← Chapters

ဆရာတူအစ်ကိုကတော့ တကယ်နားမလည်နိုင်စရာပဲ

Vol. 13 Ch. 182

ဆရာတူအစ်ကိုကတော့ တကယ်နားမလည်နိုင်စရာပဲ

Vol. 13 Ch. 182

နွေဦးမိုးကြိုးနှင့် မိုးသံက အရာခပ်သိမ်း၏ အခြေခံအုတ်မြစ်ကို မွေးဖွားပေးလာသည်။ ချက်ချင်းပင် နိယာမနှစ်ခုသည် လီချင်းဟဲ၏ သွေးကြော လမ်းကြောင်းတစ်လျှောက် စီးဆင်းသွားသည်။ ပြင်းထန်သော ကုသနိုင်သည့် စွမ်းရည်များ ထွက်ပေါ်လာပြီး ဒဏ်ရာရရှိထားသော နေရာများကို အာဟာရ ဖြည့်သွင်းပေးလေသည်။

ဗုန်း!

ရိုင်းစိုင်းကြမ်းတမ်းသော မိုးကြိုးနိယာမ စွမ်းအင်များက လီချင်းဟဲ ခန္ဓာကိုယ်တစ်လျှောက်တွင် ပြေးလွှားနေ၏။ သူမ၏ ကြယ်စွမ်းအားသည် မုန်တိုင်းထန်နေသော ပင်လယ်ကြီးလို ကမောက်ကမဖြစ်ပြီး အထိန်းအကွပ်မဲ့စွာ တဟုန်ထိုး ခုန်တက်သွားသည်။ ချင်းယန် ပို၍ပင် ရက်စက်ကြမ်းကြုတ်သော အင်အားဖြင့် ဖိချလိုက်သည်။

မိုးခြိမ်းသံက သူမ၏ ပရမ်းပတာများကို နှိမ်နှင်းကာ၊ ကမောက်ကမဖြစ်မှုကို ပြေပျောက်စေပြီး အရာအားလုံးကို ချက်ချင်း ငြိမ်သက်စေခဲ့သည်။

အက်ကွဲနေသော သွေးကြောများ ပြန်လည်ရှင်သန်လာစဥ် သစ်သားနိယာမက နွေဦးလေပြေကဲ့သို့ စီးဆင်းသွားသည်။ မိနစ်ပိုင်းအတွင်း အက်ကြောင်းများ တဖြည်းဖြည်း သက်သာလာပြီး စစ်မှန်သော ချီအနှစ်သာရက အသွေးအသားအဖြစ် ပြန်လည် ပေါင်းစည်းသွားခဲ့သည်။

လီချင်းဟဲ မျက်လုံးများကို မှိတ်ထားသည်။ ငါးသေးသေးလေးများက သူမ၏ခြေဖဝါးပေါ်၌ ညင်သာစွာ ကိုက်စားနေသကဲ့သို့ သူမ၏တစ်ကိုယ်လုံး တုန်ယင်နေသည်။ သူမခန္ဓာကိုယ်အတွင်း ကြယ်စွမ်းအင် စီးဆင်းမှုကို တစ်ဖန်ပြန် စစ်ဆေးလိုက်ရာ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားသည်။

သူမ၏ စစ်မှန်သော ချီစွမ်းအင်သည် တည်ငြိမ်နေခဲ့ပြီး သွေးကြောများက မူလအခြေအနေသို့ ပြန်လည် ရောက်ရှိသွားခဲ့ပြီ။ အချိန်တိုလေးအတွင်းမှာပင် သူမ၏ ပြောင်းလဲနေသော အခြေအနေက လုံးဝ တည်ငြိမ်သွားခဲ့သည်။

"ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?!"

သူမ ချင်းယန်ကို မယုံနိုင်လောက်အောင် ထိတ်လန့်စွာ မော့ကြည့်လိုက်သည်။

သူမ၏ စစ်မှန်သော စွမ်းအင်သည် ဝရုန်းသုန်းကား ဖြစ်နေခဲ့သည်လေ။ သူမ၏ သွေးကြောများ အက်ကွဲသွားခဲ့ကာ ဤပြဿနာများကို ပြုပြင်ရန်မှာ လွယ်ကူသော အလုပ်မဟုတ်ပေ။ ယခုက စက္ကန့်အနည်းငယ် အတွင်းသာ ကြာသွား၏။ ဒီလိုကုသမှုကို လီမိသားစု၏ အခကြေးငွေ မြင့်မားသော ရုပ်ပိုင်းဆိုင်ရာ ကုထုံးများပင် မပြုလုပ်နိုင်ပါ။

ဒါပေမယ့် အခု ချင်းယန်က စက္ကန့်အနည်းငယ်အတွင်းမှာပဲ လုပ်ခဲ့သည်။

အံ့ဖွယ်ပင်။

"ဆရာ! ဆရာက အရမ်း အံ့သြစရာကောင်းတာပဲ... ဘယ်လိုလုပ်လိုက်တာလဲ?!"

လီချင်းဟဲ ချင်းယန်လက်ကို ခါယမ်းလိုက်ပြီး။

"လှည့်ကွက်ကောင်းတွေက အံ့ဩစရာ ကောင်းတယ်တဲ့... ဆရာက တပည့်ကို အချစ်ဆုံးဆိုတာ သိပါတယ် တပည့်ကို နည်းနည်းလေး သင်ပေးပါလား ..."

"ငါ့မှာ အချိန်မရှိဘူး... ငါအဲဒါကို အဖြေရှာဖို့ အချိန်ယူနေတုန်း"

ချင်းယန် ဂရုမစိုက်ဘဲ ပေါ့ပေါ့ပါးပါး ငြင်းပစ်လိုက်သည်။

"မင်းနေကောင်းနေတာပဲ... ငါမင်းကို အချိန်မီတွေ့ခဲ့လို့ပေါ့ နောက်မှ ရောက်လာရင် မင်း မပြန်ကောင်းလာတော့မှာ ကြောက်ရတယ်"

ပြုပြင်ပြီးနောက် နဂိုအတိုင်း ဖြစ်သွားသော လီချင်းတဲ့၏ နယ်ပယ်မှာ မွေးရာပါနယ်ပယ်ပဲ ဖြစ်သည်။

"လာ... အစ်မချင်းဟဲ... ငါ ကြည့်ကြည့်ရအောင်"

လီကျစ်ရွှမ်း လီချင်းဟဲလက်ကိုယူကာ သူမ၏သွေးခုန်နှုန်းကို စမ်းသပ်ကြည့်သည်။ ကြယ်စွမ်းအင်တွေ ပုံမှန်ပြန်ဖြစ်သွားပြီ။ ယခင်က ဖရိုဖရဲဖြစ်ခဲ့ပုံမှာ လှိုင်းထန်ပြီး မတည်မငြိမ်သော ပင်လယ်တစ်ခုလိုပင်။

ယခုမူကား စမ်းချောင်း၏ လှိုင်းလုံးများကဲ့သို့ နူးညံ့လှသည်။

"ဆရာတူအစ်ကို... အစ်ကိုက တော်တော် ကျွမ်းကျင်တာပဲ"

အသေးစိတ် အချက်အလက်များကို မှတ်မိရန်ကြိုးစားရင်း လီကျစ်ရွှမ်း၏ လှပသော မျက်လုံးများ အနည်းငယ် တုန်ခါသွားသည်။

"ဆရာတူအစ်ကို ဘယ်လိုလုပ်လိုက်တာလဲ"

သူက ရိုးရှင်းစွာဖြင့် လီချင်းဟဲနဖူးကို ထိလိုက်သည်နှင့် တခဏချင်းတွင် ဖရိုဖရဲ စွမ်းအင်အားလုံးကို ငြိမ်သက်သွားစေခဲ့သည်။ ဒီလို ကျွမ်းကျင်မှုက အလွန်အမင်း ထူးထူးခြားခြား ရှိရပေမည်။

"ထူးဆန်းတယ်.... အစ်ကိုရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်တောင်လဲ"

လီကျစ်ရွှမ်း မျက်မှောင်ကြုတ်ကာ ချင်းယန်၏ စွမ်းအား အတက်အကျကို အကဲခတ်ကြည့်သည်။

နူးညံ့သိမ်မွေ့သည်။

မသိပါက သာမာန်လူတစ်ယောက်ကဲ့သို့ပင်။ သူဟာ ကျင့်ကြံသူ ဖြစ်ကြောင်း အနည်းငယ်သော အရိပ်အမြွက်ကိုပင် သိရှိနိုင်ခြင်း မရှိပေ။ မွေးရာပါနယ်ပယ် စွန်းစွန်းရှိ လူအိုလီသည် သူ၏ အရိပ်အာဝါသကို ဖုံးကွယ်ထားသော်လည်း သူမ ၎င်းကို ခံစားသိရှိနိုင်ပြီး သူ့နယ်ပယ်ကို ယောင်ဝါးဝါး ဆုပ်ကိုင်ထားနိုင်သည်။

ဒါပေမယ့် ချင်းယန်ရဲ့ အငွေ့အသက်က လုံးဝကို ကွဲပြားပါ၏။ အတိအကျပြောရလျှင် စောစောက လှုပ်ရှားလိုက်သူဟာ သူမရဲ့ ဆရာတူအစ်ကို မဟုတ်ဘဲ သူမကို လှည့်စားစေခဲ့သော ကြယ်ပွင့်စွမ်းအား အတက်အကျဟုပင် တွေးမိသည်။

ဧကန္တ.....

"ဆရာတူအစ်ကိုက ဂိုဏ်းဆရာနယ်ပယ်လား?"

ဒီအတွေးနဲ့ လီကျစ်ရွှမ်း သဲလွန်စတစ်ခုကို ဆုပ်ကိုင်ထားသလိုမျိုး နှလုံးခုန်သွားသည်။

မှန်တယ်!

ဒီအဆင့်ကို ရောက်မှသာလျှင် မိမိရဲ့ ရောင်ဝါကို ဖုံးကွယ်နိုင်မှာပင်။

ချင်းယန် အသက်ဘယ်လောက်ရှိပြီလဲ။

သူသည် အသက်နှစ်ဆယ်ကျော်သာ ရှိသေးပြီး ဂိုဏ်းဆရာနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်သည်။

"အစ်ကိုကြီးက ငယ်သေးတယ်..."

အတွေးကြောင့် လီကျစ်ရွှမ်း၏ ခြေထောက်များ အားနည်းသွားကာ မရပ်နိုင်တော့သလိုတောင် ဖြစ်သွားသည်။ သူမက ကျန်းဟိုင်ရဲ့ နံပါတ်တစ် ပါရမီရှင်။ သူမ၏ အနာဂတ်အောင်မြင်မှုများသည် အဓိပတိကို ကျော်လွန်နိုင်သည် သို့မဟုတ် ပို၍ပင် မြင့်မားလာမည်မှာ သေချာပါသည်။

အခုတော့....

"အကိုကြီးကတော့ တကယ်ကို နားမလည်နိုင်စရာပဲ..."

လီကျစ်ရွှမ်း သူမမျက်လုံးများကို မော့ကြည့်ကာ ချင်းယန်ကို မသိမသာ စိုက်ကြည့်ရင်း သူမ၏ ဆံပင်များကို နားရွက်မှ ခွာလျက် သူမ၏ စိတ်ခံစားမှုများကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။

"ဘာဖြစ်နေတာလဲ ဆရာတူညီမလေး နေမကောင်းဘူးလား?"

ချင်းယန်သည် သူမ၏ မှိတ်တုတ်မှိတ်တုတ် မျက်လုံးများကို မြင်လိုက်ရသဖြင့် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။

"မင်းရဲ့ ကြိုးစားအားထုတ်မှုမှာ လျှို့ဝှက်ထားတဲ့ လေလည်စာ ပေါက်ပြဲသွားအောင် လုပ်ခဲ့တာလား"

"မဟုတ်ပါဘူး မဟုတ်ပါဘူး... ဆရာတူအစ်ကို စိတ်မပူပါနဲ့ ညီမ ဒီလောက်မတုံးပါဘူး... တစ်ခုခုကို တွေးနေတာပါ"

လီကျစ်ရွှမ်း ခေါင်းယမ်းလိုက်သည်။

သူမသည် ချင်းယန်ကို စိုက်ကြည့်ရန် မျက်လုံးများကို မော့ကြည့်ကာ တိုးတိုးလေး ပြောလိုက်ပါ၏။

"ညီနတို့သွားရမယ့် ခရီးက ဝေးသေးတယ်... အနာဂတ်မှာ ညီမကို လမ်းညွှန်မှုတွေ ပိုပေးမယ်လို့ မျှော်လင့်ပါတယ်"

ငါ့ပန်းတိုင်ကို ပြောင်းရမယ်။

ငါ့ဆရာကြီးကို လိုက်ရှာဖူးတယ်။

ယခုမူ ဆရာကြီးက အဝေးကြီးကို ရောက်ရောက်သွားကာ သူ့ကိုဖမ်းရတာက ချောက်ထဲကို ဖြတ်ကူးနေသလိုပဲ။

ဒါပေမယ့် ဆရာတူအစ်ကိုကြီးကိုတော့ ရင်းနှီးနေပြီ။

သူက ငါ့အနားမှာ ရှိနေတယ်။ ငါ ကြိုးကြိုးစားစား အလုပ်လုပ်နေသမျှ လိုက်မှီဖို့ အခွင့်အလမ်း အမြဲရှိနေမှာ!

"ဆရာတူအစ်ကို... အစ်ကို့မှာ လေးနက်တဲ့ လေ့ကျင့်မှု၊ ထူးထူးခြားခြား ဓားရေးကျွမ်းကျင်မှု တစ်ခုရှိတယ်... ပြီးတော့ အစ်ကိုက အစီအရင် ဖွဲ့စည်းပုံတွေနဲ့ အဂ္ဂိရတ်ဆေးတွေ သန့်စင်အောင်နိုင်တယ်...မလုပ်နိုင်တာ တစ်ခုခုရှိသေးလား"

လီကျစ်ရွှမ်းသည် ရှောင်ပိုင်ရဲ့ အိပ်ပျော်နေတဲ့ ခေါင်းကို ကိုင်လိုက်ပြီး :"အစ်ကို ရှောင်ပိုင်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် ထားနိုင်တာ အံ့သြစရာ မရှိပါဘူး..."

ချင်းယန်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"အနာဂတ်မှာ အောင်မြင်မှုတွေအတွက် စိုးရိမ်စရာတွေ အခက်အခဲတွေရှိရင် ငါ့ကို အရင်မေးနိုင်တယ်... မင်းရဲ့တူမလေးလို မိုက်မဲပြီး နယ်ပယ်တွေကို ဖြတ်ကျော်တာမျိုး မလုပ်နဲ့"

"ဟေး ဟေး ဟေး ဒီလောက်ဆို လုံလောက်ပြီ ငါမှားသွားပါတယ် ငါ ဝန်ခံတယ် ငါ့ကို လာမကောက်ကြတော့နဲ့လေ..."

လီချင်းဟဲ မြေပြင်ပေါ်တွင် ဝပ်လျက် ခေါင်းကို တင်းတင်းဆုပ်ကာ :"တောင်းပန်ပါတယ် ဆရာ... ဒီတစ်ခါတော့ ကျွန်မ တကယ်ကို မဆင်မခြင် ဖြစ်လွန်းပြီး အဲဒါကို မစဉ်းစားမိခဲ့ဘူး"

ချင်းယန် ခေါင်းညိတ်လိုက်သည်။

"မဆိုးဘူး...မင်းအမှားလုပ်ခဲ့တာပေမယ့် အပြုသဘောဆောင်တဲ့ သဘောထားနဲ့ ဝန်ခံလိုက်တယ်... နောက်တစ်ကြိမ် ထပ်မလုပ်နဲ့ ရေရှည်အမြင်နဲ့ ကြည့်တတ်အောင် လုပ်ထား!"

"ဟုတ်တယ် အစ်မ... ထပ်မလုပ်နဲ့ အန္တရာယ်များလွန်းတယ် အခု မွေးရာပါနယ်ပယ်ကို ရောက်သွားပြီ... ပိုတောက်ပတဲ့ အနာဂတ်ကို ရနိုင်တယ် မိုက်မဲတာတွေကြောင့် နင့်အနာဂတ်ကို မပျက်စီးစေနဲ့..."

"အိုး... ငါသိပါပြီ ငါထပ်မလုပ်တော့ပါဘူး"

လီချင်းဟဲ သူ့မျက်လုံးတွေကို မှိတ်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"ဆရာနဲ့ ဆရာတူအဒေါ် ပြောတာ မှန်ပါတယ်... ကျွန်မ ထပ်မလုပ်တော့ပါဘူး"

"မဆိုးပါဘူး စိတ်ထားကောင်းတယ်! ဆရာတူအဒေါ်ကို ဘယ်လိုခေါ်ရမှန်းတောင် မသိတာမျိုး မဖြစ်တော့ဘူး.. ငါ မင်းကို ဆုပေးမယ်..."

ဒါကိုကြားတော့ ချင်းယန် စိတ်သက်သာရာ ရသွားသည်။ သူ့လက်ဖဝါးကို လှန်လိုက်ပြီး အဝါရောင်ရှိသော ပုံစံပြားကို ဆွဲထုတ်ကာ လီချင်းဟဲ လက်ထဲ ထည့်ပေးလိုက်သည်။

"ဒါကဘာလဲ?"

လီချင်းဟဲ ပုံကြမ်းကိုယူ၍ သားရေကို ပွတ်သပ်ကာ အစီအရင် ခင်းကျင်းမှုပုံစံကို စောင့်ကြည့်သည်။ သူမ၏ သူငယ်အိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားလေ၏။

အဆင့်ငါး အစီအရင် ဖွဲ့စည်းမှု။

ချင်းမျိုးရိုးက ငါ့ကို ဒါတောင် ပေးတယ်ပေါ့?

"တပည့်လေး... မင်း မွေးရာပါနယ်ပယ်ထဲ ရောက်ပြီဆိုတော့ မင်းရဲ့လက်ဆောင်ကို ဆင်ခြင်ကြည့်ပါ....ဒါက ငါ ပြုပြင်ဖို့ အချိန်ယူထားတဲ့ ကြယ်ခုနစ်ပွင့်အစီအရင် ပုံကြမ်းလေးပဲ...."

ချင်းယန် သူ့လက်ချောင်းတွေကို အစီအရင် ပုံဖော်ထားတဲ့ ပုံစံအတိုင်း ပွတ်ဆွဲကာ လီချင်းဟဲဘက်ကို ကြည့်လိုက်သည်။

"ဒါကို သုတေသနလုပ်ဖို့ ဒါမှမဟုတ် မင်းအသက်ကို ကယ်ဖို့ သုံးနိုင်တယ်... ဒါတွေအားလုံး မင်းအတွက်ပဲ"

လီချင်းဟဲရဲ့ ကြယ်ပွင့်စွမ်းအားက ယခုအခါ အစီအရင် ဖွဲ့စည်းမှုကို အသက်သွင်းရန် လုံလောက်နေပြီ ဖြစ်သည်။ ၎င်းက ပေသို့ခုနှစ်စင်ကြယ် အစီအရင် ဖွဲ့စည်းမှု၏ အသေးစားဗားရှင်းသာ ဖြစ်လို့ မူရင်းလောက် အစွမ်းမထက်ပေမယ့် မွေးရာပါနယ်ပယ်က ကျွမ်းကျင်သူကို အလွယ်တကူ ထောင်ချောက်ဆင်နိုင်ပါ၏။ အစီအရင် ဖွဲ့စည်းမှုအတွင်း ဂိုဏ်းဆရာများလည်း အဖမ်းခံရနိုင်သည်။

All Chapters