← Chapters

ယဲ့ချန်း၏နည်းလမ်းများ

Vol. 5 Ch. 74

ယဲ့ချန်း၏နည်းလမ်းများ

Vol. 5 Ch. 74

ဒေါသထွက်နေသော ကောင်းယွမ်က ဖုန်းထုတ်၍ ဆက်လိုက်သည်။

"အဖေ ဟွမ်းယွီဟိုတယ်ရဲ့မန်နေဂျာက ကျွန်တော့်ရွှေရောင်ကတ်ကို ပြန်သိမ်းပြီး ကျွန်တော့်ကိုလည်း နာမည်ပျက်စာရင်းသွင်းလိုက်တယ်။ ပြီးတော့ ဟိုတယ်ထဲကလည်း မောင်းထုတ်သေးတယ်"

"ဘာ? သူတို့ကများ ငါ့သားကိုအနိုင်ကျင့်ပြီး ဒီလိုလုပ်ရပ်မျိုးကို လုပ်ရဲရသလား။ ငါ အဲဒီကို ချက်ချင်းလာခဲ့မယ်"

ကောင်းထျန်းက ဒေါသတကြီးပြောလိုက်သည်။

ကောင်းထျန်းက ဟွမ်းယွီလုပ်ငန်းစု၏ အရေးကြီးဖောက်သည်တစ်ယောက်ဖြစ်ပြီး လုပ်ငန်းစု၏ ဒုဥက္ကဋ္ဌနှင့်လည်း ဆက်ဆံရေးကောင်းမွန်သည်။

ယခုမူ ဟွမ်းယွီဟိုတယ်မန်နေဂျာက သူ့သားကို ဟိုတယ်ထဲက မောင်းထုတ်ရဲသတဲ့လား။

ဒါက သူ့မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပင်။

ကောင်းထျန်းလည်း အစည်းအဝေးကို ရုတ်တရက်ဖျက်သိမ်း၍ ဟွမ်းယွီဟိုတယ်သို့ ချက်ချင်းသွားလေတော့သည်။

ဟွမ်းယွီဟိုတယ်၏ အဝင်ဝသို့ အန္တရာယ်ပြုလိုဟန်အမူအရာဖြင့် ရောက်လာသောအခါ ဖိုသီဖတ်သီဖြစ်နေရှာသော သူ့သားကို တွေ့လိုက်ရသည်။

ကောင်းထျန်း၏အကြည့်က ပိုမိုအေးစက်ခက်ထန်လာသည်။

ဟွမ်းယွီဟိုတယ်… သိပ်ကောင်းတယ်…

ကောင်းထျန်းသည် ဆေးပစ္စည်းလုပ်ငန်းကို နှစ်ပေါင်းများစွာကြာအောင် လုပ်ကိုင်လာသည်ဖြစ်ရာ သူ့လုပ်ငန်းက အောင်မြင်နေပြီး မိုတုတွင် ကောင်းမိသားစုက အဆင့်အတန်းတစ်ခု ကိုင်စွဲထားသူများပင်။

ယခုတော့ သူ့သားကို အမည်ပျက်စာရင်းသွင်းလိုက်သည့်အပြင် ဟိုတယ်ထဲကလည်း မောင်းထုတ်လိုက်သေးသည်။ ယနေ့ ဖြေရှင်းချက်တစ်ခုခုမှ မရလျှင် ကောင်းမိသားစုလည်း မျက်နှာပျက်အရှက်ကွဲရပေတော့မည်။

ဤကိစ္စကို ဖြေရှင်းမှဖြစ်မည်။

ကောင်းထျန်းက သူ့သား၏ရှေ့မှဦးဆောင်၍ ဟိုတယ်ထဲသို့ဝင်ကာ ယဲ့ချန်း၏ သီးသန့်ခန်းထဲကို ကျူးကျော်ဝင်ရောက်သွားလေသည်။

မန်နေဂျာလီကလည်း အခြေအနေမဟန်တော့ကြောင်း မြင်လိုက်ရသဖြင် အပြေးရောက်ချလာသည်။

ကောင်းထျန်းက မန်နေဂျာလီကို စိုက်ကြည့်ရင်း သူ့မျက်လုံးထဲတွင် အငြိုးအတေးများဖြင့် ပြည့်နှက်နေသည်။

"လီစုန့်.. မင်းက တယ်သတ္တိရှိတာပဲ။ ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်။ ငါ့သားကို အခုချက်ချင်းတောင်းပန်ပြီး ဒီတက္ကစီဒရိုင်ဘာကို ဟိုတယ်ထဲက မောင်းထုတ်လိုက်။ မဟုတ်လို့ကတော့ မင်း မန်နေဂျာအဖြစ် အလုပ်လုပ်စရာမလိုတော့ဘူး"

ကောင်းထျန်းက ဟွမ်းယွီဟိုတယ်၏ အဓိကဖောက်သည်တစ်ယောက်ဖြစ်ပြီး ဟိုတယ်၏ဒုဥက္ကဋ္ဌနှင့် ဆက်ဆံရေးအဆင်ပြေသည့်အတွက် သူတို့မိသားစုက ဟိုတယ်မှာ အမြဲတမ်း မောက်မာစွာပြုမူနေထိုင်ခဲ့သည်။

သို့သော် မန်နေဂျာလီကတော့ ကောင်းထျန်းကို မကြောက်ပေ။

ဤတစ်ခေါက်မှာတော့ သူတို့မိသားစုက မထိပါးသင့်သော လူတစ်ယောက်ဖြစ်သည့် ဥက္ကဋ္ဌယဲ့ကို ထိပါးစော်ကားခဲ့သည်။

ဥက္ကဋ္ဌယဲ့ကို ထိပါးစော်ကားသည့်အတွက် အမည်ပျက်စာရင်းအသွင်းခံရခြင်းကပင် သက်ညှာရာကျနေလေပြီ။ သို့တိုင် သူတို့ကတော့ ထိပ်တိုက်ရင်ဆိုင်ရဲသည်အထိ သတ္တိကောင်းနေပေသည်။

မန်နေဂျာလီက အေးတိအေးစက်ပြောလိုက်သည်။

"ဥက္ကဋ္ဌကောင်း.. ကျေးဇူးပြုပြီး ထွက်သွားပေးပါ။ ဧည်သည်တွေ ညစာစားနေတာကို မနှောင့်ယှက်ပါနဲ့"

"သေလိုက်လေ.. ငါပြောတဲ့စကားကို နားမလည်ဘူးလား။ တက္ကစီဒရိုင်ဘာတစ်ယောက်အတွက်နဲ့ မင်းက ငါ့သားကို နာမည်ပျက်စာရင်းသွင်းပြီး မောင်းထုတ်တယ်ပေါ့။ ဘာမဟုတ်တဲ့မန်နေဂျာကများ ရာရာစစ အတင့်ရဲလို့"

ဤသို့ပြောပြီးနောက် ကောင်းထျန်းက မောက်မာစွာဖြင့် ထိုင်ခုံတစ်လုံးတွင် ဝင်ထိုင်ကာ ဟိတ်တစ်လုံးဟန်တစ်လုံး ထုတ်နေချေသည်။

သူ့အဖေက အလွန်ဩဇာညောင်းကြောင်း မြင်လိုက်ရသောအခါ ကောင်းယွမ်လည်း အာဏာကိုအမှီပြု၍ သတ္တိများ ပြန်ရလိုက်သည်။

"မန်နေဂျာလီ… ကျုပ်ကို အခုချက်ချင်းတောင်းပန်ပြီး ဒီလူ့ကို ဟိုတယ်ထဲက မောင်းထုတ်လိုက်စမ်းပါ။ မဟုတ်လို့ကတော့ ကျုပ်အဖေက ခင်ဗျားကို အလုပ်ပြုတ်မှာလုပ်ပစ်မှာနော်"

မန်နေဂျာလီက တရားနည်းလမ်းကျကျ ပြောလိုက်သည်။

"မဖြစ်နိုင်ဘူး။ ဥက္ကဋ္ဌကောင်း.. ကျုပ် ခင်ဗျားကို ပြဿနာမရှာဖို့ အကြံပေးချင်တယ်။ အခုချက်ချင်းထွက်သွားပေးပါ။ မဟုတ်လို့ကတော့ ကျွန်တော့်ကို ရိုင်းပျတယ်လို့ အပြစ်မတင်လေနဲ့"

"ငါ့ကိုရိုင်းပျမယ်ပေါ့? မင်းက ငါ့ကိုပါ ဟိုတယ်ထဲက မောင်းထုတ်ဦးမှာလား။ ကောင်းပြီလေ။ ငါ မင်းတို့ဘော့စ်ကို အခုချက်ချင်း ခေါ်လိုက်မယ်"

ထိုအချိန်တွင် သီးသန့်ခန်းထဲရှိ လေထုမှာ အလွန်တင်းမာနေချေသည်။

ကောင်းထျန်းက ယဲ့ချန်းကို လှမ်းကြည့်၍ အထင်အမြင်သေးဟန် အမူအရာမျိုး ထုတ်ဖော်ပြသလိုက်သည်။

ငယ်ကငယ်သေး၊ တက္ကစီဒရိုင်ဘာက ဖြစ်သေး…

သူ့မှာ ဘယ်လိုအံ့ဖွယ်နောက်ခံမျိုး ရှိနိုင်မှာတဲ့လဲ?

ကောင်းထျန်းလည်း ဟွမ်းယွီလုပ်ငန်းစု၏ ဒုဥက္ကဋ္ဌ လုကန်ကို ဖုန်းဆက်လိုက်၏။ ကောင်းထျန်း မောက်မာနေရခြင်းမှာ သူသည် လုကန်နှင့် ဆက်ဆံရေးကောင်းသောကြောင့်ပင်။

သူတို့က မကြာခဏ အရက်အတူသောက်ကြပြီး ညီအစ်ကိုဟုလည်း အချင်းချင်းခေါ်ကြသူများပင်။ ထို့ကြောင့်လည်း သူ ယခုလိုရိုင်းပျပြီး မောက်မာရဲခြင်းဖြစ်၏။

"ဟယ်လို အစ်ကိုလုလား။ ခင်ဗျားတို့ဟွမ်းယွီဟိုတယ်ရဲ့ မန်နေဂျာလီစုန့်က တက္ကစီဒရိုင်ဘာတစ်ယောက်အတွက်နဲ့ ကျွန်တော့်သားကို အမည်ပျက်စာရင်းသွင်းပြီး ဟိုတယ်ထဲက မောင်းထုတ်လိုက်လို့။ ဒီကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျား ကျွန်တော့်ကို ဖြေရှင်းချက်ပေးရမယ်နော်"

"ဘာ? အဲဒီလိုကိစ္စမျိုးရှိတာလား။ လီစုန့်ကို ဖုန်းပေးလိုက်"

မန်နေဂျာလီက ဖုန်းကိုလှမ်းယူလိုက်လေရာ လုကန်၏အော်သံက ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာသည်။

"မင်း အလုပ်ပြုတ်ချင်လို့လား။ ကောင်းထျန်းက ဘယ်သူလဲသိလား။ သူက ငါတို့ဆီမှာ နှစ်တိုင်း သန်းပေါင်းများစွာသုံးနေတာကွ။ ဘာတွေလုပ်နေတာလဲ"

မန်နေဂျာလီက တီးတီုးပြောလိုက်လေသည်။

"ဥက္ကဋ္ဌလု.. အဲဒီတက္ကစီဒရိုင်ဘာက ဥက္ကဋ္ဌယဲ့ပါ"

"ယဲ့ချန်း ဥက္ကဋ္ဌယဲ့လား။ ကောင်းထျန်းကို ဖုန်းပြန်ပေးလိုက်"

တစ်ဖက်ရှိ အသံက ခဏမျှရပ်သွားပြီးနောက် တစ်ဖန်အေးစက်မာထန်သွားပြန်လေသည်။

မန်နေဂျာလီက ကောင်းထျန်းကို ဖုန်းပြန်ပေးလိုက်၏။

ဖုန်းထဲတွင် လုကန်၏အော်သံကြီး ညံစီနေလေတော့သည်။

"လောင်ကောင်း..ဒီနေ့ကစပြီး ကျုပ်တို့ မိတ်ဆွေတွေမဟုတ်တော့ဘူး။ ကျုပ်ကို အစ်ကိုလို့လည်း လာမခေါ်နဲ့။ ကျုပ် ခင်ဗျားကိုမသိဘူး။ ပြီးတော့ ခင်ဗျား မစ္စတာယဲ့ကို အခုချက်ချင်းတောင်းပန်လိုက်ဖို့ အကြံပေးချင်တယ်။ မဟုတ်ရင် ခင်ဗျား နောင်တရလိမ့်မယ်နော်"

"ပြီးတော့ ဒီနေ့ကစပြီး ခင်ဗျားသားကိုတင်မကဘူး..ခင်ဗျားတို့ ကန်တာ့ဆေးပစ္စည်းကုမ္ပဏီကိုပါ ကျုပ်တို့ဟွမ်းယွီလုပ်ငန်းစုက နာမည်ပျက်စာရင်းသွင်းလိုက်ပြီ။ ကိုယ့်ကိုယ်ကိုဂရုစိုက်ပါ"

ဘန်း!

ဖုန်းခေါ်ဆိုမှုကား ပြတ်တောက်သွားလေပြီ။ ကောင်းထျန်းလည်း ကြောင်အသွားရသည်။

ကောင်းထျန်း၏ ဒေါသများ ပေါက်ကွဲလုနီးပါးဖြစ်နေလေသည်။

အခုလိုတွေလုပ်ရတာ ဘာမဟုတ်တဲ့ တက္ကစီဒရိုင်ဘာတစ်ယောက်ကြောင့်နဲ့လား?

မန်နေဂျာလီက သူ့ကို မျက်နှာသာမပေးခြင်းက တစ်ကဏ္ဍပင်။ သို့သော် ဥက္ကဋ္ဌလုကပါ တက္ကစီဒရိုင်ဘာတစ်ယောက်အတွက်နှင့် သူတို့၏ဆက်ဆံရေးကို အပြတ်ဖြတ်လိုက်ပေသည်။

အစောတုန်းက လုကန်၏အသံက ကျယ်လွန်းလှသဖြင့် ထိုစကားများကို လူတိုင်းကြားလိုက်သည်။

ဘာတွေဖြစ်နေတာလဲ? သူ့သားအတွက် ရပ်တည်ပေးခဲ့ပေမဲ့ တရားမျှတမှုမရတဲ့အပြင် သူကိုယ်တိုင်ပါ အမည်ပျက်စာရင်းအသွင်းခံလိုက်ရတာလား!

ယဲ့ချန်းမှာ ဘယ်လိုအာဏာမျိုး ရှိနေလေသလဲ။

ကောင်းထျန်းက ဒေါသတကြီးဖြင့် အံတင်းတင်းကြိတ်ထားမိသည်။ ယနေ့အဖို့တော့ သူ အရေးနိမ့်နေပြီဖြစ်ရာ သူ့သားနှင့်အတူ လှည့်ပြန်ခဲ့လိုက်သည်။

လူကြီးလူကောင်းတစ်ယောက်၏ ကလဲ့စားက ဆယ်နှစ်ကြာသည်အထိ စောင့်ဆိုင်းနိုင်သည်။ လက်စားမချေခင် ဤလူငယ်လေး၏နောက်ခံကို အရင်စုံစမ်းရမည်။

သို့သော် ထိုအခိုက် ယဲ့ချန်းက အေးတိအေးစက်လေသံဖြင့် ရုတ်တရက်ပြောလိုက်သည်။

"ခင်ဗျားက ကျုပ် ညစာစားနေတာကို လာနှောင့်ယှက်ပြီး ဒီအတိုင်းထွက်သွားမယ်ပေါ့"

ကောင်းထျန်း တုံ့ခနဲရပ်လိုက်လေသည်။ ထို့နောက် မျက်ခုံးပင့်လျက် တစ်ဖက်သို့လှည့်ကာ ယဲ့ချန်းကို စိုက်ကြည့်လိုက်သည်။

"မင်းက ဘယ်သူမို့လို့လဲ။ တက္ကစီဒရိုင်ဘာတစ်ယောက်ကများ ငါ့ကို ဒီလိုဆက်ဆံရဲတယ်ပေါ့"

ယဲ့ချန်းကတော့ ခပ်မိုက်မိုက်သာ ပြန်ဖြေလိုက်သည်။

"အဲဒီလိုလား။ မတောင်းပန်တဲ့အကျိုးဆက်က ပြင်းထန်တယ်နော်။ ခင်ဗျား နောင်တရလိမ့်မယ်"

"နောင်တတဲ့လား။ ငါဆိုတဲ့ ကောင်းထျန်းမှာ ဘာနောင်တမှမရှိဘူး"

ထိုသို့ပြောပြီးနောက် ကောင်းထျန်းက ကောင်းယွမ်နှင့်အတူ ခြေလှမ်းခပ်ကျဲကျဲလှမ်း၍ ဟိုတယ်ထဲမှ ထွက်လာခဲ့လိုက်သည်။

လူအုပ်ကြီးကမူ ယဲ့ချန်းကိုကြည့်ရင်း ဘာကြောင့်မှန်းမသိသော်ငြား ယဲ့ချန်း၏စကားများက ခြိမ်းခြောက်ရုံသက်သက်မဟုတ်ကြောင်း ခံစားမိသည်။

ထိုအချိန်မှာ ယဲ့ချန်းကဖုန်းထုတ်၍ နံပါတ်တစ်ခုကို ခေါ်လိုက်သည်။

ယဲ့ချန်းဖုန်းပြောနေသည့် အကြောင်းအရာများကို ကြားလိုက်ရသော လူတစ်သိုက်မှာ ပင့်သက်ရှိုက်မိကြသည်။

မဖြစ်နိုင်တာ ဒါကမှ တကယ့်ဒိတ်ဒိတ်ကြဲသူဌေး!

ကောင်းထျန်းနှင့် ‌ကောင်းယွမ်တို့လည်း ကားထဲသို့ ဒေါသတကြီးဝင်သွားလိုက်သည်။

"အဖေ.. ဒီလိုမျိုး အဆုံးသတ်လိုက်တော့မှာလား"

"အဆုံးသတ်တဲ့လား။ ကောင်းမိသားစုကို စော်ကားတဲ့လူက ဒီလိုအဆုံးသတ်လှနိုင်စရာရှိလို့လား။ ဒီလူရဲ့နောက်ခံကို အရင်စစ်ဆေးရမယ်။ ပြီးမှ သူ့ကိုကြည့်ရှင်းကြတာပေါ့"

ထိုအချိန်မှာပင် ကောင်းထျန်းထံသို့ ဖုန်းဝင်လာသည်။ ဖုန်းခေါ်ဆိုသူမှာ ရန်အိုက်ဆေးရုံအုပ်ကြီးပင်။

"ဆေးရုံအုပ်ဝမ်.. ဘာများညွှန်ကြားစရာရှိလို့လဲ"

"ဟင်? ပူးပေါင်းမှုကို ပယ်ဖျက်လိုက်ပြီတဲ့လား"

"ဘာလို့လဲ"

…..

သို့သော် ဖုန်းခေါ်ဆိုမှုကား ပြတ်တောက်သွားလေပြီ။

ကောင်းထျန်းခမျာ တည်ငြိမ်မနေနိုင်တော့ချေ။ သူ့မျက်နှာကလည်း ဖြူဖပ်ဖြူရော်ဖြစ်သွားလေသည်။

သူတို့၏ကန်တာ့ဆေးပစ္စည်းကုမ္ပဏီ အောင်မြင်လာရသည့်အကြောင်းအရင်းမှာ ရန်အိုက်ဆေးရုံ၏ နောက်ခံရှိထားသောကြောင့်ပင်။

ရန်အိုက်ဆေးရုံက သူတို့လုပ်ငန်းစုကို ထောက်ပံ့ပေးထားသည်ဟု ဆိုလျှင်ပင် မမှားချေ။

အကျိုးတူပူးပေါင်းမှုကို ဖျက်သိမ်းလိုက်ခြင်းမှာ သူတို့၏အ‌ရောင်းအဝယ်လမ်းကြောင်း ဖြတ်တောက်ခံလိုက်ရပြီဟူသော သဘောပင်။ အသစ်ဝင်ထားသော ဆေးပစ္စည်းများက ဂိုဒေါင်တစ်လုံးစာအပြည့်ပင်။ ထိုပမာဏကား ဒေဝါလီခံရဖို့ လုံလောက်သော အရေအတွက်ပင်။

ကောင်းထျန်းခမျာ ပဟေဠိဖြစ်သွားရသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်ကပင် သူ ဆေးရုံအုပ်နှင့် ညစာအတူစားခဲ့သေးသည်။ ထိုစဉ်တုန်းက အကျိုးတူပူးပေါင်းမှုလည်း အဆင်ပြေနေခဲ့သည်။ ယခုကျမှ ရုတ်တရက်ကြီး အကျိုးတူပူးပေါင်းမှုကို ဘာကြောင့်ဖျက်သိမ်းရလေသလဲ။

ထိုအခိုက်ဝယ် သူ့မျက်နှာ ပျက်ယွင်းသွားရ၏။

ယဲ့ချန်း၏စကားများကို သူ ပြန်အမှတ်ရလိုက်သည်။

"သူများလား"

ကောင်းထျန်းလည်း သူ့အတွင်းရေးမှူး၏ဖုန်းနံပါတ်ကို ချက်ချင်းခေါ်လိုက်သည်။

"ယဲ့ချန်းနဲ့ ရန်အိုက်ဆေးရုံကြားက ပတ်သက်မှုကို စုံစမ်းပေး"

အဖြေကား ခပ်မြန်မြန်ရလိုက်သည်။ ထိုအခါ ကောင်းထျန်း၏မျက်နှာမှာ သေမတတ်ဖြူဖျော့သွားလေတော့သည်။

ထို့နောက် ကောင်းထျန်းတစ်ယောက် ကားဒရိုင်ဘာကို အော်ပြောလိုက်သည်။

"ပြန်လှည့်.. ပြန်လှည့်.. ဟွမ်းယွီဟိုတယ်ကို အခုချက်ချင်းပြန်လှည့်"

••••••••••••

All Chapters