တန်ပြန်တိုက်ခိုက်ခြင်း
Vol. 5 Ch. 69
လျိုဝေ့ဝေ့က သူ(မ)၏ဖုန်းကို အကြောင်သားစိုက်ကြည့်နေသည်။
ပန်ဒါဗိုင်းရပ်စ်တစ်ခုက တစ်နိုင်ငံလုံးအနှံ့ ပျံ့နှံ့သွားသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ အလိုအလျောက်ပျံ့နှံ့နိုင်ပြီး Hard Diskများကို ကူးစက်ကာ အဖျက်ဓာတ်ကြီးမားသော ဗိုင်းရပ်စ်တစ်မျိုးပင်။
ထိုဗိုင်းရပ်စ်က စနစ်ထဲရှိ exeဖိုင်၊ com၊ pif ၊ src ၊ html ၊ aspဖိုင်များကို ကူးစက်နိုင်သည်။
Antivirusဆော့ဖ်ဝဲများ၏ လုပ်ငန်းစဉ်ကိုလည်း ပယ်ဖျက်ပြီး ဖိုင်များကိုပင် ဖျက်ဆီးပစ်နိုင်သည်။
ဤဆော့ဖ်ဝဲမှာ နိုင်ငံတစ်နိုင်ငံတည်း၏ ကွန်ပျူတာများကိုသာ ပစ်မှတ်ထားနေဟန်တူသည်။
သူ(မ)၏ဖုန်းထဲရှိ သတင်းကို မြင်ပြီးသောအခါ လျိုဝေ့ဝေ့ ထိတ်လန့်ပြီး မေးလိုက်မိသည်။
"ဒါကို ရှင်လုပ်ခဲ့တာလား"
ယဲ့ချန်း ခပ်ဖွဖွပြုံးလိုက်မိသည်။
"မင်း အတွေးလွန်နေပြီ။ ငါ့မှာ အဲဒီလိုအရည်အချင်းမျိုးမရှိပါဘူး။ ကံဆိုးမှုကို သယ်ဆောင်လာတဲ့လူတွေက ကောင်းကောင်းမနေရဘူးဆိုတဲ့ စကားလိုပေါ့"
လျိုဝေ့ဝေ့က အရာရှိတစ်ယောက်ဖြစ်နေသည့်အတွက် ထိုဗိုင်းရပ်စ်ကို သူလုပ်ထားကြောင်းကိုမူ ဝန်ခံမည်မဟုတ်။
ထို့ပြင် တစ်ဖက်လူက မည်မျှကျွမ်းကျင်နေပါစေ သူ့ကို ခြေရာခံနိုင်မည်မဟုတ်။
လျိုဝေ့ဝေ့က ထက်မြက်သောမိန်းကလေးတစ်ယောက်ပင်။ ပြောစရာစကားကင်းမဲ့နေဟန်ဖြင့် ခေါင်းခါယမ်းလျက် ပြောလိုက်သည်။
"စိတ်မပူပါနဲ့။ ကျွန်မ ဘယ်သူ့ကိုမှမပြောပါဘူး"
ကားပေါ်ကမဆင်းခင်မှာ လျိုဝေ့ဝေ့ ယဲ့ချန်းအား ကြယ်ငါးပွင့်ရီဗျူးပေးသွားသည်။
[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် Hostကို ဂုဏ်ပြုပါတယ်။ ပထမဆုံးကြယ်ငါးပွင့် (၁/၅)ကို အသက်သွင်းလိုက်ပါပြီ။ ဆုလာဘ်ကတော့ ရန်အိုက်ဆေးရုံရဲ့ရှယ်ယာသုံးဆယ်ရာခိုင်နှုန်း ဖြစ်ပါတယ်]
ရန်အိုက်ဆေးရုံဆိုသည်မှာ ဟွားနိုင်ငံရှိ ထိပ်တန်းအဆင့်ကိုယ်ပိုင်ဆေးရုံဖြစ်၏။
ဤဆေးရုံတွင် တစ်နိုင်ငံလုံးရှိ အကောင်းဆုံးအဆောက်အအုံများ၊ အစစ်မှန်ဆုံးဆေးဖက်ဆိုင်ရာအရင်းအမြစ်များ ရှိ၏။ ထိုဆေးရုံသည် လူကုံထံများနှင့် အနုပညာရှင်များအတွက် ရောဂါကုသခြင်း သို့မဟုတ် ကလေးမီးဖွားခြင်းတို့ပြုလုပ်ရာတွင် ပထမဆုံးရွေးချယ်မှုဖြစ်၏။
ရန်အိုက်ဆေးရုံသည် ဟွားနိုင်ငံတစ်ဝန်းရှိ ထိပ်တန်းအဆင့်မြို့များတွင်လည်း ဆေးရုံခွဲများ ရှိ၏။
သာမန်တိုင်ပင်ဆွေးနွေးခက ၅၀၀၀ဖြစ်ပြီး အထူးတိုင်ပင်ဆွေးနွေးခက တစ်သောင်းပင်။
တိုင်ပင်ဆွေးနွေးခကတင် လူတော်တော်များများကို ကြောက်လန့်စေနိုင်သည်။
အရေးကြီးဆုံးမှာ ဤဆေးရုံကို ပိုင်ဆိုင်ထားခြင်းဖြင့် ယဲ့ချန်းအနေနှင့် သူ့ကွန်ယက်ကို တိုးချဲ့နိုင်ပြီး အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထောက်အကူဖြစ်စေသည်။
နိုင်ငံတစ်နိုင်ငံ၌...
ကွန်ယက်လုံခြုံရေးကျွမ်းကျင်သူများအားလုံးမှာ ဤပန်ဒါဗိုင်းရပ်ဆော့ဖ်ဝဲကြောင့် ဒုက္ခရောက်နေကြရသည်။
ဤဆော့ဖ်ဝဲလ်က အလွန်လှည့်ဖျားနိုင်ပေသည်။ Antivirusဆော့ဖ်ဝဲများကိုလည်း အလိုအလျောက်ဖျက်ဆီးနိုင်သည်။
နိုင်ငံထဲရှိ တရားဝင်ကွန်ပျူတာများအားလုံးလည်း ပျက်စီးကုန်သည်။
ကွန်ယက်လုံခြုံရေးဌာန..
"ဘာတွေဖြစ်နေတာလဲ"
ရွှေရောင်ဆံပင်ပိုင်ရှင် အမျိုးသားတစ်ယာက်က ဒေါသတကြီး အော်လိုက်၏။
"ကျွန်တော်တို့အစီအစဉ်မအောင်မြင်တဲ့ပုံပဲ။ ဒါက သူတို့ဘက်က လက်စားချေနေတာပါ"
မျက်ကွင်းညိုနေသော လူငယ်လေးတစ်ယောက်က ပင်ပန်းနေဟန်ဖြင့် ပြောလာလေသည်။
ထိုလူငယ်လေး၏နာမည်မှာ သောမတ်စ်ဟုခေါ်သည်။ သူသည် ဟွားနိုင်ငံအတွက် ဗိုင်းရပ်စ်ကိုဖန်တီးပြီး ဟက်ကာတစ်ယောက်ကိုလည်း စေလွှတ်ခဲ့သည်။
မူလအစီအစဉ်မှာ စင်းလုံးချောပြည့်စုံလေသည်။
သူတို့သည် ဟွားနိုင်ငံရှိ လုပ်ငန်းစုများကို ထိခိုက်နစ်နာမှုပြင်းထန်စွာ ဖြစ်ပေါ်စေရန် ပစ်မှတ်ထား၍ ကွန်ယက်တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ခြင်းပင်။
သို့သော် သူတို့၏ကွန်ပျူတာဗိုင်းရပ်ကို ဤမျှမြန်မြန်ဆန်ဆန်ဖြင့် ဖယ်ရှနိုင်လိမ့်မည်ဟု လုံးဝထင်မထားပေ။
သူ့အား ပိုအံ့အားသင့်စေသော အရာမှာ တစ်ဖက်လူ၏ တန်ပြန်တိုက်ခိုက်မှုက အလွန်ရိုက်ချက်ပြင်းလှသည်။
သူတို့၏ကျွမ်းကျင်သူများမှာ နေ့ရောညပါ အလုပ်လုပ်နေသည့်တိုင် အဖြေရှာမရပေ။
"သေစမ်း.. မင်း သူတို့ကွန်ယက်ကို ဖျက်ဆီးနိုင်တယ်လို့ ပြောခဲ့တာမလား။ အခုတော့ကြည့်ဦး။ သူတို့က အကောင်းကြီး။ ငါတို့ကွန်ယက်ကမှ ပျက်စီးလုနီးပါးဖြစ်နေတာ။ အဖြေရှာစမ်းပါ"
ရွှေရောင်ဆံပင်ပိုင်ရှင်အမျိုးသားက ဒေါသတကြီးအော်ဟစ်လေသည်။
သောမတ်စ်လည်း စတူဒီယိုထဲသို့ ပြန်လာခဲ့လိုက်သည်။ ထိုနေရာတွင် ကွန်ပျူတာပေါင်းများစွာကို ဖွင့်ထားလေသည်။
"ဘယ်လိုအခြေအနေရှိလဲ"
သောမတ်စ် မေးကြည့်လိုက်သည်။
"ဒီဗိုင်းရပ်စ်က တော်တော်အန္တရာယ်များတယ်။ ဘယ်ကောင်ဖန်တီးထားလဲမသိဘူး။ သူတို့ရဲ့နည်းပညာက ငါတို့ထက် တစ်လှမ်းပိုသာနေသလိုပဲ"
သောမတ်စ်လည်း သူ့ခေါင်းကိုပွတ်သပ်၍ ကွန်ပျူတာရှေ့တွင် ထိုင်ချလိုက်သည်။ သူ ကုတ်အနည်းငယ်ရိုက်ထည့်လိုက်ချိန်မှာပင် ကွန်ပျူတာဖန်သားပြင်က အပြာရောင်ပြောင်းသွားလေသည်။
သူ့ကွန်ပျူတာဖန်သားပြင်ထက်၌ ချစ်စရာကောင်းသော ပန်ဒါတစ်ကောင်က အမွှေးတိုင်သုံးတိုင်ကိုကိုင်ထားလျက် ပေါ်ပေါက်လာသည်။
သေစမ်း!
သောမတ်စ် ဆဲလိုက်ပြီးနောက် သူ့လက်ထဲရှိ ကီးဘုတ်ကို ဆောင့်ချလိုက်၏။
သူ ဘယ်လိုပြိုင်ဘက်မျိုးကို ရန်စမိသွားသလဲဆိုတာကို သူ ယခုနားလည်လိုက်လေပြီ။
ပြိုင်ဘက်၏ ဟက်ကင်းစွမ်းရည်များမှာ အလွန်အထင်ကြီးဖို့ကောင်း၏။ ထ်ုလူနှင့်ယှဉ်ကြည့်ပါက သူသည် ဝါနုနေသေးသည်။
ထိုအချိန်မှာပင် သွေးနီရောင်စာတန်းတစ်ကြောင်းက အပြာရောင်ဖန်သားပြင်ထက်တွင် ရုတ်တရက်ပေါ်လာသည်။
"ဟွားနိုင်ငံကို လာထိပါးတဲ့ ဘယ်သူမဆို ဘယ်လောက်ဝေးဝေး အပြစ်ပေးခံရမယ်"
"သေစမ်း!"
သောမတ်ခမျာ ဒေါသကြောင့် ရူးသွပ်လုနီးနီးပင်။
"ဗိုင်းရပ်စ်နဲ့တိုက်ခိုက်ခံရတာ ဘယ်လိုခံစားရလဲ"
ရုတ်ခြည်းပင် သောမတ်စ်၏ကွန်ပျူဖန်သားပြင်၌ စာကြောင်းတစ်ကြောင်း ပေါ်လာပြန်သည်။
ထိုစာကြောင်းမြင်သောအခါ သောမတ်စ်၏မျက်ဝန်းအစုံ တောက်ပသွားရသည်။
"ခင်ဗျားက ပန်ဒါဗိုင်းရပ်စ်ကို ဖန်တီးတဲ့လူလား"
သောမတ်စ် ခပ်မြန်မြန်စာရိုက်လိုက်သည်။
"ဟုတ်တယ် ငါပဲ။ ငါတို့ကွန်ယက်ကိုချိုးဖောက်ဖို့ ကြိုးစားခဲ့လို့ လက်တုံ့ပြန်တာပဲ"
"ကျုပ်တို့ကိုလွှတ်ပေးဖို့ ဘာလုပ်ပေးရမလဲ"
သောမတ်စ်လည်း ခပ်မြန်မြန်စာရိုက်လိုက်သည်။
ယခုဆိုလျှင် ကွန်ပျူတာဗိုင်းရပ်စ်က တစ်နိုင်ငံလုံးကို ကူးစက်နေပြီး ယခုလိုသာဆက်ဖြစ်နေပါက အကျိုးဆက်များမှာ မှန်းဆ၍မရနိုင်ပေ။
"ဟွားနိုင်ငံကို တောင်းပန်ပြီး ညစ်ပတ်တဲ့လှည့်ကွက်တွေ ထပ်မခင်းတော့ပါဘူးလို့ ကတိပေး"
"မဖြစ်နိုင်ဘူး"
သူတို့က ကမ္ဘာပေါ်တွင် လွှမ်းမိုးမှုကြီးမားသော နိုင်ငံဖြစ်၏။ သူတို့အနေနှင့် ဟွားနိုင်ငံကို မည်သို့တောင်းပန်နိုင်မည်နည်း။
"ဒါဆိုလည်း ဆောရီးပဲ။ ပန်ဒါဗိုင်းရပ်စ်က တစ်ရက်အတွင်းမှာတင် တစ်နိုင်ငံလုံးမှာရှိတဲ့ ကွန်ပျူတာရှစ်ဆယ်ရာခိုင်နှုန်းကို ဖျက်ဆီးပစ်နိုင်တယ်။ နောက်ဆက်တွဲကိုတော့ ကိုယ့်ဘာသာစဉ်းစားပေါ့"
ယဲ့ချန်း၏စကားများကို ကြားသောအခါ သောမတ်စ်၏ခန္ဓာကိုယ်မှာ အနည်းငယ်တုန်ယင်သွားလေသည်။
မကြာခင်မှာပင် သတင်းတစ်ခုက နိုင်ငံအသီးသီး၏ သတင်းစာများထဲ၌ ပေါ်လာခဲ့သည်။
ထိုနိုင်ငံက ထင်မှတ်မထားပါဘဲ တောင်းပန်လာခဲ့ပြီး ကွန်ယက်တိုက်ခိုက်မှုများကို နောက်တစ်ကြိမ်လုပ်တော့မည်မဟုတ်ကြောင်း ကတိပေးခဲ့သည်။
ဟွားနိုင်ငံတစ်ခုလုံးကတော့ ဂုဏ်ယူဝမ်းမြောက်နေကြသည်။
"ဒါက ငါတို့အနီရောင်မဟာမိတ်အဖွဲ့ရဲ့လက်ချက်ပဲဖြစ်မယ်"
"မိုက်လိုက်တာ.. ဟွားနိုင်ငံကိုထိပါးရဲတဲ့လူမှန်သမျှ ဘယ်လောက်ဝေးဝေး အပြစ်ပေးခံရမယ်တဲ့။ မိုက်လိုက်တာ"
"ငါတို့ရဲ့ဟက်ကာသူရဲကောင်းကြီးတွေကို အလေးပြုကြ"
ဤဖြစ်စဉ်တစ်ခုလုံးကို အရာရှိများမှ လျှို့ဝှက်ချက်ဟုသတ်မှတ်ထားသော ဤတိုက်ပွဲကို ယဲ့ချန်းတစ်ယောက်တည်းအားဖြင့် အနိုင်ရခဲ့ခြင်းဖြစ်ကြောင်း မည်သူမှမသိခဲ့ပေ။
အလီလုပ်ငန်းစု၏ ကွန်ယက်လုံခြုံရေးဌာန၌...
"ဥက္ကဋ္ဌမာ... ကျွန်တော်တို့ ဟွားနိုင်ငံမှာရှိတဲ့ ထိပ်တန်းဟက်ကာဆယ်ယောက်ကို ကျွန်တော်တို့အတွက် Firewallတိုက်ခိုက်ရေးစမ်းသပ်ချက်လုပ်ပေးဖို့ ဖိတ်ခေါ်ထားပါတယ်"
"ကောင်းတယ်။ စကြစို့"
"အလီလုပ်ငန်းစုက အရမ်းမောက်မာတာပဲ။ ငါတို့လို ထိပ်တန်းဟက်ကာဆယ်ယောက်ကိုတောင် စိန်ခေါ်ရဲတယ်ပေါ့"
"ဘရို..ထောက်လှမ်းရေးဌာနကိုတောင် လွတ်လွတ်လပ်လပ်ဖောက်ဝင်နိုင်တာ။ ကုမ္ပဏီတစ်ခုလောက်က ငါ့ကို တားနိုင်မှာလား"
"ဟားဟားဟား.. ငါတို့ သူတို့ကို မိနစ်ပိုင်းအတွင်း ပညာပေးလိုက်ကြရအောင်"
အချိန်ကား တရွေ့ရွေ့ဖြတ်သန်းနေသည်။
ထိပ်တန်းဟက်ကာများလည်း လုံးဝကြောင်အကုန်ကြသည်။
ဤသည်မှ အလွန်အံ့သြဖို့ကောင်းလှသည်။ Firewallတစ်ခုက မည်မျှအစွမ်းထက်နေပါစေ သူတို့အနေနှင့် အတားအဆီးပေါင်းများစွာကို ထိုးဖောက်နိုင်သည်။
သို့သော် ဤတစ်ခေါက်မှာတော့ သူတို့ လုံးဝမထိုးဖောက်နိုင်ချေ။
တစ်ရက်ကြာသော် ထိုဟက်ကာများ လက်လျှော့လိုက်ကြသည်။
"သေလိုက်ပါတော့.. ဒါက တော်တော်အထင်ကြီးဖို့ကောင်းတာပဲ။ ငါ ဘယ်လိုဖြေရှင်းရမှန်း လုံးဝမသိတော့ဘူး"
"ဒီFirewallကို ဘယ်ကျွမ်းကျင်သူက ဖန်တီးထားတာလဲ။ ငါ အရှုံးပေးပါပြီ"
"ဆရာ ခင်ဗျားက သိပ်တော်တာပဲ။ ကျွန်တော် ခင်ဗျားဆီက ပညာသင်ချင်တယ်"
ယဲ့ချန်း၏Firewallကြောင့် ထိပ်တန်းဟက်ကာဆယ်ယောက် ထိတ်လန့်သွားခဲ့ရသည်။
အသင်းလိုက်ပူးပေါင်းဆောင်ရွက်လျှင်ပင် နိုင်ငံတစ်နိုင်ငံ၏Firewallကိုသာ ထိုးဖောက်ချင်ထိုးဖောက်နိုင်မည်။ သို့သော် ယဲ့ချန်း၏Firewallကိုတော့ မထိုးဖောက်နိုင်ပေ။ သူတို့ခမျာ ပထမဆုံးအကာအကွယ်ကိုပင် မကျော်ဖြတ်နိုင်ချေ။
"ဥက္ကဋ္ဌမာ.. ကျွန်တော်တို့ရဲ့Firewallက ထိပ်တန်းဟက်ကာဆယ်ယောက်ရဲ့ ထိုးဖောက်မှုဒဏ်ကို ခံနိုင်ပါတယ်"
"သိပ်ကောင်းတယ်"
ဥက္ကဋ္ဌမာ စိတ်လှုပ်ရှားသွားလေသည်။
ဤဒေတာပေါက်ကြားမှုဖြစ်စဉ်ကြောင့် ကွန်ယက်လုံခြုံရေး၏အရေးပါမှုကို ဥက္ကဋ္ဌမာ သဘောပေါက်လိုက်သည်။
နောင်အနာဂတ်တွင် သူတို့၏နယ်ပယ်အများအပြား၏ ဖွံ့ဖြိုးတိုးတက်ရေးကို ကွန်ယက်လုံခြုံရေးကို အခြေခံမှဖြစ်မည်။
ယဲ့ချန်းထုတ်လုပ်ပေးထားသော Firewallဖြင့်သာဆိုလျှင် ဖြစ်နိုင်ပေသည်။
ယဲ့ချန်း!
ဒီလူက အရမ်းထူးခြားတယ်... ငါ သူ့ကို အခုချက်ချင်းသွားတွေ့မှပဲ...
"ဥက္ကဋ္ဌယဲ့.. ခင်ဗျား ကျုပ်တို့နဲ့တွေ့ဖို့ အားလားဗျ"
အစ်ကိုမာက ဖုန်းဆက်၍ မေးလိုက်လေသည်။
"ရတာပေါ့။ မနက်ဖြန်တွေ့ကြမယ်လေ"
ယဲ့ချန်းလည်း အကြောင်းပြန်လိုက်၏။
တိုက်တိုက်ဆိုင်ဆိုင်ပင် ယဲ့ချန်း၏ရုပ်ရှင်သုံးကားကလည်း ဤအပတ်ထဲ ထုတ်လွှင့်မည်ဖြစ်၏။
ပရိုမိုးရှင်းဆင်းရန်အတွက် ယဲ့ချန်းအနေနှင့် ရုပ်ရှင်ကုမ္ပဏီနှင့် အလုပ်လုပ်ရန် လိုသေးသည်။ ထို့ကြောင့် မနက်ဖြန် သူ ကျိုတိုမြို့ကို သွားရမည်ဖြစ်၏။
"ကောင်းပါပြီ။ မနက်ဖြန်ညနေခြောက်နာရီ တွေ့ကြတာပေါ့"
ယဲ့ချန်းက ပြော၏။
အစ်ကိုမာက ဖုန်းချလိုက်ပြီးနောက် အသက်ပြင်းပြင်းရှူသွင်းလိုက်ချေသည်။
ဤလူကြောင့် သူတို့၏အလီလုပ်ငန်းစုက သိသာလှသော တိုးတက်အောင်မြင်မှုတစ်ခုကို လုပ်ဆောင်နိုင်ခဲ့ခြင်းပင်။
••••••••••••••