← Chapters

နတ်မျက်စိစနစ်

Vol. 5 Ch. 75

နတ်မျက်စိစနစ်

Vol. 5 Ch. 75

ကောင်းထျန်း၏မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။ ယခုမူ ဤအခြေအနေ၏လေးနက်မှုကို သူ နားလည်လိုက်လေပြီ။

ယဲ့ချန်းကသာ သူ့ကို ခွင့်မလွှတ်ပါက ရန်အိုက်ဆေးရုံကလည်း သူတို့နှင့် အကျိုးတူပူးပေါင်းတော့မည်မဟုတ်ပေ။ ထိုအခါ သူတို့ကုမ္ပဏီလည်း ပျက်ကိန်းဆိုက်ရပေမည်။

ထိုအကြောင်းကို ပိုတွေးမိလေလေ ပိုကြောက်လန့်လာလေလေပင်။ သူ့တစ်ကိုယ်လုံးလည်း တုန်ယင်နေလေတော့သည်။

ယခုတော့ ကောင်းယွမ် နောင်တရမိနေချေပြီ။ သူ ဘယ်လိုပုဂ္ဂိုလ်မျိုးကို စော်ကားမိလိုက်မှန်း ယခုမှသာ သဘောပေါက်တော့သည်။

တက္ကစီဒရိုင်ဘာတစ်ယောက်က ရန်အိုက်ဆေးရုံ၏ ပင်မရှယ်ယာရှင်တစ်ယောက်ဖြစ်နေလိမ့်မည်ဟု သူ လုံးဝမျှော်လင့်မထားပေ။

"အဖေ ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ"

ကောင်းယွမ်က ပူပင်သောကရောက်နေဟန်ဖြင့် မေးလိုက်သည်။

"ဘယ်လိုလုပ်ကြမလဲဆိုတာက ဘာသဘောတုန်း။ မင်းက ငါ့ကိုလာမေးရဲသေးတယ်ပေါ့။ အသုံးမကျတဲ့သား… မင်းက သူ့ကိုမှသွားရန်စတာကိုး။ အခုတော့ ကောင်းမိသားစုလည်း ပျက်ကိန်းဆိုက်တော့မယ်"

မကြာခင်၌ ကားက ဟိုတယ်အဝင်ဝတွင် ထိုးရပ်လိုက်သည်။ ကောင်းထျန်းလည်း ဟိုတယ်ထဲသို့ အပြေးဝင်သွားချေသည်။

ယဲ့ချန်းတို့တစ်သိုက် ညစာစားအပြီး အပြင်သို့ ထွက်လာချိန်မှာ ကောင်းယွမ်နှင့် ကောင်းထျန်းတို့က ဟိုတယ်အဝင်ဝတွင် လုံခြုံရေးများနှင့် စကားများနေတာကို မြင်လိုက်ရ၏။

"လုံခြုံရေး.. ကျုပ်တို့ကို ဝင်ခွင့်ပေးပါ"

"ကျွန်တော်မှားသွားပါတယ်။ အထဲဝင်ခွင့်ပေးပါ"

ထိုမြင်ကွင်းကြောင်း သူတို့အားလုံး ကြက်သေသေကုန်ကြသည်။

ထိုအခိုက်ဝယ် ကောင်းထျန်းနှင့် ကောင်းယွမ်တို့ထံ၌ အစောပိုင်းတုန်းက မောက်မာမှုနှင့် ကြီးစိုးခြယ်လှယ်လိုသော အပြုအမူတို့ မရှိတော့ပေ။

သူတို့နှစ်ယောက်ခမျာ စိတ်ဓာတ်ကျနေဟန်ဖြင့် လုံခြုံရေးများကို တောင်းပန်ခယနေကြသည်။

လင်ရှန်းရှန်း၏အတန်းဖော်များမှာ ထိတ်လန့်တုန်လှုပ်သွားကြသည်။ အစောတုန်းက ယဲ့ချန်းဖုန်းပြောနေသည့်အကြောင်းအရာကို သူတို့ သတိရလိုက်မိသည်။

ယဲ့ချန်းရဲ့ဖုန်းခေါ်ဆိုမှုက အလုပ်ဖြစ်သွားတာများလား?

လူတိုင်းက ယဲ့ချန်းအား သတိကြီးကြီးထားနေသော အမူအရာများဖြင့် ကြည့်လိုက်ကြသည်။

ယဲ့ချန်းက ကြောက်မက်ဖွယ်ကောင်းပေသည်။ ဖုန်းတစ်ချက်ခေါ်လိုက်ရုံမျှဖြင့် ကောင်းမိသားစုမှ သားအဖနှစ်ယောက်စလုံးကို သူ့ဆီကိုပြန်လာပြီး တောင်းပန်လာအောင် လုပ်နိုင်စွမ်းရှိ၏။

ထိုလူနှစ်ယောက်မှာ လုံခြုံရေးများ တားနေသည့်ကြားက ယဲ့ချန်းထံသို့ အပြေးရောက်လာသည်။

ကောင်းထျန်းနှင့် ကောင်းယွမ်တို့နှစ်ယောက်စလုံး၏ မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်နေပြီး ယဲ့ချန်းရှေ့တွင် ဒူးထောက်ချလိုက်သည်။

လူတိုင်း အံ့ဩသွားရပြန်သည်။

ကောင်းထျန်းက ဘီလျံပေါင်းများစွာ တန်ဖိုးရှိသော ကန်တာ့ဆေးပစ္စည်းကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သည့်တိုင် တက္ကစီဒရိုင်ဘာတစ်ယောက်ရှေ့တွင် ဒူးထောက်နေပေသည်။

"သေစမ်း.. ဘာတွေဖြစ်နေတာလဲ"

"ယဲ့ချန်းက တော်တော်မိုက်တာပဲနော်"

"တက္ကစီဒရိုင်ဘာက သာမန်လူအဖြစ်ဟန်ဆောင်ထားတဲ့ ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက်ဖြစ်နေတာကိုး"

"တီဗီဒရမ်မာထဲကလိုပဲ"

ဒူးထောက်ထားသည့် ကောင်းထျန်းခမျာ ကြမ်းပြင်ကို နဖူးနှင့်ပင် တိုက်လိုက်သေးသည်။

"ဥက္ကဋ္ဌယဲ့.. ကျွန်တော့်ကိုခွင့်လွှတ်ပေးပါ။ ကျွန်တော် ခင်ဗျားကို သတိမမူမိတဲ့အထိ ကန်းနေခဲ့တာပါ။ သေချာမြင်အောင်မကြည့်မိတဲ့ ကျွန်တော့်အမှားပါ"

လူတိုင်း အံ့ဩကုန်ကြသည်။

ကြီးကျယ်ခမ်းနားသော ကန်တာ့ကုမ္ပဏီ၏ ဥက္ကဋ္ဌက ယဲ့ချန်းရှေ့မှာ ဒူးထောက်ပြီး ဦးတိုက်နေပေသည်။

ယဲ့ချန်းက တကယ်ပဲ ဘယ်သူပါလိမ့်?

ဟိုတယ်ဧည့်ကြိုခန်းမတစ်ခုလုံး တစပြင်အလား တိတ်ဆိတ်သွားရသည်။ ကောင်းထျန်း ကြမ်းပြင်ကို ခေါင်းနှင့်ဆောင့်နေသည့် အသံတစ်သံတည်းသာ ပဲ့တင်ထပ်နေလေသည်။

"ဥက္ကဋ္ဌယဲ့… ရန်အိုက်ဆေးရုံနဲ့ကျွန်တော်တို့ကြားက အကျိုးတူပူးပေါင်းမှုကို မဖျက်သိမ်းဖို့ တောင်းပန်ပါရစေ။ ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ"

ကောင်းထျန်း၏နဖူးမှာ သွေးချင်းချင်းနီနေလေပြီ။

ယဲ့ချန်းကတော့ ဧည့်ကြိုခန်းမထဲရှိ ထိုင်ခုံတစ်လုံးတွင် အေးအေးလူလူထိုင်နေပြီး ဒူးထောက်တောင်းပန်နေသော ကောင်းမျိုးရိုးသားအဖနှစ်ယောက်ကို အေးတိအေးစက်အမူအရာဖြင့် ထိုင်ကြည့်နေလေသည်။

ယဲ့ချန်း၏ ထူးမခြားနားအမူအရာကို မြင်သောအခါ ကောင်းထျန်းလည်း သူ့ဘေးရှိ ကောင်းယွမ်ကို လှည့်ကြည့်လိုက်သည်။

ထို့နောက် ကောင်းယွမ်၏လည်ပင်းကို ရက်ရက်စက်စက်ဖိချလိုက်သည်။

"မင်း ဘာလုပ်နေတာလဲ။ မြန်မြန်ဦးညွှတ်ပြီး မစ္စတာယဲ့ကို မတောင်းပန်သေးဘူးလား"

ဒုန်း ဒုန်း ဒုန်း…

သားအဖနှစ်ယောက်ခမျာ ဧည့်ကြိုခန်းမထဲတွင် ဦးတိုက်နေရှာသည်။

လင်ရှန်းရှန်း၏ အတန်းဖော်များကတော့ စိတ်ထဲမှ ကျိတ်၍ ကျေနပ်နေပေသည်။

သူတို့နှစ်ယောက် ခုနတုန်းကတော့ တအားမောက်မာပြခဲ့တာမလား။ အထူးသဖြင့် ကောင်းယွမ်ပင်။ သူ့ချမ်းသာကြွယ်ဝမှုကို နေရာတိုင်းမှာ လိုက်ကြွားနေခဲ့သည်။

ယဲ့ချန်းကတော့ သူတို့ကို ကြည့်ပင်မကြည့်ချေ။ ဖုန်းထုတ်၍ မိုဘိုင်းဂိမ်းကစားနေသည်။

ယဲ့ချန်းဘက်က ဘာမှတုံ့ပြန်မလာတာကို မြင်သောအခါ ကောင်းထျန်းလည်း ကောင်းယွမ်ကို ပါးနှစ်ချက်ရိုက်လိုက်လေသည်။

"မင်း မစ္စတာယဲ့ကို ဘာလို့မတောင်းပန်သေးတာလဲ"

အဆုံးမှာတော့ ကောင်းယွမ်လည်း သဘောပေါက်သွားပြီး ယဲ့ချန်းရှေ့မှာ ဒူးထောက်ချလိုက်သည်။

"မစ္စတာယဲ့ ‌ကျွန်တော်မှားသွားပါတယ်။ ကျွန်တော် ခင်ဗျားချစ်သူကို မျက်စိမကျခဲ့သင့်ဘူး။ ခင်ဗျားကိုလည်း အထင်မသေးခဲ့သင့်ဘူး။ ကျေးဇူးပြုပြီး ကောင်းမိသားစုကို ခွင့်လွှတ်ပေးပါ"

ယခုတော့ ကောင်းယွမ် တကယ်ကြောက်သွားခဲ့သည်။ သူ ပြဿနာကြီးတစ်ခုရှာမိလိုက်ကြောင်း သူသိသည်။

ကုမ္ပဏီသာ ပြိုလဲသွားလျှင် သူ့အရှိန်အဝါများလည်း အစအနပင်မကျန်ဘဲ ပျောက်ကွယ်သွားရလိမ့်မည်။ သူကိုယ်တိုင်လည်း သူဌေးသားဘဝမှ ကုန်းကောက်စရာမရှိသည့်ဘဝကို ရောက်သွားလိမ့်မည်။

သူသည် ချမ်းသာကြွယ်ဝသောဘဝတွင် နေသားကျနေပြီဖြစ်ရာ ဆင်းရဲသားဘဝကို ပြန်သွားရန်မှာ သူ့အတွက်တော့ သေရတာထက်ပင် ပိုဆိုးလေသည်။

အဆုံးမှာတော့ ကောင်းယွမ်ခမျာ ကလေးတစ်ယောက်နှယ် ငိုကြွေးလေတော့သည်။

"မစ္စတာယဲ့.. ခင်ဗျားက ရန်အိုက်ဆေးရုံရဲ့ ပင်မရှယ်ယာရှင်တစ်ယောက်ဆိုတာကို ကျွန်တော် တကယ်မသိခဲ့လို့ပါ။ မဟုတ်လို့ကတော့ ကျွန်တော့် အသက်အပိုပါရင်တောင် ခင်ဗျားချစ်သူကို မလုရဲပါဘူး။ တောင်းပန်ပါတယ်။ ကျွန်တော့်ကိုခွင့်လွှတ်ပေးပါ"

ယခုမှာတော့ သူ့ဆုံးဖြတ်ချက်များကို ကောင်းယွမ် နောင်တရမိနေလေပြီ။

အစကတော့ သူ့ဘဝ၏ နောက်ဆုံးအိပ်မက်ကို ဖြည့်ဆည်းချင်ခဲ့မိသဖြင့် တက္ကသိုလ်တုန်းက နတ်ဘုရားမကို လိုက်ပိုးရန် ကြံခဲ့မိသည်။

သို့သော် ဤနတ်ဘုရားမက သူ့ကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်မည့် လူတစ်ယောက်၏အပိုင်ဖြစ်နေမှန်း သူ လုံးဝထင်မထားခဲ့ချေ။

ဒါက သက်သက်ဒုက္ခရှာတာမဟုတ်လား?

ကောင်းထျန်းကလည်း ဘေးနားမှ ဝင်ပြောလာသည်။

"ဥက္ကဋ္ဌယဲ့.. ကျွန်တော်တို့ကို လွတ်လမ်းတစ်ခုတော့ ပေးပါဦး။ ရန်အိုက်ဆေးရုံကသာ ကျွန်တော်တို့နဲ့ အကျိုးတူမပူးပေါင်းတော့ဘူးဆိုရင် ကျွန်တော်တို့စက်ရုံလည်း ဒေဝါလီခံရလိမ့်မယ်။ ကျွန်တော်တို့စက်ရုံမှာ ရန်အိုက်ဆေးရုံကို မှီခိုနေရတဲ့ ဝန်ထမ်းပေါင်း ရာနဲ့ချီပြီးရှိပါတယ်"

ယဲ့ချန်းက သူတို့နှစ်ယောက်ကို အေးတိအေးစက်စိုက်ကြည့်၍ ပြောလိုက်၏။

"ခင်ဗျားတို့က ကျုပ်ကို သင်ခန်းစာပေးဖို့ ကြိုးစားနေခဲ့ကြတာမလား။ အခုကျတော့ ကြောက်နေပြီလား"

"ကျူပ်မှာ ဘာနောက်ခံမှမရှိဘူးဆိုရင် ခင်ဗျားတို့ကလည်း ကျုပ်ကို ဘယ်လိုပြဿနာရှာရှာ ရှာလို့ရတယ်လို့ ထင်နေကြတော့မှာ။ ခင်ဗျားတို့က ဆင်းရဲသားတွေကို အနိုင်ကျင့်နေကျဆိုပေမဲ့ ကံဆိုးတာက ဒီတစ်ခါတော့ လူရွေးမှားသွားပြီ"

ကောင်းယွမ်က ရုတ်ခြည်းပင် လင်ရှန်းရှန်းကို သတိရလိုက်သည်။ ထို့နောက် လင်ရှန်းရှန်းရှေ့မှာ ဒူးထောက်လိုက်သည်။

"ရှန်းရှန်း.. မင်း ငါ့အစား သူ့ကို ဖျောင်းဖျပေးနိုင်မလား"

လင်ရှန်းရှန်းကလည်း ကောင်းယွမ်ကို ဘာစကားတစ်ခွန်းမှမပြောဘဲ အေးတိအေးစက်သာ ကြည့်နေလိုက်သည်။

ယနေ့ ယဲ့ချန်းလုပ်ခဲ့သမျှမှာ သူ(မ)ကို ကူညီရန်အတွက်ပင်။ ကောင်းယွမ်၏လုပ်ရပ်များကတော့ လွန်လွန်းအားကြီးသည်။

ကောင်းယွမ်က ယဲ့ချန်းကို ဟိုတယ်ထဲမှ မောင်းထုတ်ပစ်ဖို့ ပြောလိုက်ကတည်းက သူ့အပေါ်ထားသော သူ(မ)၏ အတန်းဖော်သံယောဇဉ်က ပျောက်ကွယ်သွားခဲ့ခြင်းပင်။

ယဲ့ချန်းက အေးတိအေးစက်လှောင်ရယ်လျက် မတ်တတ်ထရပ်လိုက်ပြီးနောက် လင်ရှန်းရှန်း၏လက်ကိုဆွဲကာ ဟိုတယ်ထဲမှ ထွက်ခွာသွားလေသည်။

ယဲ့ချန်းထွက်သွားတာကိုကြည့်ရင်း လူတိုင်း တံတွေးမျိုချလိုက်မိသည်။

အေးစက်စက်နိုင်လှသော ယဲ့ချန်း၏အကြည့်နှင့် အေးတိအေးစက်အပြုအမူက အလွန်ဆွဲဆောင်မှုရှိလှသည်။

ဒိတ်ဒိတ်ကြဲသူဌေးဆိုတာ ဘာအဓိပ္ပာယ်မှန်း ယခုမှသာ သူတို့ သဘောပေါက်လိုက်သည်။

လင်ရှန်းရှန်း၏ အတန်းဖော်များမှာ ဤတက္ကစီဒရိုင်ဘာ၏နောက်ခံက မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သိလိုက်ရလေပြီ။

သူ့ထံမှ စကားတစ်ခွန်းလေးက ဘီလျံပေါင်းများစွာ တန်ကြေးရှိသော ကုမ္ပဏီတစ်ခု၏ ကံကြမ္မာကိုပင် အဆုံးအဖြတ်ပေးနိုင်သည်။

ဤသည်မှာ စင်စစ်အံ့သြဖို့ကောင်းလှ၏။ ဤသည်ကသာ ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်စစ်စစ်ပင်။

ယဲ့ချန်းလည်း လင်ရှန်းရှန်းကို အိမ်ပြန်ပို့ပေးခဲ့သည်။

လင်ရှန်းရှန်း၏ မျက်နှာကား ရှက်သွေးဖြာနေလေသည်။ အစောတုန်းက ယဲ့ချန်း၏ပုံစံမှာ အလွန်မိမိုက်လှသည်။

"အစ်ကိုယဲ့ ကျေးဇူးတင်ပါတယ်"

"ဟားဟား ရပါတယ်။ ဘာမဟုတ်တာလေးကို"

ကားကို လင်ရှန်းရှန်း၏ အိမ်အဝင်ဝ၌ ထိုးရပ်လိုက်သည်။

"အစ်ကိုယဲ့.. ကျွန်မက ရှင့်အပိုင်ဖြစ်ဖို့ အရည်အချင်းပြည့်မီရဲ့လား"

လင်ရှန်းရှန်းက ရုတ်တရက်ကြီး မေးခွန်းထုတ်လိုက်လေသည်။

ယဲ့ချန်းလည်း တုံ့ဆိုင်းသွားရပြီးနောက် ရယ်မောလိုက်၏။

"မင်းက ငါ့အပိုင်ဖြစ်ချင်လို့လား"

လင်ရှန်းရှန်း၏မျက်နှာကား ရဲရဲနီသွားရပြန်သည်။ သူ(မ)က ယဲ့ချန်းနားကို တိုးကပ်၍ သူ့ပါးကို အနမ်းပေးလိုက်ပြီးနောက် ကားထဲမှ ထွက်ပြေးသွားလေတော့သည်။

"ဒီကောင်မလေးကတော့"

ယဲ့ချန်း ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါယမ်းလိုက်မိသည်။

[တင်! ကြယ်ငါးပွင့်အဆင့်သတ်မှတ်ချက်ကို ရရှိတဲ့အတွက် Hostကို ဂုဏ်ပြုပါတယ်။ ဒုတိယ​မြောက်ကြယ်ငါးပွင့် (၂/၅)ကို အသက်သွင်းနိုင်ခဲ့ပြီ။ ဆုလာဘ်ကတော့ နတ်မျက်စိစနစ်ပါ]

[တင်! နတ်မျက်စိစနစ်က ပစ်မှတ်ရဲ့တည်နေရာကို အချိန်မရွေးအတည်ပြုနိုင်ပါတယ်]

နတ်မျက်စိစနစ်တဲ့လား?

ယဲ့ချန်း သူ့အာရုံကိုစုစည်းလိုက်သောအခါ သူ့ရှေ့တွင် ကမ္ဘာလုံးသဏ္ဍာန် ရုပ်ပုံတစ်ခု ပေါ်လာခဲ့သည်။

ထို့နောက် စုဝမ်ယိ၏ပုံရိပ်က သူ့စိတ်အာရုံထဲ၌ ပေါ်လာသည်။

စုဝမ်ယိကိုရှာလိုက်!

ထိုကမ္ဘာလုံးက မြင်ကွင်းကိုချဲ့ပြီး ဟွားနိုင်ငံ၏မြေပုံကို ပြသလာသည်။ ထို့နောက် မိုတုမြို့.. နောက်ဆုံးတော့ စုဝမ်ယိ၏အိမ်ကို အတည်ပြုလိုက်နိုင်သည်။

စုဝမ်ယိက ဧည့်ခန်းထဲတွင် လက်ပ်တော့သုံးနေကြောင်း ထိုပုံရိပ်မှတစ်ဆင့် ယဲ့ချန်း ပြတ်ပြတ်သားသားမြင်နေရသည်။

ဤသည်မှာ စင်စစ်အံ့သြဖို့ကောင်းလှသည်။

ယခုသာ စုဝမ်ယိ ရေချိုးနေမည်ဆိုပါက...

[တင်! နတ်မျက်စိစနစ်ကို အစိမ်းရောင်ပရိုဂရမ်တစ်ခု ထည့်သွင်းထားပါတယ်။ တကယ်လို့ ပစ်မှတ်ရဲ့ ကိုယ်ရေးကိုယ်တာကို ချိုးဖောက်လိုက်ပြီဆိုတာနဲ့ စနစ်က အလိုအလျောက်ပိတ်ပေးသွားမှာပါ]

ဝိုး.. ဒီလောက်ကောင်းတဲ့ လုပ်ဆောင်ချက်မျိုးကျတော့ ပိတ်ထားတယ်တဲ့လား...

သေစမ်း သတင်းဆိုးပဲ!

ထိုအချိန်မှာပင် ယဲ့ချန်း၏ဖုန်းထဲသို့ အသိပေးစာတစ်စောင် ရောက်လာသည်။

"ကျွန်တော်တို့မြို့ရဲ့ မှုခင်းစုံစမ်းစစ်ဆေးရေးအသင်းဟာ ရာဇဝတ်သားတွေဆီက ခုခံမှုကို ခံနေရပါတယ်။ ပြီးတော့ တရားခံစွင်းမော့မော့ကို ဖမ်းဆီးနေစဉ်အတွင်း သုံးယောက်သေပြီး နှစ်ယောက် ဒဏ်ရာရခဲ့ပါတယ်..."

ယဲ့ချန်း ထိတ်လန့်သွားရပြီးနောက် ကျိုးစုစုကို အမြန်ဖုန်းဆက်လိုက်သည်။

•••••••••••••••

All Chapters