← Chapters

ကိုးကွယ်ခြင်း

Vol. 4 Ch. 59

ကိုးကွယ်ခြင်း

Vol. 4 Ch. 59

~"နန်းတွင်း အကြံပေးကြီး... ဒီလိုလုပ်တာက မသင့်တော်ဘူးထင်တယ်ဗျ။ ခင်ဗျားက ပဉ္စမ အဆင့် ဆေးလုံးပညာရှင်တစ်ယောက်ဖြစ်နေပြီ... ကျွန်တော်က ဒုတိယ အဆင့်ပဲ ရှိသေးတာ။ ခင်ဗျားက ကျွန်တော့်ကို ဆရာအဖြစ် တော်စပ်လိုက်ရင်... ဒါက..."

ဖုန်းဝူချန်တစ်ယောက် ခါးသီးစွာ ပြုံးလိုက်မိသည်။

စစ်ထူကျန့်ထျန်း တစ်ယောက်တည်း တပည့်ခံဖို့ တောင်းဆိုတာကိုတောင် ဘယ်လိုလုပ်ရမှန်းမသိဖြစ်နေချိန်တွင် ယန်ထျန်းရှန်ကပါ ထပ်ဆင့်လိုက်လာသောအခါ သူ့မှာ အလွန်အမင်းပင် ဗျာများသွားရတော့၏။

'သေစမ်း...။ ဒီနေ့ ငါ ဘာဖြစ်နေတာလဲ။ အဘိုးကြီးတွေက ငါ့ကို ဘာလို့ ဒီလောက်တောင် တပည့်ခံချင်နေကြရတာလဲ။ အနေရခက်လိုက်တာ...။'

ပဉ္စမ အဆင့် ဆေးလုံးပညာရှင်

တစ်ယောက်က ဒုတိယ အဆင့် ဆေးလုံးပညာရှင် တစ်ယောက်ကို ဆရာအဖြစ် တော်စပ်တယ်တဲ့...။ လောကကြီးက ဘယ်လိုထင်ကြပါ့မလဲ။

ထို့အပြင် ယန်ထျန်းရှန်သည် အင်ပါယာ၏ နန်းတွင်း အကြံပေးကြီးဖြစ်လေသည်။ ဤမျှလောက် မြင့်မားသော ရာထူးအဆင့်အတန်းရှိသည့် ပုဂ္ဂိုလ်ကြီးတစ်ဦးက ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်အရွယ် လူငယ်လေးတစ်ယောက်ကို ဆရာအဖြစ် တော်စပ်လိုက်လျှင် အင်ပါယာတစ်ခုလုံး ရယ်စရာဖြစ်သွားမည်မှာ သေချာနေပြီး နိုင်ငံ့ဂုဏ်သိက္ခာမှာလည်း ဘယ်သို့

ရှိတော့မည်နည်း။

သို့သော် ယန်ထျန်းရှန်မှာမူ ထိုအရာများကို ဂရုမစိုက်တော့ဘဲ ရိုသေလေးစားစွာပင် ဆိုလိုက်သည်။ "အရည်အချင်းကသာ ပဓာနပါပဲ။ ဆရာဖုန်းရဲ့ ဆေးလုံးပညာလမ်းစဉ်ပေါ်က အောင်မြင်မှုတွေက ကျွန်တော့်ထက် အများကြီး သာလွန်ပါတယ်။ ဆရာဖုန်း ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးဖို့ မျှော်လင့်ပါတယ်။"

'ဟာ... ဒုက္ခပါပဲ။ ဒီအဘိုးကြီးကတော့ တကယ်ကြီးကို ခေါင်းမာနေပါလား။ ငါ ဘယ်လိုငြင်းရပါ့မလဲ။'

ဖုန်းဝူချန် စဉ်းစားပြီးနောက် အကြံပေးလိုက်သည်။

"နန်းတွင်း အကြံပေးကြီး၊ ဒီလိုလုပ်ကြရအောင်လား။ လောလောဆယ်တော့ ကျွန်တော် ခင်ဗျားကို တပည့်အဖြစ် လက်မခံသေးဘူး။ ဒါပေမဲ့ ဆေးလုံးပညာနဲ့ ပတ်သက်ပြီးတော့ အကြံဉာဏ်တချို့ ပေးလို့ရပါတယ်။ တစ်နေ့မှာ ကျွန်တော် ပဉ္စမ အဆင့်ဆေးလုံးပညာရှင် အဆင့်ကို တက်လှမ်းနိုင်တဲ့အခါကျရင် ခင်ဗျားကို တပည့်အဖြစ် လက်ခံပါ့မယ်။ ဘယ်လိုသဘောရလဲ။ အခုလောလောဆယ် ကျွန်တော်က ဒုတိယ အဆင့်ပဲ ရှိသေးတော့... တကယ်ကို မသင့်တော်လို့ပါဗျာ။"

ယန်ထျန်းရှန်၏ နှလုံးသားထဲတွင် စိတ်ပျက်မှုအချို့ ရှိနေသည်မှာ မလွဲဧကန်ပင်။ သို့သော် သူက ဖုန်းဝူချန်၏ အခက်အခဲကိုလည်း မြင်နိုင်သောကြောင့် ခဏတာ တုံ့ဆိုင်းပြီးနောက် ခေါင်းညိတ်ကာ ဆိုလိုက်သည်။

"အားလုံး ဆရာဖုန်းရဲ့ ဆုံးဖြတ်ချက်အတိုင်းပါပဲ။"

...

ဖုန်းဝူချန်တစ်ယောက် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။

ယန်ထျန်းရှန်ကို တပည့်အဖြစ် လက်မခံလို၍တော့မဟုတ်။

ပဉ္စမ အဆင့် ဆေးလုံးပညာရှင် တစ်ယောက်ကို တပည့်အဖြစ် မလိုချင်သူ ဘယ်မှာရှိပါ့မလဲ။

သို့သော် အခြေအနေက ဖုန်းဝူချန်အတွက် အမှန်တကယ်ပင် အခက်တွေ့စေခဲ့သည်။

ယန်ထျန်းရှန်မှာ ဤမျှလောက် မြင့်မြတ်သော ရာထူးကို ပိုင်ဆိုင်ထားရာ အကယ်၍သာ အခြားသူများက သူ ဖုန်းဝူချန်ကို ဆရာတော်စပ်ကြောင်း သိသွားခဲ့လျှင် မည်မျှလောက်သော လူတို့က ရယ်မောကြမည်ကို မသိနိုင်ပေ။

"ဗိုလ်ချုပ်ကြီး၊ ဒီဝိညာဉ်လက်နက် လှံနှစ်စင်းလုံးက အဆင့်နိမ့် ဝိညာဉ်လက်နက်တွေပါ။ ခင်ဗျားရဲ့ ထူးခြားပြောင်မြောက်တဲ့ လှံသိုင်းပညာအကြောင်း ကြားဖူးလို့ ဗိုလ်ချုပ်ကြီးအတွက် ကျွန်တော် အထူးတလည် ပြုလုပ်ပေးထားတာပါ။ နောက်ရက်အနည်းငယ်အတွင်းမှာ တခြားလက်နက်တွေကိုလည်း ကြိုးစားပြီး ပြုလုပ်ပေးပါ့မယ်။"

ဖုန်းဝူချန်က အမူအရာမပျက်ဘဲ ဆိုလိုက်သည်။

နတ်ဆိုးနဂါးသိုင်းကျမ်း၏ ကြောက်မက်ဖွယ်ကောင်းသော ကျွမ်းကျင်မှုအဆင့်ဖြင့် ရိုးရှင်းပြီး အဆင့်နိမ့်သော နတ်ဘုရားလက်နက်များကို ပြုလုပ်ခြင်းသည် ဖုန်းဝူချန်အတွက် လုံးဝစိန်ခေါ်မှုတစ်ခု မဟုတ်ခဲ့ပေ။

"ကျေးဇူးတင်ပါတယ် ဆရာဖုန်း။"

ယဲ့ချန်းချုံးက အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် အလျင်အမြန်ပင် ကျေးဇူးတင်စကားဆိုရင်း ဝိညာဉ်လက်နက်များကို သူ၏သိုလှောင်လက်စွပ်ထဲသို့ လျင်မြန်စွာ ထည့်သိမ်းလိုက်သည်။

အဆင့်နိမ့် ဝိညာဉ်လက်နက်များဖြစ်လင့်ကစား ၎င်းတို့မှာ အလွန်ရှားပါးသော အရာများပင် ဖြစ်သည်။ အင်ပါယာအတွင်း၌ပင် ဝိညာဉ်လက်နက်အရေအတွက်မှာ လက်တစ်ဖက်မှ လက်ချောင်းအရေအတွက်ထက် မကျော်လွန်ပေ။ ထို့အပြင် ဖုန်းဝူချန် ပြုလုပ်သော အဆင့်နိမ့် ဝိညာဉ်လက်နက်များမှာ စစ်ထူကျန့်ထျန်း ပြုလုပ်သော လက်နက်များထက် သိသိသာသာ ပိုမိုအားကောင်းသည် မဟုတ်ပါလား။

"ဆရာ၊ ဆရာက အလယ်အလတ် နဲ့ အဆင့်မြင့်အဆင့် ဝိညာဉ်လက်နက်တွေ ပြုလုပ်နိုင်ပါသလား။"

စစ်ထူကျန့်ထျန်းက မေးလိုက်သည်။

"လုပ်နိုင်ပါတယ်။"

ဖုန်းဝူချန်က ခေါင်းညိတ်ပြပြီး ရှင်းပြလိုက်သည်။ "ဒါပေမဲ့ အလယ်အလတ်နဲ့ အဆင့်မြင့်အဆင့် ဝိညာဉ်လက်နက်တွေ ပြုလုပ်ဖို့ဆိုရင် ဒီဥက္ကာခဲသံရဲ့ အရည်အသွေးက မလုံလောက်ဘူး။ ပြီးတော့ တခြားအဖိုးတန် ပစ္စည်းတချို့လည်း လိုအပ်သေးတယ်။ ကျွန်တော် ထင်တာတော့... ကျွန်တော်တို့

အင်ပါယာမှာ ဒီပစ္စည်းတွေ မရှိလောက်ဘူး။ တိုက်ကြီးပေါ်မှာပဲ ရှာလို့ ရမှာ။"

ဖုန်းဝူချန်၏ စကားကို ကြားသော် စစ်ထူကျန့်ထျန်းနှင့် အခြားသူများမှာ သူတို့၏ နှလုံးသားထဲတွင် ဧရာမလှိုင်းလုံးကြီး တစ်ခု ရိုက်ခတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သူတို့မှာ အတိုင်းအဆမရှိ တုန်လှုပ်သွားကြတော့သည်။

လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်နှင့် လက်နက်ပြုလုပ်ရန် ပစ္စည်းများ ပျံသန်းလာခဲ့သည်။ လက်နက်များ ပြုလုပ်ရင်း ဖုန်းဝူချန်က

ရှင်းပြလိုက်သည်။

"ဝိညာဉ်လက်နက်တွေလောက်တော့ ပြောမနေနဲ့တော့။ ပစ္စည်းတွေသာ လုံလုံလောက်လောက်ရှိရင်... နတ်ဘုရားသံလိုမျိုးပေါ့... ကျွန်တော် နတ်ဘုရားလက်နက်တွေတောင် ပြုလုပ်နိုင်သေးတယ်။"

"နတ်ဘုရားလက်နက်တွေ။"

ထိုအခိုက်တွင် သူတို့၏မျက်လုံးများမှာ အစွမ်းကုန် ပြူးကျယ်သွားကြတော့သည်။

နတ်ဘုရားလက်နက်တွေတဲ့...။ ၎င်းတို့မှာ ဒဏ္ဍာရီလာ နတ်ဘုရားလက်နက်များပင်တည်း။

ဆရာဖုန်းမှာ နတ်ဘုရားလက်နက်များ ပြုလုပ်နိုင်သည့် စွမ်းရည် အမှန်တကယ်ပင် ရှိနေသည်တဲ့လား။ ဖုန်းဝူချန်၏ လက်နက်

ပြုလုပ်ခြင်းပညာရပ်မှာ မည်မျှလောက် ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိနေပြီနည်း။

တိုက်ကြီးတစ်ခုလုံးတွင် နတ်ဘုရားလက်နက်များ ပြုလုပ်နိုင်သော လက်နက်ပညာရှင် အရေအတွက်မှာ လက်တစ်ဖက်မှ လက်ချောင်းများဖြင့် ရေတွက်၍ပင် ရနိုင်မည်မဟုတ်ဘဲ တစ်ဦးချင်းစီမှာ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုများ ဖြစ်ကြသည်။

ဤသို့သော ထူးခြားပြောင်မြောက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဂုဏ်ပုဒ်သည် တိုက်ကြီးပေါ်တွင် မည်သည့်နေရာ၌မဆို ရိုသေ လေးစားမှုကို ဖြစ်ပေါ်စေမည်ဖြစ်ပြီး သူတို့မှာ တိုက်ကြီးကို လုံးဝယုံကြည်မှုအပြည့်ဖြင့် လျှောက်လှမ်းသွားနိုင်ပေလိမ့်မည်။

"ဒီကိစ္စကို ခင်ဗျားတို့သုံးယောက် သိထားရုံနဲ့ လုံလောက်ပြီ။ တခြားသူတွေကိုတော့ မပေါက်ကြားပါစေနဲ့။"

ဖုန်းဝူချန်၏ လေသံမှာ ညင်သာသော်လည်း ငြင်းမရသော အမိန့်ပေးသည့် အငွေ့အသက်တစ်ခု ပါဝင်နေခဲ့သည်။

"ဟုတ်ကဲ့ပါ ဆရာ။"

စစ်ထူကျန့်ထျန်းက အလွန်ရိုသေစွာဖြင့် ပြန်ဖြေသည်။

ယန်ထျန်းရှန်နှင့် ယဲ့ချန်းချုံးတို့ကလည်း ရိုသေစွာ အာမခံကြသည်။

"ဆရာဖုန်း၊ စိတ်ချပါ။ ကျွန်တော်တို့ တစ်လုံးတစ်ပါဒမှ ထုတ်ဖော်ပြောမှာ မဟုတ်ပါဘူး။"

ဖုန်းဝူချန်၏ ကြောက်မက်ဖွယ်ကောင်းသော လက်နက် သန့်စင်ခြင်းနယ်ပယ်ကို သိရှိထားသည့်အလျောက် သူတို့မှာ သတ္တိတစ်သောင်းလောက် ရှိလျှင်ပင် စကားတစ်ခွန်းမျှ ထုတ်ဖော်ပြောဝံ့မည်မဟုတ်ပေ။

ဖုန်းဝူချန်၏ နတ်ဘုရားလက်နက်များ ပြုလုပ်နိုင်စွမ်းကို သူတို့ ကိုယ်တိုင်ကိုယ်ကျ မမြင်ဖူးခဲ့သော်လည်း ဖုန်းဝူချန်၏ ကြောက်ခမန်းလိလိ လက်နက် သန့်စင်ခြင်း တန်ခိုးစွမ်းအားများကြောင့် သူတို့မှာ လုံးဝယုံကြည်မှုရှိနေပြီး သံသယ မဝင်ကြပါပေ။

စိတ်ဖြင့်လက်နက်ဖန်ဆင်းခြင်း တန်ခိုးစွမ်းအား...။

တိုက်ကြီးပေါ်မှ လက်နက်ပညာရှင်များအနက် မည်သူက ဤသို့သော စွမ်းဆောင်မှုကို ပြုလုပ်နိုင်ပါမည်နည်း။

ထိုအခိုက်တွင် သူတို့သုံးဦး ဖုန်းဝူချန်ကို ကြည့်နေသောအကြည့်မှာ နတ်ဘုရား တစ်ပါးကို ကြည့်နေရသကဲ့သို့ ပို၍ပင် ကြီးမားသော လေးစားမှုတို့ဖြင့် ပြည့်နှက်နေတော့သည်။

တစ်နာရီအတွင်းမှာပင် ဖုန်းဝူချန်က ဝိညာဉ်လက်နက်ဆယ်ခုကို ပြုလုပ်ခဲ့ပြီး ယဲ့ချန်းချုံးကို အလွန်အမင်း စိတ်လှုပ်ရှားစေခဲ့သည်။ သူက အကြိမ်ကြိမ် ဦးညွှတ်ကာ ဖုန်းဝူချန်ကို ကျေးဇူးတင်စကား ဆိုလေသည်။

ပြုလုပ်နေစဉ်အတွင်း ဖုန်းဝူချန်က စစ်ထူကျန့်ထျန်းကို အသုံးဝင်သော အကြံဉာဏ်များစွာ ပေးခဲ့ရာ သူမှာ ၎င်းတို့ကို အလွန်အမင်း တန်ဖိုးရှိသည်ဟု တွေ့ရှိခဲ့ရသည်။

ဝိညာဉ်လက်နက်များကို ဆက်တိုက် ပြုလုပ်ခြင်းသည် ဖုန်းဝူချန်၏ လက်ရှိကျင့်ကြံခြင်း အဆင့်နှင့်ပင် ပင်ပန်းလှသည်။ သူ၏ မျက်နှာမှာ ဖြူဖျော့သွားပြီး စစ်မှန်သောယွမ် စွမ်းအင် အမြောက်အမြား ကုန်ဆုံးသွားကြောင်း ရှင်းလင်းစွာ ပြသနေသည်။

ကံကောင်းစွာပင် ဖုန်းဝူချန်မှာ စစ်မှန်သော ယွမ်စွမ်းအင်ကို ပြန်လည်ရရှိရန်အတွက် 'စိမ်းပြာနက်နဲဆေးလုံး' ကို ပြုလုပ်ထားခဲ့ရာ သူ ကုန်ဆုံးသွားသော

အရာများကို လျင်မြန်စွာ ပြန်လည်ဖြည့်တင်းနိုင်ခဲ့သည်။

အဆင့်နှစ် 'စိမ်းပြာနက်နဲဆေးလုံး' တစ်လုံးကို ဝါးမြိုလိုက်ပြီးနောက် ဖုန်းဝူချန်၏ ကုန်ဆုံးသွားသော စစ်မှန်သော ယွမ်စွမ်းအင်မှာ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခဲ့ပြီး သူ၏မျက်နှာအသားအရေမှာလည်း တဖြည်းဖြည်း နီရဲလာခဲ့ပြန်သည်။

ဆေးလုံး၏ အစွမ်းသတ္တိက ယန်ထျန်းရှန်နှင့် စစ်ထူကျန့်ထျန်းကို တစ်ဖန်ပြန်လည် တုန်လှုပ်သွားစေခဲ့သည်။

ယန်ထျန်းရှန်မှာ အဆင့်ငါး ဆေးလုံးပညာရှင်တစ်ဦးဖြစ်သော်လည်း သူပြုလုပ်သော အဆင့်နှစ် 'စိမ်းပြာနက်နဲဆေးလုံး' များမှာ ဤမျှလောက် နက်ရှိုင်းသော အာနိသင်များ မရှိသည်မှာ သေချာသည်။

"ဆရာဖုန်း၊ 'ရတနာခုနစ်ပါး ချီစုစည်း အမှုန့်' ကို ခင်ဗျား ဖော်စပ်ခဲ့တာလား။"

တုန်လှုပ်မှုဖြင့် ယန်ထျန်းရှန်မှာ မေးမြန်းခြင်းကို မထိန်းနိုင်တော့ဘဲ ဖုန်းချန်ယန်က သူ၏စွမ်းရည်ဖြင့် ဤမျှလောက် အစွမ်းထက်သော ဆေးမှုန့်ကို တီထွင်နိုင်ခဲ့သည်ကို မယုံကြည်နိုင်ဖြစ်နေမိသည်။

"အဲ့ဒါက အဆင့်နိမ့်ဆေးမှုန့်လေး တစ်ခုပါပဲ။ မှတ်သားလောက်စရာ ဘာမှမရှိပါဘူး။"

ဖုန်းဝူချန်က အနည်းငယ်ပြုံးရင်း ဆိုလိုက်သည်။

အဆင့်နိမ့်ဆေးမှုန့်တဲ့လား။ 'ရတနာခုနစ်ပါး ချီစုစည်း အမှုန့်' ထွက်ပေါ်လာသည့်အခါ ထျန်းကျိုး တစ်ခုလုံး လှုပ်ခတ်သွားခဲ့ပြီး ယွင်ကျိုး၏ အဓိက

အင်အားစုကြီးများမှာလည်း ၎င်းကို ဝယ်ယူရန် ထျန်းကျိုးသို့ အပြေးအလွှားသွားခဲ့ကြသည်။

ဖော်စပ်နည်းမှာ အင်ပါယာ၏ တော်ဝင်မိသားစုသို့ ဝင်ရောက်သွားသည့်အခါ ဧကရာဇ်မြို့တော် တစ်ခုလုံး အုံးအုံးကျွက်ကျွက်ဖြစ်သွားခဲ့သည်။

ဤမျှလောက် ဩဇာလွှမ်းမိုးသော ဆေးမှုန့်ကို ဖုန်းဝူချန်က အဆင့်နိမ့်ဟု သတ်မှတ်သည်တဲ့လား။

သို့သော် စဉ်းစားကြည့်လျှင်လည်း သဘာဝကျပါသည်။ ဆေးလုံးပညာလမ်းစဉ်တွင် ဤမျှလောက် နက်ရှိုင်းသော အောင်မြင်မှုများဖြင့် 'ရတနာခုနစ်ပါး ချီစုစည်းအမှုန့်' မှာ ဖုန်းဝူချန်အတွက် အမှန်တကယ်ပင် အဆင့်နိမ့် ဆေးတစ်မျိုးပင်တည်း။

ဖုန်းဝူချန်က သူတို့ကို ယနေ့ ယူဆောင်လာပေးသော တုန်လှုပ်မှုမှာ သူတို့၏ တစ်သက်တာလုံးတွင် ခံစားခဲ့ရသမျှထဲတွင် အကြီးမားဆုံးဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

ထို့နောက်တွင် ယန်ထျန်းရှန်၏ စိတ်အားထက်သန်သော တောင်းဆိုမှုအရ ဖုန်းဝူချန်က သူတို့သုံးဦး၏ရှေ့မှောက်တွင် ဆေးလုံးတစ်လုံးကို ဖော်စပ်ပြခဲ့သည်။

ယန်ထျန်းရှန် ဆေးလုံးမီးဖိုကို ထုတ်ယူရန် ပြင်ဆင်နေစဉ်မှာပင် ယန်ထျန်းရှန်ခမျာ အံ့ဩတကြီးဖြင့် ဆရာဖုန်းမှာ သူ၏ဆေးလုံးပညာအတွက် ဆေးလုံးမီးဖို လုံးဝ မလိုအပ်ကြောင်း သဘောပေါက်သွားခဲ့သည်။

ဆေးပင်တစ်ပင်ပြီးတစ်ပင်မှာ သူ၏လက်ဖဝါးထဲတွင် မီးလောင်ကျွမ်းသွားပြီး ၎င်းတို့၏အနှစ်သာရများကို စုစည်းလိုက်သည်။ သူ၏လက်များမှာ အံ့ဩဖွယ်ကောင်းသော အမူအရာများကို ဖန်တီးနေပြီး လှုပ်ရှားမှုတိုင်းမှာ တိကျပြီး ကျွမ်းကျင်လှသည်။

မိနစ်အနည်းငယ်အတွင်းမှာပင် ဖုန်းဝူချန်က အဆင့်သုံး ဆေးလုံးတစ်လုံးကို လွယ်ကူစွာ ဖော်စပ်လိုက်ပြီး ဆေးလုံးမှ အားကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့သည်။

"အဆင့်သုံး ရွှေရောင်ဝိညာဉ်ဆေးလုံး။"

ယန်ထျန်းရှန်က တုန်လှုပ်စွာ ရေရွတ်လိုက်သည်။

အဆင့်နှစ် ဆေးလုံးပညာရှင်တစ်ဦးက အဆင့်သုံး ဆေးလုံးကို ဖော်စပ်နိုင်သည်ဆိုခြင်းက ဘာကိုဆိုလိုပါသနည်း။

ထို့အပြင် ဖုန်းဝူချန် ဖော်စပ်လိုက်သော ဆေးလုံးမှာ ယွမ်တန် ဘုံ အဆင့်မှ လူများကို သူတို့၏ကျင့်ကြံခြင်းကို များစွာမြှင့်တင်ပေးနိုင်သည့် 'ရွှေရောင်ဝိညာဉ်ဆေးလုံး' ဖြစ်လေသည်။ ၎င်း၏အာနိသင်များမှာ အလွန်အားကောင်းပြီး အရေးအကြီးဆုံးမှာ ဆေးလုံး၏အရည်အသွေးမှာ အလွန်မြင့်မားခြင်းပင်တည်း။

သို့သော် ဤသည်မှာ အကြောက်မက်ဖွယ်အကောင်းဆုံးသော အပိုင်းမဟုတ်သေး...။ ၎င်းမှာ ဖုန်းဝူချန်၏ ဆေးလုံးပညာ အမြန်နှုန်းပင်တည်း။

စိတ်တစ်ချက်ဖြင့် ဆေးလုံးဖော်စပ်ခြင်း။

သူတို့သုံးဦးမှာ ဖုန်းဝူချန်ကို မလှုပ်မယှက်ဘဲ ကြောင်ငေးကြည့်နေကြတော့သည်။

စိတ်ဖြင့်လက်နက်ဖန်ဆင်းခြင်းက သူတို့ကို အလွန်အမင်း တုန်လှုပ်စေပြီး များစွာနောက်ကျကျန်ရစ်စေခဲ့ပြီဖြစ်သည်။

ယခုတော့ ဖုန်းဝူချန်က သူ၏ဆေးလုံးပညာ တန်ခိုးစွမ်းအားများကို တစ်ဖန်ပြန်လည် စိတ်တစ်ချက်ဖြင့် ဆေးလုံးဖော်စပ်ခြင်းဖြင့် ပြသလိုက်ပြန်ပြီ ဖြစ်သည်။

ဒုတိယ အဆင့် ဆေးလုံးပညာရှင်တစ်ဦးအနေဖြင့် သူက တတိယ အဆင့် ဆေးလုံးများကို လွယ်ကူစွာ ဖော်စပ်နိုင်ခဲ့သည်။

ဖုန်းဝူချန်၏ ဆေးလုံးပညာနည်းလမ်းမှာ အခြားဆေးလုံးပညာရှင်များနှင့် လုံးဝကွဲပြားခြားနားသည်။ အခြားဆေးလုံးပညာရှင်များမှာ မီးဖိုမပါဘဲ ဆေးလုံးများ မဖော်စပ်နိုင်သလို သူတို့မှာ ပါဝင်ပစ္စည်းများကို မီးဖိုထဲသို့ အစဉ်လိုက်၊ တစ်ဆင့်ပြီးတစ်ဆင့် ထည့်သွင်းရပေသည်။

ဖုန်းဝူချန်မှာမူ ပါဝင်ပစ္စည်းအားလုံးကို တစ်ပြိုင်နက်တည်း မီးလောင်ကျွမ်းစေပြီး သူ၏မှော်ဆန်ပြီး အားကောင်းသော ဆေးလုံးဆုံးဖြတ်ချက်ဖြင့် ဆေးလုံးကို အတင်းအကျပ် စုစည်းလိုက်ခြင်း ဖြစ်သည်။

အကြီးအကဲနှစ်ဦးနှင့် ယဲ့ချန်းချုံးမှာ လုံးဝယုံကြည်သွားကြပြီး ဒူးထောက်ကာ ကိုးကွယ်လိုစိတ် ဖြစ်ပေါ်လာကြသည်။

ထို့နောက်တွင် အကြီးအကဲနှစ်ဦးမှာ ဆေးလုံးပညာနှင့် လက်နက် သန့်စင်ခြင်းအကြောင်း၊ သူတို့ မဖြေရှင်းနိုင်သော ကြုံတွေ့ရသည့် ပြဿနာများအကြောင်း အမျိုးမျိုးသော မေးခွန်းများကို ဆက်တိုက်မေးမြန်းကြရာ ဖုန်းဝူချန်က တစ်ခုချင်းစီကို စိတ်ရှည်စွာ ဖြေကြားပေးခဲ့သည်။

ညနက်သည့်အချိန်ရောက်မှသာ ဖုန်းဝူချန်မှာ သူ၏ကျင့်ကြံမှုသို့ ပြန်သွားခဲ့သည်။

ဖုန်းဝူချန် ထွက်ခွာသွားပြီးနောက် ယန်ထျန်းရှန်အပါအဝင် သုံးဦးသားမှာ သူတို့ အိပ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရသည်။ အဖြစ်အပျက်များကို ပြန်လည်စဉ်းစားကြည့်ရာ အရာအားလုံးမှာ အမှန်တကယ် မဟုတ်သကဲ့သို့ ထင်ရသော်လည်း သူတို့မှာ ယုံကြည်သွားကြသည်။

"စစ်ထူကျန့်ထျန်း၊ ငါတို့ အင်ပါယာမှာ နတ်ဘုရား တစ်ပါး ပေါ်ထွန်းလာတာကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရပြီ။"

ယန်ထျန်းရှန်က စိတ်လှုပ်ရှားစွာ ဆိုလိုက်သည်။

စစ်ထူကျန့်ထျန်းက မငြင်းဘဲ ခေါင်းညိတ်ပြလိုက်ပြီး သူ၏နက်ရှိုင်းသော အိုမင်းသည့် မျက်လုံးများမှာ စိတ်လှုပ်ရှားမှုနှင့် လေးစားမှုတို့ဖြင့် ပြည့်နှက်နေသည်။

“ဟုတ်တယ်...။ ငါတို့ဆရာက နတ်ဘုရားတစ်ပါးပဲ။ ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့... စိတ်ဖြင့်လက်နက်ဖန်ဆင်းခြင်းနဲ့ စိတ်တစ်ချက်ဖြင့် ဆေးလုံးဖော်စပ်ခြင်း နယ်ပယ်ကို ရောက်နေပြီ။ တိုက်ကြီး တစ်ခုလုံးမှာ... ဒီလိုပုဂ္ဂိုလ်မျိုးက အလွန်ရှားပါးတယ်။"

" နန်းတွင်းအတိုင်ပင်ခံ၊ မင်းသား...။ ဒီနေ့ စစ်သည်တွေက ဆရာဖုန်းကို သူ့ရဲ့ဆရာအကြောင်း မေးခွန်းတစ်ခုမေးခဲ့တယ်... ဒါပေမဲ့ ဆရာဖုန်းက လျှို့ဝှက်ချက်လို့ ပြောလိုက်တယ်။ ကျွန်တော်ထင်တာတော့... ဆရာဖုန်းရဲ့ဆရာက တိုက်ကြီးပေါ်က ထိပ်တန်းစွမ်းအားရှင်တွေထဲက တစ်ယောက်ဖြစ်ရမယ်။"

ယဲ့ချန်းချုံးက မှန်းဆလိုက်သည်။

"လုံးဝမှန်တယ်။"

ယန်ထျန်းရှန်က ယုံကြည်မှုအပြည့်ဖြင့် အခိုင်အမာဆိုလိုက်သည်။ "ဒီလို နတ်ဘုရားတစ်ပါးကို ပျိုးထောင်ပေးနိုင်ခဲ့တာဆိုတော့... ဆရာဖုန်းရဲ့ဆရာက တိုက်ကြီးပေါ်က ပြိုင်ဘက်ကင်းတဲ့ စွမ်းအားအကြီးဆုံး တည်ရှိမှုတစ်ခု ဖြစ်ရမယ်။"

ဤအတွေးဖြင့် ယန်ထျန်းရှန်က ယဲ့ချန်းချုံးဘက်သို့ လှည့်လိုက်ပြီး သူ၏လေသံမှာ လေးနက်သွားသည်။ "ဗိုလ်ချုပ်ကြီး၊ အမိန့်ကို ချက်ချင်းထုတ်ပြန်လိုက်ပါ။ တော်ဝင်အရာရှိအားလုံး ဆရာဖုန်းကို လေးစားရမယ်။ ဆရာဖုန်းကို ရန်စရဲတဲ့ ဘယ်သူမဆို အကျိုးဆက်ကို သူတို့ဘာသာသူတို့ ခံရလိမ့်မယ်။"

"ဟုတ်ကဲ့။"

ယဲ့ချန်းချုံးက ရိုသေစွာ တုံ့ပြန်လိုက်သည်။ ယန်ထန်းရှန် မပြောခဲ့လျှင်ပင် ယဲ့ချန်းချုံးက ထိုသို့ပြုလုပ်မည်သာ ဖြစ်သည်။

…

စစ်စခန်းနှင့် မနီးမဝေးရှိ တောင်ထိပ်တစ်ခုတွင် ဖုန်းဝူချန်က မီးပုံများဖြင့် လင်းထိန်နေသော စခန်းကို ကြည့်ရင်း သူ၏နှုတ်ခမ်းများတွင် ခပ်ဖျော့ဖျော့အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

'ဟင်း...။ အင်ပါယာရဲ့ ဧရာမပုဂ္ဂိုလ်ကြီးသုံးယောက်ကို အထင်ကြီးသွားအောင် လုပ်လိုက်နိုင်ပြီဆိုတော့... ဒီအချိန်ကစပြီး အင်ပါယာမှာ ငါ့အတွက် လွတ်လွတ်လပ်လပ် လှုပ်ရှားသွားလာနိုင်ပြီ။ ငါ့ရဲ့အစွမ်းက သူတို့ကို ဆန္ဒအလျောက် လက်အောက်ခံဖြစ်စေခဲ့ပြီလို့ ငါယုံကြည်တယ်။'

ဖုန်းဝူချန်က ဤအရာအားလုံးမှာ သူ၏အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်နေသကဲ့သို့ တကိုယ်တည်း ရယ်မောရင်း တွေးတောနေမိသည်။

ဖုန်းဝူချန်မှာ ယဲ့ချန်းချုံး၏ တောင်းဆိုမှုကို အလျင်အမြန်ပင် သဘောတူခဲ့သည်မှာ သဘာဝအတိုင်းပင် သူ၏ကိုယ်ပိုင်အကြောင်းပြချက်များကြောင့် ဖြစ်သည်။

ဖုန်းဝူချန်မှာ အင်ပါယာ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အကူအညီပေးရန် တာဝန်အချို့ အမှန်တကယ်ပင် ရှိသော်လည်း…. သူမှာ အကျိုးအမြတ်အချို့ ရရှိရန် မျှော်လင့်နေဆဲပင် မဟုတ်ပါလား။

"အခုတော့ အင်ပါယာက ငါ့ခြေဖဝါးအောက် ရောက်နေပြီဆိုတော့... ယွင်ကျိုးကိုသာ သိမ်းပိုက်လိုက်ရင်... ထျန်းယွင်ဂိုဏ်းက ဘာများ အရေးစိုက်စရာရှိတော့မှာလဲ။"

ဖုန်းဝူချန်က မထီမဲ့မြင်ပြုရင်း ဆိုလိုက်သည်။

မော့မိသားစုမှာ ဟွမ်ဖူ မိသားစု၏ နောက်ခံအင်အားရှိပြီး ဟွမ်ဖူ မိသားစု၏ နောက်ကွယ်တွင်မူ အင်ပါယာအတွင်းမှ ဧရာမအင်အားစုကြီးဖြစ်သော ထျန်းယွင်ဂိုဏ်းက ရပ်တည်နေပြီး အင်အားစုများစွာကို ထိန်းချုပ်ထားသည်။ သူတို့ ပေါင်းစည်းလိုက်လျှင် လန့်စရာ ကောင်းလှသည်။

အကယ်၍သာ သူတို့ အမှန်တကယ် တိုက်ခိုက်ကြမည်ဆိုလျှင် ထျန်းယွင်ဂိုဏ်းကို အမှန်တကယ်ပင် အချက်ပေးလိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ အင်ပါယာနှင့် ယွင်ကျိုးမပါဘဲ ဖုန်းဝူချန်မှာ ထျန်းယွင်ဂိုဏ်းနှင့် ယှဉ်ပြိုင်ရန် ခက်ခဲပေလိမ့်မည်။

"ငါက ထျန်းယွင်ဂိုဏ်းနဲ့ ဘာရန်ငြိုးမှမရှိဘူး။ ဒါကြောင့် သူတို့ ဝင်မစွက်ဖက်ဖို့ ငါမျှော်လင့်တယ်။ မဟုတ်ရင်တော့... ထျန်းယွင်ဂိုဏ်း အင်ပါယာကနေ ပျောက်ကွယ်သွားတာကို မြင်ရရင်လည်း ငါ စိတ်မဆိုးပါဘူး။"

ဖုန်းဝူချန်က အေးစက်စွာဆိုလိုက်ပြီး သူ၏မျက်လုံးများမှာ ရက်စက်မှုဖြင့် လင်းလက်သွားသည်။

အသက်ကို ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီး သူက အရင်က ဖော်စပ်ခဲ့သော 'ရွှေရောင်ဝိညာဉ်ဆေးလုံး' ကို ထုတ်ယူကာ တစ်လုံးလုံး မျိုချလိုက်ပြီးနောက် 'အဓိပတိနဂါးနတ်ဘုရားဆုံးဖြတ်ချက်' ကို ထုတ်လွှတ်ကာ သူ၏ကျင့်ကြံခြင်းကို စတင်လိုက်တော့သည်။

ဖုန်းဝူချန် ကျင့်ကြံခြင်းစတင်သည်နှင့် အုံးအုံးကျွက်ကျွက်ဖြစ်သွားသည်။ သူ၏ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံခြင်းအရှိန်မှာ ပြင်းထန်ပြီး ကြမ်းတမ်းသော အရှိန်အဝါတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

နေရာအနှံ့မှ ဝိညာဉ်စွမ်းအင်များမှာ သူ့ထံသို့ ရူးသွပ်မတတ် စီးဝင်လာကြသည်။ ညနက်သည့်အချိန်၌ပင် မီးပုံများ၏အလင်းရောင်ဖြင့် ကျယ်ပြန့်ပြီး မြူနှင်းကဲ့သို့သော ဝိညာဉ်စွမ်းအင်များ ဖုန်းဝူချန်ထံသို့ စုဝေးလာသည်ကို မြင်နိုင်လေသည်။

၎င်းတို့အားလုံးမှာ သူ၏ စုပ်ယူခြင်းကို ခံနေရသကဲ့သို့ ရှိသည်။

ဤခမ်းနားပြီး အံ့ဩဖွယ်ကောင်းသော မြင်ကွင်းမှာ ယန်ထျန်းရှန်နှင့် ဗိုလ်ချုပ်များ၊ စစ်သည်များအားလုံး၏ အာရုံစိုက်မှုကို ဆွဲဆောင်လိုက်တော့သည်။

ထိုအခိုက်တွင် လူတိုင်းမှာ ကြောင်ငေးသွားကြတော့သည်။

All Chapters