ဧကန္တ... လောင်ချင်းက ဓားနတ်ဘုရားရဲ့ တပည့်လား
Vol. 13 Ch. 189
"အစ်ကိုလင်နဲ့ ဆရာ ဒါကို လျှို့ဝှက်ထားပါနော်!"
လီကျစ်ရွှမ်း လူနှစ်ယောက်ကို ကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် သားရဲနတ်ဘုရားကိုးကွယ်တဲ့ အယူဝါဒရဲ့ အန္တရာယ်တွေအကြောင်း ဆရာအရှင်ကို သတိပေးနိုင်ခဲ့တယ် အစ်ကိုလင်ရဲ့ အချက်အလက်ကလည်း အရမ်းအသုံးဝင်တယ်... အခုက ဆရာတို့ကို ကောင်းကောင်း သိစေချင်လို့ ပြောပြတာပါ"
"ရပါတယ် ဒါက လေးနက်တဲ့ကိစ္စပဲလေ စိတ်ချပါ ရွှမ်းရွှမ်း"
လူအိုလီက ကျောက်တုံးလို တည်ကြည်လေးနက်စွာ ပြောလိုက်သည်။
"ဓားနတ်ဘုရားအပေါ် ငါ့ရဲ့ နက်ရှိုင်းတဲ့ လေးစားမှုက လူတိုင်းလိုပဲ ပေါ်လွင်နေပြီးသား...ငါ့မှာ ဒုတိယ အကြံအစည် မရှိပါဘူး အကြီးအကဲ ဓားနတ်ဘုရားကို မနှောင့်ယှက်မိအောင် ပါးစပ်ကို ပိတ်ထားလိုက်ပါ့မယ်!"
“…”
လီကျစ်ရွှမ်း တိတ်ဆိတ်နေ၏။ လူအိုလီကို သူမ စိတ်မပူပါ။ သူသည် သူမ၏ အယုံကြည်ရဆုံးလူ ဖြစ်သည်။ ဆရာအရှင် ဓားတောင်ကြားကို ဖွင့်ပြီးကတည်းက လူအိုလီက ကျန်းဟိုင်ဓားနတ်ဘုရား၏ ပရိတ်သတ်ကြီး ဖြစ်နေခဲ့သည်။
သူသည် အင်တာနက်ကို တတ်ကျွမ်းဖူးသူ မဟုတ်သေးသော်လည်း သူ့ကျောင်းသားကို ဆိုရှယ်မီဒီယာ အကောင့်တစ်ခုဖန်တီးကာ ပရိသတ်အဖွဲ့နှင့် ပူးပေါင်းရန်ပင် တောင်းဆိုခဲ့သည်။ သူသည် မုန်းတီးသူအချို့နှင့် စကားစစ်ထိုးရာတွင်ပင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူပင်။
ဒီလုပ်ရပ်တွေ အားလုံးက ကျန်းဟိုင်ဓားနတ်ဘုရားကို လူတိုင်းလို လေးစားကြောင်း ထင်ရှားပါသည်။
"ညီမငယ်၊ မင်းငါ့ကိုလည်း ယုံလို့ရပါတယ်!"
ဒါကိုကြားတော့ လင်မော့ဖုန်းကလည်း လေးနက်စွာ ခေါင်းညိတ်ပြသည်။
ဓားနတ်ဘုရားသည် သူ့စိတ်နှလုံးထဲတွင် တန်းတူရည်တူ မြင့်မားသောရာထူးကို ကိုင်ဆောင်ထားသည်။ မဟုတ်ပါက သူသည် သားရဲနတ်အရှင်နှင့် ပတ်သက်သော လျှို့ဝှက်အချက်အလက်များကို သူမအား ထုတ်ဖော်ခွင့်ပြုမည် မဟုတ်ပေ။
"ကောင်းပြီ နှစ်ယောက်လုံးကို နားလည်ပါတယ်..."
လီကျစ်ရွှမ်း ညင်ညင်သာသာနဲ့ပဲ ခေါင်းညိတ်ပြလိုက်သည်။
"ရွှမ်းရွှမ်း... မင်း ဆရာတူအစ်ကိုရဲ့ လက်ဆောင်က တကယ့်အကူအညီပဲ"
လူအိုလီသည် အစည်းအဝေးခန်းထဲက သစ်တော်ပွင့်မိုးအပ်တွေကို ပြန်သတိရပြီး ပြောနေခြင်းပင်။
"ကျန်းဟိုင်ရဲ့ ကာကွယ်ရေးက ဆယ်ဆကျော် တိုးလာနေပြီ! “
ယခု ဤကဲ့သို့သော နတ်လက်နက်များ ကိုင်ဆောင်ထားပါက မွေးရာပါနယ်ပယ်တွေကို လမ်းဘေးခွေးတွေကို သတ်သလို သတ်ပစ်နိုင်ပြီ။ ယခုအချိန်တွင် တိုက်ပွဲ ဒီရေက ပြောင်းပြန်ဖြစ်နေပြီ ဖြစ်သည်။
ထိုနတ်ဆိုးများ စစ်မြေပြင်သို့ ဝင်ရောက်လာလျှင် သစ်တော်ပန်းပွင့် မိုးအပ်များ၏ ထိုးစစ်ကြောင့် ဘယ်လောက် ကြီးကျယ်ခမ်းနားတဲ့ မြင်ကွင်းလို ဖြစ်လာလိမ့်မလဲ တွေးကြည့်နိုင်သည်။
……
ကြယ်လက်နက်ကိုင် ရဲအုပ်ကြီး လမ်းဘေးမှာ ကားပါကင်၌။
ဦးစီးချုပ်သည် လက်တစ်ဖက်တွင် စာရွက်စာတမ်းများနှင့် ကားသော့များကို ကိုင်ဆောင်ကာ ယာဉ်ဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားရင်း သော့ပေါက်ထဲသို့ ထည့်ကာ တံခါးကို ဖွင့်လိုက်သည်။
စာရွက်စာတမ်းတွေ စီစဉ်ပြီးသွားပြီမလို့ အိမ်ပြန်ရတော့မည်။
သူ့နောက်ကနေ ရုတ်တရက် အသံတစ်ခု ထွက်ပေါ်လာတယ်။
"ခေါင်းဆောင်ကြီး ခဏစောင့်ပါဦး!"
ရင်းနှီးသော အသံတစ်သံ ထွက်ပေါ်လာသဖြင့် သူ အံ့အားသင့်စွာ လှည့်ကြည့်လိုက်သည်။
"ရှဟဲ... မင်း အိမ်ပြန်သွားပြီ မဟုတ်ဘူးလား?"
ရဲယူနီဖောင်းကို ၀တ်ဆင်ထားသော ရှဟဲ၏ ခြေရင်းတွင် ဆေးလိပ်တို နှစ်ခု သို့မဟုတ် သုံးခုကို ပစ်ချထားကာ ဆေးလိပ်တစ်ဝက်ကို ပါးစပ်ထဲတွင် တေ့ထားသည်။ အချိန်အတော်ကြာအောင် စောင့်နေခဲ့သည်မှာ ထင်ရှားပါ၏။
"ခေါင်းဆောင်ကြီးနဲ့ တိုင်ပင်စရာ ရှိလို့ပါ အချိန်သိပ်မကြာဘူး မိနစ်ပိုင်းလောက်ပဲ"
"ဘာဖြစ်တာလဲ"
ဦးစီးချုပ်က မျက်မှောင်ကြုတ်ကာ ကားတံခါးကိုပိတ်၍ ကားဘေးကို မှီလိုက်သည်။
"ငါ အလျင်မလိုပါဘူး"
"ကောင်းပါပြီ ဘာမှ မပြင်းထန်ပါဘူး။ ကျွန်တော့်မှာ မေးစရာတွေ ရှိသေးလို့.... လီကျစ်ရွှမ်း... သူမက ဆရာကြီး လီရဲ့ တပည့်မဟုတ်လား"
"ဟမ်?"
ဦးစီးချုပ်က မျက်ခုံးပင့်လိုက်သည်။
"ဟုတ်တယ် သူက ဆရာကြီးလီရဲ့ တပည့်ပဲ... ဘာပြဿနာရှိလို့လဲ"
"ဒါဆို ဆရာလီမှာ တခြားတပည့်တွေ ရှိလား... ဥပမာ အတွင်းစည်းတပည့် မဟုတ်တဲ့သူတွေ..."
"တခြားတပည့်တွေလား လင်မော့ဖုန်းကိုတော့ စဉ်းစားသင့်တယ် အင်ပါယာမြို့တော်ကလာတာ... ကွန်ဖရင့်ခန်းမှာ မြင်ဖူးတဲ့လူငယ်က အဲဒီသခင်လေးပဲ"
ဦးစီးချုပ်က မျက်ခုံးကို ဖိကာ ဖြည်းညှင်းစွာ ပြန်ဖြေသည်။
"အတိအကျပြောရရင် သူက အင်ပါယာမြို့ကို ထွက်သွားပြီးပြီ... အခုလောလောဆယ်မှာ ဆရာကြီးရဲ့ တစ်ဦးတည်းသော အပိတ်တပည့်က လီကျစ်ရွှမ်း... တခြားဘယ်သူမှ မရှိပါဘူး"
"ဟုတ်လား..."
ဒီလိုကြားရတဲ့အခါ ရှဟဲ ခဏရပ်လိုက်ပြီး သူ့စိတ်တွေ တဒိတ်ဒိတ် ခုန်လာတော့သည်။ အတွေးက လီကျစ်ရွှမ်း အခုနက ပြောခဲ့တာကို ပြန်သတိရသွား၏။
ဆရာတူအစ်ကို...
ဒါက အောင်မြင်မှုတစ်ခု ဖြစ်နိုင်လား။
သူ့အတွေးတွေကို တွေးပြီး တိုးတိုးလေး ပြောလိုက်သည်။
"ဒါပေမယ့် ဦးစီးချုပ်.. အရင်က သူ 'ဆရာတူအစ်ကို' လို့ တစ်ယောက်ယောက်ကို ခေါ်တာ မြင်ဖူးသလိုပဲ..."
"ဆရာတူအစ်ကို?"
ဦးစီးချုပ်ကလည်း တစ်ခုခုကို တွေးနေသကဲ့သို့ မျက်မှောင်ကြုတ်လိုက်သည်။
"ဒီလူရဲ့မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရလား"
"မမြင်ခဲ့ရဘူး ..."
ရှဟဲ သူ့ခေါင်းကို ကုတ်လိုက်ပြီး ဦးစီးချုပ်နဲ့ မျက်လုံးချင်းမဆုံအောင် ရှောင်လိုက်သည်။
"အဝေးကနေ သူ့ကို တစ်ချက်လောက်ပဲ လှမ်းမြင်လိုက်ရတာ... အဲဒီတုန်းက သူမကို သိပ်ဂရုမစိုက်မိဘူးလေ.. အလင်းရောင်ကလည်း မကောင်းဘူး ဆိုတော့ သိပ်အလေးအနက် မထားမိဘူး"
ဘာပဲဖြစ်ဖြစ် ဒါက လိမ်ညာမှုသာ။ သူ့ရဲ့ ကြုံရာကျပန်း ဖန်တီးမှုပဲ ဖြစ်သည်။
"အဆင်ပြေပါတယ်... မင်းရဲ့ယခင်စွမ်းဆောင်ရည်ကို ထည့်သွင်းစဉ်းစားပြီး မင်းက ရဲတပ်ဖွဲ့ရဲ့ အဖိုးတန် အဖွဲ့ဝင်တစ်ဦး ဖြစ်နေတုန်းပဲ... ငါတို့အားလုံးက တစ်ဖွဲ့တည်းဆိုတော့ ငါမင်းကို အမှန်အတိုင်း ပြောမယ်... ဆရာကြီးလီရဲ့ အလုပ်သင်အပြင် လီကျစ်ရွှမ်းမှာ တခြား နောက်ခံတစ်ခု ရှိသေးတယ်..."
သူ ခဏရပ်လိုက်သည်။
သူ့လက်ထဲက ဖိုင်တွဲကို ထုတ်ယူကာ ပါးပြင်ပေါ်တွင် တင်ထားကာ စာရွက်စာတမ်းများကို ဖြန့်ကာ ရှဟဲ အနားသို့ ရွှေ့ခိုင်းလိုက်သည်။
စက္ကူဖြူပေါ်မှာ အချိန်အကျဉ်းချုပ် စာရွက်များစွာ ရှိလေ၏။ အနီရောင် စက်ဝိုင်းများနှင့် အစက်များ၊ အသေးစိတ်မှတ်ချက်များနှင့် လီကျစ်ရွှမ်း ၏ ID ဓာတ်ပုံအချို့ကို ထည့်သွင်းထားသည်။
"ဒါကဘာလဲ ခေါင်းဆောင်ကြီး? လီကျစ်ရွှမ်းရဲ့ မှတ်တမ်းလား?"
ရှဟဲ စာရွက်စာတန်းများထဲမှ တစ်ခုကိုယူကာ အပေါ်ဆုံးရှိ ခေါင်းစဉ်ကို စကင်န်ဖတ်လိုက်သည်။
[လီကျစ်ရွှမ်း၏ ဇူလိုင်လ ခရီးသွား ခရီးစဉ် (ရက်ပေါင်းများစွာ ပျောက်ဆုံးနေ)]
"အင်း... ဒါက ငါ စုံစမ်းထားတဲ့ ကိုယ်ရေးကိုယ်တာ သုတေသန..."
၎င်းပေါ်ရှိ အချက်အလက်များကို စစ်တမ်းကောက်ယူနေစဉ် ဦးစီးချုပ်၏ မျက်လုံးများက စူးရှလာသည်။ သူက လေးလေးနက်နက် ဆက်ပြောလေသည်။
"မင်းမြင်နေရတာက လီကျစ်ရွှမ်းရဲ့ ခရီးစဉ်အကျဉ်းချုပ်ပဲ....အခု သူမ မွေးရာပါနယ်ပယ် အဆင့်ကို ရောက်နေပြီဆိုတော့ သူ့ကို ခြေရာခံလို့ မရတော့ဘူး... အချက်အလက်တွေက အရမ်း ခေတ်နောက်ကျနေပြီ ဒါတွေက ဓားသူတော်စင် ရောက်လာတဲ့ အချိန်က"
"ခင်ဗျား သူမကို စုံစမ်းနေတာလား?"
ရှဟဲသည် အချက်အလက်များကို ကောက်ယူပြီး ခေါင်းစဉ်များကို တစ်ပုံချင်း စကင်န်ဖတ်ကာ ထိတ်လန့်တကြား ခံစားလိုက်ရသည်။
[ဓားသူတော်စင်၏ စိန်ခေါ်မှု ဗီဒီယိုမှတ်တမ်း]
[အဓိကလုပ်ဆောင်ချက်ဘောင်များ]
[ကိုယ်ရေးကိုယ်တာ ဆက်ဆံရေး စာရင်းအင်းများ]
အချက်အလက်သည် စေ့စေ့စပ်စပ် အသေးစိတ် ချရေးထားတာဖြစ်ပြီး မြက်ခင်းပြင်ဓားသူတော်စင် ကာလကို လုံးလုံးအာရုံစိုက်ထားသည်။ သုတေသနများစွာကို ထည့်သွင်းခဲ့သည်မှာလည်း ထင်ရှားပါသည်။
"ဥပမာ ဓားသူတော်စင်ရဲ့ တပည့် စိန်ခေါ်မှုပဲ... ငါတချို့ကို နှိုင်းယှဉ်ပြီး နည်းနည်းတော့ ရှာတွေ့ခဲ့တယ်..."
ဦးစီးချုပ်က စာရွက်ကို ထုတ်ကာ ညွှန်ပြသည်။
"ဟူးယန်ကျန့်နဲ့ပတ်သက်တဲ့လူကို မေးခွန်းထုတ်ဖို့ စီစဉ်ထားပေမယ့် ဒီမြက်ခင်းပြင် ဓားသူတော်စင်ရဲ့တပည့်... တံခါးပိတ်ကျင့်ကြံ နေသလိုပဲ အဲဒီကတည်းက သူ့ကို မတွေ့ရတော့ဘူး"
သူက ရှဟဲကို တောက်ပြောင်သော အကြည့်ဖြင့် ကြည့်ကာ :"ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းက ငါ့စုံစမ်းမှုတွေအရဆို သူမက ဆရာကြီးလီရဲ့ တပည့်သာမက... ဓားနတ်ဘုရားရဲ့ တပည့်ပါ ဖြစ်နိုင်တယ်လို့ သံသယဝင်လာတယ်!"
"???"
ဒီလိုကြားရတဲ့အခါ ရှဟဲမျက်နှာမှာ မေးခွန်းတွေနဲ့ ပြည့်သွားတော့သည်။
"သူမက ကျန်းဟိုင် ဓားနတ်ဘုရားရဲ့ တပည့် ဖြစ်နိုင်တယ်လို့ ပြောနေတာလား"
"ဖြစ်နိုင်ချေ များတယ်...သူမ အခု မွေးရာပါနယ်ပယ်မှာရှိနေပြီ သူ့နေရာတော်တော်များများကို ပုန်းအောင်းနေခဲ့တယ် အတိတ်က အဖြစ်အပျက်တွေကို အခြေခံပြီး ကောက်ချက်ချလို့ရတယ်..."
ရှဟဲ နားမထောင်နိုင်တော့အောင် လုံးဝ ထိတ်လန့်သွားသည် ။
အကယ်၍ လီကျစ်ရွှမ်းက ဓားနတ်ဘုရား၏ တပည့်တစ်ဦးဖြစ်ပြီး ချင်းယန်ကို "ဆရာတူအစ်ကို" ဟု ခေါ်ဆိုခဲ့သည်။
ဒါကိုဆိုလိုတာ မဟုတ်ပါလား။
ရှဟဲ၏ သူငယ်အိမ်များ တုန်လှုပ်သွားသည်။
"ဧကန္တ.. လောင်ချင်းက ဓားနတ်ဘုရားရဲ့ တပည့်လား"