← Chapters

လိန်မူချန်နှင့် ရင်ဆိုင်ခြင်း

Vol. 4 Ch. 49

လိန်မူချန်နှင့် ရင်ဆိုင်ခြင်း

Vol. 4 Ch. 49

~ဖုန်းဝူချန်၏ လျှပ်စီးလက်သလို မြန်ဆန်သော လှုပ်ရှားမှုကို မြင်လိုက်ရုံဖြင့် ကောချန်ခုံးတစ်ယောက် နားလည်လိုက်သည်။

ဒီကောင်… အသွင်ပြောင်း ဘုံကို ရောက်သွားခဲ့ပြီ။

သို့သော် သူ့ကို တကယ့်တကယ် ထိတ်လန့်သွားစေသည်မှာ အချိန်အခါပင်။

နှစ်လ… ဟုတ်သည်၊ နှစ်လတည်းသော အချိန်အတွင်းမှာ ဖုန်းဝူချန်က ချီသန့်စင်ခြင်းအဆင့် ခြောက်လွှာကနေ အသွင်ပြောင်း ဘုံကို ဖောက်ထွင်းသွားခဲ့သည်။ ဒါက ဘယ်လို ကြောက်စရာကောင်းတဲ့ ကျင့်ကြံခြင်းအရှိန်မျိုးလဲ။

'မဖြစ်နိုင်ဘူး… ဒါ လုံးဝမဖြစ်နိုင်ဘူး။'

ကောချန်ခုံးတစ်ယောက် ထိုအကြောင်းကို ဆက်မတွေးရဲတော့။ တွေးဖို့လည်း အချိန် မရလေတော့။

ဖုန်းဝူချန်၏ အထင်တသေးဟန်နှင့် သူ့ကို အဖက်မတန်သလို ကြည့်နေသော အကြည့်တို့ကြောင့် ကောချန်ခုံး၏ ဒေါသစိတ်တို့က အရှိန်အဟုန်ပြင်းစွာ ဆူပွက်တက်လာ၏။ သူ့မျက်နှာသည် ထိတ်လန့်ခြင်းမှသည် ရက်စက်ကြမ်းကြုတ်သော အသွင်သို့ ပြောင်းလဲသွားလေသည်။

"မင်း ခုခံချင်သေးရင်လည်း ကြိုးစားကြည့်လိုက်လေ။"

ဖုန်းဝူချန်က သူ့ဒေါသကို

လုံးဝအဖက်မလုပ်ဘဲ ခပ်ပြတ်ပြတ်ပင် ဆိုလိုက်သည်။

“မင်း... မင်းလို အဆင့်များ..ငါက မင်းကိုကြောက်မယ်များ ထင်နေသလား။"

ကောချန်ခုံးတစ်ယောက် ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီမြန်းတက်လာပြီး သူ၏ အစစ်အမှန်ယွမ်အားလုံးကို အားကုန်ထုတ်သုံးကာ တန်ပြန်တိုက်ခိုက်ရန် ပြင်လိုက်တော့သည်။

...

အားပြင်းသော ချီစွမ်းအင်လှိုင်းတစ်ခုက လမ်းမပေါ်ရှိ လူအုပ်ကြီးကို ထိတ်လန့်တကြား ထွက်ပြေးသွားစေသော်လည်း

ဖုန်းဝူချန်ကတော့ မတုန်မလှုပ်ပင်။

“ခွပ်”

ကောချန်ခုံးက ဖုန်းဝူချန်၏ မီးလျှံဓားကို ဘယ်လက်ဖြင့် ပစ်ထုတ်ကာ ညာလက်သီးဖြင့် အားကုန်ထိုးချလိုက်သည်။

ဖုန်းဝူချန်က သူ၏ ဘယ်လက်ကို ဆန့်တန်းလိုက်ရုံဖြင့် ကောချန်ခုံး၏ တိုက်ကွက်ကို အလွယ်တကူ ပိတ်ဆို့ထားလိုက်နိုင်၏။ ကောချန်ခုံး တစ်ယောက် အားကုန်သုံး

တိုက်ခိုက်သော်ငြား ဖုန်းဝူချန်ကို ခြေတစ်လှမ်းမျှပင် နောက်ဆုတ်သွားအောင် မလုပ်နိုင်ခဲ့ပေ။

'ဒီကောင်… တကယ်ပဲ ဘယ်လိုအစွမ်းတွေ ရလာတာလဲ။'

ကောချန်ခုံး၏ မျက်နှာက ဒေါသကြောင့် ရှုံ့မဲ့သွားပြီး သွားများကို ကြိတ်ကာ အားပြင်းသော ကန်ချက်တစ်ခုကို ဆက်တိုက် ထိုးကျွေးလိုက်ပြန်သည်။

သို့သော် တိုက်ကွက် စတင်လိုက်သည်နှင့် တစ်ပြိုင်နက် ဖုန်းဝူချန်က ဘယ်ဘက်လက်ကို နောက်ပြန် ဖမ်းလိုက်ရာ ကောချန်ခုံး၏ လက်သီးပါ ဆွဲငင်ခံလိုက်ရသလိုဖြစ်ပြီး ဟန်ချက်ပျက်ကာ ဖုန်းဝူချန်၏ နောက်ကျောဘက်သို့ လဲကျသွားတော့သည်။

"ထုစမ်းပါ ၊ ညီအစ်ကိုဖုန်းရဲ့။ အားမနာနဲ့။"

ဘေးက လျိုချင်းယန်က စိတ်လှုပ်ရှားစွာ အော်ဟစ်အားပေးလိုက်သည်။

ကောချန်ခုံး တစ်ယောက် ဒေါသထွက်လွန်း၍ အသိစိတ်ပင် လွတ်သွားပြီး ထကာ တန်ပြန် တိုက်ခိုက်ရန် ကြိုးစားလိုက်သော်လည်း ဖုန်းဝူချန်၏ မီးလျှံဓားက သူ့မျက်နှာရှေ့တွင် ရောက်နှင့်နေခဲ့ပြီ။

"အသက်ရှင်ချင်သေးရင်တော့ ငါ့ရှေ့မှာ ဒူးထောက်စမ်း။"

ဖုန်းဝူချန်က အေးစက်စက် လေသံဖြင့် ထပ်မံဆိုလိုက်သည်။

"တောက်…။"

ကောချန်ခုံးက ဒေါသတကြီး အံကြိတ်လိုက်သည်။

"ဝှစ်"

ကောချန်ခုံး ဒူးမထောက်သေးသည်ကို မြင်သောအခါ ဖုန်းဝူချန်က မီးလျှံဓားကို ရုတ်တရက် လွှဲလိုက်သည်။

ဝှစ်ကနဲ လေတိုးသံနှင့်အတူ ဓားသွားက ကောချန်ခုံး၏ ပခုံးကို ဖြတ်ရှသွားပြီး သွေးစက်တွေက သူ့အင်္ကျီကို ချက်ချင်းပဲ အနီရောင်ဆိုးသွားစေတော့သည်။

ဓားချက်က မြန်လွန်းသောကြောင့် ကောချန်ခုံး တစ်ယောက် ရှောင်ချိန်ပင် မရလိုက်ပေ။

အဝေးမှရပ်ကြည့်နေသူများနှင့် အဆောက်အအုံများပေါ်မှ ချောင်းကြည့်နေသူများအားလုံး ဖုန်းဝူချန်၏ ပြင်းထန်သောအစွမ်းကြောင့် အံ့အားသင့်သွားကြသည်။

"ဘယ်သူလဲကွ အဲ့ကောင်လေး။ တော်တော်အားသန်တာပဲ။ တစ်ခါမှ မမြင်ဖူးပါလား။"

"သခင်လေးလျိုက သူ့ကို ညီအစ်ကိုဖုန်းလို့ ခေါ်တယ်ဆိုတော့ သူတို့သိကြမှာပေါ့။ ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ အသွင်ပြောင်း ဘုံကို ရောက်နေတာ ပါရမီရှင် တစ်ယောက်ပဲ ဖြစ်ရမယ်။"

"အဲ့ကောင်လေးရဲ့ ဓားကလည်း အလယ်အလတ် အဆင့် ရတနာ တစ်ခုပဲ။ သခင်လေးကောထက် သန်မာတာ မဆန်းပါဘူး။ သေချာပေါက် အရေးပါတဲ့ လူတစ်ယောက်ပဲ နေမှာ”

လမ်းသွားလမ်းလာများက ဖုန်းဝူချန်၏ နောက်ခံရာဇဝင်ကို အလွန်သိချင်စိတ်ပြင်းပြစွာဖြင့် တတွတ်တွတ် တီးတိုး ပြောဆိုနေကြသည်။

—-

"အခု ဒူးမထောက်သေးရင် နောက်တစ်ချက်က မင်းအသက်ကို ယူသွားလိမ့်မယ်။"

ဖုန်းဝူချန်က မီးလျှံဓားကို ကောချန်ခုံး၏ ရင်ဘတ်တည့်တည့်သို့ ချိန်ရွယ်ရင်း အေးစက်စွာ ပြောလိုက်သည်။

ကောမိသားစု၏ အကြီးဆုံးသား တစ်ယောက်အနေဖြင့် လွမ်ထျန်းမြို့ရှိ လူပေါင်းများစွာရှေ့တွင် ဖုန်းဝူချန်ရှေ့၌ ဒူးထောက်ရမည်လော။ သူသည် သေခြင်းကိုသာ ရွေးချယ်ပေလိမ့်မည်။

သို့တိုင် ကောချန်ခုံးသည် အရှုံးပေးရန် စိတ်ကူး မရှိသေးပေ။

"အား။"

ကောချန်ခုံးက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ၏ အစွမ်းထက်သော အစစ်အမှန်ယွမ်များကို လက်ထဲတွင် စုစည်းကာ ဖုန်းဝူချန်ထံသို့ အားကုန်

တွန်းထုတ်လိုက်သည်။

ဖုန်းဝူချန်၏ မျက်လုံးများထဲတွင် အေးစက်သော သတ်ဖြတ်လိုသည့် အရိပ်အယောင် တစ်ခု ဖြတ်ပြေးသွားပြီး နဂါးနတ်ဘုရား၏ စွမ်းအားကို လျင်မြန်စွာ ထုတ်ဖော်ကာ သူ၏ ဘယ်ဘက်လက်ဝါးဖြင့် တိုက်ကွက်ကို အားလျော့ခြင်းမရှိဘဲ ရင်ဆိုင်လိုက်၏။

" ဖြောင်း "

"ဝေါ့။"

အားပြင်းသည့် စွမ်းအင်က ကောချန်ခုံးကို သွေးအန်ထွက်သွားသည့်အထိ တုန်ခါသွားစေပြီး မြေပြင်ပေါ်မှာ ဖိနပ်ရာကြီးထင်သွားသည့်အထိ ပေပေါင်းများစွာ တရွတ်တိုက် ပါသွားတော့သည်။

"ဒါ… ဒါဘယ်လိုဖြစ်နိုင်မှာလဲ။ ဒီစွမ်းအားက ဘယ်လိုစွမ်းအားမျိုးလဲ။"

ကောချန်ခုံး၏ စိတ်ထဲတွင် အကြီးအကျယ် တုန်လှုပ်သွားခဲ့သည်။ ထိခတ်မိသည့်အချိန်တွင် ဖုန်းဝူချန်ထံမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို သူ ခံစားလိုက်ရ၏။

လက်ဝါး တစ်ချက်တည်းဖြင့် မိမိကို သွေးအန်စေခဲ့သည်မှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအား ဖြစ်လိုက်မည်နည်။

ကြည့်ရှုနေသူများအားလုံး အံ့အားသင့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ နှစ်ဦးစလုံးသည် အသွင်ပြောင်း ဘုံ ပထမလွှာတွင် ရှိနေကြသော်လည်း ဖုန်းဝူချန်က ကောချန်ခုံးကို လက်ဝါးတစ်ချက်တည်းဖြင့် ဒဏ်ရာရစေနိုင်သည်ကို သူတို့မယုံနိုင်ကြပေ။

"အစ်ကိုဖုန်းက တော်တော်သန်တာပဲ။"

လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့နှစ်ဦးလုံး အံ့အားသင့်ကာ ဆွံ့အသွားကြသည်။

ဖုန်းဝူချန်က တစ်လှမ်းချင်း လျှောက်သွားလေ၏။ မီးလျှံဓားကို ကောချန်ခုံးထံသို့ တစ်ဖန် ချိန်ရွယ်လိုက်ကာ သူ၏လေသံမှာ အရင်အတိုင်းပင် အေးစက်လျက်ရှိသည်။

"မင်း ဒူးမထောက်ဘူးဆိုတော့ သေလမ်းကိုပဲ ရွေးလိုက်တော့။"

ထိုစကားအဆုံးတွင် ဖုန်းဝူချန်၏ မီးလျှံဓားက ရက်စက်စွာ ထိုးထွက်လာသဖြင့် ကောချန်ခုံးတစ်ယောက် ကြောက်လန့်တကြား တုန်ရီသွားတော့သည်။

"အစ်ကိုဖုန်း။"

လျိုချင်းယန် ကြောက်လွန်း၍ ဝိညာဉ်ပင် လွင့်ထွက်မတတ်ဖြစ်ကာ

အော်ဟစ်လိုက်မိသည်။

အကယ်၍ ဖုန်းဝူချန်သာ ကောချန်ခုံးကို အမှန်တကယ် သတ်လိုက်ပါက ကောမိသားစုနှင့် လျိုမိသားစုကြားတွင် စစ်မီးမွှေးလိုက်သလို ဖြစ်သွားမည်ကို လျိုချင်းယန် စိုးရိမ်မိသည်။

သို့သော် ဖုန်းဝူချန်သည် ရပ်တန့်ရန် စိတ်ကူးမရှိ၊ သူ၏အရိုးထဲ စွဲနေသော ပြင်းထန်သည့်စိတ်ဓာတ်မှာ လျိုချင်းယန်ကြောင့် အနည်းငယ်မျှပင် လျော့ပါးသွားခြင်း မရှိပေ။

ကောချန်ခုံးက ဖုန်းဝူချန်သည် လွမ်ထျန်းမြို့ထဲတွင် သူ့ကို သတ်ရဲလိမ့်မည်ဟု အမှန်တကယ် မယုံနိုင်ပေ။ ဒါက သူ့နယ်မြေ မဟုတ်ပါလော။

ကောချန်ခုံးသာမက လွမ်ထျန်းမြို့မှ လူတိုင်း လန့်သွားကြပြီး ဖုန်းဝူချန်က တကယ်တမ်း သေစေလောက်သော တိုက်ကွက်ကို ထုတ်ဖော်တော့မည်ကို မယုံကြည်နိုင် ဖြစ်နေကြသည်။

ထိုအခိုက်အတန့်၌…

..ဒါ..အသွင်ပြောင်း ဘုံ တတိယလွှာ… လိန်မူချန်ပဲ။..

ဖုန်းဝူချန်၏ မျက်ခုံးများ ရုတ်တရက် တွန့်ချိုးသွားပြီး လိန်မူချန် ရောက်ရှိလာနေသည်ကို အာရုံခံမိလိုက်သည်။

"ထန်။"

မီးလျှံဓားက ကောချန်ခုံး၏ ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်တော့မည့်ဆဲဆဲမှာ

ပင် ရုတ်တရက် လေခွင်းသံတစ်ခု ထွက်ပေါ်လာပြီး အနက်ရောင်မျဉ်းတစ်စင်းက ပျံသန်းလာသည်။

ချွင်ကနဲ မြည်သံနှင့်အတူ ၎င်းက ဖုန်းဝူချန်၏ မီးလျှံဓားသွားကို တိကျစွာ ထိမှန်ပြီး တိုက်ကွက်ကို လမ်းကြောင်းလွှဲဖယ်ရှားလိုက်သည်။

ထိုတစ်ချက်တည်းသော ကာကွယ်မှုက ကောချန်ခုံး၏ အသက်ကို ကယ်တင်လိုက်သည်။

"ဖုန်းဝူချန်… မင်းတော်တော်သတ္တိရှိတာပဲ။ လွမ်ထျန်းမြို့ထဲမှာ သခင်လေးကဲကို သတ်ဖို့ ကြိုးစားရဲတယ်ပေါ့။ ငါထင်တာတော့ မင်း အသက်မရှင်ချင်တော့ဘူး ထင်တယ်။"

လိန်မူချန်၏ လှောင်ပြောင်သရော်သံနှင့် အေးစက်သော ရယ်သံတို့ ထွက်ပေါ်လာသည်။

“သွားပြီ… လိန်မူချန် ရောက်လာပြီ။”

လျိုချင်းယန်၏ မျက်နှာသည် ဖြူဖျော့သွားပြီး သူ့နှလုံးသားထဲတွင် ထိတ်လန့်မှုတို့ ပြည့်နှက်သွားသည်။

"မြို့သခင်လေး ကြွလာပြီ။"

"မြို့သခင်လက အလံနက်တပ်မတော်ရဲ့ ထိပ်တန်းပညာရှင် တစ်ယောက်ပဲ။ အဲ့ကောင်စုတ်က လွမ်ထျန်းမြို့ကို လာပြီး ရမ်းကားတာ သေချင်နေတာပဲ။"

လူအုပ်၏ အကြည့်တို့သည် အသံလာရာသို့ လှည့်သွားကြပြီး အများစုမှာ ဖြစ်ပျက်နေသော အဖြစ်အပျက်ကို မနှစ်မြို့ဖွယ်ရာ ပျော်ရွှင်စွာ ကြည့်ရှုနေကြသည်။

ဖုန်းဝူချန်က ဘယ်ဘက်မှ ချဉ်းကပ်လာသော လိန်မူချန်ကို ရင်ဆိုင်ရန် ဖြည်းညင်းစွာ လှည့်လိုက်ပြီး အေးအေးလူလူ အမူအရာဖြင့် ဆိုလိုက်သည်။

"သူက ငါ့ကို သတ်မလို့ကြံတာ။ ပြန်တိုက်ခိုက်တာ မှားလို့လား။"

လိန်မူချန် ဝင်ရောက်ပိတ်ဆို့မည်ကို သိသောကြောင့် ဖုန်းဝူချန် ထပ်မံ တိုက်ခိုက်ရန်တော့ မကြိုးစားတော့ပေ။

"မင်းမမှားပါဘူး။ ဒါပေမဲ့ မင်း အကျိုးဆက်ကို စဉ်းစားပြီးပြီလား။ မင်းသာ သခင်လေး ကောကို သတ်လိုက်ရင် လွမ်ထျန်းမြို့ကနေ အသက်ရှင်လျက် ထွက်သွားနိုင်မယ်လို့ ထင်နေသလား။"

လိန်မူချန်က သူ့မျက်လုံးထဲတွင် မထီမဲ့မြင်အကြည့်နှင့် သံမဏိကဲ့သို့ မာကျောသော သတ်ဖြတ်လို

သည့် အငွေ့အသက်တို့ဖြင့် ပြုံးကာ မေးလိုက်သည်။

လိန်မူချန်ထံမှ ထွက်ပေါ်နေသော သတ်ဖြတ်လိုသည့် အငွေ့အသက်မှာ အလွန်အေးစက်ပြီး နက်ရှိုင်းလှသည်။ ၎င်းမှာ အလံနက်တပ်မတော်၏ လေ့ကျင့်မှုကြောင့်ဖြစ်ပြီး ထိပ်တန်းစစ်သည် တစ်ဦး ဖြစ်ဖို့ ထိုက်တန်လှပေသည်။

"အစ်ကိုကြီးလိန်၊ သူ့ကို မြန်မြန်သတ်လိုက်ပါ။"

လိန်မူချန် ချဉ်းကပ်လာသည်ကို မြင်သောအခါ ကောချန်ခုံးက ဝမ်းသာခြင်းနှင့် ဒေါသတို့ ရောယှက်ကာ အော်ဟစ်လိုက်သည်။

လိန်မူချန်အပြင် အခြားမိသားစုများမှ သခင်လေးများလည်း လိုက်ပါလာကြသည်။

"ဖုန်းဝူချန်၊ မင်းအတွက် ထွက်ပေါက်

မရှိတော့ဘူး။ သေဖို့သာ ပြင်ထားတော့။"

လိုက်ပါလာသူ ကျောက်ယန်ကလည်း အေးစက်စွာ ရယ်မောရင်း လှောင်ပြောင်လိုက်သည်။

ဒါက ဖုန်းဝူချန်ကို သတ်ရန် အကောင်းဆုံး အခွင့်အရေးပင်။

အင်အားကြီးသူက နည်းသူအား အနိုင်ကျင့်ခြင်း ဖြစ်စေကာမူ လွမ်ထျန်းမြို့တွင် မည်သူမျှ ကန့်ကွက်ကြမည် မဟုတ်ပေ။

"လျိုချင်းယန်၊ ငါတို့ ငယ်ငယ်ကတည်းက သိကျွမ်းခဲ့ပြီး ဆက်ဆံရေးလည်း မဆိုးဘူးဆိုတာကို ထောက်ထားပြီး မင်းအခု ဖုန်းဝူချန်ကို မသိဘူးလို့ ပြောလိုက်ရင် မင်းကို ဒီကိစ္စကနေ ချန်လှပ်ထားပေးနိုင်တယ်။ သေချာစဉ်းစား။"

လိန်မူချန်က သူ၏ကြမ်းတမ်းရက်စက်သော အကြည့်ကို လျိုချင်းယန်ထံသို့ လွှဲပြောင်းရင်း အေးစက်စွာ ဆိုလိုက်သည်။

"မင်းတို့လို သွေးအေးပြီး သစ္စာမရှိတဲ့ သူငယ်ချင်းမျိုး ငါမလိုချင်ဘူး။ အများနဲ့တစ်ယောက် အနိုင်ကျင့်ချင်တယ်ဆိုရင်

အရင်ဆုံး ငါ့ကို ကျော်သွားရလိမ့်မယ်။"

လျိုချင်းယန်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး ချက်ချင်းပင် ဖုန်းဝူချန်ဘေးသို့ ပြေးသွားကာ ရပ်လိုက်သည်။ မြောင်ချင်းချင်းကလည်း မဆိုင်းမတွပင် လိုက်ပါသွားသည်။

လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့ ဤအချိန်တွင် သူ့ဘက်၌ ရပ်တည်ရဲကြသည်ကို ဖုန်းဝူချန် အနည်းငယ် အံ့အားသင့်သွားသည်။

"ဘာလို့ ဝင်ပါရတာလဲ။ မင်းတို့မိသားစုတွေ ပါဝင်ပတ်သက်ခံရမှာ မကြောက်ဘူးလား။"

"ကြောက်တာပေါ့။ ဒါပေမဲ့ ဘာဖြစ်လဲ။ ငါတို့က သူငယ်ချင်းတွေ မဟုတ်ဘူးလား။ ငါ့အဖေက အမြဲပြောတယ်၊ တကယ့် သူငယ်ချင်း စစ်စစ်အတွက်ဆိုရင် အသက်တောင် စွန့်လွှတ်ရကျိုးနပ်တယ်တဲ့။"

လျိုချင်းယန်က ပြတ်သားစွာ တုံ့ပြန် လိုက်သည်။

လျိုချင်းယန်၏ ခိုင်မာသည့် စကားကို ကြားသောအခါ ဖုန်းဝူချန်၏ နှလုံးသားထဲတွင် တိတ်ဆိတ်သော ကျေးဇူးတင်စိတ်တစ်ခု ဖြစ်ပေါ်လာသည်။

မိသားစုများ ပျက်စီးသွားနိုင်သည့် အန္တရာယ်ရှိနေသော်လည်း လျိုချင်းယန်၏ ရပ်တည်ချက်က

မပြောင်းလဲခဲ့ပေ။

"ဟမ့်…လျိုချင်းယန်၊ ဒါ မင်းကိုယ်တိုင် ရွေးချယ်တာပဲ။ ငါတို့ မင်းကို အခွင့်အရေး မပေးဘူးလို့ မပြောနဲ့။"

လိန်မူချန်က အေးစက်စွာ ငေါက်ငမ်းလိုက်သည်။

သူ့စကား အဆုံး၌ အားပြင်းသော အစစ်အမှန်ယွမ်စွမ်းအင်တစ်ခုက လိန်မူချန်၏ ကိုယ်မှ ဖွဲ့တည်လာပြီး သူ၏အေးစက်သော သတ်ဖြတ်လိုသည့် အငွေ့အသက်နှင့် ပေါင်းစပ်ကာ ကြောက်မက်ဖွယ်ရာ ဖြစ်နေသည်။

"နောက်ဆုတ်နေကြ။"

ဖုန်းဝူချန်က မျက်မှောင်ကြုတ်ရင်း လျိုချင်းယန်နှင့် မြောင်ချင်းချင်းကို နောက်ဆုတ်ရန် အချက်ပြလိုက်သည်။

"ဂရုစိုက်ပါ နော် ညီအစ်ကိုဖုန်း။ သူ့ရဲ့ စွမ်းအားက မယုံနိုင်လောက်အောင်ပဲ သန်မာတယ်"

လျိုချင်းယန်က စိုးရိမ်စွာဖြင့် သူ၏စိုးရိမ်မှုကို ထုတ်ဖော် ပြောကြားလိုက်သည်။

"ဒုန်း..."

လိန်မူချန်က မြေပြင်ကို ပြင်းထန်စွာ ဆောင့်လိုက်ရာ ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာပြီး အမဲလိုက်နေသော ကျားသစ် တစ်ကောင်လို ပြင်းထန်သော အရှိန်ဖြင့် သူက ပြေးထွက်လာတော့သည်။

ဖုန်းဝူချန်က မီးလျှံဓားကို သူ၏ ကိုယ်ထဲသို့ ပြန်သွင်းလိုက်ပြီး နဂါးနတ်ဘုရား၏ စွမ်းအားကို ထုတ်ဖော်ကာ အားကျမခံ ရှေ့သို့ တိုးဝင်သွားသည်။

"ဟွန်း… ကိုယ့်အစွမ်းကိုယ် အထင်ကြီးနေတာပဲ။"

ဖုန်းဝူချန် ဓားပင် မသုံးသည်ကို မြင်သောအခါ လိန်မူချန်၏ မျက်လုံးထဲရှိ ထီမထင်သော အကြည့်က ပိုမို ပြင်းထန်လာသည်။

အလံနက်တပ်မတော်၏ ထိပ်တန်း ပညာရှင်တစ်ဦးအနေဖြင့် လိန်မူချန်သည် သူ၏ကိုယ်ပိုင်အစွမ်းအပေါ် အလွန် ယုံကြည်မှုရှိလေသည်။

"အုန်း။"

နှစ်ဦးစလုံး၏ အရှိန်မှာ ကြောက်မက်ဖွယ်ကောင်းလှသည်။ ဖုန်းဝူချန်သည် အသွင်ပြောင်း ဘုံ ပထမလွှာတွင်သာ ရှိသော်လည်း နောက်ကျကျန်ရစ်ခဲ့ခြင်းမရှိ။

မျက်စိတစ်မှိတ်အတွင်းမှာပင် လက်သီးနှစ်လုံး လေထဲမှာ ထစ်ချုန်းသံပေးရင်း ဆုံတွေ့သွားသည့်အခါ အားပြင်းသော ချီစွမ်းအင် အားလှိုင်းများက အရူးအမူးတိုက်ခတ်နေသည့် လေပြင်းလို ပတ်ဝန်းကျင်ကို ပြန့်ကျဲသွားတော့၏။

ပြင်းထန်သော လက်သီးချင်းဖလှယ်မှုတွင် လိန်မူချန်သည် မည်သည့်အသာစီးမျှ မရခဲ့ဘဲ သရေတစ်ပွဲသာ ဖြစ်သွားခဲ့သည်။

လိန်မူချန်၏ မျက်ခုံးများ အနည်းငယ်တွန့်ချိုးသွားသည်။

'ဒီကောင်လေး… တော်တော်မာကျောတာပဲ။ သူ့ကို လျှော့တွက်လို့မဖြစ်ဘူး။ တကယ့်ပြိုင်ဘက်ပဲ။'

ဤလက်သီးတစ်ချက်တည်းဖြင့်ပင် လိန်မူချန်က ဖုန်းဝူချန်သည် လွယ်ကူသော ပြိုင်ဘက် မဟုတ်ကြောင်း သိရှိလိုက်၏။ အလံနက် တပ်မတော်၏ ထိပ်တန်းစစ်သည် တစ်ဦးအနေဖြင့် သူ၏ ဆုံးဖြတ်ချက်မှာ အလွန် စူးရှလှသည်။

"ညီအစ်ကိုဖုန်းက သူ့ကိုတောင် တားထားနိုင်တယ်…။ တော်… တော်တော်သန်မာတာပဲ။"

လျိုချင်းယန်တစ်ယောက် နောက်တစ်ကြိမ် အံ့အားသင့်ကာ တစ်ကိုယ်လုံး တောင့်တင်းသွားပြန်သည်။

"ငါ့ကို အတော်လေး အားနည်းတယ်လို့ မင်းထင်နေပုံပဲ… ဟုတ်သလား။"

ဖုန်းဝူချန်က သူ၏ နှုတ်ခမ်းထောင့်စွန်းတွင် မထင်ရှားသော ရက်စက်သည့် အပြုံးတစ်ခုဖြင့် အေးစက်စွာ ဆိုလိုက်သည်။

"မင်းရဲ့ စွမ်းအားကို မင်းတော်တော် ယုံကြည်မှု ရှိပုံပဲ။"

လိန်မူချန်က အနည်းငယ်

ကျဉ်းမြောင်းသွားသော မျက်လုံးများထဲတွင် ပြင်းထန်သော အရိပ်အယောင်များဖြင့် အေးစက်စွာ ဆိုလိုက်သည်။

"ဘုန်း ဘုန်း ဘုန်း။"

စကားဆုံးသည်နှင့် လိန်မူချန်က ချက်ချင်းပင် ပြင်းထန်သော တိုက်ကွက်များကို ထုတ်ဖော်လိုက်ပြီး သူ၏လက်သီးချက်များမှာ ကျားတစ်ကောင်လို ပြင်းထန်လှသည်။

ဖုန်းဝူချန်ကလည်း ပြင်းထန်သော တန်ပြန်တိုက်ကွက်ကို ထုတ်ဖော်လိုက် လေ၏။ လမ်းမများပေါ်တွင် ထစ်ချုန်းသံများ ပျံ့နှံ့သွားပြီး အားပြင်းသော ချီစွမ်းအင်လှိုင်းများ အဆက်မပြတ် စီးဆင်းနေတော့သည်။

ပြင်းထန်သော တိုက်ပွဲတွင် ဖုန်းဝူချန်သည် အနည်းငယ်မျှပင် အားနည်းခြင်းမရှိဘဲ သူ၏မျက်နှာတွင် တည်ငြိမ်သော အရိပ်အယောင် တစ်ခုပင် ရှိနေသည်။

"ဒီလောက်သန်တဲ့ ကောင်လေး… မြို့သခင်လေးနဲ့တောင် ယှဉ်ပြိုင်နိုင်တာပဲ။ သခင်လေး ကောကို အလွယ်တကူ အနိုင်ယူနိုင်တာ မဆန်းပါဘူး။"

"မြို့သခင်လေးက အလံနက်တပ်မတော်ရဲ့ ထိပ်တန်းပညာရှင် တစ်ယောက်ဆိုတော့ သူ့မှာ မွေးရာပါ အားအင်ကြီးမားတာ သဘာဝပဲ။ ဒါပေမဲ့ ဒီကောင်လေးက ကျင့်ကြံမှု အဆင့်နိမ့်ပေမဲ့ မြို့သခင်လေးနဲ့ သရေကျအောင် တိုက်နိုင်တယ်ဟ။"

ကြည့်ရှုနေသူများက ဖုန်းဝူချန် ပြသခဲ့သော ကြောက်မက်ဖွယ်

အစွမ်းကြောင့် ထိတ်လန့်သွားကြသည်။

အသွင်ပြောင်း ဘုံ ပထမလွှာမှ လူငယ်တစ်ဦးက အလံနက် တပ်မတော်မှ အသွင်ပြောင်း ဘုံ တတိယလွှာမှ ထိပ်တန်းပညာရှင် တစ်ဦးနှင့် ယှဉ်ပြိုင် တိုက်ခိုက်နိုင်သည်ကို သူတို့ မယုံနိုင်ကြပေ။

သူတို့၏ ထိတ်လန့်မှု ကြီးမားလေလေ၊ အလံနက်တပ်မတော်၏ ထိပ်တန်းပညာရှင် လိန်မူချန်က သူ့ထက် အလွှာနှစ်လွှာနိမ့်သော ဖုန်းဝူချန်ကို အနိုင်ယူနိုင်မည်လားဆိုသည်ကို ပိုမိုမျှော်လင့်လေလေ ဖြစ်ကြသည်။

"ဒီကောင်လေးက လူ မဟုတ်ဘူး… တကယ့်မိစ္ဆာကြီးပဲ။"

"သူ့ကျင့်ကြံနှုန်းက အရမ်း လန့်စရာ ကောင်းတယ်။ နှစ်လအတွင်းမှာ ချီသန့်စင်ခြင်းအဆင့် လေးလွှာကနေ အသွင်ပြောင်း ဘုံကို တက်သွားတာဟ"

"သူ့အစွမ်းက ဘယ်လိုလုပ် ဒီလောက်သန်နိုင်ရတာလဲ။ အစ်ကိုကြီးလိန်က အသွင်ပြောင်း ဘုံ လေးလွှာက လူတွေနဲ့တောင် ယှဉ်ပြိုင်နိုင်တဲ့ သူလေ။"

ကောချန်ခုံးနှင့် အခြား သခင်လေးများ ဆွံ့အသွားကြသည်။ ဖုန်းဝူချန်၏ အစွမ်းမှာ သူတို့၏ စိတ်ကူးထက် ကျော်လွန်နေခဲ့သည်။

All Chapters