← Chapters

ပင့်ကူအိမ်ကို တစ်လွှာစီခွာချခြင်း

Vol. 5 Ch. 68

ပင့်ကူအိမ်ကို တစ်လွှာစီခွာချခြင်း

Vol. 5 Ch. 68

ယဲ့ချန်းနှင့် လျိုဝေ့ဝေ့ အထဲသို့ဝင်လာခဲ့သည်။

"သူကဘယ်သူလဲ"

ဒါရိုက်တာလီက ယဲ့ချန်း ဝင်လာတာကိုမြင်တော့ တဒင်္ဂမျှကြက်သေသေသွားသည်။

လျိုဝေ့ဝေ့ကလည်း အမြန်ပြန်ဖြေလိုက်သည်။

"သူက ယဲ့ချန်းပါ။ ဗိုင်းရပ်စ်ကို အခုပဲ သူဖျက်ဆီးလိုက်တာ။ ဟက်ကာကိုဖမ်းဖို့လည်း သူကူညီနိုင်မယ်လို့ ထင်ပါတယ်"

ဤစကားကိုကြားသော် ဒါရိုက်တာလီက ဝမ်းသာသွားလေသည်။

"မစ္စတာယဲ့..ခင်ဗျား ဘာအလုပ်လုပ်တာလဲလို့ မေးလို့ရလားဗျ"

"ကျွန်တော်က တက္ကစီဒရိုင်ဘာပါ"

ယဲ့ချန်း ပြန်ဖြေလိုက်သည်။

ဒါရိုက်တာလီ၏ မျက်နှာပေါ်ရှိအပြုံးမှာ ချက်ချင်းပျောက်ကွယ်သွားသည်။

"အဓိပ္ပာယ်မရှိတာ။ တက္ကစီဒရိုင်ဘာတစ်ယောက်က ကွန်ပျူတာဗိုင်းရပ်စ်ကို ဘယ်လိုလုပ်ဖယ်ရှားနိုင်မှာလဲ"

ဒါရိုက်တာလီက ဒေါသတကြီးပြောလိုက်လေသည်။

လျိုဝေ့ဝေ့လည်း အလျင်အမြန်ရှင်းပြလိုက်ရသည်။

"ဒါရိုက်တာလီ..ကျွန်မရဲ့ကွန်ပျူတာက ဗိုင်းရပ်စ်ကူးစက်ခံလိုက်ရလို့ ယဲ့ချန်းက ကျွန်မအတွက် ပြင်ပေးထားတာ။ သူက ဗိုင်းရပ်စ်ကို အမြန်ဆုံးဖယ်ရှားပေးနိုင်ခဲ့တာဆိုတော့ ဟက်ကာကိုလည်း ဖမ်းပေးနိုင်လိမ့်မယ်လို့ ကျွန်မထင်တယ်"

ဒါရိုက်တာလီက အေးတိအေးစက် သရော်လိုက်လေသည်။

"သူ ပြင်ပေးခဲ့တာတဲ့လား။ ချီလောင်၃၆၀ကုမ္ပဏီက Antivirusဆော့ဝဲကို အခုလေးတင် ဖန်တီးနိုင်ခဲ့တာတဲ့"

"ဝေ့ဝေ့ မင်း ငယ်ပါသေးတယ်ကွာ”

"ဒီတက္ကစီဒရိုင်ဘာက သူများရဲ့Antivirusဆော့ဖ်ဝဲကိုသုံးပြီး သူလုပ်ခဲ့တာပါလို့ ပြောရဲတယ်ပေါ့လေ"

"အခုလိုအချိန်မျိုးမှာ ပြဿနာရှာတာကတော့ အဓိပ္ပါယ်မရှိပါဘူး"

လျိုဝေ့ဝေ့လည်း ယဲ့ချန်းကိုကြည့်ရင် ကြက်သေသေသွားရသည်။

ယဲ့ချန်းကတော့ စားပွဲမှာထိုင်ပြီး ကီးဘုတ်ပေါ်၌ အလျင်အမြန်ရိုက်နေလေပြီ။

သူသည် သူ့အား စွပ်စွဲနေသောစကားများကို လုံးဝလျစ်လျူရှုထားသည်။

ကွန်ပျူတာဖန်သားပြင်ပေါ်ရှိ စာလုံးများကို မြင်သောအခါ လျိုဝေ့ဝေ့ အံ့သြမှင်တက်သွားရလေသည်။

ထိတ်လန့်မှုတို့က သူ(မ)၏မျက်နှာထက်တွင် အထင်သားပေါ်နေချေသည်။

ဘုရားရေ.. သူက အရမ်းတော်တာပဲ

ဒါရိုက်တာလီက ဆက်ပြောပြန်သည်။

"အခု Antivirusပရိုဂရမ်လည်း ရှိပြီဆိုတော့ တစ်ဖက်လူကလည်း အလျင်စလိုဖြစ်ပြီး ဒေတာတွေကို နိုင်ငံခြားကို ထုတ်ရောင်းတော့မှာသေချာတယ်။ အဲဒီလိုဆိုရင် ငါတို့ရဲ့ဆုံးရှုံးနစ်နာမှုကလည်း သိသာသွားမှာ။ အဲဒါကြောင့် အချိန်တိုအတွင်း သူတို့ကို ရှာမှဖြစ်မယ်"

ထိုအချိန်တွင် သူ့အကြည့်က ယဲ့ချန်းထံသို့ ရောက်သွားလေသည်။

"မင်း ထွက်မသွားသေးဘူးလား"

"ဟက်ကာကိုရှာတွေ့ချင်တယ်ဆိုရင် ပါးစပ်ပိတ်ထား"

ယဲ့ချန်းက ရုတ်တရက်ကြီး မာန်မဲလိုက်လေသည်။

အစည်းအဝေးခန်းမတစ်ခုလုံး တိတ်ဆိတ်သွားသည်။ လူတိုင်း ကြက်သေသေကုန်ကြသည်။

ယဲ့ချန်းက တက္ကစီဒရိုင်ဘာတစ်ယောက်သက်သက်ပဲလေ.. ဒါတောင် ခေါင်းဆောင်ကို အော်ဆူလိုက်သတဲ့လား။

ဒါရိုက်တာလီလည်း မှင်တက်သွားချေသည်။ သူ တစ်ခုခုပြောတော့မည့်ဆဲဆဲမှာပင် လျိုဝေ့ဝေ့က တိတ်တိတ်နေဖို့ လက်ဟန်ပြလာသည်။

ဒီလူက ဟက်ကာကို တကယ်ဖမ်းနိုင်မှာလား?

သူ့ဒေါသကို မျိုသိပ်ထားလိုက်ပြီးနောက် ပြောချင်သည့်စကားကို ပြန်မျိုချလိုက်ရသည်။

လျိုဝေ့ဝေ့ကမူ ယဲ့ချန်း၏ ကွန်ပျူတာဖန်သားပြင်ကို စူးစူးစိုက်စိုက်ကြည့်နေလေသည်။ ယဲ့ချန်းက ဟက်ကာ၏ အိုင်ပီလိပ်စာကို ခြေရာခံနေခြင်းပင်။

ဤဟက်ကာက အလွန်ဉာဏ်များပေသည်။ သူ့အိုင်ပီလိပ်စာအတုက ပင့်ကူအိမ်တစ်ခုအလားပင်။

ယဲ့ချန်းမှာ ဟက်ကာ၏အိုင်ပီလိပ်စာအစစ်ကို ရှာဖွေရန်အတွက် ထိုအတုများကို တစ်လွှာချင်းစီခွာချရသည်။

အစည်းအဝေးခန်းမကြီးကား တစပြင်အလား တိတ်ဆိတ်နေပြီး အားလုံးက ယဲ့ချန်းကို အာရုံစိုက်နေကြသည်။

ကလစ်!

အစည်းအဝေးခန်းမတစ်ခုလုံးတွင် ယဲ့ချန်း စာရိုက်နေသည့်အသံတစ်သံသာ ကြားနေရသည်။

"တွေ့ပြီ"

ယဲ့ချန်းက ရုတ်တရက်ဆိုလိုက်လေသည်။

"တွေ့ပြီလား"

အစည်းအဝေးခန်းမထဲရှိ လူအုပ်ကြီးမှာ ထိတ်လန့်ကုန်ကြသည်။

ယဲ့ချန်းက ပြောလိုက်၏။

"ပစ်မှတ်က မိုတုဝမ်ရှင်းဗီလာ အဆောက်အအုံ၁၆မှာ"

အစည်းအဝေးခန်းတစ်ခုလုံး တိတ်ဆိတ်သွားပြန်လေသည်။

ယဲ့ချန်းက အချိန်တိုအတွင်း ဟက်ကာ၏တည်နေရာကို ခြေရာခံနိုင်လိမ့်မည်ဟု မည်သူမှထင်မထားပေ။

လျိုဝေ့ဝေ့က ပထမဆုံးပြန်သတိဝင်လာပြီးနောက် အလောတကြီးပြောလိုက်၏။

"ဒါရိုက်တာလီ.. မြန်မြန်အမိန့်ထုတ်လိုက်လေ"

"အင်း အင်း…အထူးရဲတပ်ဖွဲ့ကို အကြောင်းကြားပြီး သူတို့ကိုဖမ်းခိုင်းလိုက်"

ဆယ်မိနစ်ကြာသောအခါ လက်နက်ကိုင်SWATတပ်ဖွဲ့တစ်ခုက ဝမ်ရှင်းဗီလာ၏ အဆောက်အအုံအမှတ်၁၆ကို ဝိုင်းထားလိုက်ကြသည်။ ခြံဝင်းထဲတွင် ဇိမ်ခံကားသုံးစင်း ရပ်ထားသည်။ လမ်ဘော်ဂီနီတစ်စီး၊ ဖယ်ရာရီတစ်စီးနှင့် ပါဂါနီတစ်စင်းပင်။

ဤအိမ်ကား လူကုံထံတစ်ယောက်၏အိမ်မှန်း သိသာပေသည်။း

SWATတပ်ဖွဲ့ခေါင်းဆောင်က လက်ဟန်ပြလိုက်လေရာ SWATအဖွဲ့သားတစ်ယောက်က နံရံကို ကျော်တက်၍ တံခါးကို ဖွင့်ပေးလိုက်သည်။

SWATအရာရှိများလည်း ဗီလာထဲကို ချဉ်းနင်းဝင်ရောက်၍ တံခါးကို ကန်ဖွင့်လိုက်ချေသည်။ ဝဖိုင့်ဖိုင့်အမျိုးသားတစ်ယောက်က ဆွဲဆောင်မှုရှိသော အမျိုးသမီးနှစ်ယောက်နှင့်အတူ အိပ်ရာထက်၌ ပူးကပ်နေလေသည်။ SWATအရာရှိများက သူ့အား ချက်ချင်းဖမ်းဆီးလိုက်သည်။

နောက်တစ်ခန်းတွင်မူ ကွန်ပျူတာအမြောက်အများကို ကိုင်တွယ်နေကြသည်။

ကွန်ယက်ကျွမ်းကျင်သူများက ထိုကွန်ပျူတာများထဲရှိ အခိုးခံထားရသော ကုမ္ပဏီများ၏ ဒေတာအားလုံးကို ရှာဖွေတွေ့ရှိခဲ့သည်။

ထိုသတင်းရောက်လာသောအခါ အစည်းအဝေးခန်းမထဲတွင် လက်ခုပ်ဩဘာသံများ ဟိန်းသွားချေသည်။

ဒါရိုက်တာလီက စိတ်လှုပ်ရှားစွာ မတ်တတ်ထရပ်လိုက်သည်။

"လူငယ်လေး..မင်းက သိပ်တော်တာပဲ။ ခုနတုန်းက ငါ နည်းနည်းရိုင်းပျသွားတယ်"

ယဲ့ချန်းက သူ့အား မာန်မဲထားသော်ငြား အမှုကို ဖြေရှင်းနိုင်ခဲ့သဖြင့် ဒါရိုက်တာလီလည်း ထိုကိစ္စကို မေ့ထားလိုက်တာ ကြာပြီဖြစ်၏။

"ပြဿနာမရှိပါဘူး။ နည်းနည်းလောက်ပဲ ကြိုးစားလိုက်ရတာပါ။ ပြိုင်ဘက်က အရမ်းအားနည်းလွန်းလို့ ဘာအခက်အခဲမှတောင် မရှိလိုက်ဘူး"

ယဲ့ချန်း၏စကားများကို ကြားသောအခါ အစည်းအဝေးခန်းထဲရှိ ကွန်ယက်ကျွမ်းကျင်သူများအားလုံး ရှက်ရွံ့သွားကြရသည်။

ဒါက လူစကားလား?

နိုင်ငံတစ်ဝှမ်းရှိ ကွန်ယက်ကျွမ်းကျင်သူများနှင့် ဟက်ကာများမှာ အပြင်းအထန်ကြိုးစားခဲ့ပါသော်ငြား ဤအဆင့်မြင့်ဟက်ကာကို မဖမ်းနိုင်ခဲ့ပေ။ သို့သော် ယဲ့ချန်းအတွက်တော့ သူက ဝါနုသေးသည်သာ။

ကျိုးစုစုလည်း ယဲ့ချန်းအား တအံ့တဩကြည့်လိုက်မိသည်။

သူ တကယ်လုပ်နိုင်ခဲ့တာပဲ!

ယဲ့ချန်းက သူ ဟက်ကာကို ဖမ်းပေးနိုင်သည်ဟု ပြောခဲ့တုန်းက ကျိုးစုစု အပြည့်အဝမယုံကြည်ခဲ့ပေ။ ပြိုင်ဘက်ကိုဖမ်းဆီးရန်အတွက် ယဲ့ချန်း ဆယ်မိနစ်တောင် အချိန်မလိုကြောင်း သူ(မ) ထင်မထားပေ။

ဒီလူက စူပါမန်းလား?

အမှုဖြေရှင်းနိုင်စွမ်းရော ဟက်ကာစွမ်းရည်ရော ပိုင်ဆိုင်ထားသည်။ သူသည် အနန္တတန်ခိုးရှင်တစ်ပါးပင်။

"ယဲ့ချန်း.. ရှင် အရမ်းတော်တာပဲ။ ကျွန်မ ရှင့်တပည့်လုပ်လို့ရလား"

လျိုဝေ့ဝေ့က ရှက်သွေးဖြာလျက် ပြောလိုက်သည်။

"ငါ့တပည့်လုပ်မှာလား။ ခုနတုန်းက ငါက စနေတာပါ"

ယဲ့ချန်း ရယ်လိုက်မိသည်။

"ဟင့်အင်း.. ကျွန်မ တကယ်ပြောတာ"

လျိုဝေ့ဝေ့၏သဘောထားကတော့ အလွန်စစ်မှန်သည်။

"မလုပ်တာပဲ ပိုကောင်းလိမ့်မယ်ထင်တယ်။ ငါ တက္ကစီမောင်းပြီး ပိုက်ဆံရှာရဦးမယ်"

ယဲ့ချန်း တဟားဟားအော်ရယ်လိုက်၏။

"တက္ကစီမောင်းမှာလား"

ယဲ့ချန်းက တက္ကစီမောင်းဖို့ စိတ်ကူးနေသေးကြောင်း သိလိုက်ရသောအခါ အားလုံး ဆွံ့အသွားရသည်။

သောက်ကျိုးနည်း.. ဒီလောက်ထူးခြားတဲ့ဟက်ကာစွမ်းရည်မျိုး ရှိနေတာတောင် ဘာလို့ ကားမောင်းနေဦးမှာလဲ?

"မစ္စတာယဲ့..ကျုပ်တို့ရဲတပ်ဖွဲ့ထဲကို ဝင်ပါလား။ ကျုပ် မင်းကို လက်ထောက်ဒါရိုက်တာရာထူး တန်းပေးမှာပါ။ ဘယ်လိုလဲ"

ဒါရိုက်တာလီက စိတ်လှုပ်ရှားစွာ ပြောလိုက်လေသည်။

ဒါရိုက်တာလီ၏စကားများကို ကြားသောအခါ ထိုနေရာရှိလူတိုင်းလည်း ကြက်သေသေသွားကြသည်။

သေစမ်း!

ဒါက ခြေတစ်လှမ်းတည်းနဲ့ အထက်ကိုဆန်တက်ခြင်းဆိုတာမျိုးလား?

လက်ထောက်ဒါရိုက်တာရာထူးဖြင့် အလုပ်စဝင်ခြင်းမျိုးမှာ ကြုံတောင့်ကြုံခဲပင်။

လူတိုင်း အားကျသွားရသည်။ု

"တောင်းပန်ပါတယ်။ ကျွန်တော် လက်ထောက်ဒါရိုက်တာရာထူးကို စိတ်မဝင်စားပါဘူး။ ကျွန်တော်က တက္ကစီဒရိုင်ဘာပဲ လုပ်ချင်တာပါ"

ယဲ့ချန်း တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။ လူတိုင်း နောက်တစ်ကြိမ်မှင်တက်သွားရပြန်သည်။

ဒီလူက ရူးနေတာလား?

အထက်ကိုတက်နိုင်မဲ့ အခွင့်အရေးကို တကယ်လက်လွှတ်လိုက်တာတဲ့လား?

တက္ကစီမောင်းဖို့အတွက် လက်ထောက်ဒါရိုက်တာရာထူးကို မယူဘူးပေါ့? ဒီနေ့ခေတ်လူငယ်တွေအားလုံး တော်တော်ထူးခြားကြတာပဲလား?

ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်သည်။

"ပြဿနာရှင်းပြီးသွားပြီဆိုတော့ ကျွန်တော် ပိုက်ဆံရှာဖို့ တက္ကစီမောင်းလိုက်ဦးမယ်။ ဪ… ဒါနဲ့ အရာရှိလျို.. တက္ကစီလိုသေးလား"

လျိုဝေ့ဝေ့ ခေါင်းညိတ်ပြလိုက်သည်။

တရားခံကို ဖမ်းမိလိုက်ပြီဖြစ်ရာ ကျန်ကိစ္စများကိုတော့ မိုတုပြည်သူ့လုံခြုံရေးဌာနကသာ ဆက်ဖြေရှင်းလိမ့်မည်။ သူ(မ)ကတော့ ဘာမှလုပ်စရာမရှိတော့ပေ။

ရဲတပ်ဖွဲ့ဝင်ဖြစ်သော ကျိုးစုစုကတော့ နေခဲ့ရမည်ဖြစ်သောကြောင့် ယဲ့ချန်းလည်း လျိုဝေ့ဝေ့ကိုခေါ်၍ ရှားလိကားဖြင့် ဟိုတယ်ကို မောင်းပို့ပေးလိုက်သည်။

"ဆရာ.. အဲဒီလူကို ရှင် ဘယ်လိုခြေရာခံခဲ့တာလဲ"

လျိုဝေ့ဝေ့က နှုတ်ခမ်းစူလျက် မေးလိုက်လေသည်။

ယဲ့ချန်းခမျာ ပြောစရာစကားကင်းမဲ့သွားသည်။

"ခုနတုန်းကတော့ ဒီကောင်မလေးက အေးတိအေးစက်နဲ့…အခုကျတော့လည်း ညှို့ငင်နိုင်စွမ်းရှိတဲ့ နတ်သမီးတစ်ပါးလို လုပ်နေပါလား"

"ရိုးရိုးလေးပါ.. သူက ပင့်ကူအိမ်လို ရှုပ်ထွေးအောင်လုပ်ထားပေမဲ့ ပင်မလမ်းကြောင်းတစ်ခုကတော့ ရှိစမြဲပဲလေ။ အဲဒီပင်မလမ်းကြောင်းကိုသာ ရှာလိုက်။ အိုကေသွားလိမ့်မယ်"

ယဲ့ချန်းက အမှုမထားဟန်ဖြင့် ပြောလိုက်သော်လည်း လျိုဝေ့ဝေ့ကတော့ ထိုပင်မလမ်းကြောင်းကိုရှာရန် မည်မျှခက်ခဲကြောင်း နားလည်သည်။

သို့မဟုတ်ပါက နိုင်ငံထဲရှိ ကွန်ယက်ကျွမ်းကျင်သူပေါင်းများစွာလည်း ဤကိစ္စကိုရှာဖွေဖော်ထုတ်ဖို့ သိပ်ခက်ခဲနေမည်မဟုတ်ချေ။

"တကယ်တော့ ဒီလူက သေနတ်သမားပါ။ ဘာအရည်အချင်းမှမရှိဘူး"

ယဲ့ချန်းက ပေါ်တင်ပြောချလိုက်သည်။

"ဘာ? ဒါဆို သူ့နောက်ကွယ်မှာ ကြိုးကိုင်တဲ့လူရှိသေးတယ်လို့ ပြောချင်တာလား"

လျိုဝေ့ဝေ့ တအံ့တဩရေရွတ်လိုက်သည်။

ယဲ့ချန်းလည်း ခေါင်းညိတ်ပြလိုက်သည်။

"အိုင်ဒီကတစ်ဆင့် နောက်ကွယ်က ကြိုးကိုင်တဲ့လူကို ငါ ခြေရာခံပြီးသွားပြီ။ သူတို့ဆီကို အခုပဲ လက်ဆောင်အကြီးကြီးတစ်ခု ပို့လိုက်တယ်"

ထိုအချိန်မှာပင် လျိုဝေ့ဝေ့ထံသို့ ဖုန်းဝင်လာသည်။

"ဝေ့ဝေ့.. ကိစ္စအကြီးကြီးတစ်ခုဖြစ်သွားတယ်"

••••••••••••

All Chapters