← Chapters

ကျော်ကြားမှုတို့ ပျံ့နှံ့ခြင်း

Vol. 3 Ch. 33

ကျော်ကြားမှုတို့ ပျံ့နှံ့ခြင်း

Vol. 3 Ch. 33

ု

~ဖုန်းဝူချန်ထံတွင် နတ်ဆိုးနဂါးနတ်ဘုရား၏ မှတ်ဉာဏ်များ ရှိနေသည်။ ထိုမှတ်ဉာဏ်များနှင့်အတူ သူလိုချင်သည့် မည်သည့်ကျင့်ကြံခြင်းနည်းစနစ်မဆို ရရှိနိုင်သည်။ သူသာ ဆန္ဒရှိမည်ဆိုလျှင် ဖုန်းမိသားစုဝင်အားလုံး မြေကမ္ဘာအဆင့် သို့မဟုတ် ကောင်းကင်ဘုံအဆင့် သိုင်းပညာများကိုပင် ကျင့်ကြံနိုင်ပေသည်။

သို့သော် ဖုန်းမိသားစု၏ အင်အားမှာ အလွန်နည်းပါးနေသေး၏။ အကယ်၍ သူတို့သည် အစွမ်းထက်သော သိုင်းပညာများကို ရုတ်တရက် ကျင့်ကြံလိုက်မည်ဆိုလျှင် သံသယဝင်စရာ ဖြစ်လာနိုင်ပြီး မိသားစုအတွက် ဒုက္ခအကြီးအကျယ် ကျရောက်လာနိုင်လေသည်။

...ငါသာ စိတ်ကူးလိုက်မယ်ဆိုရင် ဖုန်းမိသားစုဝင်တွေအားလုံး မြေကမ္ဘာအဆင့်၊ ကောင်းကင်ဘုံအဆင့် သိုင်းပညာတွေကိုတောင် ကျင့်ကြံလို့ရတယ်။ ဒါပေမဲ့... အခုတော့ မဖြစ်သေးဘူး။ ဖုန်းမိသားစုက အင်အားအရမ်းနည်းနေသေးတာ။ ရုတ်တရက်ကြီး အစွမ်းထက်သိုင်းပညာတွေ ကျင့်ကြံလိုက်ရင် သံသယဝင်ကြမှာပဲ...။ အဲ့ဒီအခါကျမှ မိသားစုအတွက် ဒုက္ခအကြီးအကျယ် ရောက်လာနိုင်တယ်...။

ထို့ကြောင့် ဖုန်းမိသားစု၏ အင်အား ပိုမို သန်မာလာသည့် အချိန်ကို စောင့်ဆိုင်းပြီးမှ ဖုန်းဝူချန်က အစွမ်းထက်သော ကျင့်ကြံခြင်းနည်းစနစ်များကို ထုတ်ဖော်ပေးမည် ဖြစ်သည်။

ဤသို့သော ကိစ္စများကို အလျင်စလိုလုပ်၍မရ။ အရေးအကြီးဆုံးမှာ သူတို့၏အင်အားကို မြှင့်တင်ရန်ဖြစ်ပြီး အစွမ်းထက်သော သိုင်းပညာများကို ကျင့်ကြံရန် မဟုတ်သေးပေ။

ဖုန်းမိသားစုသို့ ပြန်ရောက်သောအခါ လင်ရှောင်ရှောင်က နက်နဲခြင်း နယ်ပယ် ဒုတိယတန်းစား သိုင်းပညာကျမ်း

တစ်လိပ်ကို ဖုန်းကျိန့်ရှုံးထံ ပေးအပ်လိုက်ရာ မိသားစုဝင် အားလုံး အတိုင်းမသိ ဝမ်းသာသွားကြသည်။ ၎င်းသည် နက်နဲခြင်း နယ်ပယ် ဒုတိယတန်းစားသာ ဖြစ်သော်လည်း ပြိုင်ဘက်ကင်းမြို့နှင့် ပတ်ဝန်းကျင်မြို့များမှ အင်အားစုအမျိုးမျိုးအတွက်မူ အလွန်အစွမ်းထက်သော တည်ရှိမှုတစ်ခု ဖြစ်နေပြီးဖြစ်သည်။

ဤ နက်နဲခြင်းနယ်ပယ် ဒုတိယတန်း သိုင်းပညာဖြင့် ဖုန်းမိသားစု၏ အင်အားမှာ ပိုမို ကြီးမြင့်လာနိုင်ပြီး အနာဂတ်တွင် သူတို့သည် အဓိကဂိုဏ်းကြီးအချို့နှင့်ပင် တန်းတူရှိလာနိုင်ပေသည်။

...

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဖုန်းမိသားစုဝင်များ၏ ကျင့်ကြံမှု တိုးတက်လာပုံကို ကြည့်ခြင်းအားဖြင့် သူတို့၏ အင်အားသည် ကြောက်မက်ဖွယ်ရာ အရှိန်အဟုန်ဖြင့် တဟုန်ထိုး တက်နေသည်ကို သိနိုင်ပေသည်။

ဖုန်းမိသားစုသည် ဤပြောင်းလဲမှုများကို မြင်တွေ့ခဲ့ရပြီး ၎င်းမှာ သူတို့၏ ထိုးတက်လာမှုအတွက် အစပြုခြင်းပင် ဖြစ်တော့သည်။

ဤအရာအားလုံးကို ဖုန်းဝူချန်က ယူဆောင်လာခဲ့ခြင်းပင်။

ရက်အနည်းငယ်ကြာပြီးနောက် ရတနာခုနစ်ပါး ချီစုစည်းဆေးမှုန့်၏ အစွမ်းထက်သောအာနိသင်များသည် ပြိုင်ဘက်ကင်းမြို့နှင့် အနီးအနားမြို့များမှ လူများကို သိမ်းပိုက်နိုင်ခဲ့သည်။ သူတို့သည် ထိုဆေးမှုန့်အတွက် တစ်နေ့တခြား ပို၍၊ ပို၍ အရူးအမူး ဖြစ်လာကြသည်။

ရတနာခုနစ်ပါး ချီစုစည်းဆေးမှုန့်ဖြင့် ကျင့်ကြံသူများစွာသည် မိမိကိုယ်ကို ပါရမီရှင်များအဖြစ် ခံစားလာရပြီး ယန်မိသားစုနှင့် မော့မိသားစုမှ ပါရမီရှင်များနှင့်ပင် တန်းတူရပ်တည်နိုင်ခဲ့ကြသည်။ ကြောက်မက်ဖွယ် ကျင့်ကြံမှုအရှိန်သည် မွေးရာပါပါရမီ နည်းပါးမှုမှန်သမျှကို လုံးဝ အစားထိုးပေးနိုင်ခဲ့သည်။

လူတစ်ယောက်ကို ပါရမီရှင်အဖြစ် ပြောင်းလဲပေးနိုင်သော ဆေးမှုန့်ဟူသည့် အတွေးက မရေမတွက်နိုင်သော လူအများကို အရူးအမူး ဖြစ်စေခဲ့သည်။

ဟုတ်ပါသည်။ ဒါက ချီသန့်စင်ခြင်းဘုံတွင်သာ ဖြစ်သည်။ အသွင်ပြောင်းဘုံသို့ တက်လှမ်းသွားသည်နှင့် ၎င်း၏အာနိသင်များ ပျောက်ကွယ်သွားသည်။ သို့သော်လည်း ၎င်းက အသွင်ပြောင်းဘုံသို့ ဝင်ရောက်ရာတွင် ရှေ့မှပြေးခွင့်ကို ပေးစွမ်းနိုင်သည်။

အသွင်ပြောင်းဘုံသို့ တက်လှမ်းရန် ရတနာခုနစ်ပါး ချီစုစည်းဆေးမှုန့်သည် လုံးဝ မရှိမဖြစ် လိုအပ်သည်။

ရက်အနည်းငယ်အတွင်းမှာပင် သတင်းသည် ထျန်းယန်အကယ်ဒမီသို့ ပျံ့နှံ့သွားခဲ့ပြီး ရတနာခုနစ်ပါး ချီစုစည်းဆေးမှုန့်သည် ချီတိုးပွားဆေးမှုန့်ထက် ဆယ်ဆပိုမို အစွမ်းထက်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ ထိုအခါ ကျောင်းသားများ မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားကာ အကယ်ဒမီမှ ချက်ချင်းထွက်၍ ပြိုင်ဘက်ကင်းမြို့မှ ရတနာခုနစ်ပါး ချီစုစည်းဆေးမှုန့်ကို သွားဝယ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာခဲ့သည်။

သူတို့ကို ပို၍ အံ့အားသင့်စေသည်မှာ ဤအစွမ်းထက်သော ရတနာခုနစ်ပါး ချီစုစည်းဆေးမှုန့်ကို ဖုန်းမိသားစုမှ အကြီးအကဲတစ်ဦးက တီထွင်ခဲ့ခြင်းပင်။

ဤသတင်းကို ကြားလိုက်ရသောအခါ မော့လင်အာ၏ နားထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပေါက်ကွဲသွားပြီး သူမ လုံးဝ မှင်တက်သွားတော့သည်။

...ငါနဲ့ ဖုန်းဝူချန် ပြတ်သွားပြီးကတည်းက အရာအားလုံး ပြောင်းလဲသွားသလိုပဲ...။

မော့လင်အာသည် သူမနှင့် ဖုန်းဝူချန်တို့ လမ်းခွဲပြီးနောက် အရာရာ ပြောင်းလဲသွားသည်ဟု ခံစားခဲ့ရသည်။

အကယ်ဒမီ၏ ကျောင်းအုပ်ကြီးနှင့် အကြီးအကဲကြီးသုံးဦးမှာလည်း အညီအမျှပင် တုန်လှုပ်ခြောက်ခြားခဲ့ကြသည်။ စတုတ္ထအဆင့် ဆေးပညာရှင်ဖြစ်ပြီး အကြီးအကဲများထဲတွင် အသက်အကြီးဆုံးဖြစ်သော ကျန်းယွင်ထျန်းသည် ချီတိုးပွားဆေးမှုန့်ထက် ဆယ်ဆပိုပြင်းသည်ကိုထားဦး၊ ရတနာခုနစ်ပါး ချီစုစည်းဆေးမှုန့်အကြောင်းကိုပင် တစ်ခါမှ မကြားဖူးခဲ့ပေ။

"ဖုန်းချန်ယန်က အဆင့်နှစ် ဆေးပညာရှင်အဖြစ်ကို ခုလေးတင်မှ တက်လှမ်းနိုင်ခဲ့တာ...။ သူက ရတနာခုနစ်ပါး ချီစုစည်းဆေးမှုန့်ကို တီထွင်နိုင်ခဲ့တယ် ဟုတ်လား။ ချီတိုးပွားဆေးမှုန့်ထက် ဆယ်ဆပိုပြင်းတယ်လို့ ပြောကြတယ်။ အဲ့ဒါ ဖြစ်နိုင်ပါ့မလား"

အကြီးအကဲစုက သူ၏သံသယကို ထုတ်ဖော်ပြောလိုက်သည်။ ၎င်းမှာ ယုံရအလွန်ခက်ခဲလှသည်။

"သတင်းက ပြိုင်ဘက်ကင်းမြို့ကနေ ရောက်လာပြီးသားပဲ။ မှားနိုင်စရာတော့ မရှိဘူး"

ရှင်းထျန်းဖုန်းက လေးနက်စွာ ဆိုလိုက်သည်။ သူကိုယ်တိုင်ပင် ဖုန်းချန်ယန်က ထိုသို့အစွမ်းထက်သော ဆေးမှုန့်ကို တီထွင်နိုင်ခဲ့သည်ကို ယုံရခက်နေပါသည်။

အကယ်၍ ၎င်းကို ဖုန်းချန်ယန်က အမှန်တကယ် တီထွင်ခဲ့သည်ဆိုပါက အစွမ်းထက်သော ဆေးပညာရှင်မည်မျှသည် ဤအဆင့်နှစ် ဆေးပညာရှင်တစ်ဦး၏ အရိပ်အောက်တွင် မှေးမှိန်သွားရမည်နည်း။

"ရတနာခုနစ်ပါး ချီစုစည်းဆေးမှုန့်က တကယ်ပဲ အဲ့ဒီလောက် အစွမ်းထက်တဲ့ အာနိသင်တွေရှိတယ်ဆိုရင် ဒါက ကျုပ်တို့အကယ်ဒမီအတွက် အရမ်းကို အရေးပါတာပေါ့"

ကျန်းယွင်ထျန်းက ပြောလိုက်သည်။ စတုတ္ထအဆင့် ဆေးပညာရှင်တစ်ဦးအနေဖြင့် သူသည် ရတနာခုနစ်ပါး ချီစုစည်းဆေးမှုန့်၏ တန်ဖိုးအမှန်ကို မည်သူ့ထက်မဆို ပို၍သိသည်။

ရှင်းထျန်းဖုန်းက ခေါင်းညိတ်လိုက်သည်။

"အကြီးအကဲ ပြောတာ လုံးဝမှန်ပါတယ်။ အကယ်ဒမီရဲ့ ကျောင်းသားတွေ ကျင့်ကြံမှုအဆင့်ကို အလျင်အမြန် တိုးတက်နိုင်ဖို့အတွက် ဖော်စပ်နည်းကို ရယူနိုင်ရင် အကောင်းဆုံးဖြစ်မှာပဲ"

"ကျောင်းအုပ်ကြီး... အကြီးအကဲများခင်ဗျာ"

ထိုအခိုက်အတန့်၌ နည်းပြဆရာလီသည် ခန်းမကြီးထဲသို့ ဝင်လာ၏။

"နည်းပြလီဖုန်း...။ မင်းကို ပြိုင်ဘက်ကင်းမြို့ကို လွှတ်လိုက်တာ မဟုတ်ဘူးလား"

အကြီးအကဲစုက မေးလိုက်ခြင်းပါ။

"အခု သွားစရာမလိုတော့ပါဘူး။ ပြိုင်ဘက်ကင်းမြို့က လင်းမိသားစုက ရတနာခုနစ်ပါး ချီစုစည်းဆေးမှုန့်ကို လူတစ်ယောက်နဲ့ လင်းယိုဆီကို ပို့ပေးလိုက်ပါပြီ။ ကျွန်တော် လင်းယိုဆီကနေ တစ်ထုပ်ယူလာပြီး အကြီးအကဲကို ပြဖို့ ယူလာခဲ့တာပါ"

နည်းပြလီက ထိုသို့ လေးစားစွာ ပြောပြီးနောက် ဆေးမှုန့်ကို တရိုတသေ ကမ်းပေးလိုက်သည်။

ကျန်းယွင်ထျန်းက ဆေးမှုန့်ကို စိတ်အားထက်သန်စွာ ယူလိုက်သည်။ အနံ့ခံကြည့်ရုံမျှဖြင့်ပင် အစွမ်းထက်သော အာနိသင်ဟု သေချာသွားပြီး သူ၏

မျက်နှာအမူအရာမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားတော့သည်။

ကျန်းယွင်ထျန်း၏ စိတ်လှုပ်ရှားမှုကို မြင်တွေ့ရသောအခါ ရှင်းထျန်းဖုန်းနှင့် အခြားသူများမှာ ဆေးမှုန့်၏ စစ်မှန်သောအာနိသင်ကို ယုံကြည်သွားကြသည်။

"ဒီဆေးမှုန့်ရဲ့ အာနိသင်က ချီတိုးပွားဆေးမှုန့်ထက် အဆတစ်ဆယ်ကျော် အားကောင်းတာ အမှန်ပဲ။ ဖုန်းချန်ယန်က တကယ်ပဲ အံ့ဖွယ်ဆေးမှုန့် တစ်မျိုးကို တီထွင်နိုင်ခဲ့တာပဲ"

ကျန်းယွင်ထျန်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ရှင်းထျန်းဖုန်းကလည်း ခေါင်းညိတ်လိုက်သည်။

"ကြည့်ရတာတော့ အကြီးအကဲအနေနဲ့ ပြိုင်ဘက်ကင်းမြို့က ဖုန်းမိသားစုဆီကို အချိန် စောပြီး သွားလည်ပြီးတော့ ဖော်စပ်နည်းကို ယူဆောင်လာနိုင်ဖို့ မျှော်လင့်ရမှာပဲ"

ကျန်းယွင်ထျန်းက ခေါင်းခါလိုက်ကာ

"အခုက အချိန်မသင့်သေးဘူး။ ရတနာခုနစ်ပါး ချီစုစည်းဆေးမှုန့်က အခုမှ ထွက်တာ...။ သတင်းက အကယ်ဒမီကို ရောက်လာပြီဆိုတော့ တခြားမိသားစုတွေနဲ့ အင်အားစုတွေဆီကိုလည်း သတင်းရောက်လောက်ပြီ...။ အခု သွားတာက မသင့်တော်ပါဘူး"

"အင်း... ဖုန်းဝူချန်က ဘာပဲဖြစ်ဖြစ် အကယ်ဒမီက ကျောင်းသား

တစ်ယောက်ပဲလေ။ ဖြစ်နိုင်တာကတော့ ဖုန်းမိသားစုက ကျုပ်တို့ကို ဖော်စပ်နည်း ပေးဖို့ သဘောတူလောက်ပါတယ်။ အလျင်စလို လုပ်စရာ မလိုပါဘူး"

ရှင်းထျန်းဖုန်းက ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။

ရတနာခုနစ်ပါး ချီစုစည်းဆေးမှုန့်၏ ပေါ်ပေါက်လာမှုသည် ဖုန်းမိသားစုနှင့် ဖုန်းချန်ယန်၏ ဂုဏ်သတင်းကို တစ်နေ့တခြား ကြီးမားလာစေခဲ့သည်။

မိုင်တစ်သောင်းအတွင်းမှ မိသားစုများနှင့် အင်အားစုများသည် ဖုန်းမိသားစုထံသို့ လက်ဆောင်များဖြင့် လာရောက်ကြသည်။ ဖုန်းမိသားစုသည် ကြီးမားသော ဂုဏ်ကျက်သရေကို ခံစားခဲ့ရပြီး လက်ဆောင်များမှာ ခန်းမကြီးထဲတွင် တောင်လိုပုံနေသည်။

မိသားစုနှင့် အင်အားစုတစ်ခုချင်းစီမှ အဆင့်မြင့်ကိုယ်စားလှယ်များသည် ဖုန်းကျိန့်ရှုံးကို အလွန်လေးစား ရိုသေစွာ ဆက်ဆံကြသည်။

ရတနာခုနစ်ပါး ချီစုစည်းဆေးမှုန့်ကို ဝယ်ယူရန် လာရောက်ခြင်းအပြင် ဤမိသားစုများနှင့် အင်အားစုများသည် ဖုန်းမိသားစုနှင့် ပူးပေါင်းဆောင်ရွက်လိုကြပြီး သူတို့အနေနှင့် မျက်နှာရစေရန် အစွမ်းကုန် ကြိုးစားကြသည်။

အခြားနေရာများမှ ဆေးပညာရှင်များပင် ဖုန်းမိသားစုထံသို့ ရောက်လာခဲ့ကြသည်။

ပြိုင်ဘက်ကင်းမြို့မှ လူများသည် အလွန်ပင် အားကျနေကြသည်။

...ဖုန်းမိသားစုမှာ ဒီလိုမျိုး ခမ်းနားထည်ဝါတဲ့ နေ့ကို မြင်ရလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး...။ အခုတော့ ငါတို့မိသားစုရဲ့ အစောင့်တွေတောင် လမ်းပေါ်မှာ ဝံ့ကြွားပြီး လျှောက်နေကြပါလား...။

ဖုန်းကျိန့်ရှုံးသည် နေ့ရက်များကို မြင်တွေ့ရလိမ့်မည်ဟု ဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့ဖူးပေ။

ဤအရာအားလုံးကို ဖုန်းဝူချန်က ဆောင်ယူလာခဲ့ခြင်းပင် ဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ ရတနာခုနစ်ပါး ချီစုစည်းဆေးမှုန့်၏ သတင်းသည် အင်ပါယာအတွင်းရှိ အဓိကမျိုးနွယ်စုကြီးများနှင့် အင်အားစုအချို့၏ နားသို့ ရောက်ရှိသွားခဲ့ပြီး ထိုအကြောင်းကို မကြားဖူးသူများမှာ တုန်လှုပ်ခြောက်ခြားသွားကြသည်။

အဆင့်နှစ် ဆေးပညာရှင်တစ်ဦးက ဒီလောက်အစွမ်းထက်တဲ့ ဆေးမှုန့်ကို ဖော်စပ်နိုင်ခဲ့တယ် ဟုတ်လား။

များပြားလှသော မျိုးနွယ်စုများနှင့် အင်အားစုများက ပြိုင်ဘက်ကင်းမြို့ရှိ ဖုန်းမိသားစုထံ ဂုဏ်ပြုရန် အလည်အပတ် ခရီးစဉ်ထွက်လာကြခြင်းသည် အကောင်းဆုံး သက်သေပင်ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

ချီတိုးပွားဆေးမှုန့်ကို လုံးဝအစားထိုးနိုင်ခဲ့သော ရတနာခုနစ်ပါး ချီစုစည်းဆေးမှုန့်၏ ပေါ်ထွက်လာမှုသည် ကုန်းမြေကြီးပေါ်တွင် အံ့ဖွယ်တစ်ခုပင်။

...

**ဟွမ်ဖူမိသားစု၌…**

"ပြိုင်ဘက်ကင်းမြို့က ဖုန်းမိသားစုဆိုတာ ဖုန်းဝူချန်ရဲ့ မိသားစု မဟုတ်လား။ အဲ့ဒီအဘိုးကြီး ဖုန်းချန်ယန်က ဒီလောက်အစွမ်းထက်တဲ့ ဆေးမှုန့်ကို ဘယ်လိုလုပ် တီထွင်နိုင်ခဲ့တာလဲ"

ခန်းမဆောင်ထဲမှ အကြီးအကဲတစ်ဦးက သူ၏အံ့ဩမှုကို ထုတ်ဖော်ပြောလိုက်သည်။

"အကြီးအကဲ...။ ဒါက လုံးဝအမှန်ပါ...။ ပြီးတော့ အခု ဖုန်းဝူချန်က အသုံးမကျတဲ့သူ မဟုတ်တော့ဘဲ ချီသန့်စင်ခြင်းဘုံကို တက်လှမ်းနိုင်ခဲ့တဲ့ ပြိုင်ဘက်ကင်းမြို့ရဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ဖြစ်နေပါပြီ"

လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက လေးစားစွာ သတင်းပို့သည်။

ပင်မနေရာတွင် ထိုင်နေသော မိသားစုခေါင်းဆောင် ဟွမ်ဖူက ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။

"အဆင့်နှစ် ဆေးပညာရှင်တစ်ယောက်က ရတနာခုနစ်ပါး ချီစုစည်းဆေးမှုန့်ကို တီထွင်နိုင်ခဲ့တာက တကယ်ပဲ ရှားပါးပြီး ဂုဏ်ယူစရာကောင်းတယ်။ ဖုန်းမိသားစုက အခုဆိုရင် ကျော်ကြားမှု ပျံ့နှံ့နေပြီလို့ ပြောလို့ရတယ်။ ဒါပေမဲ့ သူတို့သာ လွှမ်းမိုးချင်တယ်ဆိုရင်တော့ ငါတို့ဟွမ်ဖူမိသားစုက သဘောတူမတူကို အရင်မေးရလိမ့်မယ်"

အကြီးအကဲ၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားသည်။

"ရတနာခုနစ်ပါး ချီစုစည်းဆေးမှုန့်က ပစ္စည်းကောင်းပဲ။ ကျုပ်တို့ ဖော်စပ်နည်းကို ရအောင်ယူရမယ်"

"မော့မိသားစုနဲ့ ဖုန်းမိသားစုက မျက်နှာချင်းဆိုင်ပြီးပြီဆိုတော့ ဒီကိစ္စကို မော့ခွန်းကိုပဲ ကိုင်တွယ်ခိုင်းလိုက်ကြစို့"

မိသားစုခေါင်းဆောင် ဟွမ်ဖူက ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။

ရတနာခုနစ်ပါး ချီစုစည်းဆေးမှုန့်သည် ဟွမ်ဖူမိသားစုကဲ့သို့သော အဓိကမိသားစုကြီးများ၏ အာရုံစိုက်မှုကိုပင် ရရှိခဲ့ရာ ၎င်း၏တန်ဖိုးကို သက်သေပြနေသည်။

ဟွမ်ဖူမိသားစုအပြင် အခြားအဓိကအင်အားစုအချို့ကလည်း ရတနာခုနစ်ပါး ချီစုစည်းဆေးမှုန့်ကို မျက်စိကျနေကြသည်။

ရတနာခုနစ်ပါး ချီစုစည်းဆေးမှုန့်ကြောင့် ဖုန်းမိသားစုသည် လူအများ၏ အာရုံစိုက်မှုဗဟိုချက် ဖြစ်လာခဲ့သော်လည်း ပစ်မှတ်တစ်ခုလည်း ဖြစ်လာခဲ့သည်။

...

မျက်စိတစ်မှိတ်အတွင်း နောက်ထပ်သုံးရက် ကုန်လွန်သွားခဲ့ပြီး ရတနာခုနစ်ပါး ချီစုစည်းဆေးမှုန့်၏ သတင်းသည် မိုင်ပေါင်းသောင်းချီ ပျံ့နှံ့သွားခဲ့သည်။ ဖုန်းမိသားစုမှာ အလွန်ပင် ကျော်ကြားနေပြီ ဖြစ်သည်။

ရတနာခုနစ်ပါး ချီစုစည်းဆေးမှုန့်၏ သတင်းသည် အင်ပါယာ ဗိုလ်ချုပ်ကြီး၏ စံအိမ်တော်သို့ပင် ရောက်ရှိသွားခဲ့သည်။

ချီတိုးပွားဆေးမှုန့်ထက် ဆယ်ဆပိုမိုအားကောင်းသော ရတနာခုနစ်ပါး ချီစုစည်းဆေးမှုန့်သည် ဗိုလ်ချုပ်ကြီး၏ အာရုံစိုက်မှုကိုလည်း ရရှိခဲ့သည်။

အင်ပါယာသည် ၎င်း၏စစ်သားများကို လေ့ကျင့်ပေးရာ၌ ရတနာခုနစ်ပါး ချီစုစည်းဆေးမှုန့်သည် မရှိမဖြစ်လိုအပ်သည်။ ဤဆေးမှုန့်ဖြင့် ချီသန့်စင်ခြင်းဘုံရှိ စစ်သားများသည် အသွင်ပြောင်းဘုံသို့ အမြန်ဆုံးအရှိန်နှင့် အတိုဆုံးအချိန်အတွင်း တက်လှမ်းနိုင်ပြီး စစ်သားများ၏ တိုက်ခိုက်ရေးစွမ်းအားကို ကြီးစွာ တိုးမြှင့်ပေးနိုင်မည်။ မဟုတ်ပါလော။

"သာမန် ပြိုင်ဘက်ကင်းမြို့လေးမှာ ဒီလောက် အစွမ်းထက်တဲ့ ဆေးမှုန့်ကို ဖော်စပ်နိုင်တဲ့ ဆေးပညာရှင်

တစ်ယောက်ရှိတယ်တဲ့...။ ပြီးတော့ အဆင့်နှစ် ဆေးပညာရှင်

တစ်ယောက်တဲ့..."

ဗိုလ်ချုပ်ကြီး၏ စံအိမ်တော်မှ လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးက အတော်ပင်အံ့ဩစွာ ရေရွတ်လိုက်သည်။

ထိုလူလတ်ပိုင်းအရွယ် အမျိုးသားမှာ အသက်သုံးဆယ်ခန့်ရှိပြီး ရုပ်ရည်ခန့်ညားကာ အားကောင်းသော ယောက်ျားတစ်ဦး၏ အရှိန်အဝါနှင့် ဂုဏ်သိက္ခာကို ထုတ်လွှတ်နေသည်။ သူကား အခြားသူမဟုတ် ဗိုလ်ချုပ်ကြီးအဖြစ် သမိုင်းတွင် ကျော်ကြားပြီး အင်ပါယာ၏ စစ်သည်အားလုံးကို အုပ်ချုပ်ရသူ ဖြစ်သတည်း။

ယဲ့ချန်းချုံ၏ တည်ရှိမှုသည် အင်ပါယာတစ်ခွင်တွင် ကျော်ကြားပြီး အလွန်အမင်း လေးစားခံရကာ အင်ပါယာ၏ နန်းတွင်း အကြံ‌ပေးနှင့်ပင် တန်းတူဖြစ်သည်။ နိုင်ငံရပ်ခြားမှ ဗိုလ်ချုပ်ကြီးများပင် သူ့ကို အလွန်လေးစားကြသည်။

ယဲ့ချန်းချုံသည် လက်ရှိ ယဲ့မိသားစု၏ ခေါင်းဆောင်လည်းဖြစ်ပြီး ၎င်းမှာ အင်ပါယာ၏ အဓိကမိသားစုကြီး တစ်ခုဖြစ်ကာ ဟွမ်ဖူမိသားစုထက် အင်အားအဆများစွာ သာလွန်သည်။ ယဲ့ မိသားစု၏ အမြင်တွင် ဟွမ်ဖူ မိသားစုမှာ မျိုးနွယ်စုငယ်လေး တစ်ခုမျှသာ ဖြစ်ပြီး နှိုင်းယှဉ်၍ပင် မရပေ။

"ဗိုလ်ချုပ်ကြီး... ကျွန်တော်တို့ စုံစမ်းသိရှိရတာက ဖုန်းမိသားစုက ဖော်စပ်နည်းကို ဝမ်ပေါင် ကုန်တိုက်က ယူဝမ်ရှုံးကို လွှဲပေးလိုက်ပါပြီ။ အခု ယူဝမ်ရှုံးနဲ့ ဖုန်းမိသားစုပဲ ဖော်စပ်နည်းကို ပိုင်ဆိုင်ထားပြီး မိသားစုတွေနဲ့ အင်အားစုတွေ အများအပြားက ရတနာခုနစ်ပါး ချီစုစည်းဆေးမှုန့်အတွက် အရူးအမူး လုယက်နေကြတာကြောင့် ဖုန်းမိသားစုရဲ့ ကျော်ကြားမှုက ပိုပြီးတော့ တိုးလာပါတယ်"

တပ်မှူးတစ်ဦးက လေးစားစွာ သတင်းပို့သည်။

ယဲ့ချန်းချုံက ခေါင်းညိတ်လိုက်သည်။

"ရတနာခုနစ်ပါး ချီစုစည်းဆေးမှုန့်က တကယ်ပဲ အစွမ်းထက်တယ်။ တစ်ထုပ်ကို ရွှေဒင်္ဂါးငါးထောင်ပဲကျပြီး ချီတိုးပွားဆေးမှုန့်ထက် နှစ်ထောင်ပဲ ဈေး ပိုများတော့ လူအများကြီးကို ဆွဲဆောင်နိုင်တာ မဆန်းပါဘူး"

သူ၏လက်ဖက်ရည်ခွက်မှ တစ်ငုံသောက်လိုက်ပြီးနောက် ယဲ့ချန်းချုံက ဆက်ပြောလာသည်။

"နောက်ဆုံးတော့ ဖုန်းချန်ယန်နဲ့ ယူဝမ်ရှုံးတို့က ရတနာခုနစ်ပါး ချီစုစည်းဆေးမှုန့်ကို အရေအတွက်အများကြီး ထုတ်လုပ်နိုင်မှာ မဟုတ်ဘူး"

အမှန်ပင် ထိုအတိုင်းပင် ဖြစ်လေသည်။

ရတနာခုနစ်ပါး ချီစုစည်းဆေးမှုန့်သည် လိုအပ်ချက် အလွန်များပြားပြီး ၎င်းကို လုယက်နေသူများမှာလည်း အလွန်များပြားသဖြင့် ဝယ်လိုအားနှင့် ရောင်းလိုအား မမျှတသည့် အခြေအနေကို ဖန်တီးနေတော့သည်။

"ဗိုလ်ချုပ်ကြီး...။ ပြိုင်ဘက်ကင်းမြို့ကို လူလွှတ်ပြီး ဖုန်းမိသားစုကို ဖော်စပ်နည်း လွှဲပေးဖို့ အမိန့်ပေးလိုက်ရင် မကောင်းဘူးလား။ အင်ပါယာက ကြားဝင်စွက်ဖက်ရင် ဖုန်းမိသားစုက မနာခံဘဲ မနေရဲပါဘူး…”

တပ်မှူးက အကြံပြုလိုက်သည်။

ဖုန်းမိသားစုမှာ အင်ပါယာ၏ လက်အောက်ခံများဖြစ်သဖြင့် အင်ပါယာ၏ အကျိုးအတွက် ဖော်စပ်နည်းကို ပေးအပ်သင့်သည်ဟု သူယုံကြည်နေသည်။

"အဲ့လိုလုပ်လို့ မဖြစ်ဘူး"

ယဲ့ချန်းချုံက ချက်ချင်းခေါင်းခါကာ ဆူပူလိုက်သည်။

"ဒါက ဓားပြတိုက်တာနဲ့ ဘာကွာမလဲ"

"မင်း အခုချက်ချင်း ပြိုင်ဘက်ကင်းမြို့ကိုသွားပြီး ဖုန်းမိသားစုနဲ့ ညှိနှိုင်းစမ်း။ သူတို့ မလိုလားဘူးဆိုရင်လည်း ထားလိုက်...။ ဖုန်းမိသားစုကို ရတနာခုနစ်ပါး ချီစုစည်းဆေးမှုန့် တစ်သုတ်လောက် ဖော်စပ်ပေးဖို့ပဲ အကူအညီတောင်းလိုက်"

ယဲ့ချန်းချုံက ညွှန်ကြားလိုက်သည်။

"ဟုတ်ကဲ့...။ ကျွန်တော် ချက်ချင်း စီစဉ်လိုက်ပါ့မယ်"

တပ်မှူးက လေးစားစွာ တုံ့ပြန်သည်။

‘အင်ပါယာကသာ လက်ရွေးစင် ထိပ်တန်း စစ်သည်တစ်စုကို လေ့ကျင့်ပေးနိုင်ခဲ့ရင် ထျန်းယန်အင်ပါယာက မကြာခင်မှာ အင်အားကြီးနိုင်ငံတစ်ခု ဖြစ်လာတော့မှာပဲ..’

ယဲ့ချန်းချုံက ရည်မှန်းချက်ကြီးစွာဖြင့် သူ့ဘာသာသူ တွေးနေမိသည်။

ထျန်းယန်အင်ပါယာကို အင်အားကြီးနိုင်ငံတစ်ခု ဖြစ်လာစေရန်မှာ ယဲ့ချန်းချုံ၏ တစ်သက်တာ အိပ်မက်ပင် ဖြစ်သည်။

ယဲ့ချန်းချုံသည် လက်ရှိ ယဲ့ မိသားစု၏ ခေါင်းဆောင်ဖြစ်သော်လည်း သူ၏ စိတ်နှလုံးမှာ အင်ပါယာအတွက်သာ ဖြစ်ပြီး အင်ပါယာအပေါ် လုံးဝ သစ္စာစောင့်သိသူ ဖြစ်သည်။

ယဲ့ချန်းချုံ၏ စိတ်ဓာတ်သည် အင်ပါယာမှ ဗိုလ်ချုပ်ကြီးတိုင်းနှင့် စစ်သည်တိုင်းအတွက် စံနမူနာယူထိုက်သော စိတ်ဓာတ်ပင် ဖြစ်တော့သည်။

All Chapters