← Chapters

လိန်မူချန်

Vol. 3 Ch. 45

လိန်မူချန်

Vol. 3 Ch. 45

~...ချီသန့်စင်ခြင်းဘုံ ဆဋ္ဌမအလွှာကောင်လေးတစ်ယောက်က ငါ့စွမ်းအားရဲ့ ဆယ်ပုံသုံးပုံကို ဖယ်ရှားနိုင်တယ်ဆိုတော့ တော်တော်လေးတော့ အထင်ကြီးစရာပဲ...။

အနက်ရောင်ဝတ်စုံနှင့် အမျိုးသားက ကြိတ်၍ မှတ်ချက်ချနေမိသည်။

အနက်ရောင်ဝတ်စုံနှင့် အမျိုးသားမှာ လွမ်ထျန်းမြို့၏ မြို့သခင်ငယ် လိန်မူချန်ဖြစ်ပြီး မြို့၏ ထင်ရှားသော သခင်လေးများထဲမှ တစ်ဦးဖြစ်သည်။

သူသည် လွန်ခဲ့သောသုံးနှစ်က စစ်တပ်သို့ ဝင်ရောက်ခဲ့ပြီး သူ၏သင့်တင့်သော ပါရမီကြောင့် အလံနက်တပ်မတော်၏ တပ်မှူးက သူ့ကို တောင်ပံအောက်သို့ ယူဆောင်သွားခဲ့သည်။ ထိုသို့ဖြင့် သူသည် အလံနက်တပ်မတော်နှင့်အတူ သုံးနှစ်ကြာ လေ့ကျင့်ခဲ့ပြီး သိသာထင်ရှားသော သိုင်းပညာစွမ်းရည်ကို ပျိုးထောင်နိုင်ခဲ့သည်။

[羽翼之下

> Pinyin: yǔ yì zhī xià

> အဓိပ္ပာယ်: တောင်ပံများ၏ အောက်တွင် (Under the wings)"တောင်ပံအောက်သို့ ယူဆောင်သွားခဲ့သည်" ဆိုတာ စာသားအတိုင်း တောင်ပံအောက်ကို ခေါ်သွားတာမျိုး မဟုတ်ပါဘူး။ ဒါဟာ တင်စားပြောဆိုတဲ့ အလင်္ကာမြောက် စကားတစ်ခွန်းဖြစ်ပြီး သူ့ရဲ့ နက်နဲတဲ့အဓိပ္ပာယ်ကတော့ -

"ကိုယ်တိုင်ကိုယ်ကျ အကာအကွယ်ပေးပြီး အနီးကပ်စောင့်ရှောက်ကာ အထူးတလည် သင်ကြားမြေတောင်မြှောက်ပေးခြင်း"

လို့ အဓိပ္ပာယ်ရပါတယ်။

ဒီတရုတ် စကားပုံဟာ မိခင်ငှက်တစ်ကောင်က သူ့ရဲ့ငှက်ငယ်လေးတွေကို အန္တရာယ်မကျရောက်အောင်၊ နွေးထွေးအောင် သူ့ရဲ့တောင်ပံအောက်မှာ ထွေးပွေ့ထားတဲ့ ပုံရိပ်ကို အခြေခံထားတာပါ။]

အလံနက်တပ်မတော်တွင် လိန်မူချန်၏ အင်အားမှာ သာမန်မျှသာမဟုတ်ဘဲ အထင်ကြီးစရာကောင်းလှပြီး သူသည် အင်ပါယာ၏ အားအကောင်းဆုံး စစ်အင်အားစုဖြစ်သော ကောင်းကင်အရိပ်တပ်သို့ ဝင်ရောက်ရန် နီးစပ်နေပြီဖြစ်သည်။

ကောင်းကင်အရိပ် မြင်းသည်တော်တပ်မှာ အင်ပါယာ၏ လက်ရွေးစင်တပ်များထဲမှ အကောင်းဆုံးများဖြင့် ဖွဲ့စည်းထားပြီး အင်ပါယာ၏ မဟာဗိုလ်ချုပ်ကြီးကိုသာ တိုက်ရိုက် သစ္စာခံကြသည်။

...

ဤသို့သော ဂုဏ်သိက္ခာနှင့် အားကောင်းသော နောက်ခံကြောင့်ပင် မယုံနိုင်လောက်အောင် မာနကြီးသော လိန်မူချန်ကို ဖြစ်ပေါ်စေခဲ့သည်။

လွမ်ထျန်းမြို့တွင် လိန်မူချန်၏ ကျော်ကြားမှုမှာ သူ၏ဖခင်ထက်ပင် သာလွန်ပြီး ယွင်ကျိုးတစ်ခွင်တွင် လူသိများသည်။

သခင်လေးလျိုမှာမူ လျိုမိသားစု၏ အကြီးဆုံးသား လျိုချင်းယန်ဖြစ်ပြီး ပါရမီမှာ မဆိုးသော်လည်း ပုံမှန်နေ့များတွင် လေ့ကျင့်မှု ပေါ့လျော့ကာ သူ၏အင်အားမှာ သာမန်မျှသာဖြစ်ပြီး ချီသန့်စင်ခြင်းဘုံ အဋ္ဌမအလွှာတွင် ရှိနေလေသည်။

"ဟွန့်...။ မင်းကို မကြာခင် ဒါမှမဟုတ် နောက်ကျရင် ငါနိုင်အောင် တိုက်မှာ"

သခင်လေးလျိုက အနက်ရောင်ဝတ်စုံနှင့် အမျိုးသားကို စိမ်းစိမ်းကြည့်ကာ ပြောလိုက်ပြီးနောက် မြို့ထဲသို့ လိုက်ဝင်သွားကာ လမ်းတစ်လျှောက် အော်ဟစ်လိုက်သည်။

"ညီအစ်ကို... ငါ့ကို စောင့်ပါဦး..."

"ဘာကိစ္စရှိလို့လဲ"

ဖုန်းဝူချန်က လျှောက်သွားရင်း မေးလိုက်သည်။

"ငါ့နာမည် လျိုချင်းယန်ပါ...။ ညီအစ်ကိုကိုရော ဘယ်လိုခေါ်ရမလဲ"

လျိုချင်းယန်က သူ၏အကြည့်ဖြင့် ဖုန်းဝူချန်ကို အကဲဖြတ်ရင်း မေးလိုက်သည်။

"ဖုန်းဝူချန်"

ဖုန်းဝူချန်က လျစ်လျူရှုစွာ တုံ့ပြန်သည်။

လျိုချင်းယန်မှာ ဖုန်းဝူချန်ကို အလွန်စိတ်ဝင်စားနေပုံရပြီး ပြုံးကာ ဆိုလိုက်သည်။

"ညီအစ်ကိုဖုန်း...။ ငါ့အထင် မင်းရဲ့ ချီသန့်စင်ခြင်းဘုံ ဆဋ္ဌမအလွှာ အင်အားက တော်တော်လေး ကြောက်စရာကောင်းတယ်...။ လိန်မူချန်ကို သင်ခန်းစာပေးဖို့ မင်းငါ့ကို ကူညီပေးပါလား"

ဤစကားကို ကြားသောအခါ ဖုန်းဝူချန်မှာ မျက်လုံးကိုလှန်လိုက်ပြီး တုံ့ပြန်ရန်ပင် စိတ်မဝင်စားတော့ပေ။

...ဒီကောင် ငါ့ကို သေတွင်းပို့နေတာလား...။ အသွင်ပြောင်းဘုံ တတိယအလွှာကို သွားတိုက်ခိုင်းနေတယ်...။ ငါ့ခေါင်းကို မီးထွန်းထားလို့လား...။

ဒါက သူ့ကို သေချာပေါက် သေခြင်းတရားဆီသို့ ပို့ဆောင်နေခြင်းပင် မဟုတ်ပါလော။

လိန်မူချန်သည် အသွင်ပြောင်းဘုံ တတိယအလွှာဖြစ်ရာ ဖုန်းဝူချန် သူ့ကို အနိုင်ယူရန် နည်းလမ်းမရှိပေ။

ထို့အပြင် ဖုန်းဝူချန်သည် လျိုချင်းယန်ကိုပင် မသိကျွမ်းသလို လိန်မူချန်နှင့်လည်း မည်သည့်ရန်ညှိုးမှမရှိပေ။ ထိုသို့သော အခက်အခဲများကို ရန်စရန် မထိုက်တန်လှပေ။

ဖုန်းဝူချန် တုံ့ပြန်ခြင်းမရှိဘဲ လျစ်လျူရှုသော အမူအရာရှိနေသည်ကို မြင်သောအခါ လျိုချင်းယန်က အလျင်အမြန် နောက်တစ်ကြိမ် ပြုံးကာ ချော့မော့ပြောဆိုလိုက်သည်။

"ညီအစ်ကိုဖုန်း... ငါက နောက်တာပါ...။ ငါတို့တွေ့ဆုံရတာ ကံကြမ္မာပဲဖြစ်ရမယ်...။ လာ... သွားစားကြစို့...။ လိန်မူချန်က ကျွေးမှာ...။ ပြီးတော့ သူငယ်ချင်းတချို့လည်း ရှိတယ်...။ အလကားပဲဟာ..."

ဖုန်းဝူချန်သည် တစ်ခုခုစားရန် စီစဉ်နေပြီးဖြစ်ရာ လျိုချင်းယန်က သူ့ကို ဖိတ်ခေါ်သောကြောင့် လိုက်ပါသွားခဲ့ တော့သည်။

ခရီးတစ်လျှောက်လုံးတွင် လျိုချင်းယန်သည် ဖုန်းဝူချန်ကို လိန်မူချန်အကြောင်း အသိပေးခဲ့သော်လည်း ကံမကောင်းစွာဖြင့် ဖုန်းဝူချန်မှာ အနည်းငယ်မျှပင် စိတ်ဝင်စားခြင်းမရှိပေ။

မကြာမီတွင် လျိုချင်းယန်သည် ဖုန်းဝူချန်ကို ခမ်းနားထည်ဝါသော စားသောက်ဆိုင်တစ်ခုသို့ ခေါ်ဆောင်သွားပြီး ၎င်းကို လိန်မူချန်က ကြိုတင်မှာယူထားပြီး ဖြစ်သည်။

အတွင်းသို့ ရောက်သောအခါ ဖုန်းဝူချန်သည် လျိုချင်းယန်၏ သူငယ်ချင်းဆိုသူများမှာ လွမ်ထျန်းမြို့ရှိ အဓိက မိသားစုကြီးများမှ သခင်လေးများ ဖြစ်ကြပြီး ကြီးမားသော ဥစ္စာဓနနှင့် အားကောင်းသော နောက်ခံများရှိသည့် ထင်ရှားသော ပုဂ္ဂိုလ်များ ဖြစ်ကြောင်း သိရှိလိုက်ရသည်။

သူတို့ထဲတွင် အသန်မာဆုံး ဖြစ်သော လိန်မူချန်မှာ နောက်ဆုံးမှ ရောက်ရှိလာသည်။ အခြားသခင်လေးများမှာ သူ့ကို သိသိသာသာ ကြောက်ရွံ့နေကြပြီး အလွန်ရိုသေကာ မြှောက်ပင့်မှုများဖြင့် ပြည့်နှက်နေသည်။ လိန်မူချန်သည် ဤအသိုင်းအဝိုင်း၏ သူဌေးဖြစ်သည်ဟု ဆိုနိုင်သည်။

လိန်မူချန်သည် အသန်မာဆုံးဖြစ်ပြီး အလံနက်တပ်မတော်၏ လက်ရွေးစင် တစ်ဦးဖြစ်ကာ မကြာမီ အင်ပါယာ၏ အကြီးမြတ်ဆုံးအင်အားစုဖြစ်သော ကောင်းကင်အရိပ်မြင်းသည်တော်တပ်၏

အဖွဲ့ဝင်တစ်ဦး ဖြစ်လာတော့မည်ဖြစ်သည်။

လိန်မူချန်သည် အဓိကဇာတ်ကောင်ဖြစ်ပြီး အခြားသခင်လေးများမှာ သူ့ပတ်လည်တွင် လည်ပတ်နေကြကာ လျိုချင်းယန်ကိုမူ လုံးဝအာရုံမစိုက်ကြပေ။

ဤသခင်လေးများ လိန်မူချန်ကို မျက်နှာလုပ်နေကြစဉ်တွင် လျိုချင်းယန်မှာ အလွန်

အလိုမကျ ဖြစ်နေသော်လည်း စကားတစ်ခွန်းမှ မပြောရဲပေ။

...ကြည့်စမ်း...။ ဒီကောင်တွေ အကုန်လုံး သူ့ကို ဝိုင်းပြီး

မြှောက်ပင့်နေလိုက်ကြတာ...။ အရင်ကတော့ သူငယ်ချင်းတွေလိုပဲ...။ အခုတော့... တောက်...။

ဖုန်းဝူချန်မှာမူ ဤအရာအားလုံးကို ဂရုမစိုက်ပေ။ စားပွဲအပြည့် ခင်းကျင်းထားသော လက်ရာမြောက်သည့် အစားအစာများရှိနေပြီး သူသည် စကားဝိုင်းတွင် မပါဝင်ဘဲ စားရန်သာ အာရုံစိုက်ကာ သခင်လေးများ၏ ကြွားဝါမှုများကို နားထောင်နေရုံသာ ဖြစ်သည်။

သို့သော်လည်း ဖုန်းဝူချန်ကို အံ့အားသင့်စေသည်မှာ လိန်မူချန်က သူ့ကို မကြာခဏ အကဲခတ်နေခြင်းပင်ဖြစ်သည်။

"ညီအစ်ကိုဖုန်း...။ ဘာလို့ စကားမပြောတာလဲ"

လိန်မူချန်က ရုတ်တရက် မေးလိုက်ပြီး သူ၏မျက်လုံးများတွင် မထီမဲ့မြင်အရိပ်အယောင်တစ်ခု ရှိနေသည်။

ဤစကားကို ကြားသောအခါ ဖုန်းဝူချန်က လိန်မူချန်ကို တစ်ချက်ကြည့်လိုက်ကာ ပေါ့ပေါ့တန်တန် တုံ့ပြန်လိုက်သည်။

"ခင်ဗျားတို့ စကားဝိုင်းထဲမှာ ကျွန်တော်ဝင်ပြောဖို့ အခွင့်အရေးမရလို့ပါ..."

သခင်လေးများထဲမှ တစ်ဦးက ချက်ချင်းပင် မဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်။

"သူငါတို့နဲ့ အတူတူစားနေရတာကိုက သူ့အတွက် ဂုဏ်ယူစရာပဲ...။ သူက စကားပြောပိုင်ခွင့်တောင် ရှိလို့လား..."

"ညီအစ်ကို...။ စားထား... စားထား...။ ဒီလိုလက်ရာမြောက်တဲ့ အစားအစာမျိုးကို နောက်တစ်ခါ မြည်းစမ်းခွင့်ရချင်မှ ရတော့မှာ..."

အခြားသခင်လေးတစ်ဦးက သူ၏ အထင်တ‌သေး အပြုအမူကို မဖုံးကွယ်ဘဲ ရယ်မောကာ ဆိုလိုက်သည်။

"သခင်လေးလျို...။ ဒီကောင့်ကို ခင်ဗျား ဘယ်က ကောက်လာတာလဲ...။ သူ့ကိုဒီကိုခေါ်လာတာက ကျွန်တော်တို့ကို မျက်နှာပျက်အောင်လုပ်နေတာပဲ မဟုတ်ဘူးလား..."

အခြားသခင်လေးတစ်ဦးက မထီမဲ့မြင် ငြင်းဆန်လိုက်သည်။

ဖုန်းဝူချန်က သူတို့၏ လှောင်ပြောင်မှုများကို အမူအရာတစ်ချက် မပြောင်းဘဲ နားထောင်နေပြီး လုံးဝ လျစ်လျူရှုထားသည်။

သို့သော် လျိုချင်းယန်မှာမူ ထိုသို့သော စိတ်ကောင်းနှလုံးကောင်း မရှိပေ။

နောက်ဆုံးတွင် ဖုန်းဝူချန်ကို သူ ခေါ်လာခဲ့ခြင်း ဖြစ်ပြီး သူတို့သည် သူ့ကို မလေးမစားပြုရုံသာမက အေးစက်ပြီး ခနဲ့တဲ့တဲ့ဖြင့် လှောင်ပြောင်နေကြသည်။

"မင်းတို့ရဲ့ အထက်စီးဆန်တဲ့ အပြုအမူတွေ တော်လောက်ပြီ...။ မင်းတို့ဘာသာ ဆက်စားကြတော့"

လျိုချင်းယန်က ဒေါသတကြီး ကြိမ်းမောင်းလိုက်ပြီးနောက် ဖုန်းဝူချန်ကို ဆွဲကာ ထပ်ပြောလိုက်သည်။

"ညီအစ်ကိုဖုန်း...။ သွားစို့...။ ငါမင်းကို တခြားနေရာမှာ သွားစားဖို့ ခေါ်သွားမယ်...။ ဒီမှာ ငါ့စားချင်စိတ်တွေ ပျက်သွားပြီ"

လျိုချင်းယန်မှာ လိန်မူချန်ကို ဤသခင်လေးများက မျက်နှာလုပ်နေသည်ကို ကြည့်မနေနိုင်တော့ပေ။ သူ၏ အကြည်ဓာတ် ပျက်သွားချေပြီ။

"သခင်လေးလျို...။ မင်းတို့ကို ထွက်သွားခွင့် ပေးတယ်လို့ ငါ မပြောခဲ့ဘူး..."

လျိုချင်းယန်နှင့် ဖုန်းဝူချန်တို့ ထွက်ခွာရန် ကြိုးစားနေသည်ကို မြင်သောအခါ လိန်မူချန်က အေးစက်စွာ တားမြစ်လိုက်သည်။

"ငါသွားချင်ရင် သွားမှာပဲ...။ မင်းငါ့ကို ဘာလုပ်နိုင်လို့လဲ"

လျိုချင်းယန်က ကြောက်ရွံ့ခြင်းမပြဘဲ စိန်ခေါ်သလို ပြန်လည်ချေပလိုက်သည်။

လိန်မူချန်က မထီမဲ့မြင် ကဲ့ရဲ့လိုက်သည်။

"ဟုတ်တယ်...။ ငါမင်းကို ဘာမှ မလုပ်နိုင်လောက်ဘူး...။ ဒါပေမဲ့ ငါ မင်းခြေထောက်တွေကို ချိုးလိုက်ရင်တော့ မင်းအဖေတောင် စကားတစ်ခွန်းမှ မပြောရဲလောက်ဘူး..."

"ဟင်းဟင်းဟင်း..လျိုချင်းယန်...။ ကိုယ့်ကိုယ်ကို အထင်ကြီးမနေနဲ့...။ မင်းသာ အစ်ကိုကြီးလိန်ကို ပြစ်မှားမိရင် အကျိုးဆက်တွေက ဘာဖြစ်မလဲဆိုတာ မင်းသိပါတယ်..."

သခင်လေးများထဲမှ တစ်ဦးက အေးစက်စွာ ရယ်မောလိုက်သည်။

"ဟုတ်တယ်...။ လိန်မူချန်က အလံနက်တပ်မတော်ရဲ့ လက်ရွေးစင်တစ်ယောက်...။ ကောင်းကင်အရိပ် မြင်းသည်တော်တပ်ကို ဝင်တော့မှာ...။ ယွင်ကျိုးတစ်ခွင်မှာ ကျော်ကြားတယ်...။ ဟုတ်တယ်... ငါသူ့ကို မထိပါးနိုင်ဘူး...။ ဒါပေမဲ့ ငါသူ့ကို ရှောင်နိုင်တာ သေချာတယ်...။ ဒါလုံလောက်ပြီ မဟုတ်လား..."

လျိုချင်းယန်က အေးစက်စွာ ပြန်လည်ချေပလိုက်သည်။

"သခင်လေးလျို... ခင်ဗျားပြောပုံက သိပ်ကိုခါးသီးတာပဲ..."

အခြားသခင်လေးတစ်ဦးကလည်း ရန်တွေ့လိုက်သည်။

"ဟမ့်"

လျိုချင်းယန်က အေးစက်စွာ နှာမှုတ်လိုက်ပြီး လှည့်ထွက်သွားသည်။

ထိုစဉ် လိန်မူချန်က သူ့ဘေးမှ သခင်လေးတစ်ဦးကို အဓိပ္ပာယ်ပါသော အကြည့်တစ်ချက်ပေးလိုက်ရာ ထိုသူမှာ အရိပ်အကဲကို နားလည်ပြီး တုံ့ဆိုင်းခြင်းမရှိဘဲ လှုပ်ရှားလိုက်သည်။

ဤသခင်လေးမှာ လျိုချင်းယန်ထက် ကျင့်ကြံမှုပိုမိုမြင့်မားပြီး သူ၏ချီသန့်စင်ခြင်းဘုံမှာ အဋ္ဌမအလွှာဖြစ်သည်။ သူသည် သူ၏အစစ်အမှန်ချီကို နှိုးဆော်ကာ လျိုချင်းယန်၏ ကျောကို ရက်စက်စွာ ထိုးနှက်လိုက်ပြီး အားလုံးဝမထိန်းထားပေ။

"ဘုန်း"

ဖုန်းဝူချန်သည် ချက်ချင်းအာရုံခံမိပြီး သူ၏လက်ကို အလျင်အမြန် ဆန့်တန်းကာ ဖမ်းဆုပ်လိုက်သည်။ သို့သော် ထိခတ်မှု၏ တိုးညင်းသောအသံမှာ ပဲ့တင်ထပ်သွားသော်လည်း ထိုအင်အားမှာ ဖုန်းဝူချန်ကို အနည်းငယ်မျှပင် မလှုပ်ရှားစေနိုင်ခဲ့ပေ။

...သူ ငါ့ရဲ့စွမ်းအားကို တားနိုင်တယ်တဲ့လား...။

ထိုသခင်လေးမှာ စိတ်ထဲတွင် တုန်လှုပ်သွားသည်။

...တကယ်ပဲ အရည်အချင်းတချို့တော့ ရှိသားပဲ...။

လိန်မူချန်က မျက်မှောင်ကြုတ်ကာ သူ့ဘာသာသူ တီးတိုးရေရွတ်လိုက်သည်။ ဖုန်းဝူချန်၏ အင်အားမှာ ချီသန့်စင်ခြင်းဘုံ ဆဋ္ဌမအလွှာမျှသာ မဟုတ်ဘဲ ပိုမိုရှုပ်ထွေးကြောင်း သူပြောနိုင်သည်။

"စကားပြောလို့ရနေတာကို ဘာလို့ အကြမ်းဖက်နည်းလမ်းတွေ သုံးနေရတာလဲ"

ဖုန်းဝူချန်က တည်ငြိမ်စွာ ဆိုလိုက်ပြီးနောက် သူ၏လက်ကို လွှတ်လိုက်သည်။

"ကောင်စုတ်လေး...။ မင်းငါ့ကို တားရဲတယ်ပေါ့"

ထိုသခင်လေးက ဖုန်းဝူချန်ကို ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏မျက်လုံးများမှာ ပြင်းထန်သော အရောင်ဖြင့် ဝင်းလက်သွားသည်။

" ကောချန်ခုံး..။ မင်းငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့"

လျိုချင်းယန်က ဟိန်းဟောက်လိုက်ပြီး သူ၏မျက်နှာမှာ သွေးကြောများ ဖောင်းကြွကာ ခရမ်းရောင်ပြောင်းသွားပြီး ပေါက်ကွဲထွက်တော့မည့်ဟန်တူသည်။

လိန်မူချန် မပြန်လာခင်က လျိုချင်းယန်သည် ဤသခင်လေးများနှင့် အတော်လေး ကောင်းမွန်သော ဆက်ဆံရေးရှိခဲ့ပြီး အတူတူ လည်ပတ်လေ့ရှိကြသည်။ သို့သော်လည်း လိန်မူချန် ပြန်ရောက်လာသည်နှင့် ဤသူငယ်ချင်းဆိုသူများမှာ သူ့ကို လုံးဝအလေးမထားကြတော့ပေ။

"ဟွန့်"

ကောချန်ခုံးက ဒေါသတကြီး နှာမှုတ်လိုက်ပြီး လျိုချင်းယန်ကို ဂရုမစိုက်ဘဲ ဖုန်းဝူချန်ထံသို့ နောက်တစ်ကြိမ် လက်သီးဖြင့် ပြေးဝင်သွားသည်။

"ခွပ်"

ဖုန်းဝူချန်၏ တုံ့ပြန်မှုမှာ လျင်မြန်လှသည်။ ကဲချန်ခုံ လှုပ်ရှားလိုက်သည့် ခဏမှာပင် ဖုန်းဝူချန်သည် လက်သီးတစ်လုံး ပစ်လွှတ်လိုက်ရာ ကဲချန်ခုံ၏ ရင်ဘတ်ကို ထိမှန်ပြီး သူ့ကို ယိုင်နဲ့ကာ နောက်သို့ဆုတ်သွားစေသည်။

ဤလက်သီးသည် အခြားသခင်လေးများကို တုန်လှုပ်စေခဲ့သည်။ ချီသန့်စင်ခြင်းဘုံ အဋ္ဌမအလွှာဖြစ်သော ကောချန်ခုံးကို ဆဋ္ဌမအလွှာမှ တစ်စုံတစ်ဦးက ဤမျှ လွယ်ကူစွာ ထိုးလဲလိုက်သည်တဲ့လား။

ကဲချန်ခုံ အားနည်းခြင်း မဟုတ်ဘဲ ဖုန်းဝူချန်မှာ အလွန်

အားကောင်းလွန်းခြင်း ဖြစ်သည်။

"ညီလေးဖုန်း...။ ကောင်းတယ်"

လျိုချင်းယန်က ကျေနပ်စွာ ဆိုလိုက်သည်။

"ညီလေးဖုန်းက အားမနည်းဘူးပဲ...။ ချီသန့်စင်ခြင်းဘုံ အဋ္ဌမအလွှာက တစ်ယောက်ကို တွန်းလှန်နိုင်တယ်...။ ဆဋ္ဌမအလွှာ ဖြစ်နေပေမယ့်..."

လိန်မူချန်က အနည်းငယ် မထီမဲ့မြင်ကဲ့ရဲ့လိုက်သည်။

"ကျွန်တော် စားလို့ဝပြီ...။ ခင်ဗျားတို့ကို ဆက်မနှောင့်ယှက်တော့ဘူး...။ နှုတ်ဆက်ပါတယ်..."

ဖုန်းဝူချန်က အသွင်ပြောင်းဘုံ တတိယအလွှာဖြစ်သော လိန်မူချန်နှင့် ရင်ဆိုင်ရသည့်အခါပင် မကြောက်ရွံ့ဘဲ မာနကြီးစွာ ဆိုလိုက်သည်။

"ဟွန့်"

လျိုချင်းယန်က ကျေနပ်စွာ ဟွန့်ခနဲဆိုပြီးနောက် ဖုန်းဝူချန်နှင့်အတူ စားသောက်ဆိုင်မှ ထွက်ခွာသွားသည်။

ကဲချန်ခုံက သူတို့ကို လိုက်ရန်ကြံသော်လည်း လိန်မူချန်က သူ့ကို တားဆီးလိုက်သည်။

ကောချန်ခုံးက သူတို့ကို လွှတ်ပေးရန် လုံးဝမလိုလားဘဲ စောဒကတက်လိုက် ၏။

"အစ်ကိုကြီးလိန်...။ ခင်ဗျားသူတို့ကို ဒီအတိုင်းပဲ ထွက်သွားခွင့်ပေးလိုက်တော့မှာလား"

လိန်မူချန်က မဲ့ပြုံးတစ်ချက်ပြုံးလိုက်သည်။

"တခြားအခွင့်အရေးတွေ ရှိပါသေးတယ်...။ ဖုန်းဝူချန်က သာမန် မဟုတ်ဘူး...။ မင်းသူ့ရဲ့ပြိုင်ဘက်

မဟုတ်ဘူး...။ ပြီးတော့ ငါဝင်စွက်ဖက်ဖို့လည်း မသင့်တော်ဘူး...။ အားနည်းသူကို အနိုင်ကျင့်တယ်လို့ မြင်ကြလိမ့်မယ်...။ တခြားနေရာမှာသာဆိုရင် ငါသူ့ကို သတ်ဖို့ တုံ့ဆိုင်းနေမှာမဟုတ်ဘူး..."

"ငါ ဒီတစ်ခါ ရတနာခုနစ်ပါး ချီစုစည်းဆေးမှုန့် တချို့ယူဆောင်လာခဲ့တယ်...။ ကြားရတာတော့ ထျန်းကျိုးက ဝူရွှမ်းမြို့က ဖုန်းမိသားစုက ဖော်စပ်နည်းကို မဟာဗိုလ်ချုပ်ကြီးကို လက်ဆောင်ပေးခဲ့တယ်တဲ့...။ အခုတော့ အလံနက်တပ်မတော်က ဒီရတနာကို ကျင့်ကြံဖို့အတွက် သုံးနေကြပြီ...။ ဒါက ချီတိုးပွားဆေးမှုန့်ထက် ဆယ်ဆပိုထိရောက်ပြီး မင်းတို့ရဲ့ကျင့်ကြံမှုကို အကြီးအကျယ် အထောက်အကူပြုတယ်...။ ဒါ့အပြင် ဒါက ချီသန့်စင်ခြင်းဘုံအတွက်ပဲ သင့်တော်တယ်..."

လိန်မူချန်က ပြုံးကာ ဆိုလိုက်သည်။

"ရတနာခုနစ်ပါး ချီစုစည်းဆေးမှုန့်တဲ့လား"

"ချီတိုးပွားဆေးမှုန့်ထက် ဆယ်ဆပိုအားကောင်းတယ် ဟုတ်လား...။ ဒီလောက်အစွမ်းထက်တဲ့ ရတနာ တကယ်ရှိလို့လား‌"

သခင်လေးများအားလုံးမှာ သိသိသာသာ တုန်လှုပ်သွားကြသည်။

လိန်မူချန်က ခေါင်းညိတ်ကာ ရယ်မောလိုက်သည်။

"လုံးဝအမှန်ပဲ...။ သတင်းက ယွင်ကျိုးကို ရောက်လောက်ပြီ...။ မင်းတို့မသိဘူးလား"

သခင်လေးများက သူတို့ဘာမှမကြားမိကြောင်း ညွှန်ပြကာ ခေါင်းခါလိုက်ကြသည်။

"ဒါပေမဲ့ ဒီရတနာက အင်ပါယာက အခုမှ ဖန်တီးတာဆိုတော့ ငါဆယ်ထုပ်ပဲ ယူလာနိုင်ခဲ့တယ်...။ မင်းတို့တစ်ယောက်ကို နှစ်ထုပ်စီရမယ်...။ ဟီးဟီး၊ လျိုချင်းယန်ကိုတော့ ချန်ထားလို့ရတယ်..."

လိန်မူချန်က ရယ်မောကာ ရတနာကို သခင်လေးများနှင့် ရက်ရောစွာ မျှဝေလိုက်သည်။

"ကျေးဇူးတင်ပါတယ် အစ်ကိုကြီးလိန်"

သခင်လေးများမှာ စိတ်လှုပ်ရှားစွာဖြင့် သူ့ကို အကြိမ်ကြိမ် ကျေးဇူးတင်ကြသည်။

(..ဒီလူတွေသာ ရတနာခုနစ်ပါး ချီစုစည်းဆေးမှုန့်ရဲ့ ပိုင်ရှင်က ခုနကထွက်သွားတဲ့ ဖုန်းဝူချန်မှန်းသိရင် ဘယ်လိုမျက်နှာထားမျိုးတွေ ဖြစ်ကုန်မလဲ မသိဘူး...။)

"ညီအစ်ကိုဖုန်း...။ မင်းဒီလောက် အစွမ်းထက်မှန်း ငါမသိခဲ့ဘူး...။ ကောချန်ခုံးတောင် မင်းရဲ့ပြိုင်ဘက်မဟုတ်ဘူးပဲ"

စားသောက်ဆိုင်မှ ထွက်လာသည်နှင့် လျိုချင်းယန်က စိတ်လှုပ်ရှားစွာ ဆိုလိုက်ပြီး ဖုန်းဝူချန် အပေါ် အပြောအဆိုပင် ပြောင်းလဲသွားသည်။

"လေ့ကျင့်နေရုံနဲ့ မင်းသူ့ကို ကျော်တက်နိုင်ပါတယ်...။ မင်းရဲ့ခန္ဓာကိုယ်ကို ကြည့်ရတာ မင်းကျင့်ကြံမှုကို ပေါ့လျော့နေခဲ့တာပါ"

ဖုန်းဝူချန်က ပြုံးကာ ပြန်ဖြေသည်။

လျိုချင်းယန်က အကြိမ်ကြိမ် ခေါင်းညိတ်ကာ ရယ်မောလိုက်သည်။

"ဟုတ်တယ်... ဟုတ်တယ်...။ ညီအစ်ကိုဖုန်း ပြောတာမှန်တယ်..."

"မင်းဒီနေ့ သူတို့နဲ့ ရန်သူတွေဖြစ်သွားပြီဆိုတော့ နောက်ပိုင်း သတိထားပါ...။ ငါသွားတော့မယ်..."

ဖုန်းဝူချန်က ပုံမှန်လေသံဖြင့် ဆိုလိုက်သည်။

"ညီလေးဖုန်း...။ မင်းဘယ်သွားမလို့လဲ"

လျိုချင်းယန်က သူ့ကိုလိုက်ပါလိုဟန်ဖြင့် အလျင်အမြန် မေးလိုက်သည်။

"ငါ မြို့ပြင်က တိတ်ဆိတ်တဲ့ နေရာတစ်ခုကို ကျင့်ကြံဖို့ သွားမလို့..."

ဖုန်းဝူချန်က ပုံမှန်လေသံဖြင့် ပြန်ဖြေသည်။

"ကျင့်ကြံမယ် ဟုတ်လား"

လျိုချင်းယန်က အလျင်အမြန် လိုက်လာပြီး ဆိုလိုက်သည်။

"ညီလေးဖုန်း...။ ငါကျင့်ကြံဖို့အတွက် နေရာကောင်းတစ်ခု သိတယ်"

"ဪ...။ ဘယ်နေရာလဲ"

ဖုန်းဝူချန်က စုံစမ်းမေးမြန်းသည်။

လျိုချင်းယန်က လေးနက်စွာ ပြောလိုက်သည်။

"မြောက်ဘက်မှာ... ထျန်းယွင်တောင်...။ တောနက်ကြီးထဲမှာ...။ အဲ့ဒီမှာ ဝိညာဉ်စွမ်းအင်က သိပ်ကိုကြွယ်ဝတယ်...။ ဘယ်သူမှနီးပါး မရောက်ဖူးဘူး...။ ပြီးတော့ ငါဂူစံအိမ်တစ်ခုတောင် တွေ့ထားတယ်..."

"ဘယ်သူမှမသွားတဲ့နေရာကို မင်းက ဘာသွားလုပ်တာလဲ"

ဖုန်းဝူချန်မှာ အနည်းငယ် သံသယရှိနေပုံရသည်။

"ငါ့အဖေက တစ်ခါက ငါ့ကို အပြစ်ပေးတဲ့အနေနဲ့ အဲ့ဒီမှာ တစ်လကြာ ကျင့်ကြံခိုင်းခဲ့တာ လေ...။ အဲ့ဒီဂူကို ချင်းအာက ရှာတွေ့ခဲ့တာ...။ အဲ့ဒီကတည်းက တစ်နှစ်လောက် ရှိပြီ...။ ညီအစ်ကိုဖုန်းသာ မပြောခဲ့ရင် ငါ လုံးဝ မေ့သွားလောက်ပြီ..."

ခဏရပ်ပြီးနောက် လျိုချင်းယန်က ထပ်ပြောသည်။

"အဲ့ဒီဂူက အားကောင်းတဲ့ အရှိန်အဝါတစ်ခု ထုတ်လွှတ်နေတယ်...။ အတွင်းထဲမှာ ရတနာတွေ ရှိနိုင်တယ်...။ ငါတို့ အဲ့ဒီတုန်းက အားနည်းလွန်းလို့ အနားမကပ်ရဲခဲ့ဘူး.."

All Chapters