← Chapters

ဗိုလ်ချုပ်များနှင့် စစ်သည်များကို ခြိမ်းခြောက်ခြင်း

Vol. 4 Ch. 57

ဗိုလ်ချုပ်များနှင့် စစ်သည်များကို ခြိမ်းခြောက်ခြင်း

Vol. 4 Ch. 57

~ဖုန်းဝူချန်တစ်ယောက် ယဲ့ချန်းချုံးကို အလံနက်တပ်မတော်နှင့် ကောင်းကင်အရိပ် မြင်းသည်တော်တပ်ဖွဲ့ကို ပိုမိုသန်မာလာအောင် လုပ်ပေးနိုင်သည်ဟု အာမခံရဲသည်ဆိုကတည်းက သူ၏စိတ်ထဲတွင် လုံးဝကို ယုံကြည်မှုအပြည့်ရှိနေရမည်သာ ဖြစ်သည်။ သို့မဟုတ်လျှင် ယွင်ကျိုးနယ်မှ နာမည်ကျော် 'ဆရာဖုန်း' က ဒီအတိုင်း စကားအကြီးကြီးတွေ ပြောနေမည်တဲ့လား။

ယဲ့ချန်းချုံးကတော့ သဘာဝအတိုင်းပင် အလံနက်တပ်မတော်နှင့် ကောင်းကင်အရိပ်မြင်းသည်တော်တပ်ဖွဲ့မှ စစ်သည်များအားလုံး ဖုန်းဝူချန်နောက်သို့လိုက်ကာ လေ့ကျင့်စေချင်သည်။ သို့သော် ယခုအခါ စစ်သည်များမှာ ဆန္ဒမရှိကြရုံသာမက မထီမဲ့မြင်ပင် ပြုနေကြသေးရာ သူ့ကို ဒေါသထွက်စေခဲ့လေသည်။

မည်သို့ပင်ဖြစ်စေ၊ ဖုန်းဝူချန်က စကားဆိုပြီးဖြစ်သောကြောင့် ဆန္ဒရှိသူများသာ လိုက်နိုင်မည်ဖြစ်ပြီး ယဲ့ချန်းချုံးမှာ ဝင်ရောက်စွက်ဖက်ရန် မသင့်တော်ဟု ခံစားရသဖြင့် သူတို့ကို သတိပေးရုံသာ တတ်နိုင်တော့သည်။

ယဲ့ချန်းချုံး ပြောစကားကို ကြားပြီးနောက် စစ်သည်များအားလုံး တိတ်ဆိတ်သွားကြပြီး သူတို့၏အကြည့်များက ယဲ့ချန်းချုံးထံသို့ ရောက်ရှိသွားကာ သူ၏မျက်လုံးထဲမှ ဒေါသကို မြင်လိုက်ကြရသည်။

သို့သော် ပြန်စဉ်းစားကြည့်လျှင် ယဲ့ချန်းချုံးက ဆရာဖုန်းကို ဤမျှလောက် ယုံကြည်နေပါလျက် သူတို့က ယဲ့ချန်းချုံး၏ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ဝံ့ပါမည်လော။

ယဲ့ချန်းချုံးသည် သူတို့၏နှလုံးသားထဲမှ စစ်နတ်ဘုရားတစ်ပါးပင်တည်း။ သူပြောသမျှစကားတိုင်းသည် မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သူတို့၏စိတ်ထဲတွင် အမှန်ဟုသာ သတ်မှတ်ထားပြီး သံသယဝင်စရာမရှိပေ။

...

စစ်သည်များမှာ အတန်ကြာ တိတ်ဆိတ်နေကြသည်။ မေးခွန်းထုတ်ရန် ကြောက်ရွံ့နေခြင်းကြောင့်လော၊ သို့မဟုတ် ယဲ့ချန်းချုံး၏ ဒေါသကို ကြောက်ရွံ့နေခြင်းကြောင့်လောတော့မသိ...။ သို့သော် တစ်ယောက်ပြီးတစ်ယောက် စစ်သည်များက စတင်တုံ့ပြန်လာကြသည်။

"ကျွန်တော် ဆန္ဒရှိပါတယ်။"

"ကျွန်တော်လည်း ဆန္ဒရှိပါတယ်။"

"ကျွန်တော်လည်းပဲ... ကျွန်တော်လည်း ဆန္ဒရှိပါတယ်။"

စစ်သည်များ တစ်ယောက်ပြီးတစ်ယောက် တုံ့ပြန်ကြသော်လည်း အသံမှာ သိပ်မကျယ်လှဘဲ မလိုလားကြောင်းမှာတော့ ရှင်းလင်းနေသည်။ ယဲ့ချန်းချုံးကို လေးစားသောအားဖြင့်သာ သဘောတူလိုက်ကြခြင်း ဖြစ်ပေသည်။

သဘောမတူလျှင် ဖြစ်လာမည့် အကျိုးဆက်များကို သူတို့အားလုံး သိကြသည် မဟုတ်ပါလား။

'ဟင်း...။ မလိုမုန်းထားတဲ့ အကြည့်တွေနဲ့ပါလား။ ဒါပေမဲ့... အရေးမကြီးပါဘူးလေ။ မကြာခင်မှာတော့ သူတို့အမြင်တွေ ပြောင်းသွားမှာပဲ။'

ဖုန်းဝူချန်မှာ သူတို့၏ မလိုလားမှုကို သဘာဝအတိုင်း ကြားနိုင်သော်လည်း သူ ဂရုမစိုက်ခဲ့။ မကြာမီမှာပင် စစ်သည်များအားလုံး သူ၏နောက်တွင် တန်းစီရပ်နေကြလေပြီ။

ယဲ့ချန်းချုံးက တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး သူ၏မျက်လုံးထဲမှ ဒေါသများမှာလည်း ပျောက်ကွယ်သွားခဲ့သည်။

ဖုန်းဝူချန်က ဖြည်းညင်းစွာ လှည့်ကြည့်လိုက်ပြီး စစ်သည်များအားလုံးကို ကြည့်ကာ အနည်းငယ်ပြုံးရင်း ဆိုလိုက်သည်။ "ခင်ဗျားတို့က ကျွန်တော် အရည်အချင်းမမီဘူးလို့ ထင်နေကြတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါက သဘာဝပါပဲ။ ကျွန်တော်က အသွင်ပြောင်း ဘုံ ပထမအလွှာမှာပဲ ရှိသေးတာကိုး။"

"ဒါပေမဲ့... ခင်ဗျားတို့ တကယ်ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အခုတော့ ခင်ဗျားတို့ ဆုံးဖြတ်ချက်ချပြီးပြီဆိုတော့ ခင်ဗျားတို့ရဲ့ မာနတွေအားလုံးကို ကျွန်တော့်ရှေ့မှာ သိမ်းထားလိုက်တာ အကောင်းဆုံးပဲ။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့ ဂုဏ်ယူထိုက်တယ်လို့ ယူဆထားတဲ့အရာတွေက ကျွန်တော့်မျက်လုံးထဲမှာ ဘာမှမဟုတ်လို့ပဲ။"

သူ၏လေသံမှာ ပြောင်းလဲသွားပြီး အလွန်တင်းမာအေးစက်သွားလေတော့သည်။

ဖုန်းဝူချန်၏ ဤစကားများမှာ စစ်သည်များ၏ အောင်မြင်မှုများကို စော်ကားပြီး ငြင်းပယ်လိုက်ခြင်းပင် ဖြစ်ရာ စစ်သည်များမှာ ဒေါသထွက်ကြသော်လည်း ထုတ်ဖော်မပြဝံ့ကြပေ။

'ကြည့်စမ်း...။ မျက်နှာတွေက နီရဲလို့။ ဒေါသထွက်နေကြတာပေါ့လေ။ ကောင်းတယ်...။ ဒီလိုမှ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာပေါ့။'

စစ်သည်များ၏ မျက်နှာအမူအရာများကို တစ်ချက်ကြည့်ပြီကာ ရင်တွင်း ပြောဆိုလိုက်ပြီးနောက် ဖုန်းဝူချန်က ဆက်ပြောသည်။

"ဗိုလ်ချုပ်ကြီးက ခင်ဗျားတို့ကို ကျွန်တော့်ဆီ အပ်နှံထားပြီဆိုတော့ ဒီတစ်လအတွင်းမှာ ခင်ဗျားတို့ ကျွန်တော်ပြောသမျှ အကုန်နားထောင်ရမယ်... ရှင်းရှင်းလင်းလင်းပြောရရင်... အရာအားလုံးပဲ။ သေဖို့ သွားရမယ်ဆိုရင်တောင် အပါအဝင်ပဲ။"

ဖုန်းဝူချန်၏ စကားများက ကြမ်းတမ်းလေလေ၊ စစ်သည်များ၏ စိတ်ထဲတွင် မကျေမနပ်ဖြစ်မှုက ကြီးမားလေလေ ..ဖြစ်လာသည်။

"ဆရာဖုန်း၊ ကျွန်တော် ခင်ဗျားကို မေးခွန်းအချို့ မေးလို့ရမလား။"

စိတ်မထိန်းနိုင်သော စစ်သည်တစ်ဦးက ရုတ်တရက် ကျယ်လောင်စွာ အော်မေးလိုက်သည်။

ထိုအခါ ဖုန်းဝူချန်က အမူအရာမပျက်ဘဲ ပြန်ဖြေသည်။

"ခင်ဗျားတို့ ကျွန်တော့်အကြောင်း သိချင်နေကြတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဘာမေးချင်လဲ... မေးသာမေးပါ။"

"ဆရာဖုန်း။ ကျွန်တော်တို့အားလုံး ခင်ဗျားက ပါရမီရှင် တစ်ယောက်မှန်း သိပါတယ်။ ခင်ဗျားက ကိုယ့်ဘာသာကိုယ် ကျင့်ကြံခဲ့တာလား... ဒါမှမဟုတ် ဆရာတစ်ယောက်ရဲ့ လမ်းညွှန်မှုနဲ့လား။"

စစ်သည်တစ်ဦးက ကျယ်လောင်စွာ မေးလိုက်သည်။

"ကျွန်တော် ခင်ဗျားတို့ကို အကြံပေးချင်တာက ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းအကြောင်းကို မမေးတာ အကောင်းဆုံးပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော့်မှာ ဒုတိယတန်းစား သိုင်းဝိညာဉ်ပဲ ရှိလို့ပဲ။"

ဖုန်းဝူချန်က ဤအင်အားကြီးစစ်သည်များ သူ၏ကျင့်ကြံခြင်းအရှိန်နှင့် လုံးဝမယှဉ်နိုင်ကြောင်း သိသဖြင့် ဖြည်းညင်းစွာ ဆိုလိုက်သည်။

“ဒုတိယတန်းစား သိုင်းဝိညာဉ်…”

စစ်သည်များရော ယဲ့ချန်းချုံးပါ တုန်လှုပ်ကာ ကြက်သေသေသွားကြသည်။

ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်အရွယ် လူငယ်တစ်ယောက်...။

ဒုတိယတန်းစား သိုင်းဝိညာဉ်ပါရမီနှင့်သာ...။ အသွင်ပြောင်း ဘုံ ပထမအလွှာသို့ ရောက်ရှိနေသည်တဲ့လား။

'ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။'

ဖုန်းဝူချန်ထက် သာလွန်သော ပါရမီရှင်များဖြစ်ကြသည့် လက်ရွေးစင် စစ်သည်များအနေနှင့် ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်အရွယ်တွင် အသွင်ပြောင်းဘုံ သို့ ရောက်ရှိရန် အိပ်မက်ပင် မမက်ဝံ့ကြ။ ချီသန့်စင်ခြင်း ပဉ္စမအလွှာသို့ ရောက်ရှိရန်ပင် ထူးခြားပြောင်မြောက်လှပြီ ဖြစ်သည်။

သူတို့မှာ ဖုန်းဝူချန်က ဒုတိယတန်းစား သိုင်းဝိညာဉ်ပါရမီနှင့် ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံခြင်းအရှိန် ပိုင်ဆိုင်ထားသည်ကို လုံးဝမယုံကြည်နိုင်ကြပေ။

အကယ်၍သာ ဒုတိယတန်းစား ပါရမီသာဆိုလျှင် ဖုန်းဝူချန်မှာ အသက်နှစ်ဆယ်မတိုင်မီ ချီသန့်စင်ခြင်း ဘုံ သို့ပင် ဝင်ရောက်နိုင်မည် မဟုတ်။

စစ်သည်များသာမက ယဲ့ချန်းချုံးနှင့် အခြားသူများပါ ဤအချက်ကို မယုံကြည်ကြပေ။

'ဒုတိယတန်းစား ပါရမီ...။ အဋ္ဌမတန်းစား ပါရမီနဲ့တောင်မှ ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်မှာ အသွင်ပြောင်း ဘုံ ပထမအလွှာကို ဝင်ရောက်ပြီး ဆေးလုံးပညာရှင်နဲ့ လက်နက်ပညာရှင် ဖြစ်နေဖို့ဆိုတာ... မဖြစ်နိုင်ဘူး။ သန္ဓေသား ဘဝကတည်းက ကျင့်ကြံရင်တောင်မှ မဖြစ်နိုင်ဘူး။'

ယဲ့ချန်းချုံးက စိတ်ထဲမှ တွေးလိုက်သည်။

"နောက်ထပ် မေးခွန်းရှိသေးလား။" ဖုန်းဝူချန်က မေးလိုက်သည်။

"ဆရာဖုန်း၊ ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ ပဉ္စမတန်းစား လက်နက်ပညာရှင်

အဆင့်ကို ရောက်နေပြီ ဆိုတော့... ဆရာဖုန်းက ဘယ်က လာတာလဲ... ဆရာ့ရဲ့ ဆရာက ဘယ်သူလဲဆိုတာ သိခွင့် ရှိမလား။"

သိချင်စိတ်ပြင်းပြနေသော အခြားစစ်သည် တစ်ဦးက မေးလိုက်သည်။

ဖုန်းဝူချန်က တည်ငြိမ်စွာ ဖြေကြားသည်။

"ဒါကတော့ လျှို့ဝှက်ချက်ပဲ။ ကျွန်တော် ဘယ်ကလာလဲ ဆိုတာကတော့... ခင်ဗျားတို့ ထင်သလောက် ခမ်းနားကြီးကျယ်တာမျိုး မဟုတ်ပါဘူး။ ကျွန်တော်က ထျန်းကျိုးက ဝူရွှမ်းမြို့က ဖုန်းမိသားစုကပါ။ သာမန်မိသားစုလေး တစ်ခုပါပဲ။ ကျွန်တော့်နာမည်က ဖုန်းဝူချန်ပါ။"

"ထျန်းကျိုးက ဝူရွှမ်းမြို့က ဖုန်းမိသားစု...။ ဖုန်းဝူချန်...။"

ဤစကားကို ကြားသော် ယဲ့ချန်းချုံးနှင့် လင်းကျန့်ထျန်းတို့ ချက်ချင်းပင် တုန်လှုပ်သွားကြပြီး သူတို့၏မျက်လုံးများမှာ ပြူးကျယ်သွားကာ ဖုန်းဝူချန်ကို ကြောင်ငေးကြည့်နေမိကြသည်။

"ဗိုလ်ချုပ်ကြီး၊ သူ... သူက ဖုန်းမိသားစုရဲ့ တတိယသခင်လေး ဖုန်းဝူချန်လား။"

လင်းကျန့်ထျန်းက မယုံကြည်နိုင်စွာဖြင့် အသံတုန်တုန်ဖြင့် မေးလိုက်သည်။

ယဲ့ချန်းချုံးကလည်း အံ့ဩတကြီး ရေရွတ်လိုက်သည်။

"ဆရာဖုန်းက တကယ်ပဲ ဖုန်းမိသားစုရဲ့ တတိယသခင်လေး ဖုန်းဝူချန်ဖြစ်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။"

ယဲ့ချန်းချုံးနှင့် အခြားသူများမှာ ဆရာဖုန်း၏ အမည်မှန်ကို မသိရှိခဲ့ကြသလို ဖုန်းဝူချန်၏ ဇာစ်မြစ်ကိုလည်း မသိခဲ့ကြ။

သူတို့သိသည်မှာ ဆရာဖုန်းဟုသာ ဖြစ်သည်။

ယဲ့ချန်းချုံးနှင့် အခြားသူများ ဖုန်းမိသားစုအကြောင်း သိရှိရခြင်းမှာ သူတို့က 'ရတနာခုနစ်ပါး ချီစုစည်းအမှုန့်' ၏ ဖော်စပ်နည်းကို ရယူရန် ဖုန်းမိသားစုထံ လူလွှတ်ခဲ့သောကြောင့်သာ ဖြစ်သည်။ ယခုအခါတွင်မူ ဤအမှုန့်မှာ အင်ပါယာ၏ တော်ဝင်မျိုးနွယ်များနှင့် စစ်သည်များအကြားတွင် အလွန်ရေပန်းစားလျက် ရှိသည်။

'ဆရာဖုန်းက ဆေးပညာရှင်ကြီး

တစ်ယောက်လည်း ဖြစ်တယ်ဆိုတဲ့ ကောလာဟလတွေအရဆိုရင်... ရတနာခုနစ်ပါး ချီစုစည်း အမှုန့်က ဖုန်းချန်ယန် သုတေသနလုပ်ထားတာ

မဟုတ်ဘဲ ဖုန်းဝူချန် ဖန်တီးထား

တာ ဖြစ်နိုင်တယ်။'

ယဲ့ချန်းချုံးက တိတ်တဆိတ် မှန်းဆလိုက်သော်လည်း မသေချာခဲ့ပါ။

"အခုတော့ ခင်ဗျားတို့ ကျွန်တော့်ရဲ့ အထောက်အထားကို သိသွားပြီ။ မေးခွန်းတွေလည်း မေးပြီးပြီဆိုတော့... သုံးရက်နေရင် လေ့ကျင့်ရေးစကြမယ်။ ပြန်သွားပြီး ပြင်ဆင်ထားကြ။ ခင်ဗျားတို့ စိတ်ကူးထားသလောက် သက်တောင့်သက်သာဖြစ်မှာတော့ မဟုတ်ဘူးနော်။"

ဖုန်းဝူချန်က သူတို့၏ ကံဆိုးမိုးမှောင်ကျမှုကို ပျော်ရွှင်စွာဖြင့် အနည်းငယ် အေးစက်စက်ရယ်မောရင်း သတိပေးလိုက်သည်။

"ဆရာဖုန်း၊ ခင်ဗျားက လိန်မူချန်ကို အနိုင်တိုက်ခဲ့တာဆိုတော့ ခင်ဗျား ရဲ့အစွမ်းက အလွန်ကြီးမားမှာပဲ။ ကျွန်တော်တို့ ခင်ဗျားကို စိန်ခေါ်လို့ရမလား။ ဆရာဖုန်းရဲ့ ခွန်အားကို ကျွန်တော်တို့လည်း မျက်မြင်ကိုယ်တွေ့ ကြုံဖူးချင်ပါတယ်။"

စစ်သည်တစ်ဦးက ဤနေရာတွင် ရှိနေသော စစ်သည်များအားလုံး၏ စုပေါင်းသိချင်စိတ်ကို အလျင်အမြန်ပင် အသံထွက်၍ မေးလိုက်သည်။

ရှိနေသော စစ်သည်တိုင်း ဖုန်းဝူချန်၏ စွမ်းရည်ကို တိုင်းတာချင်ကြသည်။

သူက လိန်မူချန်ကို အနိုင်တိုက်နိုင်ခဲ့သည်

ဆိုကတည်းက သူမှာ သာမန် ပြိုင်ဘက် တစ်ဦး မဟုတ်သည်မှာ သေချာသည်။

"ချီဟွမ်။ ဆရာဖုန်းကို မလေးစာစး မလုပ်နဲ့။"

လင်းကျန့်ထျန်းက ရုတ်တရက် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

ဤစကားကို ကြားသော် ဖုန်းဝူချန်က ချီဟွမ်ဟု ခေါ်သော စစ်သည်ကို တစ်ချက်ကြည့်ကာ မြန်မြန်ဆန်ဆန် လက်ခံလိုက်သည်။

"ခင်ဗျား ဆန္ဒရှိတယ်ဆိုရင်... အခု စမ်းကြည့်လို့ရတယ်။"

"ကျေးဇူးတင်ပါတယ် ဆရာဖုန်း။"

ထို့နောက် ချီဟွမ်က ရှေ့သို့ ထွက်လာ လေသည်။

ချီဟွမ်မှာလည်း အသွင်ပြောင်း ဘုံ တတိယအလွှာတွင် ရှိပြီး သူ၏အစွမ်းမှာ လိန်မူချန်နှင့် နှိုင်းယှဉ်နိုင်သည်။

သည်အကြောင်းကြောင့်ပင် သူက ဖုန်းဝူချန်ကို စိန်ခေါ်ချင်ခြင်း ဖြစ်သည်။

စစ်သည်များအားလုံး စိတ်ဝင်တစားဖြစ်သွားကြပြီး သူတို့၏မျက်လုံးများမှာ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။ ယဲ့ချန်းချုံးနှင့် လင်းကျန့်ထျန်းတို့နှစ်ဦးမှာလည်း ဤရင်ဆိုင်မှုကို မျှော်လင့်နေကြသည်။

"ခင်ဗျားရဲ့ အစွမ်းကုန်သုံးပါ။ ခင်ဗျားတတ်သမျှ တိုက်ခိုက်ရေးကွက်တွေအားလုံးကို သုံးပါ။"

ဖုန်းဝူချန်က ချီဟွမ်ကို စူးစိုက်ကြည့်ရင်း အလွန်ယုံကြည်မှုရှိဟန်ဖြင့် အနည်းငယ်ပြုံးကာ ဆိုလိုက်သည်။

တုံ့ဆိုင်းခြင်းမရှိဘဲ ချီဟွမ်က သူ၏စစ်မှန်သောယွမ်စွမ်းအင်ကို အပြည့်အဝ ထုတ်လွှတ်လိုက်ပြီး စကားတစ်ခွန်းမှမဆိုဘဲ ကြမ်းကြုတ်သော ကျားတစ်ကောင်နှယ် ပေါက်ကွဲထွက်လာသည်။ သူ၏အရှိန်မှာ အံ့ဩဖွယ်ကောင်းပြီး သူ၏အရှိန်အဝါမှာ ကြမ်းတမ်းလှသည်။

ဖုန်းဝူချန်ထံသို့ ချဉ်းကပ်လာသည့်အခါ ချီဟွမ်က တိုက်ခိုက်မှုပေါင်းများစွာကို ထုတ်လွှတ်လိုက်ပြီး သူတတ်သမျှ ကြမ်းကြုတ်ရက်စက်သော တိုက်ခိုက်ရေးကွက်များအားလုံးကို ထုတ်သုံးလိုက်ရာ လိန်မူချန်ထက် မရက်စက်လှသည်တော့ မဟုတ်။

ချီဟွမ်၏ ကြမ်းတမ်းသော တိုက်ခိုက်မှုများကို ရင်ဆိုင်ရာတွင် ဖုန်းဝူချန်မှာ အနည်းငယ်မျှပင် ကြောက်ရွံ့မှုမပြဘဲ သူက တစ်ကွက်ချင်းစီကို ပြီးပြည့်စုံသော တိကျမှုဖြင့် လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။ သူက သူ၏နေရာတွင်သာ ရပ်နေပြီး ချီဟွမ်ကို တိုက်ခိုက်ခွင့်ပြုကာ ပြန်လည်တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိပေ။

ချီဟွမ်နှင့် ရှိနေသူတိုင်း သူတို့၏မျက်နှာများကို တုန်လှုပ်စွာ ဖုံးအုပ်ထားမိကြသည်။

'သေစမ်း...။ ဒီကောင်လေးက တကယ်ပဲ လူဟုတ်ရဲ့လား။'

ချီဟွမ်၏ အားကောင်းသော ခွန်အားနှင့် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးကွက်များရှိသော်လည်း သူက ဖုန်းဝူချန်ကို ခြေတစ်လှမ်းမျှပင် နောက်ဆုတ်စေနိုင်ခြင်းမရှိ။ သူ၏ ကြမ်းတမ်းသော တိုက်ခိုက်မှုများအားလုံးကို ဖုန်းဝူချန်က ကြိုတင်မြင်နေသကဲ့သို့ ဖြစ်နေပြီး တစ်ချက်မျှပင် ထိမှန်အောင် မတိုက်ခိုက်နိုင်ခဲ့။

"သူ့အစွမ်းက သိသိသာသာကို တိုးတက်လာတာပဲ။"

လိန်မူချန်က မျက်မှောင်ကြုတ်ကာ သူ့ဘာသာသူ တွေးတောနေပြီး ဖုန်းဝူချန်၏ ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံခြင်းအရှိန်ကို နားမလည်နိုင်ဖြစ်နေသည်။

"မယုံနိုင်စရာပဲ...။ ချီဟွမ်ရဲ့ တိုက်ခိုက်မှုတွေက လုံးဝအသုံးမဝင်ဘူး။"

"ဆရာဖုန်းက ချီဟွမ်ရဲ့ လှုပ်ရှားမှုတွေကို ထွင်းဖောက်မြင်နေရသလိုပဲ။ သူက လှုပ်တောင်မလှုပ်ဘဲ တိုက်ခိုက်မှုအားလုံးကို ရှောင်နိုင်တယ်။"

"အသွင်ပြောင်း ဘုံ ပထမအလွှာက တစ်ယောက်က တကယ်ပဲ အဲ့လောက်တောင် သန်မာတာလား။ ဆရာဖုန်းရဲ့ အရှိန်က အရမ်းထူးဆန်းတယ်။ နှေးနေသလိုပဲ... ဒါပေမဲ့ သူက ချီဟွမ်ရဲ့ ဆက်တိုက်တိုက်ခိုက်မှုအားလုံးကို ရှောင်တိမ်းနိုင်တယ်။"

စစ်သည်များမှာ ကြည့်လေလေ အံ့ဩလေလေ ဖြစ်လာကြသည်။ ဖုန်းဝူချန်၏ အစွမ်းမှာ သူတို့၏ မျှော်လင့်ချက်များကို အများကြီး ကျော်လွန်နေခဲ့သည်။

'ငါ့အရှိန်နဲ့ဆို ဆရာဖုန်း ရှောင်နိုင်မှာမဟုတ်ဘူး။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ လက်သီးတစ်ချက်တောင် မထိဘူး။'

ချီဟွမ်က လုံးဝတုန်လှုပ်စွာဖြင့် တွေးလိုက်သည်။

"ဘုန်း... ဘုန်း... ဘုန်း။"

မကြာမီမှာပင် ဖုန်းဝူချန်က ရှောင်တိမ်းနေရာမှ တိုက်ရိုက်ရင်ဆိုင်တိုက်ခိုက်ခြင်းသို့ ပြောင်းလဲလိုက်ပြီး ဆက်တိုက် အောင့်သက်သက်အသံများ ထွက်ပေါ်လာကာ အားကောင်းသော စစ်မှန်သောယွမ်ချီစွမ်းအားလှိုင်းများ ပျံ့နှံ့သွားတော့သည်။

မိနစ်အနည်းငယ်မျှ တိုက်ရိုက်ရင်ဆိုင်တိုက်ခိုက်ပြီးနောက် ချီဟွမ်မှာ နောက်ကျကျန်ရစ်လာသည်။ ဖုန်းဝူချန်၏ အရှိန်မှာ ပိုမိုမြန်ဆန်လာပြီး တိုက်ခိုက်မှုများကို ခုခံရန် သူ့အတွက် ပိုမိုခက်ခဲလာခဲ့သည်။

သံမဏိကဲ့သို့သော ကာကွယ်ရေးဖြင့် ကျော်ကြားသော ချီဟွမ်မှာ ယခုအခါတွင် သူ၏လက်သီးနှင့် ခြေထောက်များတွင် သံမဏိကို ထိမိသကဲ့သို့ စူးရှသော နာကျင်မှုကို ခံစားနေရသည်။

ဤသည်က ဖုန်းဝူချန်၏ ခန္ဓာကိုယ်မှာ သူတို့ထက် အများကြီး ပိုမိုခံနိုင်ရည်ရှိကြောင်း ညွှန်ပြနေသည်။

"ဝှစ်... ဝှစ်... ဝှစ်။"

"အုန်း... အုန်း... အုန်း။"

နောက်ကျကျန်ရစ်ပြီးနောက် ချီဟွမ်၏ ကာကွယ်ရေးမှာ ဖုန်းဝူချန်၏ အရှိန်မြှင့်တိုက်ခိုက်မှုအောက်တွင် လုံးဝပြိုကျသွားခဲ့သည်။ လေကို

ခွဲ ဖြတ်သံများ ပဲ့တင်ထပ်သွားပြီး အရိပ်များက ချီဟွမ်၏ပတ်လည်တွင် လျင်မြန်စွာ ရွေ့လျားနေသည်။

သူ၏ကာကွယ်ရေးမှာ လုံးဝကျိုးပေါက်သွားပြီး ဖုန်းဝူချန်၏ လက်သီးချက်များ သူ့အပေါ်သို့ အကြိမ်ကြိမ်ကျရောက်လာသဖြင့် ခြေတစ်လှမ်းချင်း နောက်ဆုတ်သွားရတော့သည်။

ဆယ်မိနစ် မပြည့်သော တိုက်ပွဲမှာ ချီဟွမ်၏ ဆိုးရွားသော ရှုံးနိမ့်မှုဖြင့် အဆုံးသတ်သွားခဲ့သည်။ သူမှာ လုံးဝခုခံနိုင်စွမ်းမရှိခဲ့ပေ။

ဖုန်းဝူချန်၏ လွှမ်းမိုးနိုင်စွမ်းရှိသော အစွမ်းပြသမှုက တပ်ဖွဲ့နှစ်ခုလုံးမှ စစ်သည်များကို အလွန်အမင်း ခြိမ်းခြောက်နိုင်ခဲ့ပြီး သူတို့ကို ကျောက်ရုပ်များကဲ့သို့ တောင့်တင်းကာ တုန်လှုပ်စေခဲ့သည်။

မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရပြီးမှသာ ယဲ့ချန်းချုံး၊ လင်းကျန့်ထျန်းနှင့် အခြားသူများမှာ ဖုန်းဝူချန်၏ စွမ်းအား မည်မျှကြောက်မက်ဖွယ်ကောင်းသည်ကို သဘောပေါက်သွားကြတော့သည်။

‘ဆရာဖုန်းရဲ့ လှုပ်ရှားမှုနည်းစနစ်က အလွန်အမင်း ကြောက်စရာ ကောင်းတယ်။ သူ့ရဲ့ တိုက်ခိုက်ရေးအတွေ့အကြုံက အလွန်ကြွယ်ဝပြီး သူ့ရဲ့လှုပ်ရှားမှုတွေက ပါးနပ်ပြီး ကျွမ်းကျင်လှတယ်။ သူ့ခန္ဓာကိုယ်ရဲ့ ကြံ့ခိုင်မှုက စိတ်ကူးမယဉ်နိုင်လောက်ဘူး။ သာမန်မိသားစုလေး တစ်ခုကနေ ဒီလောက် မြင့်မားလှတဲ့ ပါရမီရှင် တစ်ယောက် ထွက်ပေါ်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။’

ယဲ့ချန်းချုံးက အတွင်းစိတ်ထဲတွင် တုန်လှုပ်စွာ ရေရွတ်လိုက်သည်။

သူက လူပေါင်းများစွာကို မြင်ဖူးသော်လည်း ဖုန်းဝူချန်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှင်တစ်ဦးကို တစ်ခါမှ မကြုံဖူးခဲ့ပါ။

အသွင်ပြောင်း ဘုံ ပထမအလွှာဖြင့်သာ တတိယအလွှာမှ အလံနက်တပ်မတော်၏ အင်အားကြီးတစ်ဦးကို အလွယ်တကူ အနိုင်တိုက်နိုင်ခဲ့သည်။ အကယ်၍သာ ဖုန်းဝူချန်က တတိယအလွှာသို့ တိုးတက်သွားမည်ဆိုလျှင် မည်သည့် အင်အားကြီးစစ်သည်မဆို သူ့ကို အနိုင်တိုက်နိုင်မည် မဟုတ်ဟု ထင်ရသည်။

"အခုတော့ ခင်ဗျားတို့အားလုံး ကျွန်တော့်ရဲ့အစွမ်းကို အနည်းငယ် သိသွားကြပြီဆိုတော့... ခွန်အားရော အရှိန်ရောက အလွန်အရေးကြီးတယ်ဆိုတာ သိထားကြပါ။ ခင်ဗျားတို့ ကျွန်တော့်ကို ယုံကြည်တယ်ဆိုရင် ကျွန်တော်အာမခံတယ်။ တစ်လအတွင်းမှာ ခင်ဗျားတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားနဲ့ အရှိန်ကို သိသိသာသာ မြှင့်တင်ပေးနိုင်တယ်ဗျ။"

ဖုန်းဝူချန်က ယုံကြည်မှုဖြင့် ပြည့်နှက်နေသော စကားလုံးများဖြင့် အနည်းငယ်ပြုံးကာ အာမခံလိုက်သည်။

စုဝေးနေသော စစ်သည်များမှာ သူတို့၏ တုန်လှုပ်မှုမှ လွတ်မြောက်လာကြပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်အားပေးကြတော့သည်။

ဖုန်းဝူချန်အပေါ် သူတို့၏ လေးစားသော အကြည့်များမှာ ပိုမိုသိသာ

ထင်ရှားလာခဲ့သည်။

'သေစမ်း...။ ငါတို့တော့ ဒီတစ်လလုံး သေအောင် 'နှိပ်စက်' ခံရတော့မှာပဲ။ ဒါပေမဲ့... သန်မာလာမယ်ဆိုရင်တော့... ခံရကျိုးနပ်ပါတယ်။'

စစ်သည်များမှာ ပိုမိုသန်မာလာရန် စိတ်အားထက်သန်မှုနှင့် ဖုန်းဝူချန်က သူတို့ကို မည်သို့ 'ညှဉ်းပန်းနှိပ်စက်' မည်ကို ကြောက်ရွံ့မှုတို့ ရောနှောခံစားနေကြရသည်။

"သုံးရက်နေရင်တော့... ခင်ဗျားတို့ရဲ့ ကမ္ဘာပျက်မယ့်နေ့ ရောက်လာလိမ့်မယ်။"

ဖုန်းဝူချန်က အေးစက်စက်ရယ်မောရင်း စစ်သည်များကို ထွက်ခွာသွားရန် လက်ဝှေ့ယမ်းပြလိုက်သည်။

ဖုန်းဝူချန်၏ စွမ်းရည်ကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရပြီးနောက် တပ်ဖွဲ့နှစ်ခုလုံးမှ မည်သည့်စစ်သည်မဆို သူ့ကို လျှော့မတွက်ဝံ့တော့သလို မကျေနပ်မှု တစ်စုံတစ်ရာကို ထုတ်ဖော်မပြဝံ့တော့ပေ။ သူတို့အားလုံး အရင်က ဖုန်းဝူချန်ကို အထင်သေးခဲ့သည့်အတွက် မိမိတို့မှာ အလွန်အမင်း မောက်မာခဲ့မိသည်ဟု ခံစားနေကြရတော့သည်။

All Chapters