မင်းအစ်ကိုကြီးရဲ့စကားက ငါ့အလိုအတိုင်းပဲ
Vol. 13 Ch. 178
ဝုန်း!
မျက်ခုံးအလယ်ကို လက်ညိုးထိုးလိုက်စဥ် များပြားလှသော အသိပညာများက သူမခေါင်းထဲ ပေါက်ကြားလာခဲ့သည်။ ခဏလောက်တော့ လီကျစ်ရွှမ်းရဲ့ မျက်လုံးတွေဟာ အသိစိတ် လွတ်သွားသလို ကြောင်အနေခဲ့ကာ သတိပြန်ရလာသောအခါ ဧည့်ခန်းထဲတွင် မဟုတ်တော့ဘဲ မသိသာသောနေရာ ရောက်နေပြီ။
အလောင်းများနှင့် သွေးပင်လယ်ကြီး!
သွေးနံ့က နေရာအနှံ့ ပျံ့လွင့်နေသည်။
မိစ္ဆာများနှင့် နတ်ဆိုးများ ကောင်းကင်မှ ဆင်းသက်လာကြသည်။ အရပ်ရှည်ရှည် အဖြူရောင်ဓားသမားသည် ကောင်းကင်မှ နတ်ဆိုးများကို တစ်ယောက်တည်း ရင်ဆိုင်နေရသည်။
"ဒါက..."
လီကျစ်ရွှမ်း မျက်မှောင်ကြုတ်ကာ အဖြူရောင် ၀တ်ထားသော ဓားသမားကို စိုက်ကြည့်ရင်း ဤအရာသည် ထင်ယောင်ထင်မှား တစ်မျိုးမျိုး ဖြစ်ကြောင်း ယောင်ဝါးဝါး သဘောပေါက်သွားသည်။
"ဒီလို သင်ပေးတာလား"
သူမဆရာသည် ကောင်းကင်တံခါးဖွင့် ဓားချက်ကို ထိုနည်းအတိုင်းပင် သင်ကြားပေးခဲ့ကြောင်း ပြန်သတိရသွားသည်။ သို့သော် သူမ မစဉ်းစားခင် ရုတ်တရက် အဖြူရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။
တိမ်မြုပ်နေသော ဓားအလင်းတန်းတစ်ခုသည် အရုဏ်ရောင်ခြည်ကဲ့သို့ ထွက်ပေါ်လာပြီး ကျယ်ပြောလှသော ကောင်းကင်ကြီးကို ဖြိုခွဲပစ်လိုက်သည်။ လီကျစ်ရွှမ်း ထိုနေရာတွင်သာ အေးခဲနေပြီး အဖြူရောင် အလင်းတန်းက ဆင်းသက်လာကာ သူမ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံထားသည်အား ခံစားလိုက်ရ၏။
ဓားတစ်ချက် ထိုးလိုက်ရင်ဖြင့် ဘဝတစ်ခုလုံး ပျက်စီးသွားတော့မလိုပင်။
"ဟစ်! အရမ်းနာတယ် အစ်ကိုကြီး..."
ဧည့်ခန်းထဲမှ လီကျစ်ရွှမ်းသည် သူမခေါင်းကို ဆုပ်ကိုင်လိုက်ပြီး ဆိုဖာထောင့်မှာ ကပ်နေသည်။ ခေါင်းထဲက အသိပညာတွေက လျှံတက်လာပြီး သူမကို ဖြိုခွဲပစ်ဖို့ ခြိမ်းခြောက်နေသလိုပင်။
နာကျင်မှု!
ပြင်းထန်သော နာကျင်မှုသာ။
"ခဏလေး ခေါင်းမူးတာ ပုံမှန်ပါပဲ...."
ချင်းယန် သူမနောက်ကျောကို ပွတ်သပ်ကာ နူးညံ့စွာ နှစ်သိမ့်ပေးသည်။
"ဒါကို ကျော်ဖြတ်လိုက်... ကောင်းကင်ဖြတ်ဓားသိုင်းကျမ်းက တော်တော်လေးနက်လို့ မွေးရာပါနယ်ပယ် ရောက်မှ သင်ယူနိုင်တာ"
"အင်း..."
လီကျစ်ရွှမ်းလည်း ထိုစကားကြောင့် သွားများကို အံကြိတ်ကာ နဖူးမှ ချွေးရွှဲရွှဲများဖြင့် တောင့်ခံထားလေသည်။ ဆိုဖာပေါ်ပြန်မှီကာ မောဟိုက်နေသဖြင့် ချွေးများဖြင့် စိုရွှဲနေသော သူမအင်္ကျီက ခန္ဓာကိုယ်ကို အနည်းငယ် အကြမ်းဖျင်းဖော်ပြနေပါသည်။
အချိန်တွေက တဖြည်းဖြည်း ကုန်ဆုံးသွားတာ ဘယ်လောက်ကုန်သွားမှန်းပင် မသိ။ သူမစိတ်ထဲက အသိပညာတွေ နောက်ဆုံးတွင်တော့ ကြေညက်သွားခဲ့သည်။
"ကျွန်မ အဆင်ပြေပါတယ် ဆရာတူအစ်ကို...."
သူမ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ရင်း ထိတ်လန့်တကြား ဖြစ်သွားသည်။
"ဒါက တကယ်ပဲ အင်ပါယာအဆင့် ကျင့်စဥ်တစ်ခုလား...."
ဤမျှထိတ်လန့်စရာကောင်းသော ကြယ်စွမ်းအင်အတက်အကျသည် ဧကရာဇ်အဆင့်ထက်ပင် သံသယရှိစရာပင်။ ကံအားလျော်စွာနဲ့ သူမက မွေးရာပါနယ်ပယ် ခွန်အားကို ပိုင်ဆိုင်ထားခဲ့သည်။ အကယ်၍ သူမသာ နောက်ဖွား နယ်ပယ်အဆင့်တွင် ၎င်းကို စုပ်ယူရန် သူ့ကိုယ်သူ အတင်းအကြပ် ခိုင်းစေမိပါက ဒုက္ခိတဘဝ ပြောင်းလဲသွားပေလိမ့်မည်။
"အဆင်ပြေလား?"
ချင်းယန် သူ့လက်ဖက်ရည်ကို သောက်လိုက်ပြီး။
"မင်း ခဏလောက် အနားယူချင်လား"
"မဟုတ်ဘူး မဟုတ်ဘူး ညီမအများကြီးသက်သာပါတယ်"
လီကျစ်ရွှမ်း ခေါင်းယမ်းကာ ခေါင်းပြန်ငုံ့လျက် တိုးတိုးလေး ပြောရင်း :"လေးနက်တဲ့ အဓ ပ္ပာယ်ကိုနည်းနည်း နားလည်သွားပြီ ဒါပေမယ့် ငါ့မှာ မေးစရာတွေ အများကြီး ကျန်နေသေးတယ်... ဆရာတူ အစ်ကိုကြီးကိုပဲ ဒုက္ခပေးရတော့မယ် ထင်တယ်"
"မေးစရာရှိလား?"
ဒါကိုကြားတော့ ချင်းယန် မအံ့သြပါ။ သူမျှော်လင့်ထားပြီးသား ကိစ္စပင်။ ကောင်းကင်ဖြတ်ဓားသိုင်းကျမ်းက လေးနက်ပြီး ဆန်းကြယ်လှသဖြင့် သူ့အလှည့်တုန်းကလည်း ရလဒ်ကို အတင်းအကျပ် ရယူရန် သူကိုယ်တိုင် ဉာဏ်အလင်းကို မှီခိုအားထားခဲ့သည်။
လီကျစ်ရွှမ်း ကဲ့သို့သော ဓားကျွမ်းကျင်ပညာရှင်တစ်ဦးသည် ကျင့်စဥ်ကို အပြည့်အ၀ ဆုပ်ကိုင်နိုင်ရန် အတော်အတန် ကြိုးစားရပေမည်။ ချင်းယန် မျက်ခုံးများကို ဖြေလျှော့ကာ အေးအေးဆေးဆေး ပြောပြလိုက်သည်။
"အဆင်ပြေပါတယ်... မေးစရာရှိတာက သာမာန်ပါပဲ.. လေ့ကျင့်မှုက ပြီးပြည့်စုံတယ် အကြိမ်တစ်ထောင်မေးတာက ကိုယ်တိုင်ကြိုးစားတာထက် ပိုဆိုးတယ်..."
"ညီမတို့ ဘယ်သွားလေ့ကျင့်မှာလဲ"
လီကျစ်ရွှမ်း အလိုလိုမေးပေမယ့် ချင်းယန်က မဖြေခင်မှာပဲ သူမကို လှေကားထစ်ကနေ လှမ်းဆွဲခေါ်သွားတာကြောင့် အံ့သြသွားခဲ့သည်။
"ဟမ်?"
ရှောင်ပိုင် ကြမ်းပြင်ကို သုတ်ရင်း ဒါကို မြင်လိုက်တာနဲ့ မျက်လုံးကို မှိတ်ထားလိုက်သည်။ ပြီးတာနဲ့ လသာဆောင်ဆီ ပြေးသွားပြီး အောက်ဖက်သို့ ငုံ့ကြည့်နေလိုက်၏။
…………..
ခြံဝင်းအတွင်း။
လေထုက မည်းမှောင်တိတ်ဆိတ်နေပြီး ညကောင်းကင် အထက်တွင် တိမ်ညိုများ ဖုံးလွှမ်းနေသည်။ ဆောင်းဦးနှောင်းပိုင်းတွင် ပုရစ်များသည် သေလုမြောပါး အော်ဟစ်ငိုကြွေးကြပြီး အင်းဆက်များ၏ တခစ်ခစ်အူသံများက မှိန်ဖျော့သွားသည်။
"အစ်ကို ကျွန်မတို့ ဒီမှာ ဘာလုပ်နေတာလဲ"
လီကျစ်ရွှမ်း ခြံဝန်းတစ်ဝိုက်ကို ပဟေဠိဆန်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
"ဒီမှာ အရမ်းမှောင်တယ်..."
"အခုက လေ့ကျင့်ဖို့ ပြီးပြည့်စုံတဲ့ အချိန်ပဲ"
ချင်းယန် သူမလက်ကိုဆွဲကာ ခြံအလယ်သို့ ပို့ဆောင်လိုက်သည်။ ထို့နောက် သူက သစ်သီးလှီးဓားတစ်ချောင်းကို ကမ်းပေးလေ၏။
“ဒီမှာ သင်ပေးမယ်”
"ဒီမှာသင်ပေးမှာလား?!"
လီကျစ်ရွှမ်း အံ့အားသင့်သွားသည်။ သူမ သစ်သီးဓားကိုယူကာ ခြံဝန်းကို လှမ်းကြည့်လိုက်သည်။
တိတ်ဆိတ်ပြီး နက်နဲပေမယ့် ဓားသွားလေ့ကျင့်ဖို့ ပစ်မှတ်က ဘယ်မှာလဲ။
ဒီမှာ လေ့ကျင့်သင်ကြားပေးမှာလား။
"ဆရာတူအစ်ကိုကြီး ဘယ်လိုသင်ပေးမှာလဲ"
လီကျစ်ရွှမ်း စိတ်ရှုပ်ထွေးစွာဖြင့် တိတ်တဆိတ် မေးလိုက်သည်။
"ဒီမှာ ခုတ်လို့ရတာ ဘာမှမရှိဘူးလို့ ထင်တာပဲ..
နံရံကို ဓားနဲ့ဆွဲလို့မရဘူး မင်းအိမ်က တစ်ခုခုကို ဖျက်စီးရတာ မိုက်မဲတာပဲ..."
"ဖြတ်စရာ မရှိဘူးလို့ ဘယ်သူပြောလဲ..."
ချင်းယန် ပြုံးပြီး တိမ်ပင်လယ်ကို ညွှန်ပြလိုက်သည်။
"မင်းသွားလေရာတိုင်း ဒီပစ်မှတ်တွေ ရှိနေမှာပဲ မဟုတ်ဘူးလား ဆရာတူညီမလေး"
သူပြောပြီးတာနဲ့ လီကျစ်ရွှမ်း ကောင်းကင်ကို မော့ကြည့်ရင်း မျက်လုံးများ ပြူးကျယ်သွားတော့သည်။ မီးခိုးရောင် ညကောင်းကင်က သူမ၏ မျက်လုံးများတွင် ရောင်ပြန်ဟပ်နေ၏။
အခုကပြီး ကောင်းကင်ကို ဖြတ်ဖို့ သင်ရတော့မှာလား?
ဒါကို နိဒါန်းပျိုးတဲ့ အလေ့အကျင့်လို့ ခေါ်သလား။
"ဘာဖြစ်နေတာလဲ ညီမ... ပြဿနာလို့ရှိလား ငါတို့ဂိုဏ်းထဲမှာ ဒီလိုပဲ"
ချင်းယန် လီကျစ်ရွှမ်းနောက်သို့ လှမ်းတက်လာပြီး သူ့လက်မောင်းကို သူမခါးတွင်တင်ကာ သူ့လက်ကို ညင်သာစွာ တင်လိုက်သည်။ သူ့လေသံက ယခင်အတိုင်း တည်ငြိမ်နေဆဲ။
"ဆရာတူအစ်ကိုက မင်းကို အနောက်ကနေ ကြယ်စွမ်းအားတွေ သွင်းပေးမယ်.... မင်းရဲ့ခန္ဓာကိုယ်ကို ဖြတ်သန်းစီးဆင်းနေတဲ့ ကြယ်စွမ်းအင်ရဲ့ ဦးတည်ရာကို ဂရုတစိုက် ခံစားကြည့်..."
"ဟမ်... ညီမ သိပ်မတတ်သေးဘူး.... ဆရာတူအစ်ကို ညင်သာပေးပါ"
လီကျစ်ရွှမ်း၏ နားရွက်များ နီမြန်းလာပြီး လည်ပင်းကပါ ကြက်သွေးရောင် ပေါက်သွားသည်။ ချင်းယန် တည်ရှိနေတာကို ခံစားလိုက်ရတော့ သူမရဲ့ အသံဟာ ခြင်တစ်ကောင်ရဲ့ အူသံလို နူးညံ့သွားလေ၏။
သူမ လကို မော့ကြည့်လိုက်သည်။ ထို့နောက် ညကောင်းကင်မှ တိမ်များကို အနီရောင် ပလတ်စတစ် သစ်သီးလှီးဓားဖြင့် ညွှန်လိုက်သည်။
"အာရုံမများပါနဲ့ ဆရာတူညီမ... ငါ မင်းကို ဒီတစ်ကြိမ်ပဲ သင်ပေးမှာ!"
ချင်းယန်၏ ခပ်တိုးတိုး သတိပေးချက်ကြောင့် လီကျစ်ရွှမ်း သူမ၏ ဓားသွားအာရုံများဆီသို့ ချက်ချင်း ပြန်ရောက်လာသည်။ ကောင်းကင်က မည်းမှောင်နေသဖြင့် ကြယ်များ သို့မဟုတ် လကို မမြင်ရပါ။ ကောင်းကင်ကြီးက အမှောင်ထုထဲတွင် ဖုံးလွှမ်းနေပြီး အလင်းရောင်တစ်ချက်မှ မမြင်ရ။
နောက်အခိုက်အတန့်တွင်မူ ဓားသွားသည် ကြယ်စွမ်းအင်များဖြင့် အသံတိတ် တုန်ခါသွားခဲ့သည်။ ဓားတစ်ချက်က လေထုထဲ ပြင်းပြင်းထန်ထန် ပေါက်ကွဲထွက်သွားသည်။ တိမ်ပင်လယ်တွေ ကွဲကွာပြီး အေးမြတဲ့ လရောင်က ဖြာကျစီးဆင်းလာကာ ဝင်းပနေတဲ့ အသီးအရွက်တွေကိုတောင် ပေါ်လွင်လာစေခဲ့၏။
တိမ်တွေ ခွဲထွက်ပြီး လကို ထုတ်ဖော်ဖို့ စောင့်မျှော်နေတဲ့ ပန်းပင်လယ်ကြီးက သူတို့ရှေ့မှာပဲ ပြန့်ကျဲနေသည်။ ဒီမြင်ကွင်းကို ကြည့်ရင်း လီကျစ်ရွှမ်းရဲ့ နှလုံးခုန်သံတွေ ခုန်ပေါက်သွားသည်။ သူမ နောက်ပြန်လှည့်ကာ ချင်းယန်အနေအထားကို တစ်ချက်ကြည့်လိုက်ပြီး နားရွက်တွေ နီမြန်းလာပြန်သည်။
လရောင်အောက်မှာ ပန်းပင်လယ်တွေ ပွင့်နေပြီး ဆရာတူအစ်ကိုက သူ့အနားမှာ ရှိနေသည်။
…………
လသာဆောင်ပေါ်မှ ဆံပင်ဖြူဖြူ မိန်းကလေးငယ်သည် လက်ရန်းဘေးမှ ခုန်ဆင်းကာ မြင်ကွင်းတစ်ခုလုံးကို စိုက်ကြည့်နေ၏။ သူမ၏ ခြေထောက်တိုများက တွဲလောင်းကျနေပြီး မျက်လုံးတွေထဲမှာတော့ မနာလိုမှုနှင့် ငြူစူမှုတို့ ရောထွေးနေသည်။
ထူးထူးဆန်းဆန်း ခါးသီးမှုတွေလည်း ရှိနေ၏။
"ဟမ့် နံစော်နေတဲ့ သခင်! ဘက်လိုက်လွန်းတယ်!"
လမ်းရမ်းပေါ်မှ ခုန်ဆင်းကာ ဒေါသတကြီးဖြင့် အိမ်ထဲသို့ လျှောက်သွားလိုက်သည်။ ကြမ်းပြင်ပေါ်က အဝတ်ကို ကောက်ကိုင်လိုက်ပြီး ဒေါသတကြီးဖြင့် ကြမ်းပြင်ကို သုတ်ပစ်လေ၏။
လရောင်အောက်မှာ ပန်းပင်လယ်လေး...
အရာအားလုံး လှပနေတာပဲ..
အဲဒီလူကလွဲရင်ပေါ့၊ အဲဒီလူသားက ငါမဟုတ်ဘူး!
"ဒီမိန်းကလေးက ပိုလှတယ်၊ ပိုကြီးတယ်... ငါကတော့ ခံနိုင်ရည်ရှိတဲ့ အောက်ခြေကပဲ... ဒါပေမဲ့ ဘာထူးခြားလဲ ! ငါက ငါ့သခင်နဲ့ အကြာဆုံးနေခဲ့သူပဲ!"
"ငါက အိမ်မှုကိစ္စတွေကို နေ့တိုင်းလုပ်နိုင်စွမ်းအရှိဆုံးပဲ"
ဒါကိုစဉ်းစားရင်း ရှောင်ပိုင် ခေါင်းငုံ့ပြီး ပြန့်ကားနေတဲ့ ရင်ဘတ်ကို ငုံ့ကြည့်ပြီးနောက် နူးညံ့သိမ်မွေ့တဲ့ ခြေဖဝါးလေးတွေဆီကို ငုံ့ကြည့်ရင်း နှလုံးသားထဲမှာ အထင်အမြင်သေးသွားသလို ခံစားလိုက်ရသည်။
"အကြီးကြီး...အဲဒါကဘာကြီးလဲ?!"
"ဧကရာဇ်အဆင့်ကို ဖြတ်သွားရင် ငါလည်း လူသားအဖြစ် ပြောင်းလဲသွားလိမ့်မယ်... ငါနင့်ကို သေတဲ့အထိ မဆွဲဆောင်နိုင်ဘူးလို့ မယုံဘူး!!!"
…….
ခဏအကြာ။
နာရီသံ မြည်လာသည်။
"အစ်ကို နောက်ကျနေပြီ ညီမ အရင်သွားလိုက်ဦးမယ်..."
လီကျစ်ရွှမ်း တံခါးဝတွင် ရပ်နေပြီး လရောင်က အလွန် နူးညံ့ညင်သာနေသယောင်။
"အဆင်ပြေပါတယ် မင်းအချိန်ရရင် လာလည်လို့ရတယ်"
ချင်းယန် တံခါးလက်ရန်းကို မှီ၍ တံခါးဝတွင် ကြယ်ကျောက်တုံးတချို့ကို ပေးလိုက်သည်။
"ဒါတွေကို ယူသွား"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဆရာတူအစ်ကို..."
လီကျစ်ရွှမ်း ကြယ်ကျောက်တုံးများကို ယူကာ အခန်းတွင်းသို့ တစ်ချက်ကြည့်လိုက်သည်။
"ဆရာ့ကို ပြောပေးလို့ရမလား..."
သူမစကားမဆုံးခင် အတွင်းက အသံတစ်သံ လွှင့်လာသည်။
"သွားတော့... သားရဲဒီရေက နီးလာပြီ ငါမရှိရင် မင်းအစ်ကိုကြီးရဲ့အမိန့်ကို နာခံရမယ်... သူ့ဆန္ဒက ငါ့ရဲ့ဆန္ဒပဲ"
"ဟုတ်... အစ်ကိုပြောတာ သေချာနားထောင်ပါ့မယ်"
လီကျစ်ရွှမ်း စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်သည်။