ဓားနတ်ဘုရားရဲ့ တပည့်လို့ကို မပြောရဘူး၊ သူက တကယ် နတ်ဆိုးတစ်ကောင်ပဲ!
Vol. 13 Ch. 188
စင်္ကြံ၌ ခေတ္တ တိတ်ဆိတ်သွားခဲ့သည်။ ရှဟဲ တစ်ခဏလောက်အထိ ထိတ်လန့်သွားခဲ့ပြီး လီကျစ်ရွှမ်းကို တအံ့တသြနဲ့ ပြန်လှည့် ကြည့်လိုက်သည်။
ဘာတွေဖြစ်နေတာလဲ?
"သူမဆရာက... ကျန်းဟိုင် ကိုယ်ခံပညာအကယ်ဒမီရဲ့ ကျောင်းအုပ်ကြီး မဟုတ်ဘူးလား?"
ရှဟဲ လီကျစ်ရွှမ်းကို စိုက်ကြည့်ရင်း တိုးတိုးလေး မေးလိုက်သည်။
"မင်းဘာကိုဆိုလိုတာလဲ"
ဘာဖြစ်တာလဲ...
ဒီမိန်းကလေးက ငါ့ကိုလှည့်စားဖို့ ကြိုးစားနေတာလား။
ထိုစဥ် လီကျစ်ရွှမ်းကလည်း အနည်းငယ် မျက်မှောင်ကြုတ်ကာ သူ့အမူအရာကို ကြည့်ရင်း အံသြသွားသည်။ ခဏတာ တွေးကြည့်ပြီးနောက် သူမ တဖြည်းဖြည်း နားလည်လာသည်။
ဒီလူက တစ်ခုခုတော့ သိထားတယ်။
ဒါပေမယ့် သိပ်မများဘူး!
အများစုက ဆရာတူအစ်ကိုနဲ့ ဆက်စပ်နေလိမ့်မယ်!
ပြီးတော့ ဆရာတူအစ်ကိုက တစ်ခုခုကို တမင် ဖုံးကွယ်နေတာပဲ!
'ဆရာတူအစ်ကိုရဲ့ အချစ်ဆုံးသူငယ်ချင်းမို့ အကူအညီပေးရတာ သဘာဝကျပါတယ်... သူက အခုနတုန်းက အရမ်းလျှို့ဝှက်နေတာ မဆန်းပါဘူး'
လီကျစ်ရွှမ်း စိတ်သက်သာရာရသွားသည်။ ခေါင်းစဉ်အားလုံးကို ခွဲထုတ်ပြီးသည့်နောက် သူမ စကားမပြောဘဲ အစည်းအဝေးခန်းဆီသို့ တိတ်တဆိတ် လျှောက်သွားခဲ့သည်။
ရှဟဲ ထိတ်လန့်စွာ ရပ်ရင်း ကျန်နေခဲ့၏။
….
အစည်းအဝေးခန်းထဲမှာတော့ လီကျစ်ရွှမ်းက အရင်ဝင်လာပြီး ရှဟဲ အနောက်ကနေ အနီးကပ်လိုက်သွားခဲ့သည်။ တခဏအတွင်းမှာပင် မွေးရာပါနယ်ပယ် သခင်ပေါင်းများစွာ၏ အကြည့်များက တစ်ဖန်ပြန်ဆုံလာပြန်သည်။
"ပြန်လာပြီလား?"
ရှဟဲအတွက် ကုလားထိုင်ကို ဦးစီးချုပ်က ကိုယ်တိုင်ကိုယ်ကျ ဆွဲထုတ်ရင်း နှုတ်ခမ်းများက အပြုံးတွေကြောင့် ကွေးကောက်သွားသည်။
“လာ ဒီမှာထိုင်.... အစည်းအဝေးကို ဆက်ရအောင်”
"ယဉ်ကျေးလွန်းနေပါပြီဗျာ"
ရှဟဲ သူ့နဖူးက ချွေးတွေကို ချော့မော့ပြီး သုတ်လိုက်တယ်။ သူက ဖြည်းညှင်းစွာ ထိုင်ချကာ။
"အားလုံးပဲ ကျနော် နည်းနည်း နောက်ကျသွားတာ တောင်းပန်ပါတယ်"
လီကျစ်ရွှမ်းလည်း လူအိုလီဘေးက သူမထိုင်ခုံဆီသို့ ပြန်သွားခဲ့သည်။ သူမ ရှဟဲကို စိုက်ကြည့်ကာ အခြေအနေကို ဆက်လက် စောင့်ကြည့်နေ၏။
ရုတ်တရက်!
"ရွှမ်းရွှမ်း?"
လူအိုလီဘက်က အသံ ထွက်ပေါ်လာသည်။ သူမ၏ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲ အနည်းငယ်ကို သတိပြုမိသဖြင့် တိုးတိုးလေး ပြော၏။
"ရွှမ်းရွှမ်း မင်းတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် သိကြလား မတ်တပ်ရပ်နေတဲ့ ဒီလူငယ်က.. မင်းကို ရင်းနှီးနေပုံရတယ်"
"ဟုတ်တယ် တွေ့ဖူးတယ် တပည့် ဒီအပ်တွေကို ဘယ်သူလုပ်ခဲ့တာလဲ ဆိုတာ သိလိုက်ပါပြီ နောက်မှ ဆရာနဲ့ ဆွေးနွေးပါ့မယ်"
"ဟုတ်လား..."
ရှဟဲသည် အကြည့်များစွာ၏ ဖိအားကို ခံယူကာ စားပွဲပေါ်မှ လက်များကို အောက်ချထားလိုက်သည်။ ထို့နောက် အစည်းအဝေးကို ဆက်လေ၏။
"မင်းဆရာ့ရဲ့ နာမည်ကို သိလို့ရမလား"
လီတောက်မင်က သူ့မေးစေ့ကို ပွတ်သပ်ရင်း ရှဟဲကို စစ်ဆေးသလို ကြည့်နေလေသည်။
"အခု ဒီရေက ကျန်းဟိုင်မြို့ကို ချဉ်းကပ်လာပြီ မင်းဆရာ ထွက်လာပြီး အကူအညီပေးလို့ ရမလား မသိဘူး"
လင်မော့ဖုန်းကလည်း ဝင်ထောက်ခံ၏။
"စာကြည့်တိုက်မှူး ပြောတာ မှန်ပါတယ်... တကယ်လို့ ကျနော်တို့ အကြီးအကဲ လက်နက် သန့်စင်သူကို အကူအညီတောင်းရင် ကျန်းဟိုင်မှာရှိတဲ့ ကျနော်တို့ရဲ့ ခံစစ်တွေ အရမ်းအားကောင်းလာပြီး ဖိအားတွေ သိသိသာသာ လျော့ကျသွားလိမ့်မယ်...ဒါက အချိန်မီ အကူအညီပေးသလိုပါပဲ!"
သူပြောပြီးတာနဲ့ မျက်လုံးများစွာက ရှဟဲဘက်သို့ လှည့်လာပြီး သူ့တုံ့ပြန်မှုကို စောင့်မျှော်နေသည်။ အခန်းတွင်း ဖိအားများ ရုတ်တရက် တိုးလာသည်။
"..."
ရှဟဲ အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီး သက်ပြင်းချလိုက်သည်။
"အားလုံးကို ကျေးဇူးပြုပြီး ကျနော့်ကို အရှက်မခွဲပါနဲ့... ကျနော် ဆရာ့နာမည်အရင်းကို မဖော်ပြချင်ဘူး...သူက ဒီလောကရဲ့ အနှောင့်အယှက်တွေကို မုန်းတယ်"
သူသည် စားပွဲပေါ်ရှိ ကတ်ထူပုံးကို လက်ဖြင့်ရိုက်လိုက်သည်။
"ကျေးဇူးပြုပြီး သေချာစဉ်းစားပါဗျာ... ကျနော့်ဆရာရဲ့ အထောက်အထားကို ဖော်ထုတ်ရင် "သစ်တော်ပန်းမိုးအပ်"ရဲ့ နည်းစနစ်က မထိရောက်ဘဲနေမှာမလို့လား... ဆရာ မကျေနပ်လို့ ကျန်းဟိုင်ကထွက်သွားရင် ဒီထက်တောင် ဆိုးရွားမှာ မဟုတ်ဘူးလား? ပြီးတော့ "သစ်တော်ပန်းပွင့်အပ်" အထောက်အပံ့လည်း လုံးဝ ပျက်စီးသွားလိမ့်မယ်...."
အစည်းအဝေးခန်းက တိတ်ဆိတ်သွားပြန်သည်။
မွေးရာပါနယ်ပယ်က သခင်များစွာသည် သူတို့၏ တွေးတောနေသော မျက်နှာများဖြင့် သစ်တော်ပွင့်ပုံးပေါ်မှ စိုက်ကြည့်နေကြသည်။ အကြည့်များက ကြာရှည်စွာ တွေးတောဆင်ခြင်မှုထဲ ပျောက်ဆုံးသွားကြသည်။
သားရဲဒီရေက နီးလာပြီ။
တကယ်ပဲ ရှဟဲကို စစ်ဆေး မေးမြန်းခြင်းကြောင့် သူတို့၏ လက်ကား ရောင်းချမှုရင်းမြစ်အား ဆုံးရှုံးသွားနိုင်သည်။ တစ်ဖက်က ကြည့်လျှင် ကျန်းဟိုင် ဒေသတစ်ခုလုံး အကျပ်အတည်းထဲ ကျရောက်တော့မည်။
အရေးကြီးသောအရာကို လျစ်လျူရှုပြီး အသေးအဖွဲ့ကို လိုက်လျှောက်ခြင်းက အမှန်ပင် မှားယွင်းလေ၏။
"ကောင်းပြီ"
"မင်းမှာ ဖုံးကွယ်ထားစရာ တစ်ခုခုရှိမှတော့ ငါတို့ မင်းကို ခက်ခဲအောင် မလုပ်တော့ဘူး"
ဦးစီးချုပ်က တိတ်ဆိတ်မှုကို ချိုးဖျက်ကာ ဦးစွာပြောလိုက်၏။
"ဆရာကြီးက နောင်လည်း ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"
သားရဲဒီရေ နီးကပ်လာ၍ ကျန်းဟိုင်က အန္တရာယ် ကျရောက်နေပါသည်။
"မင်း ငါတို့ကြယ်ပွင့်လက်နက်ကို ရောင်းချင်တယ်ဆိုရင် ငါတို့ ကြယ်သိုင်းရဲစခန်းဆီကိုသာ လာလိုက်ပါ... ငါတို့ မင်းကို မတရားသဖြင့် မဆက်ဆံစေရဘူး"
"ကောင်းပါပြီ ဦးစီးချုပ် စိတ်မပူပါနဲ့...ဆရာက သန့်စင်မှုမှာ ကျွမ်းကျင်တယ်... ကျနော် သူနဲ့ ဆက်သွယ်လိုက်ပါ့မယ်"
ရှဟဲ ခေါင်းညိတ်လိုက်ပြီး စားပွဲပေါ်ရှိ ကတ်ထူပုံးကို လက်ဖြင့် ပုတ်လိုက်သည်။
"ဒါ ဆရာ့ရဲ့ ရိုးသားမှုပါ..."
တခြားသူတွေက ဒီကိစ္စကို ဆက်မစုံစမ်းချင်တာ မြင်လိုက်ရတော့မှ သူ သက်ပြင်းတစ်ချက်ချနိုင်သွားခဲ့သည်။ လောင်ချင်းကို ကတိပေးခဲ့တဲ့အတွက် ဘယ်သူမှ ဖွင့်ပြောလို့မရချေ။
"ကောင်းပြီ မင်းအရင် ပြန်သွားလို့ရပြီ"
ဦးစီးချုပ်ကလည်း ရှဟဲ၏ ပြတ်သားသော အမူအရာကြောင့် သက်ပြင်းချလိုက်ရသည်။ ရှဟဲ၏စကားများက လုံးဝရှင်းလင်းသွားကာ သူ့ကို ထပ်ပြီး ဖိအားပေးစရာ အကြောင်းမရှိတော့ပေ။
"ကောင်းပါပြီ ကျနော် အခု ထွက်သွားပါတော့မယ်"
သူထွက်သွားနိုင်သည်ဟု ကြားပြီးနောက်တွင် ရှဟဲနှလုံးမှာလည်း တည်ငြိမ်သွားခဲ့သည်။ သူ ချက်ချင်း လှည့်ပြီး အစည်းအဝေးခန်းထဲက ပြေးထွက်သွားခဲ့သဖြင့် ခဏတာအတွင်းမှာပဲ အားလုံးရဲ့ အကြည့်တွေအောက်ကနေ သူ့ပုံရိပ်က ပျောက်ကွယ်သွားလေ၏။
သူထွက်သွားတာနဲ့ တပြိုင်နက် အစည်းအဝေးတွေ ခဏလောက် ဆက်ကျင်းပခဲ့သည်။
"ဒီလို ကောင်းမွန်တဲ့ လက်နက် သန့်စင်မှု နည်းပညာကတော့ အထင်လောက်ကြီးစရာပဲ"
ဦးစီးချုပ်က သစ်တော်ပန်းပွင့် အပ်ကို ကိုင်ဆောင်ကာ ၎င်း၏ဖွဲ့စည်းပုံကို စစ်ဆေးကြည့်နေသည်။
“ဒီလောက် ထက်မြက်တဲ့ ကြယ်လက်နက်တစ်ခုက ရိုးရှင်းပေမယ့် မွေးရာပါနယ်ပယ်ရဲ့ ခုခံမှုကို ဖောက်ဖျက်နိုင်စွမ်းရှိတယ်...ဒီလို ကြယ်လက်နက်မျိုး ရှိနေတာ တစ်ခါမှ မကြားဖူးခဲ့ဘူး…”
လင်မော့ဖုန်းက ရုတ်တရက်ဆိုသလို :“အင်ပါယာမြို့တော်ကို ကျွန်တော် ခရီးထွက်ခဲ့ဖူးတယ်...တချို့ လက်နက်သန့်စင်သူတွေကို အင်အားကြီးမိသားစုတွေက ပံ့ပိုးပေးပြီး ထိပ်တန်းကြယ်ပွင့် လက်နက်တွေကို ရောင်းချတတ်တာ သိခဲ့ပေမယ့်.…”
ထို့နောက် သူက အကြောင်းအရာကို ပြောင်းလိုက်ပြီး သေတ္တာပေါ်သို့ သူ့အကြည့်ကို ပြောင်းလိုက်သည်။
"မွေးရာပါနယ်ပယ် အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ခံစစ်ကို ဖြတ်ကျော်ပြီး သတ်နိုင်တဲ့ လက်နက်မျိုး... သေတ္တာနဲ့တောင် လက်ကားရောင်းချနိုင်တဲ့ အစွမ်းထက်တဲ့ လက်နက်မျိုးတော့ တစ်ခါမှ မတွေ့ဖူးဘူး"
"လီမိသားစုက ကျန်းဟိုင်မြို့ရဲ့ စွမ်းရည်စီမံခန့်ခွဲမှုအပေါ် တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားပါတယ်"
လီတောင်မင်က သက်ပြင်းဝင်ချလိုက်သည်။ “တစ်ယောက်ယောက်က ဒီလို သန့်စင်နိုင်တဲ့ စွမ်းရည်ကို ပိုင်ဆိုင်ထားရင် ငါတို့ လီမိသားစုဘက်က အစောကတည်းက သတိထားမိလောက်ပြီ..."
အကြိမ်ပေါင်းများစွာ ဆွေးနွေးပွဲအပြီးတွင် ရလဒ်မထွက်လာဘဲ နောက်ဆုံးတွင် ရှုံးနိမ့်သွားခဲ့သည်။
……………
ခဏအကြာ။
အစည်းအဝေး တက်ရောက်သူတွေ လူစုကွဲသွားကြသည်။
"ရွှမ်းရွှမ်း?"
လူအိုလီနှင့် လီကျစ်ရွှမ်း ဘေးချင်းကပ်လျက် လျှောက်လာစဥ် ညနေခင်းလေနုအေးက ဖြည်းညှင်းစွာ တိုက်ခတ်လာခဲ့သည်။ လင်မော့ဖုန်းက သူတို့နောက်က လိုက်လာပြီး မှိန်ဖျော့တဲ့ ကြယ်တွေရဲ့ စွမ်းအားတွေကို ဖြန့်ကျက်ထား၏။ ၎င်းက ခိုးနားထောင်ခြင်းကို ပိတ်ဆို့ထားနိုင်လေသည်။
သူတို့သုံးယောက် တန်းစီပြီး လျှောက်သွားပေမယ့် သူတို့ရဲ့ ပုံစံက သရဲတစ္ဆေနဲ့ တူနေသည်။
"ရွှမ်းရွှမ်း ဒီ "သစ်တော်ပန်းပွင့်အပ်" ကို ဖန်တီးသူနဲ့ ပတ်သက်ပြီး သဲလွန်စတချို့ ရနေပြီလို့ အစည်းအဝေးမှာ ပြောခဲ့တယ်မလား..."
စကားလုံးတွေ ကျလာသည်နှင့်အမျှ လင်မော့ဖုန်း အမူအရာမှာလည်း လေးနက်လာသည်။
"အွန်း"
လီကျစ်ရွှမ်း အနည်းငယ် ခေါင်းညိတ်ပြပြီး ကြယ်ရောင်စုံသော ကောင်းကင်ကြီးကို ငေးကြည့်ရင်း သံသယများကို ထုတ်ဖော်လိုက်သည်။
"အဲဒီလူက ကျွန်မရဲ့ ဆရာတူအစ်ကိုနဲ့ အရမ်းရင်းနှီးတယ်... သစ်တော်ပန်းမိုးအပ်က သူ သန့်စင်ထားတာ ဖြစ်နိုင်ချေများတယ်"
"တကယ် သူက အကြီးအကဲ ဓားနတ်ဘုရားရဲ့ တပည့်ပဲလား"
လူအိုလီရဲ့ သံသယတွေ ပြေပျောက်သွားပြီး သက်ပြင်းချမိ၏။
ဓားနတ်ဘုရားရဲ့ တပည့်တစ်ဦးကသာ ထိုကဲ့သို့သော နတ်လက်နက်ကိုပင် ဖန်တီးနိုင်ပေမည်။
"ဓားနတ်ဘုရားရဲ့ တပည့်လို့ကို မပြောရဘူး ဒီကောင်လေးရဲ့ အရည်အချင်းက တကယ့်ကို အံ့မခန်းပဲ!"