← Chapters

ရွှမ်းထျန်းဂိုဏ်း၏ ဖိတ်ကြားချက်

Vol. 5 Ch. 73

ရွှမ်းထျန်းဂိုဏ်း၏ ဖိတ်ကြားချက်

Vol. 5 Ch. 73

~’ဆရာဖုန်းရဲ့ ရည်မှန်းချက်က မသေးဘူးပဲ... လပိုင်းလေးအတွင်းမှာပဲ ဒီလောက်တောင် တုန်လှုပ်စရာကောင်းတဲ့ အောင်မြင်မှုတွေ ရထားတာကတော့ တကယ်ကို အံ့ဩစရာပဲ…’

မူထျန်းယွင်သည် စိတ်ထဲမှ တိတ်တိတ်ကလေး တွေးလိုက်မိသော်လည်း၊ သူ၏ မီးအဆိပ်ကို ဖယ်ရှားရန် ဖုန်းဝူချန်၏ အကူအညီ လိုအပ်နေသေးသောကြောင့် ဘာမှ ဝင်မပြောခဲ့ပေ။

ဤအချိန်တွင် ဖုန်းဝူချန်အား အတိုက်အခံလုပ်ရန် ထကြွားလိုက်ပါက သူ၏ခန္ဓာကိုယ်ထဲမှ မီးအဆိပ်ကို ဖယ်ရှားနိုင်တော့မည် မဟုတ်ပေ။

ထို့အပြင် မူထျန်းယွင်သည် ယခုလို ကြောင်မက်ဖွယ် ပါရမီရှင် တစ်ဦးနှင့် ရန်သူဖြစ်ရန်လည်း မလိုလားခဲ့ပါ။

စတုတ္ထအဆင့် လက်နက်ပညာရှင်တစ်ဦးအနေဖြင့် မူထျန်းယွင်သည် ဖုန်းဝူချန် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း ကောင်းကောင်း သိရှိနေလေသည်။

အပေါ်ယံတွင်တော့ မည်သူမျှ ကန့်ကွက်ခြင်းမရှိခဲ့ပေ။

ဖုန်းဝူချန်သည်လည်း ဘာမှ ထပ်မပြောတော့ဘဲ ဝိုင်အစား လက်ဖက်ရည်ကို အသုံးပြုကာ လူတိုင်းကို တစ်ဦးချင်းစီ ခွက်မြှောက် ဂုဏ်ပြုလိုက်လေ၏။

စားသောက်ပွဲသည် အပေါ်ယံတွင် အလွန် သဟဇာတဖြစ်နေပုံ ရသော်လည်း၊ လူတိုင်း၏ နှလုံးသားထဲတွင် မည်သို့ မည်ပုံ တွေးတောနေကြသည်ကိုတော့ မည်သူမျှ မသိနိုင်ခဲ့ပါတကား…။

ဖုန်းဝူချန်သည်လည်း ဤလူများသည် သူ၏ အရှိန်အဝါကိုသာ ကြောက်ရွံ့နေကြပြီး၊ သူ၏ ခွန်အားကိုတော့ ကြောက်ရွံ့ခြင်းမရှိကြောင်း သိရှိနေခဲ့သည်။

ဤနေရာတွင် ပညာရှင်များစွာ ရှိနေပြီး မည်သည့် ဘုံ နဝမ အလွှာ ပညာရှင်မဆို ဖုန်းဝူချန်အား အလွယ်တကူ သတ်ဖြတ်နိုင်ပေသည်။

ဤအရှိန်အဝါကြောင့်ပင် ဖုန်းဝူချန်သည် ယွင်ကျိုးနယ်ရှိ အဓိကအင်အားကြီး

အဖွဲ့အစည်းအားလုံးနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေခဲ့ခြင်း ဖြစ်လေသည်။

အမှန်တကယ်တော့ ဖုန်းဝူချန်သည် ယနေ့တွင် ယခုလိုလောက်သော ပညာရှင်များ လာရောက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ရာ၊ ၎င်းက သူ့အား ကောင်းမွန်သော သတိပေးချက်တစ်ခုကို ပေးအပ်လိုက်သလို ဖြစ်သွားခဲ့သည်။

စားသောက်ပွဲ ပြီးဆုံးပြီးနောက် အင်အားကြီး၊ငယ် အဖွဲ့အစည်းအားလုံး ထွက်ခွာသွားကြတော့သည်။ လျိုရှန်းသည် ဧည့်သည်များကို တစ်ဦးချင်းစီ လိုက်လံနှုတ်ဆက်နေပြီး၊ ရွှမ်းထျန်းဂိုဏ်းနှင့် ဝေ့ယွင်တို့သာ ကျန်ရစ်ခဲ့ကြလေ၏။

ယနေ့တွင် လျိုမိသားစုသည် မျက်နှာပန်းလှသည်ဟု ဆိုနိုင်ပေသည်။ ယွင်ကျိုးနယ်ရှိ ပညာရှင်အားလုံး ဤနေရာတွင် စုဝေးနေကြပြီး၊ နာမည်ကျော် ဆရာဖုန်း၏ အကာအကွယ်ကိုလည်း ရရှိထားသည်။ ယခုလို ကြီးမားသော အခင်းအကျင်းသည် လျိုမိသားစုအတွက် တစ်နှစ်ပတ်လုံး ကြွားဝါရန် လုံလောက်ပေတော့သည်။

"စစ်သူကြီးချုပ်ရဲ့ ရည်မှန်းချက်က မသေးဘူးပဲ... သူ ယွင်ကျိုးနယ်ကို စိုးမိုးချင်နေတာ... ယွင်ကျိုးနယ်က အဓိကအင်အားကြီးအဖွဲ့အစည်းအားလုံးကို သူ့လက်အောက်မှာ ဝပ်တွားစေချင်နေတာပဲ"

"ဂိုဏ်းချုပ်မူတောင် ဘာမှ မပြောဝံ့ခဲ့ဘူး... ကြည့်ရတာ ရွှမ်းထျန်းဂိုဏ်းကလည်း ဆရာဖုန်းကို ကြောက်နေပုံပဲ... ယွင်ကျိုးနယ်က ပြောင်းလဲတော့မယ်ထင်တယ်"

"ဆရာဖုန်းရဲ့ နောက်ကွယ်က အင်အားက အရမ်းကို ကြောက်စရာကောင်းလွန်းတယ်... ငါတို့ ဆရာဖုန်းကို စိတ်ကွက်အောင် လုပ်လို့မဖြစ်ဘူး"

‘အဲ့ဒီစုတ်ပဲ့ကောင်က ယွင်ကျိုးနယ်က အဓိကအင်အားကြီးအဖွဲ့အစည်းအားလုံးကို သူ့လက်အောက်မှာ ဝပ်တွားစေချင်တယ်တဲ့လား... အသွင်ပြောင်းဘုံ ပုရွက်ဆိတ်လေးက ယွင်ကျိုးနယ်ကို သိမ်းပိုက်ချင်တယ်ပေါ့... ကြည့်ရတာ မင်းကို တိတ်တဆိတ် သတ်ပစ်ဖို့ အခွင့်အရေးရှာရတော့မယ်... ဘယ်သူမှ မသိအောင်ပေါ့’

‘ဆရာဖုန်းက အင်ပါယာရဲ့ ထောက်ခံမှုကို ရထားတာ... သူ့ကို စစ်သူကြီးချုပ်အဖြစ် ခန့်အပ်ခံရတာကို ကြည့်ခြင်းအားဖြင့် ဧကရာဇ်မင်းမြတ်က သူ့ကို အလွန်အမင်း တန်ဖိုးထားတာ ထင်ရှားတယ်... ငါတို့ သူ့နဲ့ ရန်သူဖြစ်စရာ မလိုပါဘူး’

ကွဲပြားသွားသော အဓိကအင်အားကြီးအဖွဲ့အစည်းများစွာသည် ဖုန်းဝူချန်၏ ရည်ရွယ်ချက်များကို ခန့်မှန်းမိကြပုံရသော်လည်း၊ ဖုန်းဝူချန်၏ ရှေ့တွင်တော့ ထုတ်ဖော်ပြောဆိုဝံ့ခြင်း မရှိခဲ့ကြပေ။

—------

"ဆရာဖုန်းကို စောင့်ကြည့်ဖို့ လူတစ်ယောက် လွှတ်ထားလိုက်... အခွင့်အရေးရရင် သူ့ကို ရှင်းပစ်ရမယ်"

အင်အားကြီးအဖွဲ့အစည်းတစ်ခု၏ ခေါင်းဆောင်တစ်ဦးက အသံတိုးတိုးဖြင့် ဆိုလိုက်ပြီး၊ သူ၏ မျက်လုံးများထဲတွင် ထောက်လှမ်းရန် ခက်ခဲသော ကြမ်းကြုတ်ရက်စက်သည့် သတ်ဖြတ်လိုစိတ်

လင်းလက်သွားခဲ့သည်။

စုယွမ်ရှန်းနှင့် အကြီးအကဲ သုံးဦးတို့ လျိုမိသားစုမှ ထွက်ခွာလာပြီးနောက် သူတို့၏ မျက်နှာများ သုန်မှုန်သွားကြ၏။ ဖုန်းဝူချန်၏ ရည်ရွယ်ချက်များကို သူတို့ ရှင်းလင်းစွာ ခန့်မှန်းမိခဲ့ကြသည်ပင်။

ဖုန်းဝူချန်သည် ဖန်းထျန်းတောင်ကြားမှ ပါရမီရှင်တပည့် လင်းယွင်ထျန်ကို သတ်ဖြတ်ခဲ့သည်။ ယခုမူ သူသည် ယွင်ကျိုးနယ်ကို တစ်နည်းတစ်ဖုံ စိုးမိုးနေခဲ့သည်။

စုယွမ်ရှန်းမှာ ဒေါသမထွက်လျှင်သာ ထူးဆန်းပေလိမ့်မည်။

"တောင်ကြားသခင်... ဘာအစီအစဉ်များ ရှိပါသလဲ... ဆရာဖုန်းက ယွင်ကျိုးနယ်တစ်ခုလုံးကို သိမ်းပိုက်ချင်နေတာ ရှင်းနေပါတယ်"

အကြီးအကဲတစ်ဦးက လေးနက်တည်ကြည်စွာ မေးမြန်းလိုက်သည်။

ထိုအခါ စုယွမ်ရှန်းက မည်းမှောင်သော မျက်နှာဖြင့် မကျေမနပ် ပြောလေ၏။

"စောင့်ကြည့်ကြတာပေါ့... စိတ်မထိန်းနိုင်တဲ့ ငမိုက် တစ်ယောက် က အမြဲတမ်း ရှိစမြဲပဲ"

"တောင်ကြားသခင် ဆိုလိုတာက ရွှမ်းထျန်းဂိုဏ်းကိုလား"

အကြီးအကဲတစ်ဦးက ခန့်မှန်းလိုက်သည်။

စုယွမ်ရှန်းက လေးနက်သော အသံဖြင့် ဆို၏။

"ဟွန့်... ငါတို့ လှုပ်ရှားမှာမဟုတ်ဘူး... အဲ့ဒီကောင် ဘယ်သူ့ကို အရင်တိုက်ခိုက်မလဲဆိုတာ ကြည့်ကြတာပေါ့... သူသာ အကျပ်အတည်းထဲကို တွန်းပို့ခံရရင် ငါတို့ အသေခံ တိုက်ခိုက်ကြမှာပဲ... သူ ငါ့ရဲ့ ဖန်းထျန်းတောင်ကြားကို သူ့ခြေထောက်အောက်မှာ နင်းခြေချင်တယ် ဟုတ်လား... အိပ်မက်ထဲမှာတောင် မဖြစ်နိုင်ဘူး"

စုယွမ်ရှန်းသည် ဦးစွာ လှုပ်ရှားလောက်အောင် မတုံးအပေ။

သူ မလှုပ်ရှားလျှင် အခြား

တစ်စုံတစ်ယောက်က လှုပ်ရှားပေလိမ့်မည်။

သို့သော် စုယွမ်ရှန်း တွေးတောနိုင်သည့် အရာကို အခြားသူများသည်လည်း တွေးတောနိုင်ကြသည်။ မည်သူမျှ ပထမဆုံး ငှက်ကင် မဖြစ်လိုကြပေ။ ဖုန်းဝူချန်က မည်သူ့ကို ဦးစွာ တိုက်ခိုက်မည့် အခြေအနေအပေါ်တွင် မူတည်နေခဲ့သည်။

အဓိက အင်အားကြီး အဖွဲ့အစည်း အားလုံးတွင် သူတို့၏ ကိုယ်ပိုင် လျှို့ဝှက် ရည်ရွယ်ချက်များ ရှိနေကြ၏။

မုဆိုးသည် ထိုးထွက်နေသော ငှက်ကို ပစ်ခတ်လိမ့်မည်။ မည်သူက ဦးစွာ ထိုးထွက်လာမည့်အပေါ်တွင် မူတည်နေခဲ့လေသည်။

"ငါတို့ အမြန်ဆုံးပြန်ပြီး လင်းယွင်ချုံးကို တားရမယ်... သူ အဲ့ဒီ ကောင်လေးကို သွား ရန်မစမိအောင်လို့"

အကြီးအကဲတစ်ဦးက မျက်မှောင်ကျုံ့လိုက်သည်။

စုယွမ်ရှန်းသည် ခဏမျှ စဉ်းစားလိုက်ပြီး သူ၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွား၏။ သူ ပြုံးရယ်လိုက်ပြီး ပြောလိုက်သည်။

"မလိုပါဘူး... သူ့ကို လုပ်ခိုင်းလိုက်... လင်းယွင်ချုံးက မဆင်မခြင်လုပ်တဲ့ လူစား မဟုတ်ဘူး... သူသာ အောင်မြင်ခဲ့ရင် ကောင်းတဲ့ကိစ္စတစ်ခု ဖြစ်လာမှာပဲ... သူသာ ရှုံးနိမ့်ခဲ့ရင် ငါတို့ သူ့ကို ဂိုဏ်းကနေ ထုတ်ပယ်လိုက်ပြီလို့ ပြောလိုက်ရုံပဲ"

"တောင်ကြားသခင်က တကယ်ကို ထက်မြက်ပါပေတယ်"

အကြီးအကဲများက ချီးကျူးလိုက်ကြသည်။

…

—----

လျိုမိသားစု၏ ပင်မခန်းမဆောင်တွင် လျိုရှန်းသည် မူယွင်ထျန်းနှင့် ကျန်လူများကို ရိုသေလေးစားစွာ ဧည့်ခံနေဆဲ ဖြစ်ပါသည်။

"ဂိုဏ်းချုပ်ဟောင်းမူ... ကျွန်တော်လည်း ခင်ဗျားကို ကူညီချင်ပါတယ်... ဒါပေမဲ့ ကျွန်တော့်မှာ အချိန်သိပ်မရှိဘူး... စစ်စခန်းမှာ တစ်လလောက် အချိန်ဖြုန်းခဲ့ပြီးပြီ... ဒီနေ့မှပဲ ယွင်ကျိုးနယ်ကို ပြန်ရောက်တာပါ"

ဖုန်းဝူချန်က ခါးသက်စွာ ပြုံးလိုက်ပြီး လိမ္မာပါးနပ်စွာ ငြင်းဆန်လိုက်လေ၏။

"ဒါက..."

မူယွင်ရှန်းသည် အခက်တွေ့နေခဲ့သည်။

ဖုန်းဝူချန်သည် စစ်စခန်းတွင် တစ်လသာ နေခဲ့ရသော်လည်း သူသည် အင်ပါယာ၏ လက်ရွေးစင် တပ်မတော်နှစ်ခု၏ ခွန်အားကို များစွာ တိုးမြှင့်ပေးနိုင်ခဲ့သည်။ စစ်သူကြီးချုပ်အဖြစ်ပင် ခန့်အပ်ခံခဲ့ရသည်။ ဤသည်မှာ ဖုန်းဝူချန်၏ အရည်အချင်းကို သက်သေပြရန် လုံလောက်ပေ၏။

ဤအကြောင်းကြောင့်ပင် မူယွင်ရှန်းသည် ဖုန်းဝူချန်အား ရွှမ်းထျန်းဂိုဏ်းမှ တပည့်တစ်စုကို လေ့ကျင့်ပေးရန် ဖိတ်ခေါ်လိုခဲ့ခြင်း ဖြစ်လေသည်။

ရွှမ်းထျန်းဂိုဏ်း၏ အင်အားဖြင့် ထူးချွန်သော တပည့်တစ်စုကို လေ့ကျင့်ပေးရန်မှာ မခက်ခဲဟု ဆိုရပေမည်။ သို့သော် တစ်လအတွင်း များစွာ တိုးတက်ရန်မှာတော့ မဖြစ်နိုင်ပေ။

သို့မဟုတ်လျှင် မူယွင်ရှန်းသည် ဖုန်းဝူချန်အား ကူညီရန် ဖိတ်ခေါ်လိမ့်မည် မဟုတ်ပေ။ ဒါကလည်း သူတို့ နောက်ချန်ရစ်ခဲ့ရသည့် အကြောင်းရင်းပင် ဖြစ်လေသည်။

ထို့နောက် မူယွင်ထျန်းက မေးလိုက်သည်။

"စစ်သူကြီးချုပ်... လေ့ကျင့်ရေးနည်းလမ်းကို ကျွန်တော်တို့ကို ပြောပြလို့ရမလား"

ထိုစကားကို ကြားသောအခါ ဖုန်းဝူချန်က ခါးသက်စွာ ပြုံးလိုက်ပြီး ဆို၏။

"ဂိုဏ်းချုပ်ဟောင်းမူ... ဒါက ကျွန်တော့်ရဲ့ လျှို့ဝှက်ချက်ပါ... ခင်ဗျားတို့ ဘာလို့ ကျွန်တော့်ကို အတင်းအကျပ် လုပ်ခိုင်းနေရတာလဲ"

အထွတ်အထိပ်ခန္ဓာကျင့်စဉ်သည် မည်မျှ အစွမ်းထက်လိုက်သနည်း။ ဖုန်းဝူချန်သည် သူ၏ ဘက်မှ မဟုတ်သော မည်သူ့ကိုမျှ အလွယ်တကူ လက်ဆင့်ကမ်းပေးလိမ့်မည် မဟုတ်ပေ။ ရွှမ်းထျန်းဂိုဏ်းပင် ဖြစ်သည့်တိုင် ရွှမ်းထျန်းဂိုဏ်းက ဝပ်တွားခစားခြင်း မပြုသရွေ့ မဖြစ်နိုင်ပေ။

မူယွင်ထျန်းသည် တိတ်တဆိတ် စိတ်ပျက်သွားသော်လည်း သူ ဘာမှ လုပ်နိုင်စွမ်း မရှိခဲ့ပေ။ တစ်လအတွင်း အလံနက်တပ်မတော်နှင့် ကောင်းကင် အရိပ် ယန်ဟော် မြင်းသည်တော် တပ်ဖွဲ့တို့၏ ခွန်အားကို များစွာ တိုးမြှင့်ပေးနိုင်ရန် ဤနည်းလမ်းသည် အလွန်တန်ဖိုးရှိကြောင်း သူလည်း သိနေခဲ့သည်။

"ဒါဆို စစ်သူကြီးချုပ် ဘယ်တော့ အချိန်ရမလဲ"

မူယွင်ရှန်းသည် လက်မလျှော့သေးဘဲ ဆက်လက်၍ မေးလိုက်သည်။

ဤသည်မှာ အခွင့်အရေးတစ်ခု ဖြစ်သည်။ အကယ်၍ သူသာ ဤအခွင့်အရေးကို မဆုပ်ကိုင်ထားနိုင်လျှင် အနာဂတ်တွင် နောက်ထပ်အခွင့်အရေးတစ်ခု ရရှိတော့မည် မဟုတ်ဟု သူ ကြောက်ရွံ့နေမိသည်။ ဖုန်းဝူချန်သည် မည်မျှကြာအောင် ပျောက်ကွယ်သွားမည်ကို မည်သူ သိနိုင်မည်နည်း။

"ခြောက်လကြာရင်ပေါ့"

ဖုန်းဝူချန်သည် ခဏမျှ စဉ်းစားလိုက်ပြီး ပြန်ဖြေလိုက်သည်။

ထျန်းယန်အကယ်ဒမီအား ဖုန်းမိသားစုကို တစ်နှစ်ကြာ ကာကွယ်ပေးရန် တာဝန်ပေးခဲ့သည်။ ခုနစ်လ ကျန်သေးသည်။ ထိုအချိန်တွင် ခရီးတစ်ခေါက် ပြန်သွားရပေလိမ့်မည်။

ထျန်းယန်အကယ်ဒမီ၏ အကာအကွယ်ဖြင့် ဖုန်းဝူချန်သည် ဖုန်းမိသားစု၏ လုံခြုံရေးအတွက် စိုးရိမ်ပူပန်ခြင်း မရှိခဲ့ပေ။ သို့သော် တစ်နှစ်ကြာပြီးနောက် မော့မိသားစုနှင့် ဟွမ်ဖူမိသားစုတို့ ချက်ချင်း လှုပ်ရှားလာမည်၊ မလာမည်ကို မည်သူ သိနိုင်မည်နည်း။

မပြန်မီတွင် တတ်နိုင်သမျှ အမြန်ဆုံး မိမိကိုယ်ကို ပိုမိုသန်မာလာအောင် ပြုလုပ်ရပေလိမ့်မည်။

ထို့ကြောင့် အချိန်သည် သူ့အတွက် အလွန်အရေးကြီးလှ၏။

ဖုန်းမိသားစုတွင် သူ ချန်ထားခဲ့သော အရာများသည် ဖုန်းမိသားစုကို သန်မာလာစေရန် လုံလောက်ပေသည်။ အနည်းဆုံးတော့ သူတို့သည် မော့မိသားစုကို ဖိနှိပ်နိုင်ပေသည်။ သို့သော် သူတို့သည် ဟွမ်ဖူမိသားစုကိုတော့ ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

"ခြောက်လ ဟုတ်လား"

မူထျန်းယွင်နှင့် မူယွင်ရှန်းတို့သည် မျက်မှောင်ကျုံ့ကာ စဉ်းစားခန်းဝင်

နေကြသည်။

ဖုန်းဝူချန် ခေါင်းညိတ်လိုက်ပြီး ဆို၏။

"ဂိုဏ်းချုပ်နှစ်ဦး နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်... အကယ်၍ ကျွန်တော့်မှာ တခြားရွေးချယ်စရာ

မရှိခဲ့ရင် စစ်စခန်းကို သွားပြီး စစ်သူကြီးချုပ်ကို ကူညီလေ့ကျင့်ပေးမှာ မဟုတ်ပါဘူး"

မူယွင်ရှန်းက အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

"ခြောက်လ စောင့်ရမယ်ဆို ခြောက်လပေါ့... ကျေးဇူးတင်ပါတယ် စစ်သူကြီးချုပ်"

ဖုန်းဝူချန်က ဖြည့်စွက်ပြောလိုက်သည်။

" လေ့ကျင့်တာကဘတစ်လပဲနော်"

"စစ်သူကြီးချုပ်က အလံနက်တပ်မတော်နဲ့ ကောင်းကင် အရိပ် ယန်ဟော် မြင်းသည်တော် တပ်ဖွဲ့ကို တစ်လအတွင်း အားကောင်းလာအောင် ကူညီပေးနိုင်မှတော့ ရွှမ်းထျန်းဂိုဏ်းက တပည့်တွေကိုလည်း တစ်လအတွင်း အားကောင်းလာအောင် ကူညီပေးနိုင်မှာပဲလို့ ကျွန်တော် ယုံကြည်ပါတယ်"

မူယွင်ရှန်းက သေချာသည့်လေသံဖြင့် ဆိုလိုက်သည်။

ဖုန်းဝူချန်က ဆက်ပြောလိုက်သည်။

"ဒါကိုတော့ ကျွန်တော် အာမမခံဝံ့ပါဘူး... အလံနက်တပ်မတော်နဲ့ ကောင်းကင် အရိပ် ယန်ဟော် မြင်းသည်တော် တပ်ဖွဲ့က အားလုံးက အတော်တကာ့ အတော် လူတွေပါ... ပြီးတော့ သူတို့ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံတွေကလည်း ထူးချွန်တယ်... သူတို့က သာမန်လူတွေနဲ့ ဘယ်လိုမှ နှိုင်းယှဉ်လို့မရဘူး... ရွှမ်းထျန်းဂိုဏ်းက တပည့်တွေရဲ့ ခွန်အားက တပ်မတော်နှစ်ခုထက် သာလွန်နိုင်ပေမဲ့ ရွှမ်းထျန်းဂိုဏ်းက တပည့်တွေ ဒီဒုက္ခကို သည်းခံနိုင်ပါ့မလားဆိုတာကိုတော့ ကျွန်တော် အာမမခံရဲဘူး... ပြီးတော့ ကျွန်တော့်မှာ အခြေအနေတစ်ခု ရှိတယ်"

ထိုစကားကို ကြားသောအခါ မူထျန်းယွင်နှင့် မူယွင်ရှန်းတို့သည် တစ်စုံတစ်ခုကို စိုးရိမ်နေသကဲ့သို့ ထပ်မံ၍ မျက်မှောင်ကျုံ့လိုက်ကြသည်။

"ဘယ်လို အခြေအနေမျိုးလဲ"

အကြီးအကဲချုပ် ရှဲ့ဟော်က မေးလိုက်သည်။

ဖုန်းဝူချန်က ပြုံးရင်း ဆို၏။

"ကျွန်တော့်ကို စိမ်းရောင်ခြင်္သေ့ရိုင်းရဲ့ သွေးအနှစ်သာရ လိုတယ်... သုံးခုလိုတယ်... သုံးရက်အတွင်းမှာ"

"စိမ်းရောင်ခြင်္သေ့ရိုင်းရဲ့ သွေးအနှစ်သာရ"

မူယွင်ရှန်းသည် ခက်ခဲနေသကဲ့သို့ မျက်မှောင်ကျုံ့လိုက်သော်လည်း ထို့နောက် သဘောတူလိုက်သည်။

"ကောင်းပြီ... သုံးရက်အတွင်းမှာ စိမ်းရောင်ခြင်္သေ့ရိုင်းရဲ့ သွေးအနှစ်သာရကို စစ်သူကြီးချုပ်ဆီ သေချာပေါက် ပို့ပေးပါ့မယ်"

ဖုန်းဝူချန်သည် လက်သီးဆုပ်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်မူ"

ဖုန်းဝူချန်သည် အရှုံးပေါ်မည့် အပေးအယူကို ဘယ်တော့မှ ပြုလုပ်လိမ့်မည် မဟုတ်ပေ။

ရွှမ်းထျန်းဂိုဏ်းက သူ့အား ကူညီရန် ဖိတ်ခေါ်ခဲ့သည်ဖြစ်ရာ သူသည် သဘာဝအတိုင်း အကျိုးအမြတ်များကို တောင်းဆိုရမည်။

ထို့အပြင် စိမ်းရောင်ခြင်္သေ့ရိုင်း၏ သွေးအနှစ်သာရသည် သူ့အတွက် အလွန်အမင်း အထောက်အကူပြုပေလိမ့်မည်။ သူ၏ လက်ရှိကျင့်ကြံမှု အဆင့်ဖြင့် သူသည် စိမ်းရောင်ခြင်္သေ့ရိုင်း၏ ပြိုင်ဘက် မဟုတ်ပေ။ သွေးအနှစ်သာရကို သိမ်းပိုက်လိုခြင်းသည် အလွန်အမင်း ခက်ခဲပေလိမ့်မည်။

"စစ်သူကြီးချုပ် ဆိုလိုတာက ခန္ဓာကိုယ် ဖွဲ့စည်းပုံ ပိုသန်မာလေလေ... တိုးတက်မှု ပိုမြန်လေလေလား"

မူထျန်းယွင်သည် အလျင်အမြန် မေးလိုက်သည်။

"အတိအကျပဲ"

ဖုန်းဝူချန် ခေါင်းညိတ်လိုက်သည်။

မူထျန်းယွင်က ပြောလိုက်သည်

"ခြောက်လဆိုတဲ့ အချိန်က သူတို့ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို တိုးတက်အောင် လုပ်ဖို့ လုံလောက်ပါတယ်”

သူသည် ဖုန်းဝူချန်ကို သံသယမဝင်ခဲ့ပေ။

မကြာမီမှာပင် မူယွင်ထျန်းနှင့် ကျန်လူများသည် လျိုမိသားစုမှ ထွက်ခွာသွားကြသည်။

မူထျန်းယွင်နှင့် ကျန်လူများ ထွက်သွားသည်နှင့် ဝေ့ယွင်က လေးနက်တည်ကြည်စွာ ဆို၏။

"စစ်သူကြီးချုပ်... အနာဂတ်မှာ သတိထားရပါလိမ့်မယ်... ယွင်ကျိုးနယ်က အဓိကအင်အားကြီးအဖွဲ့အစည်းတွေက သေချာပေါက် စေတနာကောင်းနဲ့တော့ မဟုတ်ဘူး"

ဖုန်းဝူချန်သည် ကြောက်ရွံ့ခြင်း အရိပ်အယောင်မပြဘဲ ပြုံးရယ်လိုက်သည်။

"အဟင်း..သူတို့မှာ သတ္တိမရှိမှာကိုပဲ ကျွန်တော် ကြောက်တယ်"

ဝေ့ယွင် တုန်လှုပ်ခြောက်ခြားသွားသည်။ ဖုန်းဝူချန်ကို ယခုလို ယုံကြည်မှုရှိစေသော တည်ရှိမှုမှာ အဘယ်အရာဖြစ်မည်နည်း။

"အစ်ကိုဖုန်း... အစ်ကို တကယ်ပဲ ရွှမ်းထျန်းဂိုဏ်းကို ကူညီမလို့လား... ရွှမ်းထျန်းဂိုဏ်းက အစ်ကိုကို ရင်ဆိုင်လာမှာကို မကြောက်ဘူးလား"

လျိုချင်းယန်က စိုးရိမ်တကြီး မေးလိုက်သည်။

"တခြားသူတွေအတွက်တော့ မပြောတတ်ဘူး... ဒါပေမဲ့ ရွှမ်းထျန်းဂိုဏ်းကတော့ သေချာပေါက် လုပ်မှာ မဟုတ်သလို လုပ်လည်း မလုပ်ဝံ့ဘူး"

ဖုန်းဝူချန်က ယုံကြည်မှုရှိစွာ ဆိုလိုက်သည်။

လျိုရှန်းသည် လျိုချင်းယန်ကို စိုက်ကြည့်ကာ ရှုတ်ချလိုက်၏။

"တုံးလိုက်တာ”

"ဂိုဏ်းချုပ်မူက စတုတ္ထအဆင့် ဆေးပညာရှင်တစ်ယောက်... သူသာ မီးအဆိပ်ကို ဖယ်ရှားချင်ရင် စစ်သူကြီးချုပ်ကို တောင်းဆိုရမှာပဲ... ဒါမှ မဟုတ်ရင် သူ သူ့ရဲ့ ဆေးပညာဘုံကို တစ်သက်လုံး တိုးတက်အောင် လုပ်နိုင်မှာ မဟုတ်တော့ဘူး"

"အကြီးအကဲလျိုရှန်း... ကျွန်တော် ဒီတစ်ခေါက် လာခဲ့တာက တခြားကိစ္စတစ်ခုအတွက်ပါ"

ဖုန်းဝူချန်သည် လျိုရှန်းကို ကြည့်လိုက်ပြီး ဆိုလိုက်သည်။

"စစ်သူကြီးချုပ်... ပြောပါ"

"သုံးရက်ကြာရင် ကျွန်တော် ချင်းယန်နဲ့ ချင်းချင်းကို ခေါ်ပြီး အပြင်မှာ လေ့ကျင့်ဖို့ ထွက်သွားပါတော့မယ်"

လျိုရှန်းသည် အလွန်အမင်း ဝမ်းသာသွားသည်။ သူ မဆိုင်းမတွ သဘောတူလိုက်ပြီး ကျေးဇူးတင်စကားကိုပင် အထပ်ထပ်အခါခါ ဆိုလိုက်သည်။

လျိုချင်းယန်သည် လျိုမိသားစု၏ အနာဂတ် ဖြစ်သည်။ ဖုန်းဝူချန်၏ ပြုစုပျိုးထောင်မှုဖြင့် သူ၏ ခွန်အားသည် အမှန်တကယ်ပင် အံ့မခန်း တိုးတက်လာပေလိမ့်မည်။ လျိုရှန်းသည်လည်း ဖုန်းဝူချန်ကို အားကိုးကာ လျိုမိသားစုကို တဖြည်းဖြည်း သန်မာလာအောင် ပြုလုပ်နိုင်ပေလိမ့်မည်။

တစ်ချက်ခုတ် နှစ်ချက်ပြတ်၊ အဘယ်ကြောင့် သဘောမတူဘဲ နေမည်နည်း။

"ဒါ တကယ်ကောင်းတာပဲ"

လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့သည် ပျော်ရွှင်စွာ အော်ဟစ်လိုက်ကြသည်။

နောက်သုံးရက်တွင် ဖုန်းဝူချန်သည် လျိုမိသားစုတွင် နေထိုင်ခဲ့သည်။ သူသည် ညဘက်တွင် ကျင့်ကြံပြီး နေ့ဘက်တွင် လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့အား ဓားသိုင်းပညာ သင်ကြားပေးခဲ့သည်။

ယင်းက နတ်ဘုရား စုံတွဲထံမှ လက်ဆင့်ကမ်းလာသော ဓားသိုင်းကွက် ဖြစ်သည့်တိုင် ဖုန်းဝူချန်၏ လမ်းညွှန်မှုအောက်တွင် သူတို့သည် အမှန်တကယ်ပင် ပိုမိုနက်ရှိုင်းသော နားလည်မှုကို ရရှိခဲ့ကြသည်။

ဤအချက်သည် လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့ကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။ ဖုန်းဝူချန်သည် နတ်ဘုရား စုံတွဲထက်ပင် ပို၍ ကြောက်မက်ဖွယ်

ကောင်းလေသလော။

နတ်ဘုရားယ်စုံတွဲက ဘာမို့လို့လဲ။ သူတို့သည် နတ်ဆိုးနဂါးနတ်ဘုရားနှင့် နှိုင်းယှဉ်နိုင်ပါ့မလား။

နတ်ဆိုးနဂါးနတ်ဘုရား၏ မှတ်ဉာဏ်များနှင့် ကြွယ်ဝသော အတွေ့အကြုံများကို ရရှိပြီးနောက် ဖုန်းဝူချန်သည် ယင်-ယန်ဓားသိုင်းစုံတွဲ၏ အားနည်းချက်များကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မြင်တွေ့နိုင်ခဲ့သည်။

လမ်းညွှန်မှုအပြင် ဖုန်းဝူချန်သည် သူတို့အား လှုပ်ရှားမှုသိုင်းကွက်များနှင့် သိုင်းကွက်များကိုလည်း သင်ကြားပေးခဲ့သည်။

သုံးရက်သည် မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားခဲ့၏။ တတိယနေ့တွင် မူယွင်ရှန်းသည် မူဧကရာဇ်နှင့် စိမ်းရောင်ခြင်္သေ့၏ သွေးအနှစ်သာရကို ပို့ဆောင်ရန် စေလွှတ်ခဲ့သည်။ သုံးခု တိတိ ဖြစ်လေသည်။

All Chapters