← Chapters

ဒူးထောက်လိုက်... ငါ မင်းကို ရောင်းပေးမယ်

Vol. 3 Ch. 32

ဒူးထောက်လိုက်... ငါ မင်းကို ရောင်းပေးမယ်

Vol. 3 Ch. 32

~"မော့လေတဲ့...။ သူက ဘယ်သူလဲ...။ မော့မိသားစုမှာ တစ်ခါမှ မမြင်ဖူးသလိုပဲ"

လင်ရှောင်ရှောင်က စပ်စုစွာ မေးလိုက်သည်။

ဖုန်းဝူချန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။

"မော့ခွန်းရဲ့သားလေ။ မော့လင်အာရဲ့ အစ်ကိုပေါ့။ သူ ဒီလောက်မြန်မြန် ပြန်ရောက်လာလိမ့်မယ်လို့ ငါ မထင်ထားဘူး။ မော့လင်အာဆီက ကြားဖူးတာတော့ သူက အတွေ့အကြုံသစ်တွေ ရှာဖို့ အပြင်ထွက်သွားတယ်တဲ့..."

...ဟူး... အဲ့ဒီကောင်မလေးအကြောင်း စကားထဲထည့်ပြောရတာတောင် စိတ်ကုန်တယ်။

လင်ရှောင်ရှောင်က ခေါင်းညိတ်လိုက်သည်။

"ဒါဆို သဘာဝကျပါတယ်။ ဒါကြောင့် သူက အသွင်ပြောင်းခြင်း ဘုံ တတိယအလွှာ ကျင့်ကြံမှု ရှိနေတာကိုး"

"သွားစို့..."

ဖုန်းဝူချန်က ပြုံးကာပြောရင်း မော့လေရှိရာသို့ တစ်ချက်သာ လှမ်းကြည့်လိုက်သည်။

မော့လေသည် ဖုန်းဝူချန်တို့ထက် အသက်အနည်းငယ် ပိုကြီးသောကြောင့်သာ အသွင်ပြောင်းဘုံ တတိယအလွှာ ကျင့်ကြံမှု ရှိနေခြင်းဖြစ်သည်။ သို့သော် ဝမ်းနည်းစရာမှာ သူ၏ပါရမီသည် မော့လင်အာလောက် မကောင်းခြင်းပင်။

မော့လေ၏ အသွင်ပြောင်းဘုံ တတိယအလွှာ ကျင့်ကြံမှုဖြင့် သူသည် မော့မိသားစုတွင် အင်အားကြီး ပညာရှင်တစ်ဦးအဖြစ် သတ်မှတ်နိုင်နေပြီ ဖြစ်သည်။

...

အသွင်ပြောင်းဘုံသည် ချီသန့်စင်ခြင်းဘုံနှင့် နှိုင်းယှဉ်၍မရပေ။ အသွင်ပြောင်းဘုံသို့ တက်လှမ်းရန် ချီသန့်စင်ခြင်းဘုံ ကျင့်ကြံသူများသည် သူတို့၏ ချီစွမ်းအင်အစစ်အမှန်ကို အစစ်အမှန်ယွမ်အဖြစ်သို့ သန့်စင်ရမည်ဖြစ်သည်။ သို့မဟုတ်လျှင် အသွင်ပြောင်းဘုံသို့ ဘယ်တော့မှ တက်လှမ်းနိုင်မည် မဟုတ်ပေ။

"ချီသန့်စင်ခြင်းဘုံ တတိယအလွှာတဲ့လား...။ ဒီကောင်လေး ပြန်ပြီးတော့ နာလန်ထူလာမယ့်နေ့ ရှိလိမ့်မယ်လို့ ငါတကယ် မထင်ထားဘူး...။ သူ့ရဲ့ ကျင့်ကြံမှုအရှိန်က တကယ်ပဲ ကြောက်စရာကောင်းတာပဲ..."

မော့လေက ဖုန်းဝူချန်၏ နောက်ကျောကို အေးစက်သော အကြည့်များဖြင့် စိုက်ကြည့်ရင်း စိတ်ထဲမှ ကြိမ်းဝါးနေသည်။

"လဝက်အတွင်းမှာ အဖေက ယွမ်တန်ဘုံ ပုဂ္ဂိုလ်ကြီး ဖြစ်ပြီ။ အဲ့ဒီအခါကျရင် မင်းသေရမယ့်အချိန်ပဲ"

ထို့နောက် မော့လေက မထီတရီ ပြုံးလိုက်ပြီးနောက် လှည့်ထွက်သွားသည်။ ဖုန်းဝူချန်ကို အလျင်စလို တိုက်ခိုက်ရန် သူ စိတ်မကူးသေးပေ။

မော့လေ၏ ထွက်ပေါ်လာခြင်းနှင့် သူထုတ်လွှတ်လိုက်သော လူသတ်လိုသည့် အရှိန်အဝါက ဖုန်းဝူချန်ကို သတိပေးရုံသက်သက်သာ ဖြစ်သည်။ သူပြန်ရောက်နေပြီ ဖြစ်ကြောင်း ဖုန်းဝူချန်အား အသိပေးလိုက်ခြင်းပင်။

ကံမကောင်းစွာဖြင့် ဖုန်းဝူချန်က သူ့ကို အလေးအနက်ပင် မထားခဲ့ပေ။

ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့ လမ်းမများပေါ်တွင် ပေါ်လာသောအခါ ပြိုင်ဘက်ကင်းမြို့မှ လူများသည် လေးစားစွာဖြင့် "သခင်လေးဖုန်း" ဟု ခေါ်ဝေါ်ကြပြီး သူတို့၏ မျက်ဝန်းများတွင် လေးစားမှုနှင့် အားကျမနာလိုမှုတို့ဖြင့် ပြည့်နှက်နေ လေသည်။

လက်ရှိ ဖုန်းမိသားစု၏ ဂုဏ်သတင်းမှာ မိုးထိအောင် မြင့်တက်နေသည်ဟု ဆိုနိုင်ပြီး သူတို့သည် မော့မိသားစုကို လုံးဝဖိနှိပ်ကာ ပြိုင်ဘက်ကင်းမြို့၏ အင်အားအကြီးဆုံး မိသားစု ဖြစ်လာခဲ့၏။

အရေးအကြီးဆုံးမှာ ဖုန်းမိသားစုသည် ရတနာခုနစ်ပါး ချီစုစည်းဆေးမှုန့်ကို ရောင်းချနေပြီး ပြိုင်ဘက်ကင်းမြို့နှင့် အနီးတဝိုက်မြို့များတွင် အလွန်ရေပန်းစားနေသည်။ ထို့အပြင် ဝမ်ပေါင်ကုန်တိုက်နှင့်လည်း ပူးပေါင်းဆောင်ရွက်နေသောကြောင့် သူတို့၏ အနာဂတ်မှာ အတိုင်းအဆမရှိပင်။

ရတနာခုနစ်ပါး ချီစုစည်းဆေးမှုန့်၏ သတင်းသည် ဆက်လက် ကျော်ကြားနေပြီး မကြာမီ ထျန်းယန်အကယ်ဒမီသို့ပင် ရောက်ရှိသွားနိုင်ပေသည်။

ထျန်းယန်အကယ်ဒမီတွင် ကျောင်းသားပေါင်းများစွာရှိပြီး ချီသန့်စင်ခြင်းဘုံ ကျောင်းသားများမှာ ပို၍ပင်များပြားရာ ရတနာခုနစ်ပါး ချီစုစည်းဆေးမှုန့် ပေါ်ပေါက်လာမှုသည် ထိုသူတို့အတွက် အကောင်းဆုံး ကျင့်ကြံမှုရတနာ ဖြစ်သည်မှာ သေချာသည်။

ထိုအချိန်ကျလျှင် အကယ်ဒမီမှ အကြီးအကဲများသည် ပြိုင်ဘက်ကင်းမြို့သို့ တစ်ဖန်ပြန်လာကြပြီး ဖော်စပ်နည်းကိုပင် တောင်းဆိုကြလိမ့်မည် ဖြစ်သည်။

ဟုတ်ပါသည်။ ထိုအရာများက နောက်မှ လာမည့် အကြောင်းအရာများ ဖြစ်ချေသည်။

"မဂ်လာပါ ၊ တတိယသခင်လေးခင်ဗျာ"

ဆေးဆိုင်မှ ပိုင်ယွင်ချီက လေးစားစွာ နှုတ်ဆက်လိုက်သည်။

"ဦးလေးပိုင်... ဝါးစက္ကူချပ်ပေါ်က ဆေးပင်တွေကို ကျွန်တော့်အတွက် ပြင်ဆင်ပေးပါ။ နောက်ပိုင်း ဒီဆေးပင်တွေရရင် များများသာ စုထားလိုက်ပါ"

ဖုန်းဝူချန်က ဝါးစက္ကူချပ်အား လွှဲပေးလိုက်သည်။

"ဟုတ်ကဲ့ပါ...။ ခဏစောင့်ပါ တတိယသခင်လေး"

ပိုင်ယွင်ချီက ခေါင်းကို အကြိမ်ကြိမ်ညိတ်ပြသည်။

"အစ်ကိုကြီးဖုန်း... ယန်မိသားစုကလူတွေ ရောက်လာပြီ"

ထိုအခိုက်တွင် လင်ရှောင်ရှောင်က သတိပေးလိုက်ပြီး သူမ၏ လှပသောမျက်လုံးများက ဆိုင်အပြင်ဘက် လမ်းမဆီသို့ ကြည့်နေပြီးဖြစ်သည်။

လမ်းမပေါ်တွင် ယန်မိသားစု အစောင့်တပ်ဖွဲ့ခေါင်းဆောင် ယန်ယွင်ဖေးက အစောင့်တစ်ဒါဇင်ခန့်ကို ဦးဆောင်လာ၏။ သူတို့၏အရှိန်အဝါမှာ ရန်လိုလျက် ရှိသည်။

ဖုန်းဝူချန်က ခေါင်းလှည့်ကြည့်လိုက်ပြီး အေးစက်စွာ ရယ်မောလိုက်သည်။

"ဟား... ရောက်လာကြပြီလား...။ ရတနာခုနစ်ပါး ချီစုစည်းဆေးမှုန့်အတွက်ပဲ ဖြစ်မှာပါ...။"

"ဖုန်းဝူချန်"

ဖုန်းမိသားစု၏ ဆေးဆိုင်သို့ ရောက်သည်နှင့် ယန်ယွင်ဖေးက ဖုန်းဝူချန်ကို အော်ခေါ်လိုက်သည်။

ယန်ယွင်ဖေးသည် ယန်မိသားစု အစောင့်တပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် ချီသန့်စင်ခြင်းဘုံ ဆဋ္ဌမအလွှာ ကျင့်ကြံမှုရှိပြီး အတော်လေး အားကောင်းသည်။

"မင်းမှာ ပြောစရာရှိရင် မြန်မြန်ပြော...။ မဟုတ်ရင်တော့ လစ်လိုက်တော့..."

ဖုန်းဝူချန်က အေးစက်စွာ ပြောလိုက်ပြီး သူ၏မျက်လုံးများမှာ ထက်ရှနေကာ မည်သည့် ဖော်ရွေမှုမှ မပြပေ။

ယခင်က ယန်မိသားစု တစ်စုလုံး စုရုံးကာ ဖုန်းမိသားစုကို လာရောက်စွပ်စွဲခဲ့ခြင်းက ဖုန်းဝူချန်ကို အလွန်အမင်း စက်ဆုပ်ရွံရှာစေခဲ့သည်။ ထို့ကြောင့် သူသည် ယန်မိသားစုမှ လူများကို မည်သည့်မျက်နှာသာမှ ပေးလိမ့်မည် မဟုတ်ပေ။

"မင်းတို့ ဖုန်းမိသားစုက ဆေးမှုန့်တွေ ရောင်းနေတာပဲ...။ ကုန်သွယ်မှုဆိုတာ တရားမျှတရမှာလေ...။ ဘာလို့ ယန်မိသားစုကို မရောင်းပေးတာလဲ"

ယန်ယွင်ဖေးက ဒေါသတကြီး မေးလိုက်သည်။

ဖုန်းဝူချန်က မထီမဲ့မြင် ပြုံးလိုက်သည်။

"အဲ့ဒီမေးခွန်းကိုမေးတာ မင်းတော်တော်မိုက်တာပဲလို့ မထင်ဘူးလား...။ ငါက ဘာလို့ ယန်မိသားစုကို ရောင်းပေးရမှာလဲ...။ ရောင်းပေးရမယ့် အကြောင်းပြချက်တစ်ခုလောက် ငါ့ကိုပေးစမ်းပါ"

"သခင်လေးဖုန်းက ကျုပ်တို့ယန်မိသားစုရဲ့ မျိုးဆက်သစ်တွေ ပါရမီပိုမြင့်ပြီး မင်းတို့ဖုန်းမိသားစုကို ကျော်တက်သွားမှာကို ကြောက်နေတာ မဟုတ်လား"

အစောင့်တစ်ယောက်က ရန်စလိုက်သည်။

"ကျော်တက်မယ်..ခွီးခွီး.။"

ဖုန်းဝူချန်က မထီမဲ့မြင် ဟားတိုက်ရယ်မောလိုက်သည်။

"မင်းတို့ ယန်မိသားစုလောက်နဲ့ ငါ့ဖုန်းမိသားစုကို ကျော်တက်ဖို့ ကြိုးစားနေတာလား...။ ရယ်စရာကောင်းလိုက်တာ...။ အလို…မိုက်မဲလွန်းလို့ ကယ်တင်လို့တောင် မရတော့ဘူး..."

ယန်ယွင်ဖေး၏ မျက်နှာသည် ဒေါသကြောင့် မည်းမှောင်လာပြီး သူက ထွေးထုတ်ပြောလိုက်သည်။

"ဖုန်းဝူချန်...။ မင်းအဖေက မင်းကို စီးပွားရေး လုပ်နည်း မသင်ပေးဘူးလား...။ မင်းက သိသိသာသာကို ပုဂ္ဂိုလ်ရေးအရ လက်စားချေနေတာပဲ"

ဖုန်းဝူချန်က လက်နှစ်ဖက်ကို ဖြန့်ကာ ရယ်မောလိုက်သည်။

"ဟုတ်တယ်...။ ငါ့အဖေက ငါ့ကို စီးပွားရေးအကြောင်း မသင်ပေးဘူး...။ ဘာလို့လဲဆိုတော့ ငါက သင်စရာမလိုဘဲ ကိုယ့်ဘာသာ နားလည်ပြီးသားမို့လို့ပဲ...။ ငါ့ဖုန်းမိသားစုက ဆေးမှုန့်တွေ ရောင်းတယ်...။ ငါတို့ရောင်းချင်တဲ့သူကို ရောင်းမယ်...။ မရောင်းချင်တဲ့သူတွေကတော့ ရမှာမဟုတ်ဘူး...။ မင်းတို့မှာ အရည်အချင်းရှိရင် ကိုယ့်ဘာသာ ဖော်လေ"

"မင်း"

ယန်ယွင်ဖေးမှာ ဒေါသဖြင့် ဆူပွက်နေသော်လည်း မည်သည့် လှုပ်ရှားမှုမှ မပြုလုပ်ရဲပေ။

ဖုန်းဝူချန်က ယန်ယွင်ဖေးကို လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

"မင်းတို့ ဝယ်ချင်ရင်တော့ ရတယ်...။ ယန်ချင်းယွင်က ငါတို့ဖုန်းမိသားစု တံခါးရှေ့မှာ ကိုယ်တိုင် ဒူးထောက်တောင်းပန်ရင်ပေါ့...။ အဲ့ဒီအခါကျရင်တော့ ငါက မဖြစ်ညစ်ကျယ်နဲ့ တစ်ထုပ်လောက် ရောင်းပေးလိုက်မယ်...။ အဲ့လိုမှ မလုပ်နိုင်ရင်တော့ မြန်မြန် လစ်လိုက်တော့...။ ငါ့မှာ မင်းတို့နဲ့ အချိန်ဖြုန်းနေဖို့ အချိန်မရှိဘူး"

"မင်း... မင်း အရမ်းလွန်လာပြီ"

ယန်ယွင်ဖေးက ဟိန်းဟောက်လိုက်သည်။

"ဒါမှမဟုတ်လည်း... မင်းက ငါ့ကို ဒူးထောက်ပြီး ကန်တော့လိုက်လေ...။ အခုချက်ချင်း ဆေးတစ်ထုပ် ရောင်းပေးလိုက်မယ်"

ဖုန်းဝူချန်က မထီမဲ့မြင် ပြုံးကာ ပြောလိုက်သည်။ ဒါက ဖုန်းဝူချန် ကြိုတင်မျှော်လင့်ထားသော ရလဒ်ပင် ဖြစ်သည်။

ယန်မိသားစုက ဝယ်ချင်လျှင် ဝယ်လို့ရသည်။ သို့သော် သူတို့ တောင်းပန်ရလိမ့်မည်။ ဝယ်ချင်သူတိုင်း တောင်းပန်ရမည်သာ ဖြစ်သည်။

ယန်ယွင်ဖေးက ဟိန်းဟောက်လိုက်သည်။

"မင်းကို ဒူးထောက်ရမယ်...ဟုတ်စ။ အိပ်မက်ထဲမှာတောင် မမက်နဲ့"

"ဒါဆို ဆေးဝယ်ချင်တယ် ဟုတ်လား...။ ဆက်ပြီးတော့သာ အိပ်မက်မက်နေလိုက်...။ ဒူးထောက်ပြီး ကန်တော့လိုက်... ငါတို့ ရောင်းပေးမယ်။ ပြီးတော့... ယန်ချင်းယွင်ကိုလည်း ပြောလိုက်...။ ယန်မိသားစုက ဘယ်သူမဆို ဆေးလိုချင်ရင် ဖုန်းမိသားစုကို လာပြီး ကန်တော့ခိုင်းလိုက်...။ အလကားပေးပစ်မယ်"

ဖုန်းဝူချန်ကလည်း မျက်နှာသာမပေးဘဲ တုံ့ပြန်လိုက်သည်။

ဖုန်းဝူချန်၏ မောက်မာသော အမူအရာကို ကြည့်ရင်း ယန်ယွင်ဖေးမှာ ဒေါသဖြင့် မီးတောက်မတတ် ဖြစ်နေပြီး သူ၏မျက်နှာမှာ ဒေါသကြောင့် ရှုံ့မဲ့နေကာ သူ့ကို ပါးရိုက် သတ်ပစ်ချင်နေသော်လည်း မလုပ်ရဲပေ။

ဒီနေရာက ပြိုင်ဘက်ကင်းမြို့...။ ဖုန်းမိသားစုရဲ့ နယ်မြေ။ သူသာ ဒီနေရာမှာ လှုပ်ရှားဝံ့ပါက ဖုန်းကျိန့်ရှုံးက ယန်မိသားစုကို လုံးဝ အလွတ်ပေးမည် မဟုတ်ပေ။

"ယန်ယွင်ဖေး...။ မင်းသာ ငါတို့ တတိယသခင်လေးကို ထိရဲထိကြည့်...။ မင်းကို ငါအခုချက်ချင်း သတ်ပစ်မယ်"

ထိုအခိုက်တွင် ဆေးပင်များ သယ်ပေးဖို့ ရောက်လာသော ပိုင်ယွင်ချီက ယန်ယွင်ဖေးကို လက်ညှိုးထိုးကာ ဒေါသတကြီး အော်ဟစ်ပြီး တိုက်ခိုက်တော့မည့်ဟန်ဖြင့် ပြေးဝင်လာသည်။

ပိုင်ယွင်ချီ ဝင်လာသည်နှင့် ယန်ယွင်ဖေးမှာ ဆက်လက်စကားမပြောရဲတော့ပေ။ နှစ်ဦးစလုံး ချီသန့်စင်ခြင်းဘုံ ဆဋ္ဌမအလွှာဖြစ်သော်လည်း ပိုင်ယွင်ချီက သူ့ထက် အနည်းငယ် ပိုသန်မာသည်။

"ထွက်သွားစမ်း"

ပိုင်ယွင်ချီက ဟိန်းဟောက်လိုက်ပြီး သူ၏ အားကြီးသော အရှိန်အဝါက ပေါက်ကွဲထွက်လာရာ ယန်မိသားစု အစောင့်များမှာ ကြောက်ရွံ့တုန်လှုပ်သွားကြသည်။

ဖုန်းမိသားစုသည် ယခင်ကနှင့်မတူတော့ပေ။ ဖုန်းကျိန့်ရှုံး ယွမ်တန်ဘုံသို့ တက်လှမ်းသွားသည်နှင့် သူတို့၏ အင်အားမှာ ကြီးစွာတိုးတက်လာခဲ့သည်။ ယန်မိသားစုမှာ သူတို့ကို ရင်ဆိုင်ရန် အင်အားမရှိသည့်အပြင် ပြဿနာလည်း မရှာလိုသလို မရှာလည်း မရှာရဲပေ။

"ယန်ယွင်ဖေး...။ ဒီမှာ အချိန်ဖြုန်းနေမယ့်အစား ယန်မိသားစုကို ထောက်ပံ့ဖို့ ပိုက်ဆံဘယ်လိုရှာရမလဲဆိုတာ ပြန်စဉ်းစားတာက ပိုကောင်းမယ်။ မင်းတို့အခုလောလောဆယ်တော့ ဆက်ထိန်းထားနိုင်သေးတယ်...။ ဒါပေမဲ့ ဘယ်လောက်ကြာကြာ ခံနိုင်မလဲ ဘယ်သူသိမှာလဲ"

ဖုန်းဝူချန်က မထီမဲ့မြင်ပြုံးလိုက်ပြီး ဆေးပင်များကို သူ၏ သိုလှောင်လက်စွပ်ထဲသို့ သိမ်းဆည်းကာ လင်ရှောင်ရှောင်နှင့်အတူ ထွက်ခွာသွားသည်။

"သိုလှောင်လက်စွပ်တဲ့လား...။ တတိယသခင်လေးမှာ သိုလှောင်လက်စွပ် ရှိနေပါလားဟေ..." ပိုင်ယွင်ချီမှာ စိတ်ထဲတွင် အကြီးအကျယ် တုန်လှုပ်သွားသည်။

ယန်ယွင်ဖေးနှင့် အခြားသူများလည်း မြင်လိုက်ကြသည်။ ဖုန်းဝူချန် လက်တစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် ဆေးပင်များမှာ ပျောက်ကွယ်သွားသည်။

သိုလှောင်လက်စွပ်တစ်ကွင်း၏ တန်ဖိုးမှာ သာလွန်ကောင်းမွန်သော မှော်လက်နက်တစ်ခုနှင့် တူညီပြီး တစ်ကွင်းတည်းကပင် ရွှေဒင်္ဂါး သောင်းပေါင်းများစွာ တန်ဖိုးရှိပါသည်။

ဖုန်းမိသားစု တစ်ခုလုံးတွင် ဖုန်းကျိန့်ရှုံးနှင့် ဖုန်းချန်ယန်တို့သာ အသုံးအများဆုံး သိုလှောင်လက်စွပ်ကို ပိုင်ဆိုင်ကြပြီး အခြားမည်သူ့မှာမှ မရှိပေ။

ထို့ကြောင့် ဖုန်းဝူချန်ထံတွင် သိုလှောင်လက်စွပ်ကို မြင်လိုက်ရသောအခါ သူတို့ တုန်လှုပ်သွားခြင်းမှာ အံ့ဩစရာ မဟုတ် တော့ပေ။

"ဪ ဟုတ်သားပဲ...။ မင်းတို့ကို ပြောဖို့မေ့နေတာ...။ ငါက ဝမ်ပေါင်ကုန်တိုက်နဲ့ အနီးတဝိုက်က မျိုးနွယ်စုတော်တော်များများကို မင်းတို့ယန်မိသားစုနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဖြတ်တောက်ခိုင်းလိုက်တယ်...။ မင်းပြန်ရောက်ရင် ယန်ချင်းယွင်ကို ဒီသတင်းစကား ပါးလိုက်ဖို့ မမေ့နဲ့ဦး"

ဖုန်းဝူချန်က အေးစက်စွာ ပြုံးကာ ပြောလိုက်ခြင်းပါ

"ဘာ...။ မင်းလုပ်တာလား"

ယန်ယွင်ဖေး၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး အစောင့်တစ်ဒါဇင်မှာ တောင့်တင်းသွားကြသည်။

ဖုန်းဝူချန်မှာ ဝမ်ပေါင်ကုန်တိုက်ကို လှုပ်ရှားစေနိုင်လောက်အောင် အရည်အချင်းရှိသတဲ့လား။ လက်ရှိ ဖုန်းမိသားစုကတော့ တကယ်လုပ်နိုင်လောက်သည်။ သို့သော် ယခင် ဖုန်းမိသားစုကတော့ မလုပ်နိုင်သလို ဖုန်းဝူချန် ကိုယ်တိုင်လည်း မလုပ်နိုင်သည်မှာ သေချာသည်။

ယန်ယွင်ဖေးနှင့် အခြားသူများ၏ အမြင်တွင် လက်ရှိဖုန်းဝူချန်ပင်လျှင် ဝမ်ပေါင်ကုန်တိုက်ကို ယန်မိသားစုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဖြတ်တောက်စေနိုင်လောက်သည့် အရည်အချင်း မရှိသေးပေ။

"ငါ့ကို ထိရင် အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး"

ဖုန်းဝူချန်က အေးစက်စွာ ရယ်မောကာ နောက်သို့ လှည့်မကြည့်ဘဲ ပြောလိုက်သည်။ ဖုန်းဝူချန် ရက်စက်ပြီဆိုလျှင် သူနှင့် ငြိသူများကို ကြောက်ရွံ့စေနိုင်စွမ်း ရှိလေသည်။

"ငါ့ယန်မိသားစု အစောင့်တွေကို သတ်ခဲ့တာလည်း မင်းပဲလား"

တုန်လှုပ်ခြောက်ခြားနေသည့် ကြားမှ ယန်ယွင်ဖေးက ဒေါသတကြီး မေးလိုက်သည်။

"ယန်ယွင်ဖေး...။ မင်းသာ ငါတို့ သခင်လေးကို ထပ်ပြီးတော့ စွပ်စွဲရဲစွပ်စွဲကြည့်...။ ငါ့ကို ရက်စက်တယ်လို့ အပြစ်မတင်နဲ့"

ပိုင်ယွင်ချီက ချက်ချင်းပင် ဒေါသတကြီး ပြန်လည်ဟိန်းဟောက်လိုက်ပြီး ယန်ယွင်ဖေးကို စားမတတ်ဝါးမတတ် စိုက်ကြည့်နေသည်။

"ဟွန့်...။ သွားစို့"

ယန်ယွင်ဖေးက ဒေါသဖြင့် နှာခေါင်းရှုံ့ကာ သူ၏လူများကို ဦးဆောင်၍ ထွက်ခွာသွားသည်။

ယန်ယွင်ဖေးနှင့် သူ၏အဖွဲ့ ထွက်ခွာသွားသည်ကို ကြည့်ရင်း ပိုင်ယွင်ချီက အေးစက်စွာ ရယ်မောလိုက်သည်။

"ယန်ချင်းယွင်...။ ငါတို့ တတိယသခင်လေးက အရင်က လူမဟုတ်တော့ဘူး...။ တတိယသခင်လေး ဘယ်လောက်တောင် ကြောက်စရာကောင်းလဲဆိုတာ မင်းတို့ စိတ်ကူးနိုင်တာထက် အများကြီး ပိုတယ်"

ဖုန်းမိသားစုမှ လူတိုင်းသည် ဖုန်းဝူချန်မှာ ဆေးပညာရှင် တစ်ဦး ဖြစ်ကြောင်း၊ သူ ဖန်တီးခဲ့သော ရတနာခုနစ်ပါး ချီစုစည်းဆေးမှုန့်မှာ ဖုန်းချန်ယန်၏ ဆေးမှုန့်ထက်ပင် ပိုမို အစွမ်းထက်ကြောင်း၊ ကြောက်မက်ဖွယ် ကောင်းလောက်အောင် လျင်မြန်သော ကျင့်ကြံမှု အရှိန်ရှိပြီး ထို့ထက်ပို၍ သူ၏နောက်တွင် အလွန် ကျွမ်းကျင်သော ဆရာတစ်ဦးက ကျောထောက်နောက်ခံ

ပေးထားကြောင်း သိရှိပြီးဖြစ်သည်။

ဖုန်းဝူချန်၏ နောက်ကွယ်မှ ကျွမ်းကျင်သော ဆရာကို ထည့်မတွက်လျှင်ပင် သူ၏ ကြောက်မက်ဖွယ် ကျင့်ကြံမှုပါရမီတစ်ခုတည်းကပင် ကြောက်ရွံ့ထိတ်လန့်စေရန် လုံလောက်နေပြီ ဖြစ်ပါသည်။

ဤသို့သော ပါရမီရှင်တစ်ဦးကို ရန်စခြင်းသည် မိမိ၏အနာဂတ်ကို မိမိကိုယ်တိုင် ဖြတ်တောက်ခြင်းပင် မဟုတ်ပါလော။

ဤလောကတွင် နောင်တအတွက် ဆေးမရှိပေ။ အရာအားလုံးမှာ နောက်ကျသွားခဲ့လေပြီ။

ဖုန်းဝူချန်သည် လင်ရှောင်ရှောင်ကို ခေါ်၍ အပြင််မှာ တစ်ခုခု စားပြီးနောက် ဖုန်းအိမ်တော်သို့ ပြန်လာလိုက်ပါခဲ့သည်။

"အစ်ကိုကြီးဖုန်း...။ ရှင့်အနေနဲ့ သူတို့ကို ဒီလိုမျိုး ရန်စလိုက်တော့ သူတို့အလောတကြီးနဲ့ ပြန်တုံ့ပြန်လာမှာကို မကြောက်ဘူးလား"

လင်ရှောင်ရှောင်က ပြုံးကာ မေးလိုက်သည်။

ဖုန်းဝူချန်က အေးစက်စွာ ပြုံးရင်း

"ယန်မိသားစုက ခြိမ်းခြောက်မှု မဟုတ်တော့ဘူး...။ အဓိကက မော့မိသားစုပဲ။ ယန်မိသားစုက မော့မိသားစုနဲ့ ဆက်ဆံရေးကောင်းတယ်လေ...။ ယန်မိသားစုကို ရန်မစဘဲနဲ့ သူတို့ကို ဘယ်လိုလုပ် လှုပ်ရှားလာအောင် တွန်းပို့နိုင်မှာလဲကွ"

လင်ရှောင်ရှောင်က ပြုံးကာပြောလိုက်သည်။

“ဪ... အဲ့လိုအကြံကိုး...။ အစ်ကိုကြီးဖုန်းက တကယ်ပဲ ဉာဏ်ကောင်းတာပဲရှင်...။ ယန်မိသားစုကိုသုံးပြီး မော့မိသားစုကို လှုပ်ရှားလာအောင် ရန်စတာ...။ အဲ့ဒီနောက်မှာ သူတို့ကို သုတ်သင်ဖို့အတွက် တရားမျှတတဲ့ အကြောင်းပြချက် ရလာမှာပေါ့”

"မင်းကရော ဉာဏ်မကောင်းဘူးလား"

ဖုန်းဝူချန်က ပြုံးကာ ပြန်မေးလိုက်သည်။

ဖုန်းမိသားစု၏ လက်ရှိအင်အားဖြင့် သူတို့သည် မော့မိသားစုကို အမှန်တကယ် သုတ်သင်နိုင်စွမ်းရှိသော်လည်း ဖုန်းကျိန့်ရှုံးမှာ လူရိုး လူဖြောင့် တစ်ဦးဖြစ်ရာ ဖုန်းဝူချန် လိုလားလျှင်ပင် ဖုန်းကျိန့်ရှုံးက သဘောတူမည် မဟုတ်ပေ။

သို့သော် မော့မိသားစုနှင့် ယန်မိသားစုကသာ အရင် စတင်တိုက်ခိုက်မည်ဆိုလျှင်တော့ ဇာတ်လမ်းက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားပေလိမ့်မည်။

"အစ်ကိုကြီးဖုန်း...။ ရှင့်အတွက် ကျွန်မမှာ ရတနာတစ်ခုရှိတယ်"

လင်ရှောင်ရှောင်၏ မျက်လုံးများက တောက်ပလာပြီး သူမ ပြောချင်နေသည်မှာ ကြာပြီဖြစ်ဟန်တူသော စကားကို ရုတ်တရက်ဆိုလိုက်သည်။

"ဘာရတနာလဲ"

ဖုန်းဝူချန်က လင်ရှောင်ရှောင်ကို အံ့ဩစွာ ကြည့်လိုက်သည်။

ရုတ်တရက်…လင်ရှောင်ရှောင် လက်ကောက်ဝတ်ကို လှုပ်လိုက်သည်နှင့် အဖြူရောင် အလင်းတန်း တစ်ခု ပေါ်လာပြီး စာလိပ် တစ်လိပ်မှာ လေထဲမှ ရုတ်တရက် ပေါ်ထွက်လာသည်။

"ဒါက"

ဖုန်းဝူချန်သည် ၎င်းမှာ ကျင့်ကြံခြင်းနည်းစနစ် သို့မဟုတ် သိုင်းပညာတစ်ခုခုဖြစ်မည်ကို တစ်ချက်ကြည့်ရုံဖြင့် သိသော်လည်း မည်သည့်အရာဖြစ်သည်ကိုမူ မသေချာပေ။

"ဒါက သိုင်းပညာတစ်ခုပဲ"

လင်ရှောင်ရှောင်က ပြုံးကာပြောသည်။

"အစ်ကိုကြီးဖုန်း...။ ကျွန်မ ဖုန်းအိမ်တော်မှာ နေလာတာ အတော်ကြာပြီ...။ ဖုန်းမိသားစုရဲ့ ထမင်းဟင်းတွေကိုပဲ စားသောက်နေရတာ...။ အန်တီရှောင်နဲ့ ဦးလေးဖုန်းတို့ကလည်း ကျွန်မအပေါ် အရမ်းကောင်းကြတယ်...။ ရှင့်အနေနဲ့လည်း ကျွန်မအပေါ် အရမ်းကောင်းတယ်လေ...။ ကျေးဇူးဆပ်တဲ့အနေနဲ့ ဒါက ဖုန်းမိသားစုကို ကျွန်မပေးတဲ့ လက်ဆောင်ပဲနော်…”

ဖုန်းဝူချန် ငြင်းဆန်မည်ကို စိုးရိမ်သဖြင့် လင်ရှောင်ရှောင်က ထပ်ပြောသည်။

"အစ်ကိုကြီးဖုန်း မလိုချင်ရင်... ဦးလေးဖုန်းတို့နဲ့ တခြားသူတွေကို ပေးလို့ရပါတယ်...။ ဒါက နက်နဲခြင်း နယ်ပယ် အလယ်အလတ် အဆင့် သိုင်းပညာတစ်ခုပဲ"

လင်ရှောင်ရှောင်၏ စိုးရိမ်နေသော အမူအရာကို မြင်သော် ဖုန်းဝူချန်က ရယ်မောကာ ပြောလိုက်သည်။

“အရူးမလေး...။ မင်း ဒီစကားပြောလာမှာကို ငါစောင့်နေတာ...။ ဟားဟား၊ နက်နဲခြင်း နယ်ပယ် အလယ်အလတ် အဆင့် သိုင်းပညာကို လိုချင်တာပေါ့...။ မလိုချင်ဘူးဆိုရင်တော့ ငါရူးနေလို့ပဲ...။ ပြိုင်ဘက်ကင်းမြို့ တစ်ခုလုံးမှာ နက်နဲခြင်း နယ်ပယ် အဆင့်နိမ့်သိုင်းပညာတစ်ခုပဲ ရှိတာ...။ အဖေတို့သာ ဒီသိုင်းပညာကို သင်ယူနိုင်ခဲ့ရင် သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က တဟုန်ထိုး တက်သွားမှာ သေချာတယ်"

ထိုသို့ ဖုန်းဝူချန်၏ အဖြေကို ကြားသောအခါ လင်ရှောင်ရှောင်မှာ နောက်ဆုံးတော့ စိတ်အေးသွားပြီး ချိုမြိန်စွာ ပြုံးလိုက်တော့သည်။

All Chapters