← Chapters

အပြင်းအထန် ဒဏ်ရာရ

Vol. 5 Ch. 75

အပြင်းအထန် ဒဏ်ရာရ

Vol. 5 Ch. 75

~"ဒီကောင်လေး... ဒီကောင်လေးရဲ့စွမ်းအားက တကယ်ပဲ ရင်တုန်စရာပဲ။ အခုချက်ချင်း သူ့ကို အမြစ်မဖြတ်နိုင်ခဲ့ရင် နောင်တစ်ချိန်မှာ ငါ့အတွက် ကြီးမားတဲ့ အန္တရာယ် ဖြစ်လာမှာ သေချာတယ်"

ထိုအတွေးနှင့်အတူ သူ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသည့် အရိပ်အယောင်တို့က ရက်စက်စွာ ဖြတ်ပြေးသွားပြီး ရှေ့သို့ တဟုန်ထိုး ပြေးဝင်သွားတော့၏။

ဖုန်းဝူချန်သည် နှုတ်ခမ်းထောင့်မှ သွေးစများကို သုတ်လိုက်သည်။ သူ၏ မျက်နှာထားကတော့ အေးစက် တည်ငြိမ်နေဆဲပင်။ တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်ထဲမှ ရေခဲဓာတ် အစစ်အမှန်ယွမ်တို့ကို အပြည့်အဝ ထုတ်ဖော်လိုက်လေသည်။

"ဘုန်း"

ဖုန်းဝူချန်သည် မြေပြင်ကို ပြင်းထန်စွာ ထိုးချလိုက်သည်။ ပေါက်ကွဲသံတစ်ချက်နှင့်အတူ ရေခဲဓာတ် အစစ်အမှန်ယွမ်တို့က ရူးသွပ်မတတ် ပျံ့နှံ့ထွက်သွားပြီး ၎င်းတို့ဖြတ်သန်းသွားရာနေရာတိုင်းရှိ ပန်းများနှင့် သစ်ပင်များအားလုံး ရေခဲများအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

ထိုလူ၏ နေရာသို့ ရောက်ရှိသောအခါ ရေခဲဆူးချွန်များစွာက မြေပြင်မှ ရုတ်တရက် ထိုးထွက်လာခဲ့သည်။ အကယ်၍ ထိုအရာများသာ စိုက်ဝင်သွားပါက သူ သေချာပေါက် သေဆုံးသွားပေလိမ့်မည်။

"ရေခဲဓာတ်"

ထိုလူသည် အာရုံခံမိလိုက်သည်နှင့် ချက်ချင်းပင် မြေပြင်ကိုနင်း၍ သူ၏ခန္ဓာကိုယ်အား ကောင်းကင်သို့ လွှားခနဲ ခုန်တက်လိုက်ရာ ရေခဲဆူးချွန်များကို ကပ်သီးလေး ရှောင်တိမ်းနိုင်ခဲ့လေသည်။

ဖုန်းဝူချန်သည် ရုတ်တရက် လက်ကို ဝှေ့ယမ်းလိုက်သည်။ စူးရှထက်မြက်သော လေဓားသွားများစွာသည် နားစည်ကို ထိုးခွင်းမတတ် စူးရှသောအသံများ ပြုလုပ်ရင်း ထိုလူထံသို့ ပျံသန်းသွားတော့၏။

"ဟား"

ထိုလူသည် ဟိန်းဟောက်လိုက်သည်။ ကြောက်မက်ဖွယ် ချီစွမ်းအင်တစ်ခု ပေါက်ကွဲထွက်လာပြီး ဖုန်းဝူချန်၏ လေဓားသွားများကို အလွယ်တကူပင် လမ်းကြောင်းလွှဲဖယ်ရှားပစ်လိုက်သည်။

ဖုန်းဝူချန်သည် လက်ကိုတစ်ဖန် ဝှေ့ယမ်းလိုက်ပြန်ရာ မီးလျှံမြွေနဂါးတစ်ကောင် ပျံသန်းထွက်ပေါ်လာခဲ့၏။ ၎င်းဖြတ်သန်းသွားရာ နေရာတိုင်းတွင် တောအုပ်သည် မီးဟုန်းဟုန်းတောက်လောင်သွားခဲ့သည်။ ဖုန်းဝူချန်သည် ထိုလူ၏ ထွက်ပြေး လမ်းကြောင်းကို ပိတ်ဆို့ရန် ကြံရွယ်လိုက်ခြင်း ဖြစ်လေသည်။

"မင်း မြေပြင်ပေါ်ကို ပြန်ကျလာတာနဲ့ မီးပင်လယ်ထဲမှာ နစ်မြုပ်သွားရလိမ့်မယ်"

ဖုန်းဝူချန်က အေးစက်စွာ ဆိုလိုက်သည်။ အပြာရောင်မီးတောက်များသည် သာမန် မီးတောက်များထက် များစွာ ပိုမို အားကောင်းလှ၏။

"ဟွန့်... ဒီလို ကလေးကစားစရာလေးနဲ့ ငါ့ကို ရင်ဆိုင်နိုင်မယ် ထင်နေတာလား။ ငါ့မှာလည်း မီးဓာတ် ရှိတယ်ဆိုတာ မမေ့နဲ့"

ထိုလူက မထီမဲ့မြင် ဆိုလိုက်၏။ သူသည် သူ၏ မီးဓာတ်အစစ်အမှန်ယွမ်ကို တစ်ဖန် ပြန်လည်လှည့်ပတ်ကာ လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်လေသည်။

"ဘုန်း"

ပြင်းထန်လှသော မီးဓာတ်လက်ဝါးချက် ထွက်ပေါ်လိုက်သည်နှင့် အပြာရောင်မီးပင်လယ်သည် ချက်ချင်းပင် ကစဉ့်ကလျားဖြစ်သွားပြီး မရေမတွက်နိုင်သော ကျောက်တုံးများနှင့် မြေမှုန့်များ လွင့်စင်ထွက်သွားသည်။ လေပြင်းတစ်ချက်က ပတ်ဝန်းကျင်ကို တိုက်ခတ်သွားခဲ့၏။

"ဆရာဖုန်း... မင်းရဲ့စွမ်းအားက တကယ်ကို အားကောင်းတာပဲ။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်ကြောက်စရာကောင်းတဲ့ စွမ်းအားတွေ ပိုင်ဆိုင်ထားတယ်။ အကယ်ဒမီမှာ မနေဘဲ ယွင်ကျိုးနယ်ကို လာပြီး စိုးမိုးချင်တယ်ပေါ့။ ကံဆိုးတာက မင်း ငါနဲ့ လာတွေ့တာပဲ။ ဒီနေ့ မင်း သေကို သေရမယ်"

ထိုလူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူသည် ဖုန်းဝူချန်ကို အနိုင်တိုက်နိုင်မည်ဟု အသေအချာ ယုံကြည်နေပုံ ရ၏။

ဖုန်းဝူချန်ကတော့ ဘာစကားတစ်ခွန်းမှ မဆိုပေ။ သူ၏လက်ဝါးနှစ်ဖက်ကို ပူးကပ်လိုက်ရာ အားကောင်းမောင်းသန်

စွမ်းအားတစ်ခု ပေါက်ကွဲ

ထွက်လာခဲ့သည်။

"ဝုန်း... ဝုန်း"

မီတာတစ်ဆယ်ပတ်လည်အတွင်း၌ တောအုပ်၏ မြေပြင်သည် အနည်းငယ် တုန်ခါသွား၏။ ကျောက်တုံးများနှင့် သစ်ပင်များမှာလည်း ပြင်းထန်စွာ ယိမ်းထိုးနေတော့သည်။ ထို့နောက် ကျောက်တုံးများက မြေပြင်မှ ပွင့်ထွက်လာကာ သစ်ပင်များမှာလည်း အမြစ်မှ ကျွတ်ထွက်လာခဲ့သည်မှာ တစ်စုံတစ်ရာက ထိန်းချုပ်နေသကဲ့သို့ပင်။

"ထစမ်း"

ဖုန်းဝူချန်သည် သူ၏လက်ကို စွန်ကုပ်ပုံစံပြုလုပ်၍ အပေါ်သို့ မြှောက်ကာ ဟိန်းဟောက်လိုက်သည်။ ထိုလူ မြေပြင်ပေါ်သို့ ပြန်ကျလာသည့်အခိုက်တွင် အရပ်လေးမျက်နှာမှ ကျောက်တုံးများနှင့် သစ်ပင်အမြောက်အမြား ထိုလူထံသို့ တဟုန်ထိုး ပြေးဝင်သွားကြသည်။

‘ဒီကောင်... ဒီကောင်က တကယ်ပဲ အစစ်အမှန်ယွမ်ဓာတ်တွေ အများကြီး ပိုင်ဆိုင်ထားတာပါလား။ ငါသိသလောက်တော့ အမိုက်စား ပါရမီရှင် တစ်ယောက်တောင်မှ အစစ်အမှန်ယွမ်ဓာတ် လေးမျိုးပဲ အများဆုံး ပိုင်ဆိုင်နိုင်တာ။ နံပါတ်တစ် ပါရမီရှင်ဖြစ်တဲ့ အိမ်ရှေ့စံမင်းသားတောင်မှ သုံးမျိုးပဲ ရှိတာလေ။ ဒါပေမဲ့ ဒီစုတ်ပဲ့ကောင်က ငါးမျိုးတောင် ပိုင်ဆိုင်ထားတယ်တဲ့လား။”

ဖုန်းဝူချန် အသုံးပြုလိုက်သော သက်စောင့်စွမ်းအင်မျိုးစုံကြောင့် ထိုလူသည် အတွင်းစိတ်ထဲအထိ တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။ ၎င်းသည် သူ၏ အသိပညာ ဗဟုသုတကို ကျော်လွန်နေခဲ့လေပြီ။

"ဘုန်း... ဘုန်း... ဘုန်း"

ကျောက်တုံးများနှင့် သစ်ပင်များသည် အရပ်လေးမျက်နှာမှ ပျံသန်းဝင်ရောက်လာကာ ရူးသွပ်စွာ တိုက်ခိုက်ကြတော့သည်။ တောအုပ်တစ်ခုလုံး ဖုန်မှုန့်များဖြင့် ပြည့်နှက်သွားပြီး မှောင်မည်းသွားခဲ့၏။

ပြင်းထန်သော တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီးနောက် ဖုန်းဝူချန်၏ မျက်နှာသည် ဖြူရော်သွားခဲ့သည်။ သူသည် သူ၏ အစစ်အမှန်

ယွမ်စွမ်းအင်ကို အလွန်အကျွံ သုံးစွဲခဲ့ရသည်။

သူသည် စိမ်းပြာနက်နဲဆေးလုံး တစ်လုံးကို ထုတ်ယူကာ မျိုချလိုက်ပြီး သူ၏ အစစ်အမှန်ယွမ်ကို ပြန်လည်ဖြည့်တင်းလိုက်သည်။

ဖုန်းဝူချန်သည် ရှေ့သို့တိုးဝင်သွားပြီး ရုတ်တရက် ပျောက်ကွယ်သွားခဲ့၏။ သူ နောက်တစ်ကြိမ် ပေါ်ထွက်လာသောအခါ ထိုလူ၏ ဦးခေါင်းအထက်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ သူ၏ မီးလျှံနီဓားက အောက်သို့ စိုက်ဆင်းသွားခဲ့လေသည်။

"ဒင်"

ထိုအခိုက်အတန့်တွင် ထိုလူသည် သူ၏ညာလက်ကို ဦးခေါင်းအထက်သို့ မြှောက်လိုက်သည်။ စူးရှသော

အသံ တစ်ချက်နှင့်အတူ သူသည် သူ၏ အစွမ်းထက်သော အစစ်အမှန်ယွမ်ကို အသုံးပြု၍ ဖုန်းဝူချန်၏ ဓားကို ပိတ်ဆို့ထားလိုက်သည်။

“ဆရာဖုန်း... မင်းရဲ့စွမ်းအားက တကယ်ပဲ ကြောက်စရာကောင်းတယ်။ ဒါပေမဲ့ အသွင်ပြောင်းဘုံ အဋ္ဌမအလွှာ သိုင်းပညာရှင် တစ်ယောက်ရဲ့ စွမ်းအားကိုတော့ လာမစမ်းနဲ့၊ ဟီဟီ..”

ထိုလူက လှောင်ရယ်လိုက်သည်။ သူသည် သူ၏ ကိုယ်ပိုင်စွမ်းအားကို အတော်လေး ယုံကြည်မှုရှိနေပုံရသည်။

ဖုန်းဝူချန်သည် မျက်ခုံးတွန့်လိုက်သည်။ သူ၏ ဓားချက်ကို ပိတ်ဆို့ခံလိုက်ရပြီးနောက် သူသည် ဆက်လက်တိုက်ခိုက်ခဲ့သည်။

ထိုလူသည် လက်ဟန်များ ဖော်ထုတ်၍ အသုံးပြု၍ ဖုန်းဝူချန်၏ တိုက်ခိုက်မှု အားလုံးကို ပိတ်ဆို့ကာ ဖုန်းဝူချန်အား နောက်သို့ ဆုတ်ခွာသွားစေခဲ့သည်။ ဒါက စွမ်းအား ကွာခြားချက်ပင် ဖြစ်လေသည်။

ဖုန်းဝူချန်တွင် နတ်ဆိုးနဂါးနတ်ဘုရား၏ အမှတ်တရများနှင့် ကြွယ်ဝသော အတွေ့အကြုံများ ရှိနေသည့်တိုင် စွမ်းအားသည် အရေးအကြီးဆုံးအချက် ဖြစ်နေဆဲပင်။

"ဆရာဖုန်း... မင်း ယွင်ကျိုးနယ်ကို မလာသင့်ဘူး။ မင်း ယွင်ကျိုးနယ်ကို စိုးမိုးချင်တဲ့စိတ် မရှိသင့်ဘူး။ ယွင်ကျိုးနယ်က အဓိကအင်အားကြီးအဖွဲ့အစည်းတွေ မင်းကို လက်အောက်ခံလိမ့်မယ်လို့ တကယ်ပဲ ထင်နေတာလား..ဟမ်"

ထိုလူက ကြမ်းတမ်းစွာ အော်ဟစ်လိုက်သည်။ သူ၏ ကျားသစ်ကဲ့သို့ မျက်လုံးများက ဖုန်းဝူချန်ကို စိုက်ကြည့်နေ၏။ သူသည် သူ၏ သတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်မထားခဲ့ပေ။

သူ၏စကားဆုံးသည်နှင့် ထိုလူ၏ အရှိန်အဝါသည် ပြောင်းလဲသွားခဲ့သည်။ သူသည် သူ၏လက်များဖြင့် လက်ဟန် တစ်ခု ဖော်လိုက်ပြီး ပြင်းထန်သော စွမ်းအင် တစ်ခု ပျံ့နှံ့

ထွက်ပေါ်လာခဲ့သည်။

"အဝါရောင်အဆင့် အဆင့်မြင့် သိုင်းပညာ... နက်နဲမီးလျှံဓား"

ထိုလူက ဟိန်းဟောက်လိုက်သည်။ သူ၏ အရှိန်အဝါသည် ခန့်ညားထည်ဝါလှ၏။ သူ၏ညာလက်ကို ဝှေ့ယမ်းလိုက်ရာ သုံးမီတာရှည်သော မီးလျှံဓားတစ်စင်း ပျံသန်းထွက်ပေါ်လာခဲ့သည်။ ဒါက ယခင်မီးလုံးထက်ပင် ပိုမိုအားကောင်းလှသည်။

အားကောင်းလှသော မီးလျှံဓားသည် သူ၏ထံသို့ ပျံသန်းလာသည်ကို မြင်သောအခါ ဖုန်းဝူချန်သည် အသက်ကို ပြင်းပြင်းရှူလိုက်၏။ သူ၏ မျက်နှာသည် အလွန်အမင်း တည်ကြည်လေးနက်နေခဲ့သည်။

"သူတို့ လက်မခံရင် လက်ခံလာတဲ့အထိ ရိုက်ရုံပဲပေါ့"

ဖုန်းဝူချန်က အားပြင်းစွာ ပြန်လည်ဖြေကြားလိုက်သည်။ သူသည် သူ၏ခန္ဓာကိုယ်ထဲရှိ နဂါးနတ်ဘုရား၏ စွမ်းအားအားလုံးကို လှည့်ပတ်လိုက်၏။

"မောက်မာလိုက်တာ"

ထိုလူက မထီမဲ့မြင် ဆိုလိုက်သည်။

"လောကပျက် ကောင်းကင်ဘုံအပြစ်ဒဏ် ဓားချက်"

ဖုန်းဝူချန်သည် ဟိန်းဟောက်လိုက်ရာ အလွန်ခန့်ညားထည်ဝါသော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။ သူသည် သူ၏ဘယ်လက်ကို ဝှေ့ယမ်းလိုက်ရာ သုံးမီတာရှည်သော ရွှေရောင်စွမ်းအင်ဓားချက်တစ်ခုက လေထုကို ထိုးခွဲထွက်သွားသည်။ ချီစွမ်းအင်လှိုင်းများက ကောင်းကင်တစ်ခုလုံးကို ပြည့်နှက်သွားခဲ့၏။

"ဒါ... ဒါက မြေကမ္ဘာအဆင့် သိုင်းပညာ"

ထိုလူ၏ မျက်နှာသည် အကြီးအကျယ် ပြောင်းလဲသွားပြီး မျက်လုံးများ ပြူးကျယ်သွားတော့သည်။ သူသည် ထိုသိုင်းပညာ၏ ကြောက်မက်ဖွယ်အရှိန်အဝါနှင့် စွမ်းအားတို့မှတစ်ဆင့် ခန့်မှန်းနိုင်ခဲ့သည်။

"ထန်"

တစ်ချိန်တည်းမှာပင် ဖုန်းဝူချန်သည် မီးလျှံဓားကို မြေကြီးထဲသို့ စိုက်ဝင်လိုက်ပြီး သူ၏လက်ဝါးနှစ်ဖက်ကို ပူးကပ်လိုက်သည်။ ရွှေရောင်အခင်းအကျင်းတစ်ခု သူ၏ခြေထောက်အောက်တွင် ပေါ်ထွက်လာခဲ့သည်။ ၎င်းသည် အလွန်အားကောင်းသော အရှိန်အဝါဖြင့် ပြည့်နှက်နေပြီး သူ၏ နက်မှောင်သော ဆံပင်ရှည်များက လေထဲတွင် လွင့်မျောနေတော့၏။

ဖုန်းဝူချန်၏ လက်များက ကခုန်နေသကဲ့သို့ပင်။ လျှို့ဝှက်ဆန်းကြယ်သော သင်္ကေတများသည် ရွှေရောင်အခင်းအကျင်းပေါ်တွင် ပေါ်ထွက်လာပြီး ဖုန်းဝူချန်၏ ခန္ဓာကိုယ်ပတ်လည်တွင် လှည့်ပတ်နေသည်။ ၎င်းသည် အလွန်ပင် မျက်စိကျိန်းလောက်အောင် တောက်ပနေခဲ့လေ၏။

"ထင်ယောင်ထင်မှား ကိုးလွှာကောင်းကင်"

ဖုန်းဝူချန်သည် ထပ်မံ၍ ဟိန်းဟောက်လိုက်သည်။ ရွှေရောင်အလင်းတန်းများက ရွှေရောင်အခင်းအကျင်းထဲမှ ကောင်းကင်သို့ တဟုန်ထိုး တက်သွားသည်။ အလွန်ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုက ရူးသွပ်စွာ လှည့်ပတ်နေတော့၏။ တောအုပ်ထဲရှိ သစ်ပင်များ ယိမ်းထိုးနေပြီး သစ်ရွက်များ လေထဲတွင် ဝဲပျံနေတော့သည်။

"မြေကမ္ဘာအဆင့် သိုင်းပညာ နောက်တစ်ခု"

သူ့မှာ မြေကမ္ဘာအဆင့် သိုင်းပညာတွေ ဒီလောက်များများ ဘယ်လိုလုပ် ရှိနေရတာလဲ။ ထိုလူ၏ မျက်နှာသည် ထပ်မံ၍ ပြောင်းလဲသွားပြီး ကြောက်လန့်တကြား ဖြစ်သွားခဲ့သည်။

ဒါက သူ၏ ပထမဆုံးအကြိမ် ယခုလို မူမမှန်သည့် လူငယ်တစ်ဦးနှင့် တွေ့ဆုံဖူးခြင်း ဖြစ်သည်။ ထိုသူ၏ စွမ်းအားသည် ကြမ်းတမ်း

ရက်စက်ရုံသာမက မြေကမ္ဘာအဆင့် သိုင်းပညာများစွာကိုပင် ပိုင်ဆိုင်ထားသေးသည်။

"ဝှစ်"

ဖုန်းဝူချန်သည် ဓားလက်ညှိုးတစ်ချောင်း ထုတ်ဖော်လိုက်ပြီး လေထဲရှိ ထိုလူကို ညွှန်ပြလိုက်သည်။ ကောင်းကင်သို့ တက်သွားသော ရွှေရောင်အလင်းတန်းသည် ချက်ချင်းပင် ကြီးမားသော စွမ်းအင်ဓားတစ်စင်းအဖြစ်သို့ စုစည်းသွားသည်။ ၎င်းသည် ဖျက်ဆီးခြင်းအရှိန်အဝါဖြင့် ချက်ချင်းပင် ပစ်လွှတ်ထွက်သွားခဲ့၏။

မြေကမ္ဘာအဆင့် သိုင်းပညာကို တစ်ခုပြီးတစ်ခု အသုံးပြုခဲ့သည်။ အားအကောင်းဆုံးသိုင်းပညာကို အသုံးပြုနေသည်။ ဖုန်းဝူချန်သည် သူ၏ အစွမ်းကုန် ကြိုးစားနေကြောင်း မြင်နိုင်ပေသည်။

အားကောင်းလှသော သိုင်းပညာများကို တစ်ခုပြီးတစ်ခု အသုံးပြုပြီးနောက် ဖုန်းဝူချန်၏ မျက်နှာသည် ဖြူဖျော့သွားခဲ့သည်။ သူ၏ အသက်ရှူသံသည် အနည်းငယ် ပြင်းထန်နေသည်။ သူသည် အစစ်အမှန်ယွမ်စွမ်းအင် အမြောက်အမြားကို သုံးစွဲခဲ့ကြောင်း ထင်ရှားနေ၏။

"ဘုန်း"

"ဂျုန်း"

စွမ်းအင်ဓားချက်နှင့် ဓားရောင်ခြည်တို့သည် မီးလျှံဓားနှင့် ထိပ်တိုက်တွေ့ဆုံသွားကြသည်။ နားကွဲမတတ် ကျယ်လောင်သော အသံနှစ်ချက် ထွက်ပေါ်လာခဲ့၏။ အလွန် ပြင်းထန်သော စွမ်းအင်လှိုင်းများက ရူးသွပ်စွာ ပျံ့နှံ့ထွက်ပေါ်လာပြီး ဖုန်းဝူချန်ကို သွေးများ

အန်ကျသွားသည်အထိ တုန်ခါသွားစေသည်။ သူ၏ခန္ဓာကိုယ်သည် နောက်သို့ လွင့်စင်ထွက်သွားပြီး သစ်ပင်အနည်းငယ်ကို ချိုးဖဲ့သွားခဲ့၏။

သူ၏မျက်နှာချင်းဆိုင်ရှိ ထိုလူသည်လည်း သွေးများအန်ကျလာခဲ့သည်။ သူ ပျံသန်းနေစဉ်မှာပင် သူ၏ညာလက်သည်လည်း ဖုန်းဝူချန်၏ ဓားအလင်းတန်းကြောင့် ဖြတ်တောက်ခံလိုက်ရ၏။

ဤထိပ်တိုက်တွေ့ဆုံမှုသည် နှစ်ဦးနှစ်ဖက် ဆုံးရှုံးမှုဟု ဆိုနိုင်ပေသည်။

မီတာဆယ်မီတာ ပတ်လည်အတွင်းရှိ တောအုပ်သည် မြေပြင်နှင့် ညီညာသွားခဲ့သည်။ ဖုန်မှုန့်များက လေထဲတွင် ပြည့်နှက်နေခဲ့၏။

ထိုလူသည် ပြင်းထန်စွာ ဒဏ်ရာရရှိပြီး သူ၏ လက်တစ်ဖက်ကို ဖြတ်တောက်ခံလိုက်ရသည်ကို မြင်သောအခါ ဖုန်းဝူချန်သည် သက်ပြင်းတစ်ချက်ချလိုက်၏။ သူ၏ တင်းမာနေသော အာရုံကြောများ လျော့ကျသွားခဲ့သည်။ ထိုအခါမှသာ သူသည် သူ၏ ခန္ဓာကိုယ်တွင် အားအင်ကုန်ခမ်းနေပြီ ဖြစ်ကြောင်း သတိပြုမိလိုက်တော့၏။ သူသည် ဒူးတစ်ဖက် ထောက်ကာ မီးလျှံဓားကို အားပြုထောက်ရင်း အသက်ကို မနည်းရှူနေရသည်။

သူ၏မျက်နှာချင်းဆိုင်ရှိ ထိုလူသည် မတ်တပ်ရပ်ရန်ပင် အနိုင်နိုင် ကြိုးစားနေရသည်။ သူ၏ ဒဏ်ရာများသည် ပြင်းထန်ပြီး သူသည် လက်တစ်ဖက်ကိုပင် ဆုံးရှုံးခဲ့ရသည်။ သူ၏ ဖြူဖျော့နေသော မျက်နှာသည် နာကျင်မှုများဖြင့် ပြည့်နှက်နေခဲ့၏။

ထိုလူ၏ မျက်လုံးများတွင် ဒေါသနှင့် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေ၏။ အသွင်ပြောင်းဘုံ စတုတ္ထအဆင့်ရှိ ကောင်လေးတစ်ယောက်က ယခုလို ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။ သူသည် သူ့ကို ပြင်းထန်စွာ ဒဏ်ရာရစေရုံသာမက သူ၏ လက်တစ်ဖက်ကိုပင် ဖြတ်တောက်သွားခဲ့သည်။

"မင်းရဲ့ အစစ်အမှန်ယွမ်တွေ အကုန်ကုန်သွားပြီ မဟုတ်လား"

ထိုလူ၏ ကြမ်းတမ်းသော မျက်နှာသည် ဒေါသများဖြင့် ပြည့်နှက်နေခဲ့သည်။ သူသည် နာကျင်မှုကို အောင့်အီးရင်း ဖုန်းဝူချန်ထံသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့သည်။

"မင်းလည်း အတူတူပဲ မဟုတ်ဘူးလား"

ဖုန်းဝူချန်က အားယူကာ လှောင်ရယ်လိုက်သည်။ သူသည် သူ၏ပြိုင်ဘက်ကို မသတ်နိုင်သည့်တိုင် ဖုန်းဝူချန်သည် ထိတ်လန့်ခြင်းမရှိခဲ့ပေ။

ထိုလူက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"အနည်းဆုံးတော့ ငါ မင်းကို သတ်နိုင်တယ်"

"အိုး... ဟုတ်လို့လား"

ဖုန်းဝူချန်က လှောင်ရယ်လိုက်သည်။

"မင်း တစ်ခု မေ့နေပုံပဲ... ငါက ဆေးပညာရှင် တစ်ယောက် ဆိုတာကိုလေ"

ထိုစကားကို ကြားသောအခါ ထိုလူ၏ မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားပြီး သူ၏ ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။

ဖုန်းဝူချန်သည် အားယူကာ စိမ်းပြာနက်နဲဆေးလုံးနှင့် အရိုးဆက်ချီစွမ်းအင်ဆေးလုံးတို့ကို ထုတ်ယူ၍ မျိုချလိုက်ကာ လှောင်ရယ်လိုက်၏။

"အဟင်း..ဘယ်သူသေမယ် ဆိုတာတော့ မသေချာသေးဘူး"

ဆေးလုံးများ သူ၏ပါးစပ်ထဲသို့ ဝင်ရောက်သွားသည်နှင့် တပြိုင်တနက် အားကောင်းလှသော ဆေးစွမ်းအင်သည် ဖုန်းဝူချန်၏ ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ စီးဝင်သွားခဲ့သည်။ ဒဏ်ရာများသည် ပြန်လည် ကောင်းမွန်လာပြီး သူ၏ အစစ်အမှန် ယွမ်စွမ်းအင်သည်လည်း ပြန်လည်ပြည့်ဖြိုးလာခဲ့၏။

ထိုလူ၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများက လှိုက်တက်လာတော့သည်။ သူသည် ဖုန်းဝူချန်ကို သတ်ဖြတ်ရန် အလွန်နီးစပ်နေခဲ့ပြီ ဖြစ်သော်လည်း သူသည် ဖုန်းဝူချန်က ဆေးပညာရှင် တစ်ဦး ဖြစ်ကြောင်း မေ့လျော့နေခဲ့သည်။

သူ၏ ကြောက်ရွံ့မှုများကြားတွင် ထိုလူသည် ပြတ်ပြတ်သားသား ထွက်ခွာသွားခဲ့သည်။ သူသည် ဖုန်းဝူချန် အပြည့်အဝ ပြန်လည်ကောင်းမွန်မလာမီ ထွက်ပြေးရန် အခွင့်အရေးကို အသုံးချလိုခဲ့သည်။

ဖုန်းဝူချန် ပြန်လည်ကောင်းမွန်လာသည်နှင့် သေဆုံးရမည့်သူမှာ သူသာ ဖြစ်ပေလိမ့်မည်။

ထိုလူ ထွက်ပြေးသွားသောအခါ ဖုန်းဝူချန်သည် သက်ပြင်းတစ်ချက်ချလိုက်သည်။ ဆေးလုံးများရှိသည့်တိုင် အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်လာရန် ခက်ခဲလှသည်။ ၎င်းတို့သည် အားကောင်းလှသော ဆေးလုံးများ မဟုတ်ကြပေ။

သူ၏ အစစ်အမှန်ယွမ်စွမ်းအင် အနည်းငယ် ပြန်လည်ကောင်းမွန်လာပြီးနောက် ဖုန်းဝူချန်သည် တစ်စုံတစ်ယောက်က သူ့နောက်သို့ လိုက်လာမည်ကို တားဆီးရန် အားယူကာ တစ်နေရာသို့ ကူးပြောင်းသွားခဲ့သည်။

နှစ်နာရီကြာပြီးနောက် ဖုန်းဝူချန်သည် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခဲ့သည်။ လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့က သူ့ကို စိုးရိမ်တကြီး စောင့်ဆိုင်းနေမည်ကို စိုးရိမ်သောကြောင့် ဖုန်းဝူချန်သည် ကောင်းကင်တိမ်တိုက်တောင်သို့ အလျင်အမြန် သွားရောက်ခဲ့သည်။

လျင်မြန်သော မျောက်တစ်ကောင်ကဲ့သို့ တောင်တန်းများကြားတွင် ဖြတ်သန်းသွားလာနေခဲ့သည်။ သူ၏ ဒဏ်ရာများနှင့် အစစ်အမှန်ယွမ်စွမ်းအင်သည် တဖြည်းဖြည်း ပြန်လည်

ကောင်းမွန်လာခဲ့သည်။

ဖုန်းဝူချန်သည် ကောင်းကင်တိမ်တိုက်တောင်၏ ခြေရင်းသို့ ရောက်ရှိသောအခါ သူ၏ ဒဏ်ရာများနှင့် အစစ်အမှန်ယွမ်စွမ်းအင်သည် အပြည့်အဝနီးပါး ပြန်လည်ကောင်းမွန်လာခဲ့ပြီ ဖြစ်၏။ သူ၏ ကိုယ်ခန္ဓာသည် သာမန်လူများထက် များစွာ အားကောင်းလှသည်။ သို့မဟုတ်လျှင် ယခုလို အံ့ဩဖွယ်ကောင်းသည့် ပြန်လည်ကောင်းမွန်မှု အရှိန်ကို ပိုင်ဆိုင်ထားမည် မဟုတ်ပေ။

ဖုန်းဝူချန်သည် တောင်ကြားငယ်လေးသို့ ရောက်ရှိသောအခါ တောင်ကြား၏ အလယ်တွင် မတ်တပ်ရပ်နေသော မြောင်ချင်းချင်းကို ရုတ်တရက် တွေ့ရှိလိုက်သည်။ သူမ၏ လှပသော မျက်လုံးများတွင် ကြောက်ရွံ့မှုနှင့် ထိတ်လန့်မှုများ ပြည့်နှက်နေခဲ့သည်။

"ချင်းချင်း... မင်း ဘာဖြစ်တာလဲ။ ချင်းယန် ဘယ်မှာလဲ"

ဖုန်းဝူချန်သည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိခဲ့ပြီ ဖြစ်သော်လည်း သူသည် မေးမြန်းလိုက်ဆဲပင်။ သူသည် သတိဝီရိယဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး စိတ်ထဲမှ တွေးလိုက်၏။

"အသွင်ပြောင်းဘုံ နဝမအလွှာ"

"အစ်ကိုဖုန်း... ဒီဘက်ကို မလာနဲ့... ကျွန်မကိုယ်ပေါ်မှာ မီးလျှံမန္တာန်လက်ဖွဲ့ ရှိနေတယ်... ချင်းယန် ဘယ်ကို ခေါ်သွားခံရလဲ ကျွန်မ မသိဘူး"

မြောင်ချင်းချင်းက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ သူမသည် လှုပ်ရှားဝံ့ခြင်း မရှိခဲ့ပေ။

"မီးလျှံမန္တာန်လက်ဖွဲ့"

ဖုန်းဝူချန်၏ မျက်နှာသည် မည်းမှောင်သွားခဲ့သည်။ တစ်စုံတစ်ယောက်က လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့ကို ပစ်မှတ်ထားပြီး သူ လာရောက်၍ စောင့်ဆိုင်းနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

"ဆရာဖုန်း... နောက်ဆုံးတော့ မင်း ရောက်လာပြီပေါ့... ငါ မင်းကို ဒီနေရာမှာ စောင့်နေတာ ကြာပြီ"

တောင်ထိပ်တစ်ခုမှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ဖုန်းဝူချန်၏ အေးစက်သော အကြည့်သည် တောင်ထိပ်ကို ဝေ့ကြည့်လိုက်ပြီး မေးလိုက်သည်။

"ချင်းယန် ဘယ်မှာလဲ။ မင်း ဘာလိုချင်တာလဲ"

"မင်းကို သတ်ဖို့"

ထိုလူက အေးစက်စွာ ပြန်လည်ဖြေကြားလိုက်သည်။ သူ၏ မျက်လုံးများတွင် မုန်းတီးမှုနှင့် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေခဲ့သည်။

"ခင်ဗျား ဘယ်သူလဲ"

ဖုန်းဝူချန်က မေးလိုက်သည်။ သူသည် ထိုလူ၏ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်ကို ခံစားမိနေခဲ့သည်။

All Chapters