← Chapters

တစ်ယောက်တည်း သုံးယောက်နှင့် ရင်ဆိုင်ခြင်း

Vol. 3 Ch. 43

တစ်ယောက်တည်း သုံးယောက်နှင့် ရင်ဆိုင်ခြင်း

Vol. 3 Ch. 43

~"ဟူး... နောက်ဆုံးတော့ ကျော်ဖြတ်နိုင်ခဲ့ပြီ..."

ထျန်းတုမြို့ပြင်ရှိ တောင်နက်ကြီးထဲတွင် ဖုန်းဝူချန်သည် သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်လေ၏။ ဆယ်ရက်ကျော်ကြာ ကျင့်ကြံပြီးနောက် သူ၏အင်အားသည် ချီသန့်စင်ခြင်းဘုံ ဆဋ္ဌမအလွှာသို့ ဝင်ရောက်သွားခဲ့သည်။

...ကိုးရောင်စုံ ခရမ်းရောင်ကျောက်သလင်း ဝိညာဉ်အရည်က တကယ်ပဲ ပစ္စည်းကောင်းပဲ...။ နောက်ထပ် ခုနစ်ပုလင်းတောင် ကျန်သေးတယ်...။ လုံလောက်သင့်ပါတယ်လေ...။

ဖုန်းဝူချန်က ခပ်ဟဟရယ်မောရင်း သူ၏လက်သီးများကို ဆုပ်လိုက်ကာ သူ၏ခန္ဓာကိုယ်အတွင်းမှ ကြောက်မက်ဖွယ်စွမ်းအားကို ခံစားလိုက်သည်။

ဖြည်းညင်းစွာ မတ်တပ်ရပ်ရင်း ခါးကို ဆန့်လိုက်ကာ ဖုန်းဝူချန်က မသိမသာ ရေရွတ်လိုက်၏။

"စိတ်မကောင်းစရာက ငါ့ရဲ့အင်အားက အခုထိ အားနည်းနေတုန်းပဲ...။ ယွင်ကျိုးကို တကယ်ပဲ ထိန်းချုပ်ချင်တယ်ဆိုရင် ဆေးပညာရှင်နဲ့ လက်နက်ပညာရှင် တစ်ယောက် ဖြစ်ရုံနဲ့တော့ လွယ်လွယ်ကူကူ လုပ်နိုင်မှာ မဟုတ်ဘူး..."

ဆေးပညာရှင်နှင့် လက်နက်ပညာရှင်ဟူသော အဆင့်အတန်းများသည် သူ့ကို လေးစားကြည်ညိုမှုနှင့် ကြောက်ရွံ့မှုကိုသာ ရရှိစေနိုင်သည်။ သို့သော်လည်း ယွင်ကျိုးရှိ အင်အားစုအမျိုးမျိုးမှ ပညာရှင်များအားလုံးသည် အကျိုးစီးပွားကြောင့် ဆွဲဆောင်ခံရခြင်းဖြစ်ပြီး လက်အောက်ခံခြင်း မဟုတ်ပေ။

ယွင်ကျိုး၏ အင်အားစုများကို သိမ်းပိုက်ရန်မှာ သူ၏ကိုယ်ပိုင်စွမ်းအားအပေါ်တွင်သာ မှီခိုရမည်ဖြစ်ကြောင်း ဖုန်းဝူချန် သိရှိထားသည်။

...

ဖုန်းဝူချန်သည် မူထျန်းယွင်ကို ကူညီခဲ့ပြီး လေလံပွဲတွင် သူ၏ကြောက်မက်ဖွယ်ကောင်းပြီး ဆန်းကြယ်သော လက်နက်သန့်စင်ခြင်း နတ်ဘုရားနည်းစနစ်များကို ပြသခဲ့ရခြင်းအကြောင်းမှာ ဤအဓိကအင်အားစုနှစ်ခုကို နှိမ်နင်းရန်ဖြစ်သည်။

ဒါကလည်း ဖုန်းဝူချန်သည် မူထျန်းယွင်နှင့် တွေ့ဆုံပြီးနောက် စနစ်တကျ အကွက်ချ ကြံစည်ခဲ့သော အရာတစ်ခု ဖြစ်သည်။

"တစ်ယောက်ယောက် လာနေပါလား...။ ချီသန့်စင်ခြင်းဘုံ တတိယအလွှာပဲ"

သူ၏ခြေလက်များကို ဆန့်တန်းနေစဉ်မှာပင် ဖုန်းဝူချန်၏ မျက်မှောင်များမှာ ရုတ်တရက် ကျုံ့သွားသည်။ တစ်စုံတစ်ဦး ချဉ်းကပ်လာသည်ကို သူ အာရုံခံမိလိုက်၏။

ဖုန်းဝူချန်သည် သွက်လက်သော မျောက်တစ်ကောင်ကဲ့သို့ သစ်ပင်ကြီး တစ်ပင်ပေါ်သို့ တက်သွားပြီး သူ၏အကြည့်မှာ အသစ်ရောက်လာသူ၏ ဦးတည်ရာဘက်သို့ လှည့်သွားသည်။

သူ့ကို အံ့အားသင့်စေသည်မှာ သူ၏မျက်လုံးရှေ့တွင် ပေါ်လာသောသူမှာ အဖြူရောင်ဝတ်စုံနှင့် လှပသော မိန်းကလေးတစ်ဦး ဖြစ်နေသည်။

...ဒီနေရာက ထျန်းတုနဲ့ တော်တော်လေးဝေးတာပဲ...။ မိန်းကလေးတစ်ယောက်က တောင်နက်ကြီးထဲကို ပြေးလာပြီး ဘာလုပ်နေတာလဲ...။

ဖုန်းဝူချန်က မိန်းကလေးကို အဆက်မပြတ် အကဲခတ်ရင်း အံ့ဩနေမိသည်။

အဖြူရောင်ဝတ်စုံနှင့် မိန်းကလေးမှာ အနည်းငယ်မျှပင် ထိတ်လန့်ခြင်းမရှိဘဲ သူမ၏ကိုယ်ပိုင်အိမ်နောက်ဘက် ဥယျာဉ်ထဲတွင် လျှောက်သွားနေသကဲ့သို့ လျှောက်သွားနေသည်။ သူမ၏ရဲရင့်မှုမှာ ထူးခြားလှသည်။

"ဟေး"

အဖြူရောင်ဝတ်စုံနှင့် မိန်းကလေး သစ်ပင်အောက်သို့ လျှောက်လာသည်ကို ကြည့်ရင်း ဖုန်းဝူချန်က ရုတ်တရက် အော်ခေါ်လိုက်သည်။

“အား..”

ရုတ်တရက် အော်ဟစ်သံကြောင့် မိန်းကလေးမှာ လန့်ဖျပ်သွားပြီး ခုန်မတတ်ပင် ဖြစ်သွားသည်။

"ဘယ်သူလဲ"

အဖြူရောင် ဝတ်စုံနှင့် မိန်းကလေးက သတိဖြင့် မော့ကြည့်လိုက်သည်။

ဖုန်းဝူချန်သည် သစ်ပင်ပေါ်မှ ခုန်ဆင်းလာပြီး ပုံမှန်လေသံဖြင့် ဆိုလိုက်သည်။

"မလန့်ပါနဲ့...။ ကျွန်တော်က လူဆိုးမဟုတ်ပါဘူး..."

မိန်းကလေးက အလျင်အမြန် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ပြီး ဖုန်းဝူချန်ကို သံသယဖြင့် အကဲခတ်လိုက်သည်။

"နင်က လူဆိုးမဟုတ်ရင် သစ်ပင်ပေါ်တက်ပြီး ဘာလုပ်နေတာလဲ"

"ငါက လူဆိုးနဲ့တူလို့လား...။ ဒါက ငါ့ရဲ့လေ့ကျင့်တဲ့နေရာပဲ...။ မင်းက ဝင်လာတဲ့သူလေ...။ ငါက မင်းကိုမေးမလို့...။ မိန်းကလေးတစ်ယောက်က တောင်တွေတောတွေထဲကို ဘာလာလုပ်တာလဲလို့..."

ဖုန်းဝူချန်က ခပ်ပေါ့ပေါ့ မေးလိုက်သည်။

"အဲ့ဒါ နင်နဲ့ ဘာဆိုင်လို့လဲ"

မိန်းကလေးက ဖုန်းဝူချန်ကို စိမ်းစိမ်းကြည့်ကာ ပြောလိုက်ပြီး အလျင်အမြန် ထွက်ခွာသွားသည်။ သူက လူဆိုးတစ်ယောက်ဖြစ်မည်ကို အမှန်တကယ်ပင် စိုးရိမ်နေမိ၏။

"သူ့ဆီက ဆေးပင်အနံ့တွေ ရတယ်...။ ဆေးပင်တွေ လာစုတာလား..."

ဖုန်းဝူချန်က ခေါင်းခါလိုက်ပြီး ဂရုမစိုက်တော့ဘဲ ပေါ့ပေါ့တန်တန် သဘောထားလိုက်သည်။

...မဟုတ်ဘူး... ဒါမမှန်ဘူး...။ ဆေးပင်အနံ့က အိပ်ဆေးအနံ့ပဲ...။ ငါအလိမ်ခံလိုက်ရပြီ...။

သူထွက်ခွာရန် ဟန်ပြင်လိုက်စဉ်မှာပင် ဖုန်းဝူချန်၏ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး အလျင်အမြန် နောက်သို့လှည့်ကြည့်လိုက်ရာ မလှမ်းမကမ်းမှ မိန်းကလေးမှာ မထီမဲ့မြင် ပြုံးနေသည်ကို တွေ့လိုက်ရသည်။

လျင်မြန်ပြီး ဆန်းကြယ်သော လှုပ်ရှားမှုများဖြင့် သူသည် သူ၏ခန္ဓာကိုယ်ပေါ်မှ နေရာအနည်းငယ်ကို နှိပ်နယ်လိုက်သည်။ အိပ်ဆေးမှာ အာနိသင်ပြလာသည်ကို သိရှိသွားသောအခါ ဖုန်းဝူချန်သည် အိပ်ဆေးကို သူ၏စနစ်အတွင်းမှ ချက်ချင်း ထုတ်ပယ်လိုက်သည်။

သူမသည် မိန်းကလေးတစ်ဦးဖြစ်သောကြောင့် ဖုန်းဝူချန်မှာ ပေါ့ဆသွားခဲ့ခြင်း ဖြစ်နိုင်သည်။ မိန်းကလေးတစ်ဦးက ထောင်ချောက်တစ်ခု ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်မည်နည်း။

"ဆရာဖုန်း...။ နောက်ဆုံးတော့ တွေ့ပြီ..."

ဖုန်းဝူချန် အိပ်ဆေးမိနေသည်ကို သိရှိသွားစဉ်မှာပင် အေးစက်စွာ ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။

မိန်းကလေးလာရာ ဦးတည်ရာဘက်မှ ပုံရိပ်သုံးခုသည် အလျင်အမြန် ချဉ်းကပ်လာပြီး အားလုံးမှာ ဖုန်းဝူချန်ထက် ကျင့်ကြံမှုပိုမို မြင့်မားကြကာ သူတို့ထဲမှ တစ်ဦးမှာ ချီသန့်စင်ခြင်းဘုံ နဝမအလွှာ အထွတ်အထိပ်သို့ပင် ရောက်ရှိနေသည်။

"မင်းတို့က ဘယ်သူတွေလဲ...။ ပြီးတော့ ငါဒီမှာရှိနေတာကို ဘယ်လိုသိလဲ"

ဖုန်းဝူချန်က သူ၏နောက်မှ လူလတ်ပိုင်းအရွယ် အမျိုးသားသုံးဦးကို အေးစက်စွာ မေးလိုက်သည်။

"ငါတို့က မင်း ထျန်းတုကနေ ထွက်သွားတာကို လျှို့ဝှက်ပြီး စောင့်ကြည့်ခဲ့တာ...။ မင်းက မတွေ့မိအောင်လို့ ငါတို့ချက်ချင်း မင်းနောက်ကို မလိုက်ခဲ့ဘူး...။ တောင်တန်းတော်တော်များများကို ရှာဖွေပြီး ရက်အနည်းငယ်ကြာမှ မင်းကို နောက်ဆုံးတွေ့ခဲ့တာ..."

လူတစ်ဦးက မဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်။

...ငါထင်တဲ့အတိုင်းပဲ...။ အကျိုးအမြတ်အတွက်ဆိုရင် တချို့က နည်းလမ်းပေါင်းစုံ သုံးကြတာပဲ...။

ဖုန်းဝူချန်က စိတ်ထဲတွင် ဒေါသထွက်သွားသည်။

သို့မဟုတ်လျှင် သူသည် ထျန်းတုမှထွက်ခွာပြီး တောင်နက်ကြီးထဲတွင် ကျင့်ကြံနေမည်မဟုတ်ပေ။

ဝမ်းနည်းစရာမှာ သူသည် ကောက်ကျစ်စဉ်းလဲသော လူအချို့၏ ရှာဖွေတွေ့ရှိခြင်းကို ခံလိုက်ရသေးသည်။

အိပ်ဆေး၏ အာနိသင်များမှာ လျင်မြန်စွာ အကျိုးသက်ရောက်လာပြီး ဖုန်းဝူချန်သည် သူ၏ဦးခေါင်းမှာ လေးလံလာပြီး ခန္ဓာကိုယ်မှာ အားနည်းလာသည်ကို ခံစားလိုက်ရသည်။

"ဆရာဖုန်း...။ အိပ်ဆေးရဲ့အရသာ ဘယ်လိုနေလဲ...။ အခု အားနည်းနေပြီမဟုတ်လား...။ ဒါက တတိယအဆင့် အိပ်ဆေးပဲ...။ မင်းလို အဆင့်နှစ် ဆေးပညာရှင်

တစ်ယောက်ကတော့ ချေဖျက်နိုင်မှာ မဟုတ်ဘူး..."

ဦးဆောင်သူအမျိုးသားက သူ၏ မျက်နှာတွင် ရက်စက်

ကြမ်းကြုတ်ဟန်ဖြင့် မထီမဲ့မြင်ကဲ့ရဲ့လိုက်သည်။

"ငါက ဆေးပညာရှင် တစ်ယောက်မှန်းသိ ရဲ့သားနဲ့ ငါ့ကို တိုက်ခိုက်ရဲတယ်ဆိုတော့ မင်းတို့တော်တော် ရဲတင်းတာပဲ..."

ဖုန်းဝူချန်က ခက်ထန်စွာ ရန်တွေ့လိုက်သော်လည်း သူ၏မျက်လုံးများတွင်မူ ထိတ်လန့်မှုမပြပေ။

သူ့အတွက်မူ အိပ်ဆေးမှာ အရေးမပါပေ။ နတ်ဆိုးနဂါး၏ မှတ်ဉာဏ်နှင့် အတွေ့အကြုံမှာ ပြသရန်သက်သက်မဟုတ်။ ဖုန်းဝူချန်၏ ခန္ဓာကိုယ်အတွင်းမှ အိပ်ဆေးမှာ ထုတ်ပယ်ပြီးဖြစ်သည်။

"ဆရာဖုန်း... ခင်ဗျားက သိပ်ကိုနုံတာပဲ...။ အင်အားကို တန်ဖိုးထားတဲ့ လောကကြီးမှာ အားကောင်းတဲ့ ကျင့်ကြံမှုမရှိဘဲ ပဉ္စမတန်း လက်နက်ပညာရှင်

တစ်ယောက်က ဘာအသုံးဝင်လို့လဲ...။ ယွင်ကျိုးက အင်အားစုတွေက ခင်ဗျားကို ဧည့်သည်အဖြစ် ဖိတ်ခေါ်တာက ခင်ဗျားကို တန်ဖိုးထားလို့လို့ တကယ်ထင်နေတာလား...။ ခင်ဗျားသေသွားရင်တောင် ဘယ်သူမှ ခင်ဗျားအတွက် လက်စားချေပေးမှာမဟုတ်ဘူး...။ ဒါ့အပြင် ဒီလိုတောင်ကုန်း

တောတောင်တွေထဲမှာ ခင်ဗျားကို ကယ်တင်ဖို့ ဘယ်သူမှမလာဘူး..."

ဦးဆောင်သူအမျိုးသားက မထီမဲ့မြင် ပယ်ချလိုက်သည်။

"မင်းတို့ ဘာလုပ်ချင်လဲ"

ဖုန်းဝူချန်က အနိုင်နိုင်ထိန်းထားရဟန်ဖြင့် အေးစက်စွာ မေးလိုက်သည်။

"မင်းရဲ့ဓားနဲ့ သိုလှောင်လက်စွပ်ကို ပေး...။ ပြီးတော့ မင်းရဲ့ လက်နက်သန့်စင်ခြင်းနည်းစနစ်တွေကိုပါ...။ ကောင်းကောင်းမွန်မွန် ပေးလိုက်ရင် မင်းကို ချမ်းသာ

ပေးကောင်းပေးနိုင်တယ်"

ဦးဆောင်သူအမျိုးသားက ဖုန်းဝူချန်ထံသို့ လက်ဝှေ့ယမ်းပြရင်း မထီမဲ့မြင်ကဲ့ရဲ့လိုက်သည်။

"ငါသာ မင်းတို့ကို ပေးလိုက်ရင် ငါ့မှာ ထွက်ပေါက်ရှိမှာမဟုတ်တော့ဘူး...။ မင်းတို့က ငါ့ကို ငါးဆာနူလေး ထင်နေတာလား"

ဖုန်းဝူချန်က အေးစက်စွာ ပြန်လည်ချေပလိုက်သည်။

ဤလူများ ရတနာများကို လက်ဝယ်ရရှိသည်နှင့် သူတို့သည် ဖုန်းဝူချန်ကို သတ်ဖြတ်ရန် တုံ့ဆိုင်းမည်မဟုတ်ပေ။ မည်သူက ကြောက်မက်ဖွယ် လက်နက်ပညာရှင်တစ်ဦးကို ယွင်ကျိုးတွင် လက်စားချေရန် လှည့်လည်သွားလာခွင့်ပေးလောက်

အောင် မိုက်မဲမည်နည်း။

"ဒါဆိုရင်တော့ ငါတို့မင်းကိုသတ်ပြီး ကိုယ့်ဘာသာ ယူလိုက်ရုံပဲပေါ့"

အခြားအမျိုးသားတစ်ဦးက ရက်စက်စွာ ဝင်ရောက်ပြောဆိုသည်။

"မင်းတို့က လျိုမိသားစုကလား"

ဖုန်းဝူချန်က ခက်ထန်စွာ မေးလိုက်သည်။

"ဟွန့်...။ လျိုမိသားစုက ငါတို့မျက်စိထဲမှာ ဘာကောင်တွေမို့လို့လဲ...။ ငါတို့ကျိုးမိသားစုအတွက်တော့ သူတို့က ပုရွက်ဆိတ်တွေထက် မပိုဘူး"

အခြားအမျိုးသားတစ်ဦးက မာနကြီးစွာ ဆိုလိုက်သည်။

ဤစကားကို ကြားသောအခါ ဖုန်းဝူချန်သည် ဟန်ဆောင်ခြင်းကို ရပ်တန့်လိုက်ပြီး မဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်။

"ဪ... ကျိုးမိသားစုကိုး...။ တော်တော်ရည်မှန်းချက်ကြီးတာပဲ...။ ငါ့ကိုတောင် မျက်စိကျရဲတယ်..."

"မင်းသိတော့ ဘာဖြစ်လဲ...။ မင်းအသက်ရှင်နိုင်သေးမယ်လို့ တကယ်ထင်နေတာလား"

ထိုအမျိုးသားက သူ၏လျှို့ဝှက်ချက်ကို မရည်ရွယ်ဘဲ ဖော်ထုတ်မိသဖြင့် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"မင်း အဆိပ်မမိခဲ့ဘူးလား"

ဖုန်းဝူချန် ရုတ်တရက် ဘာမှမဖြစ်သကဲ့သို့ ပြုမူလိုက်သည်ကို မြင်သောအခါ ဦးဆောင်သူအမျိုးသား၏ မျက်နှာမှာ အနည်းငယ်ပြောင်းလဲသွားပြီး လေးနက်သောအသံဖြင့် မေးလိုက်သည်။

ဖုန်းဝူချန်က ခက်ထန်စွာ ဆိုလိုက်သည်။

"ငါက ဆေးပညာရှင်တစ်ယောက်မှန်းသိရဲ့သားနဲ့ ငါ့ကိုအိပ်ဆေးသုံးဖို့ ကြိုးစားနေတာ...။ မင်းတို့က တကယ်ပဲ အစွန်းရောက်အောင် မိုက်မဲတာပဲ"

"မဖြစ်နိုင်ဘူး...။ မင်းက အဆင့်နှစ် ဆေးပညာရှင်တစ်ယောက်ပဲ...။ တတိယတန်း စိတ်ညှို့ဆေးမှုန့်ကို ဘယ်လိုလုပ်ပြီး တန်ပြန်နိုင်မှာလဲ"

မလှမ်းမကမ်းမှ မိန်းကလေးက တုန်လှုပ်စွာ ကြွေးကြော်လိုက်သည်။

"ဒါက မင်းတို့ငါ့အကြောင်း ဘယ်လောက်နည်းနည်းပဲ သိတယ်ဆိုတာကို ပြနေတာပဲ...။ မဟုတ်ရင် သတ္တိအဆတစ်ထောင်ရှိရင်တောင် မင်းတို့ငါ့ကို ထိရဲမှာမဟုတ်ဘူး"

ဖုန်းဝူချန်က အေးစက်စွာ ရယ်မောလိုက်သည်။

"ဒါပေမဲ့ ငါမမျှော်လင့်ထားခဲ့တာက မင်းတို့ကျိုးမိသားစုက မိန်းကလေးငယ်တစ်ယောက်ကို ထောင်ချောက်အဖြစ် သုံးလိမ့်မယ်ဆိုတာပဲ...။ ဒါက လုံးဝအရှက်မရှိတာပဲ..."

"သတ်ကြစမ်း၊ သူ့ကိုသတ်...။ သူ့ကို အသက်ရှင်လျက် ထွက်သွားခွင့်ပေးလို့မဖြစ်ဘူး"

ဦးဆောင်သူအမျိုးသားက ဟိန်းဟောက်လိုက်ပြီး သူ၏မျက်လုံးများမှာ အားကောင်းသော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ပေါက်ကွဲထွက်လာကာ ရှေ့သို့ဦးစွာ ပြေးဝင်သွားသည်။

အမျိုးသားသုံးဦးမှာ တုံ့ဆိုင်းခြင်းမရှိဘဲ ရှေ့သို့ပြေးဝင်သွားပြီး ဖုန်းဝူချန်ကို သတ်ဖြတ်ရန် ပူးပေါင်းတိုက်ခိုက်ကြသည်။ ၎င်းမှာ သူတို့၏လက်ကို လှန်လိုက်သလောက် လွယ်ကူပုံရသည်။

"မင်းတို့ အသက်ရှင်လျက် ထွက်သွားနိုင်မလားဆိုတာကို အရင်စိုးရိမ်တာက ပိုကောင်းလိမ့်မယ်"

ဖုန်းဝူချန်က မထီမဲ့မြင်ကဲ့ရဲ့လိုက်ပြီး သူ၏အေးစက်သော သတ်ဖြတ်လိုသည့် အငွေ့အသက်မှာ ရန်လိုပြီး ပြင်းထန်စွာ ပျံ့နှံ့ထွက်လာသည်။

သူသည် မီးလျှံဓားကို ထုတ်ယူလိုက်ပြီး နဂါးနတ်ဘုရား၏ အသက်ရှုခြင်းကို နှိုးဆော်လိုက်သည်။ မီးလျှံဓားသည် ချက်ချင်းပင် အပြာရောင်မီးတောက်များဖြင့် တောက်လောင်သွားပြီး အလွန်အရိုင်းဆန်သော ဓားချီမှာ လေပြင်းတစ်ချက်ကဲ့သို့ ပျံ့နှံ့ထွက်သွားသည်။

"နဂါးအရိပ်ပုံရိပ်"

အသံတိုးတိုးဖြင့် ဟစ်အော်လိုက်ပြီး ဖုန်းဝူချန်သည် သူ့အနောက်တွင် ဂျက်လေယာဉ်တစ်စင်း တပ်ဆင်ထားသကဲ့သို့ ပေါက်ကွဲထွက်သွား၏။ (ဂျက်လေယာဉ်နဲ့ ခိုင်းနှိုင်းတာက သူက ခေတ်သစ်က ဝိဉာဉ် ကူးပြောင်းခဲ့တာမလို့ပါ။ )

သူ၏ အမြန်နှုန်းမှာ ချက်ချင်း နှစ်ဆတိုးသွားကာ သူ၏ လှုပ်ရှားမှုနည်းစနစ်မှာ ဖမ်းဆုပ်ရန် မဖြစ်နိုင်လောက်အောင် လျှို့ဝှက်ဆန်းကြယ်ပြီး သူ

သွားရာ လမ်းတစ်လျှောက်တွင် သစ်ရွက်ခြောက်များ၏ ဝဲဂယက်ကြီး တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

"ကြောက်စရာကောင်းတဲ့ အရှိန်ပဲ"

ဖုန်းဝူချန်၏ အံ့ဩဖွယ် အမြန်နှုန်းကို သိရှိသွားသောအခါ အမျိုးသားသုံးဦး၏ မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားသည်။

ဦးဆောင်သူအမျိုးသားသည် သူ၏လက်ဝါးဖြင့် ဖုန်းဝူချန်၏ ဦးခေါင်းဆီသို့ ရိုက်ခတ်လိုက်သော်လည်း ဝမ်းနည်းစရာမှာ သူ လွဲချော်သွားခဲ့သည်။ ဖုန်းဝူချန်သည် သူ၏လှည့်စားတတ်သော လှုပ်ရှားမှုနည်းစနစ်ဖြင့် သွက်လက်စွာ ရှောင်တိမ်းလိုက်သောကြောင့် ဖြစ်သည်။

"ဝှစ်.."

မျက်တောင်တစ်ခတ်အတွင်းမှာပင် ဖုန်းဝူချန်သည် အမျိုးသားတစ်ဦး၏ ရှေ့သို့ ရောက်ရှိနေပြီဖြစ်သည်။

ထိုအမျိုးသားမှာ ကြောက်ရွံ့မှုဖြင့် ထုံကျင်နေပြီး တုံ့ပြန်ရန် အခွင့်အရေးပင်မရလိုက်ခင်မှာပင် ဖုန်းဝူချန်၏ ဓားသည် သူ၏လည်ပင်းကို ထိုးဖောက်ဝင်ရောက်သွားပြီး သွေးများ ပန်းထွက်လာကာ ဘာဖြစ်သွားသည်ကို နားမလည်လိုက်ခင်မှာပင် သေဆုံးသွားသည်။

"မင်းတို့က ငါ့ကိုသတ်နိုင်မယ် ထင်နေတာလား...။ မင်းတို့ကျိုးမိသားစုက သိပ်ကိုနုံတာပဲ"

ဖုန်းဝူချန်က ခြိမ်းခြောက်စွာ ဆိုလိုက်ပြီး စကားလုံးတိုင်းမှာ အေးစက်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

"မောက်မာလိုက်တာ"

ဤအခိုက်တွင် အခြားအမျိုးသားတစ်ဦးက ဖုန်းဝူချန်ထံသို့ ပြင်းထန်သော လက်သီးတစ်လုံးကို ပစ်လွှတ်လိုက်သည်။

"ဟွန့်"

ဖုန်းဝူချန်က အေးစက်စွာ နှာမှုတ်လိုက်ပြီး လက်သီးကို သူ၏လက်သီးဖြင့်ပင် ရင်ဆိုင်လိုက်သည်။

"ခွပ်"

ချီသန့်စင်ခြင်းဘုံ သတ္တမအလွှာမှ လူတစ်ဦးကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ပြီးနောက် သူသည် အခြားတစ်ဦးနှင့် လက်သီးချင်းယှဉ်တိုက်ရန် လှည့်လာသည်။ တိုးညင်းသော အသံတစ်ချက်နှင့်အတူ ထိုအမျိုးသားမှာ ဖုန်းဝူချန်၏ အရိုင်းဆန်သော စွမ်းအားကြောင့် ဝရုန်းသုန်းကား လွင့်စင်သွားသည်။

"ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

ထိုအမျိုးသား၏ နှလုံးသားမှာ လှုပ်ခတ်သွားရ၏။ သူသည် ချီသန့်စင်ခြင်းဘုံ အဋ္ဌမအလွှာတွင် ရှိနေသော်လည်း ဖုန်းဝူချန်၏ လက်သီးတစ်ချက်ကိုပင် မခုခံနိုင်ခဲ့ပေ။

...ငါက ချီသန့်စင်ခြင်းဘုံ အဋ္ဌမအလွှာလေ...။ သူ့လက်သီးတစ်ချက်တည်းနဲ့ ငါလွင့်သွားရတယ်...။ မဖြစ်နိုင်ဘူး...။

လက်သီးတစ်ချက်ဖြင့် သူ၏ပြိုင်ဘက်ကို လွင့်စင်သွားအောင် တိုက်ခိုက်ပြီးနောက် ဖုန်းဝူချန်သည် မရပ်မနားသော အရှိန်ဖြင့် လိုက်လံတိုက်ခိုက်သည်။

"တတိယအလွှာ ကောင်းကင်အမျက်ဒေါသ လက်ဝါး"

မျက်တောင်အနည်းငယ်ခတ်ရုံမျှဖြင့် ဖုန်းဝူချန်သည် ပြင်းထန်စွာ ရောက်ရှိလာပြီး သူ၏လက်ဝါးကို ထိုအမျိုးသား၏ ရင်ဘတ်ထဲသို့ နောက်တစ်ကြိမ် ထုထောင်းထည့်လိုက်သည်။

"ဘုန်း"

"ဝေါ့"

လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်ရာ ပဲ့တင်ထပ်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအမျိုးသားမှာ ပါးစပ်မှ သွေးများ ဝေါ့ခနဲ အန်ချလိုက်ပြီး ပြင်းထန်သော အင်အားကြောင့် သူနောက်သို့ လွင့်စင်သွားရ၏။ ရေစည်ပိုင်းကဲ့သို့ ထူထဲသော သစ်ပင်တစ်ပင်နှင့် ဆောင့်တိုက်မိပြီး အရိုးမည်မျှကျိုးသွားသည်ကို မသိနိုင်တော့ပေ။

"ချီသန့်စင်ခြင်းဘုံ ဆဋ္ဌမအလွှာက ဒီလောက် အင်အား ရှိနိုင်လို့လား...။ နက်နဲခြင်းအဆင့် သိုင်းပညာလား..."

ဦးဆောင်သူ အမျိုးသား၏ မျက်နှာတွင် အနည်းငယ် မှင်သက်နေသော အမူအရာတစ်ခု ပေါ်လာသည်။

"သနားစရာပဲ"

ဖုန်းဝူချန်၏ နှုတ်ခမ်းများမှာ ဆိုးရွားသော အပြုံးတစ်ခုအဖြစ် ကွေးတက်သွား၏။ သူသည် ဖြည်းညင်းစွာ လှည့်လာကာ သူ၏ အေးစက်သော အကြည့်မှာ ဦးဆောင်သူ အမျိုးသားအပေါ်သို့ ကျရောက်သွားရာ ထိုသူမှာ အလိုအလျောက် တုန်လှုပ်သွားသည်။

သူသည် ချီသန့်စင်ခြင်းဘုံ ဆဋ္ဌမအလွှာတွင် ရှိသော ဤမျှ ကြောက်မက်ဖွယ်ကောင်းပြီး ရက်စက် ကြမ်းကြုတ်သော လူတစ်ဦးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။

ဖြူဖျော့နေသော အဖြူရောင်ဝတ်စုံနှင့် မိန်းကလေးမှာမူ ကြောက်လန့်တကြား စကားပင်မပြောနိုင်တော့ဘဲ သူမ၏မျက်နှာမှာ သွေးဆုတ်ဖြူရော်နေသည်။

"အခု မင်းတစ်ယောက်ပဲ ကျန်တော့တယ်"

ဖုန်းဝူချန်က အေးစက်စွာ ရယ်မောလိုက်ပြီး ဦးဆောင်သူအမျိုးသားသည် ချီသန့်စင်ခြင်းဘုံ နဝမအလွှာ အထွတ်အထိပ်တွင် ရှိနေသော်လည်း မတုန်လှုပ်ပေ။

ဦးဆောင်သူအမျိုးသား၏ မျက်နှာမှာ ခက်ထန်နေပြီး အတွင်းမှ ဒေါသများ တိုးထွက်လာကာ သူက အံကြိတ်ရင်း ဒေါသတကြီး အလိုမကျစွာ မြည်တမ်းလိုက်သည်။

"ကောင်စုတ်လေး...။ မင်းက ငါ့ကို အချိန်မရွေးသတ်နိုင်သလိုမျိုး ပြောနေတာပဲ"

'အင်း…ချီသန့်စင်ခြင်းဘုံ နဝမအလွှာ အထွတ်အထိပ်ကိုတော့ လျှော့မတွက်သင့်ဘူး...။ ငါသာ တိုက်ရိုက်ရင်ဆိုင်တိုက်ခိုက်ရင် မလွဲမသွေ ရှုံးမှာပဲ…’

ဖုန်းဝူချန်က တိတ်တဆိတ် တွက်ချက်နေ၏။ သူက တိုက်ရိုက်ရင်ဆိုင်တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိကြောင်း ရှင်းလင်းစွာ သိသာနေသည်။ သို့မဟုတ်လျှင် သူသည် အစောပိုင်းက ထိုအမျိုးသား၏ တိုက်ခိုက်မှုကို ရှောင်တိမ်းခဲ့မည် မဟုတ်ပေ။

ထိုသို့တွေးရင်း ဖုန်းဝူချန်က အစပြုလှုပ်ရှားလိုက်ပြီး နဂါးနတ်ဘုရား၏ အသက်ရှုခြင်းကို နှိုးဆော်ကာ မီးလျှံဓားဖြင့် စက်ဝိုင်းများဆွဲပြီး စွမ်းအင်ဓားဆယ်စင်းကို စုစည်းလိုက်သည်။

"အစစ်အမှန်ချီကို ထုတ်လွှတ်တာတဲ့လား"

ဤမြင်ကွင်းကို မျက်မြင်တွေ့လိုက်ရသောအခါ ထိုအမျိုးသားမှာ လုံးဝတုန်လှုပ်သွားပြီး သူ၏မျက်လုံးများမှာ လင်ဗန်းလို ပြူးကျယ်သွားရသည်။

"ဝှစ် ဝှစ် ဝှစ်"

မီးလျှံဓားကို ဝှေ့ယမ်းလိုက်ရာ စွမ်းအင်ဓားဆယ်စင်းမှာ တစ်ပြိုင်နက်တည်း ပျံသန်းထွက်သွားပြီး တစ်စင်းစီမှာ လေချွန်သံများဖြင့် လိုက်ပါသွားလေသည်။

တစ်ချိန်တည်းမှာပင် ဖုန်းဝူချန်သည် ဘယ်ဘက်သို့ အလျင်အမြန် ရွေ့လျားသွား၏။

ထိုအမျိုးသားသည် သူ၏ အစွမ်းကုန်သုံးကာ စွမ်းအင်ဓားများကို သူ၏လက်သီးနှင့် ခြေထောက်များဖြင့် ရိုက်ခွဲလိုက်၏။ သူ၏ ဟန်ပန်မှာ အမှန်တကယ်ပင် အားကောင်းလှသည်။

"ဒီကောင်စုတ်လေးရဲ့ အစစ်အမှန်ချီက သိပ်ကို အရိုင်းဆန်တာပဲ"

ထိုအမျိုးသားမှာ နောက်တစ်ကြိမ် လန့်ဖျပ်သွားပြီး သူ၏လက်သီးနှင့် ခြေထောက်များတွင် စပ်ဖျဉ်းဖျဉ်း ခံစားလိုက်ရသည်။

နောက်ထပ်စဉ်းစားရန် အချိန်မရလိုက်ခင်မှာပင် ဖုန်းဝူချန်သည် ဘယ်ဘက်မှ ဓားတစ်စင်းဖြင့် သူ့ထံသို့ လွှဲရိုက်လာပြီးဖြစ်သည်။

All Chapters