဲ့ချန်းက သူ(မ)၏ကားကို ဝယ်ယူလိုသည်ဟု ပြောလာစဉ်က နောက်နေသည်ဟုသာ ထင်ခဲ့မိသည်။ သို့သော် မျှော်လင့်မထားပါဘဲ အမှန်တကယ်ဖြစ်နေခဲ့သည်။

ဤတက္ကစီဒရိုင်ဘာက ဘဝအတွေ့အကြုံယူနေသည့် ဒုတိယမျိုးဆက်လူကုံထံဖြစ်ကြောင်း အတည်ပြုလိုက်နိုင်သည်။

"ဒီလူက ငါ့ဝီချက်ကိုလိုချင်လို့ ငါ့ကားကိုဝယ်လိုက်တာပဲ။ သူ ငါ့ကို လိုက်ပိုးချင်နေတာဖြစ်မယ်"

"ဧကန္တ.. နှစ်ပေါင်းများစွာ စောင့်ဆိုင်းပြီးတဲ့နောက်မှာ လူကုံထံမိသားစုထဲကိုဝင်ချင်တဲ့ ငါ့အိပ်မက်က အကောင်အထည်ပေါ်လာတော့မှာလား"

"အခုခေတ်မှာ လူကုံထံတွေရဲ့မိန်းမပိုးနည်းက ဒီလောက်အထိ ရဲတင်းနေပြီလား"

ကောင်းချန်က သူ(မ)၏ အဝတ်အစားအနားစွန်းများကိုရည်ရွယ်ချက်ရှိရှိဆွဲချကာ ပခုံးပေါ်အောင် လှစ်ဟပြထားလိုက်သည်။

သူ(မ)၏မျက်လုံးထဲတွင် တောင့်တမှုများဖြင့် ပြည့်နှက်နေပြီး "ကျွန်မကို အီစီကလီလာလုပ်ပါ"ဟု ပြောနေသယောင်ပင်။

•••••••••••••

All Chapters