လောကကို တိုက်ခိုက်ခြင်းဖြင့် အုပ်စိုးခြင်း
Vol. 3 Ch. 44
~ဖုန်းဝူချန်သည် ထူးကဲစွာ အားကောင်းလှရာ ကျိုးမိသားစုမှ လူများသည် သူ့ကို လျှော့မတွက်ရဲဘဲ သူတို့၏အမူအရာများမှာ အလွန်တည်ကြည်လေးနက်သွားသည်။
...ဒီကောင်လေးရဲ့ သိုင်းပညာတွေက သိပ်ကိုအားကောင်းတာပဲ...။ နက်နဲခြင်းအဆင့်ဖြစ်တာ သေချာတယ်...။
ထိုအမျိုးသားက သူ၏စိတ်ထဲတွင် သေချာသွားပြီး သူ၏မျက်လုံးများတွင် လောဘအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
ဖုန်းဝူချန်၏ ပြင်းထန်သော တိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် ထိုအမျိုးသားသည် အားနည်းသည့် အရိပ်အယောင်မပြဘဲ သူ၏လက်ဝါးကို လက်သည်းကွေးပုံစံပြုလုပ်ကာ ဖုန်းဝူချန်၏ ဓားကိုင်ထားသော လက်ကောက်ဝတ်ကို ဖမ်းဆုပ်ရန် ရည်ရွယ်လိုက်သည်။ ဖုန်းဝူချန်၏ ရတနာဖြစ်သော မီးလျှံဓားကို လုယူလိုဟန်တူသည်။
"ဟမ့်..”
ဖုန်းဝူချန်က မဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်။
နတ်ဆိုးနဂါးနတ်ဘုရား၏ ကြွယ်ဝသော အတွေ့အကြုံဖြင့် ဖုန်းဝူချန်က ထိုအရာကို မည်သို့ မမြင်ဘဲနေမည်နည်း။
ဖုန်းဝူချန်၏ လက်ကောက်ဝတ်သည် ရုတ်တရက် လှည့်သွားပြီး မီးလျှံဓားမှာ နာရီလက်တံအတိုင်း လည်သွား တော့သည်။ အကယ်၍ ထိုအမျိုးသားသာ သူ၏ လက်ကို ပြန်မရုတ်သိမ်းပါက လက်မောင်းမှာ မလွဲမသွေ ဖြတ်တောက်ခံရပေလိမ့်မည်။
ထိုအမျိုးသားမှာ ဖုန်းဝူချန်၏ တုံ့ပြန်မှုအရှိန်ကို အံ့အားသင့်သွားပြီး သူ၏လက်ကို နောက်သို့ဆုတ်ရန် ဖိအားပေးခံလိုက်ရသည်။
...
သို့သော် ထိုအမျိုးသား သူ၏လက်ကို ရုတ်သိမ်းလိုက်သည့်အခိုက်တွင် ဖုန်းဝူချန်သည် အခွင့်အရေး ရှာတွေ့သွားခဲ့ပြီးဖြစ်သည်။
မီးလျှံဓားသည် အပေါ်မှအောက်သို့ လွှဲခုတ်ချလိုက်ရာ ထိုအမျိုးသား၏ ပခုံးပေါ်တွင် ရှည်လျားသော သွေးသံရဲရဲ အရာတစ်ခုကို တိတိရိရိ ချန်ထားခဲ့တော့၏။ ၎င်းမှ သွေးများမှာ အဆက်မပြတ် ပန်းထွက်လာသည်။
...ဒီကောင်စုတ်လေးက ငါ ဘာလုပ်ချင်လဲဆိုတာ တကယ် သိနေတာပဲ...။ ငါ့ရဲ့ တိုက်ကွက်တွေကို ကြိုမြင်နေသလိုပဲ...။
ထိုအမျိုးသားက သူ၏ မျက်နှာမှာ နာကျင်မှုဖြင့် ရှုံ့မဲ့နေရင်း အတွေးနက်နေသည်။
တစ်ချက်တည်းဖြင့် အောင်မြင်သွားပြီးနောက် ဖုန်းဝူချန်သည် ထိုအမျိုးသား၏ ဘယ်ဖက်ခြမ်းသို့ အလျင်အမြန် ရွေ့လျားသွား၏။
မီးလျှံဓားဖြင့် နောက်တစ်ကြိမ် ထိုးဖောက်ဝင်ရောက်ကာ ထိုအမျိုးသား၏ ဦးခေါင်းကို တန်းတန်းမတ်မတ် ထိုးစိုက်လိုက်သည်။
ထိုအမျိုးသားမှာ ကြောက်လန့်တကြားဖြစ်ကာ ချွေးစေးများပြန်လာပြီး အလျင်အမြန် နောက်သို့ဆုတ်လိုက်သည်။
ထို့နောက်တွင် ဖုန်းဝူချန်သည် နတ်ဘုရားအရိပ်၏ ထူးခြားဆန်းကြယ်သော လှုပ်ရှားမှုနည်းစနစ်ဖြင့် ပြင်းထန်သော တိုက်ခိုက်မှုများကို အဆက်မပြတ် ထုတ်လွှတ်နေသည်။ ထိုအမျိုးသား၏ တန်ပြန်တိုက်ခိုက်မှုများပင်လျှင် ဖုန်းဝူချန်ကို မည်သို့မျှ ခြိမ်းခြောက်နိုင်ခြင်းမရှိပေ။
...ဒီ သောက် ကလေးက ငါ့ရဲ့ တိုက်ကွက်တွေကို တကယ်ပဲ ကြိုမြင်နေတာပဲ...။ ငါ့ရဲ့
နောက်ထပ် တိုက်ကွက်ကို သူ ကြိုခန့်မှန်းနိုင်တယ်...။
ထိုအမျိုးသားမှာ တိုက်ခိုက်လေလေ ပို၍ ကြောက်ရွံ့လာလေဖြစ်သည်။ သူသည် ထိုသို့သော ကြောက်မက်ဖွယ် လူငယ်မျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
ဖုန်းဝူချန်သည် သူနှင့် တိုက်ရိုက် ရင်ဆိုင်တိုက်ခိုက်ရန်ပင် စိတ်မဝင်စားတော့ရာ ထိုအမျိုးသားမှာ ဒေါသထွက်ပြီး ကြံရာမရ ဖြစ်နေသည်။
ပြင်းထန်သော တိုက်ပွဲမှာ မိနစ်အနည်းငယ်ကြာ ဆက်လက်ဖြစ်ပွားခဲ့ပြီး ထိုအမျိုးသားမှာ ဓားဒဏ်ရာများစွာ စုပုံလာကာ လုံးဝအရှုံးဘက်သို့ ရောက်နေသည်။
"ကျိုးမိသားစုက မင်းတို့ကိုလွှတ်လိုက်တာ မှားတာပဲ...။ မင်းတို့ကို ထားဦး...။ အသွင်ပြောင်းဘုံက တစ်ယောက်ယောက်လာရင်တောင် ငါ့ကိုသတ်နိုင်မှာ မဟုတ်ဘူး..."
ဖုန်းဝူချန်က အေးစက်စွာ မှတ်ချက်ချလိုက်သည်။ ထိုအမျိုးသား၏ အသက်ရှုသံမှာ အားနည်းလာပြီး ဖုန်းဝူချန်ကို အနည်းငယ်မျှပင် ခြိမ်းခြောက်နိုင်ခြင်း မရှိတော့ပေ။
ထိုအမျိုးသား၏ မျက်နှာမှာ ပြင်းထန်စွာ ရှုံ့မဲ့သွားပြီး သူက အံကြိတ်ကာ အလိုမကျစွာ မြည်တမ်းလိုက်သည်။
"မင်းမှာ ဒီလောက်ကြီးမားတဲ့ အင်အားရှိလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး...။ ငါမင်းကို လျှော့တွက်ခဲ့မိတယ်"
သူ၏ငယ်ရွယ်သော အသက်အရွယ်ကြားမှ ဖုန်းဝူချန်တွင် ချီသန့်စင်ခြင်းဘုံ၏ အထွတ်အထိပ်ကို ရင်ဆိုင်နိုင်သော အင်အားရှိသည်ဟု ထိုအမျိုးသားက ခန့်မှန်းလိုက်မိသည်။ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှင်တစ်ဦးပင်။
ထိုသို့သော ပါရမီရှင်တစ်ဦးကို မဖယ်ရှားပါက ကျိုးမိသားစုမှာ မလွဲမသွေ ပျက်စီးပေလိမ့်မည်။
ထို့ကြောင့် ထိုအမျိုးသားမှာ ဖုန်းဝူချန်ကို သတ်ဖြတ်ရန်နှင့် ကျိုးမိသားစုကို ခြိမ်းခြောက်မှုမှ ကာကွယ်ရန် သေသည်အထိ တိုက်ခိုက်ရန် စိတ်ပိုင်းဖြတ်လိုက်သည်။
"ငါ့မှာ အတိုင်းအတာတစ်ခုအထိ ယုံကြည်မှုနဲ့ အာမခံချက်မရှိဘူးဆိုရင် လေလံပွဲမှာ ငါ့ရဲ့လက်နက်ပညာရှင် နတ်ဘုရားနည်းစနစ်တွေကို ပြသလိမ့်မယ်လို့ မင်းထင်နေတာလား"
ဖုန်းဝူချန်က မထီမဲ့မြင်ကဲ့ရဲ့လိုက်သည်။
ဤစကားကို ကြားသောအခါ ထိုအမျိုးသားမှာ အနည်းငယ် မှင်တက်သွားပြီး မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်။
"မင်းက ယွင်ကျိုးက မဟုတ်ဘူး...။ မင်းရဲ့ရည်ရွယ်ချက်က တကယ်တော့ ဘာလဲ"
"သေသွားတဲ့လူတွေက အများကြီးသိစရာမလိုဘူး..."
ဖုန်းဝူချန်က မဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်။
ထိုအမျိုးသား၏ မျက်နှာမှာ မည်းမှောင်သွားရ၏။
...ဒီကောင်လေးက ငါ ထင်သလောက် နုံအတာမဟုတ်ဘူး...။ သူက မြေခွေးအိုကြီးတစ်ကောင်ပဲ...။
သူ၏သတ်ဖြတ်လိုစိတ်မှာ ပိုမို ပြင်းရှလာ၏။ ထိုအမျိုးသားသည် သူ၏အစစ်အမှန်ချီကို စုစည်းလိုက်ကာ သူ၏ပခုံးမှ ပြင်းထန်သော နာကျင်မှုကို ကြံ့ကြံ့ခံရင်း လက်များဖြင့် လေထဲ၌ တံဆိပ်များကို ဖန်တီးလိုက်သည်။
" သောက်ကလေး...။ မင်းကို ကျိုးမိသားစုအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခွင့် ငါ မပေးဘူး...။ မင်း ဒီနေ့ သေကို သေရမယ်"
ထိုအမျိုးသားက ဒေါသတကြီး အော်ဟစ်လိုက်ပြီး အားကောင်းသော ချီစွမ်းအင်တစ်ခု သူ့ထံမှ ပေါက်ကွဲလာတော့သည်။
"မြေကမ္ဘာအဆင့် အလယ်အလတ် သိုင်းပညာ...။ ဝူကျီ လေဓားသွား"
ထိုအမျိုးသားက ဟိန်းဟောက်လိုက်ပြီး သူ၏အားကောင်းသော လေဓာတ်စွမ်းအင်မှာ သူ၏ညာဘက်လက်မောင်းတွင် စုစည်းလာသည်။
အော်ဟစ်သံအဆုံးတွင် သူ၏လက်မောင်းကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်သည်။
"ဝှစ်"
နှစ်မီတာရှည်လျားသော အဖြူရောင် ချီဓားသွားတစ်ခု ပစ်လွှင့်သွား၏။
၎င်း၏ စွမ်းအားမှာ ချီသန့်စင်ခြင်းဘုံ သတ္တမ အလွှာမှ တစ်စုံတစ်ဦးကို ချက်ချင်း သတ်ဖြတ်နိုင်လောက်အောင် အားကောင်းလှသည်။
"ဟမ့်..အဲ့ဒီလိုတော့ ဖြစ်ချင်မှ ဖြစ်မှာ"
ဖုန်းဝူချန်က ခက်ထန်စွာ ဆိုလိုက်ပြီး နဂါးနတ်ဘုရား၏ အသက်ရှုခြင်းကို နောက်တစ်ကြိမ် အသက်သွင်းလိုက်ရာ မီးလျှံဓားမှ အပြာရောင်
မီးတောက်များမှာ ပိုမို
ပြင်းထန်လာတော့သည်။
"ထင်ယောင်ထင်မှား ဓားသိုင်းကွက်...။ ကောင်းကင်နှင့် မြေကြီး ထင်ယောင်ထင်မှား ပျက်သုဉ်းခြင်း"
ဖုန်းဝူချန်က အသံတိုးတိုးဖြင့် ဟစ်အော်လိုက်ရာ မီးလျှံဓားမှာ အပြာရောင်အလင်းဖြင့် ဝင်းလက်သွား၏။ တဆက်တည်း၌ ပြင်းထန်သော ရက်စက်
ကြမ်းကြုတ်သည့် ဓားချီလှိုင်း တစ်ခုမှာ ရှေ့သို့ တိုးထွက်သွား၏။
မယုံနိုင်လောက်အောင် အားကောင်းလှ
သည့် အရှိန်အဟုန်ပင်။
"ဒါ... ဒါက နက်နဲခြင်းအဆင့် သိုင်းပညာလား...။ မဟုတ်ဘူး...။ မြေကမ္ဘာအဆင့်...။ မြေကမ္ဘာအဆင့်ပဲ..."
ထိုပြင်းထန်ပြီး လွှမ်းမိုးနိုင်သော အရှိန်အဟုန်ကို ခံစားမိသောအခါ ထိုအမျိုးသားမှာ တုန်လှုပ်သွားရ၏။ အစွန်းရောက်သော ထိတ်လန့်မှုက သူ့ကို ဖမ်းဆုပ်လိုက်လေသည်။
"ဝှစ်"
မီးလျှံဓားကို ဝှေ့ယမ်းလိုက်သည်နှင့် ဖုန်းဝူချန်သည် နှစ်မီတာရှည်လျားသော အပြာရောင်စွမ်းအင်ဓားတစ်စင်းကို ထုတ်လွှတ်လိုက်ရာ အားကောင်းပြီး ရပ်တန့်၍မရနိုင်ပေ။
"ဘုန်း"
"ဝေါ့"
အလွန်အားကောင်းသော စွမ်းအင်ဓားသည် ထိုအမျိုးသား၏ လေဓားသွားကို လွယ်ကူစွာ ခွဲထုတ်သွားပြီးနောက် အတားအဆီးမရှိဘဲ ထိုအမျိုးသား၏ ခန္ဓာကိုယ်ကို ထိမှန်ကာ ကျယ်လောင်သော အသံဖြင့် ပေါက်ကွဲသွားသည်။ ထိုအမျိုးသားမှာ ပါးစပ်မှ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ပြီး နောက်သို့ လွင့်စင်သွားသည်။
ပေါက်ကွဲမှုစွမ်းအားမှာ ပျံ့နှံ့သွားပြီး ထိုအမျိုးသား၏ ပတ်လည်ရှိ သစ်ပင်ကြီးများစွာကို ကြေမွသွားစေသည်။
"ဦးလေးကျိုး"
မလှမ်းမကမ်းမှ မိန်းကလေး တစ်ဦးက ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး သူမ၏ မျက်ရည်များမှာ လွတ်လပ်စွာ စီးကျလာသည်။
"ချီသန့်စင်ခြင်းဘုံ ဆဋ္ဌမအလွှာကို တက်လှမ်းနိုင်ခဲ့ပြီးတော့ ဒီနည်းစနစ်ကို သုံးရတာ နည်းနည်းအားစိုက်ရတုန်းပဲ..."
ဖုန်းဝူချန်က မဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်။ သို့သော်လည်း ၎င်း၏ကြောက်မက်ဖွယ်စွမ်းအားကို သူအတော်လေး ကျေနပ်နေသည်။
ခြေလှမ်းတစ်လှမ်းချင်းစီဖြင့် ဖုန်းဝူချန် ချဉ်းကပ်သွားသည်။ ပြင်းထန်သော ဒဏ်ရာများဖြင့် ထိုအမျိုးသားမှာ မထနိုင်တော့ဘဲ သူ၏ခန္ဓာကိုယ်မှာ သွေးများဖြင့် ဖုံးလွှမ်းနေသည်။
"မင်း... မင်း တကယ်ပဲ ဘယ်သူလဲ"
ထိုအမျိုးသားက အားယူ၍ မေးလိုက်ပြီး သူ၏မျက်နှာမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။ သူသည် ထိုသို့သော ကြောက်မက်ဖွယ် ပါရမီရှင်လူငယ်မျိုးကို တစ်ခါမှမမြင်ဖူးခဲ့ဘဲ ဖုန်းဝူချန်ကို ရန်စမိသည့်အတွက် နောင်တရနေပုံရသည်။
"သာမန်လူတစ်ယောက်ပါပဲ..."
ဖုန်းဝူချန်က လျစ်လျူရှုစွာ ဆိုလိုက်ပြီး သူ၏လက်မှာ ရက်စက်စွာ ထိုးစိုက်ချလိုက်သော မီးလျှံဓားကို ဆုပ်ကိုင်ထားသည်။
"မလုပ်နဲ့"
မိန်းကလေးက အော်ဟစ်လိုက်ပြီး ကြောက်လန့်တကြား မြေပြင်ပေါ်သို့ ပျော့ခွေ၍ လဲကျသွားသည်။
ဖုန်းဝူချန်က အေးစက်သော အကြည့်ဖြင့် ထိတ်လန့်တကြား မျက်ရည်များကျနေသော မိန်းကလေးထံသို့ လှမ်းကြည့်လိုက်ပြီး အေးစက်စွာ အမိန့်ပေးလိုက်သည်။
"ငါ မင်းကို မသတ်ဘူး...။ ပြန်သွားပြီး မင်းတို့မိသားစုခေါင်းဆောင်ကို ပြောလိုက်...။ ဒီအကြွေးကို ငါမှတ်ထားတယ်...။ တစ်နေ့နေ့မှာ ငါကိုယ်တိုင်လာပြီး ဖြေရှင်းမယ်လို့"
"နင်က ကျိုးမိသားစုဝ င်တစ်ယောက်ကို သတ်ရဲတယ်ပေါ့...။ သူတို့ နင့်ကို ဘယ်တော့မှ အလွတ်ပေးမှာမဟုတ်ဘူး...။ နင့်လို... ချီသန့်စင်ခြင်းဘုံ ကျင့်ကြံသူတစ်ယောက်ကများ...။ ကျိုးမိသားစုနဲ့ ရန်ကြွေးရှင်းမယ်လို့ ပြောရဲတယ်ပေါ့"
မိန်းကလေးမှာ ဘယ်ကနေ သတ္တိများ ရှာတွေ့ခဲ့သည်ကို မသိဘဲ ဖုန်းဝူချန်ကို အော်ဟစ်ပြောဆိုလိုက်သည်။
ထိုအခါ ဖုန်းဝူချန်က လျစ်လျူရှုစွာ တုံ့ပြန်လိုက်သည်။
"မင်းပြောတာမှန်တယ်...။ ငါက ချီသန့်စင်ခြင်းဘုံက ကျင့်ကြံသူတစ်ယောက်ပဲ...။ ဘယ်သူ့မျက်စိထဲမှာမှ မမြင်ဘူး...။ ဒါပေမဲ့ ငါအင်အားကြီးလာတာနဲ့အမျှ... ဘယ်လိုအင်အားကြီးပုဂ္ဂိုလ်ကိုမဆို ညီအစ်ကိုတော်လို့ရတယ်...။ ဘယ်လိုအင်အားကြီးပုဂ္ဂိုလ်ကိုမဆို ငါ့အတွက် သတ်ခိုင်းလို့ရတယ်...။ ငါ့အတွက် ရတနာတွေ လုခိုင်းလို့ရတယ်..."
"အင်အားမပြခင်မှာတော့ ဘယ်သူမှငါ့ကို အလေးထားမှာမဟုတ်ဘူး...။ ဒါပေမဲ့ ငါပတ်ဝန်းကျင်တစ်ခုလုံးကို သတ်ဖြတ်လာတာနဲ့... ယွင်ကျိုးက လူတိုင်းက ငါ့ကို နတ်ဘုရားတစ်ပါးလို ကြည်ညိုလေးစားလာကြလိမ့်မယ်"
ဤရည်မှန်းချက်ကြီးပြီး မာနကြီးသော စကားများမှာ လှုံ့ဆော်တက်ကြွဖွယ်ကောင်းပြီး လူတစ်ဦး၏ သွေးများကို ဆူပွက်စေသည်။
"မောက်မာတဲ့ အရူး"
မိန်းကလေးက ဒေါသတကြီး အော်ဟစ်လိုက်သည်။
ဖုန်းဝူချန်ကတော့ သူမကို လျစ်လျူရှုကာ ပြင်းထန်စွာ ဒဏ်ရာရနေသော ချီသန့်စင်ခြင်းဘုံ အဋ္ဌမအလွှာ ကျွမ်းကျင်သူထံသို့ လှည့်ထွက်သွားသည်။
ဖုန်းဝူချန် ချဉ်းကပ်လာသည်ကို ကြည့်ရင်း ထိုအမျိုးသားမှာ ထိတ်လန့်မှု အရိပ်အယောင် မပြဘဲ သူ၏ ဖြူဖျော့သော မျက်နှာမှာ အားယူ၍ ပြုံးလိုက်ပြီး အားနည်းစွာ ပြောလိုက်သည်။
"ငါ့တစ်သက်မှာ မင်းလို ကြောက်မက်ဖွယ် ပါရမီရှင် တစ်ယောက်ကို မြင်တွေ့ရတာ...။ ငါ သေပျော်ပါပြီ...။ အင်ပါယာရဲ့ နံပါတ်တစ် ပါရမီရှင်တောင် မင်းရဲ့တစ်ဝက်လောက်တောင် ကောင်းမှာ မဟုတ်ဘူး...။ မင်းလက်ထဲမှာ သေရတာ မတရားဘူးလို့ မဆိုသာပါဘူး..."
ထိုအမျိုးသားကို လျစ်လျူရှုသော အကြည့်ဖြင့် ကြည့်ရင်း ဖုန်းဝူချန်က မျက်နှာတွင် အမူအရာ မပြဘဲ ဆိုလိုက်သည်။
"ရန်သူက... သေကို သေရမယ်"
ထိုအမျိုးသားက အားယူ၍ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"ဖြစ်နိုင်တာကတော့ ကျိုးမိသားစုက တကယ်ပဲ မှားခဲ့တာပဲ...။ ငါတို့ မင်းကို ရန်မမူခဲ့သင့်ဘူး...။ ဒါပေမဲ့ အားကောင်းတဲ့ ကျောထောက်
နောက်ခံ မရှိဘဲ... မင်း ဒီလောကမှာ ရပ်တည်ဖို့ ခက်ခဲလိမ့်မယ်..."
"ကျောထောက်နောက်ခံမရှိဘူး ဟုတ်လား...။ ငါက ငါ့ရဲ့ကိုယ်ပိုင် ကျောထောက်နောက်ခံပဲ...။ ငါ့အတွက် နယ်မြေ မရှိဘူး ဟုတ်လား...။ ငါ့ရဲ့ ကိုယ်ပိုင်နယ်မြေကို ငါဖန်တီးမယ်"
ဖုန်းဝူချန်က စိန်ခေါ်သလို ပြန်လည်ချေပလိုက်၏။
ဖုန်းဝူချန်၏ စကားကို ကြားသောအခါ ထိုအမျိုးသားမှာ တုန်လှုပ်သွားပြီး သူ၏တစ်ကိုယ်လုံးသို့ နွေးထွေးမှုလှိုင်း တစ်ခု ပျံ့နှံ့သွားသည်ကို ခံစားလိုက်ရသည်။
"ဟားဟား...။ ပြောလိုက်တဲ့ စကား...။ မင်းက မင်းရဲ့ ကိုယ်ပိုင် ကျောထောက်နောက်ခံ...။ မင်းရဲ့ကိုယ်ပိုင် နယ်မြေကို ထွင်းထုမယ်တဲ့လား"
ထိုအမျိုးသားက ရုတ်တရက် ရယ်မောလိုက်ပြီးနောက် ပြောလိုက်သည်။
"လူငယ်တစ်ယောက်ရဲ့ ရဲရင့်မှုပါပဲ...။ ငယ်ရွယ်တုန်းက ဘယ်သူက ကြီးကျယ်တဲ့ ရည်မှန်းချက်တွေနဲ့ သတ္တိတွေနဲ့ သွေးမဆူပွက်ခဲ့ဖူးလို့လဲ...။ အဖြစ်ဆိုးကတော့... ဒါတွေက ပါရမီရှင်တွေအတွက်ပဲ သီးသန့်ဖြစ်နေတာပဲ..."
ဖုန်းဝူချန်ကို ကြည့်ရင်း ထိုအမျိုးသားက ပြုံးကာ မေးလိုက်သည်။
"မင်းနာမည်ကို သိခွင့်ရမလား"
"ဖုန်းဝူချန်"
ဖုန်းဝူချန်က လျစ်လျူရှုစွာ အဖြေပေးလိုက်သည်။
"ဖုန်းဝူချန်"
ထိုအမျိုးသားက တီးတိုးရေရွတ်ရင်း သူ၏မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်လိုက်သည်။ ဖုန်းဝူချန်၏ လက်ထဲမှ မီးလျှံဓားမှာ ရက်စက်စွာ ထိုးစိုက်ချလိုက်ပြီးဖြစ်ကြောင်း သူသိပြီး ဖုန်းဝူချန်က သနားညှာတာမှု ပြမည်မဟုတ်ကြောင်းလည်း သူသိသည်။
"ဘဝမှာ အလကားရတဲ့ ဂုဏ်သိက္ခာဆိုတာ မရှိဘူး...။ ဂုဏ်သိက္ခာကို တိုက်ခိုက်ပြီး ယူရတယ်...။ ငါ... ဖုန်းဝူချန်... နတ်ဆိုးနဂါးနတ်ဘုရားရဲ့ အရာအားလုံးကို ပိုင်ဆိုင်ထားသူ...။ ဒီကုန်းမြေကြီးကို ငါအုပ်စိုးပြီး လူတိုင်းကို ငါ့ရှေ့မှာ တုန်လှုပ်စေရမယ်...။ ငါတိုက်ခိုက်ရယူတဲ့ လောကက ငါ့ဥစ္စာဖြစ်ကြောင်း လူတိုင်းကို ငါသိစေချင်တယ်"
ဖုန်းဝူချန်က လွှမ်းမိုးစွာ ကြွေးကြော်လိုက်သည်။
ဖုန်းဝူချန် ရွေးချယ်ခဲ့သော လမ်းမှာ သတ်ဖြတ်ခြင်းလမ်းတစ်ခု ဖြစ်ရန် ကံကြမ္မာပါလာခဲ့သည်။
ယွင်ကျိုး၏ အင်အားစုအမျိုးမျိုးသည် ဖုန်းဝူချန်ကို သူတို့ထံမှ တစ်ခုခုလိုအပ်သောကြောင့်သာ နှုတ်ဖြင့်သာ ပေးဆောင်နေကြခြင်းဖြစ်သည်။ ဤအချက်ကို သူကောင်းစွာ သိရှိထားသည်။
သူ၏သီးခြား ခွဲထွက်နေထိုင်ရာနေရာမှာ ဖော်ထုတ်ခံလိုက်ရပြီ ဖြစ်သောကြောင့် ဖုန်းဝူချန်သည် နေရာသစ် တစ်ခုသို့ ချက်ချင်း ပြောင်းရွှေ့လိုက်သည်။ အကြောင်းမှာ သူသည် အားကောင်းသော ကျိုးမိသားစုကို ရင်ဆိုင်ရန် လုံလောက်သော အင်အား
မရှိသေးသောကြောင့်ပင်။
တောင်တန်းများကို နောက်တွင်ချန်ထားခဲ့ပြီး ဖုန်းဝူချန်သည် လွမ်ထျန်းမြို့သို့ ရောက်ရှိလာခဲ့၏။
မြို့တံခါးဝသို့ ရောက်သောအခါ သူသည် လူတစ်ဦး အော်ဟစ်ကာ မြို့အတွင်းမှ လွင့်ထွက်လာပြီး မြေကြီးပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားသည်ကို မြင်တွေ့လိုက်ရသည်။
နောက်ထပ် အစောင့်အချို့မှာ မြို့အတွင်းမှ အလျင်စလို ပြေးထွက်လာကြပြီး တစ်ဦးစီမှာ အရေးတကြီး အမူအရာဖြင့် ရှိနေကြသည်။
"သခင်လေး... သခင်လေး... အဆင်ပြေရဲ့လား"
ဦးဆောင်သူ အစောင့်က ထိတ်လန့်တကြား မေးလိုက်သည်။
ထိုအမျိုးသားက မြေကြီးပေါ်မှ ထလာပြီး နာကျင်စွာ ညည်းညူကာ ဆိုလိုက်သည်။
"အာ..ဒီလူ တကယ် သန်မာတာပဲ...။ အလံနက်တပ်မတော်ရဲ့ တကယ့် လက်ရွေးစင်ပဲဟ..."
ထိုအခိုက်အတန့်၌ အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ဦးသည် မြို့အတွင်းမှ ထွက်ပေါ်လာပြီး သူ၏မျက်နှာတွင် မာနဖြင့် ပြုံးကာ ရယ်မောလိုက်သည်။
"ဘယ်လိုလဲ သခင်လေးလျို...။ အခုတော့ ယုံပြီမဟုတ်လား"
"ဟွန့်...။ မင်းအလံနက်တပ်မတော်မှာ နှစ်အနည်းငယ် လေ့ကျင့်ခဲ့တော့ ဘာဖြစ်လဲ...။ ဘာများထူးခြားလို့လဲ"
သခင်လေးလျိုက မယုံကြည်ဘဲ ပြန်လည်ချေပလိုက်သည်။
"ငါ့အင်အားက အလံနက်တပ်မတော်မှာ သာမန်လောက်ပဲ သတ်မှတ်တာပါ..."
အနက်ရောင်ဝတ်စုံနှင့် အမျိုးသားက မာနကြီးစွာ ဆိုလိုက်သည်။
"သခင်လေးလျို... အရှုံးပေးလိုက်ပါတော့...။ ခင်ဗျား ကျွန်တော်တို့ သခင်လေးကို မနိုင်ပါဘူး"
ထိုအမျိုးသားနှင့်အတူ လိုက်ပါလာသော အခြံအရံများက ထိုသို့ အရှက်မရှိ မြှောက်ပင့်ကြလေသည်။
"ငါ့ဖင်ကို အရှုံးပေးခိုင်းတာလား...။ လာစမ်း၊ နောက်တစ်ခါ"
သခင်လေးလျိုက ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏အစစ်အမှန်ချီမှာ ပေါက်ကွဲလာပြန်၏။ သူက ရှေ့သို့ နောက်တစ်ကြိမ် ပြေးဝင်သွားတော့သည်။
နှစ်ဦးသားမှာ ပြိုင်ဆိုင်နေကြပုံရပြီး သူတို့၏လူငယ်မာနအရ အသာစီးရရန် တိုက်ခိုက်နေကြသည်။
ဖုန်းဝူချန်က သူတို့ကို ခေတ္တမျှကြည့်လိုက်ပြီး မြို့တံခါးဆီသို့ ဆက်လက်လျှောက်သွားသည်။
သူတံခါးဝသို့ မရောက်ခင်မှာပင် သခင်လေးလျိုမှာ ဖုန်းဝူချန်ထံသို့ လွင့်ပျံလာသည်။ လှုပ်ရှားရန် အခွင့်အရေးပင်မရလိုက်ဘဲ သူသည် အပြင်သို့ လွှင့်ထုတ်ခံလိုက်ရသည်။
မြို့တံခါးဝပတ်လည်ရှိ လူအုပ်ကြီးမှာ ခေါင်းခါလိုက်ကြပြီး ရှင်းလင်းစွာ ပိုမို သန်မာသော တစ်စုံတစ်ဦးကို စိန်ခေါ်ခြင်းမှာ မိုက်မဲကြောင်း သိကြသည်။
လှုပ်ရှားမှုကို ခံစားမိသောအခါ ဖုန်းဝူချန်က လှည့်ကာ လက်လှမ်းလိုက်ပြီး သခင်လေးလျိုကို အလွယ်တကူ ဘေးကင်းရာသို့ ဆွဲယူလိုက်သည်။
"ကျေးဇူးပဲ ညီအစ်ကို..."
သခင်လေးလျိုမှာ ဦးစွာ မှင်တက်သွားပြီးနောက် ဖုန်းဝူချန်ကို အလျင်အမြန် ကျေးဇူးတင်စကားဆိုလိုက်သည်။
"မင်းသူ့ရဲ့ ပြိုင်ဘက်မဟုတ်ဘူး...။ ဘာလို့ မလိုအပ်ဘဲ ကိုယ့်ကိုယ်ကို အရှက်ခွဲနေတာလဲ..."
ဖုန်းဝူချန်က ပုံမှန်လေသံဖြင့် ပြောလိုက်သည်။
ထိုစကားများကြောင့် သခင်လေးလျိုမှာ မကျေမနပ်ဖြစ်သွားပြီး စိန်ခေါ်သလို ဆိုလိုက်သည်။
"သူအလံနက်တပ်မတော်မှာ နှစ်နည်းနည်းပါးပါး လေ့ကျင့်ခဲ့တော့ လည်း ဘာဖြစ်လဲ...။ မဟုတ်ရင် သူငါ့ပြိုင်ဘက် ဖြစ်မှာလား"
"အင်ပါယာရဲ့ အလံနက်တပ်မတော်က မင်းထက် တိုက်ခိုက်ရေးအတွေ့အကြုံ ပိုများတဲ့ လက်ရွေးစင် စစ်သည်တွေနဲ့ ဖွဲ့စည်းထားတာ...။ ဒါ့အပြင် သူက အသွင်ပြောင်းဘုံ ကျင့်ကြံသူဖြစ်ပြီး မင်းက ချီသန့်စင်ခြင်းဘုံမှာပဲ ရှိသေးတာ...။ မင်းကိုယ်မင်း ဘာနဲ့နှိုင်းယှဉ်နေတာလဲ...။ ပြန်ပြီး ကျင့်ကြံသင့်တယ်..."
ဖုန်းဝူချန်က ဆိုလိုက်ပြီးနောက် လှည့်ကာ မြို့ထဲသို့ ဝင်သွားသည်။
“ဒီကောင်လေးက မရိုးရှင်းဘူး...။ ငါ့ဆီက ဒီလောက်အားကောင်းတဲ့ ထိုးနှက်ချက်တစ်ခုကို လွယ်လွယ်ကူကူ ဖယ်ရှားနိုင်တယ်...။ ပြီးတော့ သူက ချီသန့်စင်ခြင်းဘုံ ဆဋ္ဌမအလွှာမှာပဲ ရှိသေးတာ”
အနက်ရောင်ဝတ်စုံနှင့် အမျိုးသားက မျက်မှောင်ကြုတ်ကာ တီးတိုးရေရွတ်လိုက်ပြီး သူ၏အကြည့်မှာ ဖုန်းဝူချန်ကို စူးစိုက်ကြည့်နေသည်။