← Chapters

သားရဲဒီရေက ပေါက်နေပြီ!

Vol. 13 Ch. 190

သားရဲဒီရေက ပေါက်နေပြီ!

Vol. 13 Ch. 190

နောက်တစ်နေ့၊ စာကြည့်တိုက်၌။

စာကြည့်တိုက်သည် ခါတိုင်းကဲ့သို့ပင် လူသူကင်းမဲ့ကာ လူသူကင်းမဲ့ကာ ဧည့်သည်များလည်း နည်းပါးနေသည်။

"တင်း-"

"ချင်းယန် အလုပ်တက်ချိန် 7:45 AM"

"နှစ်ရက်ဆက်တိုက် ပထမနေရာ ရထားလို့ ဂုဏ်ယူပါတယ်... ဆက်ကြိုးစားထားပါ!!"

စက်အသံသည် အေးစက်ပြီး နှလုံးသားမဲ့သော်လည်း အားပေးစကားလေးတော့ ပြောပေးနေသေးသည်။ ချင်းယန် ကတ်ကို ချလိုက်ပြီး တစ်ခုခုပြောဖို့ ပါးစပ်ကို ဖွင့်လိုက်ပေမယ့် ပြန်ငြိမ်လိုက်ရသည်။ သူ့မျက်နှာမှာ ဝမ်းနည်းနေတဲ့ပုံသဏ္ဍာန်နဲ့ ထိုင်ခုံဆီသာ သွား၍ ပက်လက်လန်နေလိုက်၏။

ဒီနေ့ဘဝက ပုံမှန်အတိုင်းပဲ ဆက်နေခဲ့သည်။ ဘာမှလုပ်စရာမရှိလို့ တာဝန်ခံကတောင် သူ့ကို အလုပ်ချိန်အတွင်း အနားပေးဖို့ အထူးခွင့်ပြုချက် ပေးလာသေးသည်။ နည်းနည်းတော့ အဆင်မပြေချေ။

"သူဌေးဆီက မပုန်းအောင်းရတော့ စိတ်လှုပ်ရှားမှုမရှိဘူး... နည်းနည်းတော့ ငြီးငွေ့စရာကောင်းတယ်"

ချင်းယန်သည် သူ၏ ပျော့ပျောင်းသော ထိုင်ခုံပေါ်တွင် ထိုင်ကာ သူ၏ ဉာဏ်အလင်းထဲ နစ်ဝင်လျက် "လက်နက် သန့်စင်ခြင်း ရှင်းလင်းချက်" နှင့် ပတ်သက်၍ သူ့တိုးတက်မှုကို နားလည်သဘောပေါက်နေခဲ့သည်။ စိတ်စွမ်းအင်သည် ရေကဲ့သို့ ပျံ့နှံ့သွားပြီး စာကြည့်တိုက်တစ်ခုလုံးကို ဖုံးအုပ်ကာ အနှောင့်အယှက် တစ်စုံတစ်ရာကို ရှာဖွေနေ၏။

ကျန်းဟိုင်ဟာ မကြာသေးမီက မငြိမ်မသက် ဖြစ်နေခဲ့ပြီး သားရဲနတ်အရှင်ကို အရူးအမူး ကိုးကွယ်သူ အများအပြားက မိမိကိုယ်ကို ဖောက်ခွဲ သတ်သေခဲ့ကြသည်။ ယင်းက စာကြည့်တိုက်၏ လုံခြုံရေးအစောင့်အချို့ကိုလညိး တိုက်ရိုက် ကြောက်ရွံ့စေလေသည်။

ဘယ်သူက အသက်ကို စွန့်စားချင်ပါ့မလဲ?

ပြေးသင့်တဲ့သူတွေ ပြေးတောင်နေပြီ!

အခုတော့ စာကြည့်တိုက်ကို စောင့်ရတဲ့တာဝန်က သူ့အပေါ်မှာပဲ ကျရောက်သွား၏။

"ဟူး"

ချင်းယန် သက်ပြင်းချလိုက်သည်။ ထိုစဥ် အကျွမ်းတဝင်ရှိသူတစ်ဦး သူ့စိတ်စွမ်းအင် အကွာအဝေးထဲသို့ ဝင်ရောက်ကာ တံခါးပေါက်မှတဆင့် ငါးဖမ်းရာ နေရာဆီသို့ ဖြည်းညှင်းစွာ ရွေ့လျားလာသည်။

ရှဟဲပါပဲ။

"ဒီကောင်က ဘာလို့ ဒီကို ထပ်ရောက်နေတာလဲ"

ချင်းယန် လှည့်ပတ်နေသော မှန်တံခါးကို စိုက်ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

"ငါ့ဆီက လက်ကားသစ်တော်ပွင့် မိုးအပ်ကို ဝယ်ချင်သေးတာလား"

စိတ်ရှုပ်နေတုန်း မကြာခင်မှာပဲ ရှဟဲဟာ ဧရိယာတစ်ရှိ ငါးမျှားထောင့်ကို ရောက်လာ၏။

"လောင်ချင်း မင်းငါ့ကို ဒီလောက်ထိ ဖုံးကွယ်ထားလိမ့်မယ်လို့ မမျှော်လင့်ထားဘူး..."

ရှဟဲသည် သူ့ကိုယ်သူ စာအုပ်စင်ပေါ် မှီချလိုက်ပြီး ချင်းယန်ကို ဂရုတစိုက် အကဲဖြတ်လိုက်သည်။

"နောက်ဆုံးတော့ မင်းဘာလို့ ဒီလောက်တောင် တန်ခိုးကြီးနေတာလဲ ဆိုတာ ငါနားလည်သွားပြီ"

မနေ့ညက ဦးစီးချုပ်ဆီကနေ သဲလွန်စရခဲ့ပြီးနောက် အတွေးတွေကို တစ်ညလုံး လှန်ပစ်လိုက်တာကြောင့် အိပ်မပျော်ခဲ့။

ကျန်းဟိုင်ဓားနတ်ဘုရားက ဘယ်သူလဲ?

သူက တပည့်သုံးထောင်နဲ့ Follower သုံးထောင်ရှိတဲ့ ကျန်းဟိုင်မြို့ရဲ့ ရုပ်တုဖြစ်ပြီး သူ့အကြောင်းကလည်း အွန်လိုင်းမှာ လူသိများတဲ့ အကြောင်းအရာ တစ်ခု ဖြစ်သည်။ ကျန်းဟိုင်မှာရှိတဲ့ လူငယ်တွေထဲမှာ ဘယ်သူက ကျန်းဟိုင် ဓားနတ်ဘုရားရဲ့ တပည့်လို့ ကိုယ့်ကိုကိုယ် မစွပ်စွဲဖူးသူမရှိ။

ဒါပေမယ့် ပြဿနာက...

ရှဟဲ ချင်းယန်ကို ကြည့်လိုက်သည်။

အားလုံးကို နောက်ပြောင်ပြီး မင်းက ငါ့ကိုပါ တကယ် အလေးအနက်ထား နောက်နေတာလား။

နေ့တိုင်း သူမဟုတ်သလို ဟန်ဆောင်ဖို့ ကြိုးစားနေတဲ့ သူ့ဘေးနားက ဓားနတ်ဘုရားရဲ့ တပည့်အကြောင်း တွေးလိုက်မိတဲ့အခါ ရှဟဲ ခါးသီးပြီး ယုတ်ညံ့သည်ဟု ခံစားလိုက်ရသည်။

"သောက်ရမ်းမိုက်တာပဲ!"

"ဘာလဲ?"

ချင်းယန် ဖုန်းကိုချချလိုက်ပြီး ရှဟဲ၏ ထူးဆန်းသော အမူအရာကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

"ဘာတွေတွေးနေတာလဲ..ဘာလို့ စိတ်မကောင်း ဖြစ်နေတာလဲ"

"လောင်ချင်း ငါ အကုန်သိတယ်"

"မင်းဘာသိတာလဲ?"

"မင်းတကယ်ပဲ..."

ရှဟဲ တုံ့ဆိုင်းနေပြီး ထိုစကားကို ထုတ်ပြောရန် ခက်ခဲနေဆဲ။

သူ ထုတ်ပြောလိုက်ရင် ဘာဖြစ်သွားမလဲ။ သူနဲ့ လောင်ချင်း ညီအကိုတွေ ဆက်ဖြစ်နိုင်ပါ့မလား။

ယခု သူသည် လီကျစ်ရွှမ်းကဲ့သို့ ဉာဏ်ကြီးရှင် တပည့် တစ်ဦးဖြစ်သည့် ကျန်းဟိုင်ဓားနတ်ဘုရား၏ တပည့်တစ်ဦးဖြစ်ပြီး လက်နက်နှင့် အဂ္ဂိရတ်ပညာကို ထူးကဲသော အောင်မြင်မှုများ ရရှိထားသူဖြစ်ကြောင်း သိထားရမည်။

တစ်ဖက်က မိမိမှာမူ ပိုက်ဆံနည်းနည်းမှလွဲ၍ တခြားဘာမှ ပေးစရာမရှိပါ။ သူများတွေ ပေးသမျှ ပေးနိုင်ပေမယ့် အဖေ့ကို အားကိုးနေတာကြောင့် လုံးဝမတူချေ။

"ငါက အရှုံးသမားပဲ လောင်ချင်း အခုမှစပြီး ငါနဲ့ ခပ်ခွာခွာနေသွားလိမ့်မယ်... ထားပါတော့ ခွာတော့လည်း ခွာပေါ့!"

ရှဟဲ သက်ပြင်းချလိုက်သည်။ ချင်းယန်ကို စိုက်ကြည့်ရင်း စိတ်လှုပ်ရှားစွာ သူ့လက်ချောင်းများကို ပွတ်သပ်နေမိ၏။ ထို့နောက် သူ့သွားတွေကို အံကြိတ်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"လောင်ချင်း မင်းက အရမ်းဖုံးကွယ်တတ်တာပဲ... မင်းက ကျန်းဟိုင် ဓားနတ်ဘုရားရဲ့ တပည့်ပဲ မဟုတ်လား"

သူ့စကားတွေ ထွက်သွားပြီးနောက် အခန်းထဲက အချိန်များ ရပ်တန့်သွားသကဲ့သို့ ရုတ်တရက် တိတ်ဆိတ်သွားသည်။ ရှဟဲမှာ မျက်လုံးများကိုပင် မဖွင့်ဝံ့ဘဲ မျက်လုံးမှိတ်ထားရုံသာ စောင့်ဆိုင်းနေခဲ့သည်။ သူ့ရှေ့မှာ အဆုံးမဲ့ အမှောင်ထုကလွဲလို့ ဘာမှမရှိ။

သူ မျက်လုံးပြန်ဖွင့်ရင် ဘာဖြစ်မလဲ... လောင်ချင်း ရုတ်တရက် ပျောက်သွားရင် ဘယ်လိုလုပ်မလဲ။

သူ့လို သခင်ရဲ့ တပည့်တစ်ယောက်ဟာ ဒီလောကကို အမုန်းဆုံး မဟုတ်ဘူးလား။

အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးတဲ့အထိ ရှဟဲ မျက်လုံးမှိတ်ပြီး စောင့်နေခဲ့သည်။ နောက်ဆုံးတွင် ချင်းယန်၏ အေးဆေးတည်ငြိမ်သော အသံသည် ယခင်အတိုင်း မသိမသာပင် သူ့ထံရောက်လာသည်။

"ကျစ်! မင်းငါ့ကို မရောင်းလိုက်ဘူးမလား?"

"မင်းကိုရောင်းရမယ်? လောင်ချင်း ငါသေချာပေါက် မလုပ်ဘူး!"

ဒါကိုကြားတော့ ရှဟဲ မျက်လုံးတွေကို အမြန်ဖွင့်လိုက်ရာ ချင်းယန်ရဲ့ ငြိမ်သက်နေတဲ့ မျက်နှာကို တွေ့လိုက်ရ၏။

"မင်း ငါ့ကို ကောင်းကောင်း မသိသေးဘူးပဲ!"

"..."

ချင်းယန် နှုတ်ခမ်းကို တွန့်လိုက်သည်။

"မင်းငါ့ကိုမရောင်းရင် ရပြီ... ခန့်မှန်းကြည့်ရုံပါပဲ အလုပ်ကထွက်ပြီးရင် အသားကင် လုပ်စားကြမယ် အဲဒီကိစ္စကို တွေးမနေနဲ့"

"ဒါ မင်းရဲ့တုံ့ပြန်မှုလား"

ရှဟဲ အံ့ဩသွားပြီး ခဏတာမျှ တုန်လှုပ်သွားသည်။

မဟုတ်ဘူးလေ...

ဒီတုံ့ပြန်မှုက မမှန်ဘူး။

ဒေါသမထွက်သင့်ဘူးလား။

ဒါမှမဟုတ် သူ ချက်ချင်း ပျောက်ကွယ်သွားသင့်တာ မဟုတ်ဘူးလား....

ဘာပဲဖြစ်ဖြစ် ဒါက မှန်ကန်တဲ့ တုံ့ပြန်မှုတော့ မဟုတ်ဘူး။

"ဒါဆို မင်းက ငါ့ဆီက ဘယ်လိုတုံ့ပြန်မှု လိုချင်တာလဲ... အံ့သြရမှာလား... ဝမ်းသာပီတိဖြစ်ရမှာလား"

ချင်းယန် သူ့မျက်လုံးတွေကို မှိတ်လိုက်ပြီး :"အရင်က ငါ မင်းကို ဖြစ်နိုင်ခြေတွေ အများကြီး ပေးခဲ့သား... မင်း ခန့်မှန်းမိသင့်တာကြာပြီ ငါ မင်းကို အကြိမ်ပေါင်းများစွာ ကာကွယ်ခဲ့ပြီးပြီ... မင်းမသိသွားရင်တောင် ထူးဆန်းဦးမယ်"

သူပြောနေတဲ့ လေသံက ကဗျာတစ်ပုဒ်ကို တည်ငြိမ်အေးဆေးစွာ ဖွဲ့ဆိုထားသလိုပင်။ ရှဟဲ ထိုစကားများကို နားထောင်ရင်း သက်ပြင်းတစ်ချက်ချရင်း ရင်တွေဝေ့ခနဲ တုန်သွားသည်။

နားထောင်လေ ပိုပျော်လေပဲ!

ကောင်လေးရေ မင်း အရင်ကနဲ့ နည်းနည်းတော့ မတူသလိုပဲ!

အသံနေအသံထားက အရင် လောင်ချငိးနဲ့ အတူတူပဲ ဆိုပေမယ့် ခပ်ဝေးဝေးကို အရိပ်အမြွက် ပြခဲ့သလိုပင်။

"ဟီးဟီး... ဓားနတ်ဘုရားရဲ့ တပည့်က တကယ်တော့ ငါ့ညီအစ်ကိုတဲ့ တော်တယ်ကွာ!"

ရှဟဲ ဂုဏ်ယူဝင့်ကြွားနေခဲ့သည်။ သူက ချင်းယန်ကို သူ့လက်မောင်းကို ပတ်လိုက်ပြီး။

"သခင်တစ်ယောက် ငါ့နားမှာ ရှိနေလိမ့်မယ်လို့ မမျှော်လင့်ထားဘူး... အခုကစပြီး မင်းငါ့ကို ကာကွယ်ပေးဖို့ အားကိုးမယ်နော်"

"..."

"ငါ့ညီအစ်ကို ဖြစ်နေတုန်းပဲမလား"

ချင်းယန် ထိုစကားကိုကြားပြီးနောက် ဘာမှထပ်မပြောဘဲ သူ့ရင်ထဲတွင် ခံစားချက်တစ်ခု တိုးဝင်လာသည်။ အခု သားရဲဒီရေ နီးလာတော့ သားရဲနတ်အရှင်ရဲ့ အဖွဲ့ဝင်တွေက မိမိနဲ့သာ ညီအစ်ကို လာဖွဲ့ပါက မလွယ်မှာပဲ ကြောက်ရသည်။

………………

ညနေပိုင်း။

ဖုဟိုင်ဗီလာရပ်ဝန်း။

ချင်းယန်သည် သူ့အိမ်၏ လသာဆောင်တွင် တင်ပျဉ်ခွေ ထိုင်နေခဲ့သည်။ လေက မြက်ပင်တွေနဲ့ သစ်ပင်တွေကို လှုပ်ခတ်သွားစေ၏။ ရှောင်ပိုင်က သူ့အနားတွင် အေးချမ်းစွာ ငြိမ်သက်စွာ စားသောက်ရင်း နိယာမစွမ်းအင်၏ အာဟာရကို ခံစားနေသည်။

ရွှင်း!

ခရမ်းရောင်လျှပ်စီးကြောင်းက သူ့ပတ်ဝန်းကျင်ကို လှည့်ပတ်ကာ မိုးခြိမ်းသံ၊ ဟောက်သံအဖြစ် ထွက်လာရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။ သစ်သားနိယာမသည် စိမ်းမြသော တောက်ပမှုဖြင့် ဆင်းသက်လာပြီး ရှောင်ပိုင် ခန္ဓာကိုယ်ကို စိုစွတ်စေပြီး ဆံပင်မွေးညင်းပေါက်များကို အာဟာရဖြည့်ပေးကာ သူမခန္ဓာကိုယ်ထဲသို့ လုံးလုံးလျားလျား စုပ်ယူသွားခဲ့သည်။

"အရမ်းကောင်းတာပဲ သခင်... နောက်ထပ် ပေးပါဦး"

ရှောင်ပိုင် ချင်းယန်အနား ပိုကပ်လာခဲ့သည်။

"ဒီနည်းနည်းနဲ့ မလုံလောက်ဘူးရယ်...."

သူမ ပြောပြီးနောက် စိမ်းမြသော တောက်ပမှုက နွေဦးမိုးဖွဲလေးတွေလို ရှောင်ပိုင် အပေါ်သို့ ကျဆင်းလာတော့သည်။

"အင်း... သခင် ဒီနေ့ ငါ့ကို အရမ်းသနားကြင်နာတာပဲ"

ရှောင်ပိုင်သည် မြေခွေးအမွေးထဲသို့ အာဟာရအားလုံးကို လောဘကြီးစွာ စုပ်လိုက်သည်။ သူ့အမွေးအမြီးတွေကို လှုပ်ယမ်းပြီး "နေ့တိုင်းဒီလိုသာ ဖြစ်ရင်" ဟု တိုးတိုးလေး ရွတ်လိုက်သည်။

ထိုစဥ် သိမ်မွေ့သော ထိတွေ့မှုတစ်ခုသည် ရေကန်တစ်ခုပေါ်ကျလာသော မိုးရေစက်များကဲ့သို့ စိတ်စွမ်းအင် နယ်မြေထဲ ရုတ်တရက် ပေါ်လာပြီး ဖြည်းညှင်းစွာ လှိုင်းထန်သွားသည်။

"လာနေပြီ!"

ချင်းယန် ရုတ်ချည်း မျက်လုံးပွင့်လာပြီး အဝေးကို စူးစိုက်ကြည့်လိုက်ရာ သူ့မြင်ကွင်းက အထပ်မြင့် အဆောက်အအုံတန်းများကို ဖြတ်ကျော်သွားကာ မြို့ပြင်ကို မရောက်မချင်း မရပ်တန့်ခဲ့ပေ။

တလီတောင်တန်းတွေ၌။

ကောင်းကင်အထက်တွင် ပြင်းထန်သော ရောင်ဝါတစ်ခု ဆုတ်ဖြဲကာ တိမ်ညိုများ ဖုံးလွှမ်းထားသည်။ အုံ့မှိုင်းသော ဖိနှိပ်စွမ်းရည်ပါသည့် လေထုက ပျံ့နှံ့သွားပြီး ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါအချို့ မြို့အစွန်းသို့ ချဉ်းကပ်လာသည်။

"သားရဲ ဒီရေ... နောက်ဆုံးတော့ စလာပြီ"

All Chapters