← Chapters

တာဝန်

Vol. 5 Ch. 66

တာဝန်

Vol. 5 Ch. 66

~"ဝမ်ဟဲ... မင်းမှာ နောက်ဆုံးပြောချင်တာများ ရှိသေးလား။"

ဖုန်းဝူချန်က အမူအရာမဲ့စွာဖြင့် လျှောက်လှမ်းလာရင်း အေးစက်စွာ မေးမြန်းလိုက်သည်။

ဝမ်ဟဲ၏ မျက်လုံးများမှာ မျှော်လင့်ချက်ကင်းမဲ့နေလေပြီ။ သူ တုန်တုန်ယင်ယင်ဖြင့် မြေပေါ်တွင် ဒူးထောက်ကာ ဦးခေါင်းဖြင့်တိုက်လျက် ကရုဏာ တောင်းခံတော့သည်။

"စစ်သူကြီးချုပ်... ကျွန်တော့်အသက်ကို ချမ်းသာပေးပါ... ကျေးဇူးပြုပြီးတော့ပါ။ ကျွန်တော် မျက်စိကန်းပြီး စစ်သူကြီးချုပ်ကို စော်ကားမိတာပါ။ ကျေးဇူးပြုပြီး ဒီတစ်ခါတော့ ကျွန်တော့်ကို လွှတ်ပေးပါခင်ဗျာ။"

"အဲ့ဒါ မင်းရဲ့နောက်ဆုံးစကားပဲလား။"

ဖုန်းဝူချန်က အေးစက်စွာ မေးခွန်းထုတ်၏။

ဝမ်ဟဲတစ်ကိုယ်လုံး တုန်လှုပ်သွားတော့သည်။ ဖုန်းဝူချန်၏ အသံထဲမှ သူ့ကိုသတ်ရန် ဆုံးဖြတ်ထားသည့် စိတ်ပိုင်းဖြတ်မှုကို သူကြားလိုက်ရသောကြောင့်ပင်။

မီးလျှံဓားကို ကိုင်ဆောင်လျက် တစ်လှမ်းချင်း ချဉ်းကပ်လာသော ဖုန်းဝူချန်ကို ကြည့်ရင်း ဝမ်ကျုံးရှန်မှာ အလွန်အမင်း ထိတ်လန့်သွားပြီး အလျင်အမြန်ပင် ချမ်းသာပေးဖို့ တောင်းပန်လေတော့သည်။

"စစ်သူကြီးချုပ်... အားလုံးက ကျွန်တော်မျိုး သားသမီးကို စနစ်တကျ မဆုံးမခဲ့မိလို့ပါ...။ အကယ်၍ သတ်ချင်တယ်ဆိုရင်တောင် ကျွန်တော်မျိုးကိုသာ သတ်ပါ... ဒါပေမဲ့ ဝမ်ဟဲရဲ့အသက်ကိုတော့ ချမ်းသာပေးပါခင်ဗျာ။"

"ခင်ဗျား သားသမီးကို မဆုံးမတာက ခင်ဗျားကိစ္စပဲ...ကျုပ်နဲ့ မဆိုင်ဘူး။"

ဖုန်းဝူချန်က ခပ်ပေါ့ပေါ့ပင် တုံ့ပြန်လိုက်သည်။

...

ဝမ်ဟဲထံသို့ ရောက်သောအခါ ဖုန်းဝူချန်က ထပ်ပြောသည်။

"ငါက အာဏာပြပြီး သူများကို အနိုင်ကျင့်နေတာ မဟုတ်ဘူးဆိုတာ လူတိုင်းသိအောင်... စကားနည်းနည်းလောက် ပြောဖို့ လိုအပ်တယ်လို့ ငါထင်တယ်။"

"ငါ ဒီနေ့မှ ဖေးယွင်မြို့ကို ရောက်တာ။ ထျန်းရှန် မျှော်စင်ကို သွားတဲ့အခါ လူမရှိတဲ့နေရာတစ်ခု တွေ့လို့ ထိုင်လိုက်တယ်။ ဆိုင်ရှင်က အဲ့ဒါ ဝမ်ဟဲရဲ့နေရာလို့ ပြောတယ်။ ပြဿနာမဖြစ်ချင်လို့ ငါလည်း ဘာမှမပြောဘူး။ ဒါပေမဲ့ ဝမ်ဟဲရောက်လာတော့ ဘာမဟုတ်တဲ့ ကိစ္စလေး တစ်ခုအတွက်နဲ့ ငါ့ ကိုသတ်ချင်နေတယ်။ ထျန်းရှန် မျှော်စင်က လူတော်တော်များများ ဒါကို ရှင်းရှင်းလင်းလင်း မြင်ကြမယ်လို့ ငါယုံကြည်တယ်... အထူးသဖြင့် ဆိုင်ရှင်ပေါ့လေ။"

ဖုန်းဝူချန်က ခပ်ပေါ့ပေါ့ပင် ရှင်းပြလိုက်သည်။

ဤအချိန်တွင် ဝမ်ကျုံးရှန်ကို ကြည့်ရင်း ဖုန်းဝူချန်က မေးခွန်းထုတ်သည်။

"သခင်ကြီးဝမ်... အခု ငါက ခင်ဗျားသားကို သတ်တော့မယ်... ခင်ဗျားမှာ ဘာပြောချင်တာများ ရှိသေးလဲ။"

"..."

ဝမ်ကျုံးရှန်မှာ ပြန်ပြောစရာ စကားလုံးမရှိတော့ဘဲ ဝမ်ဟဲ၏ မောက်မာမှုနှင့် ထင်ရာစိုင်းမှုတို့ကြောင့် ကြိတ်၍သာ ကျိန်ဆဲနေမိတော့သည်။

"သခင်ကြီးဝမ်... အကယ်၍သာ ဧကရာဇ်မင်းက ဒီအဖြစ်အပျက်ကို သိသွားခဲ့ရင်... စစ်သူကြီးချုပ်ဘွဲ့ ချီးမြှင့်ခံရပြီး မကြာခင်မှာပဲ ခင်ဗျားက အထက်အရာရှိကို အာခံပြီး ဧကရာဇ်မင်းကို အလေးမထားဘူးဆိုတာကိုပေါ့... ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမယ်လို့ ခင်ဗျားထင်လဲ။"

စစ်ထူကျန့်ထျန်းက မည်းမှောင်သော ဒေါသဖြင့် ဆိုလိုက်သည်။

ထိုစကားကို ကြားသောအခါ ဝမ်ကျုံးရှန်မှာ ကြောက်လန့်တကြား တစ်ကိုယ်လုံး တုန်လှုပ်သွားပြီး သူ၏မျက်နှာမှာ ဖြူဖျော့သွားလေသည်။

အကယ်၍သာ ဧကရာဇ်မင်းက ဤအခြေအနေကို သိရှိသွားပါက ဝမ်ကျုံးရှန်နှင့် ဝမ်ဟဲတို့ အသက်ချမ်းသာရာ ရမရကို ဆိုဖွယ်မရှိ... သူတို့အားလုံး ဆက်နွှယ်နေသူများနှင့်တကွ မိသားစုလိုက် အပြစ်ပေးခံရပေလိမ့်မည်။

"စစ်သူကြီးချုပ်... ကျွန်တော် အမှားကို သိပါပြီ... ကျွန်တော် ပြောင်းလဲပါ့မယ်...။ စစ်သူကြီးချုပ်... ကျေးဇူးပြုပြီး ဒီတစ်ခါတော့ ကျွန်တော့်ကို ချမ်းသာပေးပါခင်ဗျာ။"

ဝမ်ဟဲက အသည်းအသန် တောင်းပန်ရင်း ဦးခေါင်းဖြင့် မြေကြီးကို အစွမ်းကုန် တိုက်ကာ အသနားခံနေတော့သည်။

'ငါ... ငါဘာလို့ အစကတည်းက ဒီပြဿနာကို သွားရှာမိပါလိမ့်။'

အားလုံးမှာ နောက်ကျသွားခဲ့ပြီ။ အချိန်မရှိတော့ပေ။

"စစ်သူကြီးချုပ်ကို စော်ကားတာက ခွင့်လွှတ်နိုင်စရာရှိသေးတယ်... ဒါပေမဲ့ မင်းက သူ့ကိုသတ်ချင်ခဲ့တယ်...။ မင်းမှာ အသက်ရှင်ဖို့ ထိုက်တန်သေးတယ်လို့ ထင်နေတုန်းပဲလား။"

ချီဟွမ်က အေးစက်စွာ နှာခေါင်းရှုံ့ရင်း မထီမဲ့မြင် ဆိုလိုက်သည်။

"စစ်သူကြီးချုပ်... သူ့ကိုသတ်လိုက်ပါ။"

စစ်သည်များနှင့် အရာရှိများက ဒေါသတကြီး အော်ဟစ်ကြသည်။

စစ်သည်များအတွက်တော့ ဖုန်းဝူချန်၏ အဆင့်အတန်းမှာ အလွန်မြင့်မားသွားခဲ့ပြီး နတ်ဘုရားတစ်ပါးကဲ့သို့ ကိုးကွယ်ခံနေရပြီ ဖြစ်သည်။

ဖုန်းဝူချန်ကို တောင်းပန်ခြင်းမှာ အသုံးမဝင်တော့သောကြောင့် ဝမ်ဟဲက ယန်ထျန်းရှန်ထံသို့ မျက်ရည်ခံထိုးတော့သည်။

"နန်းတွင်းအကြံပေး... မင်းသား... ဗိုလ်ချုပ်ကြီး... ကျွန်တော့်အသက်ကို ချမ်းသာပေးပါ... ကျေးဇူးပြုပြီးတော့... ကျွန်တော် မသေချင်ပါဘူးခင်ဗျာ။"

"ဝှစ်။"

ဖုန်းဝူချန်၏ လက်ထဲမှ မီးလျှံဓားသွားမှာ သနားညှာတာမှု အလျဉ်းမရှိဘဲ ဝမ်ဟဲ၏ လည်ပင်းကို ဖြတ်ပိုင်းသွားလေသည်။

‘ဝီ’ခနဲ အသံနှင့်အတူ သူ၏လည်ပင်းပေါ်တွင် သွေးစီးတန်း တစ်ခု ချက်ချင်းပေါ်ထွက်လာသည်။ ဝမ်ဟဲ၏ မျက်လုံးများ ပြူးကျယ်သွားပြီး နောက်တစ်စက္ကန့်တွင်တော့ သွေးများ ပန်းထွက်လာတော့၏။

"အား"

ဝမ်ဟဲ လဲကျသွားသည်ကို မြင်သောအခါ ဝမ်ကျုံးရှန်မှာ အလွန်အမင်း ဝမ်းနည်းပူဆွေးစွာ အော်ဟစ်လိုက်တော့သည်။

ဝမ်ဟဲမှာ ဖုန်းဝူချန်၏ လက်ထဲတွင် ရက်စက်စွာ အသတ်ခံလိုက်ရပြီး ရှိနေသူ မည်သူ တစ်ဦးတစ်ယောက်မှ သူ့အပေါ် မသနားမိကြပေ။

ဆန့်ကျင်ဘက်အနေဖြင့် များစွာသောသူတို့မှာ အလွန်အမင်း စိတ်သက်သာရာ ရသွားကြသည်။

"စစ်သူကြီးချုပ်... အထက်အရာရှိကို အာခံတဲ့ တခြားသူတွေကိုကော ဘယ်လိုလုပ်ရမလဲ... သူတို့အားလုံးကို ကွပ်မျက်လိုက်ရမလား။"

လင်းကျန့်ထျန်းက လေးစားစွာ မေးမြန်းလိုက်သည်။

ဖုန်းဝူချန်မှာ အင်ပါယာ၏ စစ်သူကြီးချုပ်အဖြစ် ချီးမြှင့်ခံထားရပြီး သူ၏အဆင့်အတန်းမှာ ယခုအခါ ယဲ့ချန်းချုံးနှင့် တန်းတူဖြစ်နေကာ အင်ပါယာ၏ အရာရှိများကို ဆုံးဖြတ်ပိုင်ခွင့် အာဏာရှိနေလေပြီ။

လင်းကျန့်ထျန်း၏ စကားများက ဝမ်အိမ်တော်မှ အရာရှိများနှင့် ကိုယ်ရံတော်များကို ကြောက်လန့်တကြား ဖြစ်သွားစေခဲ့သည်။

ဖုန်းဝူချန်၏ လက်ရှိရာထူး စစ်သူကြီးချုပ်အနေဖြင့် စကားတစ်ခွန်းတည်းဖြင့် သူတို့အားလုံး သေဆုံးသွားနိုင်သည် မဟုတ်ပါလား။

ပဉ္စမတန်းစား အရာရှိများမှာ အင်ပါယာ၏ အလယ်အလတ်တန်းစား အရာရှိများသာဖြစ်ပြီး ယဲ့ချန်းချုံးမှာ ပထမတန်းစား အရာရှိဖြစ်ကာ ဝမ်ကျုံးရှန်ထက် များစွာ သာလွန်နေလေသည်။

ဖုန်းဝူချန် ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဆိုလိုက်သည်။

"သူတို့ကို ရာထူးက ထုတ်ပယ်လိုက်ပါ... မသိနားမလည်တဲ့ တခြားသူတွေကတော့ အပြစ်မရှိပါဘူး။"

"ဟုတ်ကဲ့။"

လင်ကျန့်ထျန်းက လေးစားစွာ တုံ့ပြန်လိုက်ပြီး အလံနက်တပ်မတော်မှ စစ်သည်အချို့ကို ရှေ့သို့တိုးလာရန် လက်ဟန်ပြကာ သူတို့၏ အရာရှိဦးထုပ်များကို ဖယ်ရှားခိုင်းလိုက်သည်။

ဝမ်ကျုံးရှန်နှင့် အခြားအရာရှိများ ချက်ချင်းပင် စိတ်ဓာတ်ကျသွားကြပြီး ဝမ်ဟဲကြောင့် သူတို့အားလုံး ရာထူးမှ ထုတ်ပယ်ခံရသည့်အတွက် ရင်ထဲတွင် မကျေနပ်မှုများ ပြည့်နှက်နေတော့သည်။

ကျောက်ဖေးနှင့် ဝမ်အိမ်တော်မှ ကိုယ်ရံတော်များစွာမှာ လုံးဝ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြပြီး ငရဲမှ နတ်ပြည်သို့ ပြန်ရောက်လာသကဲ့သို့ ခံစားလိုက်ကြရသည်။ သူတို့၏ တင်းမာနေသော အာရုံကြောများ ပြေလျော့သွားပြီးမှသာ သူတို့၏ ကျောပြင်များမှာ ချွေးစေးများဖြင့် စိုစွတ်နေပြီဖြစ်ကြောင်း သတိပြုမိကြတော့သည်။

"ကျေးဇူးတင်ပါတယ် စစ်သူကြီးချုပ်။"

ကျောက်ဖေးနှင့် ကိုယ်ရံတော်များစွာ ဒူးထောက်ကာ ကျေးဇူးတင်စကား ဆိုကြသည်။

"နန်းတွင်းအကြံပေး... မင်းသား... ဗိုလ်ချုပ်ကြီး... ကျွန်တော် ခွင့်ပြုပါဦး။"

ဖုန်းဝူချန်က လက်နှစ်ဖက်ကို အနည်းငယ် ယှက်လျက် ဆိုလိုက်သည်။

"ဆရာ... ဘယ်ကိုသွားမလို့လဲ။"

စစ်ထူကျန့်ထျန်းက ဖုန်းဝူချန်၏ တပည့်ဖြစ်ကြောင်း ထုတ်ဖော်ရန် မရှက်ရွံ့ဘဲ အလျင်အမြန် မေးလိုက်သည်။

"ယွင်ကျိုးကိုပါ။"

ဖုန်းဝူချန်က ခပ်ပေါ့ပေါ့ပင် ဆို၏။

"သွားရာလမ်း သတိထားပါ စစ်သူကြီးချုပ်။"

ယန်ထျန်းရှန်နှင့် ယဲ့ချန်းချုံးတို့ အပါအဝင် အခြားသူများအားလုံး သူ့အား ဂါရဝပြုလိုက်ကြသည်။

"နန်းတွင်းအကြံပေး... မင်းသား... ဗိုလ်ချုပ်ကြီး... ခင်ဗျားတို့ရဲ့ လေ့ကျင့်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ အကယ်၍ အင်ပါယာမှာ ဒုက္ခရောက်ခဲ့ရင် ကျွန်တော်တို့ မလွဲမသွေ ပြန်လာခဲ့ပါ့မယ်။"

ချီဟွမ်နှင့် အခြားသူများ လေးစားစွာ ဦးညွှတ်လိုက်ကြသည်။

"သေချာ ကြိုးစားကျင့်ကြံကြ... စစ်သူကြီးချုပ်ကို စိတ်မပျက်စေနဲ့။"

ယဲ့ချန်းချုံးက အကြံပြုလိုက်သည်။

"ဟုတ်ကဲ့။"

ရှစ်ယောက်သား တစ်ဖန် လေးစားစွာ ဦးညွှတ်လိုက်ကြသည်။

"ခရီးလမ်း သာယာပါစေ စစ်သူကြီးချုပ်။"

အလံနက်တပ်မတော်နှင့် ကောင်းကင်အရိပ်မြင်းသည်တော်တပ်ဖွဲ့မှ စစ်သည်များ လေးစားစွာ အော်ဟစ်လိုက်ကြပြီး သူတို့၏ မျက်လုံးများမှာ နှုတ်ဆက်ခွဲခွာရန် ဝန်လေးမှုများဖြင့် ပြည့်နှက်နေသည်။ သူတို့၏ ဟိန်းဟောက်သော အသံများမှာ ဖေးယွင်မြို့တစ်မြို့လုံးတွင် တစ်ဖန် ပဲ့တင်ထပ်သွားလေ၏။

ဤအရာက စစ်သည်များ၏ ဖုန်းဝူချန်အပေါ် လေးနက်သော လေးစားမှုကို ပြသနေပြီး ဖေးယွင်မြို့မှ လူများ၏ သွေးများကို ဆူပွက်စေခဲ့သည်။

မည်မျှ ကြီးမားသော ဂုဏ်သိက္ခာပါနည်း... မည်မျှ အားကျဖွယ် ကောင်းလှပါသနည်း။

ဖုန်းဝူချန်နှင့် သူ၏အဖော်များ မြို့တံခါးမှ ထွက်ခွာသွားသည်ကို လူတိုင်း ကြည့်ရှုနေကြပြီး သူတို့၏ မျက်လုံးများမှာ လေးစားမှုများဖြင့်သာ ပြည့်နှက်နေတော့သည်။

မရှေးမနှောင်းမှာ အင်ပါယာမြို့တော် တစ်ခုလုံးမှာ ယွင်ကျိုးကို တုန်လှုပ်စေခဲ့သော ဆရာဖုန်းဟု လူသိများသည့် အင်ပါယာမှ လူငယ်စစ်သူကြီးချုပ် တစ်ဦး၏ ဒဏ္ဍာရီများဖြင့် ဆူညံသွားလိမ့်မည်ဟု ယုံကြည်ရပေသည်။

လိန်မူချန်နှင့် အခြားခုနစ်ယောက်မှာ ဖုန်းဝူချန်၏ နောက်ကွယ်မှ အနီးကပ် လိုက်ပါသွားကြသည်။ သူတို့ ဆုံးဖြတ်ချက်ချပြီးဖြစ်ရာ သူတို့၏ စကားကို ပြန်မပြင်ကြတော့ပေ။

တစ်နာရီအကြာတွင် ဖုန်းဝူချန်နှင့် သူ၏အဖွဲ့မှာ တောင်တန်းများ၏ နက်ရှိုင်းသောနေရာသို့ ရောက်ရှိသွားကြသည်။

လူရှစ်ယောက်မှာ တစ်တန်းတည်း ရပ်နေကြပြီး သူတို့၏ အကြည့်များမှာ လေးစားမှုများဖြင့် ပြည့်နှက်နေသည်။ သူတို့၏ အမည်များမှာ ချီဟွမ်၊ လိန်မူချန်၊ ခွမ်းကျန့်၊ ရွှယ်ဖုန်း၊ နျဲ့ကျုံး၊ တောက်ဟွမ်၊ သွမ့်ထျန်းဖုန်း၊ ဟော့မင်တို့ ဖြစ်ကြသည်။

ဖုန်းဝူချန်က ပြောလိုက်၏။

"သေချာ စဉ်းစားကြ... ငါ့နောက်ကို လိုက်ပြီဆိုတာနဲ့ နောက်ပြန်လှည့်လို့ မရတော့ဘူး။ ဆိုလိုတာက မင်းတို့က အင်ပါယာရဲ့ စစ်သည်တွေ မဟုတ်တော့ဘူး... ငါ့ရဲ့လက်အောက်ငယ်သားတွေပဲ။"

"စစ်သူကြီးချုပ်နောက်ကို သေသည်အထိ လိုက်ပါမည်ဟု သစ္စာဆိုပါတယ်။"

ချီဟွမ်နှင့် အခြားခုနစ်ယောက်မှာ တစ်ခဏမျှပင် တွန့်ဆုတ်ခြင်းမရှိဘဲ တုံ့ပြန်လိုက်ကြသည်။

"သိပ်ကောင်းတယ်။"

ဖုန်းဝူချန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး သူ၏ သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းအချို့ကို ထုတ်ယူကာ ပြောပြလိုက်သည်။

"ဒါက မြေကမ္ဘာအဆင့် ကျင့်ကြံခြင်းသိုင်းကွက်ဖြစ်တဲ့ နဂါးကိုးကောင် ကောင်းကင်တိုက်ပွဲသိုင်းကွက်နဲ့ လျှပ်တပြက် နေရာ ရွှေ့ပြောင်းသိုင်းကွက်တစ်ခုပဲ။ ဒါက ကြောက်စရာကောင်းလောက်အောင် အားကောင်းတဲ့ နေရာ ရွှေ့ပြောင်းသိုင်းကွက်တစ်ခုပဲ။ ပြီးတော့ မင်းတို့အတွက် ငါပြင်ဆင်ထားတဲ့ အားကောင်းတဲ့ ဓားသိုင်းကွက်တချို့နဲ့ ဆေးလုံးတွေလည်း ရှိသေးတယ်။"

ထိုစကားကို ကြားသောအခါ ချီဟွမ်နှင့် အခြားခုနစ်ယောက်မှာ တုန်လှုပ်လွန်း၍ မျက်လုံးများ ပြူးကျယ်သွားကြပြီး လုံးဝ မှင်တက်သွားကြတော့သည်။

" မြေ... မြေကမ္ဘာအဆင့် ကျင့်ကြံခြင်း သိုင်းကွက်။"

ထိုစကားလုံးများက ရှစ်ယောက်သားကို လုံးဝ မှင်သက်သွားစေခဲ့သည်။ ဖုန်းဝူချန် နောက်ပိုင်း ပြောသော စကားများကို သူတို့ ကြားဟန် မတူတော့ပေ။

ဖုန်းဝူချန်က ပစ္စည်းများကို ချီဟွမ်ထံသို့ ပေးအပ်လိုက်ပြီး ညွှန်ကြားလိုက်သည်။

"မင်းတို့မှာ တာဝန်တစ်ခုရှိတယ်။ ချက်ချင်း ထျန်းကျိုးကို သွားပြီးတော့ မင်းတို့ရဲ့အတွေ့အကြုံနဲ့ ဓားဆောင်

တစ်ခု တည်ဆောက်ဖို့ နေရာကောင်းတစ်ခု ရှာလိုက်ပါ။ ရှစ်လအတွင်းမှာ ငါထျန်းကျိုးကို ပြန်လာမယ်။ ဒီအချိန်အတွင်းမှာ မင်းတို့ ဒီသိုင်းကွက်တွေနဲ့ ဓားသိုင်းကွက်တွေကို လေ့ကျင့်ထားကြ။ မင်းတို့ရဲ့ကျင့်ကြံမှုကို တတ်နိုင်သလောက် တိုးတက်အောင်လုပ်ထားကြ။"

"ဟုတ်ကဲ့။"

ချီဟွမ်နှင့် အခြားသူများမှာ သတိပြန်ဝင်လာပြီးနောက် လေးစားစွာ တုံ့ပြန်လိုက်ကြသည်။

ဤအရာအားလုံးမှာ ရုတ်တရက်ဆန်ပြီး ပျော်ရွှင်ဖွယ်ကောင်းကာ မမျှော်လင့်ထားသည့်အတွက် သူတို့ ထိုတစ်ခဏတွင်တော့ လက်ခံရန် ခက်ခဲနေခဲ့သည်။

မြေကမ္ဘာအဆင့် ကျင့်ကြံခြင်းသိုင်းကွက်တဲ့လား။ ဒါက အိပ်မက်တစ်ခုလား။

အင်ပါယာအတွက်တော့ ထိုသို့သော သိုင်းကွက်မှာ ဒဏ္ဍာရီတစ်ခုဖြစ်ပြီး မရေမတွက်နိုင်သော လူများ ရရှိရန် အိပ်မက်မက်ကြရသော ရတနာတစ်ခုဖြစ်သည်။

သို့သော်လည်း ထိုသို့သော တပ်မက်ဖွယ်ကောင်းသည့် ရတနာကို ဆရာဖုန်းက သူတို့ကို လေ့ကျင့်ရန် ပေါ့ပေါ့ပါးပါးပင် ပေးအပ်လိုက်သည်။

ထိုသိုင်းကွက်မှာ ကြောက်မက်ဖွယ် ကောင်းလောက်ပြီ

ဖြစ်ရာ အခြားသော ဓားသိုင်းကွက်များမှာလည်း သံသယဖြစ်ဖွယ်မရှိ ထူးခြားနေမည်မှာ သေချာသည်။

ညွှန်ကြားချက်များ ပေးပြီးနောက် ဖုန်းဝူချန် ထွက်ခွာသွားလေသည်။

ချီဟွမ်နှင့် အခြားသူများမှာ အလွန်အမင်း တုန်လှုပ်ခြောက်ခြားနေသည့် အခြေအနေတွင် ရှိနေကြဆဲပါပင်။

လိန်မူချန်က မယုံနိုင်စွာ မေးလိုက်သည်။

"ချီဟွမ်... ငါတို့ ကြားတာ မှန်ရဲ့လား...။ စစ်သူကြီးချုပ်က တကယ်ကြီး မြေကမ္ဘာအဆင့် ကျင့်ကြံခြင်းသိုင်းကွက်လို့ ပြောလိုက်တာလား။ ပြီးတော့ လျှပ်တပြက် နေရာ ရွှေ့ပြောင်းသိုင်းကွက်

အကြောင်းလည်း ပြောသေးတယ်။ ငါ အဲ့ဒါကို တစ်ခါမှ မကြားဖူးဘူး။"

"မ... မမှားပါဘူး...။ ဒါက တကယ်ပဲ မြေကမ္ဘာအဆင့် ကျင့်ကြံခြင်းသိုင်းကွက်ပဲ။ နဂါးကိုးကောင် ကောင်းကင်တိုက်ပွဲ

သိုင်းကွက်တဲ့။"

ချီဟွမ်က တုန်လှုပ်နေဆဲဖြစ်သော်လည်း တုန်ယင်သော အသံဖြင့် အတည်ပြုလိုက်သည်။

"စစ်သူကြီးချုပ်က မြေကမ္ဘာအဆင့် ကျင့်ကြံခြင်းသိုင်းကွက်ကို ဘယ်က ရခဲ့တာလဲ။ သူ ငါတို့ကို ဒီ မြေကမ္ဘာအဆင့်သိုင်းကွက်တွေ အားလုံးပေးခဲ့တယ်ဆိုတော့ သူကျင့်ကြံတဲ့ဟာတွေက ပိုပြီးအားကောင်းနေမှာပေါ့။"

ခွမ်းကျန့်က အံ့အားသင့်စွာ ခန့်မှန်းလိုက်သည်။

"နဂါးကိုးကောင် ကောင်းကင်တိုက်ပွဲသိုင်းကွက်..အဟေးဟေး.."

ချီဟွမ်နှင့် ခုနစ်ယောက်သား လျင်မြန်စွာပင် သူတို့၏ တုန်လှုပ်ခြောက်ခြားမှုမှ သတိပြန်ဝင်လာကြပြီး အရိုင်းဆန်သော ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှုများက နေရာယူလာခဲ့သည်။

ချီဟွမ်နှင့် အခြားသူများမှာ စစ်တပ်မှ ထွက်ခွာခြင်းက ဤသို့သော မမျှော်လင့်ထားသည့် အဖြစ်အပျက်များကို ဆောင်ကြဉ်းလာလိမ့်မည်ဟု တစ်ခါမှ မတွေးထင်ခဲ့ကြပေ။

"ထျန်းကျိုးကို ချက်ချင်းသွားကြစို့။ ဓားဆောင်အတွက် နေရာကို ကောင်းကောင်းရွေးချယ်ပြီးတော့ ကျင့်ကြံခြင်းသိုင်းကွက်နဲ့ ဓားသိုင်းကွက်တွေကို လေ့ကျင့်ကြမယ်။ စစ်သူကြီးချုပ်ကို စိတ်မပျက်စေရဘူး။"

ချီဟွမ်က စိတ်လှုပ်ရှားစွာ ဆိုလိုက်ပြီး ရယ်မောလျက် ဖုန်းဝူချန်ပေးအပ်ခဲ့သော ရတနာများကို သူ၏ သိုလှောင်လက်စွပ်ထဲသို့ အလျင်အမြန် သိမ်းဆည်းလိုက်သည်။

အရာရှိ ရှစ်ယောက်လုံးမှာ စိတ်ပိုင်းဖြတ်မှုများဖြင့် ပြည့်နှက်နေကြပြီး သူတို့၏ တစ်ကိုယ်လုံးတွင် စွမ်းအင်များ တိုးပွားလာသည်ကို ခံစားလိုက်ကြရသည်။

သူတို့ မသိလိုက်သည်မှာ နှစ်ပေါင်းများစွာအကြာတွင် ဖုန်းဝူချန်၏ သင်ကြားမှုအောက်တွင် သူတို့သည် အင်ပါယာကို တုန်လှုပ်စေခဲ့သော ဓားသူရဲကောင်းကြီး ရှစ်ယောက် ဖြစ်လာခဲ့ကြမည် ဟူ၍ပင်။

လူရှစ်ယောက် ထွက်ခွာသွားပြီးနောက် ဖုန်းဝူချန်၏ ပုံရိပ်မှာ အနီးအနားရှိ ရှေးဟောင်းသစ်ပင်ကြီး တစ်ပင်၏ ထိပ်တွင် ပေါ်ထွက်လာပြီး သူ၏အကြည့်မှာ ချီဟွမ်နှင့် အခြားသူများ၏ နောက်ကျောပြင်များကို လိုက်ပါကြည့်ရှုနေလေသည်။

ဖုန်းဝူချန်က တိုးတိုးလေး ရေရွတ်လိုက်သည်။

"မင်းတို့ ငါ့ကို သစ္စာမဖောက်ကြဘူးလို့ မျှော်လင့်ပါတယ်။"

ချီဟွမ်နှင့် အခြားသူများ ပျောက်ကွယ်သွားပြီးနောက် ဖုန်းဝူချန်လည်း ထိုနေရာမှ ထွက်ခွာသွားတော့သည်။

ကြီးမားသော အကျိုးစီးပွားများ၏ ရှေ့မှောက်တွင် အကြွင်းမဲ့ သစ္စာစောင့်သိမှုဟူ၍ မရှိပေ။ တစ်စုံတစ်ယောက် အားကောင်းပြီး ဩဇာကြီးမားလာသောအခါ လူတို့၏ နှလုံးသားများမှာ တဖြည်းဖြည်း ပြောင်းလဲသွားနိုင်သည်။

လူတို့မှာ ကြိုတင်ခန့်မှန်းရခက်ပြီး ဖုန်းဝူချန်မှာလည်း ဤအချက်ကို စိုးရိမ်မိသည်။ သူ ချီဟွမ်နှင့် ကျန်သူများအပေါ် မျှော်လင့်ချက်ကြီးကြီး ထားရှိသော်လည်း အနာဂတ်တွင် ဘာဖြစ်လာမည်ဟု ဘယ်သူက အတပ် ပြောနိုင်မည်နည်း။

တစ်နာရီအကြာတွင် ဖုန်းဝူချန်မှာ အင်ပါယာမြို့တော်နှင့် ဝေးရာသို့ ရောက်ရှိနေပြီ ဖြစ်၏။ သူက အင်ပါယာမြို့တော်နှင့် ယွင်ကျိုးကြားရှိ နယ်နိမိတ်တွင် တည်ရှိသော တောင်ထိပ် မြင့်မြင့် တစ်ခုသို့ တက်လှမ်းသွား တော့သည်။

ဖုန်းဝူချန် ဖြည်းညင်းစွာ မျက်လုံးများကို မှိတ်လိုက်ပြီး တောင်တန်းများထဲမှ သဘာဝ၏ သိပ်သည်းသော ဝိညာဉ်စွမ်းအင်ကို ခံစားလိုက်သည်။

"ဒီနေရာက ဖြစ်လောက်ပါတယ်။"

ဖုန်းဝူချန်က သူ့ကိုယ်သူ တိုးတိုးလေး ရေရွတ်လိုက်ပြီး ဤနေရာတွင် ကျင့်ကြံရန် စီစဉ်လိုက်သည်။

ဖုန်းဝူချန်က သူ၏ကျင့်ကြံမှုကို အထောက်အကူပြုရန် ရွှေဝိညာဉ်ဆေးလုံးအချို့ကို သန့်စင်ပြီးနောက် ဥက္ကာခဲသံကို အသုံးပြု၍ ဝိညာဉ်လက်နက်ဆံထိုး

တစ်ခုကို ဖန်တီးကာ သူ၏လေ့ကျင့်မှုကို စတင်လိုက်သည်။

သူ၏ကျင့်ကြံမှုကို မြှင့်တင်ရန်အတွက် ဖုန်းဝူချန်က သူ၏စွမ်းအင်အားလုံးကို နေ့စဉ်နေ့တိုင်း ဆက်တိုက်လေ့ကျင့်မှုတွင် မြှုပ်နှံထားလေသည်။

သိုင်းပညာများ၊ ဓားသိုင်းကွက်များနှင့် အခြားသော တိုက်ခိုက်ရေးစွမ်းရည် အမျိုးမျိုး…။

သူက ၎င်းအနှစ်သာရတို့၏ နက်ရှိုင်းသော အလွှာများကို တဖြည်းဖြည်း နားလည်လာပြီး ဓားသိုင်းကွက်များနှင့် တိုက်ခိုက်ရေး စွမ်းရည်များ၏ အဆုံးစွန်သော စွမ်းအားကို ထုတ်ဖော်နိုင်လာခဲ့သည်။

အထွတ်အထိပ် ခန္ဓာကျင့်စဥ်မှာ ယခုအခါ စတင်သူအဆင့်မှ ပထမအဆင့်သို့ တက်လှမ်းသွားခဲ့ပြီး ၎င်း၏ ဖွဲ့စည်းပုံမှာ ပိုမိုခိုင်မာလာကာ ပို၍ပင် အားကောင်းလာခဲ့သည်။

တစ်လအကြာတွင် ဖုန်းဝူချန်၏ ရရှိမှုများမှာ ကြီးမားလှသည်။ သူ အသွင်ပြောင်း ဘုံ အဆင့်

စတုတ္ထအလွှာသို့ တက်လှမ်းနိုင်ခဲ့သည်။ သူ၏ ဓားသိုင်းကွက်များနှင့် တိုက်ခိုက်ရေးစွမ်းရည်များအားလုံးမှာ မြင့်မားသော ကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိသွားခဲ့ပြီး သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ အဆများစွာ တိုးတက်လာခဲ့သည်။

သူ၏ ယခု အသွင်ပြောင်း ဘုံ စတုတ္ထအလွှာ ကျင့်ကြံမှုဖြင့် ဖုန်းဝူချန်မှာ တူညီသောဘုံ၏ သတ္တမ အလွှာရှိ ပြိုင်ဘက်တစ်ယောက်ကို အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက် ရှိသည်။

"ရွှေဝိညာဉ်ဆေးလုံးတွေက နည်းနည်းတော့ အားနည်းလွန်းတယ်။ ကြည့်ရတာ ထုံရွှမ်းဆေးလုံးတွေကို သန့်စင်ဖို့ ဆေးပင်တချို့ ရှာဖို့လိုလောက်ပြီ။ ဒါက ပိုပြီး အာနိသင်ရှိတယ်။ တခြားသဘာဝ ရတနာတွေ မရှိတဲ့ အချိန်မှာတော့ ဆေးလုံးတွေကိုပဲ အားကိုးရမှာပဲ။"

ဖုန်းဝူချန်က ညင်သာစွာ ဆိုလိုက်သည်။

သူ၏ကျင့်ကြံမှု အားကောင်းလာသည်နှင့်အမျှ သူ၏လေ့ကျင့်မှုမှာလည်း တိုး၍ခက်ခဲလာခဲ့သည်။

"လျှပ်တပြက် နေရာ ရွှေ့ပြောင်းသိုင်းကွက်"

ရုတ်တရက် ဖုန်းဝူချန်က နဂါးနတ်ဘုရား၏ စွမ်းအားကို အသက်သွင်းကာ တိုးတိုးလေး အော်ဟစ်လိုက်သည်။

"ဝူး။"

ထိုတစ်ခဏမှာပင် ဖုန်းဝူချန်၏ ပုံရိပ်မှာ ဘွားခနဲ ပျောက်ကွယ်သွားပြီး မီတာပေါင်း များစွာအကွာ၌… လျှပ်တပြက်အတွင်း ပြန်လည်ပေါ်ထွက်လာသည်။ ထိုအမြန်နှုန်းမှာ အလွန် တုန်လှုပ်ဖွယ် မြန်ဆန်လှသည်။

"နတ်ဆိုးနဂါးရဲ့ အမွေအနှစ်တွေက တကယ်ပဲ မဆိုးဘူးပဲ။ ဒီလောက်ကြောက်စရာကောင်းတဲ့ နေရာ ရွှေ့ပြောင်းသိုင်းကွက်က လျှပ်တပြက် နေရာ ရွှေ့ပြောင်း သိုင်းကွက်ဆိုတဲ့ နာမည်နဲ့ ထိုက်တန်ပါပေတယ်။"

ဖုန်းဝူချန်က စိတ်လှုပ်ရှားစွာ သဘောတကျ ချီးကျူးလိုက်သည်။

ကျွမ်းကျင်လာပြီးနောက် သူ ယခုအခါ ထိုသိုင်းကွက်ကို အားစိုက်ထုတ်စရာ မလိုဘဲ အသုံးပြုနိုင်ပြီ ဖြစ်လေသည်။

All Chapters