← Chapters

ပရမ်းပတာက တဟုန်းဟုန်း တောက်လောင်နေပြီ

Vol. 13 Ch. 183

ပရမ်းပတာက တဟုန်းဟုန်း တောက်လောင်နေပြီ

Vol. 13 Ch. 183

"ကျေးဇူးပါပဲ ဆရာ.... ဆရာ တပည့်ကို အရမ်းကြင်နာတာပဲ"

လီချင်းဟဲ အစီအရင် ဖွဲ့စည်းမှုပုံစံကို တွေးတောရင်း လက်ချောင်းများသည် လျှို့ဝှက်ဆန်းကြယ်သော မျဉ်းကြောင်းများကို ခြေရာခံကြည့်နေစဥ် သူမနှလုံးသားကလည်း ရွှင်လန်းမှု အပြည့်ဖြင့်။

ပထမအကြိမ်။

ဆရာ ငါ့ကို လက်ဆောင်ပေးတာ ဒါပထမဆုံးအကြိမ်ပဲ။ အဲဒါကလည်း အဆင့်ငါး အစီအရင် ဖွဲ့စည်းမှုပုံစံတစ်ခုတဲ့။

လီချင်းဟဲ သူမ၏ မက်မွန်ပွင့် မျက်လုံးများကို ကျဉ်းမြောင်းကာ အချောင်ခိုနေသော ချင်းယန်ကို ကြည့်နေသည်။ သူမ ကျေနပ်အားရမှု ခံစားနေရသဖြင့် သူ့ကို ပြေးနမ်းချင်စိတ်အောင် ပေါ်လာ၏။

"အဆင့်ငါး အစီအရင် ဖွဲ့စည်းမှုပုံကြမ်း..."

သူမအနားက လီကျစ်ရွှမ်းကလည်း ပုံကြမ်းကို စိုက်ကြည့်ရင်း နှလုံးသားထဲမှ သက်ပြင်းချနေမိသည်။

"ရက်ရောလိုက်တဲ့ လက်ဆောင်လေး..."

အစ်ကိုက တကယ့်ကို စေတနာကောင်းလေသည်။ အဆင့်ငါး အစီအရင် ဖွဲ့စည်းမှုများက မယုံနိုင်လောက်အောင် အဖိုးတန်သည်။

သခင် လီတောက်မင်သည် ၎င်းကို ထူထောင်ရမည် ဆိုလျှင်ပင် ရေချိုးခြင်းနှင့် နံ့သာပေါင်းကို မီးရှို့ခြင်းတို့ဖြင့် ရေးဆွဲရန် ရက်ပေါင်းများစွာ ကြာလိမ့်မည်။ ဒါပေမယ့် အခု ဆရာတူအစ်ကိုက ဒီအတိုင်းလေး ပေးလိုက်သည်။

"ကောင်းပြီ မင်းတို့နှစ်ယောက်လည်း သွားသင့်ပြီ.... ငါအိပ်တော့... လေ့ကျင့်တော့မယ်"

သူ လီချင်းဟဲ၏ သွေးကြောများကို စူးစမ်းလေ့လာစဥ်က သူ့ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်လိုက်ရသည်။ အားလုံး ပြီးသွားသည်ကိုမြင်တော့ မတ်တပ်ထရပ်ပြီး သူမတို့နှစ်ယောက်ကို နှင်ထုတ်လိုက်သည်။ နောက်ဆုံးတော့ သူ့ဘေးမှာ အလှမယ် နှစ်ယောက် ရပ်နေရင် တခြားသူတို့ရဲ့ အကြည့်တွေက ရောက်လာမှာဖြစ်ကာ သူ့ကို စိုက်ကြည့်နေမှာကို မခံနိုင်ချေ။

ပေါ့ပေါ့ပါးပါးနဲ့ နေချင်သူမလို့ ဘဝကို အနှောက်အယှက် မပေးစေလိုပါ။

"ကောင်းပါပြီ ဆရာကြီး တစ်ခုခုလိုအပ်ရင် တပည့် ဘေးဧရိယာမှာ ရှိပါတယ်..."

"အကိုကြီး ညီမ အရင်ဆုံး အကယ်ဒမီကို ပြန်လာလိုက်မယ်... တစ်ခုခုလိုရင် ညီမကိုခေါ်လိုက်ပါ"

နှစ်ယောက်သား ထွက်ခွာရန် တွန့်ဆုတ်နေခဲ့ကြသည်။ သူတို့သည် သီးခြားစီ လမ်းမလျှောက်မီ ချင်းယန်ကို နောက်ဆုံးအကြည့်တစ်ချက် ပေးသွားခဲ့သေးသည်။

"နောက်ဆုံးတော့ သွားပြီ"

ချင်းယန်သည် သူ၏ပျင်းရိသော ခုံတန်းလျားပေါ်တွင် ပြန်ထိုင်ကာ ရှေးဟောင်းစာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်သည်။

အဝါရောင်အဖုံးကို တံဆိပ်တုံးအက္ခရာလေးတွေနဲ့ ရေးထွင်းထားတဲ့ စာအုပ်အဖုံးက အရွက်တွေ ညှိုးနွမ်းနေသလိုပင်။ ဒါဟာ သူနောက်ဆုံးအကြိမ် လီချင်းဟဲဆီက ယူခဲ့တဲ့ "ကောင်းကင်မြေကြီးအသက်ရှည်ခြင်း" မှလွဲ၍ အခြားမဟုတ်ခဲ့ပါ။

"အင်း... အချိန်ကုန်လိုက်ရအောင်"

စာအုပ်စင်များကြားတွင် ချင်းယန် လက်ဖက်ရည်ပူပူ တစ်ခွက်ကို ချပြီး စာအုပ်ကို သူ့ပေါင်ပေါ်တင်ကာ အကြောင်းအရာများကို တစ်ချက်ကြည့်လိုက်သည်။ လျှို့ဝှက်စာသားကို နက်ရှိုင်းစွာ နားလည်လာသောအခါတွင် သူ၏ ဉာဏ်အလင်းလောကမှာ တုန်လှုပ်သွားလေ၏။

"ကောင်းကင်မြေကြီး အတူနေထိုင်ခြင်းလား..."

တစ်နည်းဆိုရလျှင် ဤသည်မှာ မိမိကိုယ်ကို ဖျက်ဆီးခြင်း နည်းပညာတစ်ခုပင်။

တစ်စုံတစ်ဦး၏ ကိုယ်ပိုင်ကြယ်စွမ်းအားကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြု၍ ၎င်း၏ စစ်မှန်သော ချီအနှစ်သာရကို နှောက်ယှက်ကာ ယင်ယန် ပွတ်တိုက်မှု ဖြစ်ပွားစေသည်။ အသုံးပြုပြီးသည်နှင့် အသုံးပြုသူ၏ သွေးကြောဖွဲ့စည်းပုံ တစ်ခုလုံး ကွဲအက်သွားမည်။ ပေါက်ကွဲမှု၏ဗဟိုတွင် တည်ရှိသောကြောင့် ၎င်းတို့သည် ချက်ချင်း ပြာဖြစ်သွားမည် ဖြစ်သည်။

"ဒါပေမယ့် အတူတူသေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး"

ချင်းယန် သူ့မေးစေ့ကို လက်ပေါ်တင်လိုက်ပြီး စာမျက်နှာတွေကို ဖြည်းညှင်းစွာ စိုက်ကြည့်နေသည်။ အတွေးတစ်ခု ဝင်သွားသလိုမျိုး သူ့နှုတ်ခမ်းမှ အပြုံးအနည်းငယ် ရုတ်တရက် ထွက်ပေါ်လာသည်..။

........

အချိန်တွေကုန်သွားကာ အလုပ်ဆင်းဖို့ အချိန်ရောက်ပြီ။

နေရောင်က စာကြည့်တိုက်ကို အရိပ်ပေးနေ၏။ အလုပ်ဆင်း ခေါင်းလောင်းသံက ညင်သာစွာ ပဲ့တင်ထပ်ကာ ဧည့်သည်များလည်း ထိုင်ခုံမှ ထွက်ခွာသွားကြသည်။

အခန်းတွေ လွတ်သွားတဲ့အခါ လုံခြုံရေးအဖွဲ့က ဖြည်းညှင်းစွာ ဝင်ရောက်လာကာ လေးလံသောခြေလှမ်းများဖြင့် စာကြည့်တိုက်ထောင့်များကို ဖြတ်လျှောက်လာသည်။

"ဒီမှာ လူနည်းတယ်..."

ချင်းယန် သူ့ဝန်ထမ်းကတ်ကို လက်ညှိုးမှာ ချိတ်ဆွဲကာ ကျွမ်းကျင်စွာ ထွက်သွားခဲ့သည်။

"လာ... သခင် အိမ်ပြန်ရအောင်!"

ရှောင်ပိုင်က သူ့အနားမှာ ချော့မော့ပြီး :"ဒီည သခင်သာ ကောင်းကောင်း ကုသပေးရင် ငါ့အမွေးတွေ ပေါက်လာမှာ သေချာတယ်!"

"ဒါပေါ့ ဒီသခင် ဘယ်တုန်းက လိမ်ဖူးလို့လဲ"

ချင်းယန် စာကြည့်တိုက်မှ ထွက်လာပြီး နေဝင်ချိန် လမ်းလျှောက်ကာ မြို့ရှုခင်းကို စူးစမ်းကြည့်နေသည်။ လမ်းသွားလမ်းလာက အနည်းငယ်သာ ရှိခဲ့နေ၏။ ကျန်းဟိုင်မှာ တစ်ညတည်းနဲ့ လူတွေ ပျောက်သွားသလိုပင်။

တစ်ချိန်က လူစည်ကားသော လမ်းများမှာ လူလျော့ပါးသွားသည်။ မီးခိုးရောင် ကောင်းကင်အောက်တွင် လမ်းဆုံရှိ မီးပွိုင့်များ တဖျပ်ဖျပ်ခတ်ကာ လမ်းဘေးတွင် လူအနည်းငယ်သာ မြင်တွေ့ရသည်။

နှစ်ယောက်သား လမ်းဘေးသို့ လျှောက်သွားကြသည်။ မီတာရာဂဏန်းအကွာတွင် တက္ကစီဒရိုင်ဘာတစ်ဦးနှင့် ခရီးသည်တစ်ဦးတို့သည် ခရီးဆောင်အိတ်ကြီးတစ်လုံးကို ဆွဲယူကာ ဒေါသတကြီး ငြင်းခုံနေကြသည်ကို တွေ့လိုက်ရသည်။

"ငါးရာ.... လေဆိပ်ကို လိုက်တာတောင် ငါးရာ? ကားဆရာကြီး ခင်ဗျား ဘာလို့ သွားမခိုးတာလဲ"

"ဒီကနေ ထွက်သွား! နောက်ထပ်ကားသာ တားလိုက်!"

"လျှော့ပေးပါလား ဆရာကြီး... အဆင်မပြေလို့ပါ..."

"မရဘူး... သားရဲဒီရေက ကျလာပြီ မင်းအတွက် ငါ့အသက်ကို ငါစွန့်ပေးနေရတာ..."

"ကောင်းပြီ ရပါတယ် ငါးရာပေးပါ့မယ်"

"မလောက်ဘူး အခု ခြောက်ရာ!"

"..."

တံခါးကို ဆောင့်ပိတ်ပြီး ခရီးသည်တွေ တင်ဆောင်လာတဲ့ တက္ကစီက ဖုန်မှုန့်တွေကြားထဲ ပြေးထွက်သွားတော့၏။

"တစ်မြို့လုံး ကမောက်ကမ ဖြစ်နေတာပဲ"

ချင်းယန် တက္ကစီ ထွက်သွားတာကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။

ယခုအခါ သားရဲဒီရေသည် နီးကပ်လာသည်နှင့်အမျှ အချို့မှာ ၎င်းတို့၏ နေအိမ်များမှ ထွက်ခွာရန် တွန့်ဆုတ်နေပြီး ကျန်းဟိုင်မှာ အတူနေလိုစိတ် ရှိနေကြသော်လည်း တချို့ကတော့ ထွက်ပြေးရန် ရွေးချယ်ခဲ့ကြသည်။ ရွှေ့ပြောင်းငှက်များ ပြောင်းရွှေ့နေထိုင်ကြသလိုပင်။

တရားဝင်ကြေငြာချက် ထုတ်ပြန်ပြီးသည်နှင့်အမျှ အွန်လိုင်းမှာတောင် အဆိုးမြင်မှုလှိုင်းတွေ ရှိခဲ့၏။

စာကြည့်တိုက်က လုပ်ဖော်ကိုင်ဖက်များ လျော့နည်းလာကာ အခြားမြို့များသို့ ထွက်ခွာသွားကြသည်။ လူသူကင်းမဲ့သော အဆောက်အအုံသည် နားမလည်နိုင်လောက်အောင် လွမ်းဆွေးမှုအပြည့်နှင့် ပြည့်နေသည်။

"သခင်... ဒီနတ်သမီးက သခင်နဲ့အတူ အမြဲရှိနေမှာပါ~"

ရှောင်ပိုင် မျက်လုံးများကို မှိတ်ထားသည်။ သားရဲကျွန်နှင့် သခင်သည် အချင်းချင်း လိုက်လျောညီထွေရှိတာမို့ ခေါင်းမော့ကာ တိုးတိုးလေး ပြောလေသည်။

ချင်းယန် ခဏတာ အံ့အားသင့်သွားပြီး သူ့ခြေရင်းရှိ မြေခွေးဖြူလေးကို ငုံ့ကြည့်မိသည်။ တစ်စုံတစ်ခုက သူ့ကို ထိမိသွား၏။ သူ ထိုင်ချလိုက်ပြီး ရှောင်ပိုင်ခေါင်းကို လှမ်းကိုင်လိုက်စဥ် ရှောင်ပိုင်က သူမ ခေါင်းကို နာခံစွာ မြှောက်လိုက်ပြီး အမြီးဗလာအား တွန့်လိမ်ပြနေသည်။

"သခင် ပြန်ရောက်ရင် ဒီနတ်သမီးကို ကုသပေးရမယ်နော်!"

ရှောင်ပိုင် သူမ၏ မြေခွေးမျက်လုံးများကို ကျဉ်းမြောင်းကာ ချင်းယန်၏ အမူအရာအား ရွှင်မြူးသော စိတ်ကလေးဖြင့် စောင့်ကြည့်နေခဲ့သည်။

နားလည်ပြီ!

ဟမ့် ဒီနတ်သမီးလေးရဲ့ လျှာစွမ်းရည်က ပိုကောင်းလာပြီ။

ဒီကောင်မလေးက နင့်ကို မစွန့်လွှတ်နိုင်ဘူးလေ ဟီးဟီး။

ရုတ်တရက်!

ခွမ်း!

ကွဲကြေနေသော ဖန်ခွက်သံများ ထွက်ပေါ်လာသည်။ တိတ်ဆိတ်သော အခိုက်အတန့်ကလည်း ထိုအသံကြောင့် ပျောက်ကွယ်သွားသည်။

"ဟမ်?"

ချင်းယန်လည်း ဆူညံသံကို နားထောင်ရင်း ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ပြီး အသံ၏ ဦးတည်ရာဘက်ကို လှည့်ကြည့်လိုက်သည်။

အထည်ဆိုင်ရှေ့မှာ။

အနက်ရောင် ပိုးခြေအိတ်များ ၀တ်ဆင်ထားသည့် လူအများအပြားသည် ဖန်များကို ရိုက်ခွဲကာ စျေးဝယ်အိတ်နှစ်လုံးကို ကိုင်ဆောင်ထားကြသည်။ ပြီးနောက် စင်ပေါ်၌ ဆွဲထားသော အဝတ်များကို ကျွမ်းကျင်စွာ စုဆောင်းခဲ့ကြရာ မကြာခင်မှာပဲ အိတ်တွေက ဖောင်းပွလာတော့၏။

သူတို့ လျင်မြန်စွာ ကားထဲ ပြေးဝင်ကာ အင်ဂျင်စက်နှိုးရင်း နောက်ပြန်လှည့်ကာ ပြေးထွက်သွားကြလေသည်။

"ယွမ်သုညနဲ့ ဈေးဝယ်သွားတာလား?"

ချင်းယန် မျက်မှောင်ကြုတ်ပြီး ဓားပြတွေကို စိုက်ကြည့်နေ၏။ လွတ်နေတဲ့ ဆိုင်ကို လှမ်းကြည့်လိုက်ရာ ပိုင်ရှင်မရှိတော့ပါ။ ထိုသူသည်လည်း မြို့မှ ထွက်ပြေးသွားခြင်း ဖြစ်နိုင်သည်။

ဒါပေမယ့် နေ့ခင်းကြောင်တောင်မှာ ယွမ်သုညနဲ့ ဈေးဝယ်နေတာလား။

ကျန်းဟိုင်က အခု အဲ့လောက်တောင် ရှုပ်နေပြီလား?

"ထပ်ဖြစ်လာဦးမှာပဲ!"

ချင်းယန် လမ်းနှစ်ဖက်ကို လှမ်းကြည့်လိုက်သည်။

ပတ်ပတ်လည်ကို ကြည့်လိုက်တော့ ဆိုင်အများစုဟာ ဗလာတွေဖြစ်နေပြီး အချို့က ပိတ်ထားတဲ့ ဆိုင်းဘုတ်တွေတောင် ချိတ်ထားကြပြီ။ သားရဲဒီရေ နီးကပ်လာသည်နှင့်အမျှ ဤဆိုင်များသည် ရာဇ၀တ်ကောင်များအတွက် အရင်းအမြစ်များ ပေါက်ဖွားလာမည် ဖြစ်သည်။

ကြယ်ပွင့်လက်နက်ကိုင် ရဲအုပ်ကြီးနှင့် အတူ သောင်းကျန်းသော လုယက်မှုသည် သားရဲဒီရေထဲ နစ်မြုပ်နေသဖြင့် ရဲတပ်ဖွဲ့အင်အားကလည်း ၎င်းတို့ဘက် ခွဲဝေပေးရန် မဖြစ်နိုင်ချေ။

ချင်းယန် ရာဇ၀တ်ကောင်များကို ကျောခိုင်းပြီး သူ့ဘက်သို့ လှည့်ကာ လှည့်ကြည့်လိုက်သည်။ သူတို့ ဖြတ်ကျော်သွားချိန်မှာတော့ သူတို့ရဲ့ ရယ်မောသံကို ကြားလိုက်ရ၏။ ချင်းယန် သူ့လက်ချောင်းများကို ညင်သာစွာ ပွတ်သပ်လိုက်သည်။

ဓားစွမ်းအင်တစ်ချောင်းသည် သူ့လက်ချောင်းထိပ်များမှ တစ်ပြိုင်နက် ခုန်ထွက်လာကာ ဓားလေးစင်းအဖြစ် ခွဲထွက်ကာ ထွက်သွားတဲ့ ကားနောက်ကို လိုက်ရင်း တာယာထူထူထဲ ထိုးဖောက်ပစ်လေသည်။

တာယာလေးလုံးခု တစ်ပြိုင်တည်းနီးပါး ပေါက်သွားတာကြောင့် ထိန်းမနိုင်သိမ်းမရ ယာဉ်သည် အနီးနားရှိ ကွန်ကရစ်နံရံထဲသို့ ပြေးဝင်ကာ လေအိတ်များကြား ပိနေတော့သည်။ နောက်ထိုင်ခုံမှ ဓားပြသည် ရှေ့ထိုင်ခုံပေါ်သို့ ပစ်ချခံရပြီး သွေးထွက်များကာ ပွဲချင်းပြီး သတိလစ်သွားခဲ့သည်။

"-ဝူး-ဝူး-ဝူး!"

ရဲများ ဥဩသံများသည် အဝေးမှ ချဉ်းကပ်လာပြီး အထိန်းအကွပ်မဲ့ ပေါက်ကွဲသံများနှင့် ရောယှက်နေသည်။

"သားရဲနတ်အရှင်... မင်း လာရဲရင် လာခဲ့ပေါ့..."

ချင်းယန် အဓိပ္ပာယ်မဲ့သော မြင်ကွင်းကို စိုက်ကြည့်ရင်း တစ်ယောက်တည်း ရေရွတ်လိုက်သည်။ ပရမ်းပတာတွေကြောင့် တင်းမာမှုတွေ မရှိခဲ့ဘဲ လူ့ကျင့်ဝတ်တွေပါ ပျောက်ကွယ်သွားခဲ့သည်။

သူ့သခင်၏ လူသတ်ရန် ရည်ရွယ်ချက်ကို ခံစားလိုက်ရသလို ကျစ်ဝေးနတ်ဓားက ပြတ်သားသော ဓားသံကို ထုတ်လွှတ်ကာ ကျယ်ပြောလှသော ကောင်းကင်နှင့် မြေကြီးတခွင်လုံး ပဲ့တင်ထပ်သွားခဲ့သည်။

All Chapters