ခင်ဗျား ကျုပ်ကို ကြောက်သလား
Vol. 5 Ch. 72
~ နေရာကား ဖန်းထျန်းတောင်ကြား…
ခမ်းနားထည်ဝါသော နန်းတော်ဆောင်။
နန်းတော်အတွင်း၌ ဖန်းထျန်းတောင်ကြား၏ တောင်ကြားသခင်နှင့် အကြီးအကဲများသည် ဆွေးနွေးတိုင်ပင်နေကြ၏။
"ဆရာဖုန်းက လွမ်ထျန်းမြို့မှာ ရှိနေပြီ... ငါတို့ အမြန်သွားကြရအောင်... ပေါ့ဆလို့ လုံးဝမဖြစ်ဘူး"
တောင်ကြားသခင်က လေးနက်တည်ကြည်စွာ ဆိုလိုက်သည်။ သူ အတော်လေး စိုးရိမ်ပူပန်နေပုံရ၏။
"တောင်ကြားသခင်... လင်းယွင်ထျန်းကို သတ်သွားတဲ့ လူလည်း လွမ်ထျန်းမြို့မှာပဲ ရှိရမယ်... လျိုမိသားစုက ကောင်လေးက သူ့နေရာကို သိမှာပဲ"
အကြီးအကဲတစ်ဦးက မျက်နှာသုန်မှုန်စွာ ဆိုလိုက်သည်။ သူတို့ လျိုချင်းယန်၏ မည်သူမည်ဝါဖြစ်သည်ကို ရှာဖွေတွေ့ရှိထားပြီး ဖြစ်ပုံရသည်။
"သွားကြစို့"
တောင်ကြားသခင်က လေးနက်သော အသံဖြင့် ဆိုလိုက်သည်။ သူတို့ လွမ်ထျန်းမြို့သို့ သွားရောက်ခြင်းမှာ ဆရာဖုန်းနှင့် တွေ့ဆုံရန်သာမက လင်းယွင်ထျန်ကို သတ်ဖြတ်ခဲ့သော လူသတ်သမားကို ရှာဖွေရန်လည်း ဖြစ်ပေသည်။
…
လျိုမိသားစု၏ အစောင့်များသည် ယနေ့သည် လျိုရှန်း၏ မွေးနေ့ပွဲတော်ဖြစ်လေသလောဟု ထင်မှတ်မှားမိကြ၏။ ယွင်ကျိုးနယ်မှ အဓိကအင်အားကြီး အဖွဲ့အစည်းများအားလုံး လာရောက်လည်ပတ်ကြသည်။ သူတို့တစ်ဦးချင်းစီသည် ယခင်တစ်ဦးထက် ပို၍ အစွမ်းထက်ကြလေသည်။
အစောင့်များသည် စိတ်လှုပ်ရှားသလို ကြောက်ရွံ့နေကြသည်။ သူတို့သည် ဤပညာရှင်များကို ပုံမှန်အားဖြင့် မြင်တွေ့နိုင်ခြင်းပင် မရှိပေ။
သို့သော် ယခုအခါတွင်မူ ဖုန်းဝူချန်ကြောင့် သူတို့အားလုံး လျိုမိသားစုထံသို့ ရောက်ရှိလာကြသည်။
"ရွှမ်းထျန်းဂိုဏ်းမှ မူထျန်းယွင်၊ မူယွင်ရှန်း၊ မူဧကရာဇ်၊ ရှဲ့ဟော်၊ လော့ရွှမ်း၊ ပိုင်မင်တို့က စစ်သူကြီးချုပ်ကို ဂါရဝပြုပါတယ်"
ဂိုဏ်းချုပ်ဟောင်းကို ခေါင်းဆောင်အဖြစ်ထားကာ ရွှမ်းထျန်းဂိုဏ်းမှ ပညာရှင်များသည် ဖုန်းဝူချန်ကို ဦးညွှတ်လိုက်ကြသည်။
ရွှမ်းထျန်းဂိုဏ်း၏ အထက်ပိုင်း ဩဇာရှိသူအားလုံး ရောက်ရှိလာကြ၏။ ဤအဖြစ်က ဖုန်းဝူချန်ကို တုန်လှုပ်ခြောက်ခြားသွားစေသည်။
သူ့အား စစ်သူကြီးချုပ်အဖြစ် ခန့်အပ်လိုက်သည်ကို သူတို့ မည်သို့ သိရှိသွားကြသနည်း။ ဧကရာဇ်မြို့တော်မှ သတင်းသည် ယခုလို လျင်မြန်စွာ ပျံ့နှံ့သွားလေသလော။
"ဂိုဏ်းချုပ်ဟောင်းမူ... ဂိုဏ်းချုပ်မူ... အကြီးအကဲသုံးဦး... အစ်ကိုကြီးပိုင်"
ဖုန်းဝူချန်သည် လေးစားမှုကို ပြသရန် လက်များ ဆုပ်လိုက်သည်။
"ခင်ဗျားက..."
မူဧကရာဇ်ကို မြင်သောအခါ ဖုန်းဝူချန်သည် နားမလည်နိုင်ဖြစ်ကာ မနေနိုင်ဘဲ ဖြစ်သွားသည်။ သူ သူ့ကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
မူယွင်ရှန်းက အလျင်အမြန် ဆိုလိုက်သည်။
"စစ်သူကြီးချုပ်... ဒါက ကျွန်တော့်သား မူဧကရာဇ်ပါ... သူ တစ်ကိုယ်တည်း ကျင့်ကြံနေခဲ့တာပါ... မကြာသေးခင်ကမှ ထွက်လာတာပါ"
ဖုန်းဝူချန် ခေါင်းညိတ်လိုက်ပြီး ချီးကျူးလိုက်သည်။
"အသွင်ပြောင်းဘုံ အဋ္ဌမ အလွှာ.. သတ္တမအဆင့် သိုင်းဝိညာဉ်... အလွန်မြင့်မားတဲ့ ပါရမီပဲ... ကြည့်ရတာ သူက ရွှမ်းထျန်းဂိုဏ်းရဲ့ နံပါတ်တစ် ပါရမီရှင်များလားပဲ"
"စစ်သူကြီးချုပ်က ကျွန်တော့်ကို ချီးကျူးလွန်းနေပါပြီ"
မူဧကရာဇ်က ကျိုးနွံစွာ ဆိုလိုက်သည်။
မူဧကရာဇ်သည် ရွှမ်းထျန်းဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင်နှင့် ယွင်ကျိုးနယ်၏ နံပါတ်တစ် ဖြစ်သည်မှာ သေချာသည်။ သို့သော် ဖုန်းဝူချန်၏ ရှေ့တွင် သူ မမောက်မာဝံ့ပေ။
မူဧကရာဇ်သည် ဖုန်းဝူချန်က သူ့ထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းကြောင်း သိနေခဲ့သည်။
ဖုန်းဝူချန်၏ လက်ရှိ အဆင့်အတန်းသည် ပဉ္စမအဆင့် လက်နက်ပညာရှင်
တစ်ဦးကဲ့သို့ ရိုးရှင်းသည်
မဟုတ်တော့ပေ။ သို့မဟုတ်လျှင် မူထျန်းယွင်နှင့် အခြားသူများသည် ရွှမ်းထျန်းဂိုဏ်းမှ လွမ်ထျန်းမြို့ရှိ လျိုမိသားစုထံသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက်လည်ပတ်ကြလိမ့်မည် မဟုတ်ပေ။
မူထျန်းယွင်သည် ချက်ချင်းပင် လက်သီးများ ဆုပ်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။
"ကျွန်တော့်ကို မီးအဆိပ်ကို ဖယ်ရှားပေးတဲ့အတွက် စစ်သူကြီးချုပ်ကို ကျေးဇူးတင်ရမှာပါ"
ထိုအခါ လျိုရှန်းက အလျင်စလိုပင် ပြောလိုက်လေသည်။
“အကြီးအကဲလျူကတော့ ယဉ်ကျေးလွန်းနေပါပြီ”
ဤသို့သော ဧည့်သည်တော်များ ရုတ်တရက်ကြီး ရောက်ချလာလိမ့်မည်ဟု မထင်မှတ်ထားမိရာ သူတို့လျိုမိသားစုအနေနှင့် ဘာတစ်ခုမှ ကြိုတင်ပြင်ဆင်ထားနိုင်ခြင်း မရှိခဲ့ပေ။
လျိုရှန်းအား လူတိုင်းက ပြုံးလျက်သာ ပြန်လည်တုံ့ပြန်လိုက်ကြလေ၏။
လျိုမိသားစုသည် မိသားစုငယ်လေး တစ်ခုသာ ဖြစ်သည်။ သို့သော် ဖုန်းဝူချန်သည် လျိုမိသားစုထံသို့ ဧည့်သည်အဖြစ် လာရောက်ခဲ့သည်ဖြစ်ရာ သူတို့ မတုံးအပါက ဖုန်းဝူချန်သည် လျိုမိသားစုနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိကြောင်း သိနိုင်ပေသည်။ သူတို့သည် လျိုရှန်းကို မရိုမသေ မပြုရဲကြပေ။
"အစ်ကိုဖုန်း... လူအများကြီး လာကြမှတော့ အစ်ကိုဖုန်းကို ကြိုဆိုတဲ့အနေနဲ့ စားသောက်ပွဲတစ်ခု ကျင်းပကြရင် ဘယ်လိုလဲ"
လျိုချင်းယန်သည် ရုတ်တရက် အကြုံပြုလိုက်သည်။
အစ်ကိုဖုန်း ဟုတ်လား။
လူတိုင်းသည် တိတ်တဆိတ် တုန်လှုပ်ခြောက်ခြားသွားကြသည်။
လျိုချင်းယန်သည် စစ်သူကြီးချုပ်ကို အစ်ကိုဟု ခေါ်ဝေါ်ခဲ့သည်။ သူတို့၏ ဆက်ဆံရေးသည် အမှန်တကယ်ပင် မရိုးရှင်းပေ။
"စုတ်ပဲ့ကောင်... မင်း တော်တော် အသိတရားရှိတာပဲ... လူတွေကို ပြင်ဆင်ခိုင်းဖို့ အမြန်ဆုံး စီစဉ်လိုက်လေ"
လျိုရှန်းက ဆူပူလိုက်သည်။
လျိုရှန်းသည် ဖုန်းဝူချန်ကို ကြည့်လိုက်ပြီး မေးလိုက်သည်။
"စစ်သူကြီးချုပ်... ဘယ်လို သဘောရပါသလဲ"
ဖုန်းဝူချန်က ပြုံးရင်း ပြန်ဖြေလိုက်သည်။
"အားလုံးကို အကြီးအကဲလျိုပဲ စီစဉ်လိုက်ပါ"
ဖုန်းဝူချန်သည် လျိုရှန်းကို မျက်နှာသာ အလုံအလောက် ပေးခဲ့သည်။ ဤသည်မှာ လျိုမိသားစု ဖြစ်သည်။
ဖုန်းဝူချန်သည် အိမ်ရှင်နေရာကို လုယူကာ အိမ်ရှင်အဖြစ် ပြုမူနိုင်မည် မဟုတ်ပေ။
"ကောင်းပါပြီ... စစ်သူကြီးချုပ်... မိတ်ဆွေအားလုံးပဲ... နောက်ဖေးခြံဝင်းကို ကြွကြပါဗျာ"
လျိုရှန်းသည် အလွန်အမင်း ပျော်ရွှင်နေ၏။ သူသည် ဖုန်းဝူချန်ကို တိတ်တဆိတ် ကျေးဇူးတင်နေမိသည်။
ဖုန်းဝူချန်၏ ဆက်ဆံရေးကြောင့် လျိုမိသားစု၏ အဆင့်အတန်းသည် မြင့်မားသော အမှတ်တစ်ခုသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ အနည်းဆုံးတော့ အင်အားကြီးအဖွဲ့အစည်းများစွာသည် လျိုမိသားစုနှင့် ကောင်းမွန်သော ဆက်ဆံရေး ထူထောင်ကြပေလိမ့်မည်။
လျိုမိသားစု၏ အစောင့်များသည် ကိစ္စရပ်များကို စီမံခန့်ခွဲနေကြပြီး လျိုရှန်းကတော့ ဧည့်သည်များကို ကြိုဆိုရန် တာဝန်ယူထားသည်။
ထိုနေရာရှိ ပညာရှင်အားလုံးသည် ဖုန်းဝူချန်ကို စစ်သူကြီးချုပ်ဟု ခေါ်ဝေါ်ကြသည်။ အလွန်ပင် အားကျစရာကောင်းလှ၏။
ဖုန်းဝူချန်နှင့် ရင်ဆိုင်ရာတွင် အင်အားကြီးအဖွဲ့အစည်းအသီးသီးမှ ပညာရှင်များသည် စကားမပြောမီ နှစ်ခါပြန် စဉ်းစားကြရသည်။ သူတို့သည် စကားမှားပြောမိပြီး ဖုန်းဝူချန်ကို ပြစ်မှားမိမည်ကို ကြောက်ရွံ့နေကြသည်။
နာရီဝက်ခန့်အကြာတွင် ခမ်းနားထည်ဝါသော စားသောက်ပွဲတစ်ခုသည် နောက်ဖေးခြံဝင်းကို ပြည့်နှက်သွားသည်။ လျိုရှန်းသည် လူတိုင်းကို နေရာယူရန် ယဉ်ကျေးစွာ ဖိတ်ခေါ်လိုက်သည်။
ဖုန်းဝူချန် မထိုင်သရွေ့ အခြားသူများသည် မထိုင်ဝံ့ကြပေ။ သူတို့သည် ဖုန်းဝူချန် စကားပြောသည်အထိ စောင့်ဆိုင်းပြီးမှသာ ထိုင်ဝံ့ကြသည်။
ဂိုဏ်းချုပ်ဟောင်းမူပင်လျှင် ယွင်ကျိုးနယ်၏ နံပါတ်တစ်ပညာရှင်တစ်ဦးအနေဖြင့် ဖုန်းဝူချန်၏ စိတ်နေစိတ်ထားအတိုင်း ပြုမူရပေသည်။
စားသောက်ပွဲ စတင်သောအခါ လူတိုင်းသည် တစ်ဦးပြီးတစ်ဦး သောက်စရာခွက်များ မြှောက်လိုက်ကြသည်။ ဖုန်းဝူချန်သည် ဝိုင်အစား လက်ဖက်ရည်ကို အသုံးပြုကာ တစ်ဦးချင်းစီအား ပြန်လည်၍ သောက်စရာခွက်များ မြှောက်ပြလိုက်သည်။ သူက မာနကြီးဟန် မဆောင်ခဲ့ပေ။
စားသောက်ပွဲ စည်ကားနေစဉ်မှာပင် အစောင့် တစ်ဦး၏ အသံသည် ထွက်ပေါ်လာသည်။
"ဖန်းထျန်းတောင်ကြားက တောင်ကြားသခင်နဲ့ အကြီးအကဲသုံးဦး လာရောက်လည်ပတ်ပါတယ်"
"ဖန်းထျန်းတောင်ကြား"
ဖုန်းဝူချန် အနည်းငယ် မှင်တက်သွားသည်။ ဖန်းထျန်းတောင်ကြား မလာရောက်သည်ကို သူ ယခုမှပင် သတိပြုမိလိုက်သည်။
"ဖန်းထျန်းတောင်ကြားက အခုမှ ရောက်လာတာလား"
"ခင်ဗျားသာ မပြောရင် ဖန်းထျန်းတောင်ကြား မလာဘူးဆိုတာကို ကျွန်တော် တကယ်ပဲ သတိမပြုမိဘူး"
"ဖန်းထျန်းတောင်ကြားက တောင်ကြားသခင်က တော်တော် မောက်မာတာပဲ"
လူတိုင်းသည် တက်ကြွစွာ ဆွေးနွေးနေကြသည်။ လူအများအပြားသည် ဖန်းထျန်းတောင်ကြားက စစ်သူကြီးချုပ်ကို အလေးအနက်မထားဟု ခံစားနေကြရသည်။
'ဘာလဲ၊ စုယွမ်ရှန်းက အခုထိ မသိသေးတာတော့ မဟုတ်လောက်ဘူးမလား’
ဝေ့ယွင်သည် မျက်မှောင်အနည်းငယ် ကျုံ့လိုက်ပြီး စိတ်ထဲမှ တွေးနေမိသည်။
စုယွမ်ရှန်းသည် ဖန်းထျန်းတောင်ကြား၏ တောင်ကြားသခင်ပင် ဖြစ်၏။ သူ၏ ကျင့်ကြံမှုအဆင့်သည် ယွမ်တန်ဘုံ အဋ္ဌမ လွှာသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏ ခွန်အားသည် အလွန်အစွမ်းထက်ပြီး ခြေတစ်ချက်ဆောင့်လိုက်ရုံဖြင့် ယွင်ကျိုးနယ်ကို တုန်လှုပ်ခြောက်ခြားစေနိုင်ပေသည်။
လူတိုင်း၏ အကြည့်များသည် ရှေ့ဖေးခြံဝင်းဆီသို့ ရောက်ရှိသွားကြသည်။ အသက် ၄၀ ကျော်အရွယ် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် နောက်ဖေးခြံဝင်းထဲသို့ ဝင်ရောက်လာသည်။ သူ၏ တစ်ကိုယ်လုံးသည် ပညာရှင်တစ်ဦး၏ အငွေ့အသက်ကို ထုတ်လွှတ်နေ၏။ သူသည် ဖန်းထျန်းတောင်ကြား၏ တောင်ကြားသခင် စုယွမ်ရှန်းပင် ဖြစ်လေသည်။
စုယွမ်ရှန်း၏ နောက်တွင် အဘိုးအိုသုံးဦးနှင့် လူငယ်တပည့်နှစ်ဦး လိုက်ပါလာကြသည်။ သူတို့သည် ဖန်းထျန်းတောင်ကြား၏ အကြီးအကဲသုံးဦး ဖြစ်ကြသည်။
လူတိုင်း၏ အကြည့်များသည် စုယွမ်ရှန်းအပေါ်သို့ ကျရောက်သွားကြသည်။ ယွင်ကျိုးနယ်၏ ထိပ်တန်းပညာရှင် တစ်ဦးအနေဖြင့် သူတို့သည် စုယွမ်ရှန်းက စစ်သူကြီးချုပ်ကို အလေးအနက်မထားဟု ခံစားနေကြရသည့်တိုင် သူတို့၏ မျက်လုံးများတွင် လေးစားမှု အရိပ်အယောင်များ ပါဝင်နေဆဲပင်။
ဖုန်းဝူချန်သည်လည်း စုယွမ်ရှန်းကို တစ်ချက် အကဲခတ်လိုက်သည်။ သူ၏ မျက်နှာအမူအရာသည် လုံးဝ မပြောင်းလဲခဲ့ပေ။ သူ လင်းယွင်ထျန်ကို သတ်ဖြတ်ခဲ့သောကြောင့် စိုးရိမ်ပူပန်ခြင်း မရှိခဲ့ပေ။
စုယွမ်ရှန်းသည် ဖုန်းဝူချန်ကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ထိုအချိန်က ဖန်းထျန်းတောင်ကြားသည်လည်း ဖုန်းဝူချန်ကို ဖန်းထျန်းတောင်ကြားသို့ ဧည့်သည်အဖြစ် မဖိတ်ခေါ်ခဲ့ပေ။
သို့သော် စုယွမ်ရှန်းသည် သူတို့၏ နေရာထိုင်ခင်းများမှ မည်သူသည် ယွင်ကျိုးနယ်ကို တုန်လှုပ်ခြောက်ခြားစေခဲ့သော ဆရာဖုန်းဖြစ်သည်ကို ခန့်မှန်းနိုင်ပေသည်။
"အစ်ကိုဖုန်း... ကြည့်ရတာ သူတို့ လက်စားချေဖို့ လာကြတာထင်တယ်"
လျိုချင်းယန်သည် တိုးတိုးလေး ပြောလိုက်သည်။
"လက်စားချေတာ"
လျိုရှန်းသည် မျက်မှောင်အနည်းငယ် ကျုံ့လိုက်ပြီး ဖုန်းဝူချန်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။
ဖုန်းဝူချန်က ဆို၏။
"အရင်ဆုံး ဘာမှ မပြောနဲ့ဦး"
"တောင်ကြားသခင်... အစ်ကိုကြီးလင်းကို သတ်သွားတဲ့ လူယုတ်မာက အဲ့ဒီကောင်ပါပဲ"
တပည့်တစ်ဦးသည် ဖုန်းဝူချန်ကို တစ်ချက်ကြည့်လိုက်သည်နှင့် မြင်သွားပြီး ဖုန်းဝူချန်ကို ဒေါသတကြီး လက်ညှိုးထိုးလိုက်သည်။
အခြားတပည့်တစ်ဦးကလည်း အတည်ပြုလိုက်သည်။
"တောင်ကြားသခင်... သူပဲ... သေချာပေါက် သူပဲ"
စုယွမ်ရှန်းနှင့် အကြီးအကဲသုံးဦး၏ မျက်နှာများ ရုတ်တရက် ပြောင်းလဲသွားကြသည်။ စုယွမ်ရှန်းသည် ဘာမှ မပြောဘဲ လှည့်လာပြီး လေထဲတွင် နှစ်ချက် ပါးရိုက်လိုက်သည်။
"ဖြန်း... ဖြန်း"
“ဘုန်း...ဘုန်း”
တပည့်နှစ်ဦးသည် ရုတ်တရက် သွေးများအန်ကျလာပြီး လွင့်စင်ထွက်သွားကြသည်။ သူတို့သည် ရှေ့ဖေးခြံဝင်း၏ သစ်သားတန်းကို ဝင်တိုက်မိပြီး ထိုနေရာမှာပင် ပြင်းထန်စွာ ဒဏ်ရာရသွားကြသည်။
သို့သော် စုယွမ်ရှန်းသည်လည်း အတိုင်းအဆတစ်ခု ရှိပေသည်။ သူတို့သည် ပြင်းထန်စွာ ဒဏ်ရာရရုံသာ ဖြစ်သည်။
"စုယွမ်ရှန်းက စစ်သူကြီးချုပ်ကို ဂါရဝပြုပါတယ်"
စုယွမ်ရှန်းသည် ဖုန်းဝူချန်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ရိုသေလေးစားစွာ ဦးညွှတ်လိုက်သည်။ အကြီးအကဲသုံးဦးသည်လည်း ရိုသေလေးစားစွာ ဦးညွှတ်လိုက်ကြသည်။
"ကျွန်တော် သူတို့ကို ကောင်းကောင်း မဆုံးမထားမိပါဘူး... စစ်သူကြီးချုပ် ခွင့်လွှတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"
စုယွမ်ရှန်းက အလျင်အမြန် ဆိုလိုက်သည်။ သူသည်လည်း ဖုန်းဝူချန်၏ မည်သူမည်ဝါဖြစ်မှုကို အလွန်ကြောက်ရွံ့နေပုံရသည်။
ဖုန်းဝူချန်က လင်းယွင်ထျန်ကို သတ်ဖြတ်ခဲ့သည်ကို သိသည့်တိုင် သူတို့တွင် ဤအချိန်တွင် လက်စားချေရန် ရည်ရွယ်ချက် မရှိကြပေ။ သူတို့သည် ဤအကြောင်းကို ထုတ်၍ပင် မပြောရဲကြပေ။
ဖန်းထျန်းတောင်ကြားက အသက်မရှင်လိုတော့မှ လွဲ၍ပေါ့။
ထို့အပြင် စုယွမ်ရှန်းသည် သာမန်လင်းယွင်ထျန် တစ်ယောက်အတွက် ဖုန်းဝူချန်ကို ရန်စရန် မလိုအပ်ပေ။ အကယ်၍ သူသာ ဖုန်းဝူချန်ကို ပြစ်မှားမိမည်ဆိုလျှင် ဖန်းထျန်းတောင်ကြား၏ လမ်းသည် အဆုံးသတ်သွားပြီဟု မှတ်ယူနိုင်ပေသည်။
ဖုန်းဝူချန်က ခပ်အေးအေးပင် ဆိုလိုက်သည်။
"တောင်ကြားသခင်စု... ဒီလောက် ယဉ်ကျေးစရာ မလိုပါဘူး... ကျေးဇူးပြုပြီး နေရာယူပါ"
စုယွမ်ရှန်း၏ သဘောထားကို မြင်သောအခါ ဝေ့ယွင်သည် စိတ်သက်သာရာရသွားသည်။ အနည်းဆုံးတော့ ပဋိပက္ခသည် ပိုမိုဆိုးရွားမလာခဲ့ပေ။
"ကျေးဇူးတင်ပါတယ် စစ်သူကြီးချုပ်"
စုယွမ်ရှန်းနှင့် အခြားသူများသည် ရိုသေလေးစားစွာ ကျေးဇူးတင်စကား ဆိုလိုက်ကြသည်။
"သူ... သူက စစ်... စစ်သူကြီးချုပ်တဲ့လား"
ပြင်းထန်စွာ ဒဏ်ရာရနေသော တပည့်နှစ်ဦးသည် လုံးဝ မှင်တက်အံ့ဩနေကြသည်။ သူတို့သည် ဖုန်းဝူချန်ကို ကြောက်ရွံ့သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။
တပည့်နှစ်ဦးသည် လင်းယွင်ထျန်ကို သတ်ဖြတ်ခဲ့သော လူငယ်လေးသည် ယွင်ကျိုးနယ်တွင် နာမည်ကျော်ကြားသော ဆရာဖုန်းဖြစ်လိမ့်မည်ဟု ဘယ်တော့မှ မထင်ထားခဲ့ကြပေ။ သူသည် အင်ပါယာ၏ စစ်သူကြီးချုပ်လည်း ဖြစ်နေသေးသည်။
ထိုအခါ ဖုန်းဝူချန်သက လက်ကို ဝှေ့ယမ်းလိုက်ပြီး ဆေးလုံးနှစ်လုံး လေထုထဲ ပျံသန်းသွားစေလိုက်သည်။ သူ အမှုမထားဘဲ ဆိုလိုက်သည်။
“မင်းတို့က ဧည့်သည်တွေပဲ... ဆေးလုံးတွေကို ယူပြီး ထိုင်ကြပါ”
"ကျေး... ကျေးဇူးတင်ပါတယ် စစ်သူကြီးချုပ်"
နှစ်ဦးစလုံးသည် အလျင်အမြန် ထလိုက်ပြီး ဦးညွှတ်လိုက်ကြသည်။
လေထုသည် အနည်းငယ် အနေရခက်ကာ တိတ်ဆိတ်နေ၏။ မူလက စည်ကားနေသော မြင်ကွင်းသည် စုယွမ်ရှန်းနှင့် အခြားသူများ ရောက်ရှိလာသောကြောင့် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
အနေရခက်သော လေထုကို မြင်သောအခါ ဖုန်းဝူချန်သည် တစ်ကိုက်စားလိုက်ပြီး သူ၏ တူများကို ချလိုက်သည်။ လူတိုင်းသည် သူတို့၏ တူများကို ချလိုက်ကြသည်။
"ခင်ဗျားတို့အားလုံး ကျွန်တော့်ကို ကြောက်နေကြတာလား"
ဖုန်းဝူချန်သည် တိုးတိုးလေး မေးလိုက်သည်။ သူ၏ အသံသည် ကျယ်လောင်ခြင်း မရှိသော်လည်း တိတ်ဆိတ်သော နောက်ဖေးခြံဝင်းထဲတွင် လူတိုင်းသည် ရှင်းလင်းစွာ ကြားလိုက်ရသည်။
လူတိုင်း၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး သူတို့အားလုံး အနည်းငယ် စိတ်လှုပ်ရှားလာကြသည်။
ထို့နောက် ဖုန်းဝူချန်က ဆိုလိုက်သည်။
"တကယ်တော့ ကျွန်တော်က အရမ်း စကားပြောရလွယ်တဲ့သူပါ... အသေးအဖွဲကိစ္စတွေကို ကျွန်တော် ဂရုမစိုက်ပါဘူး... ခင်ဗျားတို့ ကျွန်တော့်ရဲ့ မည်သူမည်ဝါဖြစ်မှုကို ကြောက်စရာ မလိုပါဘူး... ခင်ဗျားတို့ ကျွန်တော့်ရဲ့ ရန်သူမဖြစ်သရွေ့နဲ့ ကျွန်တော့်ရဲ့ အနိမ့်ဆုံးစည်းကို မထိသရွေ့ အရာအားလုံးကို ဆွေးနွေးလို့ရပါတယ်... ကျွန်တော် အသက် တစ်ဆယ့်ခုနစ်နှစ် မပြည့်သေးပေမဲ့ ဒီစကားတွေကို ပြောပိုင်ခွင့် ကျွန်တော့်မှာ ရှိပါတယ်"
ထိုစကားကို ကြားသောအခါ အဓိကအင်အားကြီးအဖွဲ့အစည်းများမှ ပညာရှင်များစွာသည် ဒါက ဖုန်းဝူချန် ..သူတို့ကို သတိပေးနေခြင်း ဖြစ်ကြောင်း နားလည်လိုက်ကြသည်။
ထို့အပြင် နောက်ဆုံးစာကြောင်းသည် လူတိုင်းအား ဖုန်းဝူချန်၏ အင်အားသည် သူတို့ထဲမှ မည်သူ့ထက်မဆို မနည်းကြောင်း ပြောပြနေခြင်း ဖြစ်သည်။ ရွှမ်းထျန်းဂိုဏ်း အပါအဝင်ပင်။
ဖုန်းဝူချန်၏ နောက်တွင် အလွန် စွမ်းအားကြီးသည့် ပညာရှင်များ သို့မဟုတ် အဓိကအင်အားကြီး
အဖွဲ့အစည်းများ ရှိနေသည်ကို မပြောနှင့်ဦး၊ သူ၏ ပဉ္စမအဆင့် လက်နက်ပညာရှင် တစ်ဦးအဖြစ် မည်သူမည်ဝါ ဖြစ်မှုသည်ပင်လျှင် ထျန်းယွမ်ဘုံ ပညာရှင်များကို အချိန်မရွေး သူ၏အတွက် အလုပ်လုပ်ပေးရန် ဖိတ်ခေါ်နိုင်လောက်ပေသည်။
သူသည် ပဉ္စမအဆင့် လက်နက်ပညာရှင်တစ်ဦး ဖြစ်သည်ကို မပြောနှင့်ဦး၊ ပညာရှင်မည်မျှသည် သူ့အား မျက်နှာလုပ်ဖားယားလုပ်ရန် စောင့်ဆိုင်းနေကြမည်ကို မည်သူ သိနိုင်မည်နည်း။
"စစ်သူကြီးချုပ်က အရမ်း အလေးအနက်ထားလွန်းနေပါပြီ... ကျွန်တော်တို့ ဘယ်လိုလုပ် စစ်သူကြီးချုပ်ရဲ့ ရန်သူဖြစ်ဝံ့မှာလဲ... အဲ့ဒါက အင်ပါယာနဲ့ ရန်သူဖြစ်တာနဲ့ တူတူပဲ မဟုတ်ဘူးလား"
စုယွမ်ရှန်းသည် ပြုံးရင်း သူ၏ ရပ်တည်ချက်ကို ဦးစွာ ဖော်ပြလိုက်သည်။
ဖုန်းဝူချန်နှင့် လင်းယွင်ထျန်တို့ကြားမှ ကိစ္စတွင် မည်သူ မှန်သည်၊ မှားသည်ဖြစ်စေ ဖုန်းဝူချန်သည် ၎င်းကို ဂရုမစိုက်ခဲ့ပေ။ စုယွမ်ရှန်းသည် အလွန်ပင် ပျော်ရွှင်နေခဲ့သည်။
ထျန်းယန်ဘုရားကျောင်းက ကျောင်းထိုင်ဘုန်းကြီးကလည်း ရယ်မောလိုက်သည်။
"စစ်သူကြီးချုပ်... ဒကာရဲ့ နာမည်က ယွင်ကျိုးနယ်မှာ ကျော်ကြားပါတယ်... ကိုယ်တော်တို့ စစ်သူကြီးချုပ်ကို ကိုယ်တော်တို့အတွက် လက်နက်တွေ သန့်စင်ပေးဖို့ အခွင့်အရေးတစ်ခု ရှာချင်ပါသေးတယ်...ကိုယ်တော်တို့က ဘယ်လိုလုပ် စစ်သူကြီးချုပ်နဲ့ ရန်သူဖြစ်မှာလဲ... အဲ့ဒါက ကျုပ်တို့ရဲ့ နောက်ဆုတ်လမ်းကို ကိုယ်တိုင် ဖြတ်တောက်တာနဲ့ တူတူပဲ မဟုတ်ဘူးလား"
အဓိကအင်အားကြီး အဖွဲ့အစည်းများ အားလုံးသည်လည်း သူတို့သည် ဖုန်းဝူချန်နှင့် ရန်သူမဖြစ်ဟု ဖော်ပြလိုက်ကြသည်။ သို့သော် သူတို့၏ နှလုံးသားထဲတွင် ထိုသို့ တွေးထင်နေကြသလား၊ မတွေးထင်ကြသလားကိုတော့ မည်သူမျှ မသိနိုင်ပေ။ အရာအားလုံးသည် အကျိုးအမြတ်များအပေါ်တွင် မူတည်နေ၏။
"အစ်ကိုဖုန်း... သူတို့ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို မယုံနဲ့... လူတစ်ယောက်ကို အချိန်အကြာကြီး သိကျွမ်းနိုင်ပေမဲ့ သူ့ရဲ့ တကယ့် သဘောသဘာဝကိုတော့ နားလည်နိုင်မှာ မဟုတ်ဘူး... သူတို့ ဘာတွေ တွေးနေလဲ ဆိုတာကို ဘယ်သူ သိနိုင်မှာလဲ... အစ်ကို သတိထားရမယ်"
လျိုချင်းယန်သည် အသံတိုးတိုးဖြင့် ဆိုလိုက်သည်။
ဖုန်းဝူချန်သည် ခပ်ပေါ့ပေါ့ ခေါင်းညိတ်လိုက်ပြီး ဘာမှ မပြောခဲ့ပေ။
"စစ်သူကြီးချုပ်... စိတ်မပူပါနဲ့... ဘယ်သူပဲ စစ်သူကြီးချုပ်နဲ့ ရန်သူဖြစ်ဝံ့ဝံ့... ကျွန်တော်က ပထမဆုံးအနေနဲ့ သူတို့ကို ခွင့်လွှတ်မှာ မဟုတ်ဘူး"
စစ်သူကြီးဝူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခု ပေါက်ကွဲထွက်လာ၏။ သံနှင့်သွေး၏ အငွေ့အသက်သည် လူများကို ကြောက်ရွံ့စေခဲ့သည်။
ဖုန်းဝူချန်သည် စစ်သူကြီးဝူအပေါ် တစ်ရာရာခိုင်နှုန်း စိတ်ချနေခဲ့၏။