သုတ်သင်ရှင်းလင်းခြင်း
Vol. 4 Ch. 54
`"စစ်မှန်သောချီနဲ့ စစ်မှန်သောယွမ်စွမ်းအင်ကို မသုံးကြနဲ့ကွ။ သူ့ကို အမြန်သတ်ကြစမ်း။"
အားအင်ချိနဲ့နေသော ကျိုးမိသားစုခေါင်းဆောင်က ဒေါသကြောင့် မျက်နှာကြီး ရှုံ့မဲ့ကာ ဟိန်းဟောက်လိုက်သည်။
"လုပ်ကြလေကွာ။"
အကြီးအကဲတစ်ဦးက ကျိုးမိသားစုခေါင်းဆောင်ကို ထောက်ပင့်ရင်း ဒေါသတကြီး အော်ဟစ်လိုက်ပြန်သည်။
ကျိုးမိသားစု အစောင့်တွေမှာတော့ ရွေးချယ်စရာ မရှိတော့။ သေရမည်မှာ သေချာနေပြီ။ ဖုန်းဝူချန်၏ ဂုဏ်ပုဒ်ကို သူတို့ သိကြသော်လည်း အသက်ရှင်ဖို့အတွက်တော့ တိုက်ခိုက်ကြရပေဦးမည်။
ကျိုးမိသားစုမှ လူအယောက် နှစ်ရာကျော်က ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်အရွယ် လူငယ်လေး တစ်ယောက်ကို အနိုင်
မတိုက်နိုင်ဘူးတဲ့လား။
ကံဆိုးစွာပင်... သူတို့သည် ဖုန်းဝူချန် ဖော်စပ်ထားသော ဆေးမှုန့်၏ အစွမ်းကို အလွန်အမင်း လျှော့တွက်ခဲ့ကြသည်။
"ငါ ဖော်စပ်ထားတဲ့ ဆေးမှုန့်ကို 'နှလုံးသားကိုက်ဖြတ် ဝိညာဉ်ကပ်ဘေးအမှုန့်' လို့ခေါ်တယ်။ အရိုးပုပ်ဝိညာဉ်ပန်းနဲ့ ဝိညာဉ်မှိုတို့နဲ့ အဓိကဖော်စပ်ထားတာ။ ဒီပစ္စည်းနှစ်မျိုးကိုတော့ ခင်ဗျားတို့ အားလုံး သိကြမှာပါ။ အဆိပ်ပြင်းလွန်းတယ်လေ။ခ င်ဗျားတို့ စစ်မှန်သောချီ ဒါမှမဟုတ် စစ်မှန်သောယွမ်စွမ်းအင်ကို မသုံးရင်တောင်မှ အဆိပ်က
ခင်ဗျားတို့ တစ်ကိုယ်လုံးကို ပျံ့နှံ့သွားမှာပဲ။"
ဖုန်းဝူချန်က နေရာအနှံ့မှ သူ့ထံသို့ ပြေးဝင်လာကြသော လူများကို ကြည့်ရင်း အေးစက်စက်ပြုံးကာ ဆိုလိုက်သည်။
...
"အရိုးပုပ်ဝိညာဉ်ပန်း…”
ဤစကားကို ကြားလိုက်ရသော် ကျိုးမိသားစုဝင်တို့၏ မျက်နှာများမှာ ကြောက်ရွံ့မှုကြောင့် ရိုင်းစိုင်းစွာ ပြောင်းလဲသွားကြ၏။ ရှင်းနေတာပဲ... ဖုန်းဝူချန်က သူတို့ကို လှောင်ပြောင်နေခြင်းသာ။ သူတို့ စစ်မှန်သောချီကို သုံးသည်ဖြစ်စေ၊ မသုံးသည်ဖြစ်စေ ဘာမှထူးမည်မဟုတ်။
ထင်ထားသည့်အတိုင်းပင်... ဖုန်းဝူချန် စကားဆုံးသည်နှင့် ရှေ့ဆုံးမှ အစောင့်များမှာ အားအင်ချိနဲ့စွာ မြေပြင်ပေါ်သို့ လဲကျသွားကြတော့သည်။
"ငါ့မှာ အားမရှိတော့ဘူး၊ လှုပ်လို့မရတော့ဘူး။"
"ငါ့ရဲ့ စစ်မှန်သောချီကို သုံးလို့မရတော့ဘူး။ ငါ့စစ်မှန်သောချီတွေ အပိတ်ခံလိုက်ရပြီ။"
"ဒါ ဘယ်လိုဆေးမှုန့်မျိုးလဲ။ ငါ ဘာလို့ အားတစ်စက်မှ ထုတ်လို့မရတော့တာလဲ။"
ရုတ်တရက်ပေါ်ပေါက်လာသော အကျပ်အတည်းကြောင့် ကျိုးမိသားစုဝင်အားလုံး အလွန်အမင်း ကြောက်လန့်တကြားဖြစ်ကာ တုန်လှုပ်နေကြပြီး သူတို့၏မျက်နှာများမှာ ထိတ်လန့်မှုများဖြင့် ဖုံးလွှမ်းနေတော့သည်။
ကျိုးမိသားစုခေါင်းဆောင်မှာ ထိတ်လန့်တကြား ကြည့်နေရင်း ဖုန်းဝူချန် ပစ်ပေါက်လိုက်သော ဆေးမှုန့်မှာ မည်သို့သော ဆေးမှုန့်ဖြစ်သည်ကို လုံးဝမသိနိုင်တော့။
ယွမ်တန်ဘုံအဆင့် ကျင့်ကြံသူဖြစ်သော သူပင်လျှင် တောင့်မခံနိုင်ခဲ့။
ထိုအခိုက်တွင် ဖုန်းဝူချန်မှာ ရှေ့သို့ ပြေးထွက်သွားခဲ့လေပြီ။ မီးလျှံဓားသွားကို လျင်မြန်စွာ ဝှေ့ယမ်းရင်း သူက ကျိုးမိသားစုအစောင့်များကို တို့ဟူးတုံးများလှီးဖြတ်နေသကဲ့သို့ သတ်ဖြတ်နေလေရာ လတ်ဆတ်သော သွေးစီးကြောင်းများမှာ မရပ်မနား ပန်းထွက်နေတော့၏။
ခဏလေးအတွင်းမှာပင် ကျိုးမိသားစုဝင်များ အစုလိုက်အပြုံလိုက် လဲကျသွားကြပြီး မြေပြင်ပေါ်တွင် တွားသွားရန်ပင် အားအင်မရှိတော့ဘဲ လဲလျောင်းနေကြသည်။
ဖုန်းဝူချန်က အေးစက်ပြီး အညှာအတာကင်းမဲ့စွာ…တစ်လှမ်းသတ်တစ်ချက်ဖြင့် စနစ်တကျ သတ်ဖြတ်နေသည်။ အစောင့်များ၏ သနားညှာတာမှု တောင်းခံသံများနှင့် မရပ်မနား အော်ဟစ်
အကူအညီတောင်းသံများကို နားပိတ်ထားလိုက်တော့သည်။
ကျိုးမိသားစုအိမ်တော် အပြင်ဘက်တွင် လူအုပ်ကြီးတစ်အုပ် စုရုံးနေကြပြီး အတွင်းမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရာ အော်ဟစ်သံများနှင့် အကူအညီတောင်းသံများကြောင့် မျက်နှာများ ဖြူဖျော့ကာ မည်သူမျှ အတွင်းသို့ မဝင်ရဲကြ။
"ဆရာဖုန်း... ဆရာဖုန်း... ကျွန်တော်တို့ကို ချမ်းသာပေးပါ... ကျွန်တော်တို့ လုံးဝမသိခဲ့ပါဘူး။"
"ဆရာဖုန်း၊ ကျွန်တော်တို့က အပြစ်မရှိပါဘူး၊ ကျေးဇူးပြုပြီး ချမ်းသာပေးပါ။"
ကျိုးမိသားစုအစောင့်များမှာ မျှော်လင့်ချက်ကင်းမဲ့နေကြသည်။ သူတို့ ဘယ်လောက်ပင် တောင်းပန်နေပါစေ၊ ဖုန်းဝူချန်က သူတို့အတွက် သတ်မှတ်ထားသော ကံကြမ္မာကို ပြောင်းလဲပေးမည်မဟုတ်။
"ဒီကိစ္စအတွက် ငါ့ကို အပြစ်မတင်ကြနဲ့။ အပြစ်တင်စရာတစ်ယောက်ယောက်ရှိတယ်ဆိုရင် အဲ့ဒါ မင်းတို့ရဲ့ မိသားစုခေါင်းဆောင်ပဲ။" ဖုန်းဝူချန်က အေးစက်စွာဆိုလိုက်ရာ သူတို့အသက်ကို ချမ်းသာပေးမည်မဟုတ်ကြောင်း ဆိုလိုနေလေသည်။
"မင်း... မင်း..ကောင်စုတ်လေး... ရပ်လိုက်စမ်း။"
ကျိုးမိသားစု ခေါင်းဆောင်က မျက်လုံးများ သွေးရောင်လွှမ်းကာ ဒေါသတကြီး ဟိန်းဟောက်လိုက်၏။
"ဟွန့်။" ဖုန်းဝူချန်က မထီမဲ့မြင်ပြုလိုက်ပြီး သူ၏
မီးလျှံဓားသွားက ကျိုးမိသားစု အစောင့်များကို အညှာအတာ ကင်းမဲ့စွာ ဆက်လက် သတ်ဖြတ်နေ၏။
ဖုန်းဝူချန်က ကျိုးမိသားစု ခေါင်းဆောင်ကို သတ်ရန် အလျင်မလိုခဲ့။
ထိုအစား သူက ကျိုးမိသားစုဝင်များကို သူ့ရှေ့တွင် တစ်ယောက်ပြီး တစ်ယောက် တမင်သတ်ဖြတ်ပြနေပြီး ကျိုးမိသားစု ခေါင်းဆောင်ကို အလွန်အမင်း ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်ကင်းမဲ့မှုတို့ဖြင့် ညှဉ်းပန်းနှိပ်စက်ရန် ရည်ရွယ်ထားလေသည်။
"သူ... သူက နတ်ဆိုးပဲ..."
အခန်းတစ်ခန်းထဲတွင် ပုန်းအောင်းနေသော လှပသည့် မိန်းကလေးတစ်ဦးက ကြောက်လန့်တကြားဖြင့် တစ်ကိုယ်လုံး တုန်လှုပ်နေပြီး မျက်ရည်များ တသွင်သွင်စီးကျနေသည်။
ဤမိန်းကလေးမှာ အရင်က တောင်တန်းများထဲတွင် ဖုန်းဝူချန်ကို ဆေးခတ်ခဲ့သူပင်ဖြစ်သည်။ ဖုန်းဝူချန်က ကျိုးမိသားစုဝင်များကို သတ်ဖြတ်နေသည်ကို ကြောက်လန့်တကြား ကြည့်နေရင်း သူမမှာ အပြင်သို့ မထွက်ရဲတော့။
မိန်းကလေး၏ နောက်ကွယ်တွင် ကျိုးမိသားစု၏ ငယ်ရွယ်သော အဖွဲ့ဝင်များ၊ ဆယ်ကျော်သက် ဒါဇင်ပေါင်းများစွာ ရှိနေပြီး သူတို့အားလုံး အကြီးအကျယ် ကြောက်လန့်နေကြသည်။ သူတို့၏စိတ်ထဲတွင် တစ်စုံတစ်ယောက်က လာကယ်တင်ပေးရန် ဆုတောင်းနေကြ၏။
လူလားမမြောက်သေးသော သူတို့သည် ဤမျှလောက် ကြီးမားသော ဘေးဒုက္ခကို ရင်ဆိုင်နေရပြီး အဆုံးမရှိသော နာကျင်မှုနှင့် မုန်းတီးမှုတို့ကို ခံစားနေရသည်။ သူတို့၏အနာဂတ်တွင် အလင်းရောင်ကို မမြင်နိုင်တော့ဘဲ အမှောင်ထုသာလျှင် ရှိတော့သည်။
"ဝှစ်... ဝှစ်... ဝှစ်။"
ဖုန်းဝူချန်က နတ်အရိပ်သိုင်းကွက်များကို ထုတ်ဖော်လိုက်သည်။ သူ၏ခန္ဓာကိုယ်က တစ္ဆေတစ်ကောင်နှယ် ပျောက်ကွယ်သွားလိုက်၊ ပေါ်လာလိုက် ဖြစ်နေပြီး သူ ဖြတ်သွားရာ နေရာတိုင်းတွင် ကျိုးမိသားစု အစောင့်များ သို့မဟုတ် အဖွဲ့ဝင်များ တစ်ယောက်မှ အသက်ရှင် မကျန်ရစ်ခဲ့ချေ။
ဖုန်းဝူချန် တစ်ကိုယ်လုံး သွေးများ စိုရွှဲနေပြီး သွေးဖြင့် ပြုလုပ်ထားသော လူတစ်ယောက်နှယ် သူ၏ ပုံစံမှာ အလွန်အမင်း ကြောက်မက်ဖွယ်
ကောင်းလှသည်။
" ချွင်...ချွင်... ချွင်။"
နောက်ဆုံးတွင် ဖုန်းဝူချန်က စွမ်းအင်ဓားသွားများကို တိုက်ရိုက်ဖန်တီးလိုက်၏။ ပြင်းထန်လှသည့် အရှိန်အဝါဖြင့် မီးလျှံဓားသွားကို ဝှေ့ယမ်းလိုက်သည်နှင့် ဒါဇင်ပေါင်းများစွာသော စွမ်းအင်ဓားသွားများ ပေါက်ကွဲထွက်သွားပြီး တစ်ယောက်ချင်းစီကို ထိမှန်ကာ တစ်ချက်တည်းဖြင့် အသက်ပျောက်စေတော့သည်။
"ဆရာဖုန်း... ရပ်လိုက်ပါတော့။ သတ်ချင်ရင် ကျုပ်ကိုပဲ သတ်ပါ။ သူတို့က အပြစ်မရှိပါဘူး။" ကျိုးမိသားစုခေါင်းဆောင်က ငိုယိုရင်း သနားစဖွယ် တောင်းပန်လိုက်သည်။
သူ၏နှလုံးသားမှာ နောင်တတရားများဖြင့် ပြည့်နှက်နေပြီး အတွင်းအူများပင် စိမ်းဖန့်သွားလောက်သည်။
ဤသို့သော ကြောက်မက်ဖွယ်ရာ သတ်ဖြတ်တတ်သည့် နတ်ဆိုးကို ရန်စခြင်းသည် ကိုယ့်ကိုယ်ကို မီးရှို့သတ်သေခြင်းနှင့် တူပေသည်။
"ငါ့ကိုသတ်ချင်တဲ့သူတိုင်း သေရမယ်။" ဖုန်းဝူချန်က ခံစားချက်ကင်းမဲ့စွာဆိုရင်း သူ၏မီးလျှံဓားသွားမှာ ဘယ်တော့မှ မရပ်တန့်ခဲ့။
ဆယ်မိနစ်မပြည့်မီမှာပင် ကျိုးမိသားစုဝင် အယောက်တစ်ရာကျော်မှာ ဖုန်းဝူချန်၏လက်ချက်ဖြင့် ကြောက်မက်ဖွယ်ရာ အဆုံးသတ်ကို ရင်ဆိုင်ခဲ့ရသည်။
သူတို့သည် ထိတ်လန့်တကြားနှင့် မျှော်လင့်ချက်ကင်းမဲ့စွာ သေဆုံးသွားကြပြီး ခုခံနိုင်စွမ်းမရှိဘဲ ဖုန်းဝူချန်က သူတို့ကို သတ်ဖြတ်သည်ကိုသာ ကူကယ်ရာမဲ့ ကြည့်နေနိုင်ကြသည်။ သူတို့သည် ဤမျှလောက် ကြမ်းကြုတ်ရက်စက်သော လူသတ်သမားတစ်ယောက်ကို တစ်ခါမှ မမြင်ဖူးခဲ့။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်လေးတစ်ယောက်သာဖြစ်ပြီး သနားညှာတာမှု လုံးဝကင်းမဲ့ကာ သတ်ဖြတ်ခြင်း၌သာ ပျော်မွေ့နေသူ တစ်ဦးကိုပင်။
နာရီဝက်အကြာတွင် ကျိုးမိသားစု၏ ကျယ်ဝန်းသော ခြံဝင်းမှာ အလောင်းများဖြင့် ပြည့်နှက်နေပြီး သွေးချောင်း စီးနေတော့သည်။
အတွင်းတွင် ပုန်းအောင်းနေကြသော လူငယ်များနှင့် မိန်းကလေးများ၊ အမျိုးသမီးများနှင့် အိမ်ဖော်များမှ လွဲ၍ ကျန်ရစ်သူများမှာ ကျိုးမိသားစုခေါင်းဆောင်နှင့် အကြီးအကဲသုံးဦးသာ ဖြစ်သည်။ ဤသတ်ဖြတ်မှုက သူတို့ကို မျှော်လင့်ချက်ကင်းမဲ့စေပြီး တစ်ခဏအတွင်း ဆယ်စုနှစ်ပေါင်းများစွာ အိုမင်းသွားစေတော့သည်။
အကယ်၍သာ အပြင်လူများက ဤသို့သော ကြောက်မက်ဖွယ်ရာ မြင်ကွင်းကိုသာ မြင်လိုက်ရလျှင် သူတို့ ကြောက်လန့်တကြားဖြစ်ကာ သတိလစ်သွားကြပေလိမ့်မည်။
"ဆရာဖုန်း၊ ခင်ဗျား တကယ်ပဲ ဒီလောက် ရက်စက်တော့မှာလား။" အကြီးအကဲတစ်ဦးက နာကျင်စွာ အော်ဟစ်လိုက်သည်။
"ငါသာ ဆေးလုံးပညာရှင်တစ်ယောက်မဟုတ်ရင်၊ ငါ့မှာ ထူးချွန်တဲ့အစွမ်းမရှိရင် တောင်တန်းတွေထဲမှာ သေသွားမယ့်သူက ငါပဲဖြစ်မှာ။ မင်းတို့ပေးခဲ့တဲ့ အမိန့်တွေက ငါ့ကို ချမ်းသာပေးမယ်လို့ ထင်နေလား။" ဖုန်းဝူချန်က အေးစက်စွာ ဆို၏။
"ဆရာဖုန်း၊ ကျွန်တော်မှားသွားပါတယ်၊ တကယ်ကို မှားသွားပါတယ်။ ကျွန်တော် လောဘမကြီးသင့်ခဲ့ဘူး။ သတ်ချင်ရင် ကျွန်တော့်ကိုပဲသတ်ပါ၊ သူတို့နဲ့ ဘာမှမဆိုင်ပါဘူး။" ကျိုးမိသားစုခေါင်းဆောင်က ဤသို့သော ညှဉ်းပန်းနှိပ်စက်မှုနှင့် ဖိအားကို မခံနိုင်တော့ဘဲ သနားစဖွယ် ဆိုလိုက်သည်။
"နောက် ကျ သွား ပြီ။"
ဖုန်းဝူချန်က အေးစက်စွာ ပြန်ဖြေရင်း သူ၏မီးလျှံဓားသွားက ကျိုးမိသားစု ခေါင်းဆောင်၏ ရင်ဘတ်ကို တုံ့ဆိုင်းခြင်းမရှိဘဲ ထိုးဖောက် ဝင်ရောက်သွားတော့သည်။
"မိသားစုခေါင်းဆောင်။" အကြီးအကဲသုံးဦး ထိတ်လန့်တကြားဖြစ်သွားကြသည်။
"မင်းတို့ အားလုံးလည်း သေ ထိုက် တယ်။"
ဖုန်းဝူချန်၏ အေးစက်သော အကြည့်က အကြီးအကဲသုံးဦးထံသို့ လွှဲပြောင်းသွားပြီး အညှာအတာကင်းမဲ့စွာပင် မီးလျှံဓားသွားက သူတို့ကို ခုတ်ပိုင်းသတ်ဖြတ်လိုက်တော့သည်။
ဖုန်းဝူချန်၏ အကြည့်က အခန်းထဲတွင် ပုန်းအောင်းနေသော လူများထံသို့ ရောက်ရှိသွားရာ အမျိုးသမီးများ ချက်ချင်းပင် ကြောက်လန့်တကြား တုန်လှုပ်သွားကြသည်။
""
"ဇနီးသည်တွေနဲ့ ကလေးတွေကိုတော့ ဒုက္ခမပေးနဲ့တော့၊ သူတို့ကိုခေါ်ပြီး ကျိုးမိသားစုကနေ ထွက်သွားကြ။"
ဖုန်းဝူချန်က တစ်ချက်သာကြည့်ရင်း ဤစကားကို ချန်ထားခဲ့ကာ လှည့်ထွက်သွားတော့သည်။
အကယ်၍သာ ဖုန်းဝူချန်က အမျိုးသမီးများ၊ လူငယ်များ၊ မိန်းမပျိုများနှင့် အိမ်ဖော်များကိုပင် သတ်ဖြတ်ခဲ့မည်ဆိုလျှင် သူသည် အမှန်တကယ်ပင် လူသားမဆန်တော့ပေ။
အိမ်ထဲတွင် ပုန်းအောင်းနေကြသူများ ယခုတစ်ကြိမ် ဘေးအန္တရာယ်မှ လွတ်မြောက်သွားကြသော်လည်း သူတို့၏တစ်သက်တာလုံး ကြောက်ရွံ့မှုဖြင့် နေထိုင်သွားရပေလိမ့်မည်။
ခြေတစ်လှမ်းမှားသည်နှင့် အရာရာမှားယွင်းသွားတတ်သည်။
ကျိုးမိသားစုခေါင်းဆောင်၏ ဆုံးဖြတ်ချက်က ကျိုးမိသားစုဝင် နှစ်ရာကျော်၏ အသက်ကို ဆုံးရှုံးစေခဲ့ပြီး အလွန်အမင်း ကြီးလေးသော တန်ဖိုးကို ပေးဆပ်ခဲ့ရသည်။
အကယ်၍သာ သူ ဖုန်းဝူချန် မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို သိခဲ့မည်ဆိုလျှင် သတ္တိတစ်သောင်းလောက် ပိုင်ဆိုင်ထားလျှင်ပင် ကျိုးမိသားစုခေါင်းဆောင်သည် သူ့ကို ဆန့်ကျင်ရန် ကြံစည်ဝံ့မည်မဟုတ်။
ကျိုးမိသားစုမှာ အဆုံးသတ်သွားခဲ့ပြီ။ ဖုန်းဝူချန်က သူတို့ကို လုံးဝမသုတ်သင်ခဲ့သော်လည်း မိသားစု၏ ကံကြမ္မာမှာ ကုန်ဆုံးသွားခဲ့ပြီဖြစ်ပြီး သူတို့သည် မကြာမီမှာပင် ထျန်းဖုန်းမြို့မှ ပျောက်ကွယ်သွားကြပေလိမ့်မည်။
ဖုန်းဝူချန် ကျိုးမိသားစု၏ ပင်မတံခါးမှ ထွက်လာသည့်အခါ သူ့ကို သွေးများစိုရွှဲနေသည်ကို မြင်လိုက်ရသော အပြင်မှလူများ ထိတ်လန့်တကြားဖြစ်သွားကြသည်။
"ဆရာဖုန်း..." ရုတ်တရက် အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။
"တကယ်ပဲ ဆရာဖုန်းပါလား။" အခြားအသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကလည်း ရေရွတ်လိုက်သည်။
ထျန်းဖုန်းမြို့မှ ကြီးမားသော လှုပ်ရှားမှုက အဓိကမိသားစုကြီးများ၏ အင်အားကြီးများကို နှောင့်ယှက်ခဲ့ပြီးဖြစ်သော်လည်း ဘာဖြစ်ခဲ့သည်ကို မသိသဖြင့် သူတို့ ဝင်ရောက်ရန် မဝံ့ရဲကြ။
"သူက ဆရာဖုန်းလား။"
"စိတ်ဖြင့် လက်နက်ဖန်ဆင်းခြင်းနဲ့ ကျော်ကြားတဲ့ ဆရာဖုန်းပဲ။"
လူအုပ်ကြီး စိတ်လှုပ်ရှားစွာ ဆူညံသွားကြသည်။
ကျိုးမိသားစုကို တိုက်ခိုက်ရန် သတ္တိရှိသူမှာ မည်သူ ဖြစ်မည်ကို သူတို့ အံ့ဩနေခဲ့ကြပြီး ယခုအခါတွင် ယွင်ကျိုးနယ်မှ နာမည်ကျော် ဆရာဖုန်း ဖြစ်ကြောင်း သူတို့ သိရှိသွားကြတော့သည်။
"ဆရာဖုန်း၊ ဒီမှာ ဘာဖြစ်ခဲ့တာလဲခင်ဗျာ။" မိသားစု ခေါင်းဆောင်တစ်ဦးက မေးလိုက်သည်။
ဖုန်းဝူချန်က အမူအရာမပျက်ဘဲ ဆိုသည်။
"ဘာမှ မဟုတ်ပါဘူး၊ လူနည်းနည်းလောက် သတ်လိုက်တာပါပဲ။"
"လူနည်းနည်းလောက် သတ်လိုက်တာ…"
ကျိုးမိသားစုအိမ်တော်မှ ထွက်ပေါ်လာသော သွေးညှီနံ့ ပြင်းပြင်းက သူတို့ကို အမှန်တရားကို ခန့်မှန်းမိစေပြီးဖြစ်သဖြင့် လူအုပ်ကြီးမှာ မယုံနိုင်အောင်ဖြစ်သွားကြသည်။
ဖုန်းဝူချန်က ကြာကြာမနေဘဲ ကျိုးမိသားစုအိမ်တော်မှ ထွက်ခွာသွားပြီးနောက် ချက်ချင်းပင် ထွက်ခွာသွားတော့သည်။
ထျန်းဖုန်းမြို့မှ လူများ နောက်ပိုင်းတွင် ကျိုးမိသားစုအိမ်တော်သို့ ဝင်ရောက်စုံစမ်းသည့်အခါ သူတို့ကို ကြိုဆိုနေသော မခံမရပ်နိုင်ဖွယ် မြင်ကွင်းကြောင့် ကြောက်လန့်တကြားဖြစ်ကာ သတိလစ်သွားကြသည်။
ထိုအခိုက်တွင် အချိန်က ရပ်တန့်သွားသကဲ့သို့ပင်၊ ဝင်ရောက်လာသူတိုင်း ကျောက်ရုပ်လို တောင့်တင်းသွားကြသည်။
ကျိုးမိသားစုဝင် နှစ်ရာကျော် သေဆုံးနေပြီး နေရာအနှံ့ အလောင်းများ၊ သွေးချောင်းစီးနေသည်။
စိတ်ပျော့သူများ နေရာတွင်ပင် သတိလစ်သွားကြပြီး အများအပြားမှာ အန်ကြတော့၏။
ဒါက လူနည်းနည်းလောက် သတ်လိုက်တာပဲလား။
ဒါက အမှန်တကယ်တော့ အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်မှုကြီး တစ်ခုပင်။
ကျိုးမိသားစု တစ်ခုလုံးတွင် အမျိုးသမီးများနှင့် ကလေးများမှ လွဲ၍ အခြား မည်သူမျှ ချမ်းသာရာ မရခဲ့။
ထျန်းဖုန်းမြို့မှ မိသားစုခေါင်းဆောင် အသီးသီး အံ့ဩတုန်လှုပ်စွာ အသက်ရှူကြရင်း ဖုန်းဝူချန်က ကျိုးမိသားစုကို ဘာကြောင့် သတ်ဖြတ်ခဲ့သည်ကို လုံးဝ မသိနိုင်ကြတော့။
ကျိုးမိသားစုက ဖုန်းဝူချန်၏ ဤမျှလောက်သော ဒေါသကို ဆွပေးရန် အတိအကျ ဘာများ မှားယွင်းခဲ့ပါသနည်း။
ကျိုးမိသားစုအိမ်တော်မှ ထွက်လာသည့် လမ်းတစ်လျှောက်လုံးတွင် လမ်းပေါ်မှလူများမှာ ဖုန်းဝူချန်ကို ကြောက်လန့်တကြားဖြင့် တစ္ဆေ တစ်ကောင်နှယ် လမ်းဖယ်ပေးကြသည်။
စားသောက်ဆိုင်တစ်ခုတွင် တစ်ခုခုစားပြီး အဝတ်အစားများ လဲလှယ်ပြီးနောက် ဖုန်းဝူချန်က ထျန်းဖုန်းမြို့မှ ထွက်ခွာသွားသည်။
ကျိုးမိသားစုကို သတ်ဖြတ်မှုက ထျန်းဖုန်းမြို့ တစ်မြို့လုံးကို တုန်လှုပ်စေခဲ့သည်။
ကျိုးမိသားစုအိမ်တော်သို့ သွားရောက်ခဲ့သူတိုင်း ကြောက်လန့်တကြားဖြစ်ကာ ကြာကြာမနေရဲကြ။
မြို့သခင်က ကျိုးမိသားစုထံ အလျင်အမြန်သွားရောက်ပြီး ကြေကွဲဖွယ်အခြေအနေကို မြင်လိုက်ရသည့်အခါ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရုံမှလွဲ၍ မတတ်နိုင်တော့ဘဲ ဖုန်းဝူချန်၏ ကြမ်းကြုတ်ရက်စက်သော နည်းလမ်းများကို စိတ်ထဲတွင် ကြောက်ရွံ့နေမိသည်။
အသက်ရှင် ကျန်ရစ်သူများကို စစ်ဆေးမေးမြန်းပြီးနောက် မြို့သခင်က ကျိုးမိသားစုခေါင်းဆောင်သည် ဆရာဖုန်းကို သတ်ဖြတ်ပြီး သူ၏ ရတနာကို ခိုးယူရန် လူလွှတ်ခဲ့သဖြင့် ဤဘေးဒုက္ခကို ကျရောက်စေခဲ့ကြောင်း သိရှိသွားသည်။
မြို့သခင်က ကျိုးမိသားစုအိမ်တော်ကို ရှင်းလင်းရန် အမိန့်ပေးပြီး အသက်ရှင်ကျန်ရစ်သူများအတွက် စီစဉ်ပေးပြီးနောက် ထွက်ခွာသွားသည်။ ကိစ္စကို ထပ်မံ၍ လိုက်လံစုံစမ်းရန် ရည်ရွယ်ချက် မရှိချေ။
ဖုန်းဝူချန်သည် ယွင်ကျိုးနယ်၏ နာမည်ကျော် ဆရာဖုန်း၊ ပဉ္စမ အဆင့် လက်နက် ပညာရှင် တစ်ဦး ဖြစ်ပြီး
သာမန် မြို့သခင် တစ်ဦးက ရန်စနိုင်သူ မဟုတ်။
ထျန်းဖုန်းမြို့မှ ထွက်ခွာလာပြီးနောက် ဖုန်းဝူချန်သည် အင်ပါယာ၏ တော်ဝင်မိသားစုထံသို့ ခရီးစတင်ခဲ့သည်။
ဖုန်းဝူချန်က ကျင့်ကြံရင်း အင်ပါယာဘက်သို့ ဦးတည်သွားရန် ရည်ရွယ်ထားသည်။
"စစ်မှန်သော ယွမ်စွမ်းအင်ကို အပြင်သို့ထုတ်လွှတ်၊ ဓားဖြင့် ပျံသန်းမယ်။" ဖုန်းဝူချန်က ကျေးလက်တောရွာ တစ်ခုတွင် နှုတ်ခမ်းများ လှုပ်ရွရင်း နတ်ဆိုးနဂါး၏ တန်ခိုးစွမ်းအားများကို ပြန်လည် အမှတ်ရလိုက်သည်။
ဖုန်းဝူချန်က မီးလျှံဓားသွားကို ဆင့်ခေါ်ပြီး နဂါးနတ်ဘုရား၏ စွမ်းအားကို အသုံးပြုကာ နတ်ဆိုးနဂါး၏ မှတ်ဉာဏ်များနှင့် အတွေ့အကြုံများအပေါ် အခြေခံ၍ သူ၏စစ်မှန်သော ယွမ်စွမ်းအင်ကို မီးလျှံဓားသွားထဲသို့ ပေါင်းစပ် ထည့်သွင်းလိုက်သည်။ ဓားသွားမှာ ခပ်ဖျော့ဖျော့ ရွှေရောင်အလင်းတန်း တစ်ခု ထုတ်လွှတ်ရင်း လေထဲတွင် ဆိုင်းငံ့နေတော့သည်။
"ကောင်းလိုက်တာ။"
ဖုန်းဝူချန်က ပျော်ရွှင်စွာ ပြုံးရင်း ဆိုသည်။ သူက သူ၏စွမ်းအားကို ထပ်မံတိုးမြှင့်လိုက်ရာ မီးလျှံဓားသွားပေါ်မှ ရွှေရောင်အလင်းတန်းမှာ ပိုမိုပြင်းထန်လာသည်။
မီးလျှံဓားသွား၏ မျက်နှာပြင်ပေါ်တွင် မျက်စိဖြင့် မမြင်နိုင်လောက်နီးပါး စွမ်းအင်ဓားသွား တစ်ခု ဖြစ်ပေါ်လာပြီး ၎င်းကို အဆပေါင်းများစွာ ကြီးမားသွားစေသည်။
ဖုန်းဝူချန်က စွမ်းအားကို ဆက်လက် ထည့်သွင်းလာသည်နှင့်အမျှ စွမ်းအင်ဓားသွားမှာ ပိုမိုရှင်းလင်း ပြတ်သားလာသည်။
“ဓားပျံသန်းခြင်း”
ဖုန်းဝူချန်က ပျော်ရွှင်စွာ မျှော်လင့်ရင်း နောက်ထပ် မစောင့်ဆိုင်းတော့ဘဲ ဆိုင်းငံ့နေသော မီးလျှံဓားသွားပေါ်သို့ ခုန်တက်လိုက်သည်။
မီးလျှံဓားသွား၏ မျက်နှာပြင်ပေါ်တွင် ဖြစ်ပေါ်လာသော စွမ်းအင်ဓားသွားမှာ ဖုန်းဝူချန်ကို တည်ငြိမ်စွာ ရပ်တည်နိုင်စေရန် လုံလောက်စွာ အားကောင်းပါ၏။ သူ၏စစ်မှန်သော
ယွမ်စွမ်းအင်ကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်သရွေ့ သူ ပြုတ်ကျမည်ကို စိုးရိမ်စရာမလို။
ဖုန်းဝူချန်က စိတ်ဆန္ဒဖြင့် မီးလျှံဓားသွားကို ထိန်းချုပ်ရင်း အမြန်နှုန်းကို ဖြည်းညင်းစွာ တိုးမြှင့်ကာ ဓားပျံသန်းခြင်းကို တဖြည်းဖြည်း ကျင့်သားရလာသည်။
ပျံဝဲနေရသည့် ခံစားမှုက ဖုန်းဝူချန်ကို အလွန်အမင်း စိတ်လှုပ်ရှားစေသည်။
ယွမ်တန် ဘုံ အဆင့်မှ တစ်စုံတစ်ယောက်ပင် မစွမ်းဆောင်နိုင်သည့် အရာကို အသွင်ပြောင်း ဘုံ အဆင့် ဖုန်းဝူချန်က ဓားဖြင့်ပျံသန်းနိုင်ခဲ့သည်။ လူအများအပြားက သူ၏စွမ်းအားကို မနာလိုဖြစ်ကာ လိုချင်ကြမည်မှာ သေချာပါသည်။
“ဝေါ…”
ခြောက်နာရီအကြာတွင် ထျန်းဖုန်းမြို့အပေါ်၌ အားကောင်းသော အသံလှိုင်းတစ်ခု ရုတ်တရက် ပဲ့တင်ထပ်သွားလေသည်။
ရွှေရောင်အလင်းတန်းတစ်ခုက ကောင်းကင်ယံကို ဖြတ်ကျော်ပျံသန်းသွားလျက် ၎င်း၏ ခန့်ညားထည်ဝါမှုက တစ်မြို့လုံးကို အံ့ဩ တုန်လှုပ်သွားစေသည်။
လူများက ထျန်းယွမ် ဘုံ အဆင့် ကျွမ်းကျင်သူ တစ်ဦးဟု ထင်မှတ်သွားကြသည်။