ထူးခြားသည့် အပျက်အစီး တစ်စုံ
Vol. 9 Ch. 122
အပြာရောင် အလင်းအား ဖြတ်သန်းပြီးသည့် နောက်တွင် အန်လင်းတို့ အဖွဲ့သည် နေရာတွင်သာ ကြောင်အလျက် ရပ်နေမိကြသည်။
သူတို့သည် မှားယွင်းသည့် တံခါးပေါက် အတွင်းသို့ ဝင်ရောက်မိပြီး မှားယွင်းသည့် နေရာအား ရောက်ရှိလာခြင်းဟု ခံစားမိနေသည်။
သူတို့၏ရှေ့တွင် ကျယ်ဝန်းသော ခန်းတစ်ခုရှိသည်။ စားပွဲခုံများ၊ ထိုင်ခံများနှင့် အခြားသော အနုပညာ ဆန်သည့် အရာများစွာ ရှိလေသည်။
နံရံများနှင့် ကြမ်းပြင်အား အဖြူရောင် ကုန်ကြမ်းများဖြင့် တည်ဆောက်ထားပြီး အစက်အပြောက်မရှိ ချောမွေ့အောင် ပြုလုပ်ထားသည်။
လေထဲတွင် ထူးဆန်းသည့် စက်ပစ္စည်း အနည်းငယ် ရပ်တန့်လျက်ရှိပြီး အေးစက်သည့် သတ္တုအလင်းများ ထုတ်လွှတ်လျက် ရှိသည်။
အရာအားလုံးသည် သန့်ရှင်းသပ်ရပ် နေသည်။
အရာအားလုံးသည် အိမ်အသစ် တစ်လုံးကဲ့သို့ အသစ်အတိုင်း ရှိနေလေသည်။
အရေးကြီးဆုံးသော အချက်မှာ ဤနေရာသည် လွန်စွာ ခေတ်မီနေခြင်း ဖြစ်သည်။
Gundam များနှင့် အိမ်ပျက် တစ်လုံးအား မြင်ဖူးပါသလား။
ဤအိမ်သည် အသင့်တော်ဆုံး ဖြစ်သည်။
အန်လင်းသည် စက်ပစ္စည်းများ ထံသို့ လျှောက်သွားလိုက်ပြီး ဂရုတစိုက်ဖြင့် စစ်ဆေးကြည့် လိုက်သည်။
ဤစက်ပစ္စည်းများသည် လူသားများ ဖန်တီးထားခြင်းဟု ယူဆနိုင်သည်။ ချွန်ထက်သည့် ဓားသွားများ ဝန်းရံထားပြီး အလယ်တွင် စက်ဝိုင်းသဏ္ဌာန် အရာတစ်ခုရှိကာ သေနတ်များဖြင့် ပြုလုပ်ထားသည်။ စွမ်းအင်လုံးနှင့် ဆင်ပေသည်။
သေချာစွာ ကြည့်ရှုပြီးနောက်တွင် ထိုအရာများသည် လူပုံစံ Gundams များဖြစ်သည်မှာ သေချာပေသည်။
အန်လင်းသည် ကြောင်အလျက် ရှိနေသည်။ ကျင့်ကြံခြင်း ကမ္ဘာတွင် ထိုသို့သော အရာများ ရှိနေခြင်းအား ယုံရန်ခက်ခဲ လွန်းလှသည်။ ထူးဆန်းလှပေသည်။
လူပုံစံ Gundams များအား သူ၏ သိုလှောင် လက်စွပ်အတွင်း ထည့်သွင်းရန် ကြိုးပမ်းသော်လည်း မမြင်နိုင်သည့် စွမ်းအားတစ်ရပ်သည် သူ့အား တားဆီး ထားလေသည်။ Gundams များအား ရွေ့လျားနိုင်ခြင်း မရှိသည်သာမက တိုက်ရိုက် မထိတွေ့နိုင်ရန် မမြင်နိုင်သည့် စွမ်းအားတစ်ခုမှ ကာကွယ် ထားလေသည်။
ကျင့်ကြံသူ အများအပြားသည် လာရောက်ကာဖြင့် ယူဆောင်နိုင်ရန် ကြိုးပမ်းကြခြင်းမှာ သဘာဝ ကျလှပေသည်။ Gundams အများအပြား ရှိနေသော်လည်း ရွေ့လျားလာအောင် မစွမ်းဆောင်နိုင်ပေ။
ခန်းမအဆုံးတွင် မှောင်မည်းနေသည့် လူသွားလမ်း တစ်ခုရှိပြီး အန္တရာယ်ရှိသည့် အရိပ်အယောင်များ ထွက်ပေါ် နေလေသည်။
"အစ်ကိုကြီးအန် ... အခု ဘာလုပ်ကြမလဲ ..." မုန့်ထျန်းမှ မေးလာသည်။
အန်လင်း သည်ပင်လျှင် ဘာလုပ်ရမည်ကို မသေချာပေ။ ချိုနဂါး လက်သင့်ခံနိုင်မည့် အကြောင်းပြချက်ကို သာလျှင် ရှာဖွေသင့်သည်။ သူတို့သည် ယင်းနဂါးအား ဆင့်ခေါ်ခဲ့ကြခြင်း ဖြစ်သည်။ မတော်တဆ တစ်ခု ဖြစ်သော်လည်း နားလည်မှု လွဲခြင်းပါဟု ပြောရန် မဖြစ်နိုင်ချေ။
သူတို့သည် ထိုင်ခုံပေါ်တွင် ခေတ္တမျှ ထိုင်ပြီးနောက် ဤနေရာမှ ထွက်ခွာရန် တံပိုးမှုတ်လိုက်မည်။ ထိုသည်က အလုံခြုံဆုံးသော နည်းလမ်း ဖြစ်ပေသည်။
သို့သော်လည်း ဤသည်မှာ အပျက်အစီးပုံ ဖြစ်သည်။ ထို့ကြောင့် ရှေးဟောင်း အမွေအနှစ်များ ရှိနိုင်ပေသည်။
ကျင့်ကြံရာတွင် ပါရမီ လိုအပ်သည်သာမက ကံတရားနှင့် အခွင့်အရေးလည်း လိုအပ်ပေသည်။
သူတို့အားလုံး၏ ကံတရားသည် ဤအပျက်အစီးများ အကြား ရောက်ရှိနေခြင်း ဖြစ်လိမ့်မည်။
သို့သော်လည်း ချိုနဂါး သတိပေးခဲ့သည်မှာ လက်နက်ပုန်းများသည် နေရာအနှံ့တွင် ရှိပြီး ထိုလက်နက်ပုန်းများသည် သူတို့၏ အသက်များအား နုတ်ယူ သွားနိုင်သည်။
"ကောင်းပြီ ... ဒီလို လုပ်ကြတာပေါ့ ... အပျက်အစီးပုံကို ရှာဖွေချင်တဲ့ သူတွေက ငါနဲ့လိုက်ခဲ့ ... မရှာချင်ဘူးဆိုတဲ့ သူတွေက ဒီမှာနေပြီး စောင့်ပေါ့ ..." အန်လင်းသည် သူ့အဖွဲ့သားများ၏ လုံခြုံမှုကို အာမမခံနိုင်သဖြင့် သူတို့ကိုယ်တိုင် ဆုံးဖြတ်စေသည်။
လူတိုင်းသည် ချက်ချင်း ဆိုသလိုပင် သူ့ဘေး၌ မတ်တတ်ရပ် လာကြသည်။ သူတို့၏ ရည်ရွယ်ချက်များမှာ ထင်ရှားပေသည်။
အန်လင်းသည် အနည်းငယ် အံ့အားသင့် သွားသည်။ "မင်းတို့ကောင်တွေ သေရမှာ မကြောက်ဘူးလား ... ရှင်းရှင်းလင်းလင်း ပြောမယ်နော် ... ငါက မင်းတို့ထင်နေသလို မဟူရာည ဧကရီကို သတ်ဖြတ်ခဲ့တယ် နတ်ဘုရား အန် မဟုတ်ဘူး ... သာမန် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း ကနဦးအဆင့် ကျောင်းသား တစ်ယောက်ပဲ ..."
"ငါသိတယ် ..." မုန့်ထျန်းသည် အနည်းငယ် မရွှင်ပျပုံ ရသည်။
ကျုံးရုံရန်သည် သူ၏ယပ်တောင်အား ဝှေ့ယမ်းကာဖြင့် "ငါတို့က သေမှာကို ကြောက်တာပေါ့ ... ဒါပေမဲ့လည်း တာအိုကနေ အင်မော်တယ်အထိ သွားတဲ့လမ်းမှာ သေဆုံးခြင်းဆိုတာ မရှောင်လွှဲနိုင်တဲ့ ကံတရားတစ်ခုပဲ ... အခုကို အခွင့်ရေးယူပြီး ငါတို့က လမ်းဖောက်ကြရမှာ ... ငါတို့ကိုယ်ငါတို့ သန်မာအောင် လုပ်ကြရမှာ ..."
လူတိုင်းသည် တိတ်ဆိတ်စွာဖြင့် ခေါင်းညိတ် လိုက်ကြသည်။ သူတို့သည် ကျုံးရုံရန်၏ စကားလုံးများကို အလွန် သဘောတူညီပုံ ရသည်။
အန်လင်းသည် သူ့အဖွဲ့သားများ၏ ဆုံးဖြတ်ချက်အား မြင်လိုက်ရသည့် အခါတွင် မည်သည့်စကားမျှ မပြောတော့ဘဲနှင့် ချက်ချင်းဆိုသလို မှောင်မည်းနေသည့် လူသွားလမ်းထံ ဦးတည်လိုက်သည်။
လက်ယာဘက်တွင် ဓားရှည်၊ လက်ဝဲဘက်တွင် အုတ်ခဲကိုင်ကာဖြင့် အလွန်ရဲရင့်သည့် ပုံရှိနေသည်။
လိုဏ်ခေါင်းဝသို့ ရောက်သည့်အခါတွင် အထဲရှိ အရာအားလုံးသည် ပိန်းပိတ်အောင် မှောင်မည်း နေလေသည်။ အဆုံးအား ကြည့်လိုက်ပြီးနောက် အရှေ့တွင် 'ဝိုင်' သဏ္ဌာန် လမ်းခွဲသွားဟန် ရှိသည်။ လမ်း၏ ဖွဲ့စည်းပုံကြောင့် အဆုံးသတ်အား မမြင်နိုင်ပေ။
တံခါးတွင် သတ္တုပြားတစ်ချပ် ရှိနေပြီး နားမလည်နိုင်သည့် အရာများ ထွင်းထုထားသည်။
“ဒီဟာက…”
တိတ်ဆိတ်စွာ နေတတ်သည့် စွန်းရှန့်လျန်သည် ရုတ်တရက် ဆိုသလို သူမ၏ပါးစပ်အား ဖွင့်ဟလာပြီး အံ့အားသင့်သည့် အမူအရာများ ထင်ဟပ်နေလေသည်။
"ဒါတွေကို ဖတ်နိုင်တာလား ..."
စွန်းရှန့်လျန်သည် ခေါင်းညိတ် လိုက်ပြီးနောက် "ဒါတွေက ခရမ်းကြယ်စင် ပြည်နယ်ရဲ့ ဘာသာစကားပဲ ... ဒီမှာရေးထားတာက ခရမ်းကြယ်စင် သုတေသန အဖွဲ့အစည်း ၈၈၊ ဇီဝသွေးမျိုးဆက် သုတေသန စင်တာ ..."
အန်လင်း၏ မျက်နှာမှာ ရှုံ့မဲ့လာသည်။ သုတေသန အဖွဲ့အစည်းက အပျက်အစီးပုံကြီးပေါ့ ...
ဘာတွေဖြစ်နေတာလဲ ... ငါက ဘာလို့များ သာမန် စွန့်စားခန်းလေး ဘာလေး မတွေ့ရတာလဲ ...
သို့သော်လည်း ခရမ်းကြယ်စင် လူမျိုးစုသည် ထိုက်ချူ ကုန်းမြေကြီးတွင် အလွန်နည်းပညာ ထွန်းကားသော လူမျိုးစု ဖြစ်ပုံရသည်။ သို့သော်လည်း အကြောင်းအရင်း မသိဘဲ ပျက်စီးပျောက်ကွယ် သွားခဲ့ရသည်။ ဤအပျက်အစီးများသည် မည်သည့် အတွက်ကြောင့် ထိုမျှလောက် ခေတ်မီနေရခြင်းအား ဤသတ္တုပြားမှ သိရှိလိုက် ရလေပြီ။
မုန့်ထျန်းသည် အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်သည်။ “ဒါက ခရမ်းကြယ်စင် လူမျိုးစုရဲ့ ခရမ်းကြယ်စင် သုတေသန အဖွဲ့အစည်းတွေထဲက တစ်ခုလို့ ဆိုလိုတာလား ...”
စွန်းရှန့်လျန်သည် လေးနက်သည့် အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။ မုန့်ထျန်းနှင့် စွန်းရှန့်လျန်တို့၏ အမူအရာများကြောင့် လူတိုင်းသည် အနည်းငယ် ရှုပ်ထွေးလာကြသည်။
ဒါတေက နည်းပညာ ထွန်းကားတဲ့ လူမျိုးစုရဲ့ အပျက်အစီးပုံ မဟုတ်ဘူးလား။ ဘာတွေများ ဖြစ်ခဲ့တာပါလိမ့်။
စွန်းရှန့်လျန်သည် လူတိုင်း၏ အမူအရာကို မြင်လိုက်သည့်အခါတွင် “ငါရှင်းပြမယ် ... ထိုက်ချူကုန်းမြေကြီးရဲ့ မြောက်ဘက်ဆုံး အပိုင်းမှာ အတော်လေး ကျယ်ပြန့်တဲ့ မြေသေတစ်ခု ရှိတယ် ... နင်တို့သိတယ်မလား ...”
အန်လင်းတို့ အားလုံး ခေါင်းညိတ် လိုက်ကြသည်။ ထိုနေရာသည် ခရမ်းကြယ်စင် လူမျိုးစု၏ ပိုင်နက် ဖြစ်ခဲ့သည်။
“ငါက ခရမ်းကြယ်စင် ပြည်နယ်ကလာတာ ... အဲဒီမြေသေကြီးနဲ့ တိုက်ရိုက်ဆက်စပ် နေတာပေါ့ ... ခရမ်းကြယ်စင် ပြည်နယ်ကို အရင်က ခရမ်းကြယ်စင် ပြည်နယ်လို့ ခေါ်တာ မဟုတ်ဘူး ... နှင်းမြူပြည်နယ်လို့ ခေါ်ကြတာ ... ခရမ်းကြယ်စင် ပြည်နယ်လို့ နာမည်ပြောင်း လိုက်တာက လူအများစုက ခရမ်းကြယ်စင် လူမျိုးစုနဲ့ ဆက်စပ် နေကြတယ်လို့ ယုံကြည်တာ မို့လို့ပဲ ... အဲဒါက တကယ့် ပြဿနာတော့ မဟုတ်ဘူး ...”
အန်လင်းနှင့် အခြားသူများသည် အာရုံစိုက်ကာဖြင့် နားထောင် လိုက်ကြသည်။
“ခရမ်းကြယ်စင် ပြည်နယ်ဆိုပြီး နာမည်ပြောင်း လိုက်တာက ခရမ်းကြယ်စင် လူမျိုးစုရဲ့ အမွေအနှစ်ကို လက်ခံရရှိလို့ပဲ ... တိတိကျကျ ပြောရမယ်ဆိုရင် ခရမ်းကြယ်စင် သုတေသန အဖွဲ့အစည်းရဲ့ ၉ နဲ့ ၂၆ ဆိုတဲ့ အမွေအနှစ်ကို ရရှိလိုက်လို့ပဲ ...”
“ခရမ်းကြယ်စင် လူမျိုးစုမှာ အမှတ်စဉ် တပ်ထားတဲ့ သုတေသန အဖွဲ့အစည်းပေါင်း ၁၀၀ ပဲရှိတယ် ... တခြား သုတေသန အဖွဲ့အစည်းတွေ အားလုံးက မြေသေကြီးထဲမှာ ... တချို့ကတော့ ဖျက်ဆီးခံလိုက် ရပြီ ...”
စွန်းရှန့်လျန်၏ စကားများသည် သူတို့အားလုံးအား အလွန်ထိတ်လန့် သွားစေသည်။
ခရမ်းကြယ်စင် ပြည်နယ်သည် ကိုးပြည်ထောင် နိုင်ငံတော်၏ အင်အား အနည်းဆုံး ပြည်နယ်အဖြစ်မှ ဒုတိယအင်အား အကြီးဆုံး ပြည်နယ်အဖြစ်သို့ နှစ်တစ်ထောင် အတွင်း ရှောက်ရှိလာခြင်း ဖြစ်သည်။
သုတေသန အဖွဲ့အစည်း ၂ ခုအား ရှာဖွေတွေ့ရှိမှုသည် ခရမ်းကြယ်စင် ပြည်နယ်၏ ကံကြမ္မာအား လုံးဝပြောင်းလဲ ပေးလိုက်ခြင်း ဖြစ်ပေသည်။
ခရမ်းကြယ်စင် သုတေသန အဖွဲ့အစည်း ၈၈တည်ရှိရာ နေရာသည် ထူးခြားသည့် နေရာတစ်ခု မဟုတ်ပါလား။
"ဖြစ်နိုင်တာကတော့ ငါတို့အားလုံးက ဒီအပျက်အစီးတွေကြားမှာ သေသွားဖို့ အခွင့်အရေး ရှိနေတာပဲ ..." လောင်ကျိပင်သည် ထုံအစွာဖြင့် ပြောလာသည်။
စွန့်စားမှုနှင့် ဆုလာဘ်သည် ဆက်စပ် နေလေသည်။
ဆက်သွားချင် သေးလား။
လူတိုင်းသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
ခေတ္တမျှ တုံ့ဆိုင်းပြီး နောက်တွင် လူတိုင်းသည် ရှေ့ဆက်သွားရန် ဆန္ဒရှိနေဆဲ ဖြစ်ကြသည်။
အန်လင်းသည် မည်းနက်သည့် လူသွားလမ်း အတွင်းသို့ ဦးဆောင်ကာ ဝင်ရောက်လိုက်သည်။ ခြေလှမ်းတိုင်းအား သတိကြီးစွာဖြင့် လှမ်းနေလေသည်။
"ခန်းမက အရမ်း လင်းထိန်နေပြီး ဒီလူသွားလမ်းက မှောင်မည်းနေတာပဲ ..." မုန့်ထျန်းသည် ညည်းတွားလိုက်သည်။
"ဒီဟာက ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေတဲ့ နည်းလမ်းကို အသုံးပြုထားတာ ... အရမ်းကို ဟောင်းနွမ်းနေတဲ့ လှည့်ကွက်ကြီး ..." ကျုံးရုံရန်သည် ပေါ့ပါးစွာ ပြောလိုက်သည်။
ထိုအချိန်မှာပင် ရှောင်ချိုးသည် အကြံတစ်ခု ပေးလာသည်။ "မီးဖွင့်လိုက်မယ် ဆိုရင်ကော ..."
"ဟမ် ..." လူတိုင်းသည် ရှောင်ချိုးအား လှည့်ကြည့်လာကြသည်။ ဘယ်မှာတုန်း မီးခလုတ်က။ နင့်ကိုယ်ပိုင် လမ်းလို့ ထင်နေတာလား ...။
ချက်ချင်းဆိုသလိုပင် သူတို့သည် ရှောင်ချိုး၏ ဆိုလိုရင်းအား နားလည် သွားကြသည်။
မီးခလုတ်ဖွင့်သံ ပေါ်ထွက်လာပြီးနောက်တွင် ရှောင်ချိုး၏ မျက်လုံးများသည် အလွန် အားကောင်းသည့် အလင်းများအဖြစ် ပြောင်းလဲသွားပြီး အလွန်အမင်း တောက်ပသည့် အလင်းများ ထုတ်လွှတ်လိုက်သည်။
“အား… ငါတော့ ကန်းပါပြီ ...”
လူတိုင်းသည် ရှောင်ချိုးအား ကြည့်လိုက်ကြ ပြီးနောက် သူ့မျက်လုံးများမှ ထွက်ပေါ်လာသည့် အလင်းတန်းသည် မျက်လုံးများအား ကန်းသွားစေနိုင်သည်။
"မင်းအရှေ့က သွားလိုက် ..." အန်လင်းသည် မျက်လုံးများအား တင်းကျပ်စွာ ပိတ်ကာဖြင့် အော်လိုက်သည်။
ရှောင်ချိုး၏ တောက်ပသည့် မျက်လုံးများသည့် မီးသီးများအဖြစ် အသုံးပြုနိုင်ခြင်းအား သူမသိခဲ့ပေ။ ရွှေမျက်လုံး မျောက်မင်း၏ အခြားအသွင် တစ်မျိုးများလား။
ထို့ကြောင့် မှောင်မည်းနေသည့် လူသွားလမ်းသည် တောက်ပလာလေပြီ။
လူတိုင်းသည် လင်းထိန်လျက် ရှိသည့် လူသွားလမ်းအား ဆက်လက် လျှောက်လှမ်း လိုက်ကြသည်။ ကြောက်ရွံ့မှု၊ စိုးရိမ်မှုတို့သည် ချက်ချင်းဆိုသလို အဆ တစ်သောင်းခန့် လျော့ကျ သွားပေပြီ။
**