← Chapters

ဒုက္ခ အသေးအမွှားလေးပါ

Vol. 5 Ch. 62

ဒုက္ခ အသေးအမွှားလေးပါ

Vol. 5 Ch. 62

~အမှန်တရားဆိုတာ မျက်စိရှေ့မှာ ထင်ထင်ရှားရှားမြင်နေရသည့် အခါကျမှ ယုံကြည်တတ်ကြတာ လူ့သဘာဝပဲလား။

ဖုန်းဝူချန်ကတော့ သူ့ရှေ့မှာ ဒူးတစ်ဖက်ထောက်ပြီး အရိုအသေပေးနေကြသည့် စစ်သည် တစ်သိုက်ကို ကြည့်ရင်း ခေါင်းထဲမှာ အတွေးပေါင်းစုံဖြင့် ရှုပ်ယှက်ခတ်နေတော့သည်။

'ဟ... ကြည့်စမ်း... ဒီလူတွေ။ မျက်နှာတွေက ခုနကနဲ့ တခြားစီပဲ။ ငါ့ကို မုန်းလို့ သတ်တော့မလို ကြည့်နေတဲ့ မျက်လုံးတွေကနေ မျက်ရည်တွေ ထွက်ကျတော့မလို ဖြစ်နေကြပါလား။ တော်တော် အံ့ဩစရာပဲ။'

ဖုန်းဝူချန် ဓားပျံပေါ်မှ တောင်ထိပ်သို့ ဆင်းသက်လာသောအခါ၊ စစ်သည်များက သူ့ကို လေးစားစွာဖြင့် သပ်ရပ်စွာ တန်းစီကာ ကြိုဆိုနေကြသည်ကို တွေ့လိုက်ရ၏။

သူတို့၏ မျက်နှာများမှာ ဒေါသထွက်နေခြင်းမှ ကြည်ညိုလေးစားခြင်းသို့ လုံးဝ ပြောင်းလဲသွားချေပြီ။

ဖုန်းဝူချန် မြေပြင်ပေါ်သို့ ခြေချလိုက်သည့် အခိုက်အတန့်တွင် စစ်သည်များ အားလုံး ဒူးတစ်ဖက် ထောက်ကာ လေးစားစွာ အော်ဟစ်လိုက်ကြသည်။

“ဆရာဖုန်းရဲ့ ကျေးဇူးကို ကျွန်တော်တို့ တစ်သက်မမေ့ပါဘူး”

သူတို့၏ ဟိန်းဟိန်းထွက်နေသော အသံများက တောင်တန်းများအကြား ပဲ့တင်ထပ်သွားပြီး ပဲ့တင်သံလှိုင်းများက တောင်တန်း တစ်လျှောက်လုံးတွင် ကြာရှည်စွာ လွင့်ပျံနေတော့၏။

စစ်သည်များ၏ လေးစားမှုမှာ အမှန်တကယ်ပင် စိတ်ရင်းမှန်မှ ဖြစ်တည်လာခြင်းကြောင့်

ဖုန်းဝူချန်မှာ အတော်လေး စိတ်လှုပ်ရှားသွားရ၏။ ယခုလိုလောက် ပေးဆပ်ခဲ့ပြီးနောက် ဤသို့သော ဆုလာဘ်ကို ပြန်လည် ရရှိခြင်း၏ ခံစားချက်မှာ သူ့အတွက် မယုံနိုင်လောက်အောင်ပင် အံ့ဩဖွယ်ကောင်းလှသည်။

“ဆရာဖုန်း... ကျွန်တော်တို့ မှားသွားပါတယ်၊ ဆရာဖုန်းက ကျွန်တော်တို့အပေါ် စေတနာ အမှန်နဲ့ ဆက်ဆံခဲ့ပေမဲ့ ကျွန်တော်တို့ကတော့...”

“ဆရာဖုန်းက ကျွန်တော်တို့ရဲ့အစွမ်းကို မြှင့်တင်ပေးဖို့ အပင်ပန်းခံပြီး စေတနာအပြည့်နဲ့ ကူညီပေးခဲ့ပေမဲ့ ကျွန်တော်တို့ကတော့ ကိုယ့်ကံကောင်းတာကို မျက်စိမှိတ်ပြီး မမြင်ခဲ့ကြဘူး။ ဆရာဖုန်း သင့်တော်တယ် ထင်တဲ့ ဘယ်လို အပြစ်ဒဏ်မျိုးကိုမဆို ကျွန်တော်တို့ ခံယူဖို့ အသင့်ပါပဲ”

“ဒီနေ့ ကျွန်တော်တို့ ရရှိခဲ့တဲ့ ပြောင်းလဲတိုးတက်မှု အားလုံးဟာ ဆရာဖုန်းကြောင့်ပါပဲ။ ဆရာဖုန်းက ကျွန်တော်တို့ရဲ့ ဒုတိယ မိဘတွေပါပဲ။ ဆရာဖုန်း ကျွန်တော်တို့အပေါ် ပြသခဲ့တဲ့ ကျေးဇူးတရားကို ကျွန်တော်တို့ နှလုံးသားထဲမှာ ထာဝရ အမှတ်ထင်ထင် စွဲထင်နေမှာပါ”

စစ်သည်များက စိတ်ရင်းအမှန်ဖြင့် တောင်းပန်စကား ဆိုကြ၏။ သူတို့၏ စကားလုံးများမှာ နှလုံးသားထဲမှ ထွက်ပေါ်လာခြင်း ဖြစ်ပြီး သံမဏိသွေးကြော ရှိသော ယောက်ျားတို့၏ မျက်ဝန်းများတွင် မျက်ရည်များ ပြည့်လျှံနေခဲ့သည်။

“အားလုံး... မတ်တပ်ရပ်ကြ”

ဖုန်းဝူချန်က စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် တုန်ယင်နေသော အသံဖြင့် ပြောနိုင်ခဲ့သည်။

သူတို့နှင့် တစ်လသာ အတူ

နေခဲ့ရသော်လည်း ထိုအမှတ်တရမှာ နက်ရှိုင်းစွာ စွဲထင်သွားခဲ့လေပြီ။

'ငါကွာ... ဒီလိုကောင်တွေနဲ့ တစ်လပဲနေရသေးတာကို ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှားနေရတာလဲ။'

စစ်သည်များ၏ ကနဦး မကျေနပ်မှုနှင့် ဒေါသ၊ ထို့အတူ အခက်အခဲများကို ကြံ့ကြံ့ခံနိုင်သည့် သူတို့၏ စိတ်ဓာတ်တို့က ဖုန်းဝူချန်ကို ယခုလိုလောက် နက်နက်ရှိုင်းရှိုင်း ထိခိုက်စေခဲ့ခြင်း ဖြစ်တန်ရာ၏။

စစ်သည်များ၏ ကနဦး သံသယများမှ အဆုံးတွင် စိတ်ရင်းမှန်ဖြင့် ဆက်ဆံလာကြသည်အထိ ဖုန်းဝူချန်မှာ အလွန်ပင် စိတ်လှုပ်ရှားသွားခဲ့ရသည်။

“ဆရာဖုန်း... ကျွန်တော်တို့ကို အပြစ်ပေးပါ”

စစ်သည်များက တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်။

သွေးဆူသော ယောက်ျားတို့၏ စိတ်ဓာတ်နှင့် တာဝန်ယူလိုစိတ် အပြည့်အဝ ရှိခြင်းကို စစ်သည်များက အပြည့်အဝ ပြသလိုက်ကြလေ၏။

“ကောင်းပြီ”

ဖုန်းဝူချန်က ဟစ်အော်လိုက်သည်။

“စစ်သည်အားလုံး... ကျုပ်အမိန့်ကို နာခံကြ။ အပြစ်ဒဏ်အနေနဲ့ ခင်ဗျားတို့အားလုံး နာရီဝက်အတွင်း ဆေးလုံး တစ်ရာစီ စုဆောင်းပြီး ပြန်ယူလာခဲ့ကြ”

“ဟုတ်ကဲ့”

စစ်သည်များက လေးစားစွာ အော်ဟစ်လိုက်ပြီးနောက် လူငါးရာကျော်မှာ အံ့မခန်းသော အရှိန်ဖြင့် အရပ်မျက်နှာအသီးသီးသို့ ပြေးထွက်သွားကြကာ အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် မျက်စိရှေ့မှ ပျောက်ကွယ်

သွားကြတော့သည်။

“ဆရာဖုန်းရဲ့ စေ့စေ့စပ်စပ် ကျင့်ကြံပေးမှုအတွက် ကျေးဇူးတင်ပါတယ်”

စစ်သည်များ တောင်တန်းများထဲသို့ ဝင်ရောက်သွားပြီးနောက် ယဲ့ချန်းချုံးက ဖုန်းဝူချန်ကို လေးနက်စွာ ဦးညွှတ်ကာ ကျေးဇူးတင်စကားဆို၏။ သူ၏ အမူအရာမှာ အလွန်ပင် ရိုကျိုးလေးစားလျက်ရှိသည်။

“ဗိုလ်ချုပ်ကြီးက သိပ်ပြီး ကြင်နာတတ်တာပဲ”

ဖုန်းဝူချန်က ခပ်ဖွဖွပြုံးရင်း ပြောလိုက်သည်။

ထိုစဉ် လင်းကျန့်ထျန်းက ထပ်ဖြည့်ပြောဆိုလာ၏။

“စစ်သည်တွေရဲ့ အံ့ဩစရာကောင်းလောက်တဲ့ တိုးတက်မှုတွေအားလုံးက ဆရာဖုန်းကြောင့်ပါပဲ။ အထွတ်အထိပ် ခန္ဓာကျင့်စဉ်ရဲ့ စွမ်းအားက တကယ်ကို တုန်လှုပ်စရာကောင်းလှပါတယ်”

ဖုန်းဝူချန်က ပြန်ဖြေလိုက်သည်။

“အထွတ်အထိပ် ခန္ဓာကျင့်စဉ်ဆိုတာ အရန်ကျင့်ကြံခြင်း သိုင်းပညာတစ်ခုမျှသာ ဖြစ်တယ်။ သူတို့ရဲ့ ထူးခြားတဲ့ တိုးတက်မှုက သူတို့ရဲ့ ကိုယ်ပိုင်ခန္ဓာကိုယ် ဖွဲ့စည်းပုံကြောင့်သာ ဖြစ်ပါတယ်”

ထိုသို့ပြောရင်း သူ၏အကြည့်က ယဲ့ချန်းချုံးထံသို့ ရောက်သွားပြီး ဆက်ပြောသည်။

“ဗိုလ်ချုပ်ကြီး... ဒီမှာ ကျွန်တော့်တာဝန်ပြီးဆုံးသွားပြီ။ ဧကရာဇ်မြို့တော်ကနေ ထွက်ခွာရမယ့်အချိန် ရောက်ပါပြီ”

“ဆရာဖုန်းက ဒီလောက်မြန်မြန် ထွက်သွားတော့မှာလား။ နန်းတွင်း အကြံပေးနဲ့ မင်းသားကလည်း ပြန်မရောက်သေးဘူး၊ စစ်သည်တွေကလည်း အပြင်မှာ ရှိနေတုန်းပဲလေ”

ဗိုလ်ချုပ်ကြီးက အံ့အားသင့်စွာ မေးလိုက်သည်။

“ဘယ်ပွဲမှ အမြဲ တည်မြဲတယ်လို့ မရှိပါဘူး၊ ဗိုလ်ချုပ်ကြီး။ ကျွန်တော် လူဆယ်ယောက်ကို ရွေးချယ်ထားခဲ့တယ်။ သူတို့ ဆန္ဒရှိရင် ယွင်ကျိုးကို လာရှာခိုင်းလိုက်ပါ။ ကျွန်တော်တို့ ပြန်ဆုံကြသေးတာပေါ့”

ဖုန်းဝူချန်က ခပ်ဖွဖွပြုံးရင်း လက်သီးဆုပ်ကာ ဂါရဝပြုလိုက်ပြီးနောက် စစ်စခန်းမှ လှည့်ထွက်သွားတော့သည်။

'တော်ပြီ... ဒီမှာဆက်နေလို့မဖြစ်ဘူး။ တော်ကြာ ဟိုအဘိုးကြီးနှစ်ယောက်နဲ့ စစ်သားတွေပြန်ရောက်လာရင် မျက်ရည်ချူတဲ့ ဇာတ်လမ်းတွေ လာဦးမယ်။ ငါက အဲ့ဒါမျိုးတွေနဲ့ အချိန်ကုန်မခံနိုင်ဘူး။'

အကယ်၍ သူသာ ယန်ထျန်းရှန်၊ စစ်ထူကျန့်ထျန်းနှင့် စစ်သည်များ ပြန်လာသည်အထိ စောင့်နေမည်ဆိုလျှင် ဖုန်းဝူချန်အတွက် ထွက်သွားရန်မှာ

သည်လောက် လွယ်ကူမည် မဟုတ်ပေ။

စခန်းတွင် တစ်လကြာ နေထိုင်ခဲ့ပြီး လက်နက်သန့်စင်ခြင်းနှင့် ဆေးပညာနှစ်မျိုးလုံးတွင် ပါဝင်လုပ်ဆောင်ခဲ့ကာ အကြီးအကဲ နှစ်ဦးကို လမ်းညွှန်ပေးခဲ့ရသဖြင့် သူ၏ကိုယ်ပိုင်ကျင့်ကြံချိန်ကို အတော်အတန် နှောင့်နှေးစေခဲ့ပြီး ဖြစ်သည်။

စစ်သည်များ ပြန်ရောက်လာပြီး ဖုန်းဝူချန် ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိလိုက်ရသောအခါ သူတို့ တစ်ယောက်ချင်းစီမှာ အတိုင်းအဆ မရှိသော ဝမ်းနည်းမှုကို ခံစားလိုက်ရပြီး သူတို့၏ မျက်ဝန်းများမှာ နှုတ်ဆက်ခွဲခွာလိုစိတ် မရှိခြင်းတို့ဖြင့် ပြည့်နှက်နေခဲ့သည်။

အစပိုင်းတွင် ဖုန်းဝူချန်ကို ကောင်းမွန်စွာ မဆက်ဆံခဲ့မိသည်ကို နောင်တရကာ၊ အမှန်တရားကို နောက်ကျမှ သိလိုက်ရသည်ကိုလည်း နောင်တရနေကြတော့၏။

“ဆရာဖုန်းက မင်းတို့ထဲက ဆယ်ယောက်ကို ရွေးချယ်သွားတယ်။ ဆန္ဒရှိရင် စခန်းကနေ ထွက်ပြီး ဆရာဖုန်းနောက်ကို လိုက်သွားနိုင်တယ်”

ယဲ့ချန်းချုံးက သက်ပြင်းချရင်း ပြောလိုက်သည်။ စစ်သည်များ၏ ဖုန်းဝူချန်နှင့် ခွဲခွာလိုစိတ် မရှိခြင်းကို သူ သဘာဝကျကျ သတိပြုမိလေသည်။

“လိန်မူချန်၊ ချီဟွမ်...”

ယဲ့ချန်းချုံးက စစ်သည်ဆယ်ယောက်၏ အမည်ကို တစ်ဆက်တည်း ခေါ်လိုက်ပြီးနောက် ညွှန်ကြားလိုက်၏။

“ဆရာဖုန်းက ဧကရာဇ် မြို့တော်မှာပဲ ရှိနေလောက်သေးတယ်။ ဆန္ဒရှိရင် သွားကြ။ ဧကရာဇ် မြို့တော်မှာ ရှာမတွေ့ရင် ယွင်ကျိုးကို သွားကြပေါ့”

လိန်မူချန်နှင့် အခြားကိုးယောက်မှာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီးနောက် လိန်မူချန်၏ ဦးဆောင်မှုဖြင့် ယဲ့ချန်းချုံးနှင့် အခြားဗိုလ်ချုပ်များကို လေးနက်စွာ ဦးညွှတ်လိုက်ကြသည်။

ထို့နောက် သူတို့သည် လျင်မြန်သော အရှိန်ဖြင့် စခန်းမှ ချက်ချင်း

ထွက်ခွာသွားကြ၏။ နှစ်ယောက်သာ ထွက်ခွာရန် မဆုံးဖြတ်ဘဲ ကျန်ရစ်ခဲ့သည်။

ယဲ့ချန်းချုံးက ကျန်ရစ်ခဲ့သော စစ်သည်နှစ်ယောက်ထံသို့ အကြည့်လွှဲကာ မေးလိုက်သည်။

“မင်းတို့က ဘာလို့ မသွားတာလဲ”

“ကျွန်တော်တို့ ဗိုလ်ချုပ်ကြီးနောက်ကို သေသည်အထိ လိုက်ဖို့ ကျိန်ဆိုပါတယ်”

စစ်သည်နှစ်ယောက်က တညီတညွတ်တည်း တုံ့ပြန်လိုက်ကြသည်။

“အာ...”

ယဲ့ချန်းချုံးက ညင်သာစွာ သက်ပြင်းချလိုက်သည်။

ထိုအခိုက်အတန့်မှာ…

“ဗိုလ်ချုပ်ကြီးကို သတင်းပို့ပါတယ်၊ နန်းတွင်း အကြံပေးနဲ့ မင်းသား ပြန်ရောက်လာပါပြီ”

ဗိုလ်ချုပ်တစ်ဦးက လျင်မြန်စွာ ပြေးလာပြီး သတင်းပို့၏။

ယန်ထျန်းရှန်နှင့် စစ်ထူကျန့်ထျန်းတို့သည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် စခန်းသို့ ရောက်ရှိလာကြသည်။

သို့သော် သူတို့ ရောက်ရှိလာသည့် အချိန်တွင် ဖုန်းဝူချန်မှာ မရှိတော့ပြီ။

“ဘာ... ဆရာက သွားပြီ”

စစ်ထူကျန့်ထျန်းက တုန်လှုပ်စွာ အော်ဟစ်လိုက်သည်။

“ဆရာ”

စစ်သည်များအားလုံး အံ့အားသင့်သွားကြသည်။

စစ်ထူကျန့်ထျန်းက ဖုန်းဝူချန်ကို ‘ဆရာ’ဟု ခေါ်လိုက်သည်တဲ့လား။

'ဆရာ... ဟုတ်လား။ ဘယ်တုန်းက…’

စစ်သည်များမှာ စိတ်ရှုပ်ထွေး

သွားကြသည်။

စစ်ထူကျန့်ထျန်းက ဖုန်းဝူချန်၏ တပည့် ဘယ်တုန်းက ဖြစ်သွားခဲ့သနည်း။

“နောက်ဆုံးတော့ နောက်ကျသွားတာပဲ”

ယန်ထျန်းရှန်က စိတ်ညစ်ညစ် ခေါင်းခါရင်း ညည်းညူလိုက်သည်။

“နန်းတွင်း အကြံပေး... ဘာဖြစ်လို့လဲခင်ဗျာ”

ယဲ့ချန်းချုံးက မေးလိုက်၏။

ယန်ထျန်းရှန်က အခွင့်အရေးကို လွဲချော်သွားသည့် အတွက် နောင်တရသော အပြုံးဖြင့် ပြောလိုက်၏။

“ဧကရာဇ်က အခုလေးတင်ပဲ အမိန့်ထုတ်ပြန်လိုက်တယ်။ ဆရာဖုန်းကို အင်ပါယာရဲ့ စစ်သူကြီးချုပ်အဖြစ် ခန့်အပ်လိုက်ပြီ။ သူက အလံနက် တပ်မတော်နဲ့ ကောင်းကင်အရိပ် မြင်းသည်တော် တပ်ဖွဲ့ကို ကိုယ်တိုင် ဦးဆောင်မှာ ဖြစ်ပြီး ဗိုလ်ချုပ်ကြီးကတော့ အင်ပါယာရဲ့ စစ်တပ် တစ်ခုလုံးကို တာဝန်ယူရမယ့် စစ်ဦးစီးချုပ်အဖြစ် တာဝန် ထမ်းဆောင်ရပါလိမ့်မယ်။ အမိန့်က ထုတ်ပြန်ပြီးသွားပြီ၊ အင်ပါယာရဲ့ အရာရှိ အားလုံးလည်း ဒီကိစ္စကို သိပြီးနေပါပြီ”

“စစ်သူကြီးချုပ်”

ရှိနေသူအားလုံးမှာ တစ်ဖန် ထပ်မံ

တုန်လှုပ်သွားကြပြီး မျက်လုံးများ ပြူးကျယ်သွားကြသည်။

ယဲ့ချန်းချုံးမှာ ခဏတာ ကြောင်အသွားပြီးနောက် ခေါင်းခါလိုက်ကာ…

“နန်းတွင်း အကြံပေး... ကျွန်တော် ပြောနိုင်တာကတော့ ဆရာဖုန်းဟာ ချုပ်နှောင်ထားလို့ ရမယ့် သူမျိုး မဟုတ်ဘူး။ ကျွန်တော်တို့ အင်ပါယာက သူ့ကို ထိန်းထားနိုင်မှာ မဟုတ်ဘူး။ သူက လူတွေကို ခေါ်သွားခွင့်

တောင်းတဲ့ အချိန်ကတည်းက ကျွန်တော် ဒါကို သိခဲ့တယ်”

ယန်ထျန်းရှန်က သက်ပြင်းချကာ ခေါင်းခါလိုက်ပြီး သူကိုယ်တိုင်လည်း စိတ်ပျက်နေမိ၏။

“တကယ် နှမြောစရာပဲ... ဟိုအရာရှိတွေတော့ စိတ်ပျက်နေကြတော့မှာပဲ”

ယန်ထျန်းရှန်မှာ တပည့်ပင် မခံရသေးဘဲ ဆရာဖုန်း ထွက်သွားသည့်အတွက် ဆရာဖုန်းကို ဘယ်တော့မှ ပြန်တွေ့ရမည်ကို မသိနိုင်တော့ပေ။

“ဧကရာဇ်က အမိန့် ထုတ်ပြန်ပြီးပြီ ဆိုတော့ စစ်သူကြီးချုပ် ရာထူးက ဆရာဖုန်းက လွဲပြီး ဘယ်သူမှ မပိုင်ဆိုင်ဘူး။ သူ အင်ပါယာထဲမှာ ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ သူက စစ်သူကြီးချုပ်ပဲ”

ယန်ထျန်းရှန်က ဆက်ပြောလေသည်။

သူ တရားဝင်တပည့် မဖြစ်သေးသော်လည်း ဖုန်းဝူချန်ကို သူ၏ ဆရာအဖြစ် သတ်မှတ်ထားပြီး ဖြစ်သည်။

“နန်းတွင်း အကြံပေး... ဆရာဖုန်းက လွန်ခဲ့တဲ့ တစ်နာရီကမှ ထွက်သွားတာ၊ ကျွန်တော်တို့ လိုက်သွားသင့်သလား”

လင်ကျန့်ထျန်းက မေးလိုက်သည်။

ယန်ထျန်းရှန်က ခေါင်းခါရင်း…

“မလိုပါဘူး၊ ဆရာဖုန်းက ဓားနဲ့ ပျံသန်းခြင်းကို ကျွမ်းကျင်တယ်။ အခုဆိုရင် ဧကရာဇ် မြို့တော်ကနေတောင် ထွက်သွားလောက်ပြီ”

...

စစ်စခန်းမှ ထွက်ခွာပြီးနောက် ဖုန်းဝူချန်သည် စည်ကားလှသော ဖေးယွင်မြို့သို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။

ဖေးယွင်မြို့တွင် သူ၏ ပထမဆုံးလုပ်ဆောင်မှုမှာ ဗိုက်ဖြည့်ရန် ဖြစ်ပါ၏။ ထို့နောက်မှာတော့ ဧကရာဇ်မြို့တော်မှ ယွင်ကျိုးသို့ ထွက်ခွာရန် စီစဉ်ထားသည်။

ဧကရာဇ်မြို့တော်မှာ မင်းမျိုးမင်းနွယ်များနှင့် အရာရှိကြီးများ၏ သားသမီးများဖြင့် ပြည့်နှက်နေပြီး ဖုန်းဝူချန်နှင့် လုံးဝ မသက်ဆိုင်ပေ။ ထို့ကြောင့် သူ ထိုနေရာတွင် နေရန် ရည်ရွယ်ချက် မရှိပါ။

'ဒီမြို့တော်ကြီးက... မင်းမျိုးမင်းနွယ်တွေ၊ အရာရှိသားသမီးတွေနဲ့ ပြည့်နေတာ။ ပြဿနာရှာမယ့် လူတွေနဲ့ မတွေ့ချင်ဘူး။'

သို့သော်ငြား… ဖုန်းဝူချန် ကြောက်ရွံ့နေခြင်းတော့ မဟုတ်။

သူ၏ ကျင့်ကြံမှုကို ထိခိုက်စေမည့် ပြဿနာများစွာကို မလိုလားခြင်းသာ ဖြစ်သည်။

ဧကရာဇ်က သူ့ကို စစ်သူကြီးချုပ်အဖြစ် ခန့်အပ်သည့်အမိန့်ကို ဖုန်းဝူချန် မသိခဲ့သလို၊ လိန်မူချန်နှင့် သူ၏အဖွဲ့မှာ သူ့ကိုရှာရန် စစ်စခန်းမှ ထွက်ခွာသွားပြီ ဖြစ်ကြောင်းကိုလည်း သူ မသိခဲ့ပေ။

ဖေးယွင်မြို့ရှိ နာမည်ကြီး စားသောက်

ဆိုင််တစ်ဆိုင် ဖြစ်သော "ထျန်းရှန်မျှော်စင်" သို့ ဝင်ရောက်လိုက်သည်။ ထိုဆိုင်မှာ လှပသော သီဆိုဖျော်ဖြေသည့် ကချေသည်မလေးများကြောင့် ကျော်ကြားပါ၏။ အရေးအကြီးဆုံးမှာ လှပပြီး ငယ်ရွယ်သော ဆိုင်ရှင်မလေးကြောင့်ပင်။

ထို့ကြောင့် ယောက်ျားအများအပြားမှာ သူမအတွက် လာရောက်ကြပြီး အရာရှိကြီးများ၏ သားသမီးများစွာလည်း ပါဝင်လေသည်။

စားသောက်ဆိုင်မှာ လှုပ်ရှားမှုများဖြင့် စည်ကားနေပြီး ဗဟိုစင်မြင့်ပေါ်တွင် ကချေသည်မလေးများက လှပစွာ ကခုန်နေကြသည်။

တစ်ယောက်ချင်းစီမှာ ဆွဲဆောင်မှုရှိစွာ သီဆိုကခုန်နိုင်ကြပြီး ယောက်ျားအားလုံး၏ အကြည့်များကို ဖမ်းစားထားကြသည်။ ထိုယောက်ျားများမှာ သွားရည်များကျကာ လက်များကို ပွတ်သပ်နေကြပြီး သားရဲများအဖြစ် ပြောင်းလဲသွားတော့မည့်အလားပင်။

ဖုန်းဝူချန်မှာ သူတို့ကို တစ်ချက်သာ ဝေ့ကြည့်ပြီးနောက် အပေါ်ထပ်သို့ တက်သွားလေသည်။

ဖုန်းဝူချန်သည် ရှုခင်းကို မနှစ်သက်၍တော့ မဟုတ်ဘဲ ဒုတိယထပ်ရှိ လက်ရန်းနဘေးမှ စားပွဲဝိုင်းကသာ ပို၍ သက်သောင့်သက်သာ ရှိနေသောကြောင့် ဖြစ်လေ၏။

သို့သော် ဖုန်းဝူချန်အား အံ့ဩသွားစေသည့် အချက်မှာ ယခုလို ကောင်းမွန်သော နေရာတွင် မည်သူတစ်ဦးတစ်ယောက်မျှ ထိုင်မနေခြင်းပင် ဖြစ်သည်။

ဖုန်းဝူချန်တစ်ယောက် ထိုသို့ တွေးကာ အံ့အားသင့်နေစဉ်မှာပင် သူ့ထံသို့ ကျရောက်လာသော အံ့ဩတကြီး စိုက်ကြည့်နေသည့် အကြည့်များစွာကို သတိပြုမိလိုက်သည်။

"ဒီစားပွဲမှာ ပြဿနာများ ရှိနေလို့လား"

ဖုန်းဝူချန်သည် စိတ်ထဲမှ တိတ်တိတ်ကလေး ရေရွတ်လိုက်မိ၏။

ထိုသူတို့၏ အကြည့်များထဲတွင် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု သူ ခံစားလိုက်ရသည်။

စားသောက်ဆိုင်၏ ဆိုင်ရှင်မလေးသည်လည်း ဖုန်းဝူချန်ကို မြင်သွားလေသည်။ သူမသည် မျက်မှောင်ကျုံ့လိုက်ပြီး ဒုတိယထပ်ဆီသို့ အလျင်အမြန် တက်လာခဲ့၏။

ထိုဆိုင်ရှင်မလေးမှာ အလွန်ပင် ချောမောလှပသည်ဟု ဆိုရပေမည်။

မီးလျှံကဲ့သို့ နီရဲသော တရုတ်ရင်ဖုံးဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး သူမ၏ ကိုယ်လုံးအလှမှာ အလွန်အမင်း ပြည့်တင်းစွင့်ကားလှ၏။ ကောက်ကြောင်းအလှတို့က အချိုးအစားကျလွန်းလှပြီး လှုပ်ရှားလိုက်တိုင်းတွင် ညှို့ဓာတ်ပြင်းသော အလှတရားတို့က ထွက်ပေါ်နေကာ နတ်မိမယ်လေး

တစ်ပါးနှင့်ပင် တူလှပေသည်။

ဆိုင်ရှင်မလေး တက်လာသည်ကို မြင်သောအခါ လူအများအပြား၏ မျက်နှာထက်တွင် သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းမြောက်နေသည့် အရိပ်အယောင်များ ထင်ဟပ်လာကြသည်။

ထိုအဖြစ်က ဖုန်းဝူချန်ကို ပို၍ပင် နားမလည်နိုင် ဖြစ်သွားစေတော့သည်။ မည်သည့်အကြောင်းကြောင့်မှန်း သူ လုံးဝ မခန့်မှန်းနိုင်ခဲ့ပေ။

"မောင်လေး ရုပ်ရည်က တော်တော်ချောတာပဲ... ထျန်းရှန်မျှော်စင်ကို ပထမဆုံးအကြိမ် ရောက်ဖူးတာလား"

ဆိုင်ရှင်မလေးက ညင်သာစွာ မေးလိုက်၏။

သူမ၏ သာယာချိုမြိန်သော အသံသည် ထိုနေရာရှိ ယောကျ်ားသားတို့၏ နှလုံးသားကို လှုပ်ခတ်သွားစေသည်။

ဆိုင်ရှင်မလေးက အလွန်ပင် ဆွဲဆောင်မှုရှိလှရာ ဖုန်းဝူချန်ပင်လျှင် ဒုတိယအကြိမ် ထပ်မံ၍ ငေးကြည့်မိသွား၏။

ထို့နောက် သူက ခေါင်းညိတ်ပြရင်း ပြန်မေးလိုက်သည်။

"ဟုတ်ပါတယ်... ဘာဖြစ်လို့လဲဗျ"

"ပထမဆုံးအကြိမ် ရောက်ဖူးတာဆိုရင်တော့ အစ်မက သတိပေးပါရစေ... ဒုက္ခမရောက်ချင်ရင်တော့ နေရာပြောင်းထိုင်လိုက်ပါ"

ဆိုင်ရှင်မလေးက ညင်သာစွာ ဆိုလေသည်။

"ညီလေး... အဲ့ဒါက သခင်လေးဝမ်ရဲ့ နေရာကွ... ဘယ်သူမှ ထိုင်ရဲကြတာ မဟုတ်ဘူး"

အနီးအနားမှ သက်လတ်ပိုင်းအရွယ် လူကြီးတစ်ဦးက ဝင်ပြောလိုက်သည်။

"ဒီလိုကိုး"

ဖုန်းဝူချန် ခေါင်းညိတ်လိုက်သည်။

ဤနေရာတွင် မည်သူမျှ အဘယ်ကြောင့် မထိုင်ကြသည်ကို ယခုမှပင် သူ သဘောပေါက်သွားတော့သည်။ ဩဇာအာဏာရှိသော ပုဂ္ဂိုလ်ကြီးတစ်ဦးအတွက် သီးသန့်နေရာ ဖြစ်နေ၍ပါတကား။

ဖုန်းဝူချန်တစ်ယောက် နေရာပြောင်းရန် ဟန်ပြင်လိုက်စဉ်မှာပင် စူးရှအေးစက်လှသော အသံတစ်ခု ထွက်ပေါ်လာလေသည်။

"ဘယ်ကောင်ကများ ဒီလောက် သတ္တိကောင်းပြီး ငါ့နေရာမှာ လာထိုင်နေရတာလဲ"

"သခင်လေးဝမ် ရောက်လာပြီ"

စားသောက်ဆိုင်ထဲရှိ လူများ၏ မျက်နှာများထက်တွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ချက်ချင်း ထင်ဟပ်သွားကြသည်။

ဆိုင်ရှင်မလေးက ခေါင်းကိုသာ ခါယမ်းလိုက်ရင်း ညင်သာစွာ ဆို၏။

"မောင်လေးရယ်... ကိုယ့်ဒုက္ခကိုယ်ရှင်းတော့... အစ်မလည်း မကူညီနိုင်တော့ဘူး"

ထိုစဉ် အသက်သုံးဆယ်ကျော် အရွယ်ခန့်ရှိ အဖြူရောင် ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် ဒုတိယထပ်ဆီသို့ တက်လာသည်။ သူ့နောက်တွင်တော့ ကိုယ်ရံတော် ခြောက်ယောက် တပါတည်း လိုက်ပါလာ၏။

ထိုခေါင်းဆောင်ဖြစ်ဟန်တူသော လူငယ်မှာ သခင်လေးဝမ်... ဝမ်ဟဲပင် ဖြစ်လေသည်။

"သခင်လေးဝမ်... နောက်ဆုံးတော့ ရောက်လာပြီပေါ့"

ဆိုင်ရှင်မလေးက ဆွဲဆောင်မှုရှိသော အပြုံးလေးဖြင့် ရှေ့သို့တိုးကာ ကြိုဆိုလိုက်သည်။

"အမယ်လေး... ငါ့ရဲ့ ချစ်ရသူလေး... မင်းကို အရမ်းလွမ်းနေတာ"

ဝမ်ဟဲသည် ဆိုင်ရှင်မလေး၏ သွယ်လျသော ခါးလေးကို မဆိုင်းမတွပင် ဆွဲဖက်လိုက်ပြီး ပတ်ဝန်းကျင်တွင် လူများရှိနေသည်ကိုပင် ဂရုမစိုက်ဘဲ မထီမဲ့မြင် ပုံစံဖြင့် ပြုမူနေတော့သည်။

ဆိုင်ရှင်မလေးက အလျင်အမြန်ပင် ရုန်းထွက်လိုက်ပြီး ဝမ်ဟဲအား မျက်စောင်းတစ်ချက်ထိုးကာ ချစ်စဖွယ် ငေါ့လိုက်သည်။

"တော်တော်ခက်တဲ့လူပဲ"

ထိုစဉ် ကိုယ်ရံတော် တစ်ဦးက ဖုန်းဝူချန်အား တားဆီးထားရင်း ဝမ်ဟဲကို ရိုသေစွာ မေးမြန်းလိုက်၏။

"သခင်လေး... ဒီကောင့်ကို ဘယ်လို အပြစ်ပေးရပါမလဲ"

"သခင်လေးဝမ်... သူက ကလေးလေး တစ်ယောက်ပါပဲ... သူ့ကို အရေးတယူ လုပ်မနေပါနဲ့တော့လား"

ဆိုင်ရှင်မလေးက ဖုန်းဝူချန်ဘက်မှ ဝင်၍ ပြောပေးရန် ကြိုးစားလိုက်သည်။

"ဒီနေ့တော့ ငါ့ချစ်သူလေး မျက်နှာနဲ့တောင် ခွင့်မလွှတ်နိုင်ဘူး... ဒီနေ့ ဒီကောင် ငါ့နေရာမှာ ထိုင်ရဲရင်... မနက်ဖြန်ကျ ငါ့ကို အဖက်မလုပ်တဲ့ကောင် ပေါ်လာလိမ့်မယ်"

ဝမ်ဟဲက ခေါင်းခါလိုက်ပြီး ဖုန်းဝူချန်ကို ရက်စက်ကြမ်းကြုတ်စွာ စိုက်ကြည့်ကာ အေးစက်စွာ အော်ဟစ်လိုက်သည်။

"သတ်လိုက်စမ်း"

ဆိုင်ရှင်မလေးသည် ဖုန်းဝူချန်အား အားတုံ့အားနာဖြင့် ကြည့်လိုက်သည်။

သူမအနေနှင့် ဝင်ပါရန် သတ္တိလည်း မရှိတော့ပေ။

ထို့အပြင် သူမနှင့် ဖုန်းဝူချန်သည် မတော်တဆ တွေ့ဆုံမိသော သူစိမ်းများသာ ဖြစ်ရာ၊ မည်သို့မျှ မသိကျွမ်းသော လူငယ်လေး တစ်ယောက်အတွက်နှင့်တော့ သူမ၏ အသက်ကို စတေးရန် မလိုအပ်ဟု တွေးလိုက်မိလေ၏။

All Chapters