← Chapters

လီချင်းဟဲ မွေးရာပါနယ်ပယ်ကို အတင်းအကြပ် ထိုးဖောက်ဝင်ရောက်ခဲ့ပြီ

Vol. 13 Ch. 181

လီချင်းဟဲ မွေးရာပါနယ်ပယ်ကို အတင်းအကြပ် ထိုးဖောက်ဝင်ရောက်ခဲ့ပြီ

Vol. 13 Ch. 181

"အား!"

ချင်းယန်ပေါင်ပေါ်သို့ ခုန်တက်ကာ စက်ဝိုင်းပုံစံလှည့်ရင်း သူမ၏အမြီးကို လှည့်ပတ်နေသည်။

ပြောင်သွားပြီ!

တကယ်ပြောင်သွားပြီ!

အမွေးတစ်ပင်မျှ မကျန်တော့ဘဲ လုံးလုံးဗလာဖြစ်ပြီး သူမ၏ ချောမွေ့သော အသားအရေကိုသာ ကျန်တော့၏။

ဒါပေမယ့် မနေ့ညကတင် ရှိနေသေးတယ်လေ!

"အား..... အမွေးတွေ ကျွတ်ပြန်ပြီ ”

ရှောင်ပိုင်မှာ ချင်းယန် ရင်ခွင်ထဲသို့ တိုးဝင်ကာ ရှိုက်ကြီးတငင် ရှိုက်ငိုပစ်လေရာ နှပ်ချေးများ သူ့ဆီ ရွှဲကုန်လေသည်။

"မနေ့ညကတင် ငါ့အိပ်ချိန်တုန်းက ရေတွက်နေသေးတာကို....ဝူးဝူး..."

သူမငိုသံက ပိုကျယ်လာပြီး တခြားသူတွေရဲ့ အာရုံစိုက်မှုကိုပါ ခံရဖို့ ခြိမ်းခြောက်လာပါတော့သည်။

"တိတ်တိတ်နေ!"

ချင်းယန်သည် ရှောင်ပိုင်ခေါင်းကို အမြန်ဖမ်းကာ သူမပါးစပ်ကို ဖုံးအုပ်ကာ ငိုသံများကို အတင်းတိတ်ဆိတ်သွားစေခဲ့သည်။

"ဟမ်...သခင်!"

ရှောင်ပိုင် သူမ၏ နူးညံ့သော လျှာလေးကို ဆန့်ထုတ်လိုက်ပြီး ချင်းယန်လက်ဖဝါးကို နမ်းလိုက်သည်။

"လွှတ်! ငါစိတ်ရှုပ်မခံနိုင်ဘူး ငါ့သားမွေးကို ကယ်ရမယ်!"

"ရပါတယ် အိမ်ပြန်ရောက်ရင် ပြန်စိုက်လိုက်မယ်... သိပ်ကြီးကြီးမားမားလည်း မဟုတ်ပါဘူး..."

ချင်းယန် သူ့လက်ကို ခါထုတ်ကာ သူ့လက်ဖဝါးမှ တံတွေးများကို ရွံရှာစွာ သုတ်ပစ်လိုက်သည်။

“ကျစ်ကျစ်လေး ထွားလာမယ်လို့ ကတိပေးတယ်..."

"မြေခွေးကို မလိမ်နဲ့နော်..."

ရှောင်ပိုင်သည် ချင်းယန်ရင်ခွင်ထဲတွင် အေးချမ်းစွာ အိပ်ပျော်နေသော ကလေးလေးတစ်ယောက်လို နှင်းဖြူဝါဂွမ်းလုံးလေးအလား ကွေးကွေးလေးအိပ်နေသည်။ လူနှင့် မြေခွေးနှစ်ကောင်လုံး မလှုပ်မယှက် ဖြစ်နေသည်။

"ဆရာတူအစ်ကိုက ရှောင်ပိုင်ကို တကယ်သဘောကျတာပဲ!"

လီကျစ်ရွှမ်း သူမ၏ မျက်နှာပေါ်က အပြုံးတစ်ခုဖြင့် သူတို့၏ တုံ့ပြန်မှုကို ကြည့်ကာ ပါးစပ်ကို အုပ်ထားလိုက်သည်။

"ရှောင်ပိုင်က အစ်ကို့ကို အရမ်းတွယ်တာတယ်"

"မင်းကို ဟာသတွေ ပြမိလို့ တောင်းပန်ပါတယ်"

ချင်းယန် ရှောင်ပိုင်ခေါင်းကို ကိုင်လိုက်ပြီး သူ့ဘေးနားရှိ ခွေးခြေလေးကို ပွတ်သပ်လိုက်သည်။

"လာ ညီမလေး.... ဓားခုတ်မှုနဲ့ပတ်သက်ပြီး မေးစရာတွေ ရှိလား ငါတို့အလုပ် မပြီးသေးဘူးမလား"

"ဒါဆို အစ်ကိုကြီးကိုပဲ ဒုက္ခပေးပါရစေ..."

လီကျစ်ရွှမ်း ထိုင်ချလိုက်ကာ ကောင်းကင်ဖြတ်ဓားသိုင်းကျမ်း၏ ကြယ်ပါဝါစီးဆင်းမှုနှင့် ဓား၏ စွမ်းအားအသေးစိတ်ကို မေးမြန်းနေခဲ့သည်။ လရောင်သန်းနေတဲ့ ပန်းပင်လယ်အောက်မှ အဲဒီညက အဖြစ်အပျက်တွေကို ပြန်စဥ်းစားရင်း အချိန်တွေက တဖြည်းဖြည်း ကုန်သွားတော့သည်။

……….

မိနစ်အနည်းငယ်ကြာသည်။

"ဆရာ-"

အပျော်အပါးခေါ်သံက စုံစမ်းရေးလမ်းကြောင်းကို အနှောင့်အယှက် ဝင်ပေးလာသည်။ နှစ်ယောက်သား အသံ၏ ဦးတည်ရာဆီသို့ ကြည့်လိုက်ကြသည်။ လီချင်းဟဲပါပဲ။ သူမကို မတွေ့ရတာ ရက်အတော်ကြာပြီးနောက် သူမရဲ့ အသွင်အပြင်က အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

"ဒါက..."

ချင်းယန် သူ့ဝိညာဉ်စွမ်းအားကို တိုးချဲ့ကာ လီချင်းဟဲ ပတ်ပတ်လည်ကို စူးစမ်းလေ့လာခဲ့သည်။ ကောင်းကင်နှင့် လူသည် ညီညွတ်ပြီး လုပ်ဆောင်မှုတိုင်းသည် ကောင်းကင်လမ်းနှင့် အညီ ဖြစ်သည်။

မွေးရာပါနယ်ပယ်!

"မတွေ့တာ ကြာပြီ ဆရာ... ကျွန်မမှာ သတင်းကောင်း ရှိတယ်"

လီချင်းဟဲ ပြုံးလိုက်တဲ့အခါ ပါးစပ်ထောင့်မှာ နက်နဲတဲ့ ပါးချိုင့်လေးများ ပေါ်လာကာ သူမ နှာခေါင်းကို စောင်းကာ ဂုဏ်ယူစွာ ပြောလိုက်သည်။

"ဒါ မွေးရာပါနယ်ပယ်လား?"

သူမ စကားမဆုံးခင် ချင်းယန်က သူ့မျက်လုံးတွေကို မှိတ်လိုက်ပြီး ဝင်နှောင့်ယှက်လိုက်၏။

"..."

"..."

ဒီစကားကို ပြောပြီးတာနဲ့ နေရာတစ်ခုလုံး ငြိမ်သက်သွားတော့သည်။

"ဆရာ ဘယ်လိုသိတာလဲ?!"

အံ့အားသင့်စရာ ဖြစ်မလာတာကို မြင်လိုက်ရတော့ လီချင်းဟဲ စိတ်ပျက်လက်ပျက်နဲ့ :"ကျွန်မက အံ့အားသင့်စရာလေး ပေးမလို့ဟာ... ဆရာ့တပည့်က အဲဒါကို တကယ်လုပ်ခဲ့တာနော်!"

"ထားပါတော့ မင်းက ငါ့ကို အံ့အားသင့်စေတဲ့သူပဲ... မင်းငါ့ကို အံ့သြအောင် မလုပ်ရင် ပိုကောင်းတာပေါ့"

"အစ်မချင်းဟဲ ဂုဏ်ယူပါတယ်!"

ဒါကိုမြင်တော့ လီကျစ်ရွှမ်း သူမကို ချီးကျူးဖို့ တွန့်ဆုတ်မနေပါ။ သူမက လီချင်းဟဲလက်ကို ရွှင်လန်းစွာ ဆုပ်ကိုင်လိုက်ပြီး။

"နင် မွေးရာပါနယ်ပယ်ကို ဖြတ်သွားမယ်ဆိုတာ သေချာပေါက် သိပြီးသား... လွန်ခဲ့တဲ့ ရက်အနည်းငယ်က နင့်ကိုမတွေ့ရတာ မဆန်းပါဘူး အလုပ်များနေတာပဲ"

"ဟီးဟီး စောစောစီးစီး ငှက်က ပိုးကောင်ဖမ်းစားထားတာ...."

ဒါကိုကြားတော့ လီချင်းဟဲက သူမရဲ့ ဆံပင်တိုတိုကို ဂုဏ်ယူစွာနဲ့ သပ်လိုက်ပြီး။

"အခုချိန်ကစပြီး ငါလည်း မွေးရာပါနယ်ပယ်က သခင်ဖြစ်လာလိမ့်မယ်!"

မလွယ်ဘူးနော်!

ဒါပေမဲ့ အခု ငါ နယ်ပယ်ကို ဖြတ်ကျော်ပြီးသွားပြီ။

တိုးတက်မှုအတွက် ကြီးကျယ်ခမ်းနားသော အစီအစဥ်သည် ယနေ့ကနေ စတင်တော့မည်။

ဆရာဘိုးဘိုး...တပည့် လာပြီ!!!

"ဘယ်လိုလဲ ဆရာ... ဆရာဘိုးဘိုးကို အခုသွား ဂါရဝပြုလို့ရမလား ဟိုတုန်းက ပြောဖူးတယ်လေ! မွေးရာပါနယ်ပယ် ရောက်ရင် ဆရာဘိုးဘိုးနဲ့တွေ့မယ်!!!"

"ကြည့်! မင်းစိတ်လောနေပြန်ပြီ!"

ချင်းယန် သူ့လက်ကို ဝှေ့ယမ်းပြီး :"ဆရာ့ကို တွေ့တာက ပြဿနာမရှိပါဘူး ငါကတိကို ဖျက်မှာ မဟုတ်ဘူး ဒါပေမယ့် မေးစရာက... အခု တံခါးခုံကို ဖြတ်ကျော်ပြီးပြီ မင်းရဲ့ခြေရာကို မင်းတကယ် ရှာတွေ့ပြီလား"

သူ့အသံကျသွားသည်နှင့် ချင်းယန် သူ့စိတ်စွမ်းအားကို စူးစမ်းလေ့လာရန် ထုတ်လွှတ်လိုက်သည်။ လီချင်းဟဲလည်း အလိုလို ချောက်ချားသွားလေ၏။

သူမအသက်ရှုသံက အားနည်းပြီး ဖရိုဖရဲ၊ သူမသွေးကြောတွေက ရောင်ရမ်းပြီး အက်ကွဲနေပြီ။ အတွင်းက ကြယ်စွမ်းအားတွေကလည်း ကမောက်ကမ ဖြစ်နေကာ သူမသည် လုံးလုံးလျားလျား ပြေးလွှားနေသော မြင်းရိုင်းတစ်ကောင်လိုပင်။

ဖရိုဖရဲ!

အရမ်းကိုမှ ဖရိုဖရဲ!

ချင်းယန် တစ်ချက်ကြည့်လိုက်ပြီးနောက် လီချင်းဟဲ ဤအောင်မြင်မှုများကို မည်သို့အောင်မြင်ခဲ့ကြောင်း သိလိုက်သည်။ မွေးရာပါနယ်ပယ်ကို ဖြတ်ကျော်ဖို့ ဒီမိန်းကလေးဟာ ဆေးလုံးရဲ့ အကျိုးသက်ရောက်မှုကို အသုံးချပြီး ဖြတ်ကျော်ဖို့ တွန်းအားပေးခဲ့သည်။ အခု သူမ လျှို့ဝှက်ထားတဲ့ ဖျားနာမှုတစ်ခုကို ခံစားနေရပြီ။

အနာဂတ်အတွက် စိတ်မပူဘဲ လက်ရှိနေ့ရက်ကိုသာ ဆုပ်ကိုင်ထားနေခြင်းသာ။ ဤအရာက သူမအား မွေးရာပါနယ်ပယ်ကို အတင်းအကြပ် ရောက်စေခဲ့သောကြောင့် ထိုနတ်ဆိုးဝါဒများနှင့် မကွာခြားတော့ချေ။

"ဟမ် အစ်ကိုကြီး ဘာကိုဆိုလိုတာလဲ"

လီကျစ်ရွှမ်း အနည်းငယ် မျက်မှောင်ကြုတ်ကာ ချင်းယန်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေပြီးနောက် လီချင်းဟဲကို ပြန်ကြည့်လိုက်သည်။

"အစ်မချင်းဟဲ နင် နယ်ပယ် ဖြတ်ကျော်နေတုန်း တစ်ခုခုလုပ်ခဲ့လား"

"ငါ... ငါ..."

ထိုမေးခွန်းကိုကြားတော့ လီချင်းဟဲ တုံ့ဆိုင်းသွားကာ သူ့မျက်လုံးများက ရှောင်လွှဲသွားသည်။

"လူကြီးမင်းချင်း ဘာတွေပြောနေတာလဲ နားမလည်ဘူး..."

"ဟုတ်တယ် မင်း နားမလည်ဘူး... မင်းရဲ့ ကျင့်ကြံမှုက မတည်မငြိမ်နဲ့ လည်ပတ်နေတယ်... မင်း အမှန်အတိုင်း မပြောရင် ဆရာဘိုးဘိုးဆီ ငါ လိုက်မပို့နိုင်ဘူး"

သူစကားပြောပြီးတာနဲ့ လီချင်းဟဲရဲ့ အားနည်းသောနေရာကို ထိပြီး သူမ ခံစစ်ကို ချိုးဖျက်လိုက်သည်။ ဆရာဘိုးဘိုးရဲ့ မတွေ့ရင် သူမရဲ့ အောင်မြင်မှုတွေက အလကားပဲ မဟုတ်ပါလား။

"မဟုတ်ဘူး၊ မဟုတ်ဘူး... ဆရာ... ကျွန်မ မှားသွားပါတယ်... ပြောမယ် အကုန်ပြောပြမယ်!"

လီချင်းဟဲ စိတ်တိုပြီး ဒေါသတကြီး ခြေထောက်ကို ဆောင့်နင်းလိုက်သည်။ သူသည် မြေပြင်ပေါ်တွင် တဝက်ဝပ်နေပြီး မျက်နှာကို လက်နှင့်အုပ်ကာ ဝမ်းနည်းပူဆွေးလျက်။

"ဟုတ်တယ် မွေးရာပါ ဆေးလုံးရဲ့ အကျိုးသက်ရောက်မှုကို အသုံးချပြီး တံခါးခုံကို ကျော်ဖြတ်ဖို့ လှည့်ဖြားမှုဆချို့ကို သုံးခဲ့တယ်.... မဟုတ်ရင် မွေးရာပါနယ်ပယ် ရောက်ဖို့ အနည်းဆုံး တစ်နှစ်လောက် အချိန်ယူနေရလိမ့်မယ်!"

"အစ်မချင်းဟဲ နင်အရမ်း ပေါ့ဆတာပဲ!"

လီကျစ်ရွှမ်း ညင်သာစွာ ဆူပူကြိမ်းမောင်းရင်း သူမလက်ကို အမြန်ဆွဲထုတ်ပြီး ဝမ်းကွဲရဲ့ ညာဘက်သွေးခုန်နှုန်းကို ဖိလိုက်သည်။

"အား! ရွှမ်းရွှမ်း... ငါ့ကို မထိနဲ့တော့!"

"ရပ်! ငါနင့်ရဲ့ သွေးကြောအခြေအနေကို စစ်ဆေးဖို့လိုတယ်!"

"အား..."

ဝိညာဥ်သွေးကြောတွေက ကွဲအက်သွားကာ ၎င်းတို့ ဖြတ်သန်းစီးဆင်းနေသော ကြယ်စွမ်းအားများက ပေါက်နေပြီ။ ဒီအတိုင်းဆက်သွားရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာတော့မည်။ ယနေ့ ကွယ်ဝှက်ထားသော ရောဂါသည် နောင်နှစ်ပေါင်းများစွာကြာမှ သူမ၏ ညာဘက်မျက်ခုံးကြားကို ထိသွားနိုင်သည်။

"ငါ ငါ... ငါ့ဆရာဘိုးဘိုးကို တွေ့ချင်တယ်"

လီချင်းဟဲ မှားယွင်းသော ကလေးတစ်ယောက်လို ခေါင်းညိမ့်လိုက်သည်။ သူမအသံသည် ပျော့ညံ့လာပြီးရငိး ပျော့ညံ့လာပြီး သူ့အသံတွင် မျက်ရည်များ အရိပ်အမြွက် ပြနေသည်။

"ငါ့ရဲ့ ကျင့်ကြံမှုစွမ်းရည်က တော်ရုံတန်ရုံ မဟုတ်ဘူးလို့ ဘယ်သူပြောလဲ... ငါ ဒီအတိုင်းဆက်သွားရင် သူ့ကို ဘယ်တော့တွေ့နိုင်မှာလဲ မသိဘူး အနည်းဆုံး တစ်နှစ်လောက်တော့ အချိန်ယူနေရလိမ့်မယ်"

"နင်က အရမ်း စိတ်မရှည်ဖြစ်နေတာပဲ အစ်မချင်းဟဲ! နင့်ရဲ့ သွေးကြောတွေ အက်ကွဲနေပြီ!"

"...တောင်းပန်ပါတယ်"

လီချင်းဟဲ နှုတ်ခမ်းကို ဖိကိုင်ကာ ခေါင်းကို အောက်သို့ ငုံ့ထားလိုက်သည်။

"နင်ဘယ်သူ့ကို အသနားခံနေတာလဲ မင်းကျန်းမာရေးကို ဂရုစိုက်ရမယ်လေ...ဘယ်လိုတောင် မိုက်မဲနေတာလဲ!"

လီကျစ်ရွှမ်း မျက်ရည်များဝဲလျက်: "နင့်ရဲ့ သွေးကြောတွေက ပျက်စီးသွားပြီ။ နင်ဘယ်လိုဖြတ်ကျော်သွားမလဲ မွေးရာပါနယ်ပယ်မှာပဲ နေသွားချင်နေတာလား"

"ဒါဆို ငါဘာလုပ်ရမလဲ?"

လီချင်းဟဲ ရှူရှိုက်ပြီး စိတ်ပျက်လက်ပျက်နဲ့။

"ငါ ဆရာဘိုးဘိုးကို တကယ်တွေ့ချင်ခဲ့တာ ငါရုတ်တရက် အတွေးတစ်ခုရသွားတာနဲ့..."

"နင်တစ်သက်လုံး မွေးရာပါနယ်ပယ်မှာပဲ ရပ်နေမယ် ဆိုရင် ဂိုဏ်းကနင့်ကို တပည့်အဖြစ် လက်ခံပါဦးမလား?"

စကားလုံးတွေကြောင့် လီချင်းဟဲ တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး ကြောက်လန့်တကြား ခြေတစ်လှမ်းဆုတ်ကာ မျက်ရည်များ အထိန်းအကွပ်မရှိ စီးကျလာသည်။ လီကျစ်ရွှမ်းလည်း မျက်ရည်တွေ စီးကျလာသည်။

"အိုး... ဒီလောက်ဆို မင်းအမှားကို ဝန်ခံလိုက်ပြီ!"

ချင်းယန် သူ့လက်နှစ်ဖက်ကို ခေါက်လိုက်ပြီး သူတို့ရဲ့ ငြင်းခုံမှုကို ဝင်ရပ်တန့်လိုက်သည်။

"ကျေးဇူးတင်စရာက မင်းဆရာက အခု ဒီမှာရှိနေတုန်းပဲ... ဒါက ကြီးကြီးမားမား မဟုတ်ပါဘူး!"

ထို့နောက် သူက သူ့လက်ညှိုးကို လီချင်းဟဲမျက်ခုံးကြားကို တိုက်ရိုက် ထိုးညွှန်လိုက်သည်။

ဗုန်း!

မိုးကြိုးနှင့် သစ်သား နိယာမစွမ်းအင်တို့ ရောယှက်သွားသည်။ ကြီးမြတ်သော နိယာမနှစ်ခု၏ အပိုင်းအစများကို တစ်ခုတည်းအဖြစ် ပေါင်းစပ်လိုက်တဲ့အခါ ၎င်းသည် နွေဦးမိုးခြိမ်းသံအဖြစ်သို့ ပြောင်းလဲသွားကာ လီချင်းဟဲ၏ သွေးကြောများထဲ ထိုးဖောက် စီးဝင်သွားခဲ့လေသည်။

All Chapters