← Chapters

ကျောင်းသားငါးဦး

Vol. 140 Ch. 1795

ကျောင်းသားငါးဦး

Vol. 140 Ch. 1795

ကျူစန်းထုံမှာ ဝမ်းသာကျေနပ်စွာဖြင့် နောင်ဘဝအား ရွေးချယ်ပြီးချေပြီ။ အဘွားအို၊ အမျိုးသမီးနှင့် ယာယာတို့လည်း အသီးသီး ရှေ့တိုးလာကြကာ လူပြန်ဝင်စားရမည့် ဘဝတို့အား ရွေးချယ်ကြ၏။ ချင်ဖုန်းကျင့်က အလွန်သဘောမနောကောင်းစွာဖြင့် မျိုးနွယ်နှင့် မိသားစုအား စိတ်တိုင်းကျ ရွေးချယ်ခွင့်ပေးနေသည်။

အဘိုးအိုတုံးယန်မှာမူ မယုံရဲသေးသဖြင့် သေ‌သေချာချာ အကဲခတ်နေသည်။ ချင်မူ့အနေအထားက တည်ကြည်နေသည်ကို တွေ့ရသည့်အခါ သူလည်း စိတ်အေးသွားကာ ရှေ့တိုး၍ နောင်ဘဝအတွက် မျိုးရိုးကို ရွေးချယ်လိုက်၏။

ရွေးချယ်ပြီးသောအခါ သူတို့၏ ကျင့်ကြံအခြေခံနှင့် တာအိုလမ်းစဉ်များကို စတင်ဖျက်စီးလိုက်ကြသည်။

တာအိုသိုင်းပညာရှင်များ တာအိုအဖြစ် ပြောင်းလဲခြင်းသည် သာမန်ကိစ္စ မဟုတ်ပေ။ ထို့အပြင် ဤငါးဦးသည် သာမန်တာအိုသိုင်းပညာရှင်များ မဟုတ်‌။ တစ်ဦးချင်းစီတိုင်းသည် အတိတ်စကြဝဠာခေတ်အသီးသီး၌ ဩဇာကြီးမားသော ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြ၏။

သူတို့၏ တာအိုသစ်သီးများ ကြွေကျလာပြီး တာအိုသစ်ပင်နှင့် ရုပ်ခန္ဓာတို့ ပြိုကွဲကုန်သည်။ မူလဝိညာဉ်များလည်း မှေးမှိန်ပျောက်ကွယ်လာ၏။ ထိုအချိန်တွင် သူတို့သည် ကောင်းကင်နှင့် မြေကြီး၏ မဟာတာအိုနှင့် ချီစွမ်းအင်အဖြစ် ပြောင်းလဲသွားကြသောကြောင့် ကမ္ဘာဦးဘုံ၏ ကောင်းကင်၌ ချီစွမ်းအင်များ သိပ်သည်းထူထပ်လာပြီး တိမ်ပင်လယ်ကြီး ဖြစ်လာသည့်တိုင်အောင် စုဝေးလာကြလေသည်။ တိမ်ပင်လယ်က ဆက်လက်ကျယ်ပြန့်လာသည်။

မကြာမီပင် ကောင်းကင်၌ တောက်ပသော ကြယ်တာရာများ ပေါ်ထွက်လာပြီး တဖြတ်ဖြတ် လင်းလက်နေသည်။ ကြယ်တာရာများ မြင့်တက်လာပြီး ကြယ်စုများ ပိုမို များပြားလာ၏။

ညအချိန်သို့ ရောက်သောအခါ ကမ္ဘာဦးဘုံ၏ ကောင်းကင်တွင် ကြယ်တာရာငွေ့တန်းများ ပေါ်ထွက်လာ၏။ ၎င်းတို့က ကမ္ဘာဦးဘုံ၏ တောင်၊ မြောက်၊ အရှေ့၊ အနောက်ကို ဖြတ်သန်းသွားရာ ကမ္ဘာဦးဘုံ၏ ညကား လပြည့်ညကဲ့သို့ ထိန်ထိန်လင်းနေတော့သည်။

ကောင်းကင်ယံမှ ချီစွမ်းအင်သိပ်သည်းဆကြောင့် ဖွဲ့တည်လာသော မိုးစက်များပင် ရွာသွန်းလာ၏။ မိုးသည် နှစ်ပေါင်းများစွာ ကြာအောင် ရွာသွန်းခဲ့သော်လည်း ထူးဆန်းသည်မှာ မိုးရေများကား မြေပြင်ပေါ်သို့ မကျရောက်ချေ။ လေထဲတွင်ပင် ပျောက်ကွယ်သွားကြသည်။

ကမ္ဘာဦးဘုံတစ်ခုလုံး သုခဘုံအလား တိုးတက်သာယာလာ၏။ တောင်တန်းတိုင်းသည် အထွတ်အမြတ်မြေတို့ ဖြစ်လာကြ၏။ သစ်ပင်ပန်းမန်တိုင်းက စွမ်းအင်တို့ ကိန်းဝပ်နေသော ဝိညာဉ်မြက်ပင်များအဖြစ် ပြောင်းလဲကုန်ကြကာ မြစ်ချောင်များတွင်လည်း ဝိညာဉ်စွမ်းအင်များ အလိပ်လိပ်ထနေတော့သည်။

ကောင်းကင်နတ်ဘုံ ကမ္ဘာဦးဘုံကို ကျူးကျော်တိုက်ခိုက်ခဲ့သော စစ်ပွဲကြောင့် ကမ္ဘာဦးဘုံ၏ ချီစွမ်းအင်များစွာ ဆုံးရှုံးခဲ့ပြီး ယခုတိုင် ပြန်လည် မပြည့်ဝသေးပေ။ သို့သော် တာအိုသိုင်းပညာရှင်ငါးဦး တာအိုအဖြစ် ပြောင်းလဲလိုက်ခြင်းက ကမ္ဘာဦးဘုံကို ယခင်ကထက်ပင် ပို၍ ကောင်းမွန်လာစေခဲ့သည်။

"တာအိုနောင်တော်တို့"

ချင်မူက သူ၏ ရှေ့တွင် ပျံဝဲနေသော တုံးယန်၊ ကျူစန်းထုံနှင့် အခြားသူများ၏ ဝိညာဉ်များကို ကြည့်ကာ ဦးညွှတ်လိုက်သည်။ "ကျေးဇူးပြုပြီး ဘ၀ပြန်၀င်စားခြင်းသံသရာထဲ ဝင်ရောက်ပြီး ဘ၀ပြန်၀င်စားကြပါ"

ဝိညာဉ်ငါးခုက ပြန်လည် အရိုအသေပေးကြသည်။ "ကျုပ်တို့ကို ဘဝအသစ် ပြန်စခွင့်ပေးတဲ့အတွက် သခင်လေးခုနစ်ကို ကျေးဇူးတင်ပါတယ်" ထိုသို့ပြောပြီးနောက် ဝိညာဉ်ငါးခုမှာ လမ်းခြောက်သွယ် ကောင်းကင်လှည်းဘီးဆီသို့ ပျံသန်းသွားကြချေပြီ။

လမ်းခြောက်သွယ် ကောင်းကင်လှည်းဘီး အလိုအလျောက် လည်ပတ်သွားသည့်အခါ သူတို့ ငါးဦး၏ ဝိညာဉ်များလည်း ဘ၀ပြန်ဝင်စားခြင်းသံသရာထဲ ၀င်ရောက်ပျောက်ကွယ်သွားကြတော့သည်။

ချင်ဖုန်းကျင့်မှာ ဝိညာဉ်စွမ်းအင်များ စုစည်းလာခြင်းကြောင့် ဖြစ်ပေါ်လာသော ကြယ်စင်နဂါးငွေ့တန်းကို မော့ကြည့်ရင်း ဆွံ့အနေသည်။ "ညီဆိုးလေး... ဒီငါးယောက်ရဲ့ တာအိုလမ်းစဉ်တွေက တကယ်ကို အစွမ်းထက်တာပဲ... အတိတ်ဘဝက မှတ်ဉာဏ်တွေ ပြန်မနိုးထလာနိုင်ရင် နှမြောစရာကောင်းမှာပဲကွာ... အရည်အချင်းတွေသာ သာမန်ဖြစ်သွားရင် လူတော မတိုးတော့ဘဲ တိမ်မြုပ်ကုန်ကြလိမ့်မယ်"

ချင်မူက ပြော၏။ "သူတို့သာ ဘ၀ပြန်ဝင်စားခြင်းတာအိုကို သင်ယူနိုင်ခဲ့ရင် အတိတ်ဘဝက မှတ်ဉာဏ်တွေကို ပြန်ရှာနိုင်မှာပါ... လန်ယွီတျန်းတောင် ကောင်းကင်နတ်အရှင်ယွီရဲ့ မှတ်ဉာဏ်တွေကို ပြန်ရှာနိုင်ခဲ့တာပဲ မဟုတ်လား"

"ဖက်တီးလန်လို ဉာဏ်ပညာနဲ့ နားလည်သိမြင်နိုင်စွမ်းက လူတိုင်းမှာ ရှိတာ မဟုတ်ဘူးလေဟ"

ချင်ဖုန်းကျင့် ခေါင်းခါမိသည်။ "လောကမှာ သူ့အဆင့်ထိ ရောက်နိုင်တဲ့သူ ဘယ်နယောက်များ ရှိလို့လဲ"

"ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုဆိုတာ မဖြစ်နိုင်တာကို ဖြစ်နိုင်အောင် လုပ်တာပဲလေ"

ချင်မူ ပြုံးလျက် ရှင်းပြလိုက်သည်။ "လွန်ခဲ့တဲ့ နှစ်သုံးရာတုန်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ဘယ်သူက နတ်ဘုရားအဆင့်အထိ ကျင့်ကြံနိုင်ခဲ့လို့လဲ... အခု နတ်ဘုရားအဆင့်ဆိုတာ သိုင်းပညာရှင်တွေအတွက် လက်လှမ်းမမီနိုင်တဲ့ အရာ မဟုတ်တော့ဘူး... လွန်ခဲ့တဲ့ နှစ်နှစ်ရာတုန်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ဘယ်သူက ကျောက်စိမ်းမြို့တော်နဲ့ နတ်ကောင်းကင်ခန်းမအဆင့်အထိ တက်လှမ်းနိုင်ခဲ့လို့လဲ... အခု ဧကရာဇ်ပလ္လင်အဆင့်က ထာဝရငြိမ်းချမ်းရေးအင်ပါယာအတွက် မရှားပါးတော့ဘူး... ဘိုးဘေးနန်းတော်တာအိုကျင့်စဥ်စနစ်က ကောင်းကင်နန်းဆောင်ကျင့်စဉ်စနစ်ထက် ပိုကောင်းတယ်... လွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ ဘယ်သူက တာအိုသိုင်းပညာရှင် ဖြစ်ဖို့ စိတ်ကူးယဉ်ရဲခဲ့လို့လဲ... အခုတော့ တာအိုသိုင်းပညာရှင် ဖြစ်လာနိုင်ခြေရှိတဲ့ ပုဂ္ဂိုလ် ဆယ်ယောက်ကျော်တောင် ရှိနေပြီ မဟုတ်လား"

သူက ချင်ဖုန်းကျင့်၏ ပခုံးကို ပုတ်လိုက်သည်။ "အစ်ကိုကြီး ... ခေတ်က ပြောင်းလဲသွားပြီ... သူတို့မှာသာ အတိတ်ဘဝက မှတ်ဉာဏ်တွေ ပါလာခဲ့ရင် သူတို့အတွက် ကောင်းတဲ့ကိစ္စ မဟုတ်ဘူး... အတိတ်က စနစ်ဟောင်းအတိုင်း၊ အတိတ်ဘဝက အတွေ့အကြုံအတိုင်းပဲ ကျင့်ကြံကြလိမ့်မယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုထဲ ဝင်ဆံ့နိုင်မှာ မဟုတ်ဘူး... နောက်တစ်ခါ တာအိုရရှိသွားရင်တောင် အတိတ်ဘဝကလိုပဲ ဖြစ်နေမှာ... ကျုပ် လိုအပ်တာက သူတို့ရဲ့ ဉာဏ်ပညာပဲ… ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုကို ရှေ့ဆက်တွန်းရမယ် ... အစ်ကိုကြီး ခေတ်တွေ ပြောင်းလဲသွားပြီ"

သူက စိတ်အားတက်ကြွစွာ ပြောနေသည်။ "ဒီခေတ်ဟာ ပိုပိုပြီး မြန်လာပြီ... အစ်ကိုကြီးနဲ့ ကျွန်တော်တောင်မှ ခေတ်နဲ့အညီ မပြောင်းလဲရင် နောက်ကျ ကျန်ခဲ့လိမ့်မယ်... ဒါပေမဲ့ ကျန်နေခဲ့တာကို စောင့်မယ့်အစား ခေတ်ရဲ့ ရှေ့ဆုံးကနေ ပြေးပြီး ဒီခေတ်ကို ဦးဆောင်သွားတာက ပိုကောင်းတယ်"

သူ၏ စကားများက လှုံ့ဆော်နိုင်အားကောင်းသော်လည်း ချင်ဖုန်းကျင့်မှာမူ အနည်းငယ်မျှပင် စိတ်မလှုပ်ရှားခဲ့ပေ။

ချင်ဖုန်းကျင့်မှာ ညီဖြစ်သူ၏ စိတ်အားထက်သန်သော စကားများကို ကျင့်သားရနေပြီ ဖြစ်သော်လည်း ချင်မူ၏ စကားများကိုမူ နားထောင်ပေး၏။

"ကောင်းကင်နတ်အရှင်ရုံက တာအို ရဖို့ သိပ်မလိုတော့ဘူး... သူ တာအိုရသွားပြီးရင် အစ်ကိုကြီးနေရာကို လာဆက်ခံလိမ့်မယ်... ဒါမှ အစ်ကိုကြီး လွတ်လွတ်လပ်လပ် နေနိုင်မှာ"

ချင်မူက ထွက်သွားရင်း လှမ်းပြောသည်။ "ကျွန်တော် ဘိုးဘေးနန်းတော်မှာ အစ်ကိုကြီးကို စောင့်နေမယ်... အဲ့ဒီအခါ ကျွန်တော့် ဖိအားတွေကို ဝေမျှဖို့ အစ်ကိုကြီးရဲ့ အတိုက်အခိုက်စွမ်းရည်ကို လိုအပ်လိမ့်မယ်... ဘိုးဘေးနန်းတော်မှာ အစ်ကိုကြီး တာအိုရဖို့လည်း လိုတယ်"

ချင်ဖုန်းကျင့်မှာ သူ ထွက်ခွာသွားသည်ကို မျက်စိတစ်ဆုံး လိုက်ကြည့်နေသည်။ ထို့နောက်မှ ခန္ဓာကိုယ်ကို လှည့်ကာ ယိုတုထဲသို့ ဖြည်းဖြည်းချင်း နစ်မြုပ်သွားသည်။

တုံးယန်၊ ကျူစန်းထုံနှင့် အခြားသူများ အသီးသီး မွေးဖွားလာကြချေပြီ။ တုံးယန်နှင့် ယာယာတို့သည် လူသားမျိုးနွယ်တွင် ဝင်စားခဲ့ကြ၏။ အဘွားအိုနှင့် အမျိုးသမီးတို့ကမူ နတ်ဘုရားတစ်ပိုင်းမျိုးနွယ်က အနာဂတ် ပိုတောက်ပလိမ့်မည်ဟု ယူဆသဖြင့် နတ်ဘုရားတစ်ပိုင်း မျိုးဆက်များအဖြစ် ရွေးချယ်ခဲ့ကြသည်။

ကျူစန်းထုံမှာမူ မိစ္ဆာမျိုးနွယ်ထဲမှ ဝက်မိစ္ဆာ ဖြစ်လာပြီး မျိုးရိုးသည် ထင်ရှားကျော်ကြား၏။

တစ်ချိန်က ချင်မူတစ်ယောက် ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ၏ ကောင်းချီးကို ရရှိပြီးနောက် ‌‌တောဝက်မည်းကြီးတစ်ကောင်းဆီပစ်ပေးခဲ့သည်။ ထိုဝက်ကြီးသည် ကောင်းကင်နတ်ဧကရာဇ်၏ ကောင်းချီးကို ရပြီးနောက် ချက်ချင်း အသိဉာဏ် ပွင့်လင်းလာ၏။ အခြေအနေ မကောင်းမှန်း သိသည့်အခါ တစ်မိသားစုလုံးကို ဆွဲခေါ်ကာ ညတွင်းချင်း ထွက်ပြေးခဲ့ရလေသည်။

တဖြည်းဖြည်းနှင့် ဝက်ကြီးမှာ မိစ္ဆာအဖြစ် ပြောင်းလဲ၍၍ ကျင့်ကြံနိုင်ခဲ့သည်။ ထို့နောက် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ သိုင်းပညာရှင်များနှင့် ဆက်သွယ်မိခဲ့ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ၌ အခြေချခဲ့သည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် မိစ္ဆာမျိုးနွယ်၏ အဆင့်အတန်းသည် လူသားမျိုးနွယ်အောက် မနိမ့်ကျပေ။

ဟူလင်းအာကိုယ်တိုင် နန်းတော်တွင် ဝန်မင်းရာထူးရယူထားပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ဘဏ္ဍာရေးအာဏာကို ချုပ်ကိုင်ထားသည် မဟုတ်လော။ အလယ်အလတ်တန်းစားအဆင့် မိစ္ဆာနတ်ဘုရား အများအပြားလည်း တောင်ပိုင်းဒေသ အနှံ့အပြားတွင် ရှိနေကြသည်။

ဤဝက်နက်မိစ္ဆာသည် ယခုအခါ မိစ္ဆာမျိုးနွယ်၏ ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့၏။ သူ၏ မိသားစုက ဩဇာတိက္ကမကြီးမားပြီး သူ့အား မဟူရာတောင်ဝက်မင်း ခေါ်တွင်လေသည်။

ဤ မဟူရာတောင်ဝက်မင်းကား ကျူစန်းထုံ၏ ဤဘဝမှ ဖခင် ဖြစ်၏။

ကျူစန်းထုံသည် ငယ်စဉ်ကတည်းက ဉာဏ်ကောင်းထက်မြက်သဖြင့် မဟူရာတောင်ဝက်မင်း၏ တန်ဖိုးထားခြင်း ခံရသည်။ မဟူရာတောင်ဝက်မင်းက သူကိုယ်တိုင်ပင် နားမလည်နိုင်သော ကောင်းကင်နတ်ဧကရာဇ်၏ ကောင်းချီးကြောင့် ကြီးပွားလာခဲ့ရပြီး တကယ်တမ်းတွင် သူ၏ အရည်အချင်းနှင့် သိမြင်နားလည်နိုင်စွမ်းမှာ မကောင်းမွန်လှသဖြင့် သားသမီး၊ မျိုးဆက်များထဲတွင် ဉာဏ်ကောင်းသူ အနည်းငယ်သာ ရှိသည်။

ရှားရှားပါးပါး ကျူစန်းထုံက ထူးချွန်ထက်မြက်သဖြင့် ဂရုတစိုက် ပျိုးထောင်ပေးခဲ့သည်။ ငွေသုံး၍ အကောင်းဆုံး မူလတန်းကျောင်းတွင် ထားခဲ့ပြီး အောက်မြို့တော်တွင် အိမ်ဝယ်ကာ ပညာသင်စေခဲ့သည်။

ကျူစန်းထုံကလည်း သူ၏ မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးနိုင်ခဲ့ပြီး အောင်မြင်မှုများ တစ်ဆင့်ပြီးတစ်ဆင့် ရယူခဲ့သည်။ နောက်ပိုင်းတွင် နန်းတွင်းကောလိပ်ဝင်ခွင့် စာမေးပွဲကို အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့၏။

မဟူရာတောင်ဝက်မင်းခမျာ မျက်ရည်များပင် စီးကျသည်အထိ ၀မ်း‌မြောက်ပျော်ရွှင်ခဲ့သည်။ သူ၏ မဟူရာတောင်တွင် ပွဲတော်ကြီး ကျင်းပကာ မိစ္ဆာနတ်ဘုရားအပေါင်း ဖိတ်ကြား၍ သုံးရက်သုံးညတိုင်တိုင် ပျော်ပါးခဲ့သည်။

ကျူစန်းထုံသည် နန်းတွင်းကောလိပ်သို့ ရောက်ရှိပြီးနောက် ထူးခြားသော အရည်အချင်းများကို ပြသနိုင်ခဲ့သည်။ နန်တွင်းကောလိပ်မှ ဘွဲ့မရမီပင် ကျောင်းအုပ်တဖြစ်လဲ ပါမောက္ခချုပ်ကူလင်းနွမ်၏ ထောက်ခံချက်ဖြင့် တာအိုဒဿနတက္ကသိုလ်တွင် ပညာ ဆက်လက်ဆည်းပူးရန် ရွေးချယ်ခံခဲ့ရသည်။

တာအိုဒဿနတက္ကသိုလ်ကား သာမန်နေရာ မဟုတ်ပေ။ ကောင်းကင်ဘုံများနှင့် ကမ္ဘာလောကပေါင်းများစွာတွင် အမြင့်မြတ်ဆုံးနှင့် အခမ်းနားဆုံးသော နေရာ ဖြစ်၏။ ကမ္ဘာလောကအားလုံးမှ ထူးချွန်ထက်မြက်သော သိုင်းပညာရှင်များနှင့် နတ်ဘုရားတိုင်းသည် တာအိုဒဿနတက္ကသိုလ်သို့ ဝင်ရောက်ခွင့်ရခြင်းကို ဂုဏ်ယူကြသည်။

မဟူရာတောင်ဝက်မင်းမှာ ဤသတင်းကို ကြားသောအခါ ဘိုးဘေးသင်္ချိုင်းမှ အစိမ်းရောင်မီးခိုးများ ထွက်လာသည်ဟုပင် ထင်မှတ်မိသွား၏။ သူ့မိသားစုတွင် ဘိုးဘေးသင်္ချိုင်း မရှိသည်က နှမြောစရာပင်။

သို့သော် တာအိုဒဿနတက္ကသိုလ်၌ ပါရမီရှင်များ ပေါများလှသည်။ ကျူစန်းထုံအနေဖြင့် တာအိုဒဿနတက္ကသိုလ်သို့ ဝင်ရောက်ပြီးနောက် ထူးချွန်ထက်မြက်သူတစ်ဦးအဖြစ် သတ်မှတ်ခံရသော်လည်း သူနှင့် တန်းတူသည့် ပါရမီရှင်များလည်း မနည်းလှပေ။

တာအိုဒဿနတက္ကသိုလ်၏ ကျောင်းအုပ်ပါမောက္ခ စုမူကျဲနှင့် အခြားအကြီးအကဲများသည် အစပိုင်းတွင် သူ့ကို အာရုံမစိုက်မိကြချေ။ နောက်ပိုင်းတွင် ကျူစန်းထုံက တက္ကသိုလ်ရှိ ဘ၀ပြန်၀င်စားခြင်းတာအိုကို ထိတွေ့မိသောအခါ သူ၏ ပါရမီနှင့် သိမြင်နားလည်နိုင်စွမ်းများ ထပ်မံ တိုးတက်လာပြီး ထူးဆန်းသော အတွေးအမြင်များနှင့် နက်နဲသော ရှုထောင့်များမှ အရည်အချင်းပြသလာနိုင်၏။ ထိုအခါမှ စုမူကျဲ၊ စစ်ယိုယိုနှင့် အခြားသူများ၏ သတိပြုမိခြင်း ခံရလေသည်။

စစ်ယိုယိုက ဤမိစ္ဆာမျိုးနွယ်လူငယ်ကို ခေါ်ယူမေးမြန်းကြည့်ရာ ကျူစန်းထုံက ဖြေ၏။ "ကျွန်‌တော်လည်း ဘာလို့ ဒီလောက် ဉာဏ်ကောင်းလာမှန်း မသိဘူး... ဘ၀ပြန်၀င်စားခြင်းတာအို ကျင့်ကြံပြီး နက်နဲမှုတွေကို လေ့လာပြီးကတည်းက ဦးနှောက်ထဲမှာ ထူးဆန်းတဲ့ အတွေးတွေနဲ့ ပုံရိပ်တွေ မကြာခဏ ပေါ်ပေါ်လာတယ်"

စစ်ယိုယိုနှင့် စုမူကျဲတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး သူ့ကို ထွက်သွားခိုင်းလိုက်သည်။ စစ်ယိုယိုက ပြော၏။ "ဒါက ဘ၀ပြန်၀င်စားခြင်းတာအိုကို ကျင့်ကြံပြီး အတိတ်ဘဝက မှတ်ဉာဏ်တွေ နိုးထလာတော့မယ့် ရှေ့ပြေးနိမိတ်ပဲ... သူ့မှာ အတိတ်ဘဝ ရှိခဲ့ဖူးတယ်... ဒါပေမဲ့ သူ့ရဲ့ ရှု့ထောင့်တွေက ထက်မြက်ပြီး ထူးခြားတယ်... အတိတ်ဘဝတုန်းက သာမန်လူတစ်ယောက် မဖြစ်နိုင်ဘူး... ကောင်းကင်နတ်ဘုံရဲ့ အကြွင်းအကျန်တွေများ ဝင်စားတာများလား... ဒါပေမဲ့ မဟုတ်လောက်ဘူး... ကောင်းကင်နတ်အရှင်ဆယ်ပါးတောင်မှ သူ့လောက် အမြင်ကျယ်ချင်မှ ကျယ်မှာ"

စုမူကျဲက ပြောသည်။ "မြေအောက်ဘုံအရှင်သခင်ကို ပင့်ဖိတ်ပြီး အရင်းအမြစ် စစ်ဆေးခိုင်းရမယ်"

ချင်ဖုန်းကျင့် ရောက်လာ၍ ကျူစန်းထုံအကြောင်း ပြောနေသည်ကို ကြားသောအခါ ကျူစန်းထုံ၏ အတိတ်ကို ပြောပြလိုက်သည်။

စစ်ယိုယိုနှင့် စုမူကျဲတို့ မျက်လုံးများ ပြူးကျယ်သွားပြီး မာန်မဲကြတော့သည်။ "ဒီလို ကိစ္စမျိုး ရှိခဲ့တာလား... ဘာလို့ စောစော မပြောတာလဲ... သူသာ အတိတ်ဘဝကို မှတ်မိပြီး ရိုင်းစိုင်းကြမ်းတမ်းလာရင် ဘယ်လိုလုပ်မလဲ"

"ဘယ်လိုလုပ် အဲ့ဒီလောက် လွယ်လွယ်ကူကူ မှတ်မိနိုင်မှာလဲ"

ချင်ဖုန်းကျင့်က ဂရုမစိုက်ပေ။ "ဘ၀ပြန်၀င်စားခြင်းတာအိုက ကျင့်ကြံဖို့ အခက်ဆုံးပဲ... သူ မှတ်ဉာဏ် ပြန်နိုးထချင်ရင် တာအိုအဆင့် ကောင်းကင်ဘုံ ၂၈ ဘုံအထိ ကျင့်ကြံရလိမ့်မယ်... ဒါပေမဲ့ ဘ၀ပြန်၀င်စားခြင်းတာအိုရဲ့ ကောင်းကင်ဘုံ ‌၂၈ ဘုံကို ကောင်းကင်နတ်ဧကရီတောင် မသေခင်လေးမှ အနိုင်နိုင် ရောက်ခဲ့တာ... ကျူစန်းထုံကို နှစ်သုံးထောင် ပေးလိုက်ရင် ကောင်းကင်ဘုံ ၂၈ ဘုံအထိ ရောက်နိုင်ကောင်း ရောက်နိုင်မှာပေါ့"

သူတို့နှစ်ဦး သက်ပြင်းချလိုက်ကြသည်။ စစ်ယိုယိုက တစ်စုံတစ်ခုကို သတိရသွားပြီး အလျင်အမြန် မေးလေသည်။ "ကျန်တဲ့ လေးယောက်ရော... အတိတ်စကြဝဠာက တာအိုသိုင်းပညာရှင် ငါးယောက် ဝင်စားသွားတာ... ကျူစန်းထုံ တစ်ယောက်ပဲ သိလို့မဖြစ်ဘူး... ကျန်တဲ့ လေးယောက်အကြောင်းကိုလည်း ငါတို့ကို ပြောပြရမယ်"

ချင်ဖုန်းကျင့်လည်း ရှာဖွေစစ်ဆေးပြီး ပြောပြရသည်။ "ကျွင်းရှယ်ယွီက ကောင်းကင်ဆရာသခင်ဟွာရဲ့ တပည့် ဖြစ်နေပြီ... သူက ငါးယောက်ထဲက အဘွားအိုပဲ... ယာယာလို့ ခေါ်တဲ့ တာအိုသိုင်းပညာရှင်က အခု ကောင်းကင်ကျောင်းတော်မှာ... မုန့်ယင်ရွှယ်က သူ့ကို သင်ကြားပေးနေတယ်... နာမည်က တုယွီလုံ... နောက်ပြီး သတ်လတ်ပိုင်း အမျိုးသမီးကတော့... နတ်ဘုရားတစ်ပိုင်း မျိုးနွယ်မှာ ဝင်စားသွားတယ်... လူဝင်စားပြီး သူ့နာမည်က ရီလုရှန်း... သိပ်မကြာခင်က တော်ဝင်စာမေးပွဲဖြေပြီး ကျောက်စိမ်းမြို့တော်ငယ်ထဲ ဝင်ရောက်သွားပြီ.. ပါရမီ အကောင်းဆုံးက တုံးယန်ပဲ... ကျုပ် ရှာကြည့်လိုက်ဦးမယ်..."

ခဏအကြာတွင် ချင်ဖုန်းကျင့်၏ မျက်နှာအမူအရာ ထူးဆန်းသွားပြီး အချိန်အတော်ကြာ စကားမပြောနိုင် ဖြစ်သွားသည်။

စစ်ယိုယိုက အလျင်အမြန် မေးမြန်းရာ ချင်ဖုန်းကျင့်က ဖြေ၏။ "တုံးယန်က အနောက်တောင်တန်းက စက်ရုံတစ်ရုံမှာ အလုပ်လုပ်နေတယ်..."

စစ်ယိုယိုနှင့် စုမူကျဲတို့ အချိန်အတော်ကြာ ဆွံ့အသွားကြသည်။

ချင်ဖုန်းကျင့်က အလျင်အမြန် ရှင်းပြ၏။ "သူ့မိသားစုက အရင်က ချမ်းသာတဲ့ မိသားစုပဲ... ဒါပေမဲ့ မွေးပြီးပြီးချင်းမှာပဲ မိသားစုက ဆင်းရဲမွဲတေသွားတယ်... နှစ်နှစ်ပဲ စာသင်ခဲ့ရပြီး ကျောင်းထွက်လိုက်ရတယ်... အခု အသက်သုံးဆယ် ရှိပြီ... မြို့လေးတစ်မြို့မှာ အသက်မွေးဝမ်းကျောင်း လုပ်နေတယ်... လက်တိုလက်တောင်း လုပ်ရင်း ငွေရှာနေရတာ... အရည်အချင်း မရှိတော့ ဆယ်ရက် တစ်ခါလောက် စက်ရုံ ပြောင်းနေရတယ်... ဘယ်မိန်းကလေးကမှလည်း သူ့ကို မျက်စိကျတာ မရှိဘူး... ဒါကြောင့် အခုထိ လူပျိုကြီး"

စစ်ယိုယိုက သူ့ကို မျက်စောင်းထိုး ကြည့်လိုက်သည်။ "တုံးယန်ကို ရှာပြီး တာအိုဒဿနတက္ကသိုလ်ဆီ ပို့လိုက်"

ချင်မူသည် သူမ ပျိုးထောင်ပေးခဲ့သူဖြစ်သဖြင့် သူမကို အမြဲ ကြောက်ရွံ့ရ၏။ ချင်ဖုန်းကျင့်သည်လည်း သူမကို ကြောက်သဖြင့် အလျင်အမြန် ရှာဖွေပြီး ပြောသည်။ "နှစ်ရက်အတွင်း ဘွားဘွားဆီ ပို့ပေးပါ့မယ်" ထိုသို့ပြောပြီးနောက် သူက ခန္ဓာကိုယ်ကို လှည့်ပတ်မနေတော့ဘဲ ယိုတုထဲသို့ တန်းတန်းမတ်မတ် နစ်မြုပ် ပျောက်ကွယ်သွားတော့၏။

ရက်အနည်းငယ် ကြာပြီးနောက် ထွားထွားကြိုင်းကြိုင်း ခန္ဓာကိုယ်နှင့် ရိုးသားဟန် ရှိသော တုံးယန်သည် တာအိုဒဿနတက္ကသိုလ်သို့ ပို့ဆောင်ခံလိုက်ရ၏။ သူက ဟိုကြည့် ဒီကြည့်ဖြင့် ကြောင်စီစီဖြစ်နေသည်။

လူစိမ်းတစ်စုက သူ့ကို ဝိုင်းထားကာ ခေါင်းအစခြေအဆုံး ကြည့်နေကြသည်။ သူ့ကို ‌အကဲခတ်လိုက် သူ့ခန္ဓာကိုယ်ကို စမ်းသပ်လိုက် လုပ်နေကြပြီး ခေါင်းခါလိုက်သည်။ “ ကျင့်ကြံရမယ့် အကောင်းဆုံးအချိန်ကို လွန်သွားပြီ... ကယ်နိုင်တော့မှာ မဟုတ်ဘူး"

စစ်ယိုယိုက ကျောင်းအုပ်ကြီးကို ဘေးသို့ တွန်းထုတ်လိုက်ပြီး တုံးယန်ကို စစ်ဆေးလိုက်၏။ သူမက မျက်မှောင်ကြုတ်လျက် သက်ပြင်းချလိုက်သည်။ "ကယ်နိုင်ကောင်း ကယ်နိုင်သေးတယ်... ဆေးဆရာကို မြန်မြန် သွားပင့်"

ဆေးဆရာဟု ခေါ်သော လူ ရောက်လာပြီးနောက် တုံးယန်ခမျာ ငရဲကျတော့သည်။ နေ့တိုင်း ဆေးစိမ်အိုးထဲတွင် စိမ်ခံရပြီး တစ်ကိုယ်လုံး ငွေအပ်များ စိုက်ခံရ၏။ သူ့မှာ မခံစားနိုင်ချေ။ တုံးယန် အကြိမ်ကြိမ် ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း ပြန်ဖမ်းခံံရသည်။ သူ ဘာအပြစ်များ ကျူးလွန်ခဲ့မိ၍ ဤသို့ ညှဉ်းပန်းနှိပ်စက် ခံနေရသည်ကို နားမလည်နိုင်သဖြင့် တိတ်တခိုး ညည်းညူနေမိသည်။

ကျူစန်းထုံဟု ခေါ်သော လူငယ်တစ်ယောက်က ဆေးဆရာ၏ ခြံဝင်းသို့ မကြာခဏ လာလေ့ရှိသည်။ သူနှင့် ရင်းနှီးသွားကာ တဖြည်းဖြည်း မိတ်ဆွေကောင်းများ ဖြစ်သွားကြ၏။

နောက်ပိုင်းတွင် တုံးယန်သည် ဆေးစိမ်အိုးထဲတွင် စိမ်စရာ မလိုတော့သော်လည်း နေ့တိုင်း ပရဆေးလုံးများစွာ စားနေရသေးသည်။

စစ်ယိုယိုက သူ့ကို မူလတန်းကျောင်းတွင် ပညာသင်စေသည်။ တုံးယန်မှာ ဆယ်နှစ်အရွယ် ကလေးငယ်များကြားတွင် ထိုင်နေရသဖြင့် အလွန် ရှက်ရွံ့နေမိ၏။

အစပိုင်းတွင် ဘာသင်သင် အလွန် နှေးကွေးလေသည်။ သူ၏ ဘေးရှိ မူလတန်းကျောင်းသားများ တစ်သုတ်ပြီး တစ်သုတ် ပြောင်းလဲသွားသော်လည်း သူ့မှာ အသက်ငါးဆယ် ရောက်သည်အထိ မူလတန်းကျောင်းတွင်ပင် ပညာသင်နေရဆဲ ဖြစ်သည်။

နောက်ထပ် အနှစ်နှစ်ဆယ် ကြာပြီးနောက် တုံးယန်ကား ဆံပင်ဖြူများဖြင့် မူလတန်းကျောင်းတွင် ပညာသင်နေဆဲ ဖြစ်သဖြင့် မူလတန်းကျောင်း၏ ထူးခြားသော မြင်ကွင်းတစ်ခု ဖြစ်လာခဲ့သည်။

သို့သော် အသက် ခုနစ်ဆယ် ကျော်ပြီးနောက် သူသည် ရုတ်တရက် ဉာဏ်ပွင့်သွားသကဲ့သို့ သင်ယူရာ၌ အလွန်လျင်မြန်လာ၏။ နှစ်အနည်းငယ်အတွင်း တက္ကသိုလ်သို့ ရောက်ရှိသွားပြီး နောက်ထပ် နှစ်အနည်းငယ် အကြာတွင် စစ်ယိုယိုက သူ့ကို နန်းတွင်းကောလိပ်သို့ ပို့ဆောင်လိုက်သည်။

ကျူစန်းထုံကား ထိုအချိန်တွင် နာမည်ကျော်ကြားသော မိစ္ဆာမျိုးနွယ် နတ်ဘုရားတစ်ပါး ဖြစ်နေလေပြီ။ သူ့မှာ ဤမြင်ကွင်းကို တွေ့သောအခါ အံ့ဩတကြီး ဖြစ်နေမိသည်။

နောက်ထပ် နှစ်အနည်းငယ် ကြာပြီးနောက် တုံးယန် အသက်ရှစ်ဆယ် ပြည့်သောအခါ တာအိုဒဿနတက္ကသိုလ်သို့ ၀င်ရောက်နိုင်ခဲ့သည်။ စစ်ယိုယိုက ကိုယ်တိုင် သူ့ကို ကျင့်ကြံခြင်း သင်ကြားပေး၏။ သူနှင့်အတူ သင်ယူသူများထဲတွင် ဟွာရွှမ်းရှို့၏ ကျောင်းတော်မှ ကျောင်းသူ ကျွင်းရှယ်ယွီ၊ ကျောက်စိမ်းမြို့တော်ငယ်မှ ရီလုရန်းနှင့် တုယွီလုံတို့ ပါဝင်သည်။

ကျူစန်းထုံမှာမူ တာအိုဒဿတက္ကသိုလ်မှ ထွက်ခွာသွားပြီး ကောင်းကင်နတ်ဘုံ၏ အကြွင်းအကျန်များအား တိုက်ခိုက်နေ၏။ ဆယ်စုနှစ် အနည်းငယ်ကြာမှ တစ်ခေါက် ပြန်လာပြီး ပြန်ရောက်လာတိုင်း သူ့ကို အရက်သောက်ရန် ခေါ်ကာ အပြင်လောကတွင် ကြုံတွေ့ခဲ့ရသည်များကို ပြောပြလေ့ရှိသည်။

အချိန်များ ကုန်ဆုံးသွားပြီး အနှစ်သုံးထောင် ကြာမြင့်သွားချေပြီ။ ဤနေ့တွင် ရှန့်ကျွင်းသည် ဘိုးဘေးနန်းတော်မှ ပြန်လာပြီး ဤမိတ်ဆွေဟောင်း ငါးဦးကို လာတွေ့၏။

သူတို့မှာ ရှန့်ကျွင်း၏ ကျော်ကြားမှုကို ကြားသိထားပြီး ဖြစ်သဖြင့် ကြောက်ရွံ့ ရိုသေနေကြသည်။ ရုတ်တရက် ကျူစန်းထုံ၏ ဦးနှောက်ထဲတွင် ဝုန်းခနဲ မြည်ဟည်းသွားပြီး အော်ဟစ်လိုက်သည်။ "ငါ မှတ်မိပြီ... သခင်လေးခုနစ်... ခွေးမသား... ရှန့်ကျွင်း လူဝင်စားခဲ့တာလို့ ပြောခဲ့တာ မဟုတ်လား ဒီကောင်ကွာ”

All Chapters