← Chapters

ညှဉ်းပန်းနှိပ်စက်ခြင်း

Vol. 4 Ch. 60

ညှဉ်းပန်းနှိပ်စက်ခြင်း

Vol. 4 Ch. 60

~အင်ပါယာသို့ သွားရာလမ်းတစ်လျှောက်တွင် ဖုန်းဝူချန်သည် ခရီးသွားရင်း ကျင့်ကြံခြင်းကို လေ့ကျင့်ခဲ့သည်။ အသွင်ပြောင်း ဘုံ ဒုတိယအလွှာသို့ မတက်လှမ်းနိုင်ခဲ့သော်လည်း အလွန်နီးစပ်နေခဲ့ပြီ ဖြစ်၏။

ယခုမူကား 'ရွှေရောင်ဝိညာဉ်ဆေးလုံး' ၏ အားကောင်းသော အာနိသင်များနှင့် နှစ်ရက်တိုင်တိုင် ဆက်တိုက်ကျင့်ကြံမှုတို့၏ အကူအညီဖြင့် ဖုန်းဝူချန်မှာ အသွင်ပြောင်း ဘုံ ဒုတိယအလွှာသို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့လေပြီ။

သူ၏ အံ့ဩဖွယ်ကောင်းသော ကျင့်ကြံခြင်းအရှိန်မှာ စစ်စခန်းမှ လူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။

မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရမှသာ သူတို့မှာ ဖုန်းဝူချန်၏ ကြောက်မက်ဖွယ်ရာအစွမ်းကို သဘောပေါက်သွားကြတော့သည်။

သဘာဝအတိုင်း မွေးဖွားလာသော နတ်ဆိုးတစ်ကောင်ကဲ့သို့သော ကျင့်ကြံခြင်းအရှိန်ဖြင့်... သူပြောလိုက်သည်နှင့် တစ်ပြိုင်နက် မည်သည့်အတားအဆီးမှ မရှိဘဲ တိုးတက်သွားခဲ့သည်။ ဖုန်းဝူချန်မှာ အမှန်တကယ်ပင် ဒုတိယတန်းစား သိုင်းဝိညာဉ်သာ ရှိသည်တဲ့လား။

စစ်စခန်းတစ်ခုလုံးမှ မည်သူတစ်ဦးတစ်ယောက်မှ ထိုအချက်ကို မယုံကြည်ကြပေ။ သူတို့မှာ ဖုန်းဝူချန်က နဝမတန်းစား သို့မဟုတ် နတ်ဘုရားအဆင့် သိုင်းဝိညာဉ်ပါရမီကို ပိုင်ဆိုင်ထားသည်ဟု ယုံကြည်ရန် ပို၍ပင် ဆန္ဒရှိကြသည်။

...

"ဆရာဖုန်းရဲ့ ပါရမီက အရမ်းကြောက်စရာကောင်းတာပဲ။ သူ့နဲ့ယှဉ်လိုက်ရင် ငါတို့အင်ပါယာရဲ့ နံပါတ်တစ် ပါရမီရှင်က အများကြီး နောက်ကျကျန်နေခဲ့တာပဲ။"

"ငါတို့အတွက် သုံးလမှာ တစ်လွှာတက်ဖို့တောင် ခက်ခဲနေတာ... ဆရာဖုန်းက နှစ်ရက်ပဲ ကျင့်ကြံလိုက်တာနဲ့ တိုးတက်သွားပြီ။ သူက လူရောဟုတ်ရဲ့လား။"

"ဆရာဖုန်း ကျင့်ကြံတဲ့အခါ... သူက တိုက်ကြီးတစ်ခုလုံးရဲ့ ဝိညာဉ်စွမ်းအင်တွေကို ဝါးမျိုနေသလိုပဲ ခံစားရတယ်။"

စစ်သည်များအားလုံးမှာ ကြောက်ရွံ့မှုနှင့် တုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်နေကြသည်။

ဖုန်းဝူချန်၏ ကျင့်ကြံခြင်းကြောင့် သူတို့မှာ နောက်ဆုံးနှစ်ရက်လုံး ကြောက်ရွံ့မှုဖြင့် နေထိုင်ခဲ့ရပြီး လေ့ကျင့်ရေးကို အာရုံမစိုက်နိုင်ဘဲ တောင်ထိပ်မှ ဖုန်းဝူချန်ထံသို့ မရည်ရွယ်ဘဲ ကြည့်မိနေကြသည်။

"မင်းတို့အားလုံး မြင်ကြလား။ ဆရာဖုန်းကို မင်းတို့ကို လေ့ကျင့်ပေးဖို့ ဖိတ်ခေါ်ခွင့်ရတာက မင်းတို့အတွက် အမြင့်မြတ်ဆုံးသော ဂုဏ်ပြုမှုပဲ။ တခြားသူတွေဆိုရင် ဒီအခွင့်အရေးတောင် မရဘူး။ တစ်လပဲ အချိန်ရမှာ... ပြီးတော့... ငါမင်းတို့ကို သတင်းတစ်ခု ပြောပြမယ်။ တစ်လနေရင် ဆရာဖုန်းက မင်းတို့ထဲက လူဆယ်ယောက်ကို သူ့လက်အောက်ငယ်သားအဖြစ် ရွေးချယ်ပြီး သူနဲ့အတူ ထွက်ခွာသွားလိမ့်မယ်။ ဒါက မရေမတွက်နိုင်တဲ့ လူတွေအတွက် အိပ်မက်တစ်ခု အမှန်တကယ်ဖြစ်လာတာပဲ။"

ယဲ့ချန်းချုံးက စစ်သည်များအားလုံးကို လေးနက်စွာ ဆိုလိုက်သည်။

ဖုန်းဝူချန်၏ ကြောက်မက်ဖွယ်ကောင်းသော တန်ခိုးစွမ်းအားများကို သိရှိပြီးနောက် ယဲ့ချန်းချုံးကိုယ်တိုင်ပင်လျှင် ဖုန်းဝူချန်နောက်သို့ လိုက်လိုစိတ်ရှိခဲ့သည်။ သို့သော် အင်ပါယာ၏ ဗိုလ်ချုပ်ကြီးဖြစ်နေသည့်အလျောက် ယဲ့ချန်းချုံးမှာ ထိုအကြောင်းကို အိပ်မက်သာ မက်နိုင်တော့သည်။

ယဲ့ချန်းချုံး၏ စကားကို ကြားပြီးနောက် စစ်သည်များမှာ စိတ်ဝင်စားမှုအနည်းငယ်သာ ရှိဟန်တူပြီး စိတ်အားထက်သန်မှု များများစားစား မပြသကြပေ။

အမှန်ပင်... ဖုန်းဝူချန်၏ ကျင့်ကြံခြင်းအရှိန်မှာ ကြောက်မက်ဖွယ်ကောင်းပြီး သူမှာ ပဉ္စမတန်းစား လက်နက်ပညာရှင်နှင့် ဆေးလုံးပညာရှင်တစ်ဦးလည်း ဖြစ်သည်။ နှစ်အနည်းငယ်အတွင်းမှာပင် သူက အင်ပါယာကို လှုပ်ခတ်စေမည်မှာ သေချာပြီး ဤသို့သော ကြောက်မက်ဖွယ်ကောင်းသော ပါရမီရှင်တစ်ဦးနောက်သို့ လိုက်လျှင် အနာဂတ်အောင်မြင်မှုများမှာ အကန့်အသတ်မရှိပေ။

မည်သူမဆို သူ့နောက်သို့ လိုက်လိုကြမည်သာ ဖြစ်သည်။

သို့သော် အင်ပါယာ၏ စစ်သည်များအတွက်မူ အလံနက်တပ်မတော်နှင့် ကောင်းကင်အရိပ်မြင်းသည်တော်တပ်ဖွဲ့၏ ဂုဏ်သိက္ခာမှာ သူတို့အတွက် ပို၍အရေးကြီးပုံရသည်။

'ဟင်း...။ ဒီကောင်တွေကတော့... အခွင့်အရေးကောင်းကို လက်လွှတ်တော့မှာပဲ။ ဖုန်းဝူချန်နောက်လိုက်ရတာက အလံနက်တပ်မတော်သားဖြစ်ရတာထက် အများကြီး ပိုဂုဏ်ရှိတာကို သူတို့မသိကြဘူး။'

ဖုန်းဝူချန်နောက်သို့ လိုက်လိုသူအချို့လည်း ရှိကြပါသည်။

၎င်းမှာ ဖုန်းဝူချန်က သူတို့ကို ရွေးချယ်မည်လား မရွေးချယ်ဘူးလားဆိုသည့်အပေါ်တွင်သာ မူတည်နေတော့သည်။

"ကိုယ့်ဘာသာကိုယ် စဉ်းစားကြပေါ့ကွာ။ ဒီအခွင့်အရေးကို လွဲချော်သွားရင် ဒုတိယ အခွင့်အရေးဆိုတာ ရှိတော့မှာမဟုတ်ဘူး။"

ယဲ့ချန်းချုံးက စစ်သည်များ၏ တုံ့ပြန်မှုကို ကူကယ်ရာမဲ့ ခေါင်းခါရင်း သတိပေးလိုက်သည်။

စစ်သည်များမှာ ဖုန်းဝူချန်၏ စိတ်တစ်ချက်ဖြင့် ဆေးလုံးဖော်စပ်ခြင်း နှင့် နတ်ဘုရားလက်နက်များ ဖန်တီးနိုင်စွမ်းကို မသိရှိကြပေ။ ယဲ့ချန်းချုံးမှာ ထိုအကြောင်းကို ထုတ်ဖော်မပြောနိုင်။

သို့မဟုတ်လျှင် စစ်သည်များမှာ ဖုန်းဝူချန်နောက်သို့ လိုက်ရန် အော်ဟစ်

တောင်းဆိုကြပေလိမ့်မည်။

ထိုအခိုက်တွင် လိန်မူချန်မှာ ဖုန်းဝူချန်နှင့် သူ၏ ယခင်စကားဝိုင်းကို ပြန်လည်အမှတ်ရရင်း ရောထွေးသော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။

သူမှာ ဖုန်းဝူချန်၏ ရည်ရွယ်ချက်ကို နားမလည်နိုင်ခဲ့ပေ။

'ဖုန်းဝူချန်က ထင်သလောက် စကားပြောရလွယ်တဲ့သူမဟုတ်ဘူး။ ဒါပေမဲ့ ငါက အလံနက်တပ်မတော်သား

တစ်ယောက်လေ။ သူ ငါ့ကို သတ်လို့ မဖြစ်နိုင်ဘူး။ ငါ့ကို ရွေးချယ်ဖို့ သူ့ရဲ့ရည်ရွယ်ချက်က ဘာများလဲ။'

လိန်မူချန်မှာ စဉ်းစားလေလေ ပို၍ပင် ရှုပ်ထွေးလေလေဖြစ်လာပြီး ဖုန်းဝူချန်က သူ့ကို စိတ်ညစ်ညူးသော

အခြေအနေသို့ တွန်းပို့လိုသည်ဟု ခံစားနေရသည်။

ရက်များမှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားပြီး ဖုန်းဝူချန်မှာ နှစ်ရက်အတွင်း တိုးတက်သွားကာ သူ၏ကျင့်ကြံခြင်းကို ခိုင်မာအောင်ပြုလုပ်ရန် တစ်ရက်သုံးစွဲခဲ့သည်။

ယနေ့မှာ တပ်ဖွဲ့နှစ်ခု၏ ကမ္ဘာပျက်မည့်နေ့၏ အစပင်တည်း။

ထိုအခိုက်တွင် တပ်ဖွဲ့နှစ်ခုလုံးမှ စစ်သည်များမှာ သပ်ရပ်စွာ တန်းစီရပ်နေကြပြီး ဖုန်းဝူချန်၏ နတ်ဆိုးဆန်သော လေ့ကျင့်ရေးကို စောင့်မျှော်နေကြသည်။

ဖုန်းဝူချန်က သူတို့အတွက် မည်သို့သော လေ့ကျင့်ရေးကို ပြင်ဆင်ထားသည်ကို မည်သည့်စစ်သည်မှ မသိရှိကြပေ။ သူတို့မှာ စိုးရိမ်ပူပန်မှုရော မျှော်လင့်ချက်ပါ ရှိနေကြသည်။

ထိုမခိုက်အတန့်၌ တောင်ထိပ်တွင် ဖုန်းဝူချန်က ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်ပြီး လက်တစ်ဖက်ကို ဝှေ့ယမ်းကာ မီးလျှံဓားသွားကို ဆင့်ခေါ်လိုက်သည်။

နဂါးနတ်ဘုရား၏ စွမ်းအားကို ၎င်းထဲသို့ လောင်းထည့်လိုက်ရာ ချက်ချင်းပင် ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသော စွမ်းအင်ဓားသွားတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

စစ်သည်များနှင့် ယဲ့ချန်းချုံးကဲ့သို့သော ခေါင်းဆောင်များ၏ အံ့ဩတကြီးအကြည့်များအောက်တွင် ဖုန်းဝူချန်က မီးလျှံဓားသွားပေါ်သို့ ခုန်တက်လိုက်ပြီး ရွှေရောင်အလင်းတန်အသွင် ပြောင်းလဲကာ တောင်ထိပ်မှ ပျံသန်းဆင်းသက်လာခဲ့သည်။

"ဟစ်..."

'သေစမ်း...။ ဒါ... ဒါ ဓားပျံသန်းခြင်းလား။

အသွင်ပြောင်းဘုံ‌နဲ့လေ...။'

စစ်သည်များ၏ မျက်လုံးများမှာ တုန်လှုပ်မှုကြောင့် မျက်လုံးအိမ်ထဲမှ ထွက်ကျလာတော့မတတ်ပင်။ သူတို့မှာ အံ့ဩတကြီး အသက်ရှူကြရင်း သူတို့၏နှလုံးသားများမှာ ဗျိုင်းတုတ်သလို ခုန်ပေါက်နေကြပြီး ပါးစပ်များမှာ ဘဲဥတစ်လုံးဝင်ဆံ့လောက်အောင် ကျယ်ဝန်းစွာ ဟောင်းလောင်းဖြစ်နေကြသည်။

"အရည်အသွေးမြင့် ရတနာ...။ ဓားပျံသန်းခြင်း။"

ယဲ့ချန်းချုံးက အရေးတကြီး ရေရွတ်လိုက်သည်။

"ဆရာဖုန်းက တကယ်ပဲ သူ့ဓားနဲ့ ပျံနိုင်တာပဲ။"

စစ်သည်များမှာ အံ့ဩတကြီးဖြစ်ကာ အုံးအုံးကျွက်ကျွက်ဖြစ်သွားကြသည်။

"အသွင်ပြောင်းဘုံ ကျင့်ကြံခြင်းနဲ့တင် ဓားပျံသန်းနိုင်တယ် ဟုတ်လား။"

ယန်ထျန်းရှန်နှင့် စစ်ထူကျန့်ထျန်းအပြင် လင်းကျန့်ထျန်းတို့မှာလည်း ကြောင်ငေးသွားကြသည်။

ဓားပျံသန်းခြင်းမှာ စစ်မှန်သောယွမ်စွမ်းအင်ကို ထိန်းချုပ်ရာတွင် အထွတ်အထိပ်ကျွမ်းကျင်မှု လိုအပ်ပြီး ယွမ်တန်အဆင့်ပင်လျှင် မစွမ်းဆောင်နိုင်သော အရာတစ်ခု ဖြစ်သည်။

ယေဘုယျအားဖြင့် ထျန်းယွမ်အဆင့် စွမ်းအားရှင်များသာလျှင် ၎င်းကို စွမ်းဆောင်နိုင်ကြသည်။ အဘယ်ကြောင့်ဆိုသော် ထျန်းယွမ်အဆင့်သို့ ရောက်ရှိသူများမှာ စစ်မှန်သောယွမ်စွမ်းအင်ကို အပြင်သို့ ထုတ်လွှတ်ထိန်းချုပ်ကာ တန်ခိုးစွမ်းအားများဖြင့် လေထဲတွင် ပျံသန်းနိုင်သောကြောင့်တည်း။

ထျန်းယွမ်အဆင့် ကျင့်ကြံခြင်းမရှိဘဲ လေထဲတွင် ပျံဝဲရန် မဖြစ်နိုင်ပေ။

လူတိုင်း ဤမျှလောက် တုန်လှုပ်သွားရခြင်းမှာ ဖုန်းဝူချန်က သူ၏အသွင်ပြောင်းဘုံ ကျင့်ကြံခြင်းဖြင့် ဓားပျံသန်းခြင်းကို စွမ်းဆောင်နိုင်ပြီး အခြားသူများ မဖြစ်နိုင်ဟု သတ်မှတ်ထားသောအရာကို အောင်မြင်ခဲ့သောကြောင့်တည်း။

မြေပြင်ပေါ်သို့ ဆင်းသက်ပြီးနောက် ဖုန်းဝူချန်က လှပစွာ တစ်ပတ်လှည့်ကာ မီးလျှံဓားသွားကို သူ၏ခန္ဓာကိုယ်ထဲသို့ ပေါ့ပေါ့ပါးပါးပင် ပြန်လည်ရုပ်သိမ်းလိုက်သည်။

တုန်လှုပ်နေသော စစ်သည်များကို ကြည့်ရင်း ဖုန်းဝူချန်က အေးစက်စွာ ဆိုလိုက်သည်။

"မင်းတို့က အင်ပါယာစစ်တပ်ရဲ့ အင်အားကြီးတွေပဲ။ ခွန်အားက တခြားစစ်သည်တွေထက် အများကြီးသာတယ်။ မင်းတို့မှာ သံမဏိသွေးသားနဲ့ စစ်သွေးကြွစိတ်ဓာတ်ရှိတယ်။ အဲ့ဒါက မင်းတို့အကြောင်းမှာ ငါအထင်ကြီးတဲ့ တစ်ခုတည်းသောအရာပဲ။"

'အမယ်...။ စစချင်းမှာပဲ ငါတို့ကို နှိမ့်ချပြောနေပါလား။ ဒီကောင်လေးကတော့...။'

ဖုန်းဝူချန်က စစချင်းမှာပင် သူတို့ကို ရေအေးလောင်းကာ မျက်နှာမထောက် စကားဆိုလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့။

အင်အားအကြီးဆုံး အလံနက်တပ်မတော်နှင့် ကောင်းကင်အရိပ်မြင်းသည်တော်တပ်ဖွဲ့မှ ဖြစ်ခြင်းက သူတို့၏ သံမဏိသွေးသားစစ်စိတ်ဓာတ်မှလွဲ၍ ကျန်အရာအားလုံးမှာ သူ၏မျက်လုံးထဲတွင် အမှိုက်များ ဖြစ်သည်ဟု ဆိုလိုနေပါသလော။

စစ်သည်များမှာ ချက်ချင်းပင် စော်ကားခံလိုက်ရသလို ခံစားလိုက်ရပြီး သူတို့၏နှလုံးသားများထဲတွင် ဒေါသများ ဆူပွက်လာခဲ့သည်။

အကယ်၍သာ အတိတ်ကဖြစ်ခဲ့လျှင် ယဲ့ချန်းချုံးမှာလည်း မကျေမနပ်ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ သို့သော် ယခုမူကား သူ မကျေမနပ်ဖြစ်နေလျှင်ပင် စကားတစ်ခွန်းမျှ ထုတ်ဖော်မပြောဝံ့ခဲ့ပေ။

စစ်သည်များ၏ မျက်လုံးထဲမှ ဒေါသကို မြင်သော် ဖုန်းဝူချန်က ရုတ်တရက် မေးလိုက်သည်။

"ငါ ဘာလို့ ငါ့ထက်သန်မာတဲ့ ပြိုင်ဘက်တွေကို အနိုင်တိုက်နိုင်လဲဆိုတာ မင်းတို့သိလား။ မင်းတို့လည်း ပိုသန်မာတဲ့ ပြိုင်ဘက်တွေကို အနိုင်တိုက်ချင်တယ်ဆိုရင်... မင်းတို့ ငါ့ကို ယုံကြည်ရလိမ့်မယ်။"

ဤစကားကို ကြားသော် စစ်သည်များ၏ ဒေါသမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်တို့ဖြင့် အစားထိုးသွားခဲ့သည်။

သူတို့အားလုံး ဖုန်းဝူချန်က အသွင်ပြောင်း ဘုံ တတိယအလွှာမှ ချီဟွမ်ကို လွယ်ကူစွာ အနိုင်တိုက်ခဲ့သည်ကို မြင်ဖူးကြသည်။ သူတို့လည်း ဤသို့သော ကြောက်မက်ဖွယ်ကောင်းသော ခွန်အားကို ပိုင်ဆိုင်လိုကြသည်။

"အားလုံး ဆရာဖုန်းရဲ့ အမိန့်အတိုင်း လိုက်နာကြပါ့မယ်။"

စစ်သည်များက တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြရာ သူတို့၏အသံများမှာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်ပြီး ရန်လိုသော၊ သံမဏိသွေးသားအငွေ့အသက်တစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။

ဤစကားကို ကြားသော် ဖုန်းဝူချန်၏ မျက်နှာထက်တွင် သူတစ်ပါး၏ ကံဆိုးမိုးမှောင်ကျမှုကို ပျော်ရွှင်နေသော အပြုံးတစ်ခု မထိန်းနိုင်ဘဲ ပေါ်ထွက်လာခဲ့သည်။

"ဆရာဖုန်း၊ ခင်ဗျား သူတို့ကို ဘယ်လိုလေ့ကျင့်ပေးဖို့ စီစဉ်ထားလဲ။"

ယဲ့ချန်းချုံးက သိချင်စိတ်ဖြင့် မေးမြန်းခြင်းကို မထိန်းနိုင်တော့။

ဖုန်းဝူချန်က မဖြေဘဲ စစ်သည်တစ်ဦးထံသို့ လျှောက်သွားကာ အမိန့်‌ပေးလိုက်သည်။

"ရှေ့ထွက်ခဲ့။"

ထိုစစ်သည်မှာ အနည်းငယ် စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့ ထွက်လာပြီး ဖုန်းဝူချန်ကို ကြည့်လိုက်၏။

"ဘုန်း။"

'ဟာ...။ ဘာဖြစ်...။'

နောက်ထပ်စကား တစ်ခွန်းမှ မဆိုဘဲ ဖုန်းဝူချန်က ရုတ်တရက် သူ၏ စစ်မှန်သော ယွမ်စွမ်းအင်ကို ထုတ်လွှတ်ကာ လက်သီးတစ်ချက် ပစ်သွင်းလိုက်ရာ အောင့်သက်သက်

အသံတစ်ခု ထွက်ပေါ်လာပြီး ကြမ်းတမ်းသော ခွန်အားက ထိုစစ်သည်ကို မီတာပေါင်းများစွာ လွင့်ထွက်သွားစေခဲ့သည်။

ထိုစစ်သည်မှာ ကြောင်ငေးသွားသလို လူတိုင်းမှာလည်း ထိုနည်းတူပင်။

ဘာဖြစ်နေတာလဲ။ ဖုန်းဝူချန်က ထိုစစ်သည်နှင့် ရန်ငြိုးများ ရှိနေပါသလော။

"နဂါးနတ်ဘုရားအရိပ်။"

ဖုန်းဝူချန်က စိတ်ထဲမှ ဟိန်းဟောက်လိုက်ပြီး သူ၏ခန္ဓာကိုယ်မှာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် ရှေ့သို့ လင်းလက်သွားခဲ့သည်။

ဖုန်းဝူချန်၏ တိုက်ခိုက်မှုကို ခံစားမိသော် ထိုစစ်သည်မှာ ပြန်လည်တိုက်ခိုက်ရမည်လား မသိဘဲ အလျင်အမြန်ပင် မေးလိုက်သည်။

"ဆရာဖုန်း၊ ခင်ဗျား ဘာလုပ်နေတာလဲ။"

"မင်းကို ရိုက်နေတာလေ။"

ဖုန်းဝူချန်က အေးစက်စက် ဟိန်းဟောက်လိုက်ပြီး လက်သီးနှင့် ခြေထောက်များဖြင့် တရစပ် ပစ်သွင်းလိုက်သည်။

ထိုစစ်သည်မှာ အသွင်ပြောင်း ဘုံ ပဉ္စမတန်းစားတွင် ရှိပြီး ဖုန်းဝူချန်ထက် သန်မာသော်လည်း သူ ပြန်လည်မတုံ့ပြန်ဝံ့ခဲ့ပေ။

လက်သီးတစ်ဒါဇင်မျှ ထိုးပြီးနောက် သူမှာ ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။

ဖုန်းဝူချန်၏ ရူးသွပ်သော လုပ်ရပ်များက လူတိုင်းကို လုံးဝနားမလည်နိုင်ဖြစ်စေခဲ့သည်။

အကြောင်းရင်းမရှိဘဲ တိုက်ခိုက်ပြီး လူတစ်ယောက်ကို ပြင်းထန်စွာ ဒဏ်ရာရအောင် ရိုက်နှက်သည်တဲ့လား။ စစ်သည်များ၏ ဒေါသမှာ တစ်ဖန်ပြန်လည် ဆူပွက်လာခဲ့သည်။ သူတို့မှာ လက်သီးများကို တင်းတင်းဆုပ်ထားကြပြီး သူတို့၏မျက်လုံးများမှာ သွေးရောင်လွှမ်းကာ ပြန်လည်တိုက်ခိုက်ရန် အသင့်ဖြစ်နေကြသည်။

သို့သော် ထိုအခိုက်တွင် ဖုန်းဝူချန်က ပြင်းထန်စွာ ဒဏ်ရာရနေသော စစ်သည်ဘက်သို့ လှည့်ကာ အေးစက်စက် ဟိန်းဟောက်လိုက်သည်။ "အခု ကျင့်ကြံစမ်း။ မဟုတ်ရင် ငါ မင်းခြေထောက်တွေကို ရိုက်ချိုးပစ်မယ်။"

ပြင်းထန်စွာ ဒဏ်ရာရနေသော စစ်သည်မှာ အပြစ်ကင်းစင်သော မျက်နှာဖြင့် မတ်တပ်ထိုင်ရန် ကြိုးစားရင်း ကျင့်ကြံခြင်းကို စတင်လိုက်သည်။

ဖုန်းဝူချန်၏ ပြင်းထန်သော အကြည့်က စစ်သည်များအပေါ်သို့ ဝေ့ကြည့်လိုက်ပြီး သူက အေးစက်စက် အမိန့်ပေးလိုက်သည်။

"အလံနက်တပ်မတော်၊ ငါ့အမိန့်ကို နာခံကြ။ ကောင်းကင်အရိပ်မြင်းသည်တော်တပ်ဖွဲ့အားလုံးကို သူ့လိုပဲ ဒဏ်ရာရအောင်လုပ်ကြ။ ဘယ်သူမဆို ပြန်တိုက်ခိုက်ရဲရင်... ငါ သူ့ခြေထောက်တွေကို ရိုက်ချိုးပစ်မယ်။"

အလံနက်တပ်မတော်စစ်သည်များ၏ မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားကြပြီး ဖုန်းဝူချန်၏ ရည်ရွယ်ချက်ကို နားမလည်နိုင်ဘဲ မယုံကြည်နိုင်သော အကြည့်များဖြင့် အချင်းချင်း ဖလှယ်ကြည့်လိုက်ကြသည်။

"မင်းတို့ အမိန့်ကို ဖီဆန်ဖို့ စဉ်းစားနေကြတာလား။"

ဖုန်းဝူချန်က အေးစက်စွာ ဆိုလိုက်ရာ သူ၏အေးစက်သော အသံမှာ ကြားရသူတိုင်း၏ နှလုံးသားကို တုန်လှုပ်စေခဲ့သည်။

"ဆရာဖုန်း၊ ခင်ဗျား ရူးသွားပြီလား။ ဒါက ဘယ်လိုလုပ် လေ့ကျင့်ရေးဖြစ်မှာလဲ။ ဒါက ညှဉ်းပန်းနှိပ်စက်တာ... ခင်ဗျား ကျွန်တော်တို့ကို သတ်ဖို့ ကြိုးစားနေတာ။"

ကောင်းကင်အရိပ်မြင်းသည်တော်တပ်ဖွဲ့မှ အဖွဲ့ဝင်များမှာ ကြောက်လန့်တကြားဖြစ်သွားကြသည်။

"တိုက်ကြစမ်း။"

ဖုန်းဝူချန်က အေးစက်စက် အမိန့်ပေးလိုက်သည်။

အလံနက်တပ်မတော်စစ်သည်များမှာ ကြမ်းကြုတ်သော ဝံပုလွေများကဲ့သို့ စုပြုံတိုးဝင်သွားကြရာ ကောင်းကင်အရိပ်မြင်းသည်တော်တပ်ဖွဲ့ကို ကြောက်လန့်တကြားဖြစ်စေပြီး သူတို့မှာ ထွက်ပြေးစရာလမ်းမရှိဘဲ ထိတ်လန့်သွားကြသည်။

"ဘုန်း... ဘုန်း... ဘုန်း။"

ကြီးမားသော ရန်ပွဲတစ်ခုကဲ့သို့ အလံနက်တပ်မတော်မှာ ရက်စက်ကြမ်းကြုတ်စွာနှင့် အညှာအတာကင်းမဲ့စွာ တိုက်ခိုက်ကြပြီး သူတို့၏မျက်နှာများမှာ ကျေနပ်မှုနှင့် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေသည်။

"လိန်မူချန်။ ဖြည်းဖြည်းလုပ်...။ အား။"

"မျက်နှာကိုတော့ မလုပ်နဲ့ကွာ။ မရိုက်...။ သောက်ကျိုးနည်း။"

"သေစမ်း...။ ငါ ပြန်ကောင်းလာရင် မင်းခြေထောက်တွေကို ရိုက်ချိုးပစ်မယ်။"

ကောင်းကင်အရိပ်မြင်းသည်တော်တပ်ဖွဲ့၏ အော်ဟစ်သံများမှာ အဆုံးမရှိဘဲ နာကျင်စရာကောင်းလှပြီး သူတို့မှာ ဖုန်းဝူချန်ကို စိတ်ထဲတွင် အကြိမ်ကြိမ် ကျိန်ဆဲနေကြသည်။

ဤသို့သော သနားစရာကောင်းသော ကောင်းကင်အရိပ်မြင်းသည်တော်တပ်ဖွဲ့မှာ သမိုင်းတွင် ပထမဆုံးအကြိမ်ပင် ဖြစ်ပေလိမ့်မည်။

အလံနက်တပ်မတော်မှာ ရက်စက်ကြမ်းကြုတ်သည်ဟု ဆိုရပေမည်။ ဆယ်မိနစ်အတွင်းမှာပင် ကောင်းကင်အရိပ်မြင်းသည်တော်တပ်ဖွဲ့ဝင် တစ်ရာကျော်မှာ ပြင်းထန်စွာ ဒဏ်ရာရသွားကြပြီး မြေပြင်ပေါ်တွင် လူးလှိမ့်ကာ အော်ဟစ်နေကြတော့သည်။

"မင်းတို့အားလုံး... အခု ကျင့်ကြံကြစမ်း။"

ဖုန်းဝူချန်က အေးစက်စက် ဟိန်းဟောက်လိုက်ပြီး သူ၏လက်ထဲတွင် ကြာပွတ်ရှည်တစ်ခု ရုတ်တရက် ပေါ်ထွက်လာကာ ချက်ချင်းမကျင့်ကြံသော မည်သူ့ကိုမဆို ပြင်းထန်စွာ ရိုက်နှက်လိုက်သည်။

"ကျန်တဲ့သူတွေ... တစ်ယောက်ချင်းစီ... ပြိုင်ဘက် ပြင်းထန်စွာ ဒဏ်ရာရတဲ့အထိ တိုက်ကြ။ တိုက်ခိုက်ကြစမ်း။"

ဖုန်းဝူချန်က နောက်ထပ်အမိန့်တစ်ခုကို လိုက်ပါပေးရင်း အေးစက်သော နှလုံးသားရှိသည့် လေ့ကျင့်ရေးမှူးတစ်ဦးကဲ့သို့ ပြုမူနေတော့သည်။

"နောက်နေတာလားကွာ။"

အလံနက်တပ်မတော်စစ်သည်များ၏ မျက်နှာများမှာ စိမ်းဖန့်သွားကြသည်။

ကျန်ရှိသော အလံနက်တပ်မတော်

စစ်သည် သုံးရာကျော်မှာ တစ်ယောက်ချင်းစီ တန်းစီကာ လက်သီးများဖြင့် အပြန်အလှန် တခွပ်ခွပ် ထိုးကြိတ်ကြတော့သည်။

"ဒီလိုကိုး... လိန်မူချန်။ မင်းက တကယ်တိုက်တာပေါ့လေ။"

"သောက်ကျိုးနည်း...။ ဖြည်းဖြည်းလုပ်ဖို့ သဘောတူထားတာ မဟုတ်ဘူးလား။ ငါ မင်းကို တကယ် ရိုက်တော့မယ်။"

"မင်းက တကယ်ရိုက်ရဲတယ်ပေါ့လေ။ ငါ့မျက်လုံးတွေ ဖူးယောင်နေပြီ။"

စစ်သည်များ တိုက်ခိုက်ကြသည်နှင့် သူတို့၏ဒေါသများ ပေါ်ထွက်လာပြီး ရန်ပွဲမှာ ပိုမိုကြမ်းတမ်းလာကာ တစ်ဦးချင်းစီမှာ ပြင်းထန်စွာ ဒဏ်ရာရ၊ ဖူးယောင်၊ လုံးဝ အရှက်ရသွားကြသည်။

ပြင်းထန်သော ဒဏ်ရာများမှာ ဆိုးရွားလှသော်လည်း ကုသဆေးမရှိဘဲ တရားထိုင်ကျင့်ကြံရန် အတင်းအကျပ်ခိုင်းစေခံရရာ နာကျင်မှုမှာ ဤသံမဏိကဲ့သို့သော စစ်သည်များအတွက်ပင် မခံမရပ်နိုင်အောင် ဖြစ်နေသည်။

စစ်သည်များ၏ နှလုံးသားထဲမှ ဒေါသများမှာ တဟုန်ထိုးတက်လာပြီး သူတို့မှာ ဖုန်းဝူချန်ကို မုန်းတီးကာ သူ့ကို အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်လိုကြသည်။

အကယ်၍သာ အကြည့်များက သတ်ဖြတ်နိုင်မည်ဆိုလျှင် ဖုန်းဝူချန်မှာ အကြိမ်ကြိမ် သေဆုံးပြီးလောက်ပေပြီ။

တစ်နာရီအတွင်းမှာပင် အရင်က စွမ်းအင်အပြည့်ရှိသော တပ်ဖွဲ့နှစ်ခုလုံးမှ စစ်သည်များမှာ ပြင်းထန်စွာ ဒဏ်ရာရသွားကြသည်။

ယဲ့ချန်းချုံးနှင့် လင်းကျန့်ထျန်းအပြင် ဗိုလ်ချုပ်အနည်းငယ်မှာ လေးလံသော နှလုံးသားများဖြင့် ကြည့်နေကြသည်။

ဒါက သူတို့၏စစ်သည်များကို ညှဉ်းပန်းနှိပ်စက်ခြင်းပင် ဖြစ်သော်လည်း မည်သူမျှ ဝင်ရောက်မစွက်ဖက်ရဲခဲ့ပေ။

All Chapters