← Chapters

သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း စတုတ္ထအဆင့်

Vol. 1 Ch. 31

သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း စတုတ္ထအဆင့်

Vol. 1 Ch. 31

"ဘန်း"

ကျန်းရီ၏ ကိုယ်သည် ကြမ်းပြင်နှင့် ပြင်းပြင်းထန်ထန် ရိုက်မိသွားခဲ့သည်။ သူ့နောက်စေ့သည်လည်း ကြမ်းပြင်နှင့် မိတ်ဆက်နေခဲ့သည်။ သို့သော် သူသည် လမ်ချမ်ချမ့်၏ လက်သီးထဲတွင် အင်အား တချို့သာ ပါဝင်ကြောင်း သိလိုက်သည် ... မဟုတ်လျှင် သူ၏ နံရိုးများပင် ကျိုးသွားပေလိမ့်မည်။

"ဟား..ဟား ... ငါ့ရဲ့ ဆင်နဂါးလက်သီးက နောက်ဆုံးတော့ သဘာဝလွန်အဆင့်ကို ရောက်သွားခဲ့ပြီ ... ဒီခရမ်းရောင်ရွှေ တစ်ရာတေးလ်က ကုန်သွားရတာ ထိုက်တန်တယ် ... အထီးကျန်ဝံပုလွေ ... ရှင်ကအရမ်း အံ့သြဖို့ကောင်းတာပဲ"

ကျန်းရီသည် မတ်တတ်ရပ်နိုင်ရုံပင် ရှိသေးသည်။ လမ်ချမ်ချမ့်သည် သူ့ရင်ဘတ်ဆီ လက်သီးတစ်ချက် ပစ်သွင်းလိုက်ပြန်သည်။ သူ့ကိုယ်သည် စွန်တစ်ခုကဲ့သို့ လေထဲတွင် ဝဲလွင့်သွားကာ ပြန်ကျလာပြန်သည်။

ကျန်းရီ၏ နှုတ်ခမ်းများသည် နာကျင်မှုကြောင့် ရှုံတွနေခဲ့သည်။ သို့သော် လမ်ချမ်ချမ့်သည် နောက်ထပ် လက်သီးတစ်လုံး ရွယ်၍ သူ့ထံ ပြေးဝင်လာသည်ကို မြင်လိုက်လျှင် သူသည် စိတ်တိုစွာ အော်လိုက်မိတော့သည် ...

"ငါမင်းရဲ့ သိုင်းပညာကို သဘာဝလွန်အဆင့် ရောက်အောင် ကူညီပေးပြီးပြီလေ ... ဘာလို့ ငါ့ကို ရိုက်နေသေးတာလဲ”

"ဟား..ဟား ... အထီးကျန်ဝံပုလွေ ... ဒါအတွက် တောင်းပန်ပါတယ်"

လမ်ချမ်ချမ့်သည် အားရပါးရရယ်ရင်း ကြယ်ကြွေသကဲ့သို့ လက်သီးနှစ်လုံးကို ပစ်သွင်းလိုက်ပြန်သည်။ ခေါင်းလောင်းသံကဲ့သို့ ကြည်လင်သော အသံတစ်ခုသည် ထွက်လာခဲ့သည် ...

" ကျွန်မက စိတ်တိုတဲ့အခါ လူတွေကို ရိုက်ရတာ သဘောကျတယ်..ကျွန်မ ပျော်နေတဲ့အခါလည်း ... လူတွေကို ရိုက်ရတာ သဘောကျပြန်ရော ... ကျွန်မကို သည်းခံပေးပါ"

ဒီအရူးမ

ကျန်းရီသည် တိတ်တဆိတ် ကြိမ်ဆဲလိုက်သည်။ နောက်ထပ် လက်သီးတစ်လုံးသည် သူ့ထံ ချည်းကပ်လာသည်ကို မြင်လျှင် သူသည် အလန့်တကြား အော်ဟစ်လိုက်ရသည်။

"မိန်းကလေးလမ် ... နေပါဦး ... ကျွန်တော်ရဲ့ သိုင်းပညာက သင်ထားတာ ရက်နည်းနည်းပဲ ရှိသေးတယ် ... မင်းမှာသာ ရက်အနည်းငယ် စောင့်ရဲတဲ့ သတ္တိရှိမယ်ဆိုရင် ဘယ်သူက အရိုက်ခံရမလဲ ဆိုတာ ငါတို့သိရမှာပါ"

"ရက်အနည်းငယ်လား။ ... ရှင် ကျွန်မကို အနိုင်တိုက်မယ် ဆိုတာ သေချာလား”

လမ်ချမ်ချမ့်၏ လက်သီးသည် လေထဲတွင်ပင် ရပ်တန့်သွားခဲ့သည်။ သူမသည် ကျန်းရီ၏ စိတ်ထက်သန်သော အမူအရာကို မြင်လျှင် လက်သီးကို ပြန်ရုတ်သွားခဲ့သည် ...

"ကောင်းပြီလေ ... ကျွန်မ ရှင့်ကို ရက်နည်းနည်း စောင့်မယ်..ရှင်က ကျွန်မကို အနိုင် မတိုက်နိုင်သေးဘူး ဆိုရင် ရှင့်အမေတောင် ရှင့်ကို မမှတ်မိလောက်တဲ့အထိ ဆိုးဆိုးရွားရွား ရိုက်ပစ်မယ်"

ကျန်းရီသည် မတ်တတ်ရပ်ကာ သူ၏ နာကျင်နေသော ရင်ဘတ်ကို ကော့၍ ပြောလိုက်သည် ...

"ဒါက ကတိပဲ ... ဒါပေမယ့် မင်းက မင်းရဲ့ အင်အားကို အခုလိုမျိုးပဲ လျှော့ပေးထားရမယ် ... မင်းရဲ့ ကျင့်ကြံဆင့်က ငါ့ထက် မြင့်လွန်းနေတာမို့ ...”

"ကောင်းပြီ''

လမ်ချမ်ချမ့်သည် ပြုံးလိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။သူမသည် ကျန်းရီ၏ ဝတ်ရုံစကို ဆွဲကာ အပြင်သို့ ထွက်လာခဲ့သည်။ လမ်းလျှောက်နေစဉ်တွင် သူမသည် ပြုံးရင်း ပြောလာခဲ့သည် ...

"လာခဲ့..ကလေး ... ဒီအမကြီးက ဒီနေ့ အရမ်းကို စိတ်ပျော်နေတာကြောင့် မင်းကို ဝိုင်တွေနဲ့ ဧည့်ခံမယ် ... မမူးမချင်း ငါတို့ မပြန်ဘူး..ဟား..ဟား ... ဝိညာဉ်သားရဲသင်တန်းကျောင်းရဲ့ လူသစ်လက်ခံပွဲမှာ ထင်ယွီဆိုတဲ့ မိန်းမ ငါ့ကို ဘယ်လိုရှုံးအောင် တိုက်မလဲ သိချင်လိုက်တာ"

ဒီသခင်မလေးက ကျီထင်ယွီနဲ့ တန်းတူ ကျော်ကြားတယ် ဆိုတာ အံ့သြစရာ မရှိပါဘူး ... သူမရဲ့ စရိုက်ကိုက ရဲရင့်လွန်းနေတာပဲ

ကျန်းရီသည် ရင်ထဲမှ သက်ပြင်းကြိတ်ချလိုက်ရင်း ငြင်းပယ်လိုက်သည် ...

"ကျွန်တော်က ကျွန်တော် တိုက်ခိုက်ရမယ့် ပွဲတွေကို ဆက်ပြီးတိုက်ရဦးမယ် ... ကျွန်တော်က မိန်းကလေးနဲ့ မတူပါဘူး ... မင်းက တန်ဖိုးမဖြတ်နိုင်တဲ့ သခင်မလေး..ကျွန်တော်က အဆင့်နိမ့်တဲ့ သိုင်းလေ့ကျင့်ဖက်လေးပဲ"

"အဲလိုမျိုးလား။ ... ကောင်းပြီလေ ... ကျွန်မရှင့်ကို နောက်မှ လာရှာမယ်"

လမ်ချမ်ချမ့်သည် ခေါင်းညိတ်ကာ ကျန်းရီကို အတင်းမခိုင်းတော့ပဲ သူမ၏ ဝတ်ရုံရှည်ကို ကောက်ယူ၍ အင်အားအပြည့်ဖြင့် ထွက်သွားခဲ့သည်။ သူမသည် ကြီးကြပ်သူယန်၏ ပခုံးကို ပုတ်လိုက်ရင်း ရယ်မောကာ စကားဆိုလိုက်သည် ...

"အဖိုးကြီးယန် ... ရှင့် သိုင်းလေ့ကျင့်ဖက်က မဆိုပါဘူး ... ဒီခရမ်းရောင်ရွှေ တစ်ရာတေးလ်က တကယ်ပဲ ထိုက်တန်တယ်"

လမ်ချမ်ချမ့်၏ စကားများသည် စောင့်ဆိုင်း နေကြသော သခင်လေးများ၊မမလေးများကို စိတ်လှုပ်ရှားသွားစေသည်။ သူမသည် ကျန်းရီ၏ စွမ်းရည်ကို ချီးမွမ်းလိုက်မှတော့ စောင့်ဆိုင်းနေသော လူများသည် ပို၍ပင် တိုးလာချေတော့မည်။

ကျန်းရီသည် နှစ်နာရီကြာ အားပြန်ဖြည့်ပြီးနောက် သိုင်းလေ့ကျင့်ခန်းဆီ ပြန်သွားလိုက်သည်။ အခြား လူနှစ်ယောက်သည် လမ်ချမ်ချမ့်လောက် အားမပြင်း၍ တော်သေးသည်။

သုံးပွဲတိုက်ခိုက်ပြီးနောက် ကြီးကြပ်သူယန်သည် နောက်ထပ် တောင်းဆိုချက်များကို ငြင်းပယ်လိုက်ကာ ကျန်းရီကို သူ့အခန်းလေးဆီ ပြန်နားခွင့်ပြုလိုက်သည်။ သူသည် ရေရှည် အကျိုးဆက်ကို တွေးတော တတ်ပေသည်။ ကျန်းရီသာ တစ်ခုခု ထိခိုက်သွားပါလျှင် သူတို့အတွက် အကျိုး မရှိနိုင်ပေ။

ကျန်းရီသည် စိတ်သက်သာရာ ရသွားခဲ့သည်။ တစ်နေ့တွင် သုံးပွဲသာ တိုက်ခိုက်ရခြင်းသည် သူ့အတွက် အနားယူကာ အားပြန်ပြည့်ရန် လုံလောက်သော အချိန် ဖြစ်သည်။ ယခင်ကကဲ့သို့ တစ်နေ့လျှင် ဆယ့်နှစ်ပွဲခန့်သာ တိုက်ခိုက်ရပါလျှင် သူသည် အလုပ်လုပ်ရင်း သေသွားပေလိမ့်မည်။

နောက်ရက်များတွင် ကျန်းရီသည် မနက်ပိုင်းကို သုံးပွဲ လေ့ကျင့်တိုက်ခိုက်ပြီး ညနေပိုင်းနှင့် နေ့လည်ပိုင်းများတွင် အနားမယူဘဲ ကျင့်ကြံ၍သာ နေခဲ့သည်။ နေ့ရက်များသည် အေးချမ်းစွာပင် ကုန်ဆုံးသွားခဲ့သည်။ သူသည် ကျန်းဂိုဏ်းမှ သိုင်းပညာများကို အသုံးပြုရန် မလိုတော့ပေ ... ထူးချွန်သူ ထိပ်ဆုံးဆယ်ယောက်သာ မပါလျှင် သူသည် သူ၏ ပြိုင်ဘက်များကို လက်ရှိအင်အားဖြင့် အလွယ်တကူ တိုက်ခိုက်နိုင်နေပြီ ဖြစ်သည်။

ကျန်းရီ စိတ်အနှောင့်အယှက် ဖြစ်ရသည်ကား မာဂိုဏ်းနှင့် ကျန်းဂိုဏ်းမှ လူများသည် သူနှင့်လေ့ကျင့်ရန် စောင့်နေသော သူများထဲတွင် ပါဝင်နေခြင်းဖြစ်သည်။ ကျန်းရီသည် ထိုလူများနှင့် တိုက်ခိုက်သောအခါတွင် သူ့ကို မှတ်မိသွားမည်ကို စိုးရိမ်၍ သတိကြီးကြီးထားကာ တိုက်ခိုက်နေရသည်။

သို့သော် ကျန်းရီသည် စိုးရိမ်မှု လွန်ကဲနေခြင်းသာ ... ကျန်းဂိုဏ်း၏ ထူးချွန်သူများတွင် သူ့ကို မျက်လုံးချင်း ဆုံ၍တောင် မမြင်ဖူးကြပေ။ ယခု သူသည် မျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ထားကာ သိုင်းခန်းမမှ သိုင်းပညာရပ်များကိုသာ အသုံးပြုနေခြင်း ဖြစ်သည်။ ဘယ်သူကများ သူ့ကို မှတ်မိပါမည်နည်း။ မာဂိုဏ်းတွင်မူကား မာဖေးမှ လွဲ၍ ကျန်သူများသည် သူ ကျန်းရီဖြစ်ကြောင်း ပြောနိုင်ကြမည်မဟုတ်ပေ။ ထို့ပြင် မာဖေး၏ ဒန်တျန်းသည် ပျက်စီးသွားပြီ ဖြစ်ရာ သိုင်းခန်းမသို့ ဘာကြောင့်များ လာရောက်မည်နည်း။

ရက်အနည်းငယ် ကြာသော်လည်း လမ်ချမ်ချမ့်သည် ပေါ်မလာခဲ့ပေ။ သူမသည် တံခါးပိတ်၍ ကျင့်ကြံနေသည်လား မသိနိုင်ပေ။ ကျန်းရီ၏ နေ့စဉ်ဘဝသည် အတေယ်လေး သာယာနေခဲ့သည်။ လမ်ချမ်ချမ့် ထပ်ရောက်လာလျှင်တောင် သူသည် ကြောက်နေစရာ မလိုတော့ပေ ... အဘယ့်ကြောင့် ဆိုသော် သူ၏ အစွန်းရောက် အာကာသ ခြေလှမ်းနှင့် ဗုဒ္ဓလက်ဝါး နှစ်ခုလုံးသည် သဘာဝလွန်အဆင့်သို့ ရောက်နေခဲ့ပြီ ဖြစ်သောကြောင့်ပင် ...  ဒါကရော အနက်ရောင်အတွင်းအားကြောင့်လား။

နေ့ရက်များသည် ရွေ့လျားလာခဲ့သည်။ ကျန်းရီသည် တစ်နေ့လျှင် သုံးပွဲတိုက်ခိုက်ပြီးသည်နှင့် တံခါးပိတ်ကာ ကျင့်ကြံခြင်း ချိတ်ပိတ်သင်္ကေတကို ဖျက်ဆီးခြင်းတို့ဖြင့်သာ အလုပ်ရှုပ်နေခဲ့သည်။ ချိတ်ပိတ်သင်္ကေတ၏ အက္ခရာများ ပိုမိုနည်းပါးလာသည်နှင့် သူ့ကျင့်ကြံနှုန်းသည်လည်း ပိုမိုမြန်ဆန်လာခဲ့သည်။

နှစ်ပတ် ... နောက်ထပ် နှစ်ပတ်လောက်ကြာရင် ငါက သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း စတုတ္ထအဆင့်ကို ရောက်တော့မယ် ... ပြီးရင် ငါအိမ်ပြန်နိုင်တော့မယ် ...

ကျန်းရီသည် အိမ်တွင် ရှိနေသော ကျန်းရှောင်နူ အကြောင်းကို တွေးလိုက်သည်နှင့် သူသည် ပိုမိုအလျင်လိုလာခဲ့သည်။ သူသည် သူ၏ ကျင့်ကြံချိန်ကို တိုးမြှင့်လိုက်ပြီး တစ်နေ့လျှင် လေးနာရီသာ အိပ်စက်တော့သည်။

သူအိမ်မှ ထွက်လာသည်မှာ နှစ်လကြာသွားပြီ ဖြစ်သည်။ ရှောင်နူသည် အိမ်ရှိ မည်သည့် သတင်းကိုမှ အကြောင်းကြားမလာခဲ့ပေ ... သူသည် ကျန်းရုဟူ သူမကို ဒုက္ခပေးမည် မဟုတ်မှန်း သိသော်လည်း စိတ်ပူနေမိသည်။

ဆယ်ရက်ကြာပြီးနောက် သိုင်းခန်းမမှ ထုတ်ပြန်လိုက်သော သတင်းနှစ်ခုသည် ကောင်းကင်တောင်ပံမြို့ တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။

တစ်နေ့တည်းမှာပင် ထူးချွန်ဆုံးသူ ထိပ်ဆုံးဆယ်ယောက်မှ နှစ်ယောက် ကျီထင်ယွီနှင့် ကျန်းဟန်ရွှေသည် တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာကာ သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း နဝမအဆင့်ကို အသီးသီး ရောက်ရှိသွားကြသည်။ လူငယ်မျိုးဆက်တွင် ကျန်းဟန်ရွှေထက် ငါးလငယ်သော ကျီထင်ယွီသည် နံပါတ်(၁)ဖြစ်နေပြီး ကျန်းဟန်ရွှေသည် လမ်ချမ်ချမ့်ကို ကျော်လွန်၍ နံပါတ်(၂)နေရာကို ရောက်ရှိနေခဲ့သည်။

ကျန်းဂိုဏ်းနှင့် ကျီမိသားစုတို့သည် ပျော်ရွှင်နေကြသည်။ သူတို့သည် ဂိုဏ်းသားများကို အိမ်ပြန်လာ၍ ပျော်ပွဲရွှင်ပွဲဆင်နွှဲကြရန် အမိန့်ပေးလိုက်သည်။ သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း နဝမအဆင့်သို့ ရောက်ရှိခြင်းသည် ဝိညာဉ်သားရဲ သင်တန်းကျောင်းကို ဝင်ရောက်နိုင်မည်မှာ သေချာသည်ဟု ဆိုလိုသည်။

နယ်မြေ၏ သင်တန်းကျောင်းကြီး သုံးခုမှ တစ်ခုဖြစ်သော ဝိညာဉ်သားရဲ သင်တန်းကျောင်းသည် မည်သည့်နယ်မြေနှင့်မှ မသက်ဆိုင်ပေ။ သို့သော် သင်တန်းကျောင်းကို ဝင်ခွင့်ရ၍ အောင်မြင်သူတို့ကို နယ်မြေအသီးသီးမှ လိုလားကြသည်။ သူတိူ့၏ အနာဂတ်သည် တောက်ပနေသည်ဟု ဆိုနိုင်ပေသည်။

လူနှစ်ယောက်၏ အောင်မြင်မှုသည် ကျန်လူများအတွက် သတင်းဆိုးကြီး ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဝိညာဉ်သားရဲ သင်တန်းကျောင်းသည် လူငါးနေရာသာ လက်ခံသောကြောင့် ဖြစ်သည်။ ယခုမူ သုံးနေရာသာ ကျန်တော့သည်။ လမ်ချမ်ချမ့်၏ တိုက်ပွဲဝင် စွမ်းရည်နှင့်ဆိုလျှင် သူမသည် တစ်နေရာရမည်မှာ ကျိန်းသေသည်။ တနည်းအားဖြင့် ကျန်လူများအတွက် နေရာ နှစ်နေရာသာ ကျန်တော့သည်ဟု ဆိုလိုသည်။

ကျန်းဟန်ရွှေ၊ ကျန်းရုလုံနှင့် အခြားသော ကျန်းဂိုဏ်းသားတို့သည် ကျန်းအိမ်တော်သို့ ပြန်သွားကြသည်မှာ ကျန်းရီကို အတော်လေး စိတ်သက်သာရာ ရစေသည်။ သူနှင့်ကျန်းဟန်ရွှေသည် ငယ်စဉ်ဘဝကို အတူ ဖြတ်သန်းခဲ့ကြသည်။ မကြာခင်ကပင် အဂ္ဂိရတ်ဌာနတွင် တွေ့ခဲ့သေးသည်။ သူသည် ကျန်းဟန်ရွှေနှင့်သာ ရင်ဆိုင်ရပါလျှင် ကျန်းဟန်ရွှေသည် သူ့ကို သေချာပေါက် မှတ်မိပေလိမ့်မည်။

ထိုကာလတွင် ကျန်းရီသည် သူ၏ အချိန်အချို့ကို အတွင်းအား ပေါက်ကွဲလက်ဝါးကို နားလည်ရန် အသုံးပြုနေခဲ့သည်။ သို့သော် စာရွက်နှစ်ရွက်ခွဲ ပျောက်ဆုံးနေမှုသည် သူ့ကို အတွင်းထိန်းချုပ်ရာ၌ လွဲချော်မှုများ ဖြစ်စေသည်။ သူသည် သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း စတုတ္ထအဆင့်သို့ တက်ရောက်ရန် ကြိုးစားနေရသော အချိန်လည်း ဖြစ်သောကြောင့် အတွင်းအား ပေါက်ကွဲ လက်ဝါးကို နားလည်ရန် အချိန်အများကြီး မပေးနိုင်ပေ ... ထို့ကြောင့် သူသည် စိတ်အနှောင့်အယှက် မဖြစ်ခဲ့ပေ။

ငါးရက် ထပ်မံကုန်ဆုံးပြီးနောက် ကျန်းရီသည် ခါတိုင်းလိုပင် သူ့အခန်းလေးထဲမှ ထွက်လာခဲ့သည်။ ထို့နောက်သူသည် တိုက်ခိုက်ရန် မသွားပဲ ကြီးကြပ်သူယန်ထံ လျှောက်လာခဲ့သည်။ ကြီးကြပ်သူယန်သည် ကျန်းရီကို ကျေနပ်မှု အပြည့်ဖြင့် ကြည့်နေခဲ့သည်။ သူသည် ထိုမျှလောက် အချိန်လေးအတွင်းတွင် သိုင်းခန်းမအတွက် အကျိုးအမြတ်များစွာ ရှာပေးခဲ့ပြီးဖြစ်သည်။ ကြီးကြပ်သူယန်သည် ကျန်းရီကို မျက်နှာသာပေးလာသည်မှာ မဆန်းတော့ပေ ...

ကျန်းရီသည် သူ့ထံသို့ လျှောက်လာကာ တီးတိုး ပြောဆိုလာခဲ့သည် ...

"ကြီးကြပ်သူယန် ... ကျွန်တော် နှစ်ရက် ပျက်ကွက်ချင်ပါတယ် ... ကျွန်တော်အိမ်ပြန်ချင်လို့"

"ဟမ်"

ကြီးကြပ်သူယန်၏ မျက်ခုံးများသည် မြင့်တက်သွားခဲ့သည်။ သူသည် ကျန်းရီကို ခြေဆုံးခေါင်းဆုံးကြည့်ရင်း မျက်လုံးများ တောက်ပလာခဲ့သည်။ သူသည် ပြန်လည်၍ ပြောဆိုလာခဲ့သည် ...

"အထီးကျန်ဝံပုလွေ ... မင်း သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း စတုတ္ထအဆင့်ကို ရောက်သွားပြီလား”

မျက်နှာဖုံးအောက်ရှိ ကျန်းရီ၏ မျက်လုံးများသည် တောက်ပနေခဲ့သည်။

"အမှန်ပါပဲ"

ကြီးကြပ်သူယန်သည် ခေါင်းညိတ်လိုက်သည်။

"မင်းက နှစ်ရက်လောက် ကောင်းကောင်းအနားယူသင့်တယ် ... မင်းက သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း စတုတ္ထအဆင့်ကို ရောက်သွားပြီဆိုတော့ သိုင်းခန်းမက ဆေးတွေ ထောက်ပံ့ပေးမှာ မဟုတ်တော့ဘူး ... ဆေးတွေက မင်းရဲ့ ကျင့်ကြံဆင့်ကို မြှင့်တင်ဖို့ ခက်ခဲသွားပြီ ... ပြီးတော့ သိုင်းခန်းမမှာ မင်းရထားတဲ့ ပိုက်ဆံတွေကို မင်းရဲ့ ကျင့်ကြံဆင့်ကို မြှင့်တင်ဖို့ မြေကမ္ဘာအဆင့်ဆေးတွေ ဝယ်နိုင်တယ် ... ငါ့လူတွေကို ဈေးလျှော့ပေးဖို့ ပြောပေးမယ်"

ကျန်းရီသည် ထိုမျှလောက် တွေးမထားခဲ့ပေ။ သူသည် အမှိုက်ဘဝမှသည် သဏ္ဍာန်သုံးဆင့် အသွင်ပြောင်းခြင်း စတုတ္ထအဆင့်သို့ ရောက်ခဲ့ပြီဖြစ်သည်။ အနက်ရောင်အတွင်းအား၏ အကူအညီနှင့်ဆိုလျှင် သူသည် ထူးချွန်သူ ထိပ်ဆုံးဆယ်ယောက်ကိုပင် ရင်ဆိုင်တိုက်ခိုက် နိုင်နေလေပြီ ... သူသည် ဘာကိုများ မကျေနပ်စရာ ရှိပါမည်နည်း။

သူသည် သူ့ကို စောင့်နေသော သူများကို လျစ်လျူရှုပြီး ကြီးကြပ်သူယန်နှင့် ထားခဲ့ကာ သိုင်းခန်းမ အပြင်ဘက်သို့ လျှောက်လာခဲ့လိုက်သည်။ အပြင်သို့ရောက်သောအခါ သူသည် လတ်ဆတ်သော လေကို တစ်ဝကြီး ရှူသွင်းလိုက်သည်။ သူသည် သူ၏ စိတ်ဖိစီးမှုများ လျော့ပါးသွားအောင် ကောင်းကင်ကို ကြည့်၍ အော်ဟစ်လိုက်ချင်နေသည်။

"ဝှစ်"

သူသည် အပြာရောင်အတွင်းအားများကို ထုတ်ဖော်လိုက်ရင်း လျှပ်စီးအလျင်ဖြင့် ရှေ့သို့ ပြေးသွားခဲ့လိုက်သည်။ သူ၏ ဝံပုလွေ မျက်နှာဖုံးကြောင့် ဈေးထဲမှ လူများ၏ အာရုံစိုက်မှုကို ရရှိနေခဲ့သည်။

သူသည် ရင်းနှီးသော လမ်းကြားလေးထဲသို့ ဝင်ရောက်ကာ ဝံပုလွေ မျက်နှာဖုံးကို ချွတ်လိုက်ပြီး သူ၏ အနက်ရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်လိုက်သည်။ ထို့နောက် သူသည် ပြေးထွက်သွားရာ ကျန်းအိမ်တော်၏ အနောက်ဘက် ဂိတ်တံခါးသို့ မိနစ်သုံးဆယ်ခန့်အတွင်း ရောက်ရှိသွားခဲ့လေသည်။

ရှောင်နူ ငါပြန်လာပြီ ... မင်းရဲ့ သခင်လေး ပြန်ရောက်လာခဲ့ပြီ

မျက်စိတစ်မှိတ်အတွင်းမှာပင် ကျန်းရီသည် ကျန်းအိမ်တော်၏ အနောက်ဘက် ခြံဝန်းထဲသို့ ရောက်ရှိသွားခဲ့သည်။ သူသည် သူ၏ ကိုယ်ပိုင် ခြံဝန်းငယ်လေးဆီ ချည်းကပ်သွားလိုက်သည်။ သူ့မျက်နှာတွင် စိတ်ခံစားချက်ပေါင်းစုံတို့ ပြည့်နှက်နေခဲ့သည်။

"ဘန်း"

ခြံဝင်းလေး၏ တံခါးများသည် စေ့ပိတ်ထားခဲ့သည်။ ကျန်းရီသည် အင်အားအပြည့်နှင့် တွန်းဖွင့်လိုက်ပြီး ခြေလှမ်းကျယ်ကြီးများနှင့် ပြေးဝင်သွားပြီး အော်ပြောလိုက်သည် ...

"ရှောင်နူ ... ရှောင်နူ ... သခင်လေး ပြန်လာပြီ"

ခြံဝန်းတစ်ခုလုံးသည် အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်နေခဲ့သည်။ ကျန်းရီ၏ အမူအရာသည် ပြောင်းလဲသွားခဲ့သည်။ သူသည် ချက်ချင်းအိမ်ထဲသို့ ပြေးဝင်သွားကာ ခြံဝန်းအနှံ့ရှာပါသော်လည်း မည်သူ့ကိုမှ မတွေ့ရပေ ...

"ရှောင်နူ ... ရှောင်နူ ... မင်းဘယ်မှာလဲ”

ကျန်းရီ၏ ရင်ထဲတွင် မကောင်းသော ခံစားချက်များ လျှံတက်လာခဲ့သည်။ သူ၏ မျက်နှာ အမူအရာသည်လည်း သူ့ဝံပုလွေမျက်နှာဖုံးမှ အန္တရာယ်ရှိသောပုံစံကဲ့သို့ ပြောင်းလဲလာခဲ့လေသည်။

*****

All Chapters